← Chapters

စပ်တူလုပ်ငန်း

Vol. 9 Ch. 122

စပ်တူလုပ်ငန်း

Vol. 9 Ch. 122

အခန်း(၁၂၂) - စပ်တူလုပ်ငန်း

နေ့လည်ခင်းတွင် ယဲ့ရှောင်ချန်းက ထိုက်ဖျင်မြို့သို့ သွားကာ လွန်ခဲ့သောနှစ်ရက်အတွင်း စုဆောင်းထားသော အွန်လိုင်းဆိုင် အော်ဒါများကို ပို့ဆောင်ပေးခဲ့သည်။

နေ့စဥ်ရောင်းချမှုများကို ကန့်သတ်လိုက်သည့် အချိန်ကတည်းက သူ့အွန်လိုင်းဆိုင်မှာ ပိုပိုပြီး ရေပန်းစားလာသည်။

နေ့တိုင်း အော်ဒါများက ထိုးတက်နေ၏။

စျေးဝယ်သူများစွာက ယဲ့ရှောင်ချန်းကို မက်ဆေ့ချ်ပို့၍ ဒီထက်ပို၍ ဝယ်ချင်ကြောင်း ပြောထားခဲ့သည်။ သို့သော် ယဲ့ရှောင်ချန်းကတော့ ငြင်းဆန်ခဲ့ပါသည်။

အမှန်ပင်။ ထိုလူများ၏ စိတ်အခြေအနေကို စမ်းသပ်ဖို့အတွက် ယဲ့ရှောင်ချန်းက ကြိုတင်အော်ဒါတင်ခြင်း နည်းလမ်းကိုလည်း စမ်းသပ်ခဲ့သေးသည်။

တနည်းအားဖြင့် စျေးဝယ်သူများက အော်ဒါတင်နိုင်ပါသည်။

သို့သော် ယဲ့ရှောင်ချန်းက ပစ္စည်းများကို အစဥ်လိုက် ပို့ဆောင်ပေးမည်မဟုတ်ပါ။

ကိုယ့်အလှည့်ရောက်မှ ပစ္စည်းများကို ပို့ဆောင်ပေးပါမည်။

ထို့အပြင် ယဲ့ရှောင်ချန်းက ပို့ဆောင်မည့် အော်ဒါသက်တမ်းကိုလည်း ဖန်တီးခဲ့သည်။ သက်တမ်းက တစ်ပတ်ဖြစ်၏။ တစ်ပတ်အတွင်း ထိုစျေးဝယ်သူ၏ အလှည့် ရောက်မလာပါက ထိုစျေးဝယ်သူ၏ အော်ဒါက သက်တမ်းကုန်သွားမည်ဖြစ်ပြီး ပြန်လည်အော်ဒါတင်ရမည်ဖြစ်ပါသည်။

ဒီနည်းလမ်းကို စမ်းသပ်ကျင့်သုံးကြည့်သောအခါ ယဲ့ရှောင်ချန်း၏ အွန်လိုင်းဆိုင်မှာ ယခင်ကထက် ပြဿနာ ပိုနည်းလာပြီး အထွန့်တက်မှုများလည်း လျော့နည်းသွားသည်။ အနည်းဆုံး ထိုဆဲဆိုနေသည့် မက်ဆေ့ချ်များတော့ ပိုနည်းသွားပါသည်။

တကယ်တော့ ယဲ့ရှောင်ချန်းတွင် တခြား အစီအစဥ်များလည်း ရှိသေးသည်။

အွန်လိုင်းစျေးဆိုင်ရောင်းချမှုက သူ့အတွက် ယာယီသာဖြစ်၏။ စားသောက်ဆိုင်ကွင်းဆက်ကို တည်ထောင်ပြီးပါက အွန်လိုင်းပေါ်မှ ဆားရည်စိမ် ဟင်းသီးဟင်းရွက် ရောင်းချခြင်းကို သူရပ်တန့်ရလိမ့်မည်။

ဆားရည်စိမ် ဟင်းသီးဟင်းရွက်များကို စားသောက်ဆိုင်များတွင် အရင်ဆုံး တည်ခင်းပေးရမည်ဖြစ်၏။

နောက်တစ်နေ့မနက်။

ယဲ့ရှောင်ချန်း ကားဖြင့် ထိုက်ဖျင်မြို့သို့ လာခဲ့သည်။

"ညီလေးယဲ့ပါလား။ ဒါ ဘယ်သူ့ကားလဲလို့ စဥ်းစားနေတာ၊ မင်းဖြစ်နေတာကိုး။"

ယဲ့ရှောင်ချန်းက သူ့ကားကို ချင်းထျန် စူပါမားကတ် အပြင်ဘက်တွင် ပါကင်ထိုးလိုက်သည်။ သိပ်မကြာလိုက်ပေ။ လျို့ဖူရှန်းက စူပါမားကတ်ထဲမှ ထွက်လာ၏။

ယဲ့ရှောင်ချန်း မောင်းလာသော ကားကြောင့် သူအံ့အားသင့်သွားသည်။

ကားမော်ဒယ်များအကြောင်း သူ နည်းနည်းသိထားပြီး Porsche Cayenne ကားက အနည်းဆုံး ယွမ်နှစ်သန်းလောက်ရှိမှန်း သူသိပါသည်။

သူ့တွင် ယွမ်သန်းပေါင်း ဆယ်ချီရှိသော်လည်း ကားတစ်စီးအတွက် ယွမ် ၃ သန်းလောက် သုံးဖို့ တွန့်တိုနေပါသေးသည်။

သူ့စိတ်ထဲတွင် အံ့သြသွားမိသည်။ ယဲ့ရှောင်ချန်းက အရင်လို မဟုတ်တော့ပါ။ လွန်ခဲ့သော လအနည်းငယ်က သူ့စိုက်ပျိုးရေးခြံထွက် ပစ္စည်းများ ရောင်းချဖို့ အခက်အခဲရှိနေသည့် အချိန်ကို ပြန်တွေးမိသည်။ အခုတော့ ယန်မြို့တော်၏ နာမည်ကျော်တစ်ယောက်ပင် ဖြစ်လာခဲ့လေပြီ။

သူ့စိုက်ပျိုးရေးခြံကိုတောင် စီရင်စုနယ်အဆင့်၊ အဆင့်မြင့် စိုက်ပျိုးရေးခြံအဖြစ် သတ်မှတ်လိုက်ကြသည်။

ဤဆုတံဆိပ်က အလွန်ကို တန်ဖိုးကြီးမားလှပါသည်။

ယဲ့ရှောင်ချန်း၏ ဟင်းသီးဟင်းရွက်များကို သူ ဆက်လက်ပြီး မတင်ခဲ့ရကောင်းလားဟု နောင်တပင်ရမိပါသည်။

ယဲ့ရှောင်ချန်း၏ ဟင်းသီးဟင်းရွက်များ ပို့ဆောင်မှုကို ရပ်နားလိုက်ပြီး သူ့စူပါမားကတ်တွင် သာမန်ဟင်းသီးဟင်းရွက်များနှင့် ပြောင်းလဲလိုက်ကတည်းက သူ့စူပါမားကတ်၏ ရောင်းအားမှာ အနည်းငယ် နည်းပါးလာပါသည်။

အဓိကအကြောင်းအရင်းကတော့ စျေးဝယ်သူများက ဟင်းသီးဟင်းရွက်များမှာ အရင်ကလောက် အရသာမရှိတော့မှန်း သိနေကြသောကြောင့်ဖြစ်ပါသည်။ နောက်ပိုင်း စျေးဝယ်သူများက ထိုဟင်းသီးဟင်းရွက်များအကြောင်း မေးတတ်သည်။

ကံကောင်းစွာဖြင့် သူက ယဲ့ရှောင်ချန်းကို ယခင်တုန်းက ကူညီခဲ့ဖူးပြီး စေတနာထားခဲ့ဖူးသည်။ မဟုတ်ပါက သူနှင့်အတူတူ လုပ်ငန်း ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အရေး ရှိလာမည်မဟုတ်ပါ။

လျို့ဖူရှန်းက ပြန်တွေးကြည့်လိုက်မိသည်။ တိုက်တိုက်ဆိုင်ဆိုင် ဆုံးဖြတ်ချက်တစ်ခု၏ သက်ရောက်မှုက ကြီးမားလွန်းပါသည်။

"ဟားဟား ဒီကားက ခင်ဗျားရဲ့ အဆင့်အတန်းနဲ့ ယှဥ်လို့မရပါဘူးဗျာ။"

ယဲ့ရှောင်ချန်းက ပြုံးလိုက်သည်။

"ညီလေးယဲ့ လာနောက်နေတာလား။ မင်းရဲ့အစွမ်းအစက ငါ့ထက်အများကြီးသာပါတယ်။"

လျို့ဖူရှန်းက ပြုံးကာ ပြောလိုက်သည်။

ဟင်းသီးဟင်းရွက် ကွင်းဆက်ကို ဖွင့်လှစ်လိုက်ပြီး နာမည်ကြီးလာပါက ထိုအချိန်တွင် ရှယ်ယာအများဆုံး ရှိသည့် ယဲ့ရှောင်ချန်းက ကြွယ်ဝမှု အရင်းအမြစ် အကြီးကြီး ရလာမည်ဖြစ်ပါသည်။

ထို့အပြင် ယဲ့ရှောင်ချန်းတွင် အခြား ငွေဝင်ပေါက် မရှိဘူးဟု သူ မယုံကြည်ပါ။

ဒီကားကိုပဲ ဥပမာ ယူကြည့်ပါ။ သန်းချီပေးရသည့် ကားဖြစ်သည်။

ယဲ့ရှောင်ချန်းက ဒီလိုကားကောင်းကြီးကို ရဖို့ ဘယ်လောက်ကြာခဲ့သလဲ။ လေထဲက ပေါ်လာသည့် ပိုက်ဆံကြောင့်ဟုတော့ ပြောလို့မရပေ။

စကားအနည်းငယ် ပြောပြီးနောက်တွင် လျို့ဖူရှန်းက သူ့Audiကားကြီးထဲသို့ ဝင်လိုက်၏။

ကားက အတော်လေး အဆင့်မြင့်သော်လည်း ယဲ့ရှောင်ချန်း၏ Porsche Cayenne နှင့်ယှဥ်လျှင် အနည်းငယ် နုံချာနေပါသည်။။

ဒီတစ်ခေါက် တွေ့ဆုံပွဲက လင်မိသားစုကိုယ်ပိုင်မီးဖိုချောင်တွင် ဖြစ်သည်။ လွန်ခဲ့သော ရက်အနည်းငယ်က ဆရာကြီးလင်မှာ လင်မိသားစုကိုယ်ပိုင်မီးဖိုချောင်ကို ပိတ်ခဲ့ပါသည်။

သူတို့က သက်သက်လွတ် စားသောက်ဆိုင် ကွင်းဆက်တစ်ခု တည်ထောင်တော့မည် ဖြစ်သဖြင့် လင်မိသားစုကိုယ်ပိုင်မီးဖိုချောင်ကို မဖွင့်နိုင်တော့ပေ။

ညစာပါတီ၏ အခြေအနေက အရင်တစ်ခေါက်ကနှင့် အလွန်ခြားနားနေပါသည်။

လီကျန့်ရမ်နှင့် အခြားသူများ၏ ယဲ့ရှောင်ချန်းကို ဆက်ဆံသည့် ပုံစံက အတော်ပြောင်းလဲသွားသည်။ သူ့ကို မြှောက်ပင့်နေခြင်းကိုပင် အနည်းငယ် ခံစားရနိုင်သည်။

ယဲ့ရှောင်ချန်း စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။ ဒီဂုဏ်နှင့်နာမည်ဆိုသည့် အရာများက တကယ်ကောင်းမွန်သည့်အရာများပင်။ ဒါကြောင့်လည်း အားလုံးက လိုချင်ကြတာကိုး။

ဆွေးနွေးမှုများကတော့ အလွန်ရိုးရှင်းပါသည်။

ယဲ့ရှောင်ချန်းက ကုမ္ပဏီရှယ်ယာ ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်သည်။

အပိုဝင်ငွေများရှိလျှင်တောင် ယဲ့ရှောင်ချန်း၏ ရှယ်ယာက ရောစပ်သွားမည် မဟုတ်ဘဲ သူ့ရဲ့ အကြွင်းမဲ့ အာဏာမှာ အာမခံရှိနေပါသည်။

အခြားသူများ၏ ရှယ်ယာ ခွဲဝေမှုများကတော့ သူတို့ကိုယ်တိုင် ဆုံးဖြတ်ရမည်။

စုစုပါင်း ရင်းနှီးမြှုပ်နှံငွေက သန်း ၃၀ ဖြစ်သည်။

ပထမဆုံး ကျင်းကောင်တီတွင် ရှေ့ပြေးအဖြစ် စားသောက်ဆိုင်တစ်ဆိုင် ဖွင့်လှစ်လိုက်မည်ဖြစ်သည်။ ထို့နောက် နာမည်ရလာသည်အထိ စောင့်ပြီး အခြားနေရာများတွင် ဆိုင်ခွဲများ ဆက်ဖွင့်မည်ဖြစ်ပါသည်။

ရင်းနှီးမြှုပ်နှံငွေက မနည်းသဖြင့် စီမံခန့်ခွဲမှုအတွက် အဆင်ပြေသည့် စားသောက်ဆိုင်မဖွင့်ခင် အစားအသောက်ကုမ္ပဏီတစ်ခုအဖြစ် စာရင်းသွင်း မှတ်ပုံတင်ရန် လိုအပ်ပါသည်။

ထို့အပြင် စားသောက်ဆိုင်’ တည်နေရာ၊ ဆိုင်အပြင်အဆင်နှင့် ဝန်ထမ်းခေါ်ယူခြင်း စသည်တို့လည်း ရှိပါသေးသည်။

ထိုကိစ္စများကို လီကျန့်ရမ်နှင့် အခြားသူများက ဆောင်ရွက်ပါလိမ့်မည်။ ယဲ့ရှောင်ချန်းက ဘာမှလုပ်ဖို့ မလိုအပ်ပါ။

ထိုနေ့တစ်နေ့တည်းမှာပင် သူတို့သည် ရှေ့နေ၏ အကူအညီဖြင့် မိတ်ဖက်သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ကြသည်။

မိတ်ဖက်သဘောတူစာချုပ်မှာ အလွန်အသေးစိတ်ကျသည်။ နှစ်ဖက်စလုံး၏ ရပိုင်ခွင့်နှင့် တာဝန်များကို ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။ အစုရှယ်ယာဝင်မှု၊ နှုတ်ထွက်မှု၊ အကျိုးအမြတ်နှင့် ဆုံးရှုံးမှုအားလုံးတို့ကိုလည်း သဘောတူစာချုပ်ထဲတွင် ရှင်းလင်းစွာ ဖော်ပြထားသည်။

မှတ်ပုံတင်ထားသော ကုမ္ပဏီသည် ကန့်သတ်တာဝန်ယူရှိသော ကုမ္ပဏီဖြစ်သောကြောင့် ကုမ္ပဏီ၏ အသင်းအဖွဲ့ဆိုင်ရာ ပုဒ်မများကိုလည်း စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေး ဗျူရိုသို့ တင်ပြရမည်ဖြစ်သည်။ ၎င်းသည် အစုရှယ်ယာရှင်များ၊ ကုမ္ပဏီနှင့် တရားဝင်ကိုယ်စားလှယ်တို့အပေါ် စည်းနှောင်ထားပါသည်။

အားလုံး လက်မှတ် ရေးထိုးပြီးတဲ့နောက်မှာတော့ မိတ်ဖက် သဘောတူစာချုပ်သည် တရားဝင် အသက်ဝင်လာခဲ့ပါသည်။

ဒီနေ့က လပြည့်နေ့ဖြစ်၏။

မနက်ဖြန် သြဂုတ်လ ၁၅ ရက်နေ့၊ ဆောင်းလယ် ပွဲတော်ဖြစ်သည်။

ယဲ့ရှောင်ချန်းက အင်မော်တယ်မြေတွင် အလုပ်ရှုပ်နေဆဲဖြစ်သည်။

လုပ်ငန်းသဘောတူစာချုပ် ချုပ်ဆိုပြီးသွားပြီဖြစ်သဖြင့် ယဲ့ရှောင်ချန်းက သူ့အားအင် အများစုကို စိုက်ပျိုးရေးခြံတွင်သာ ကုန်ဆုံးစေသည်။

အင်မော်တယ် ပျားအုံထဲက ဝတ်မှုန်ကူး ပျား ပိုးတုံးလုံးကတော့ ဘာမှလှုပ်ရှားမှုမရှိပါ။ ဘယ်အချိန်မှ အခွံခွဲထွက်ကာ ပျားအဖြစ် ထွက်လာမည်ကိုလည်း မသိသေးပါ။

အဝါရောင် အင်မော်တယ် ပဲပင် ၁၂ ပင်မှ ပဲတောင့်များကလည်း မအက်ကွဲသေးပါ။ ယဲ့ရှောင်ချန်းလည်း ဘာမှမတတ်နိုင်ပေ။

ဆန့်ကျင်ဘက်အနေဖြင့် မကြာသေးခင်က စိုက်ပျိုးထားသော အင်မော်တယ် အပင်များကတော့ ကောင်းမွန်စွာ ဖွံ့ဖြိုးနေကြပါသည်။

နှေးကွေးစွာ ဖွံ့ဖြိုးနေသည့် အပင်ဆိုလို့ ဖူဆန်သစ်ပင်နှင့် အင်မော်တယ် လေမြက်ပင်များသာ ရှိသည်။

အရွယ်ရောက်ပြီးသား အင်မော်တယ် လေမြက်ပင်က အနည်းဆုံး တစ်ပေလောက်ရှိပြီး ထိုအခါမှ လိုက်ကာနှင့် ဆင်တူသော သစ်ရွက်ပေါက်လာမည်ဖြစ်သည်။

ထူးဆန်းayသည်။

လက်ရှိ ဖွံ့ဖြိုးနှုန်းနှင့်သာဆို တစ်ပေလောက် ရှည်ဖို့ ဘယ်လောက်အထိ စောင့်ရဦးမည်နည်း။

ယဲ့ရှောင်ချန်းသည် ရေဂုဏ်သတ္တိ အင်မော်တယ် မြေသြဇာများကို ဝယ်သင့်မဝယ်သင့် စဥ်းစားကြည့်လိုက်သည်။

အင်မော်တယ် မြေသြဇာများက စျေးကြီးလွန်း၍ ခက်နေသည်။ ဒီအင်မော်တယ် လေမြက်ပင် တစ်ပင်အတွက်  အင်မော်တယ် မြေသြဇာက အင်မော်တယ် ယွမ် ၁၀၀ လောက် ကုန်ကျပေမည်။ လုံးဝ မတန်ပါဘူး။

ဒီအင်မော်တယ် လေမြက်ပင်က ဝမ်ရှင်းယီ၏ နားကို ကုသပေးနိုင်သည့် မျှော်လင့်ချက်ဖြစ်ကြောင်း ပြန်စဥ်းစားကြည့်ပြီးမှသာ ယဲ့‌ရှောင်ချန်းသည် အံကြိတ်ပြီး တစ်ထုပ်လောက် စမ်းသုံးချင်မိသွား၏။

ဂျွတ်....

ရုတ်တရက် ယဲ့ရှောင်ချန်းသည် အသံတစ်ခုကို ကြားလိုက်ရသည်။

ထို့နောက် အချက်ပြသံလို တဂျွတ်ဂျွတ်မြည်သံများ ဆက်တိုက် ပေါ်လာခဲ့သည်။

ယဲ့ရှောင်ချန်းသည် တစ်ခုခုကို မှန်းဆမိသွားပုံရပြီး ရုတ်တရက် အင်မော်တယ် ပဲပင် ၁၂ ပင်ထံသို့ လျှောက်သွားခဲ့သည်။

"ဘုရားသခင် နောက်ဆုံးတော့ ပဲ‌တောင့်တွေ ကွဲကြပြီပေါ့လေ။"

ယဲ့ရှောင်ချန်းတစ်ယောက် စိတ်ခံစားချက်များ ပြည့်ဝနေပါသည်။

သူသည် မျိုးစေ့အားလုံးကို တစ်ချိန်တည်း စိုက်ပျိုးခဲ့သော်လည်း ဒီအင်မော်တယ် ပဲပင် ၁၂ ပင်က အရင် ၁၄ ပင်ထက် တစ်ပတ် ပိုကြာမြင့်သည်။

သို့သော်လည်း နောက်ဆုံးတော့ အရွယ်ရောက်လာကြပြီဖြစ်သည်။

ပဲတောင့်တစ်တောင့်ကို ယူလိုက်ပြီး ပဲစေ့များကို ထုတ်ယူဖို့ ယခင်နည်းလမ်းကိုပဲ အသုံးပြုလိုက်သည်။

ထိုအင်မော်တယ် ပဲစေ့များ၏ ပုံစံနှင့် အရွယ်အစားက ယခင် ပဲစေ့များနှင့် နှိုင်းယှဥ်၍ မရနိုင်ပေ။ ဒီပဲစေ့များက အာဟာရ ချို့တဲ့နေသလိုပင်။

ယဲ့ရှောင်ချန်းသည် ပဲစေ့တစ်စေ့ကို လှီးကြည့်လိုက်၏။ ကွင်းနှစ်ခုသာ ရှိသည်။

ယဲ့ရှောင်ချန်းသည် မတတ်နိုင်ဘဲ ခေါင်းခါလိုက်မိသည်။

ပဲစေ့ အနည်းငယ်ကို သိမ်းထားပြီး ထပ်မစိုက်တော့ပါ။ တတိယမျိုးဆက် ပဲစေ့များက သေချာပေါက် ပိုဆိုးမည်ဖြစ်ပြီး စိုက်ပျိုးဖို့လည်း အဓိပ္ပာယ် မရှိပေ။

မကြာမီ အင်မော်တယ် ပဲစေ့များကို စတိုးဆိုင်တွင် တင်ကာ ရောင်းချဖို့ လုပ်လိုက်သည်။

ပဲစေ့ စုစုပေါင်း ၁၇၄၈ စေ့ရှိ၏။

အရင်တစ်ခေါက် ပဲစေ့ သုံးထောင်ကျော် ထွက်ရှိသော ပဲပင် ၁၄ ပင်ထက်စာလျှင် အထွက်နှုန်းက အများကြီး ပိုဆိုးပါသည်။

မကြာမီ တန်ဖိုးဖြတ်ခြင်း ပြီးဆုံးသွား၏။

ယဲ့ရှောင်ချန်းသည် တန်ဖိုးဖြတ်စာရင်းကို ဖွင့်လိုက်သောအခါ သူ ထိတ်လန့်သွားရသည်။

"ဘုရားရေ ဘယ်လိုဖြစ်တာလဲ။"

ယဲ့ရှောင်ချန်းသည် မျက်လုံးများ ပြူးကျယ်သွားပြီး ပီတိဖြစ်သော အရိပ်အယောင်များ ပေါ်လာတော့သည်။

All Chapters