← Chapters

ပရိုမိုးရှင်း

Vol. 9 Ch. 128

ပရိုမိုးရှင်း

Vol. 9 Ch. 128

အခန်း(၁၂၈) - ပရိုမိုးရှင်း

မနက် ကိုးနာရီရှိပြီဖြစ်သည်။

ယန်မြို့တော် ရုပ်သံလွှင့်ဌာနတွင်။

မျက်ကွင်းများ ညိုနေသည့် ဝမ်ရှင်းယာ့တစ်ယောက် စာရွက်စာတန်း အိတ်ကြီးတစ်ခုကို သယ်ကာ အယ်ဒီတာချုပ်ရုံးခန်းထဲသို့ သွားနေ၏။

တစ်ညလုံး ယဲ့ရှောင်ချန်း၏ အင်တာဗျူး စာညွှန်းကို စီစဥ်ပြီး စာမူရေးဖို့ အလုပ်များနေခဲ့ရ၏။ ထို့ကြောင့် သိပ်မအိပ်ခဲ့ရပါ။

ရုံးခန်းထဲသို့ သူမ ဝင်လာ၏။

သာမန်နေ့သာဆို သူမ အဆူခံရမည်ဖြစ်သည်။

သို့သော်လည်း ဒီနေ့ကတော့ ထူးခြားနေ၏။

အယ်ဒီတာရုံးခန်းထဲတွင် အယ်ဒီတာချုပ် လီဝေက ဒေါသထွက်နေ၏။

"မင်းတို့တွေ အကုန်လုံး အလကားပဲ။ အခုချိန်ထိ ယဲ့ရှောင်ချန်းကို အင်တာမဗျူးရသေးဘူး။"

လီဝေက ခုလေးတင် သူ့စီနီယာ၏ ဆူငေါက်ခြင်းကို ခံခဲ့ရသဖြင့် သူ့ဒေါသအားလုံးကို သူ့လက်အောက်ငယ်သားများအပေါ် ပုံချနေပါသည်။

လက်အောက်ငယ်သား များစွာက ခေါင်းပင် မဖော်နိုင်ကြပေ။

ရုတ်တရက် ရုံးခန်းတံခါးမှ ခပ်ပျော့ပျော့ တံခါးခေါက်သံ ထွက်လာသည်။

ထို့နောက် ဝမ်ရှင်းယာ့က လက်ထဲတွင် စာရွက်စာတန်းများဖြင့် ဝင်လာ၏။

ဝမ်ရှင်းယာ့က တင်းမာနေသော အခြေအနေကို မြင်သွားသည်။ အထူးသဖြင့် အယ်ဒီတာချုပ်က ခုလေးတင် အော်ဟစ်နေခဲ့၏။ အသံလုံနံရံပင် သူါအသံကို မဖုံးနိုင်ခဲ့ပါ။

"ဝမ်ရှင်းယာ့ ဆောင်းလယ်ပွဲတော်မှာ တော်တော်မှ ပျော်ခဲ့ရဲ့လား။ အဖွဲ့ဆီကိုတောင် မသွားဘူး။ အခု ဘယ်ချိန်ရှိနေပြီလဲ သိရဲ့လား။"

အယ်ဒီတာ လီဝေက ဝမ်ရှင်းယာ့ ဝင်လာသည်ကို မမြင်လိုက်ပြီး ငေါက်လိုက်သည်။

"ဘော့စ် ကျွန်မလေ..."

ဝမ်ရှင်းယာ့က လီဝေ၏ ဆူငေါက်ခြင်းကို ခံလိုက်ရသဖြင့် လည်ပင်းတွန့်သွား၏။

ဌာနတစ်ခုလုံးတွင် လီဝေ၏ ကြမ်းတမ်းသော ဒေါသကို မသိသည့်လူက ရှားသည်။ သူ့စိတ်အခြေအနေ မကောင်းပါက သေချာပေါက် ဆဲဆိုပါလိမ့်မည်။

"ဘာကို ကျွန်မလဲ၊ ဆင်ခြေက ဘာဖြစ်ဖြစ် မင်းနောက်ကျတယ်။ မင်းရဲ့ ဒီလ ဘောနပ်စ်ကို လုံးဝ ဖြတ်ပြစ်မယ်။"

လီဝေက ဖြတ်ပြောလိုက်၏။

"ဘော့စ် အဲ့လိုမဟုတ်ပါဘူး။"

ဝမ်ရှင်းယာ့တစ်ယောက် စိတ်ဖိစီးသွားသည်။ ဘောနပ်စ်ဖြတ်တောက်ခြင်းက အယ်ဒီတာချုပ်၏ လက်နက်ဖြစ်ပြီး သေချာပေါက် လုပ်ပါလိမ့်မည်။

"ဘာလဲ။ နင့်သားက ဆေးရုံတက်နေရလို့ နင် သူ့ကို ဂရုစိုက်ပေးနေရလို့ မအိပ်ရသေးတာလို့ ပြောဦးမှာလား။"

လီဝေက လှောင်ပြောင်လိုက်သည်။

ဒီလက်အောက်ငယ်သားများ ပေးသော ဆင်ခြေများဖြင့် သူ စာအုပ်တစ်အုပ်လောက်ပင် ထုတ်လို့ရနေပြီ။

"ဘော့စ် မနေ့က ကျွန်မ ယဲ့ရှောင်ရှန်းကို အင်တာဗျူးနိုင်ခဲ့တယ်။ အဲ့ဒါကြောင့် တစ်ညလုံး ယဲ့ရှောင်ချန်းရဲ့ စာမူကို ပြင်ရင်း အချိန်ကုန်သွားလို့ပါ။"

ဝမ်ရှင်းယာ့က မကျေနပ်စွာ ပြောလိုက်သည်။

"ဘယ်သူ့ကို အင်တာဗျူးလို့ရရ ငါ ဂရုမစိုက်ဘူးကွာ။ ဘာပဲဖြစ်ဖြစ် အလုပ်နောက်ကျလို့ကို မရဘူး။ ဘယ်သူ့ကို အင်တာဗျူးတယ်လို့ ပြောလိုက်တာ..."

လီဝေ၏ သွေးအေးသော မျက်နှာသည် ဝမ်ရှင်းယာ့က မိန်းကလေး ဖြစ်နေရုံနှင့် ပြောင်းလဲမသွားပါ။

သို့သော်လည်း သူ ကြက်သေ သေသွားပြီး ဝမ်ရှင်းယာ့ကို စိုက်ကြည့်လိုက်သည်။ ဝမ်ရှင်းယာ့တစ်ယောက် ငိုလုနီးပါးပင်ဖြစ်သွား၏။

"ဘော့စ် ကျွန်မ ယဲ့ရှောင်ချန်းကို အင်တာဗျူးခဲ့တယ်။"

ဝမ်ရှင်းယာ့က လေသံပျော့ပျော့ဖြင့် ပြောလိုက်သည်။

"ယဲ့ရှောင်ချန်း ယန်မြို့တော်ရဲ့ ထိပ်တန်း ရုက္ခဗေဒပညာရှင် ယဲ့ရှောင်ချန်းလား။"

လီဝေက မယုံကြည်နိုင်ပါ။ ထို့ကြောင့် နာမည်ကို ပြန်ရွတ်ကြည့်လိုက်သည်။

ဝမ်ရှင်းယာ့က ခေါင်းငြိမ့်၏။

"အချက်အလက်တွေ မြန်မြန်ပြစမ်း။"

လီဝေက မစောင့်နိုင်တော့ပါ။

သူ့ထိုင်ခုံမှ ချက်ချင်းထလိုက်ပြီး သူမလက်ထဲက ဖိုင်တွဲများကို ဆွဲယူကာ ကြည့်လိုက်သည်။

အထဲတွင် ယူအက်စ်ဘီ တစ်ချောင်းလည်း ရှိနေ၏။ သူက ထိုယူအက်စ်ဘီကို ကွန်ပျူတာနှင့် ချိတ်ဆက်ကြည့်လိုက်၏။

အတန်ကြာသောအခါ သူ့မျက်နှာပေါ်တွင် ပျော်ရွှင်သော အရိပ်အယောင်တစ်ခုပေါ်လာပြီး ရုတ်တရက် ဝမ်ရှင်းယာ့ကို ကြည့်လိုက်သည်။

"ဝမ်ရှင်းယာ့ ဒီနေ့ကစပြီး မင်းက အယ်ဒီတာအဖွဲ့ရဲ့ ဒုခေါင်းဆောင်ပဲ။"

လီဝေက အတည်ပြောလိုက်ခြင်းဖြစ်သည်။

သူ့ဘေးတွင် အကျည်းတန်သော မျက်နှာဖြင့် လူဝကြီးတစ်ယောက်ရှိနေ၏။ သူက အယ်ဒီတာအဖွဲ့၏ ဒုခေါင်းဆောင်ဖြစ်သဖြင့် သူ့ကို ရာထူးချလိုက်သည်ဟု ပြောလိုက်ခြင်းနှင့် အတူတူပင်။

"ဒါ...ဒါမကောင်းပါဘူး။"

ဝမ်ရှင်းယာ့ အလွန်ပျော်ရွှင်သွားသည်။

"ဘာကို မကောင်းတာလဲ။ ငါက မင်းကို ဒုအဖွဲ့ခေါင်းဆောင်ဆို ဆောင်လိုက်။ မင်းမှာ အစွမ်းအစ ရှိတယ်။ ငါတို့ ချန်နယ်မှာ ထိပ်ဆုံးအထိ တက်သွားနိုင်တယ်။ အသုံးမကျရင်တော့ မြန်မြန်ထွက်ပြီး သွားလိုက်တော့။" ဟု လီဝေက အပေါ်စီးကနေ ပြောဆိုလိုက်ပါသည်။

ဒီလိုနှင့် ဝမ်ရှင်းယာ့တစ်ယောက် သူမ၏ အလုပ်ခွင်တွင် ပထမဆုံးခြေလှမ်းတစ်ခု လှမ်းနိုင်ခဲ့ပါသည်။

ညနေခင်းတွင်။

မိသားစု သုံးယောက်သား ညစာစားနေကြသည်။

တီဗီချန်နယ်တွင် သတင်းလာနေ၏။

ရုတ်တရက် ယဲ့ရှောင်ချန်း၏ ဖုန်းသံ မြည်လာပြီး ထုတ်ကြည့်လိုက်သောအခါ ဖန်းယွမ် ဖြစ်နေသည်။

"ဟယ်လို ရှောင်ချန်းရေ မင်း သတင်းကြည့်လိုက်သေးလား။ သတင်းမှာ မင်း ပါလာတယ်ကွ။ မင်း ဘယ်တုန်းက ယန်မြို့တော် ရုပ်သံလွှင့်ဌာနက အင်တာဗျူးးကို လက်ခံလိုက်တာလဲ။"

ဖန်းယွမ်၏ တည်ငြိမ်သောအသံက ထွက်လာသည်။

"သြော် မနေ့ကလေ။"

ယဲ့ရှောင်ချန်းက ပြောလိုက်၏။

သူ့ဘေးတွင် သူ့အမေက နားကောင်းစွာဖြင့် နားစွင့်နေပြီး ပြောလိုက်သည်။ "သား နင်သတင်းမှာ ပါလာတာလား။ ဘယ်ချန်နယ်လဲ။"

"ယန်မြို့တော် ရုပ်သံလွှင့်ဌာနက ဖြစ်မယ်။ ကျွန်တော်တို့ ရုပ်သံလိုင်းမှာ ကြည့်လို့မရဘူး။"

ယဲ့ရှောင်ချန်းက ပြုံးကာ ပြောလိုက်သည်။

ယနေ့ခေတ်တွင် ကျေးရွာရှိ အိမ်တိုင်း အိမ်တိုင်း ဂြိုဟ်တု ဗန်းပြားများ သုံးနေပြီ ဖြစ်ပြီး အားလုံးက ဂြိုဟ်တု တီဗီချန်နယ်များကို ဖမ်းယူနိုင်သည်။ ပြည်တွင်း တီဗီချန်နယ်များကိုတော့ မဖမ်းယူနိုင်ပါ။

"အေးပါ။"

သူ့အမေ စိတ်ပျက်သွားသည်။

သူမလည်း ယဲ့ရှောင်ချန်း တီဗီတွင်ပါလာသည်ကို မြင်ချင်မိပါသည်။

ယဲ့ရှောင်ချန်းက ဖန်းယွမ်နှင့် စကားခဏလောက် ပြောလိုက်ပြီး ဖုန်းချလိုက်ပါသည်။

ညစာ စားပြီးနောက်တွင် စိုက်ပျိုးရေးခြံသို့ ပြန်သွားပြီး အလုပ်စလုပ်သည်။

ယခု သူစိုက်ပျိုးရေးခြံတွင်နေရတာကို ပိုသဘောကျလာသည်။ သူ့ ဟင်းသီးဟင်းရွက် စိုက်ခင်းပြင်များကို ကြည့်ရင်း အင်မော်တယ် အပင်များ ဖွံ့ဖြိုးလာသည်ကို မြင်ရသောအခါ အောင်မြင်မှု တစ်စုံတစ်ရာကို ခံစားမိပါသည်။

စိတ်လည်း အပန်းပြေ၊ အောင်မြင်မှုလည်း ရရှိသည်။

ယဲ့ရှောင်ချန်းသည် စိုက်ပျိုးရေးခြံတွင် ရက်ပေါင်းများစွာ နေထိုင်ပြီး အပြင်မထွက်သလောက် ရှားပါးပါသည်။

လီကျန့်ရမ်၏ မက်ဆေ့ချ်အရ ကုမ္ပဏီ တည်ထောင်ဖို့ လုပ်ငန်းစဥ်အားလုံးကို ပြီးဆုံးသွားပြီ ဖြစ်သည်။

ကုမ္ပဏီကို  ကျင်းကောင်တီ အင်မော်တယ်စမ်းရေ စားသောက်ဆိုင်ကွင်းဆက် ကုမ္ပဏီ လီမီတက်ဟု စာရင်းသွင်းထားသည်။

စားသောက်ဆိုင်များကိုလည်း အင်မော်တယ်စမ်းရေ အမည်ပါအောင် နာမည်ပေးမည်ဖြစ်သည်။ ဒီလိုလုပ်ခြင်းဖြင့် အင်မော်တယ်စမ်းရေ ဟင်းသီးဟင်းရွက် အမှတ်တံဆိပ်တစ်ခုကို ဖန်တီးပြီးသား ဖြစ်သွားပါလိမ့်မည်။

စားသောက်ဆိုင်အတွက် တည်နေရာကိုလည်း ရွေးချယ်ပြီးသွားပြီ ဖြစ်သည်။ ကျင်းကောင်တီ၏ ဖွံ့ဖြိုးမှု ဇုန်အသစ် ခရမ်းတောင်ရွာတွင် ဖြစ်ပါသည်။

ခရမ်းတောင်ရွာက အပန်းဖြေမှုနှင့် ဖျော်ဖြေမှုတို့အတွက် နေရာကောင်းတစ်ခုဖြစ်ပါသည်။ မတူညီသော ဒေသတစ်ခုမှ သူဌေးကြီးတစ်ယောက်က ရင်းနှီးမြှုပ်နှံပြီး တည်ဆောက်ထားခြင်း ဖြစ်ပါသည်။

ထိုကဲ့သို့ နေရာမျိုးတွင် စားသောက်ဆိုင်ဖွင့်ခြင်းက ပုံမှန်ပင်။

အင်မော်တယ်စမ်းရေ ဟင်းသီးဟင်းရွက် စားသောက်ဆိုင်က အဆင့်မြင့် ဟင်းသီးဟင်းရွက်များကို အထူးပြုထားပြီး စျေးနှုန်းကလည်း အလွန်ကြီးမားပါလိမ့်မည်။

လီကျန့်ရမ်၏ ပြောစကားအရ အများဆုံး လဝက်လောက် ကြာပြီးလျှင် ပြင်ဆန်မှုများ ပြီးဆုံးသွားပြီး ဆိုင်တန်းဖွင့်နိုင်လိမ့်မည် ဖြစ်ပါသည်။

ထိုကိစ္စများကို သူ စိုးရိမ်ဖို့ မလိုပေ။

လောလောဆယ် ယဲ့ရှောင်ချန်းတစ်ယောက် ဖူဆန်သစ်ပင်ရှေ့တွင် ထိုင်ချလိုက်ပြီး မျက်လုံးများမှိတ်ကာ လက်ငါးချောင်းဖြင့် ထိတွေ့လျက် သူ့စိတ်ဝိညာဥ်ပါရမီကို အသုံးပြုပြီး ဖူဆန်သစ်ပင်၏ အသိစိတ်နှင့် ဆက်သွယ်ကြည့်လိုက်သည်။

သူ့ဆက်သွယ်မှုအာရုံအရ ဖူဆန်သစ်ပင်၏ အသိစိတ်မှာ မီးတောက်လိုဖြစ်နေသည်။

"ကောင်းလိုက်တာ။ ဖူဆန်သစ်ပင်အနားမှာ စိုက်ထားတဲ့ အနီရောင်ပဲစေ့တွေက ဖူဆန်သစ်ပင်ရဲ့ အသိစိတ်နဲ့ ဆက်နွယ်လှုံ့ဆော်မှု ရှိနေတယ်ထင်တယ်။ အဲ့တာကြောင့် ဆက်သွယ်မှု တံတားတစ်ခု ဖန်တီးလိုက်နိုင်တယ်။ အဲ့တာကြောင့် ဖူဆန်သစ်ပင်က ထုတ်လွှတ်လိုက်တဲ့ မီးချီကို အနီရောင် အင်မော်တယ် ပဲစေ့တွေက စုပ်ယူနိုင်တယ်။"

ယဲ့ရှောင်ချန်းတစ်ယောက် စိတ်ကျေနပ်သွားသည်။

အသိစိတ်လှုံ့ဆော်ခြင်းကို မရရှိနိုင်ပါက အင်မော်တယ် အနီရောင်ပဲစေ့တွေက ဖူဆန်သစ်ပင်၏ မီးချီကို စုပ်ယူဖို့ ခက်ခဲသွားနိုင်သည်။

ဒီလိုနှင့် ဖူဆန်သစ်ပင်က ဒီနယ်မြေရှိ အင်မော်တယ် အပင်များ၏ ဘုရင်လိုဖြစ်လာသည်။

"ဖူဆန်သစ်ပင်နဲ့ နည်းနည်းဝေးနေတဲ့ အနီရောင် အင်မော်တယ် ပဲစေ့တွေရှိပြီး လှုံ့ဆော်မှုကလည်း ပိုအားနည်းနေတယ်။ မီးချီစုပ်ယူမှုက အဲ့ဒီအပင်တွေထဲမှာ မလုံလောက်ဘူး။"

ဒီလို ဆက်သွယ်မှုမျိုးမှတဆင့် ယဲ့ရှောင်ချန်းက ဖူဆန်သစ်ပင်၏ စွမ်းအင်ထုတ်ပေးနိုင်သည့် အကွာအဝေးကို သိနိုင်ခဲ့သည်။

ထိုအကွာအဝေးအတွင်း အနီရောင် အင်မော်တယ် ပဲစေ့များတွင် ပုံမှန် ဖွံ့ဖြိုးမှုရှိပြီး ထိုအကွာအဝေးကို ကျော်လွန်သွားပါက မီးချီအထောက်အပံ့နည်းပါးသွားမည်ဖြစ်သည်။

အခြားနည်းလမ်းတော့ မရှိပါ။

ဘာပဲဖြစ်ဖြစ် ယဲ့ရှောင်ချန်းသည် အရင်က ဒါတွေကို မသိခဲ့ပေ။ အပင်စိုက်ခြင်း လုပ်ငန်းစဥ်များ၊ ရှန်းနုန်မိတ်ဆက်လမ်းညွှန်မှ အသိပညာများနှင့် လေ့ကျင့်မှုများကို ပေါင်းစပ်ပြီးမှသာ ဖြည်းဖြည်းချင်း ကျွမ်းကျင်လာခြင်းဖြစ်သည်။

ရုတ်တရက် ယဲ့ရှောင်ချန်းတစ်ယောက် အနည်းငယ် အံ့အားသင့်သွားပါသည်။ ထို့နောက် အင်မော်တယ် ပျားအုံက ချက်ချင်း လေထဲမှ ပေါ်လာခဲ့သည်။

ခုလေးတင် ဝတ်မှုန်ကူး ပျားပိုးတုံးလုံးလေးသည် ပျားတစ်ကောင်အဖြစ် ပြောင်းလဲတော့မည်ဟု အာရုံရလိုက်ပါသည်။

"ဘာလို့ ဒီလောက်တောင် မြန်နေတာလဲ။"

ယဲ့ရှောင်ချန်းတစ်ယောက် အလွန်အံ့အားသင့်သွားပါသည်။

သူ ဝတ်မှုန်ကူးပျားဥကို ဝယ်ယူခဲ့သည်မှာ တစ်လကျော်ကြာပြီ ဖြစ်သည်။

ပျားဥမှ ပိုးတုံးလုံးအဆင့်ထိ ရောက်ဖို့အတွက် တစ်လနီးပါး ကြာမြင့်သည်။ ပိုးတုံးလုံးမှ ပျားအဖြစ်ရောက်ဖို့ အချိန်ပိုကြာလိမ့်မည်ဟု ထင်ထားသော်လည်း ယခုတော့ အလွန် လျင်မြန်စွာ အရွယ်ရောက်သွားပြီ ဖြစ်သည်။

ယဲ့ရှောင်ချန်းသည် အလျင်စလိုပင် အင်မော်တယ်ပျားအုံကို ဖွင့်ကြည့်လိုက်သည်။

All Chapters