← Chapters

ကိုယ်ပိုင်လုပ်ငန်း

Vol. 33 Ch. 457

ကိုယ်ပိုင်လုပ်ငန်း

Vol. 33 Ch. 457

အခန်း(၄၅၇) - ကိုယ်ပိုင်လုပ်ငန်း

စန်းနီက ဒီကိစ္စကို ဆုံးဖြတ်ပြီးပါပြီ။ သူတို့ သွားကြမည်။

လီအိုက်ကော်ကလည်း ကန့်ကွက်မည် မဟုတ်ပါ။ လင်းချင်းဟယ်က နားလည်သွားပြီး ပြောလိုက်သည်။ "အိမ်က ကိစ္စတွေကိုကော ဘယ်လို ရှင်းမလဲ။"

ကျိုးစန်းနီက ဝီရိယကောင်းမှန်း သိသာပါသည်။ နောက်ဖေးတွင် ဝက်နှစ်ကောင်နှင့် ကြက်များစွာကို မွေးမြူထားသည်။ ဒါက ကိုင်တွယ်ဖို့ ခက်ခဲသည့် ပမာဏ ဖြစ်သည်။

အနည်းဆုံးတော့ မိသားစုတွင် ကြက်ဥများ ပြတ်လတ်မည် မဟုတ်ပေ။

"လွယ်ပါတယ်။ အဲ့တာတွေကို သမီးတို့ရွာ အုပ်ချုပ်ရေးမှူးဆီ ပေးလိုက်ပေါ့။ သူ့မိသားစုကလည်း ဒီနှစ် ချွေးမ အသစ်တစ်ယောက် ရတယ်။ သူသာ အိမ်မှာရှိရင် သူတို့ ကိုင်တွယ်နိုင်မှာပါ။” ဟု ကျိုးစန်းနီက ချက်ချင်း ပြန်ဖြေလိုက်သည်။

စတုတ္ထဒေါ်လေးနှင့်အတူ မြို့တော်သို့ သွားရတော့မည်ဖြစ်ကြောင်း သေချာသွားသောအခါ ကျိုးစန်းနီ၏ နှလုံးသားကို ဖိနှိပ်ထားသော မမြင်ရသည့် ကျောက်ဆောင်ဝန်ကြီးမှာ ပျောက်ကွယ်သွားပုံရပြီး ခန္ဓာကိုယ်တစ်ခုလုံး လေးနက်သော အပြုံးတစ်ခုဖြင့် တောက်ပသွားသည်။

"ဒါပေမယ့် နည်းနည်းတော့ စိတ်ပူမိတယ်။ နင်မြို့တော်ကို သွားရင် လျို့နီကိုပါ ခေါ်သွားမှာလား။" ဟု လင်းချင်းဟယ်က အကြီးဆုံးမရီး ပြောသည်ဟု မဆိုဘဲ မေးလိုက်သည်။

"စတုတ္ထဒေါ်လေး စိတ်မပူပါနဲ့။ လျို့နီကို သမီး ခေါ်သွားဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ အဲ့ဒီငပျင်းမနဲ့ သမီး အတူတူ ကြီးပြင်းလာတော့ သူ့စရိုက်က ဘယ်လိုလဲဆိုတာ သမီး အတိအကျ သိထားပြီးသား။" ဟု ကျိုးစန်းနီက တန်းဖြေလိုက်သည်။

လင်းချင်းဟယ်ကပြုံးလိုက်ပြီး ခေါင်းငြိမ့်လိုက်သည်။ "ဒေါ်လေး သိပါတယ်။ နင့်အတွက် ကြိုတင် ကာကွယ်ပေးထားတာပါ။ အရင်တစ်ခေါက်က ရှုရှန့်မိန်နဲ့ ပြဿနာဖြစ်ဖူးတော့ ဒုတိယအကြိမ်တော့ ထပ်ပြီး ပြဿနာ မဖြစ်ချင်တော့ဘူး။"

"ဘာဖြစ်လို့လဲ။" ကျိုးစန်းနီက ခေတ္တ တိတ်ဆိတ်သွားပြီး ဇဝေဇဝါဖြစ်စွာဖြင့် မေးလိုက်သည်။

သူ့ဝမ်းကွဲညီအစ်မ ရှုရှန့်မိန်က မြို့တော်မှ လူတစ်ယောက်နှင့် လက်ထပ်သွားကြောင်း သူမသိသည်။ သူမ၏ စတုတ္ထဒေါ်လေးက မိတ်ဆက်ပေးခဲ့သည်ဟု ထင်ထားသော်လည်း သူမ မသိသည့် အတွင်းဇာတ်ကြောင်းတစ်ခု ရှိနေသည့် ပုံပင်။

အဘယ့်ကြောင့်ဆိုသော် သူတို့ မြို့တော်သို့ ရောက်သောအခါ ကျိုးစန်းနီကို ကိုယ့်ကိုယ်ကို သတိထားတတ်ပြီး ရှုရှန့်မိန် ကစားသည်ကို မခံရစေလိုပါ။ ထို့ကြောင့် ပြောစရာမလိုအောင် လင်းချင်းဟယ်က သူမကို ကြိုတင်ကာကွယ်ထားခြင်း ဖြစ်ပါသည်။

သူမ၏ စတုတ္ထဒေါ်လေးက ရှုရှန့်မိန်တစ်ယောက် ကျောင်းမိသားစုနှင့် ဘယ်လို လက်ထပ်နိုင်ခဲ့သလဲ ပြောပြပြီးသွားသောအခါ ကျိုးစန်းနီသည် ဒေါသကြောင့် မျက်နှာနီရဲသွားပြီး ပြောလိုက်သည်။ "ဒီလိုကိစ္စမျိုး ဘာလို့လုပ်ရတာလဲ။ ကျိုးမိသားစုက လူတွေအားလုံးရှိနေတာကို သူ့ကိစ္စ အဲ့လို ပျံ့နှံ့သွားရင် ကျိုးမိသားစုက လူတွေကို ဘယ်လိုထင်ကြမလဲ။"

လင်းချင်းဟယ်က ပြောလိုက်၏။ "ဆန္ဒက သူ့အသိစိတ်ကို ဖုံးလွှမ်းသွားတာလေ။ ကျိုးမိသားစု လက်ညှိုးထိုးခံရမှာကို သူစဥ်းစားပေးနိုင်ပါ့မလား။"

အဘွားဟူကြောင့် သူမ စိတ်ပါသွားခဲ့ပြီး အစီအစဥ်များ စချခဲ့ခြင်းဖြစ်သည်။ ကျောင်းမိသားစုနှင့် ဘယ်လို လက်ထပ်ရမလဲ စီစဥ်သည်။ ကြည့်ရတာ သူ့လုပ်ရပ်တစ်ခုလုံးတွင် ကျိုးမိသားစုအတွက် စဥ်းတောင် မစဥ်းစားပေးခဲ့သည့်ပုံပင်။

"အဘွားက ဂုဏ်သတင်းကို သဘောအကျဆုံးပဲ။ သူ တော်တော် ဒေါသထွက်သွားမယ်ထင်တယ်နော်။" ကျိုးစန်းနီက ဆက်ပြောလိုက်သည်။

"ဟုတ်တယ်။ သူ ရက်အနည်းငယ်လောက် အိပ်ယာပေါ် လဲသွားတယ်။" ဟု လင်းချင်းဟယ်က ပြန်ဖြေလိုက်၏။

"သူက ဒီလို လူမျိုးဆိုတာ အရင်က သမီး မသိခဲ့ဘူး။" ကျိုးစန်းနီက ဒေါသထွက်စွာ ပြောလိုက်ပါသည်။

"မသိခဲ့တာလည်း ဖြစ်သင့်ပါတယ်။" လင်းချင်းဟယ်က ပြန်ပြောခဲ့သည်။ သူမကိုယ်တိုင်လည်း မသိခဲ့ပါဘူးဟု ဆိုဖူးသည်။ တစ်ချက်ကြည့်လိုက်ပါက နူးညံ့ပြီး အားနည်းသည့်ပုံပေါ်သော်လည်း ကြာပန်းဖြူလေးဖြစ်နေလိမ့်မည်ဟု ဘယ်သူက ထင်မည်နည်း။ ပြီးတော့ အဆင့်နိမ့် ကြာပန်းဖြူလေး ဖြစ်နေပါသည်။

"ရှုရှန့်ချမ်းကလည်း ဘာမှမကောင်းဘူး။ အဲ့ဒီကို သူ့အစ်မကောင်းမှုကြောင့် ရောက်လာတော့ မိသားစု အဆက်အသွယ်ကြောင့် ရောက်လာတာလို့ အပြောခံရလို့ တစ်ယောက်ယောက်ကို ဆေးရုံရောက်တဲ့အထိ ထိုးကြိတ်လိုက်တယ်တဲ့လေ။" ဟု လင်းချင်းဟယ်က ပြောပြလိုက်သည်။

ကျိုးစန်းနီ ထပ်ပြီး ထိတ်လန့်သွားရပြန်သည်။

"နင့်စတုတ္ထဦးလေးက သူ့တူကို လူကောင်းလို့ထင်လို့ ညကျောင်းတက်ဖို့ စီစဥ်ပေးထားတယ်။ စောင့်ကြည့်လိုက်ပါ။ သူ သေချာပေါက် ပြဿနာတစ်ခုခု ရှာလိမ့်မယ်လို့ ငါခန့်မှန်းထားတယ်။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။

သို့သော်လည်း သူမ ဂရုမစိုက်ပါ။ သူမယောက်ျားအကြောင်း သူမသိသည်။ အရာရာ လိုက်တားပြီး ထိန်းချုပ်လို့မဖြစ်ပေ။ သူမယောက်ျား ချင်းပိုင်ကို သူ့မျက်စိဖြင့် မြင်နိုင်အောင်သာ လွှတ်ထားလိုက်သည်။

လူတချို့က ဆိုးရွားသည်။ သို့သော် အမြစ်အထိ မဟုတ်သေးဘဲ ပြန်လည် နှုတ်ယူနိုင်သည်။ သို့သော် တချို့လူတွေကတော့ အတွင်းဘက်ထိ ကောက်ကျစ်ကြသည်။

ရှုရှန့်မိန်က ကြာဖြူ တစ်ပွင့် ဖြစ်နေမှန်း သိလိုက်ရသောအခါ လင်းချင်းဟယ်က ရှုမိသားစုဟောင်းကို ပစ်ပယ်လိုက်ပါသည်။

မြို့တော်တွေ ဒီလောက် အဖြစ်အပျက် အများကြီး ဖြစ်ခဲ့ကြောင်း ကျိုးစန်းနီ မသိခဲ့ပါ။ အမြဲတမ်း ချောချောမွေ့မွေ့ ရှိကြသည်ဟု ထင်ထားခဲ့သည်။

"ဒါပေမယ့် သူတို့မောင်နှမ နှစ်ယောက်ပဲ စုတ်ပြတ်တာပါ။ ကျန်တာ ဘာမှ မဖြစ်ဘူးး။ နင်တို့ ရောက်ရင်သိပါလိမ့်မယ်။ အကျဥ်းချုပ် ပြောရရင် နင်တို့ နောင်တမရစေရပါဘူး" လင်းချင်းဟယ်က ပြုံးကာ အာမခံလိုက်သည်။

နောက်တော့ လင်းချင်းဟယ်က မြို့တော်က ကိစ္စများစွာကို ကျိုးစန်းနီအား ပြောပြလိုက်သည်။

ဥပမာအားဖြင့် ကျိုးအာ့နီက လက်တွဲဖော်ရထားပြီး နောက်နှစ်ထဲ မင်္ဂလာဆောင်နိုင်သည် ဖြစ်ကြောင်း၊ သူက ကျောက်ကျွင့်ထက် အများကြီး ပိုသာပြီး ကျိုးမိသားစုနှင့် အလွန်ရင်းနှီးကြောင်း ပြောပြခဲ့သည်။

အခြားကိစ္စများစွာလည်း ရှိနေပါသေး၏။

ထိုအကြောင်းများ ကြားသောအခါ မြို့တော်သို့ မသွားရသေးခင်မှာပင် ကျိုးစန်းနီ ပြင်းပြင်းပျပျ မျှော်လင့်မိသည်။

ကျိုးချင်းပိုင်နှင့် လီအိုက်ကော်တို့က ညနေရောက်မှ ပြန်ရောက်လာကြသည်။ တောင်ပေါ် ကုန်ကြမ်းပစ္စည်းများ ထည့်ထားသော အိတ်ကြီး တစ်လုံးဖြင့် ပြန်လာကြခြင်းဖြစ်သည်။

"ဘာလို့ ဒါတွေရဖို့ တောင်ပေါ်တက်သွားတာလဲ။" လင်းချင်းဟယ်က အံ့အားသင့်သွားသည်။

"စတုတ္ထဦးလေးက ဒေါ်လေး ကြိုက်တတ်တာကို တွေးပြီး လာဖို့ကလည်း ရှားပါးတာကြောင့် တောင်ပေါ်တက်သွားတာနေမယ်နော်။" ကျိုးစန်းနီက နှုတ်ခမ်းကိုက်ကာ ပြုံးလိုက်သည်။

ကျိုးချင်းပိုင်က သူ့မိန်းမကို ကြည့်လိုက်သည်။ လီအိုက်ကော်ကလည်း သူ့မိန်းမကို ကြည့်လိုက်သည်။ သူ့မိန်းမ၏ အရှိန်အဝါ တစ်ခုလုံး ပြောင်းလဲသွားသည်ကို မြင်သောအခါ လီအိုက်ကော် သိလိုက်ရသည်။ စတုတ္ထဒေါ်လေးက သူမကို မြို့တက်ဖို့ အကြောင်း ပြောပြီးပြီ ဖြစ်လောက်သည်။

ကျိုးချင်းပိုင်က လီအိုက်ကော်ကိုလည်း ပြောပြီးသား ဖြစ်သည်။ လီအိုက်ကော်က အနည်းငယ် ပျော်ရွှင်ကာ မြို့တော်သို့ သွားချင်နေသည်။ သို့သော်လည်း ပျော်ရွှင်ပြီးသောအခါ သူပြန်ငြိမ်သွားသည်။ စတုတ္ထဦးလေးက မြို့တော်တွင် သူဆိုင်ကြည့်ပေးရမည်ဖြစ်ပြီး လစာ ယွမ် ၈၀ ပေးမည်။ စားစရာ နေစရာတော့ မပါကြောင်း ပြောလိုက်သည်။ ထို့ကြောင့် လီအိုက်ကော်၏ နှလုံးခုန်သံ ထပ်မြန်လာပြန်သည်။

သူတို့ မြို့တော်သို့ သွားနိုင်ပါက မသွားချင်ဘဲ နေပါ့မလား။ သို့သော်လည်း သူတို့ နေထိုင်မှုဘဝက ပြဿနာ ဖြစ်သည်။ သူ့မိန်းမနှင့် သူတို့ လုပ်ချင်တိုင်း လုပ်လို့မရပါ။ မြို့ကြီးပြကြီးက အလုပ်များ ရှားပါးသဖြင့် သူတို့ အလုပ်မရခဲ့လျှင် ဘယ်လိုလုပ်မလဲ။

ကိုယ်ပိုင် စီးပွားရေး လုပ်ဖို့ကလည်း ရွာကလို တောင်တန်းများနှင့် မြေကွက်များ မရှိသဖြင့် သူတို့ ဘာလုပ်နိုင်ဦးမည်နည်း။

သို့သော်လည်း ထိုကဲ့သို့ ပြဿနာများ ယခုတော့ ရှင်းသွားပြီ ဖြစ်သဖြင့် ဘာတွန့်ဆုတ်စရာ လိုပါဦးမည်နည်း။

မြို့တော်က ဆေးရုံက နိုင်ငံတော်တွင် အကောင်းဆုံးဖြစ်သည်ကို သိထားရမည်။

"အိုင်ကွေ့ကို ပြောပြီးသွားပြီလား။" လင်းချင်းဟယ်က လီအိုက်ကော်၏ ပုံစံကို မြင်သောအခါ ကျိုးချင်းပိုင်အား မေးလိုက်၏။

"အင်း" ကျိုးချင်းပိုင်က ခေါင်းငြိမ့်လိုက်သည်။

လင်းချင်းဟယ်က လီအိုက်ကော်ဘက်သို့ လှည့်လိုက်ပြီး ပြောလိုက်သည်။ "အိုင်ကွေ့ မင်းရဲ့ စတုတ္ထဦးလေးက ပြောပြီးပြီဆိုတော့ ဒေါ်လေးလည်း စကားအပိုမပြောတော့ဘူး။ အဲ့ဒီကိုသွားရင် နင်တို့နှစ်ယောက်စလုံးရဲ့ ဝင်ငွေပြဿနာလည်း ရှင်းသွားမယ်။ အမြန်အခြေချနိုင်ဖို့လည်း အကူအညီ ဖြစ်မယ်။ ကိစ္စတစ်ခုက တစ်ခုပဲ။ ဒေါ်လေးအကြောင်း မင်းမသိလောက်ပေမယ့် စန်းနီတော့ သိတယ်။ အဲ့တာကြောင့် ထပ်မေးမယ်။ မဖြေခင် သေချာ စဥ်းစားပါ။ စန်းနီကို ခေါ်ပြီး မြို့တော်ကိုလာပြီးတော့ ဒေါ်လေးတို့နဲ့ အလုပ်လုပ်ချင်လား။"

ကျိုးစန်းနီ၏ မျက်လုံးများက လီအိုက်ကော်အပေါ်တွင် မလှုပ်မယှက် ကျရောက်နေသည်။

လီအိုက်ကော်က ခေတ္တ တွန့်ဆုတ်သွားပြီး ပြောလိုက်သည်။ "အကယ်၍ အနာဂတ်မှာ ကျွန်တော် တစ်ယောက်တည်း လုပ်ငန်းလုပ်ဖို့ အခွင့်အရေးရလာရင် ဘယ်လိုလုပ်မလဲဟင်။"

တစ်သက်လုံး အလုပ်သမားဘဝအဖြစ် သူ မနေချင်ပါ။ သူ့ရင်ထဲတွင် ကိုယ်ပိုင် စီးပွားရေး လုပ်ဖို့ တွေးထားသည်။ မဟုတ်ပါက သူကိုယ်တိုင် တောင်ပေါ် ပစ္စည်းများ သွားကောက်မည် မဟုတ်သလို ရွာသားများထံမှ စားသောက်ကုန်များ ယူပြီး တင်ပို့ကာ ပြန်လည်ရောင်းချခ ရယူမည်မဟုတ်ပေ။

"မင်းတို့ ကိုယ်ပိုင်အလုပ် လုပ်ချင်ရင်လည်း ဒေါ်လေးတို့ ဘာမှမကန့်ကွက်ပါဘူးး။ ပြီးတော့ ထောက်ပံ့မှု လိုအပ်ရင်လည်း ဒေါ်လေးတို့ မင်းနဲ့ စန်းနီကို မင်းတို့ရဲ့ အုပ်ထိန်းသူအဖြစ် ထောက်ပံ့ပေးမယ်။ ဒါပေမယ့် ကြိုတော့ ပြောရမယ်။ ပြီးတော့ မင်းတို့ဖွင့်တဲ့ ဆိုင်သစ်က ဒေါ်လေးတို့ ဆိုင်နဲ့ ကဏ္ဍချင်းတူနေရင် ဒေါ်လေးတို့ဆိုင်နဲ့ နည်းနည်းဝေးဝေးမှာတော့ သွားဖွင့်ရမယ်။ ဒါလုပ်ငန်း စည်းမျဥ်းပဲလေ။" ဟု လင်းချင်းဟယ်က ပြောပြလိုက်သည်။

"ကျွန်တော် နားလည်ပါတယ်။" လီအိုက်ကော်က ခေါင်းငြိမ့်လိုက်သည်။

"ဘာလို့ ကိုယ့်ဆိုင်ကိုယ်ဖွင့်မှာလဲ။ စတုတ္ထဦးလေးနဲ့ ဒေါ်လေးတို့ ဆိုင်ကို ကြည့်ပေးရရင် တော်ပြီပေါ့။ ဘာလို့ ကိုယ့်လုပ်ငန်းကိုယ် လုပ်ချင်ရတာလဲ။" ကျိုးစန်းနီက မနေနိုင်ဘဲ သူ့ယောက်ျားကို ကြည့်လိုက်သည်။

လီအိုက်ကော် ဘာမှမပြောနိုင်ခင် လင်းချင်းဟယ်က ပြုံးကာ ပြောလိုက်သည်။ "စန်းနီ စိတ်ပူစရာ မလိုပါဘူး။ နင့်ဒုတိယဒေါ်လေးရဲ့သား ဟူကျစ်နဲ့ ကန်းကျစ်တို့ကို သိတယ်မလား။ သူတို့ကိုလည်း ဒေါ်လေးတို့အတွက် တစ်သက်လုံး အလုပ်လုပ်ခိုင်းဖို့ အစီအစဥ်မရှိဘူး။ ဒေါ်လေးက သူတို့ကိုလည်း အချိန်တန်ရင် ကိုယ်ပိုင်လုပ်ငန်း လုပ်စေချင်တာလေ။"

All Chapters