← Chapters

လက်ပတ်ကြိုးများ

Vol. 9 Ch. 125

လက်ပတ်ကြိုးများ

Vol. 9 Ch. 125

အခန်း(၁၂၅) - လက်ပတ်ကြိုးများ

ဆယ်နာရီထိုးပြီ။ ယဲ့ရှောင်ချန်းသည် ကားဖြင့် ဝမ်ရွှေရှန့်၏ ဗီလာသို့ ရောက်ရှိလာ၏။

ယနေ့ ဝမ်ရွှေရှန့်၏ မိသားစုဝင်များစွာနှင့် ဝမ်မိသားစု၏ အနီးစပ်ဆုံးဆွေမျိုးသားချင်းများ ဗီလာတွင် ရောက်ရှိနေကြသည်။

"ယဲ့ရှောင်ချန်း ရောက်လာပြီလား။"

ဝမ်ယွမ်တုန်းက ထွက်လာပြီး ဦးဆောင်ကာ ယဲ့ရှောင်ချန်းကို နှုတ်ပင်ဆက်လိုက်ပါသေးသည်။

သူက ယဲ့ရှောင်ချန်း၏ ကားကို ကြည့်လိုက်ပြီး အနည်းငယ် မနာလိုဖြစ်သွားသလို ခံစားလိုက်ရ၏။ ယဲ့ရှောင်ချန်း၏ ကားက Porsche Cayenne 2015 turboS မော်ဒယ်ဖြစ်ပြီး ယွမ် ၃ သန်းကျော်တန်သည်။

သူ့တွင်လည်း Porsche တစ်စီးရှိပါ၏။ သို့သော်လည်း ယွမ် တစ်သန်းသာ တန်ပါသည်။

"ဒီနေ့ လူတွေ တော်တော်များတယ်နော်။"

ယဲ့ရှောင်ချန်းက ဝမ်ယွမ်တုန်းနောက် လိုက်လာပြီး ဗီလာထဲ ဝင်လာခဲ့သည်။'

"ရှောင်ချန်း ဒီမှာ လာထိုင်ပါဦး။ ဒီက လူတွေနဲ့ မိတ်ဆက်ပေးမယ်။"

ဧည့်ခန်းထဲတွင် ထိုင်နေပြီး လူတချို့နှင့်စကား ပြောနေသော ဝမ်ရွှေရှန့်က ယဲ့ရှောင်ချန်း ဝင်လာသည်ကို မြင်သောအခါ ချက်ချင်း မတ်တပ် ထရပ်လိုက်ပြီး ပြောလိုက်၏။

အခြားသူများလည်း မတ်တပ်ရပ်လိုက်ကြသည်။ အားလုံးက ယဲ့ရှောင်ချန်းကို အံ့အားသင့်စွာဖြင့် ကြည့်နေကြပါသည်။

ယဲ့ရှောင်ချန်းက တစ်ယောက်ချင်းစီ လိုက်နှုတ်ဆက်ခဲ့သည်။

ထိုလူများက ယဲ့ရှောင်ချန်းမှာ ပညာရှင်အသင်း တကူးတကသွားရောက် လည်ပတ်ခဲ့သောသူဖြစ်မှန်း သိနေကြပါသည်။

အလွန်ရေပန်းစားနေသော လူငယ်တစ်ယောက်ကို ဆုံလိုက်ရသဖြင့် အားလုံး အံ့အားသင့်သွားခြင်း ဖြစ်ပါသည်။

ခုတလော ယဲ့ရှောင်ချန်းအကြောင်း ကောလဟာလများက မဆုံးနိုင်အောင် ရှိလှ၏။

အခု သူ့ကို တွေ့လိုက်ရသဖြင့် ပို၍ပင် သိချင်စိတ်များသွားကြသည်။

သူ့ကို ဝမ်ရွှေရှန့်သာ မိတ်ဆက်မပေးဘူးဆိုလျှင် သူတို့က သူ့ကို ယဲ့ရှောင်ချန်းမှန်း သိကြမည်မဟုတ်ပေ။ ယဲ့ရှောင်ချန်းက သာမန်လူတစ်ယောက်နှင့် အလွန်တူပြီး အလွန်လည်း ငယ်ရွယ်နေသောကြောင့်ဖြစ်သည်။

ရုတ်တရက် သူတို့က ဝမ်ရှင်းယီမှာ ကောင်လေးတစ်ယောက်ရှိနေပြီဟူသော မိသားစုအတွင်း ပျံ့နှံ့နေခဲ့သည့် သတင်းကို သတိရသွားကြသည်။

အဲ့တာ ယဲ့ရှောင်ချန်းများလား။

အားလုံးက ဉာဏ်ကောင်းလွန်းသောသူများဖြစ်ကြသည်။ ဆောင်းလယ်ပွဲတော်တွင် ဝမ်ရွှေရှန့်က ဘာကြောင့် ယဲ့ရှောင်ချန်းကို ဖိတ်ခဲ့မှန်း နားလည်သွားကြပါသည်။ အဓိပ္ပာယ်ကတော့ အလွန်သိသာသည်။ ယဲ့ရှောင်ချန်းကို သူ့မိသားစုဝင်အဖြစ် သဘောထားသည်မှာ သိသာနေပါသည်။

နေ့လည်စာစားပြီးနောက်တွင် ယဲ့ရှောင်ချန်းက ဝမ်ရှင်းယီကို ခေါ်ကာ အပြင်ထွက်ခဲ့၏။

ကားဖြင့် ထွက်ခဲ့ကြခြင်းဖြစ်ပါသည်။

ဆောင်းလယ်ပွဲတော်တွင် ကားဖြင့် လျှောက်သွားခြင်းက ရွေးချယ်မှုကောင်းမဟုတ်ပါ။

လမ်းမပေါ်တွင် ယာဥ်များစွာရှိပြီး ယာဥ်ကြောပိတ်ဆို့မှုကလည်း အလွန်ပြင်းထန်သည်။

သို့သော်လည်း ဝမ်ရှင်းယီက အလွန်သဘောကျပါသည်။ သူမအတွက်တော့ လမ်းသွားလမ်းလာများနှင့် ကားများကို ကြည့်ရှုရခြင်းက ပျော်ရွှင်စရာတစ်ခု ဖြစ်ပါသည်။

ထို့အပြင် ယဲ့ရှောင်ချန်းကလည်း သူမနှင့်အတူ ရှိနေသည်။

နောက်ဆုံးတော့ မြို့ပြင် ပန်းခြံတစ်ခုသို့ ကားရောက်ရှိလာသည်။

ယနေ့ အားလပ်ရက်ကို အခွင့်ကောင်းယူပြီး လူများစွာက မိသားစုများနှင့်အတူ လျှောက်လည်ကြကာ အပန်းဖြေခဲ့သည်။

ကလေးများစွာလည်းရှိသည်။

ယဲ့ရှောင်ချန်းက ကားကိုး ပါကင်ထိုးပြီးနောက် ဝမ်ရှင်းယီနှင့်အတူ ပန်းခြံထဲက လျှောက်လမ်းအတိုင်း လျှောက်လာခဲ့ကြသည်။

မကြာခဏဆိုသလို သူတို့နှစ်ဦး ရပ်တန့်ကာ ဓာတ်ပုံများ ရိုက်ခဲ့ကြသည်။

ရုတ်တရက် ဝမ်ရှင်းယီက ယဲ့ရှောင်ချန်း၏ လက်ကို ဆွဲကာ ကောင်းကင်ပေါ်သို့ လက်ညှိုးထိုးပြလိုက်၏။

ယဲ့ရှောင်ချန်းက မော့ကြည့်လိုက်သည်။ ကောင်းကင်ပေါ်တွင် ဧရာမ ရောင်စုံစွန်ကြီးတစ်ခု ပျံသန်းနေ၏။

ဧရာမ ကင်းခြေများစွန်ကြီးက အလွန်ရှည်လျားပြီး ပန်းခြံအပြင်ဘက်သို့ပင် ထိုးထွက်နေခဲ့သည်။

စွန်၏ တခြားတစ်ဖက်ကိုတော့ ပန်းခြံ၏ အလယ်ဗဟိုနှင့် ဆက်သွယ်ထားပါသည်။

ဝမ်ရှင်းယီ၏ လက်ဟန်အမူအရာတချို့ လုပ်ပြလိုက်သည်။

ယဲ့ရှောင်ချန်းက ယခုဆို လက်ဟန်အမူအရာများနှင့် သင်္ကေတဘာသာစကားကို အတော်လေး ကျွမ်းကျင်နေပြီဖြစ်ပါသည်။ သူက ချက်ချင်း နားလည်သွားပြီး လက်ဟန်အမူအရာတချို့ ပြန်လုပ်ပြလိုက်ပါသည်။

ချက်ချင်းဆိုသလိုပင် သူတို့နှစ်ဦးသား ရောင်စုံစွန်ကြီးအား လွှတ်တင်ထားသည့်နေရာသို့ လမ်းလျှောက်သွားခဲ့ကြသည်။

ဆယ်မိနစ်လောက် လမ်းလျှောက်ပြီးသွားကြသောအခါ သူတို့နှစ်ယောက်သား စွန်ကြီးအား လွှတ်တင်ထားသည့်နေရာသို့ ရောက်ရှိသွားကြသည်။

ထိုနေရာတွင် လူအများအပြားလည်း စုစည်းနေကြသည်။

စွန်ကြီးကို လွှတ်တင်နေသူက ပန်းခြံစီမံရေးဝန်ထမ်းတစ်ဦးဖြစ်ပါသည်။

ရောင်စုံကင်းခြများစွန်ကြီးတွေက ပျံသန်းနေဆဲဖြစ်သည်။ ထို့နောက် နောက်ထပ် ကင်းခြေများစွန်ကြီးတစ်ခုကို လွှတ်တင်လိုက်ပြန်၏။ လူတစ်ဒါဇင်ကျော်လောက်က စွန်ကြိုးများကို ဆွဲထားကြရသည်။

ခရီးသွားများကလည်း စွန်ကြိုးများကို ဆွဲထားကြ၏။

ဒီလို ဧရာမစွန်ကြီးတစ်ခုက လူတစ်ယောက်ကို ကောင်းကင်ပေါ်သို့ အလွယ်လေး ဆွဲခေါ်သွားနိုင်သည်။ သို့သော်လည်း ကြိုးအစွန်း တစ်ဖက်ကို ဘီးလုံးဖြင့် ဆက်သွယ်ထားသဖြင့် ကြိုးဖြင့် အတင်းအလျှော့ ပြုလုပ်နိုင်ပါသည်။

ယဲ့ရှောင်ချန်းနှင့် ဝမ်ရှင်းယီတို့လည်း ကြိုးများကို ဆွဲကြည့်ဖို့ ကြိုးစားကြသည်။

တင်းအားက အလွန်သန်မာလွန်းလှသည်။ စွန်ကြီးမှာ လေထဲတွင် အတော်မြင့်မြင့်ကို ရောက်နေပြီဖြစ်သည်။ ရှည်လျားသည့် ကင်းခြေများစွန်ကြီးက ပျံသန်းနေပြီး ရုတ်တရက် ကြိုးက ဆတ်ခနဲ ဖြောင့်တန်းသွားသည်။ စွန်ကြိုးများကို ဆွဲထားသည့် လူအားလုံးလည်း ဟန်ချက်ပျက်သွားခဲ့ကြ၏။

သူတို့နှစ်ယောက်သား စွန်ကြိုးများကို ခဏလောက် ဆက်ဆွဲနေခဲ့ကြပြီးမှ ထွက်လာခဲ့ကြသည်။

ဝမ်ရှင်းယီ၏ မျက်နှာက နီရဲနေပြီး အလွန်ပျော်ရွှင်နေပါသည်။

လူတွေက များပြားလွန်းလှသည်။

ဝမ်ရှင်းယီနှင့် လူစုကွဲသွားမည်ကို ယဲ့ရှောင်ချန်းတစ်ယောက် စိုးရိမ်နေမိသည်။

သူမ၏ လက်ကို ကိုင်ကာ လူအုပ်ထဲမှ ထွက်လာခဲ့၏။

ဝမ်ရှင်းယီက ယဲ့ရှောင်ချန်း၏ လက်ကို ကိုင်ထားရသောအခါ သူမ၏ မျက်နှာက နီမြန်းနေသည်။ ကြိုးများဆွဲခဲ့ခြင်းကြောင့် ပင်ပန်းလို့ပဲလား၊ ရှက်လို့ပဲလား မသိပါ။

သူမက မကန့်ကွက်ဘဲ ယဲ့ရှောင်ချန်းကို လက်ဆွဲခွင့်ပြုထားလိုက်ပါသည်။

ယဲ့ရှောင်ချန်းကလည်း တိုးတိုးတိတ်တိတ် ပျော်သွားမိ၏။

လူအုပ် နည်းပါးသွားတာတောင် ဝမ်ရှင်းယီ၏ လက်ကို ယဲ့ရှောင်ချန်းက မလွှတ်ပေးသေးပါ။

သူတို့နှစ်ယောက်သား နေရာကွက်လပ်တစ်ခုကို လျှောက်သွားခဲ့ကြသည်။ ထိုနေရာ၏ အလယ်တွင် မြစ်ကြောင်းမှ ရေများကို ယူထားသည့် ရေပန်းကြီးတစ်ခု ရှိနေ၏။ အလွန် ခမ်းနားလှပါသည်။

သူတို့နှစ်ယောက်သား ရေပန်းကြီး၏ အရှေ့တွင် ဓာတ်ပုံတစ်ပုံ ရိုက်လိုက်ကြပြီး လမ်းဆက်လျှောက်လာခဲ့ကြသည်။

ထိုနေရာတွင် လူများစွာရှိနေသည်။ ပန်းသည်များ၊ လက်လုပ်ပစ္စည်း ရောင်းချသူများနှင့် အခြားစျေးသည်များစွာ ရှိနေကြပါသည်။

ရောင်းအားကလည်း အလွန်ကောင်းနေကြပြီး လူများစွာက ဝယ်ယူနေကြသည်။

ယဲ့ရှောင်ချန်းက ဝမ်ရှင်းယီကို ဘွန်ဆိုင်းတစ်ပင် ဝယ်ချင်လားဟု မေးလိုက်သည်။

ဝမ်ရှင်းယီက ခေါင်းခါလိုက်၏။ သို့သော်လည်း သိပ်မဝေးသော နေရာတစ်ခုတွင် သူမ စိတ်ဝင်စားမိသည့် လက်လုပ်ပစ္စည်းအရောင်းဆိုင်တစ်ခုရှိ၏။

သူမသည် ထိုဆိုင်သို့ သွားလိုက်ပြီး လက်ပတ်ကြိုးတစ်ခုကို ရွေးလိုက်သည်။ စျေးမကြီးဘဲ ယွမ်အနည်းငယ်သာ ကုန်ကျပါသည်။

လက်ပတ်ကြိုးကို လုပ်ထားသည့် ပစ္စည်းများက သာမန်ဖြစ်သော်လည်း အလွန်လှပါသည်။

အရောင်နည်းနည်း ပိုနက်သော လက်ပတ်ကြိုးတစ်ကြိုးကို ထပ်ယူလိုက်ပြီး ယဲ့ရှောင်ချန်းကို လက်ဟန်ပြလိုက်သည်။

"ကျွန်တော့်အတွက်လား။"

ယဲ့ရှောင်ချန်းက အံ့အားသင့်သွားပြီး ချက်ချင်း လက်မြှောက်လိုက်သည်။

ဝမ်ရှင်းယီက ယဲ့ရှောင်ချန်း၏ လက်ကောက်ဝတ်ကို လက်တစ်ဖက်ဖြင့် ဆွဲယူကာ နောက်တစ်ဖက်ဖြင့် ကိုင်ထားလိုက်သည်။

သူမ၏ လုပ်ရပ်က နူးညံ့ပြီး ပွင့်လင်းပါသည်။

ယဲ့ရှောင်ချန်းတစ်ယောက် သူ့ရင်တွင်းခံစားချက်များကို ထုတ်ပင် မပြောပြတတ်တော့ပါ။

ဝမ်ရှင်းယီက ယဲ့ရှောင်ချန်းကို လက်ပတ်ကြိုး ဝတ်စေချင်နေသည်။ လက်ဟန်ဘာသာစကားဖြင့် ယဲ့ရှောင်ချန်းကို ကြိုက်ရဲ့လားဟုပင် မေးလိုက်သည်။

ပြောရမည်ဆိုလျှင် ဝမ်ရှင်းယီ ရွေးခဲ့သည့် လက်ပတ်ကြိုးက သူ့လက်ကနှင့် အတော်လေး လိုက်ဖက်လှပါသည်။

ယဲ့ရှောင်ချန်း ခေါင်းငြိမ့်ပြသည်ကို မြင်သောအခါ နောက်ထပ် လက်ပတ်ကြိုးတစ်ကြိုးကို ယူလိုက်ပြီး  သူမလက်ကောက်ဝတ်တွင် ပတ်လိုက်သည်။ သူမ၏ လက်ကို ယဲ့ရှောင်ချန်းဘက်သို့ မြှောက်လိုက်ပြီး ချစ်စရာကောင်းစွာ ပြုံးပြလိုက်သည်။

စုံတွဲလက်ပတ်ကြိုးများကဲ့သို့ပင်။

ယွမ် ၁၀၀ ကျသင့်သည်။

ယဲ့ရှောင်ချန်းက စိတ်ကောင်းဝင်နေသဖြင့် အမြန်ပေးလိုက်သည်။

သူတို့ ပြန်ခါနီးတွင် အနီးအနားရှိ ဆိုင်တစ်ဆိုင်မှ အသံကျယ်တစ်ခု ထွက်ပေါ်လာပြီး မြေပေါ်သို့ တစ်ခုခု ထိရိုက်သွားကာ ရန်ပွဲတစ်ခု ဖြစ်လာ၏။

ယဲ့ရှောင်ချန်း ကြည့်လိုက်သောအခါ အမျိုးသမီး စျေးဝယ်သူတစ်ယောက်က ပန်းမန်မြက်ပင်ဆိုင်တစ်ဆိုင်ရှေ့တွင် ဆိုင်ရှင်နှင့် စကားများရန်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

မြေကြီးပေါ်တွင် ပန်းအိုးတစ်ခု ရှိနေ၏။ မြေဆီလွှာနှင့် ကြွေသား အကွဲစများက မြေပေါ်တွင် ပြန့်ကျဲနေပြီး ကလစ်ဗီးယားအပင်တစ်ပင်သည် မြင်မကောင်းစွာ မြေပြင်ပေါ်တွင် ပြုတ်ကျနေပါသည်။

အစကတော့ ထိုမိသားစုမှာ ဆိုင်ထဲတွင် ဘွန်ဆိုင်းပင် ကြည့်နေကြခြင်းဖြစ်ပြီး မထင်မှတ်ဘဲ သူတို့ရဲ့ ကလေးက ကလစ်ဗီးယားပန်းအိုးကို တိုက်မိပြီး အိုးကို ခွဲလိုက်မိသည်။

ဒါက သာမန်ကလစ်ဗီးယားသာဆိုလျှင် ယွမ် ရာကျော်သာ ကုန်ကျမည်ဖြစ်သ်ည။

သို့သော် ဆိုင်ရှင်က ဒီအပင်မှာ ဒေါင်းမြီးမျိုးစိတ် ရှားပါးကလစ်ဗီးယားအပင်မျိုးဖြစ်သည်ဟု အတင်းပြောနေသည်။ ထို့အပြင် ယွမ် ၃၀,၀၀၀ ကိုလည်း အလျော်တောင်းနေ၏။

မိသားစုက ငြင်းဆန်ကာ ယွမ် ၁၀၀ သာပေးမည်ဟု ပြောသည်။

ချက်ချင်းဆိုသလိုပင် နှစ်ဦးနှစ်ဖက် စတင် စကားများကြလေသည်။

ဆိုင်ပိုင်ရှင်က သူ့အပေါင်းအပါများ၏ အကူအညီဖြင့် မိသားစု သုံးယောက်ကို လူလေးငါးယောက်ဖြင့် ဝိုင်းထားကာ ပိုက်ဆံမရဘဲ ပြန်လွှတ်ပေးမည်မဟုတ်ပေ။

ဆိုင်ရှင်က လူယုတ်မာဖြစ်သည်မှာ သိသာပါသည်။

ဆိုင်ရှင်၏ ဘက်တွင် လူကြမ်းများစွာရှိနေပြီး တစ်ချက်ကြည့်လိုက်ရုံနှင့် သွားမရှုပ်သင့်သည်လူများဟု ပြောနိုင်သည်။

"ဒါ သာမန်ကလစ်ဗီးယားအပင်ဆိုတာ သိသာနေတာကို။ ကျွန်မ ဒေါင်းမြီးမျိုးစိတ် ကလစ်ဗီးယားအပင်ကို တစ်ခါမှ မမြင်ဖူးဘူး။ ဒါပေမယ့် ဘာဖြစ်လို့ ကျွန်မက ယွမ် ၃၀,၀၀၀ တောင်ပေးရမှာလဲ။ ပြီးတော့ ကျွန်မပြောပါဦးမယ်။ ကျွန်မက သတင်းသမားနော်။ ရှင် အခုလုပ်နေတာက ခြိမ်းခြောက်တာဆိုတာ ရှင်းလင်းနေတာာပဲ။"

ဝမ်ရှင်းယက ဆိုင်ရှင်ကို ရန်လိုစွာကြည့်ကာ ပြောလိုက်သည်။

သူမက ရုပ်သံလွှင့်ဌာနတစ်ခုတွင် အလုပ်လုပ်သူဖြစ်ပြီး ဒီလို ရှားရှားပါးပါး ဆောင်းလယ်ပွဲတော် အားလပ်ရက်ကို ရရှိခဲ့သည်။ သူမ၏ ယောက်ျား၊ သားလေးတို့နှင့် ပျော်ရအောင် အလည်ထွက်လာခဲ့ခြင်းဖြစ်ပါသည်။ သို့သော်လည်း ဒီလိုကိစ္စမျိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ပါ။

"ခင်ဗျားက သတင်းသမားလုပ်ပြီး လျော်ကြေးတောင် မပေးနိုင်ဘူးပေါ့။ ကျွန်တော် ပြောမယ်။ ခင်ဗျားက ဗဟိုသတင်းသမားဖြစ်နေရင်တောင် ကျွန်တော့်ရဲ့ ဒေါင်းမြီးမျိုးစိတ် ကလစ်ဗီးယားပန်းအိုးကိုခွဲခဲ့လို့ လျော်ကြေးပေးရမှာပဲ။"

ဆိုင်ရှင်က ဝမ်ရှင်းယာ့၏ သတင်းသမားဟူသော နာမည်ကို လုံးဝမကြောက်ရွံ့ပါ။ သူက အလွန် ရန်လိုနေပြီး ပြောလိုက်သည်။ "မြန်မြန်ပေးနော်။ မဟုတ်ရင် ခင်ဗျားတို့ ဒီနေ့ အိမ်ပြန်ရမှာမဟုတ်ဘူး။"

"ဘော့စ် ဒီနေ့က ဆောင်းလယ်ပွဲတော် ဆိုတော့ ပြဿနာကြီးကြီးမားမား မရှာရအောင်။ ခင်ဗျားအတွက်လည်း ကောင်းမှာ မဟုတ်ဘူး။ ယွမ် ၁,၀၀၀ ဆိုရင်ကော ဘယ်လိုလဲ။"

ဝမ်ရှင်းယာ့၏ ယောက်ျား ယဲ့ကျစ်လီက သိမ်မွေ့သည့်ပုံစံဖြင့် ယောက်ျားတစ်ဦးဖြစ်ပြီး ခန္ဓာကိုယ် အချိုးအစား အလယ်အလတ်၊ ပေါ့ပါးသောအသံတို့ရှိသည်။

"ယွမ် ၁,၀၀၀ ဟုတ်လား။ ဟင်း... ယွမ် ၁,၀၀၀ ဆိုတာ ငါ့ဒေါင်းမြီးမျိုးစိတ် ကလစ်ဗီးယားအပင်ရဲ့ သစ်ရွက်တစ်ရွက်ကိုတောင် ဝယ်လို့မရဘူးကွ။ ယွမ် ၃၀,၀၀၀ ဆို ယွမ် ၃၀,၀၀၀ ပဲ တစ်ပြားမှ မလျှော့ပေးနိုင်ဘူး။"

ဆိုင်ပိုင်ရှင်က နောက်မဆုတ်ပေ။

ယဲ့ကျစ်လီ၏ မျက်နှာ အကျည်းတန်လာပြီး ဘာလုပ်ရမှန်း မသိတော့ပါ။ "ဘာကို ယွမ် ၃၀,၀၀၀ လဲ။ ရှင်က ခြိမ်းခြောက်နေမှတော့ ယွမ် ၁,၀၀၀ တောင်မပေးနိုင်ဘူး။ ကျွန်မ ရဲတိုင်မယ်။"

ဝမ်ရှင်းယာ့က ဖုန်းအမြန်ထုတ်လိုက်သည်။

"ရဲတိုင်ချင်လည်း အမြန်တိုင်လိုက်။ ဘာာပဲဖြစ်ဖြစ် ယွမ် ၃၀,၀၀၀ ပေးရမှာပဲ။ တစ်ပြားမှ မလျှော့နိုင်ဘူး။"

ဆိုင်ပိုင်ရှင်က လုံးဝကြောက်ပုံမပေါ်ပါ။

သိပ်မကြာမီ ရဲကားတစ်စီး ရောက်လာ၏။

ရဲသားများ ရောက်လာသော်လည်း ဘာမှ အသုံးမဝင်ပါ။ နှစ်ဦးနှစ်ဖက်ကို ညှိနှိုင်းခိုင်းသည်။

လောလောဆယ် ဒေါင်းမြီးမျိုးစိတ် ကလစ်ဗီးယားအပင်တစ်ပင် ပျက်စီးသွားခဲ့သည်။ ဘယ်သူကမှလည်း ဒေါင်းမြီးမျိုးစိတ် ကလစ်ဗီးယားပန်းပင်၏ စျေးနှုန်းကို မခန့်မှန်းနိုင်ပါ။ ဆိုင်ပိုင်ရှင်ပြောသည့်စျေးကသာ အမှန်ဖြစ်သွားလိမ့်မည်။

"ရဲတွေရဲ့ မျက်နှာကြောင့် ငါ့ကို မင်းတို့တွေ ယွမ် ၂၀,၀၀၀ ပဲ ပေးကြတော့။"

ဝမ်ရှင်းယာ့၏ မျက်နှာက အခိုးငွေ့ တလူလူ ထွက်နေပြီ။ ဒီဆိုင်ရှင်က တကယ်ကောက်ကျစ်သည်။ ရဲသားတွေ ရှိနေတာတောင် သူမကို ပေါ်တင်ခြိမ်းခြောက်ရဲသေး၏။

သူမသည် ဘေးပတ်လည်ကို လှည့်ကြည့်လိုက်ပြီး တစ်ယောက်ယောက်က တစ်ခုခု ဝင်ပြောပါစေဟု မျှော်လင့်မိ၏။

ကံမကောင်းစွာဖြင့် ဘယ်သူမှ ဝင်မလာခဲ့ကြပါ။ အားလုံးက ရပ်သာကြည့်နေကြသည်။

ရုတ်တရက် ဝမ်ရှင်းယာ့တစ်ယောက် မျက်လုံးများ ဝိုင်းစက်သွားသည်။ သူမ ထင်မထားသည့် လူတစ်ယောက်ကို တွေ့လိုက်ရ၏။

All Chapters