← Chapters

အိမ်ခြံမြေဝယ်ယူခြင်း

Vol. 33 Ch. 463

အိမ်ခြံမြေဝယ်ယူခြင်း

Vol. 33 Ch. 463

အခန်း(၄၆၃) - အိမ်ခြံမြေဝယ်ယူခြင်း

တစ်ညတာ ကောင်းကောင်း အိပ်စက်ပြီးနောက် နောက်တစ်နေ့တွင် လင်းချင်းဟယ် သိပ်ကြာကြာ မအိပ်ခဲ့ပါ။ နွေရာသီမှာ ဒီလိုပဲဖြစ်သည်။ ဆောင်းရာသီလို အိပ်ချင်သလောက် မအိပ်နိုင်ပါ။

ဆောင်းရာသီမနက်တွင် စောင်ခြုံကွေးရခြင်းက ကမ္ဘာမြေပေါ်က ကောင်းကင်ဘုံလိုဖြစ်ပါသည်။

သူမ နိုးလာသောအခါ ကျိုးချင်းပိုင်က စုတာ့လင်းတို့ထံမှ ဘန်းမုန့်များဝယ်ကာ ပြန်လာသည်။

အမြဲတမ်း ဖက်ထုပ်များ စားနေရပါက ရိုးအီလာနိုင်၏။ ထို့ကြောင့် မကြာခဏဆိုသလို စုတာ့လင်းထံသို့သွားကာ မနက်စာအဖြစ် ပေါက်စီများ စားကြပါသည်။

"ရှင် ဆိုင်မဖွင့်ဘူးလား" သူက အလွန်အလုပ်အားနေသည့်ပုံပေါက်သဖြင့် လင်းချင်းဟယ်က မေးလိုက်သည်။

"သားငယ် သွားပြီလေ။" ဟု ကျိုးချင်းပိုင်က ပြန်ဖြေသည်။

ဒီနှစ်နွေရာသီတွင် မိသားစုလုပ်ငန်းကို သားငယ်က တော်တော်လေး အထောက်အကူပြုခဲ့သည်။ သားကြီး ကျိုးခိုင်က အိမ်မှာ မရှိပါ။ သားလတ် ကျိုးရွှမ်က ဒီလိုလုပ်ငန်းများလုပ်ဖို့ စိတ်မဝင်စားပေ။ အစကတော့ ကူညီဖို့ စီစဥ်ထားသော်လည်း သူ့ညီက အလွန်သန်မာပြီး ကိုင်တွယ်နိုင်သဖြင့် လွှတ်ထားလိုက်ပါသည်။

သူက ကျူရှင်သင်ပြပြီး ဟိုနားဒီနား ထွက်သွားသည်။ အလွန် အေးချမ်းနေပါသည်။

ထို့ကြောင့်လည်း မနေ့က သားငယ်က သူမကို အထွန့်တက်ခြင်းဖြစ်သည်။ အငယ်ဆုံးသားဖြစ်ပြီး အခွင့်ထူး ဘာမှမရကြောင်းနှင့် အရင်ဆုံး ကျွန်ပြုခံရကြောင်း ပြောသည်။

လင်းချင်းဟယ်က ပြုံးလိုက်သည်။ "ဒီကလေးက တော်သားပဲ။"

ကျိုးချင်းပိုင်က မျက်လုံးထဲ ရွှင်မြူးသော အရိပ်အယောင်ပြနေသည်။ ထိုကောင်လေးက ဒီနေ့မနက် ဆိုင်မသွားချင်ပေ။ သို့သော်လည်း သူက ကန်ထုတ်ကာ လွှတ်လိုက်ခြင်းဖြစ်သည်။

ဒီလောက်ထိ အရွယ်ရောက်လာအောင် ပျိုးထောင်ပြီးကာမှ ကောင်းကောင်း အသုံးချဖို့ အချိန်ရောက်ပြီမဟုတ်လား။ ကလေးဆိုတာ ဒီလိုပဲဖြစ်သည်။ အလိုလိုက်ပြီး မွေးလေလေ မိသားစုကို သိတတ်သော ကလေးဖြစ်နိုင်ချေ နည်းလေလေဖြစ်သည်။ ပိုပြီး အသုံးချမှသာ ရင့်ကျက်လာမည်ဖြစ်ပါသည်။

အမှန်ပင်။ ယောက်ျားရင့်မာကြီး တစ်ယောက်ဖြစ်သည့် ကျိုးချင်းပိုင်ကတော့ ဒါကို နားမလည်ပါ။ အလုပ်လုပ်ချိန်တန်လျှင် သူ့ကို အလုပ်လုပ်ခိုင်းသည်။ အဲ့လောက် ရိုးရှင်းပါသည်။

"ရှင် အိမ်ရာစီမံရေးကို သွားမှာလား။" ဟု လင်းချင်းဟယ်က မေးလိုက်၏။

ကျိုးချင်းပိုင် အစကတော့ မနက်စာ ဝယ်လာပေးပြီး အိမ်ရာစီမံရေးကို တစ်ယောက်တည်း သွားဖို့ စီစဥ်ထားပါသည်။ အခုတော့ လင်းချင်းဟယ်လည်း နိုးလာပြီဖြစ်သဖြင့် သူမလိုက်ပါသည်။

လင်းချင်းဟယ် မျက်နှာသစ်ကာ မနက်စာ စားလိုက်သည်။ "တာ့လင်နဲ့ ရှောင်မိန်တို့ စီးပွားရေး အဆင်ပြေတာလည်း မပြောနဲ့။ ဒီဘန်းမုန့်က ဘယ်ဆိုးလို့လဲ။"

ဘန်းမုန့်သားဖြစ်ဖြစ် အထဲက အစာဖြစ်ဖြစ် ပြည့်လျှံနေပါသည်။

"သူ့ဘေးက ဖက်ထုပ်ဆိုင်တွေက သူ့ကို မယှဥ်နိုင်ဘူးလေ။" ကျိုးချင်းပိုင်က ပြောလိုက်သည်။ သူသင်ပြပေးခဲ့သည့်အတွက် စုတာ့လင်း၏ စီးပွားရေးရလဒ်များကို သူကျေနပ်အားရမိပါသည်။

အခုခေတ်တွင် စျေးနှုန်းများက တက်လာပြီ။ ဆိုင်၏ အမြတ်အစွန်းများလည်း တိုးလာသည်။ စုတာ့လင်းက ဝီရိယ ရှိသည်။ လူအများစုက မနက်ခင်းတွင်သာ ပေါက်စီကို ရောင်းကြသည်။ သူ့ဘန်းမုန့်ဆိုင်ကတော့ မနက်မှ ညအထိ ဖွင့်သည်။ နေ့လည်ခင်းတွင် အနားယူဖို့ ၂နာရီသာ ပိတ်၏။ ညနေခင်းတွင် ပုံမှန်အတိုင်း လည်ပတ်ကာ ညစာစားဖို့ အိမ်ပြန်သည့် အခါမှ ပိတ်သည်။

စုတာ့လင်းတို့ ဘက်သာမကပေ။ ကျိုးချင်းပိုင်၏ ဖက်ထုပ်ဆိုင်လည်း ထိုနည်းလည်းကောင်း ဖြစ်ပါသည်။ ဒီနှစ်နွေရာသီတွင် ကျိုးကွေ့လိုင်က စျေးကိုတိုးမြှင့်ခဲ့သည်။

ထိုကောင်လေးက သတ္တိကောင်း၏။ မိဘတွေ အိမ်မှာ မရှိတုန်း ဖက်ထုပ်စျေးကို တိုးရဲသည်။ ထို့အပြင် ရောင်းအားကလည်း လျော့မသွားခဲ့ပါ။

လင်မယားနှစ်ယောက် အိတ်တစ်လုံးဖြင့် အိမ်ရာစီမံရေးသို့ လာခဲ့ကြသည်။ တကယ်တော့ အိမ်ရာစီမံရေး လက်ထဲတွင် ရောင်းချဖို့ အိမ်ရာများစွာရှိသည်။ ပိုင်ရှင်အားလုံးက လာရောက်ရောင်းချထားခြင်းဖြစ်၏။ သို့သော် ဒီခေတ်တွင် အိမ်ရာအခြေအနေနှင့် လူဦးရေများစွာ ပြွတ်သိပ်လာသည်ကို ဂရုမစိုက်ဘဲ လူတွေက အလုပ်မှ နေရာချထားပေးခြင်းကို စောင့်မျှော်နေကြခြင်းဖြစ်ည်။

အိမ်ရာတစ်ခုကို ကိုယ်တိုင်ရှာပြီး ဝယ်ယူသည့် လူများ ရှိသော်လည်း ရာခိုင်နှုန်း အနည်းငယ်သာ ရှိပါသည်။

ကိုယ့်ဖာသာကိုယ် ဝယ်ယူကြသဖြင့် ကိုယ့်ဖာသာကိုယ် ပေးရမည်ဟူသည့် သဘောဖြစ်ပါသည်။ တိုက်ခန်းတစ်ခန်း၏ လက်ရှိစျေးနှုန်းက ယွမ် ထောင်ချီပါသည်။

ယွမ်ထောင်ချီဆိုသည်မှာ လစာ ယွမ်အနည်းငယ်သာ ရသည့် အလုပ်သမားများအတွက် ဘယ်လောက်တန်ဖိုးရှိသလဲ။

အထူးသဖြင့် ဒီနှစ်ထဲ စျေးနှုန်းများ မြင့်တက်သွားသဖြင့် အိမ်ရာစျေးနှုန်းများလည်း များစွာ လှုပ်ခါသွားရသည်။ မနှစ်ကထက် အများကြီး ပိုစျေးကြီးလာ၏။ ယွမ် ရာကျော်အနည်းငယ်ဟု ဆိုသော်လည်း ထိုယွမ်ရာကျော် အနည်းငယ်က မိသားစုတစ်စု၏ တစ်နှစ်တာ စုစုပေါင်း ဝင်ငွေပင် ဖြစ်နိုင်သည်။

မာချန်းမင်၊ ဟွမ်ရှောင်းလျို့နှင့် သူတို့သား မာရှောင်းထန်တို့တောင် ဒေါ်လေးမာနှင့် နေရသည်။ အိပ်ခန်းနှစ်ခန်းပါ အိမ်တစ်လုံး ဖြစ်သော်လည်း စတုရန်းမီတာ ဆယ်ကျော်သာ ရှိသည်။ လူ မများဘူးဟုပြောလျှင် လိမ်ရာကျပါမည်။ အလုပ်သွားသည့် လူများနှင့် ကျောင်းသွားသည့် လူများကြောင့် အဆင်တော့ပြေသည်။ သူတို့ ညနေခင်းတွင်သာ အိမ်မှာ နေကြရသည်။

ဒီနှစ် ဆိုင်တစ်ဆိုင်ဝယ်ဖို့ လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ ရောက်လာတော့ အိမ်ရာများ၏ စျေးနှုန်းများ ပြောင်းလဲသွားသည်ကို သတိထားမိကြပါသည်။

ယွမ်ရာကျော် အနည်းငယ်လောက်အထိ ထိုးတက်သွား၏။ ထိုတည်နေရာများက သာမန်မျှသာ ရှိသေးသည်။ ပိုကောင်းသည့် နေရာများကတော့ တော်တော်လေး စျေးတက်သွားပါသည်။

လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့သည် စုစုပေါင်း ဆိုင် ၃ ဆိုင်သို့ သွားကြည့်ခဲ့ကြသည်။

မတူညီသည့်နေရာ သုံးခုမှ ဆိုင်သုံးဆိုင်ဖြစ်ပါသည္။ တစ်ဆိုင်က ဟင်းသီးဟင်းရွက် စျေးနားက ဖြစ်သည်။ ထိုမြေက သိပ်မကြီးပေ။ စတုရန်းမီတာ ဆယ်ကျော်အနည်းငယ်သာဖြစ်သည်။ သို့သော် စျေးကလည်း မကြီးပေ။ ၇,၀၀၀ လောက်သာဖြစ်သည်။

"ဟင်းသီးဟင်းရွက် စျေးနားက ဘယ်လောက်တောင် စည်ကားလဲ ခင်ဗျားတို့သိပါတယ်။ ဒီဆိုင်ပိုင်ရှင်က အိမ်ပြောင်းရမှာမို့လို့သာ။ မဟုတ်ရင် သူရောင်းမှာ မဟုတ်ဘူး။ စျေးဆစ်တာတွေလည်း လက်ခံမှာ မဟုတ်ဘူး။ ဒါက သူ့ရဲ့ နောက်ဆုံးစျေးပဲ။" ဒီနေရာသို့ ခေါ်လာပေးသော အိမ်ရာစီမံရေးမှ အုပ်ချုပ်ရေးမှူးက ပြောလိုက်ပါသည်။

ယွမ် ၇,၀၀၀ ကတကယ်ပဲ စျေးမနည်းပေ။ အဖေကျိုးနှင့် အမေကျိုးတို့ နေထိုင်သည့် အိမ်နှင့်ခြံကလည်း ဒီစျေးလောက်ပဲဖြစ်သည်။ ထိုနေရာကလည်း ကောင်းမွန်၏။

သို့သော် နှစ်အနည်းငယ်သာ ရှိသေးသော်လည်း စျေးက ဒီလောက်ထိတောင် တက်သွားပြီလား။

လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့က ဝယ်ယူချင်သည်။ ကုန်ခြောက်ပစ္စည်းများ ရောင်းချဖို့ နေရာကောင်းတစ်ခုဖြစ်ပါသည်။ ဘေးဘက်တွင်လည်း စျေးကြီးတစ်ခု ရှိသောကြောင့် ဖြစ်သည်။

ဖက်ထုပ်ဆိုင်နှင့်လည်း သိပ်မဝေးလှပါ။ စက်ဘီးဖြင့် မိနစ် ၄၀ သာလာရသည်။

လင်းချင်းဟယ်က မေးလိုက်၏။ "ရောင်းဖို့ တခြားဆိုင်ကြီးတွေရှိသေးလား"

"မရှိတော့ပါဘူး" မန်နေဂျာက စာအုပ်ကို လှန်ရင်း ပြောလိုက်သည်။

လင်းချင်းဟယ် ဆက်မပြောတော့ပါ။ ဆိုင်၏ တည်နေရာကို သဘောကျသော်လည်း အရွယ်အစားကို သဘောမကျပေ။ အနည်းငယ် သေးလွန်းနေပါသည်။

ပိုကြီးသည့် ဆိုင်မရှိပါက ဒီဆိုင်ကို ပြန်လည် ပြင်ဆင်ပြီး အခန်းငယ်တစ်ခန်း ခွဲဖွဲ့ဖို့သာ ရှိတော့သည်။

ဘာပဲဖြစ်ဖြစ် ဆိုင်က ကုန်ပစ္စည်းများက စျေးမပေါပါ။ တွေးကြည့်ခဲ့ပြီး လီအိုက်ကော်နှင့် ကျိုးစန်းနီတို့ကိုလည်း ဆိုင်တွင် နေစေချင်သည်။ အချိန်ကျလာပါက အိမ်သာနှင့် မီးဖိုချောင်တို့ကိုလည်း ဆောက်ရဦးမည်။

အတွေးဆိုတာ လူတွေးမှ ရတာ မဟုတ်လား။

ကျိုးချင်းပိုင်နှင့်အတူတူ တခြားဆိုင်များကို အုပ်ချုပ်ရေးမှူးနှင့်အတူတူ သွားကြည့်ခဲ့ကြသည်။ လင်းချင်းဟယ်က သိပ်ပြီး စိတ်မပါပေ။ ၆ ဆိုင်မြောက်၊ ကုန်ခြောက်ဆိုင်အပြင် ၇ဆိုင်မြောက်က နေရာကောင်းတွင် ရှိနေသဖြင့် ၇ဆိုင်မြောက်ကိုလည်း ဖွင့်ခဲ့ပါသေးသည်။

အချိန်တန်လျှင် သူတို့ ဘာလုပ်နိုင်မလဲ ကြည့်ကြမည်။

လင်းချင်းဟယ် မလိုချင်သည့် တခြားဆိုင်တစ်ဆိုင်လည်း ရှိသည်။ အနာဂတ်တွင် ထိုမြေ၏ တစ်လက်မတိုင်းက တန်ဖိုးကြီးလာမည်ကို သိထားရင်တောင် မလိုချင်ပါ။ အကုန်လုံးကို လိုချင်နေစရာမလိုပေ။ နောက်ပိုင်းမှ အချိန်ယူစဥ်းစားနိုင်ပါသည်။ သိပ်မကြာခင် အိမ်ရှင်တစ်ဦး ဖြစ်ချင်သည့် သူမ၏ စိတ်ကူးအိပ်မက် တကယ် ဖြစ်လာပါတော့မည်။

ဘာပဲဖြစ်ဖြစ် ဆိုင် ၇ဆိုင် ရှိပြီးသား ဖြစ်သည်။ အားလုံးကလည်း နေရာကောင်းတွင် ရှိကြ၏။ အိမ်ခြံဝန်းကြီးတစ်လုံးကိုလည်း သိမ်းထားပြီးပြီ။ ထို့အပြင် ဥယျာဥ်နှင့် အိမ်လည်းပါသည်။

တိုက်ခန်းကိုတော့ ထည့်မတွက်ပါ။ ထိုတိုက်ခန်းက သူမ၏ အလုပ်က နေရာချထားပေးခြင်းဖြစ်သည်။ နေထိုင်ခွင့်သာရှိပြီး ဝယ်ယူရောင်းချခွင့် မရှိပါ။

နောက်ဆုံး အိမ်ခြံဝန်းကြီးကိုတော့ အမျိုးသမီး စီမံခန့်ခွဲသူတစ်ယောက်က ပြသပေးခဲ့ခြင်းဖြစ်သည်။ ဒီအမျိုးသား စီမံခန့်ခွဲသူက အထာ မသိသေးပါ။

ထို့ကြောင့် လင်းချင်းဟယ်က ၁၀ ယွမ်လောက် အသာလေး ကမ်းပေးလိုက်သည်။

"ဟင် ဒါက ဘာလဲ။" မန်နေဂျာ ထိတ်လန့်သွား၏။

လင်းချင်းဟယ်က ပြုံးကာ ပြောလိုက်သည်။ "ဒီနေ့ ကျွန်မတို့ကို နေရာတွေအများကြီး လိုက်ပြပေးလို့ ခက်ခဲမှာပဲ။ လတ်တလော ရောင်းဖို့ အိမ်ခြံမြေဝန်းကြီးတွေဘာတွေ ရှိလားဟင်။ ဒါကိုတော့ လက်ခံလိုက်နော်။ ရှင့်ရဲ့ အလုပ်ကြိုးစားမှုအတွက်ပါ။"

"အိမ်ခြံမြေဝန်းကြီးတွေတော့ မရှိသေးပါဘူး။ ခင်ဗျားတို့လိုချင်ရင် အချိန်ကျရင် ကျွန်တော် အသိပေးပါ့မယ်။ အဲ့ဒီဖက်ထုပ်ဆိုင်က ခင်ဗျားတို့ဟာ မဟုတ်လား။" မန်နေဂျာက အလွန်ပျော်ရွှင်သွားပါသည်။ တစ်ခါတည်း ဆိုင်နှစ်ဆိုင် ဝယ်ယူခဲ့သည့် လူထံမှ မျှော်လင့်ထားသည့် အတိုင်းပင်။ ဘောက်ဆူး ၁၀ ယွမ်တောင် ပေးသည်။ ဘောက်ဆူးကို ရပြီးနောက် သူပြန်ပြောလိုက်ပါသည်။

All Chapters