ကိုယ်စားလှယ်လောင်းများ
Vol. 9 Ch. 130
အခန်း(၁၃၀) - ကိုယ်စားလှယ်လောင်းများ
"ကြက်ကြီးရေ မြန်မြန်ထပါဟ။ ငါ မင်းအသက်ကို ကယ်လိုက်တာနော်။"
ယဲ့ရှောင်ချန်းသည် ကြက်ကြီးကို ကိုင်လျက် စိုက်ပျိုးရေးခြံသို့ ပြန်လာခဲ့သည်။
ကြက်ကြီးက သတိရမလာသေးဘဲ ၎င်း၏ အသက်အခြေအနေကလည်း ပုံမှန်ပဲဖြစ်သဖြင့် ယဲ့ရှောင်ချန်းတစ်ယောက် ပျင်းရိလာကာ အချိန်ဖြုန်းဖို့အတွက် စာအုပ်တစ်အုပ် ဖတ်နေလိုက်ပါသည်။
သုံးနာရီကြာသောအခါ ကြက်ကြီးက အသံအကျယ်ကြီး အော်လိုက်သည်။ အစက မြေပေါ်တွင် လဲနေသော ကြက်ကြီးမှာ ဘာမှမဖြစ်ခဲ့သလို လမ်းထလျှောက်လေ၏။
ယဲ့ရှောင်ချန်းသည် အလျင်အမြန်ပင် ကြက်ကြီးကို ဖမ်းဆုပ်ကာ ဂရုတစိုက် ထပ်မံစစ်ဆေးကြည့်လိုက်သည်။ နောက်ဆက်တွဲ ဆိုးကျိုးလည်း ဘာမှမရှိပေ။
"ဝတ်မှုန်ကူးပျားရဲ့ အမြှီးက မေ့ဆေး အာနိသင်ပဲရှိပြီး တခြား အဆိပ်ရှိတဲ့ ဘေးထွက်ဆိုးကျိုး ဘာမှမရှိဘူးထင်တယ်။"
ယဲ့ရှောင်ချန်း ကောက်ချက်ချလိုက်၏။
သို့သော်လည်း သူ အနည်းငယ် သတိထားပြီး စမ်းသပ်ချက်များ ထပ်လုပ်ဖို့ ဆုံးဖြတ်လိုက်ပါသည်။
ထို့အပြင် ဝတ်မှုန်ကူးပျားကို ၎င်း၏ အမြှီးမှ အဆိပ်ပစ္စည်းများ ထုတ်လွှတ်မှုကို လျှော့ချဖို့ အမိန့်ပေးကြည့်သည်။
ဒီလိုနှင့် အိမ်က ကြက်များကတော့ ငရဲကျနေခဲ့ရပါသည်။
သူ့အမေကို ဖုံးကွယ်ထားရန်အတွက် ယဲ့ရှောင်ချန်းက ကြက်သူခိုးတစ်ယောက်လို ကြက်များ လဲကျသွားသည့်အခါတွင် ထိုကြက်ကို ထုတ်ပိုးပြီး စိုက်ပျိုးရေးခြံသို့ ရွှေ့လိုက်၏။
ဘေးထွက်ဆိုးကျိုး ဘာမှမရှိပါ။
အတုပ်ခံရသည့် ကြက်များကလည်း သွက်သွက်လက်လက်ဖြင့် အသက်ရှင်နေဆဲပင်။
ဝတ်မှုန်ကူးပျား၏ အမြှီးက မသေစေနိုင်ကြောင်း သိပြီးသောအခါ ယဲ့ရှောင်ချန်း၏ စိတ်က ထပ်မံ တက်ကြွလာပြန်သည်။
မကြာမီ မရီးဟွေ့၏ အိမ်တွင် မွေးထားသည့် ဝတုတ်ဝက်ကြီးဖြင့် စမ်းသပ်ရန် အကြံရသွားသည်။
ဝတ်မှုန်ကူးပျားအမြှီး၏ အကျိုးသက်ရောက်မှုကို အကောင်ကြီးကြီး တိရိစ္ဆာန်များဖြင့် စမ်းသပ်ချင်ခြင်း ဖြစ်ပါသည်။
ဒီလိုနှင့် ဝတုတ်ဝက်ကြီးက တစ်နာရီကျော် လဲလျောင်းသွားသည်။ မရီးဟွေ့ကလည်း သူမ မိသားစု မွေးထားသည့် ဝက်ကြီးသေသွားပြီဟုထင်ကာ သေမတတ် ကြောက်လန့်သွား၏။
ဉာဏ်နီဉာဏ်နက်များခဲ့သော ယဲ့ရှောင်ချန်းကတော့ ဘာမှမသိသလို ဟန်ဆောင်နေခဲ့ပါသည်။
နောက်ဆုံးတော့ ယဲ့ရှောင်ချန်းက ရွာထဲက အခြားသူများ မွေးထားသည့် တိရိစ္ဆာန်များကိုပါ မျက်စိကျလာခဲ့သည်။
ခွေး၊ သိုး၊ နွား...
လမ်းမပေါ်တွင် လမ်းလျှောက်နေတတ်သည့် ခွေးများ၊ လယ်ကွင်းထဲတွင် အစာစားနေကြသည့် နွားများ သိုးများလည်း ရုတ်တရက် မေ့လဲကုန်ကြပါသည်။
အခုတော့ ရွာသားများ ကြောက်လန့်ကုန်ကြလေပြီ။
သူ့အိမ်မွေးခွေးနှစ်ကောင်လည်း စမ်းသပ်ခံများ ဖြစ်လာခဲ့ပါသည်။
အင်မော်တယ် မြေတွင် အချိန်အကြာကြီး နေခဲ့သောကြောင့်လားမသိ၊ ထိုခွေးနှစ်ကောင်က ဝတ်မှုန်ကူးပျားမြှီးကို အခြားသာမန်တိရိစ္ဆာန်များထက် ပိုမို ခံနိုင်ရည်ရှိနေပါသည်။ ကျွဲများထက်ပင် ပိုမို ခံနိုင်ရည် ရှိပါသည်။
အခုတော့ ယဲ့ရှောင်ချန်းကို မြင်လျှင် ထိုခွေးနှစ်ကောင် တုန်ယင်နေကြပါပြီ။
မျက်စိတစ်မှိတ်အတွင်း စက်တင်ဘာလ အကုန်သို့ ရောက်လာပြီဖြစ်သည်။
ရာသီဥတုကလည်း အေးစက်လာခဲ့လေပြီ။
ယဲ့ရှောင်ချန်းက အင်မော်တယ်မြေတွင် မတ်တပ်ရပ်နေကာ အဝါရောင်အင်မော်တယ် ပဲပင်များနှင့် အနီရောင်အင်မော်တယ် ပဲပင်များက ပန်းပွင့်ငယ်များဖြင့် ဖုံးလွှမ်းနေသည်ကို တွေ့လိုက်ရသည်။
အဝါရောင် အင်မော်တယ် ပဲပင်များ၏ ပန်းပွင့်များက အဖြူရောင်ဖြစ်ပြီး အနီရောင် အင်မော်တယ် ပဲပင်များ၏ ပန်းပွင့်များက ခရမ်းနက်ရောင် ဖြစ်ပါသည်။
ဖူဆန်သစ်ပင်က ပိုရှည်မလာသေးသော်လည်း အဖူးများမှ ကိုင်းများ သစ်ရွက်များ စတင်ဖွဲ့တည်လာပြီဖြစ်ပါသည်။
ပိုမိုပြင်းထန်သော ပူလောင်သည့် လေထုကိုပင် ထုတ်လွှတ်လာကြသည်။
ထိုအချိန်တွင် တဂျီဂျီမြည်သံတစ်ခုကို ကြားနိုင်၏။ ဝတ်မှုန်ကူးပျားက ပန်းပွင့်များအကြားတွင် အလုပ်ရှုပ်နေပါသည်။
ဝတ်မှုန်ကူးပျား၏ အသိစိတ်မှ ပျော်ရွှင်မှုကို ယဲ့ရှောင်ချန်း အာရုံခံနိုင်ပါသည်။
ဘာပဲဖြစ်ဖြစ် ယဲ့ရှောင်ချန်း ဖော်စပ်ထားသည့် ပျားရည်အဆင့်မှာ အလွန်နိမ့်ကျပြီး ဝတ်မှုန်ကူးပျား၏ အစားအစာအတွက် မသင့်လျော်ပါ။
ယင်းအစား ဒီအင်မော်တယ် အပင်များ၏ ဝတ်မှုန်များက ဝတ်မှုန်ကူးပျား အနှစ်သက်ဆုံးအရာများ ဖြစ်ပါသည်။
"ဝတ်မှုန်ကူးပျားကြောင့် ဒီအင်မော်တယ် ပဲပင် နှစ်မျိုးရဲ့ အထွက်နှုန်းနဲ့ အရည်အသွေးတွေ အများကြီး တိုးတက်သွားလိမ့်မယ်ထင်တယ်။"
ယဲ့ရှောင်ချန်း တွေးလိုက်၏။
ဝတ်မှုန်ကူးပျားမှာ ဝတ်မှုန်ကူးခြင်းသာ ဆောင်ရွက်သည်မဟုတ်ဘဲ ဝတ်မှုန်များကို အားကောင်းစေသည့် ခန္ဓာကိုယ်အရည်တစ်မျိုးကို စစ်ထုတ်ပေးသည်။
ဒီအင်မော်တယ် ပဲပင်အသုတ်၏ ပန်းပွင့်ကာလ ပြီးဆုံးသွားသောအခါ အင်မော်တယ် ပဲပင် နောက်တစ်သုတ်၊ အင်မော်တယ် ဂျုံစပါးများ၊ အင်မော်တယ် မြက်များကိုသာ စောင့်နေနိုင်တော့သည်။
မုန်လာဥဖြူများကိုတော့ ရိတ်သိမ်းဖို့ အသင့်ဖြစ်နေပါပြီ။ မျိုးစေ့အနည်းငယ်ကိုတော့ ပျိုးထောင်ဖို့ ချန်ထားပါဦးမည်။
ထို့အပြင် မျိုးစေ့ပျိုးထောင်ခြင်းအတွက် အထူးနည်းလမ်းတစ်ခု ရှိကြောင်း မကြာသေးခင်ကမှ ရှန်းနုန်မိတ်ဆက်လမ်းညွှန်ထဲတွင် ဖတ်ခဲ့ရသည်။
ယခင်က သဘာဝအတိုင်း ရလာသော အင််မော်တယ် ပဲစေ့ ဒုတိယမျိုးဆက်ကို ယဲ့ရှောင်ချန်း အားကိုးခဲ့သည်။
တိတိကျကျ ပြောရလျှင်တော့ မအောင်မြင်ခဲ့ပါ။
သန့်စင်မှုနှင့် ဝိညာဥ်ဂုဏ်သတ္တိများကြောင့်သာ မဟုတ်ပါက တန်ဖိုးပင် မရှိလောက်ပါ။
ဒီတစ်ခေါက် ထိုအထူးပျိုးထောင်နည်းလမ်းကို အသုံးပြုပြီး မုန်လာဥဖြူမျိုးစေ့များကို ပျိုးထောင်ပေးမည်ဖြစ်ပါသည်။
အင်မော်တယ်ပဲစေ့များအတွက်လည်း ထိုနည်းလည်းကောင်း ပျိုးထောင်နည်းလမ်းများကို အသုံးပြုပါမည်။
ရုတ်တရက် သူ့ဖုန်းသံမြည်လာ၏။
ဖုန်းကို ထုတ်ကြည့်လိုက်သောအခါ လီကျန့်ရမ် ခေါ်နေမှန်း တွေ့လိုက်ရသည်။ အင်မော်တယ် စမ်းရေ သက်သက်လွတ် စားသောက်ဆိုင် ဖွင့်လှစ်ခြင်းနှင့် ပတ်သတ်နေလိမ့်မည်ဟု ချက်ချင်း နားလည်သွားသည်။
"ညီအစ်ကိုယဲ့ ဖွင့်မယ့်နေ့ကို သတ်မှတ်ပြီးသွားပြီ။ ၁၁ ရက်နေ့ ဖြစ်မယ်။ ပြီးတော့ စားသောက်ဆိုင်ရဲ့ အပြင်အဆင်လည်း ပြီးလုနီးပါးဖြစ်နေပြီ။ အချိန်ရရင် လာကြည့်ပါဦး။"
လီကျန့်ရမ်က ရယ်မောရင်း ပြောလိုက်သည်။
"ကောင်းပါပြီ။"
ယဲ့ရှောင်ချန်းက ရိုးရိုးရှင်းရှင်း ပြန်ဖြေလိုက်သည်။
သူတို့က ကုမ္ပဏီ၏ ကိစ္စအဝဝကို ဆောင်ရွက်နေကြရပြီး ယဲ့ရှောင်ချန်းကတော့ ဘာမှမလုပ်ရသလောက်ရှိသည်။
သို့သော်လည်း ကုမ္ပဏီ စတင်လည်ပတ်ပါက တစ်စုံတစ်ယောက်ကို ပို့လိုက်ဖို့ စီစဥ်ထား၏။ ဘာပဲဖြစ်ဖြစ် လူများစွာက ပူးပေါင်းဆောင်ရွက်နေကြသည် ဖြစ်သဖြင့် လှည့်ကွက်သုံးဖို့ လွယ်ကူပါသည်။
ယဲ့ရှောင်ချန်းက အမှောင်ထဲတွင် ပုန်းမနေချင်ပါ။
သင့်တော်သူကို ရှာဖို့ကလည်း ခက်ခဲ၏။
ထိုလူက နီးစပ်ရမည်။ ယုံယုံကြည်ကြည် အသုံးချနိုင်ပြီး အစွမ်းအစလည်း ရှိရမည်။ မဟုတ်ပါက ထိုလူမှာ အလှပြရုံသက်သက်သာ ဖြစ်နေပါလိမ့်မည်။
ယဲ့ရှောင်ချန်းကိုယ်တိုင် သွားနိုင်လျှင်တော့ အကောင်းဆုံး ဖြစ်ပါလိမ့်မည်။
သို့သော်လည်း သူ့မှာ အချိန်မရှိပေ။ ငွေရှာဖို့က အရေးကြီးသော်လည်း အင်မော်တယ် အပင်များ စိုက်ပျိုးရေးနှင့် ယှဥ်လျှင်တော့ ဘာမှ မဟုတ်ပါ။
အများကြီး စဥ်းစားချင့်ချိန်ပြီးနောက် လူတစ်ယောက်ကို ရွေးဖို့ ယဲ့ရှောင်ချန်း ဆုံးဖြတ်လိုက်ပါသည်။
သူ့ဒေါ်လေး၏ အကြီးဆုံးသမီး ရှီကျွမ်းသည် ကောလိပ်တစ်ခုမှ စာရင်းကိုင်မေဂျာဖြင့် ဘွဲ့ရခဲ့သည်။ ရှန်ဟိုင်းရှိ နိုင်ငံခြားကုန်သွယ်ရေးကုမ္ပဏီတစ်ခု၌ အလုပ်လုပ်နေ၏။ သို့သော် လတ်တလောတွင် သူမ အလုပ်ပြောင်းဖို့ ရှာနေသည်ဟု ဒေါ်လေးထံမှ ကြားခဲ့ရ၏။
ယဲ့ရှောင်ချန်းကလည်း ရှီကျွမ်းနှင့် ဆက်ဆံရေး ကောင်းမွန်ပြီး မကြာခဏ ဖုန်းပြောလေ့ ရှိပါသည်။
သူ့ဒေါ်လေးနှင့် ဦးလေးက အလုပ်သွားသောအခါ ရှီကျွမ်းနှင့် သူမ၏ မောင်နှစ်ယောက်ကို ယဲ့ရှောင်ချန်း၏ အိမ်တွင် နေဖို့ ထားခဲ့ဖူးသည်။
ဒီလိုနှင့် အတူတူ ကြီးပြင်းလာခဲ့ကြပါသည်။
ရှီကျွမ်းက သွက်လက်ပြီး ရိုးသားသည်။ သူမ၏ ဆက်ဆံရေး စွမ်းရည်ကလည်း ကောင်းမွန်သည်။ ထို့ကြောင့် သူမ၏ အစွမ်းအစကိုတော့ ပြောစရာပင် မလိုတော့ပါ။
ထိုအထိ စဥ်းစားပြီးနောက် ရှီကျွမ်းကို ဖုန်းဆက်ပြီး လက်ရှိအခြေအနေအကြောင်း မေးကြည့်ဖို့ ယဲ့ရှောင်ချန်း ဆုံးဖြတ်လိုက်သည်။
ရှန်ဟိုင်းတွင်...
အငှားအိမ်တစ်လုံး၌...
လောလောဆယ် ရှီကျွမ်းမှာ အလွန်စိတ်ရှုပ်နေပါသည်။
သူမ နှုတ်ထွက်စာ တင်ထားပြီး ကုမ္ပဏီ၏ သဘောတူညီချက်ကို စောင့်နေခြင်းဖြစ်၏။
သို့သော် ကုမ္ပဏီ ခေါင်းဆောင်များက သူမကို ဆက်ခေါ်ထားချင်ပြီး လစာတိုးပေးဖို့ကိုပင် ကတိပေးနေကြသည်။
ရှီကျွမ်း၏ အစွမ်းအစကို အားလုံးက သိသိသာသာ မြင်နိုင်ကြပါသည်။ ကုမ္ပဏီ၏ ငွေကြေးဌာနတွင် ဒီလို အလုပ်သမားမျိုး မရှိပါက အချိန်တိုအတွင်း ပြန်ခေါ်ယူနိုင်ဖို့လည်း ခက်ခဲပါလိမ့်မည််။
ရှီကျွမ်း၏ ပြဿနာက ရာထူးတိုး၊ လစာတိုးခြင်းမဟုတ်ပါ။ သူမမှာ ကိုယ်ဝန်ရှိနေသောကြောင့်ဖြစ်ပါသည်။
သူမ၏ ရည်းစားက ကောလိပ်တွင် အတန်းဖော်ဖြစ်ခဲ့ပြီး ထိုအချိန်ကတည်းက ချစ်ကြိုက်ခဲ့ကြကာ ယခုထိ အတူတူ ရှိနေကြဆဲဖြစ်သည်။
၎င်းတို့၏ သက်ဆိုင်ရာအလုပ်များမှ ထွက်ပြီးနောက် နှစ်ပေါင်းများစွာ စုဆောင်းထားသည့် ငွေများကို အသုံးပြုပြီး ဆိုင်တစ်ဆိုင်ဖွင့်ဖို့ စီစဥ်ထားကြသည်။
သို့သော်လည်း အခုတော့ သူမ ကိုယ်ဝန်ရှိနေပြီ ဖြစ်ပြီး လက်ထပ်ရပါတော့မည်။
သူမ အခုသာ အလုပ်ထွက်လိုက်ပါက ရှေ့လျှောက် အချိန်တစ်ခုအထိ ဝင်ငွေမရှိဘဲ ထွက်ငွေသာ ရှိနေပါလိမ့်မည်။
ဘာပဲဖြစ်ဖြစ် ဆိုင်တစ်ဆိုင် ဖွင့်လိုက်ခြင်းက အမြတ်တွေ အမြဲရနိုင်မည်မဟုတ်ဘဲ ငွေပင် ဆုံးရှုံးသွားနိုင်ပါသည်။
မင်္ဂလာကိစ္စကလည်း နောက်ထွက် ငွေကုန်ပေါက်တစ်ခုဖြစ်ပါသည်။
သူမ ကလေးရလာပါက ပို၍ပင် ကုန်ကျစရိတ် များပါဦးမည်။
တစ်ဖက်တွင်တော့ သူမအမေက သူမ၏ ရည်းစားကို သဘောမကျပါ။ ရည်မှန်းချက် မရှိဘူးဟု ခံစားနေရခြင်းကြောင့်ဖြစ်သည်။
သူမကတော့ သဘောကျပါသည်။ သူမ ရည်းစား သူမအပေါ် ကောင်းပါက ငွေရှာဖို့အတွက် သူမလည်း ရှိနေသည် မဟုတ်ပါလား။
ဆိုင်တစ်ဆိုင်ဖွင့်ဖို့ကလည်း သူမအကြံဖြစ်ပါသည်။
သူမရည်းစားက အခြေအနေ တည်ငြိမ်ဖို့အတွက် မျှော်လင့်နေသည်။
ကံမကောင်းစွာဖြင့် သူမက လက်ရှိအခြေအနေများကို မကျေနပ်ဘဲ အလုပ် လခကလည်း နည်းလွန်းသည်ဟု ခံစားရသည်။
"သဲရေ စိတ်မပူပါနဲ့။ သဲ အလုပ်ပြန်လုပ်လို့ ရပါတယ်။ ကိုယ်လည်း အွန်လိုင်းဆိုင်တစ်ဆိုင်လောက် အရင်ဖွင့်လိုက်မယ်လေ။ ဘာပဲဖြစ်ဖြစ် အွန်လိုင်းဆိုင်ကနေလည်း နည်းနည်းလောက်ဖြစ်ဖြစ် ဝင်ငွေရမှာပါ။"
ရှီကျွမ်း၏ ရည်စား ချိုင်ချန်းက သူ့ကောင်မလေး စိတ်ပူနေသည်ကို မြင်ကာ အမြန် နှစ်သိမ့်ပေးလိုက်သည်။
သူတို့နှစ်ယောက် အလုပ်လုပ်ရင်း အွန်လိုင်းဆိုင်လည်း ဖွင့်ကြမည်။ ဒါက အတော်လေး ကောင်းပါသည်။
"အဲ့လိုပဲ လုပ်ရတော့မှာပေါ့။"
ရှီကျွမ်းက သက်ပြင်းချလိုက်သည်။
သူမ ပြန်မသွားချင်ပါ။ ဖိအားများလွန်းသည်။
သူတို့နှစ်ဦး စိတ်ဆုံးဖြတ်ချက် ချလိုက်စဥ်မှာပင် ရုတ်တရက် ဖုန်းသံ မြည်လာ၏။
ရှီကျွမ်းက ဖုန်းကိုကြည့်လိုက်သောအခါ အနည်းငယ် အံ့အားသင့်သွား၏။
"မိန်းမ ဘယ်သူလဲ။"
ချိုင်ချန်းက မေးလိုက်၏။
"အစ်ကို ရှောင်ချန်း ဖုန်းဆက်တာ။"
ရှီကျွမ်းက ပြောလိုက်သည်။
သူမက ယဲ့ရှောင်ချန်းအောက် တစ်နှစ်ငယ်ပါသည်။
"ဒါဆိုလည်း မြန်မြန်ကိုင်လိုက်လေ။ အစ်ကိုချန်းက ပြောစရာ တစ်ခုခုရှိလို့နေမယ်။"
ချိုင်ချန်းက အမြန်ပြောလိုက်၏။
ယခုတော့ ယဲ့ရှောင်ချန်း၏ ဆွေမျိုးများအကြားတွင် ယဲ့ရှောင်ချန်းအကြောင်း မသိသူ မရှိတော့ပေ။
ရှီကျွမ်းက သူ့ထံပြန်မသွားခဲ့သော်လည်း ဖုန်းမှတဆင့် ဂုဏ်ပြုခဲ့ပါသည်။
"ဟုတ်ပါပြီ။"
ရှီကျွမ်းက ခေါင်းငြိမ့်ကာ ချက်ချင်း ဖုန်းဖြေခလုတ်ကို နှိပ်လိုက်ပါသည်။