စီးပွားရေး လုပ်ရတာ မလွယ်ကူပါ
Vol. 33 Ch. 461
အခန်း(၄၆၁) - စီးပွားရေး လုပ်ရတာ မလွယ်ကူပါ
ဒီမြေးမလေး ကျိုးစန်းနီက မနှစ်က လက်ထပ်ပြီးသွားပြီဖြစ်ကြောင်း အဖေကျိုးနှင့် အမေကျိုးတို့သိကာ အကြီးဆုံးချွေးမကို ငွေတချို့ ပေးခိုင်းခဲ့ပါသည်။ ယောက်ျားဖြစ်သူက အနည်းငယ် အသက်ကြီးကာ ခြေထောက်မသန်သော်လည်း ကျိုးစန်းနီကို ချစ်မြတ်နိုးကြောင်း ကြားခဲ့ရပါသည်။
ထို့အပြင် ဒုတိယမိသားစုက တင်တောင်းသည့် ငွေကို လက်ခံပြီးသားဖြစ်သဖြင့် အဘိုးအဘွားများ ဖြစ်သည့် သူတို့က ကန့်ကွက်စရာ မရှိတော့ပါ။
သို့သော်လည်း ဒီမြေးသားမက် လီအိုက်ကော်ကိုတော့ သူတို့ မတွေ့ဖူးသေးပါ။
သူတို့မွေးရပ်မြေသို့ ပြန်ဖို့ အစီအစဥ် မရှိတော့ဘဲ သူ့ကို ဒီဘဝတွင် ဆုံနိုင်ချေလည်း မရှိနိုင်တော့ပါ။ မထင်မှတ်ထားစွာဖြင့် လင်မယားနှစ်ယောက်လုံး မြို့သို့ ရောက်ချလာပါသည်။
"အဘွား အရမ်းငယ်သွားတာပဲ။" ကျိုးစန်းနီက သူမ၏ အဘိုးအဘွားများကို မြင်ကာ အပျော်လွန်သွားပါသည်။ သို့သော်လည်း တချိန်တည်းမှာပင် သူမ မနေနိုင်ဘဲ ပြောလိုက်မိပါသည်။
ပြောရမည်ဆိုလျှင် ကောင်းမွန်သော နေထိုင်မှု ဘဝပုံစံနှင့် ချောမွေ့ပြီး သက်တောင့်သက်သာ ရှိသော ဘဝတို့ကြောင့် အဖေကျိုးနှင့် အမေကျိုးတို့ တကယ် ပိုမိုနုပျိုလာခဲ့ကြပါသည်။
သူတို့ မြို့တက်လာသောအခါ ဘာမှ စိတ်ပူစရာမလိုပါ။ သူတို့လုပ်စရာရှိတာဆိုလို့ ကလေးများကို စောင့်ကြည့်ပေးရင်း ပန်းခြံတွင် သွားအပန်းဖြေရုံသာရှိပါသည်။ အခုတလော အမေကျိုးက ပန်းခြံက အဘွားအို တချို့ထံမှ ထိုက်ချီကို သင်ယူနေသည်။ မနက်တိုင်း သူမ ပန်းခြံသွားပြီး မြေးတွေကို အဖေကျိုးလက်ထဲ အပ်ထားခဲ့ပါသည်။
လူတိုင်းက ဒီလိုပဲဖြစ်သည်။ ကောင်းကောင်းစား ကောင်းကောင်းအိပ်ပါက နုပျိုလာပါလိမ့်မည်။
အထူးသဖြင့် လွန်ခဲ့သည့် ခြောက်လအတွင်း ဆေးစစ်ချက်တစ်ခုသာ စစ်ခဲ့သည်။ ရုပ်ပိုင်းဆိုင်ရာ ဆေးစစ်ချက်အဖြေများက အလွန် ကျန်းမာသည်ဟု ပြသနေပါသည်။
ထို့အပြင် မြို့တော်၏ ပတ်ဝန်းကျင်အခြေအနေက လူတိုင်းကို ပျိုးထောင်ပေးသည်။ အဖေကျိုးကော အမေကျိုးကော အသားများ ပိုဖြူလာကြသည်။ မြို့တော်သို့ ရောက်လာတာနှင့် အသက်အရွယ် ကြီးရင့်လာရုံတင်မကဘဲ ပို၍ပင် ငယ်ရွယ်လာသည့်ပုံပင်။
အဖေကျိုးက ဘာမှမပြောသော်လည်း သူ့မျက်နှာက ကျေနပ်နေသည့် အရိပ်အယောင်ပြပါသည်။
အမေကျိုးက ရယ်မောလိုက်သည်။ "ဒီကောင်မလေးကတော့ ဘယ်တုန်းက စကားပြောကောင်းလာတာလဲ။ ဘာကို ငယ်ရမှာတုန်း။ ငါ ဒီအသက် ဒီအရွယ်တောင် ရောက်နေပြီလေ။"
"အဘိုးနဲ့အဘွား အစ်မအာ့နီနဲ့ တတိယယောက်ဖတို့ကို အပ်ခဲ့မယ်နော်။ ကျွန်တော် ပြန်ပြီး သွားကူလိုက်ဦးမယ်။" ဟု ကျိုးကွေ့လိုင်က ပြောလိုက်သည်။
အမေကျိုးက ပြန်ပြော၏။ "လောင်စန်း နေဦး။ ကြက်ဥနည်းနည်း ယူသွားဦး။” သူမ အိတ်တစ်လုံး ယူလိုက်ပြီး ကြက်ဥများ ထည့်ပေးလိုက်သည်။ ကြက်ဥများ အိတ်တစ်ဝက်ပြည့်သွား၏။
ကျိုးကွေ့လိုင်ကလည်း အားမနာဘဲ ပြန်ယူလာခဲ့သည်။
အမေကျိုးက မြေးမနှင့် မြေးသားမက်တို့ကို အိမ်ထဲသို့ ခေါ်ကာ ပြောလိုက်သည်။ "ဒီကို ဘာကိစ္စနဲ့ လာကြတာလဲ။"
"အဘွား စန်းနီနဲ့ ကျွန်တော်တို့ မြို့တော်မှာ နေဖို့လာခဲ့ကြတာပါ။" ဟု လီအိုက်ကော်က ပြောလိုက်သည်။
အမေကျိုးက အံ့အားသင့်စွာဖြင့် ပြန်ပြောလိုက်၏။ "အလည်လာတာ မဟုတ်ဘူးလား။ ဒီမှာနေတာက ကိစ္စမရှိပါဘူး။ ပြဿနာက အခြေချနိုင်ဖို့ပဲ။"
"စတုတ္ထဦးလေးနဲ့ ဒေါ်လေးတို့က လီကျားရွာကို လာပြီး ကျွန်တော်တို့ကို လာရှာတာလေ။ အချိန်ကျရင် နောက်ထပ်ဆိုင်တစ်ဆိုင်ဖွင့်မယ်လို့ ပြောတယ်။ အဲ့ကျရင် လူလိုမှာမို့လို့ စန်းနီနဲ့ ကျွန်တော်တို့ကို ခေါ်လာခဲ့ကြတာပါ။" ဟု လီအိုက်ကော်က ရှင်းပြလိုက်သည်။
"နင့်စတုတ္ထဦးလေးနဲ့ ဒေါ်လေးတို့က ဆိုင်ဖွင့်ဦးမယ် ဟုတ်လား။" အမေကျိုး ထိတ်လန့်သွား၏။
"အင်း" ကျိုးစန်းနီ ခေါင်းငြိမ့်ပြလိုက်သည်။ "စစ်နီလည်း ပါတယ်။"
"စစ်နီလည်း ပါတယ်ဟုတ်လား။" အမေကျိုး ပို၍ပင် အံ့အားသင့်သွားပါသည်။
"နင်တို့ ဘယ်နှယောက်တောင် လိုက်ခဲ့ကြတာတုန်း။ လျို့နီလည်း ပါလာတယ်လို့တော့ မပြောနဲ့နော်။" ဟု အဖေကျိုးက ပြောလိုက်သည်။
"လျို့နီ မပါ ပါဘူး။ သမီးတို့ လင်မယားနဲ့ စစ်နီပါပဲ။" ဟု ကျိုးစန်းနီက ပြန်ပြောလိုက်သည်။
ထိုအခါ အမေကျိုးက ခေါင်းငြိမ့်ကာ ပြောလိုက်သည်။ "နင်တို့သုံးယောက်ဆို အဆင်ပြေပါပြီ။ ဒါပေမယ့် အဘွားပြောထားရဦးမယ်။ နင့်စတုတ္ထဦးလေးနဲ့ ဒေါ်လေးတို့ရဲ့ စီးပွားရေး ဆောင်ပုဒ်က စည်းလုံးခြင်းက ချမ်းသာကြွယ်ဝစေတာတဲ့။ လျို့နီရဲ့ စိတ်ဓာတ်မျိုး မမွေးကြနဲ့နော်။ နားလည်လား။"
ဒီနှစ်နွေရာသီထဲ အများကြီး ဖြစ်ပျက်ခဲ့ပါသည်။ ကျိုးရှောင်မိန်နှင့် စုတာ့လင်းတို့၏ ဘန်းမုန့်ဆိုင်က ရောင်းအား အလွန်ကောင်းသည်။ ထို့ကြောင့် လုပ်ငန်းနှစ်ခုထပ်ရောက်လာကြသည်။
ကျိုးရှောင်မိန်နှင့် စုတာ့လင်းတို့၏ ဘန်းမုန့်ဆိုင် အပါအဝင် ဘန်းမုန့်ဆိုင် သုံးဆိုင်ရှိပါသည်။ သို့သော်လည်း ကျိုးရှောင်မိန်နှင့် စုတာ့လင်းတို့၏ ဖက်ထုပ်ဆိုင်များက စျေးဝယ်သူ ဖောက်သည် အမှန်ဆုံးဖြစ်သည်။
အစကတော့ အားလုံးအဆင်ပြေသည်။ သို့သော် လွန်ခဲ့သည့် တစ်လလောက်က ဘန်းမုန့်ဆိုင်တစ်ဆိုင်တွင် စျေးဝယ်သူ တစ်ဦးနှင့် ပြဿနာတက်ခဲ့သည်။
ထိုဆိုင်က စျေးဝယ်သူက ကျောထောက် နောက်ခံကောင်းကောင်းရှိ၏။
အကြောင်းအရင်းမှာ ထိုလူက ဘန်းမုန့် အများကြီး ဝယ်ခဲ့၏။ ထို့နောက် ဘန်းမုန့်ဆိုင်က ဘန်းမုန့်ထဲတွင် ပိုးဟပ်တစ်ကောင်တွေ့သဖြင့် ရွံရှာသွားသည်။
အမှန်ပင်။ ထိုလူက တံခါးလာခေါက်ပြီး အလျော်လာတောင်းသည်။ ဒီတိုင်း လွှတ်ပေးလိုက်လို့ ရပါ့မလား။
သို့သော်လည်း ဘန်းမုန့်ဆိုင်က ထိုအမည်းစက်ကို တာဝန်ယူဖို့ ငြင်းဆန်ခဲ့၏။ ထိုလူက ယုတ်မာပြီး ခြိမ်းခြောက်ချင်သည်ဟု ဆိုသည်။ ပြဿနာ အကြီးအကျယ်တက်ပြီးသွားသောအခါ ဘန်းမုန့်ဆိုင် ဖျက်ချခံလိုက်ရသည်။
ကျိုးရှောင်မိန်က ထိုအကြောင်း အမေကျိုးကို ပြောပြသောအခါ သူမ လန့်သွားရသည်။
သူမ ယောက်ျား တာ့လင်းက စတုတ္ထအစ်ကို၏ နမူနာများကို နားထောင်ခဲ့သည်မှာ အလွန် ကံကောင်းသည်ဟု ကျိုးရှောင်မိန် ခံစားခဲ့ရပါသည်။ ဘယ်အရာဖြစ်ဖြစ် သန့်ရှင်းပြီး စနစ်တကျရှိရမည်။ သဘောထားကလည်း ကောင်းမွန်ရမည်။ ဘန်းမုန့်များစွာ ဝယ်ပါက ဘန်းမုန့်တစ်လုံး လက်ဆောင်ပင် ထည့်ပေးတတ်သေးသည်။ အမြတ် များများစားစား မရသော်လည်း လူထုဆက်ဆံရေးနှင့် နာမည်တော့ ရလိုက်ပါသည်။
ဟိုဘန်းမုန့်ဆိုင်ကတော့ အနည်းငယ် မောက်မာသည်။ ဒီလိုကိစ္စမျိုးနှင့် ပတ်သတ်လာလျှင် ကြီးသည့်အမှုကို ငယ်အောင် လုပ်ရသည်။ အခုတော့ ဘယ်လိုဖြစ်သွားပြီလဲ။ ဆိုင်ပင် ဖျက်ချခံလိုက်ရပါသည်။
စတုတ္ထချွေးမက ရှုရှန့်ချမ်းနှင့် ကျိုးလျို့နီတို့ကို မြို့တော်သို့ လာခွင့်မပေးသည့် အချိန်အား အမေကျိုး ပြန်သတိရသွားသည်။
သူတို့က ဘာအကူအညီမှ မဖြစ်ရုံသာမကဘဲ သူတို့ရောက်လာပြီး ဘာပြဿနာမှ မရှာရင်ပင် တော်လှပါပြီ။ သူတို့နှစ်ယောက်က စကားနားထောင်ပြီး အလုပ်လုပ်တတ်သည့် လူမျိုးမဟုတ်ပါ။
ထို့ကြောင့် အမေကျိုးက ကျိုးစန်းနီကို သတိပေးလိုက်၏။
ငြိမ်းချမ်းမှုကြောင့် ငွေဝင်သည်ဟု လီအိုက်ကော်ကိုလည်း ပြောရသည်။ လာနေခြင်းက ပြဿနာမဟုတ်သော်လည်း ပြဿနာတော့ မရှာပါနှင့်။
"အဘွား သမီးတို့ သိပါတယ်။" ဟု ကျိုးစန်းနီက ပြောလိုက်သည်။
လီအိုက်ကော်လည်း ခေါင်းငြိမ့်လိုက်သည်။ "အဘွား စိတ်မပူပါနဲ့။ ကျွန်တော်တို့ စတုတ္ထဦးလေးနဲ့ ဒေါ်လေးတို့ကို ဆိုင်ကူကြည့်ပေးပါ့မယ်။"
အမေကျိုးကဘာမှမပြောတော့ပေ။
"ချင်းပိုင်တို့ဘက်မှာ နေဖို့နေရာမရှိဘူး။ အဲ့တာကြောင့် စစ်နီနဲ့ အာ့နီတို့က ဖက်ထုပ်ဆိုင်မှာ နေကြတယ်။ မင်းတို့နှစ်ယောက် ဒီမှာလာနေတာ ပိုကောင်းမယ်။" ဟု အဖေကျိုးက အကြောင်းအရာကို ပြောင်းလဲကာ ပြောလိုက်သည်။
သူတို့အခန်းကို လိုက်ပြလိုက်သည်။ အရင်က ရှုရှန့်မိန် လာအိပ်သော နေရာဖြစ်သည်။ ဧည့်သည်အခန်းတစ်ခန်းဖြစ်ပြီး ကျယ်ဝန်းပါသည်။
စုချန်းနှင့် တခြားသူများက လောလောဆယ် ထိုအခန်းထဲတွင် အိပ်နေကြသည်။ ကျိုးရှောင်မိန်တို့ လင်မယားနှစ်ယောက် ဒီရောက်လာကတည်းက သူတို့အတွက် ယာယီ ပေးထားခြင်းဖြစ်၏။ ကလေးများ သူတို့မိဘအခန်းထဲက ကြမ်းပြင်ပေါ်တွင် အိပ်ခြင်းက ပြဿနာမရှိပါ။ အမြဲတမ်းလည်း မဟုတ်ပေ။
"အဘွား ဒီတီဗီနဲ့ ပန်ကာတွေက ပိုက်ဆံ တော်တော် ကုန်မှာပဲနော်။" ဟု ကျိုးစန်းနီက မေးလိုက်သည်။
"အပြင်မှာ အဝတ်လျှော်စက်တစ်ခုလည်း ရှိတယ်။ နင့်စတုတ္ထဦးလေးနဲ့ ဒေါ်လေးတို့ ဝယ်ပေးထားတာလေ။" ဟု အမေကျိုးက ပြုံးကာ ပြောလိုက်ပါသည်။
ကျိုးစန်းနီ သက်ပြင်းချလိုက်သည်။ သူမ အဘိုးအဘွားများ၏ ဘဝက ကောင်းမွန်လွန်းလှ၏။ ဒီလို အိမ်ထောင်ပရိဘောဂ ပစ္စည်းကြီးများတောင် ရှိနေသည်။
လီအိုက်ကော်လည်း ထိုနည်းတူစွာပဲ ထင်မိသည်။ သူတို့ရောက်လာပြီဆိုသောကြောင့် ကမ္ဘာသစ်တစ်ခုထဲ ဝင်ရောက်လာသလိုပင်။
"အခု မင်းတို့ရောက်လာပြီဆိုတော့ အလုပ်ကြိုးစားကြကွာ။ ချင်းပိုင်နဲ့ သူ့မိန်းမတို့က မင်းတို့ကို ပြစ်ပယ်ထားမယ့်လူမျိုးတွေ မဟုတ်ပါဘူး။" ဟု အဖေကျိုးက လီအိုက်ကော်ကို ပြောလိုက်ပါသည်။
"အဘိုး ကျွန်တော်သိပါတယ်။ စတုတ္ထဦးလေးနဲ့ ဒေါ်လေးတို့ရဲ့ စေတနာကြောင့်ပါ။ အဲ့တာကြောင့်လည်း ကျွန်တော်တို့ကို ဒီလို မြို့ကြီးပြကြီးဆီ ခေါ်လာခဲ့တာပေါ့။" ဟု လီအိုက်ကော်က ပြောလိုက်သည်။
ကျိုးချင်းပိုင်နှင့် လင်းချင်းဟယ်တို့က သူတို့၏ တူမ ကျိုးစန်းနီကို ဂရုစိုက်ပေးခြင်း ဖြစ်သည်။ သူကတော့ ကပ်ပါလာခြင်း ဖြစ်၏။ ဒါကိုသူလည်းသိသည်။ ကိစ္စမရှိပါ။ စန်းနီကို သူ့ဇနီးအဖြစ် လက်ထပ်ယူထားခဲ့သည်။ မဟုတ်ပါက ဒီမြို့ကြီးပြကြီးသို့ ရောက်လာစရာ အကြောင်းမရှိပါ။
ဒီတစ်ဘဝလုံး မြို့ကြီးပြကြီးသို့ မရောက်ဖူးတာမျိုး ဖြစ်သွားနိုင်ပါသည်။
"အငယ်ဆုံးဒေါ်လေး (ရှောင်မိန်)နဲ့ ဦးလေးတို့ ပြန်မလာကြသေးဘူးလား။" ဟု ကျိုးစန်းနီက မေးလိုက်ပါသည်။
"မလာကြသေးဘူး။ သိပ်မကြာခင် ရောက်လာကြတော့မှာပါ။" ဟု အမေကျိုးက ပြန်ဖြေလိုက်သည်။
အဖေကျိုးက ခရမ်းချဥ်သီးများ ရေသွားဆေးပြီး သူတို့ကိုအစာပြေစားထားဖို့ တစ်ယောက်တစ်လုံး အရင်ပေးလိုက်ပါသည်။
"ဘန်းမုန့်ဆိုင်လုပ်ငန်းကကော အဆင်ပြေရဲ့လား။" ကျိုးစန်းနီက ခရမ်းချဥ်သီးကို ယူလိုက်ပြီး ပြောလိုက်သည်။
"စီးပွားရေးလုပ်ရတာ မလွယ်ပါဘူးအေ။ နင်တို့မသိဘူး။ အရင်လက နင်တို့ဒေါ်လေး ဘန်းမုန့်ဆိုင်ဘေးက ဘန်းမုန့်ဆိုင်က တစ်ယောက်ယောက်နဲ့ ရန်ဖြစ်ပြီး ဆိုင်ပါ ပျက်သွားတာလေ။" ဟု အမေကျိုးက စိတ်မကောင်းစွာ ပြောလိုက်သည်။