← Chapters

သူလည်း ပါလာသည်

Vol. 33 Ch. 460

သူလည်း ပါလာသည်

Vol. 33 Ch. 460

အခန်း(၄၆၀) - သူလည်း ပါလာသည်

ကျိုးစစ်နီက ခံနိုင်ရည်ရှိသည်။ ရထားတွဲထဲသို့ ရောက်သောအခါ သူမ အနည်းငယ် စိတ်လှုပ်ရှားနေပါသည်။

ကျိုးစန်းနီကတော့ မထိန်းနိုင်ပေ။ ပထမတော့ ဘတ်စ်ကားပေါ်တွင်ဖြစ်၏။ ယခု ရထားပေါ်သို့ ရောက်သောအခါ ချက်ချင်း အိပ်ပျော်သွားသည်။

အမေကျိုး မြို့တက်လာတုန်းက ပုံစံနှင့် အနည်းငယ် ဆင်တူသည်။

လီအိုက်ကော်အတွက်လည်း ပထမဆုံးအကြိမ်ဖြစ်သည်။ သို့သော် သူအဆင်ပြေနေပါသည်။

ကျိုးချင်းပိုင်က ရထားပေါ်တွင်စားဖို့ နေ့လည်စာဗူး အနည်းငယ် ဝယ်လာခဲ့သည်။ လင်းချင်းဟယ်က အိတ်ထဲမှ ပန်းသီး၊ လိမ္မော်သီး၊ ခရမ်းချဥ်သီးနှင့် သခွားသီးများကို ထုတ်လိုက်သည်။

အခုထိတောင် သူမ ရထားပေါ်က နေ့လည်စာဗူးများကို မစားတတ်သေးပါ။ ထို့ကြောင့် တစ်လုတ် နှစ်လုတ်နှင့် ကြက်ဥပြုတ်သာ စားပြီး ကျန်တာကို ကျိုးချင်းပိုင်ထံသို့ ပေးလိုက်ပါသည်။

လီအိုက်ကော်နှင့် ကျိုးစစ်နီတို့က ဒီအစားအသောက်များကို ကြိုက်ကြသည်။ စန်းနီအတွက်လည်း တစ်ဗူးရှိသည်။ လောလောဆယ် သူမ အိပ်ပျော်နေသဖြင့် နိုးလာသောအခါ စားနိုင်ပါသည်။

"စတုတ္ထဒေါ်လေး အဲ့လောက်ပဲ စားမှာလား။ ပြီးရင် ဗိုက်ဆာနေဦးမယ်။" ဟု ကျိုးစစ်နီက ပြောလိုက်သည်။

"မဆာပါဘူး ဒေါ်လေး ဒါတွေစားနေတယ်လေ။" ဟု လင်းချင်းဟယ်က ပြောလိုက်၏။

"အဲ့လောက်နဲ့ ဘယ်ဗိုက်ပြည့်မလဲ။" ကျိုးစစ်နီက သွက်လက်သည်။ သို့သော် လက်တွေ့ဆန်သော မိန်းကလေး တစ်ယောက်လည်း ဖြစ်ပါသည်။

လင်းချင်းဟယ်က ပြုံးလိုက်သည်။ အမေဝိန် ပြောသည့် စကားကို ကြားခဲ့ရတုန်းက သူမစိတ်ထဲ စစ်နီကို မြို့တော်သို့ ခေါ်လာချင်ခဲ့သည်။ သို့သော် အမေဝိန် ပြောသည့်စကားကို အတည်ပေါက် မယူချင်ခဲ့ပေ။

ဝိန်ကွေ့တုံက စစ်နီထက်အများကြီး အသက်ကြီးသည်။ ထို့အပြင် သူတို့အကြား မြို့ပြနှင့် ကျေးရွာ ခြားနားမှုလည်း ရှိနေသည်။ သူတို့ ကြီးပြင်းလာသည့် ပတ်ဝန်းကျင်က ခြားနားလွန်းသည်။ လင်းချင်းဟယ်က သူတို့အဆင်ပြေနိုင်လိမ့်မည်ဟု မထင်ခဲ့ပေ။

ထို့ကြောင့် ထိုကိစ္စကို စိတ်ထဲ သိပ်မထားခဲ့ပါ။

သို့သော် စစ်နီလို အားကိုးရသည့် မိန်းကလေးတစ်ယောက်ကို ခေါ်လာခြင်းက သူမအတွက် ကောင်းသည်မှာ သံသယဖြစ်စရာမလိုပါ။

တာ့နီကတော့ တစ်သက်လုံး ရွာတွင်သာ နေသွားရတော့မည်ဖြစ်သည်။ တာ့နီအတွက်တော့ ဆိုးရွားသည့် ကိစ္စမဟုတ်သော်လည်း နှိုင်းယှဥ်ကြည့်ပါက ဆိုးရွားပါသည်။

ဒီမျိုးဆက်မှာပဲ ဆိုးရွားမှာလား ဆိုတော့ မဟုတ်ပါ။ ရပ်တန့်သွားမည် မဟုတ်ဘဲ နောက်ပိုင်း မျိုးဆက်များအထိပါ ပါသွားပေမည်။ ဒါက ကြိုတင် သတ်မှတ်ထားပြီးသား ကောက်ချက်တစ်ခု ဖြစ်နေပါသည်။

စန်းနီ နိုးလာသောအခါ လီအိုက်ကော်က သူမကို ဂရုစိုက်သည်။ သူမ နေ့လည်စာဗူးကို မစားနိုင်သဖြင့် ပန်းသီးနှင့် အခြားသစ်သီးများကိုသာ စားသည်။ ထိုအခါမှ သူမ စားချင်စိတ် ပေါ်လာသည်။

ထို့နောက် နေ့လည်စာဗူးကို စားလိုက်၏။ သူမအကြိုက်ဖြစ်မှန်း မြင်နိုင်ပါသည်။

"အဲ့ဒီတုန်းက နင့်အဘွားလည်း နင့်လိုပဲ။ မြို့တော်ရောက်တဲ့အထိ တစ်လမ်းလုံးကို အိပ်လာတာလေ။" ဟု လင်းချင်းဟယ်က ပြုံးကာ ပြောလိုက်ပါသည်။

ထိုကဲ့သို့ အတွေ့အကြုံမျိုးကြောင့် အမေကျိုးက ရွာပြန်ချင်တောင် အနည်းငယ် ကြောက်ရွံ့နေမိပါသည်။ သူမ ဘဝက အလွန် သက်တောင့်သက်သာ ရှိနေသဖြင့် တော်သေးသည်။ မဟုတ်ပါက သူမ မွေးရပ်မြေကို ပြန်ချင်နေပါဦးမည်။

"ဒါမျိုးတစ်ခါမှ သမီးမစီးဖူးလို့။ အရမ်း ယိမ်းယိုင်နေတာပဲ။" ဟု ကျိုးစန်းနီက ရှက်ရွံ့စွာ ဖြေလိုက်သည်။

"ဘာမှမဖြစ်ပါဘူး။ နည်းနည်းလောက် ထပ်စီးလိုက်ရင် အသားကျသွားမှာပါ။" လင်းချင်းဟယ်က ခေါင်းငြိမ့်လိုက်သည်။

နှစ်ရက်ကြာသောအခါ သူတို့မြို့တော်သို့ ရောက်လာသည်။ ပင်ပန်းနေကြသော်လည်း မြို့တော်၏ ဘူတာရုံတွင် သွားလာနေကြသော လူများထဲ ကျိုးစန်းနီ၊ လီအိုက်ကော်နှင့် ကျိုးစစ်နီတို့ မျောပါကာ တက်ကြွလာကြပါသည်။

ဘူတာမှ ပေကျင်းတက္ကသိုလ်အထိ ရောက်သည့် ဘတ်စ်ကားကို စောင့်ကြရဦးမည်။

သူတို့သည် ဆိုးဆိုးရွားရွား အချိန်တွင် ရောက်လာခဲ့ကြသဖြင့် ဘတ်စ်ကားက အခုလေးတင် ထွက်သွားလေပြီ။

မြို့တော်က သူတို့အိမ်နှင့် အလွန်ခြားနားလွန်းသဖြင့် ကျိုးစန်းနီ၊ လီအိုက်ကော်နှင့် ကျိုးစစ်နီတို့အားလုံး အလွန် စိတ်လှုပ်ရှား ပျော်ရွှင်နေကြပါသည်။

တယ်လီဖုန်း ရုံလေးများပင် ရှိနေသည်။ တယ်လီဖုန်းဆိုတာ ဘယ်လောက် ရှားပါးလိုက်သလဲ။ ဒီမှာတော့ လမ်းမပေါ်မှာတောင် ရှိနေသည်။

ဘတ်စ်ကား ရောက်လာသောအခါ သူတို့ တက်လိုက်ကြသည်။ ပေကျင်းတက္ကသိုလ်သို့ တလျှောက်လုံး စီးလာကြပြီး အလုပ်ဆင်းလာကြသော စက်ဘီးသမားအဖွဲ့နှင့် အခြားရှုခင်းများကိုလည်း မြင်တွေ့ခဲ့ကြပါသည်။

သူတို့မွေးရပ်မြေက ကောင်တီမြို့ကတောင် အလွန်ကြွယ်ဝနေပါသည်။ သို့သော် မြို့တော်ကြီးနှင့် နှိုင်းယှဥ်ကြည့်ပါက တကယ့်ကိုပင် ဘာမှ မပြောပလောက်ပါ။

၁၉၈၃ ခုနှစ်၏ မြို့တော်ကြီး ဖွံ့ဖြိုးမှုမှာ တကယ် မြန်ဆန်သည်။ နေရာများစွာမှာ ခေတ်မှီဆန်းသစ်မှုများ ပြသလာကြပြီဖြစ်သည်။

လမ်းမပေါ်တွင် ဝတ်ဆင်ကြသော ဘောင်းဘီအပွများနှင့် ဂျင်းဘောင်းဘီများက အလွန်ရေပန်းစားလှပါသည်။

သူတို့နှင့် ယှဥ်ကြည့်လျှင် ကျိုးစန်းနီ၊ လီအိုက်ကော်နှင့် ကျိုးစစ်နီတို့ ဝတ်ဆင်ထားသည်က ရှေးရိုးဆန်လှသည်။

တကယ်တော့ ထိုအဝတ်အစားများက သူတို့ဆီမှာ ရှိတာ အသစ်လွင်ဆုံး ဖြစ်ပါသည်။ သူတို့ ဒီနေ့အတွက် အထူးဝတ်ဆင်လာခြင်း ဖြစ်သော်လည်း ရှေးရိုးဆန်နေပါသေးသည်။

"အလုပ်သွားတာနဲ့ တစ်ယောက်စီကို ငါတို့ ထုတ်လုပ်တဲ့ အဝတ်နှစ်စုံစီ ရမယ်။" ဟု လင်းချင်းဟယ်က ပြုံးကာ ပြောလိုက်သည်။

သူမက အဝတ်အစားများ ရောင်းချသည်။ ထို့ကြောင့် ထိုအဝတ်အစားများလောက်တော့ စိတ်ထဲမထားပါ။

"စတုတ္ထဒေါ်လေး။ မြို့တော်က တကယ် ခေတ်မှီတိုးတက်တာပဲနော်။" ဟု ကျိုးစစ်နီက မနေနိုင်ဘဲ ပြောလိုက်ပါသည်။

"ဟုတ်တာပေါ့။" လင်းချင်းဟယ်က ပြန်ပြောလိုက်သည်။ မဟုတ်လျှင်ဘာကြောင့် ရှုရှန့်မိန်က ဒီမှာနေချင်မှာလဲ။ သူမ စိတ်ဝင်စားသည့် ကြွယ်ဝမှုတွေ ရှိနေလို့ပဲ မဟုတ်လား။

"နောက်ပိုင်းကျရင် သမီးတို့ ဒီမှာပဲ နေကြရတော့မှာလား။" ကျိုးစန်းနီက ဘတ်စ်ကား ပြူတင်းပေါက်မှ အပြင်ဘက် ရှုခင်းများကို ကြည့်ကာ တီးတိုး ရေရွတ်လိုက်သည်။

လီအိုက်ကော်က သူ့မိန်းမ ဒီနေရာကို သဘောကျမှန်း ရှင်းရှင်းလင်းလင်း မြင်နေပါသည်။ ပြောစရာမလိုအောင် လီအိုက်ကော်လည်း သဘောကျသည်။ သူအလုပ်စမလုပ်ရသေးတာတောင် မြို့တော်၏ ကြွယ်ဝမှုများက သူ့ကို မနေနိုင်ဘဲတမ်းတမိစေသည်။

ဖြစ်ချင်တော့ သူတို့ ဘာမှမသိချိန်တွင် အပြင်လောကကြီးက ဒီလောက်ထိ စိတ်လှုပ်ရှားဖို့ ကောင်းနေပါပြီ။

လမ်းဖြောင့်ဖြစ်သော်လည်း လမ်းတွင် ဆင်းသည့် ခရီးသည်များ ရှိသဖြင့် ရောက်ဖို့ ၂ နာရီ ကြာခဲ့သည်။

ဘတ်စ်ကားပေါ်မှ အထုပ်အပိုးများဖြင့် ဆင်းလာကြပြီးနောက် သူတိုအုပ်စု ဖက်ထုပ်ဆိုင်သို့ အရင်လာခဲ့ကြပါသည်။

ဖက်ထုပ်ဆိုင်က ထိုအချိန်တွင် အလွန်စည်ကားနေပါသည်။ အငယ်ဆုံးသား ကျိုးကွေ့လိုင်က အလုပ်များကာ ချွေးများလည်းထွက်နေသည်။ အဘိုးဝမ်က သူ့ကို ဖက်ထုပ်များ ကူထုပ်ပေးပြီး ဒေါ်လေးမာကတော့ ပန်းကန်များ ဆေးကြောနေသည်။

"အောင်မယ်လေး ဘော့စ်လေး အလုပ်များနေတာပေါ့။" လင်းချင်းဟယ်က ပြုံးကာဖြင့် ဆိုင်ထဲ ဝင်လာပြီး ပြောလိုက်သည်။

"အဖေနဲ့ အမေ" ကျိုးကွေ့လိုင်၏ မျက်လုံးများ ဝိုင်းစက်သွားသည်။ ကျိုးစန်းနီနှင့် ကျိုးစစ်နီတို့ကိုလည်း သူတွေ့၏။ "အစ်မ စန်းနီနဲ့ အစ်မစစ်နီတို့ကော ပါလာကြတာလား။"

"ဟုတ်တယ် ငါတို့လည်း ပါလာခဲ့ကြတာ။ ဘော့စ်လေးကို ဖက်ထုပ်နည်းနည်းလောက် ကျွေးခိုင်းဖို့ ပြင်နေတာ" ဟု ကျိုးစစ်နီက အေပရွန်ဝတ်ထားတဲ့ ကျိုးကွေ့လိုင်ကိုမြင်ပြီး စနောက်လိုက်သည်။

“ဒါက အဆင်ပြေပါတယ်။” ကျိုးကွေ့လိုင်က ရယ်မောလိုက်သည်။ ထို့နောက် သူက ဒုတိယထပ်ကို လက်ညှိုးပြလိုက်ပြီး “အပေါ်ထပ်မှာ အစ်မအာ့နီရဲ့ အခန်းရှိတယ်။ အခုကစပြီး အစ်မစစ်နီက အစ်မအာ့နီနဲ့ အတူနေရလိမ့်မယ်။ အဲ့မှာ အစ်မရဲ့ ခရီးဆောင်အိတ်ကို ထားလို့ရတယ်။” ဟု ပြောလိုက်သည်။

“ကောင်းပါပြီ။” ကျိုးစစ်နီက ပြုံးပြီး ခရီးဆောင်အိတ်ကို နေရာချဖို့ အပေါ်ထပ်သို့ တက်သွားခဲ့သည်။

ကျိုးချင်းပိုင်သည် သူ့မျက်နှာနှင့် လက်တို့ကို ဆေးကြောပြီးနောက် သူ့သားဖြစ်သူထံမှ ယောက်ချိုဇွန်းကို ယူလိုက်သည်။

သူ့အဖေ ပြန်ရောက်လာတာနဲ့ ကျိုးကွေ့လိုင်က အေပရွန်ကို ချွတ်ပြီး သူ့အဖေအတွက် ထားလိုက်သည်။

လင်းချင်းဟယ်က ကျိုးစန်းနီနှင့် လီအိုက်ကော်တို့အား “သူတို့ ဒီမှာ အလုပ်များနေတယ်။ မင်းအဘိုးအဘွားတွေအိမ်ကို အရင်သွားကြမလား။ အဲဒီနေရာက ကျယ်ဝန်းပြီး မင်းတို့ အရင်နေဖို့ အခန်းတစ်ခန်းရှိတယ်။” ဟု ပြောလိုက်သည်။

ကျိုးစန်းနီနှင့် လီအိုက်ကော်တို့က ကန့်ကွက်ခြင်း မရှိပေ။ သူတို့ရဲ့ ခရီးဆောင်အိတ်ကို အဲဒီဘက်အိမ်မှာ နေရာချပြီး အဝတ်အစားတွေကို ယူလာဖို့ပဲ လိုပါသည်။

ညနေစောင်းရင် အတူတူ ရေချိုးဖို့ ရေချိုးအိမ်ကို အတူတူသွားကြမည်။ ရေချိုးအိမ်က ညကိုးနာရီမှ ပိတ်သည်။ အလျင်လိုစရာ အကြောင်း မရှိပါ။

“ကောင်းပါပြီ။” ဟု လီအိုက်ကော်က တုံ့ပြန်လိုက်သည်။

“အမေ၊ ဒါ ဘယ်သူလဲ။” ဟု ကျိုးကွေ့လိုင်က မေးလိုက်သည်။ ကျိုးကွေ့လိုင်က လီအိုက်ကော်ကို မသိသေးပါ။

“မင်းရဲ့ တတိယယောက်ဖ” ဟု လင်းချင်းဟယ်က ပြန်ဖြေလိုက်သည်။

“ကျွန်တော့်ရဲ့ တတိယယောက်ဖလား။” ကျိုးကွေ့လိုင်က ပြုံးပြီး “ငါ့အစ်မစန်းနီနဲ့ ငါ့တတိယယောက်ဖတို့ ဟိုဘက်အိမ်ကို သွားကြရအောင်။ ငါ့မိဘတွေက ဒီတစ်ခေါက်က မင်းတို့ကိုပါ ခေါ်လာမယ်လို့ ကြိုမပြောခဲ့ဘူး။ မင်းတို့ပါ ပါလာတယ်ဆိုတာ အဘိုးနဲ့ အဘွားသိရင် အရမ်းဝမ်းသာသွားမှာ သေချာတယ်။” ဟု ပြောလိုက်သည်။

သူက စကားပြောကောင်းတဲ့ကောင်လေးမို့ လီအိုက်ကော်နဲ့ ကျိုးစန်းနီတို့ကို သူ့အဘိုးတို့အိမ်ကို လိုက်ပို့တဲ့လမ်းမှာ ကိုးရိုးကားရား နည်းနည်းလေးမှ မဖြစ်ခဲ့ဘူး။

သူက ကျိုးစန်းနီနဲ့လည်း စကားတွေ အများကြီး ပြောဖြစ်ခဲ့တယ်၊ အထူးသဖြင့် သူ့ကြောင့် ကျိုးစန်းနီရဲ့ မျက်နှာပေါ်မှာ စိတ်‌အေးလက်အေးဖြစ်နေတဲ့ အပြုံးတစ်ခု ပေါ်လာခဲ့သည်။

ကျိုးကွေ့လိုင် ပြောသည့်အတိုင်း လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့သည် ဤတစ်ကြိမ်တွင် တစ်ယောက်ယောက်ကို ခေါ်လာမည်ဟု မပြောခဲ့ဖူးသောကြောင့် အဖေကျိုးနှင့် အမေကျိုးတို့သည် ကျိုးစန်းနီနှင့် လီအိုက်ကော်တို့ကို တွေ့လိုက်ရသောအခါ အံ့သြဝမ်းသာဖြစ်သွားခဲ့ကြသည်။

All Chapters