← Chapters

ဆောင်းလယ်ပွဲတော်

Vol. 9 Ch. 124

ဆောင်းလယ်ပွဲတော်

Vol. 9 Ch. 124

အခန်း(၁၂၄) - ဆောင်းလယ်ပွဲတော်

ထိုအင်မော်တယ် ယွမ်များကို အရေးပေါ် လိုအပ်လာလျှင် အသုံးပြုဖို့အတွက် ယာယီစုဆောင်းထားနိုင်သည်။

ယဲ့ရှောင်ချန်းတစ်ယောက် အနည်းငယ် တွက်ချက်ကြည့်လိုက်သောအခါ အံ့သြစရာကောင်းလောက်အောင် သူ စတိုးဆိုင်တွင် ယွမ် ၉၁၀ ကျော် သုံးခဲ့ပြီးပြီဖြစ်မှန်း သိလိုက်ရသည်။

အင်မော်တယ် ယွမ် ၁,၀၀၀ ပြည့်ဖို့ ယွမ် ၉၀ သာလိုတော့သည်။

"ကြည့်ရတာ နောက်တစ်ခေါက် ရိတ်သိမ်းတဲ့အခါကျရင် စတိုးဆိုင်ရဲ့ အင်မော်တယ်ယွမ် သုံးစွဲတဲ့ ပမာဏက ၁,၀၀၀ ပြည့်သွားပြီး ကံစမ်းမဲ နှိုက်ခွင့်ရမယ်ထင်တယ်။"

ယဲ့ရှောင်ချန်း ရင်ထဲတွင် အလွန်ပျော်ရွှင်နေသည်။

ဤကံစမ်းမဲက အလွန်အဖိုးတန်ပါသည်။

စျေးပေါပေါအရာများ ရဖို့ ဖြစ်နိုင်ချေမြင့်သော်လည်း ပစ္စည်းကောင်းကောင်းရဖို့ အခွင့်အရေးရှိပါသေးသည်။

အထူးသဖြင့် ကျင့်ကြံခြင်းဖြစ်သည်။ သူအလိုချင်ဆုံးအရာလည်းဖြစ်ပါသည်။

ကျင့်ကြံခြင်း မရှိသည့် ရှန်းနုန်က ဘယ်လိုရှန်းနုန်ဖြစ်သွားမလဲ။

ဘာပဲဖြစ်ဖြစ် မနက်အစောကြီး ရှိသေးသဖြင့် ယဲ့ရှောင်ချန်း အလုပ်စလုပ်လိုက်သည်။ ပထမဆုံး အစေ့သန်ဆေးရည်ကို အင်မော်တယ်စမ်းရေဖြင့် ရောစပ်ကာ အင်မော်တယ် မြက် မျိုးစေ့အားလုံးကို စိမ်လိုက်သည်။ ထို့နောက် အင်မော်တယ်မြေ တစ်ကွက်လုံးကို မြေဆွလိုက်၏။ နောက်ဆုံးတော့ သာမန် အင်မော်တယ်မြေသြဇာကို အင်မော်တယ်စမ်းရေဖြင့် ရောစပ်ကာ အထူးမြေသြဇာဖြန်းဘူးကို အသုံးပြုလျက် အင်မော်တယ်မြေ တစ်ကွက်လုံးကို အညီအမျှ မြေသြဇာ ဖြန်းလိုက်ပါသည်။

နောက်တစ်နေ့ ဟင်းသီးဟင်းရွက်များကို လာယူဆောင်သူများဆီ အပ်နှံပြီးနောက် ယဲ့ရှောင်ချန်းနှင့် မိဘများ Porsche ကားကြီးဖြင့် အဘွားအိမ်သို့ သွားခဲ့ကြသည်။

စိုက်ပျိုးရေးခြံကို ခိုးဝင်သူများထံမှ ကာကွယ်ဖို့ အင်မော်တယ် မြေကွက်အားလုံးကို ဖုံးကွယ်ထားလိုက်သည်။

အဘွား၏ အိမ်က ရှန်းဖန်မြို့တွင်ရှိသည်။

မြေပထဝီအခြေအနေက ထိုက်ဖျင်မြို့ထက် အများကြီး ပိုဆိုးရွားပြီး စီးပွားရေး ဖွံ့ဖြိုးမှုအရ ရှန်းဖန်မြို့က ကျင်းဒေသတွင် နောက်ဆုံးအဆင့်ဖြစ်၏။

ထိုနေရာတွင် တောင်များစွာရှိပြီး တောင်လမ်းများဖြင့် ယာဥ်သွားလာဖို့ ခက်ခဲလွန်းပါသည်။

ကံကောင်းစွာဖြင့် လွန်ခဲ့သော နှစ်နှစ်အတွင်း ရွာလမ်းကို ကတ္တရာခင်းခဲ့သည်။ မဟုတ်ပါက ယခင်တုန်းကဆိုလျှင် လမ်းမများမှာ ပြင်ဆင်ထားခြင်းမရှိဘဲ လမ်းလျှောက်ဖို့တောင် အလွန်ခက်ခဲပါသည်။

ရွှေ့ယွမ်ရွာက အဘွားအိမ်ရှိသော ရွာဖြစ်၏။

ကတ္တရာလမ်းဆုံးကို ကျော်သွားသောအခါ ကားက လမ်းကြမ်းပေါ်သို့ ရောက်သွားလေသည်။ သဲများ ကျောက်စရစ်များဖြင့် ခင်းထားသောလည်း ထရပ်ကားများက ဖိကြိတ်ခဲ့ကြသည်။

ယဲ့ရှောင်ချန်းသည် ကားကို ခပ်ဖြည်းဖြည်းသာ မောင်းနိုင်ပါသည်။

နောက်ဆုံးတော့ သူ့ဦးလေးတို့ အိမ်ဟောင်းကို ရောက်လာခဲ့ကြသည်။

အိမ်ဟောင်းဘေးတွင် ပျက်စီးနေသော ခြံတစ်ခုရှိ၏။

ဒီနှစ် သူ့ဦးလေးက အိမ်မှာပဲနေပြီး အိမ်အသစ်ဆောက်ဖို့အတွက် အလုပ်လည်း ထွက်မလုပ်ပါ။

သို့သော်လည်း အိမ်သစ်ဆောက်လုပ်မှုက မချောမွေ့ခဲ့ပေ။ အိမ်နီးချင်းတစ်ယောက်က ဦးလေးနှင့် ဆက်ဆံရေး အဆင်မပြေသဖြင့် သူ့ကို ခက်ခဲအောင် မျိုးစုံလုပ်နေပြီး ဦးလေးကို အိမ်အသစ် မဆောက်နိုင်အောင် ကန့်လန့်တိုက်နေခဲ့၏။

သိပ်မကြာခင်တုန်းက သူတို့ ရန်ပင် ဖြစ်လုနီးပါး ဖြစ်ခဲ့သည်ဟု ပြောသည်။

ကျေးရွာဘက်တွင် ဒီလိုအခြေအနေမျိုးက အလွန် ပေါများပါသည်။ အိမ်နီးချင်းများက ပဋိပက္ခ အသေးစားများ၊ ဆက်ဆံရေး မကောင်းမှုများကြောင့် မကြာခဏ အငြင်းပွားတတ်ကြသည်။

သူ့ဦးလေးကို အနှောင့်အယှက်ပေးနေသည့် အိမ်နီးချင်းဆိုသူမှာ အခြားသူများကို အခွင့်ကောင်းယူခြင်းအား ကြိုက်နှစ်သက်သူဖြစ်ပြီး လူရမ်းကားလို ပြုမူတတ်သည်။

ထို့အပြင် သူ့တွင် သားသုံးယောက်ရှိပြီး သူတို့ကလည်း ရိုင်းစိုင်းကြပါသည်။

အိမ်အသစ်ဆောက်နိုင်ဖို့ ဦးလေးက အရာရာ သည်းခံခဲ့သည်။ ဟိုဘက်က ကြမ်းပြင်များ ပြုပြင်ရအောင်တောင် သူက ဦးဆောင်ပြီး ကုန်ကျစရိတ်များ ခံခဲ့သော်လည်း ထိုလူက လောဘကြီးလွန်းနေပါသေးသည်။

ကားရပ်တန့်သွား၏။

အဘွား၊ ဦးကြီး(အမေ့အစ်ကို)၊ ဒေါ်ကြီး၊ ဦးလေး၏ သား၊ ဒေါ်လေး(အမေ့အစ်မ)၊ ဒေါ်လေး ယောက်ျား၊ ဒေါ်လေး သမီးနှင့် အခြားသူများ ထွက်လာကြပြီး သူတို့ကို ကြိုဆိုလိုက်ကြပါသည်။

သူတို့က အလွန်တက်ကြွနေကြသည်။

အထူးသဖြင့် ဒေါ်ကြီးမှာ အပြုံးများဖြင့် ပြည့်ဝနေကာ သူ့အမေဆီသို့ ဦးဆောင်သွားလိုက်ပြီး ပစ္စည်းများသယ်ဖို့ ကူညီပေးနေပါသည်။

အစကတော့ သူ့ဒေါ်ကြီးနှင့် သူ့အမေ၏ ဆက်ဆံရေးက သိပ်မကောင်းပါ။  ဘာကြောင့် အဆင်မပြေခဲ့ရသလဲ ဆိုတာကိုတော့ ယဲ့ရှောင်ချန်း မသိပါ။ သူတို့ စကားသိပ်မပြောကြသည်ကိုပဲ သိထားခဲ့သည်။

အရင်တစ်ခေါက် ပညာရှင်အသင်း ယဲ့ရှောင်ချန်းထံသို့ လာရောက်လည်ပတ်စဥ်က ဆွေမျိုးများစွာ သူ့အိမ်သို့ လာရောက်ခဲ့သည်။ သူ့ဦးကြီးနှင့် ဒေါ်ကြီးသာ မလာခဲ့ခြင်းဖြစ်ပါသည်။

သို့သော်လည်း ယခုတော့ ထိုအပြုအမူက ၁၈၀ ဒီဂရီလောက် ပြောင်းလဲသွားပုံရသည်။

"တတိယသမီး ရှောင်ယင် ပြန်မလာဘူးလား။"

အဘွားက မီးခိုးရောင် ဆံပင်များဖြင့် ကျန်းကျန်းမာမာ ရှိနေပသည်။ သို့သော် အလုပ်ကြမ်းများကို နှစ်ပေါင်းများစွာ လုပ်ခဲ့ရသဖြင့် သူ့ခါးက အနည်းငယ် ကွေးညွှတ်နေပါသည်။

"မလာသေးဘူး အမေ။ ၁၁ လပိုင်းလောက်မှ ပြန်လာလိမ့်မယ်။"

သူ့အမေက အဘွားကို ပြောလိုက်သည်။

ယဲ့ရှောင်ချန်းလည်း သူ့အဘွားကို အမြန်နှုတ်ဆက်လိုက်၏။

"ရှောင်ချန်း နင်အရွယ်ရောက်လာပြီပဲ။"

အဘွားက ယဲ့ရှောင်ချန်းလက်ကို ကိုင်ကာ အလွန် ပျော်ရွှင်နေခဲ့သည်။

ဒီအချိန်တောအတွင်း သူ့မြေး၏ သတင်းများကို ကြားရပြီး သူမရင်ထဲ အလွန် ဂုဏ်ယူနေခဲ့ပါသည်။

"အစ်ကိုရှောင်ချန်း ဒီကားက Porsche eCayenne မဟုတ်လား။ အဲ့တာက ယွမ် တစ်သန်း နှစ်သန်းလောက် ရှိမယ်ထင်တယ်နော်။"

ထိုအချိန်တွင် ဦးကြီး၏သား ဟယ်ခဲ့ချွမ်းက သိချင်စိတ်ဖြင့် မေးလိုက်သည်။

သူက လက်ရှိတွင် ထန်မြို့တော်မှ ဂျူနီယာကောလိပ်ကျောင်းသားဖြစ်ပြီး ဆောင်းလယ်ပွဲတော် အားလပ်ရက်ကြောင့် အိမ်ပြန်လာခဲ့ခြင်းဖြစ်ပါသည်။

"အဲ့လောက် မများပါဘူး။ ယွမ် ၃၀၀,၀၀၀ - ၄၀၀,၀၀၀ လောက်ပဲ ရှိတယ်။” ဟု သူ့အမေက ဂုဏ်ယူဝံ့ကြွားသော လေသံဖြင့် ပြောလိုက်သည်။

ပြဿနာတက်ပြီ။

ယဲ့ရှောင်ချန်းက သူ့ဝမ်းကွဲကို အမြန်မျက်နှာရိပ်မျက်နှာကဲပြသလိုက်သည်။

ကံမကောင်းစွာဖြင့် ဟယ်ခဲ့ချွမ်းက ဒါကို သတိမထားမိဘဲ ပြောလိုက်သည်။ "ဒီကားက Porsche Cayenne ကြီးလေ။ စျေးအပေါဆုံးတောင် အနည်းဆုံး ယွမ် တစ်သန်းရှိတယ်။"

"အနည်းဆုံး ယွမ် တစ်သန်း ဟုတ်လား။"

သူ့အမေက ကြက်သေသေသွား၏။ ထို့နောက် နားလည်သဘောပေါက်သွားသည့် ဟန်ဆောင်လိုက်ကာ ပြောလိုက်သည်။ "သြော် ငါက ယွမ် ၃၀၀,၀၀၀ - ၄၀၀,၀၀၀ လောက်ပဲ ထင်ထားတာ။ တကယ်က ဒီလောက် စျေးကြီးတာလား။"

သူ့အမေက အံ့သြသွားသော်လည်း ပုံမပျက်အောင် နေလိုက်ပါသည်။

ပစ္စည်းများ သယ်ယူနေသည့် သူ့ဒေါ်ကြီးက ပြောလိုက်၏။ "စျေးကြီးလိုက်တာ။ ယွမ် တစ်သန်းတောင်ပါလား။ ရှောင်ချန်းရဲ့ အစွမ်းအစ တွေတိုးတက်လာပြီး ပိုက်ဆံတွေလည်း အများကြီး ရှာနိုင်နေပြီပဲ။ တတိယညီမနဲ့ တတိယမတ်လေးတို့တော့ အနာဂတ်မှာ ချမ်းချမ်းသာသာ ပျော်ပျော်ရွှင်ရွှင်နဲ့ နေကြရတော့မှာပဲ။"

သူ့အမေ့မျက်ခုံးများ ပျော်ရွှင်စွာဖြင့် မြောက်သွားပြီး ဆက်တိုက်ဆိုသလို ပုံမပျက်အောင် ပြင်နေရသည်။

"ကဲကဲ အပြင်မှာပဲ စကားရပ်ပြောမနေကြနဲ့လေ။ အထဲဝင်ကြစို့။"

ဦးကြီးက ပြုံးကာ ပြောလိုက်သည်။

"အေးအေး အထဲသွားကြရအောင်။"

သူ့အဘွားက ခပ်မြန်မြန်ပင် ယဲ့ရှောင်ချန်းကို ဆွဲကာ အိမ်ထဲသို့ ခေါ်သွားသည်။

သူ့အဘွားအိမ်က ရှေးဟောင်း အုတ်နီအိမ်ဖြစ်ပြီး ဘိလပ်မြေကြမ်းပြင်နှင့်ဖြစ်၏။

အထဲတွင် အနီရောင်သစ်စေး သုတ်ထားသော သစ်သားထိုင်ခုံများရှိ၏။

အားလုံး ထိုင်လိုက်ပြီး စကားဝိုင်းဖွဲ့ပြောကြသည်။

ဒေါ်ကြီးနှင့် အခြားဒေါ်လေးက ဦးဆောင်ကာ လက်ဘက်ရည်များ တည်ခင်းပြီး နေ့လည်စာ ပြင်ဆင်နေသည်။

စကားပြောနေစဥ် ဦးကြီးနှင့် အိမ်အသစ်အကြောင်း ပြောလိုက်သည်။

"ဟားဟား ပြဿနာက အဆင်ပြေသွားပါပြီ။ လွန်ခဲ့တဲ့ ရက်နည်းနည်းတုန်းက ရှန်းကြီးက ငါ့ကို စကားစပြောတယ်။ ကြမ်းပြင်တွေပြင်ဖို့ ငါပိုက်ဆံပေးစရာမလိုဘူးတဲ့။"

ဦးကြီးက ရယ်မောကာ ပြောလိုက်သည်။

"ဒီတစ်ခေါက် ရှောင်ချန်းကြောင့် တကယ် ကံကောင်းသွားတာ။ မဟုတ်ရင် ရှန်းကြီးရဲ့ ပုံစံနဲ့ လွယ်လွယ် အလျှော့ပေးမှာ မဟုတ်ဘူး။” ဟု သူ့အဘွားက ပြောလိုက်သည်။

"ဟုတ်တယ်။ ရှန်းကြီးက ရှောင်ချန်းအကြောင်းတွေ မေးပြီး အရင်တုန်းက ကိစ္စတွေအတွက်လည်း တောင်းပန်သွားတယ်။" ဟု ဦးကြီးက ပြုံးကာ ပြောလိုက်သည်။

ယဲ့ရှောင်ချန်း၏ မိဘများက ထိုအကြောင်း ကြားသောအခါ အံ့အားသင့်သွားကြသည်။ ကိစ္စများ ဒီလောက်ထိ ပြောင်းလဲသွားမှန်း သူတို့ထင်မထားခဲ့ပါ။

ရုတ်တရက် ဒေါ်ကြီး၏ ဆက်ဆံပုံ ပြောင်းလဲသွားရသည့် အကြောင်းအရင်းကိုလည်း နားလည်သွားကြပါသည်။

ချက်ချင်း သူတို့နှစ်ဦး၏ ရင်ထဲတွင် အဆုံးမဲ့ ပျော်ရွှင်မှုများ ပြည့်နှက်သွားကြ၏။ ဒီအခက်အခဲ ပြဿနာကို သူ့သား၏ နာမည်ဖြင့် အလွယ်တကူ ဖြေရှင်းနိုင်ခဲ့ခြင်းဖြစ်ပါသည်။

ဒေါ်ကြီး ဧည့်ခံသည့် လက်ဘက်ရည်ကို သောက်ပြီးနောက် ယဲ့ရှောင်ချန်းက အချိန်ကိုကြည့်လိုက်ပြီး အဘွားနှင့် ဦးကြီးကို သူအလုပ်လုပ်စရာရှိသေးကြောင်း ပြောလိုက်သည်။

"ရှောင်ချန်း မြန်မြန်သွား။ လုပ်စရာ အလုပ်တွေကို မနှောင့်နှေးစေနဲ့။"

သူ့အဘွားက ချက်ချင်း ပြောလိုက်သည်။

ဦးကြီးနှင့် အခြားသူများ၏ မျက်လုံးထဲတွင် ယခု ယဲ့ရှောင်ချန်းမှာ သာမန်လူမဟုတ်တော့ဘဲ အနာဂတ်တွင် နာမည်ကျော် ဆွေးနွေးပွဲများကို တက်ရောက်နိုင်ပြီး သေချာပေါက် နာမည်ကြီးတစ်ယောက် ဖြစ်လာပါလိမ့်မည်။ ထို့ကြောင့် သူ့အချိန်ကို ဖြုန်းလို့မဖြစ်ပါ။

ယဲ့ရှောင်ချန်းတစ်ယောက် အိမ်မှထွက်လာသည့်အခါ လူအနည်းငယ် ရောက်လာကြ၏။ သူ့အဘွား၏ အိမ်နီးချင်းများ ဖြစ်သည်။

ငယ်ဘဝတုန်းက ယဲ့ရှောင်ချန်း သူတို့ကို ဦးလေး၊ ဒေါ်လေး အဘွား၊ အဘိုး စသဖြင့် ခေါ်လေ့ရှိသည်။

"ခေါင်းကိုင်ဦးလေး"

"ဒေါ်လေးယန်"

"တတိယအဘိုး"

"အကြီးဆုံးအဘွား"

ယဲ့ရှောင်ချန်းက တစ်ယောက်ချင်းစီကို နှုတ်ဆက်လိုက်ပြီး သူတို့နှင့် ယဥ်ယဥ်ကျေးကျေး စကားတချို့ပြောကာ ကားထဲဝင်သွားသည်။

"ဒေါ်လေးတို့ မိသားစုထဲမှာ ယဲ့ရှောင်ချန်းလို သားရှိနေတော့ အရမ်းကောင်းတဲ့ အနာဂတ် ရှိမှာပဲနော်။"

"ဟုတ်တယ်။ ယဲ့ရှောင်ချန်းက အစွမ်းအစရှိတဲ့ လူဆိုတာ ငါသိတာကြာပါပြီ။"

"ဟုတ်တယ် အစ်မလျန်။ ယဲ့ရှောင်ချန်းမှာ ရည်းစားမရှိသေးဘူး။ ယဲ့ရှောင်ချန်းကို ကောင်မလေး တစ်ယောက်နဲ့ မိတ်ဆက်ပေးရမလား။ သူတို့မိသားစု ငွေကြေးအခြေအနက ပြည့်စုံပြီး ကောင်မလေးကလည်း တက္ကသိုလ် ကျောင်းသူလေးပဲ။"

"ဘယ်လို သဘောရလဲ။"

“ညီမလီ၊ မေ့လိုက်ပါ။ ချန်းကျစ်ရဲ့ လက်ရှိစွမ်း‌ဆောင်ချက်နဲ့ဆို သူက ဘယ်လိုလုပ်ပြီး ဇနီးမယားကို မရှာနိုင်ဘဲနေမှာလဲ။”

“ဟင်...”

ယဲ့ရှောင်ချန်း ထွက်သွားပြီးနောက် ခုနက ရောက်လာတဲ့သူက မနာလိုစိတ်ပြင်းပြသည့်လေသံဖြင့် စကားစပြောလာခဲ့သည်။

ဒါကိုကြားတော့ သူ့အဘွားနဲ့ တခြားသူတွေက ပြုံးပြုံး ပြုံးပြုံးနဲ့ ဝမ်းသာပီတိဖြစ်နေခဲ့ကြသည်။

သူတို့ရွာမှာ ဂုဏ်ယူဝင့်ကြွားစွာ နေထိုင်နိုင်နေပြီ။

All Chapters