← Chapters

ပံ့ပိုးမှု

Vol. 9 Ch. 135

ပံ့ပိုးမှု

Vol. 9 Ch. 135

အခန်း(၁၃၅) - ပံ့ပိုးမှု

ပညာရှင်အသင်း ကျင်းယုဖန်သို့ လာရောက် လေ့လာဆန်းစစ်စဥ်က ယန်ရှစ်မြို့၏ ဒုမြို့တော်ဝန်လည်း ပါခဲ့ပြီး ထိပ်တန်း အပင်ပညာရှင် တစ်ဦးဖြစ်သော ယဲ့ရှောင်ချန်းက ယန်ရှစ်မြို့ခေါင်းဆောင်များ၏ ရင်ထဲတွင် ပိုပိုပြီးနေရာရလာပါသည်။

ဘာပဲဖြစ်ဖြစ် ကောင်တီမြို့ခေါင်းဆောင်များ သူတို့ထံသို့ ရောက်လာလျှင်တောင် စားသောက်ဆိုင်ဖွင့်ပြီးနောက် သေချာပေါက် ကောင်တီမြို့၏ အခွန်အာဏာကို အကျိုးပြုမည်ဖြစ်ပါသည်။

ခေတ်သစ်ငွေကမ္ဘာကြီးတွင် စည်းစိမ်ဥစ္စာက အမြဲတမ်း အာဏာကို ကိုယ်စားပြုသည်။ ငွေကိုလည်း အာဏာက ကာကွယ်ပေးထားရမည်ဖြစ်သည်။

တချိန်က သေးသိမ်သော လူတစ်ယောက်ဖြစ်ခဲ့သည့် ဝမ်ရွှေရှန့်က ယန်ရှစ်မြို့တော်တွင် အချမ်းသာဆုံးလူ ဖြစ်လာခဲ့ပြီး အာဏာကြီးသူဖြစ်ကာ ယန်ရှစ်မားကတ်များမှ ရောက်လာခဲ့ခြင်းဖြစ်ပါသည်။

ယနေ့ ဝမ်ရွှေရှန့်တွင် အဆက်အသွယ်များ ရှိနိုင်သည်။ အဘယ့်ကြောင့်ဆိုသော် ခိုင်မာသော နောက်ခံနှင့် အဆက်အသွယ်များမရှိပါက မဖြစ်နိုင်ပါ။

ယခု ဝမ်ရွှေရှန့်နှင့် ကျန်းဟုန်ယဲ့တို့ အတူတူ ရောက်လာကြသဖြင့် သူတို့နှစ်ယောက်အကြား ဆက်ဆံရေးက သာမန်ထက်ပိုလောက်သည်။

"အတွင်းရေးမှူးကျန်းလည်း ရောက်နေတာကိုး။ ကျွန်တော်တို့ ကောင်တီပါတီကော်မတီနဲ့ အစိုးရကို ကြိုသတိပေးမှပေါ့ဗျာ။"

"ကျွန်တော်တို့ တကယ် မပြင်ဆင်ထားမိဘူး။"

ကောင်တီပါတီကော်မတီက အတွင်းရေးမှူးလျို့က လူကိုယ်တိုင် ရောက်လာပြီး သူ့ကို ကြိုဆိုလိုက်သည်။ လေသံတွင်လည်း ရိုးသားမှုနှင့် ကြောက်ရွံ့မှုတို့ ပါဝင်နေ၏။

ဘာပဲဖြစ်ဖြစ် ဒီကောင်တီမြို့၏ ခေါင်းဆောင်မှုအောက်တွင် အရေးပါနိုင်လောက်သည်။

"ရပါတယ်။ ဒီတစ်ခေါက် ကျွန်မစိတ်ကူးနဲ့ ကျွန်မ ဖွင့်ပွဲကို လာတက်တာပါ။ ဘာအတွေးမှလည်း မရှိပါဘူး။ စိတ်အေးအေးထားပါ။"

ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး သက်လတ်ပိုင်းအရွယ် ချောမောလှပသည့် အမျိုးသမီးဖြစ်သော ကျန်းဟုန်ယဲ့က တည်ငြိမ်စွာ သဘောကောင်းစွာဖြင့် ပြန်ပြောလိုက်ပါသည်။

သို့သော်လည်း သူမ၏ မျက်လုံးများတွင် လူများ၏ စိတ်ထဲကို ဖောက်ထွင်းမြင်နိုင်သော မှော်အစွမ်းရှိပုံရသည်။ သူမ၏ မျက်လုံးများက ယဲ့ရှောင်ချန်းထံ ရောက်သွားပြီး ရယ်မောကာ ပြောလိုက်သည်။ "ရှင်က ယဲ့ရှောင်ချန်း ဖြစ်ရမယ်။ အင်း ရှင်က အရမ်းအလုပ်ကြိုးစားတာပဲ။ ကျွန်မတို့ယန်ရှစ်က ရှင့်အတွက် ဂုဏ်ယူပါတယ်။"

စကားလုံး အနည်းငယ်သာ ဖြစ်သော်လည်း သူ့ကို ယဲ့ရှောင်ချန်းအား ပိုမို အာရုံစိုက်သွားစေသည်။

"အတွင်းရေးမှူး ကျန်း။ ဖွင့်ပွဲက ကြိုဆိုပါတယ်ဗျာ။ ကျေးဇူးပြုပြီး အထဲဝင်ခဲ့ပါဦး။"

ယဲ့ရှောင်ချန်းက စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ ဒီအရာရှိက တကယ် အရှိန်အဝါရှိလှပါသည်။

ယဲ့ရှောင်ချန်းက ဝမ်ရွှေရှန့်ကို အမြန်နှုတ်ဆက်လိုက်ပါသည်။

"အစ်ကိုကြီးဝမ် အတွင်းရေးမှူးကျန်းကို ဖိတ်ခဲ့တာလား။"

ယဲ့ရှောင်ချန်းက ရုတ်တရက် မေးလိုက်သည်။

ကျန်းဟုန်ယဲ့က သူ့ထံသို့ တကူးတက လာလိမ့်မည်ဟု ယဲ့ရှောင်ချန်း မထင်ပါ။

အခုတော့ ကျန်းဟုန်ယဲ့က ဝမ်ရွှေရှန့်နှင့် အတူတူ ရှိနေသဖြင့် သူတို့ဆက်ဆံရေးက စိတ်ဝင်စားစရာ ကောင်းနေပါသည်။

"အဲ့လိုပြောလို့ရပါတယ်။ ဒါပေမယ့် အတွင်းရေးမှူး ကျန်းက မင်းအကြောင်း အမြဲတမ်း သိချင်နေတာ။ သူက မင်းကို လူကိုယ်တိုင် တွေ့ချင်နေတာလေ။"

ဝမ်ရွှေရှန့်က ရယ်လိုက်ပါသည်။

ထိုသို့ပြောခါမှ အတွင်းရေးမှူးကျန်း လာဖို့ သဘောတူခဲ့သည်ကိုလည်း အလွန်အံ့အားသင့်မိပါသည်။

ကျန်းဟုန်ယဲ့က အလွန်အလုပ်များလွန်းသဖြင့် ကောင်တီမြို့က သာမန် စားသောက်ဆိုင် ဖွင့်ပွဲတစ်ခုလောက်ကိုတက်ရောက်ဖို့ အချိန်မရှိပါ။ အရေးကြီးသည့် ပွဲတော် သို့မဟုတ် မြို့တော်အဆင့်ရှိ အလွန်နာမည်ကြီးသည့် ဦးဆောင် လုပ်ငန်းရှင်နှင့် တွေ့ဖို့မဟုတ်ပါက သူမကို ဖိတ်ကြားလို့မရနိုင်ပါ။

ထို့အပြင် ယဲ့ရှောင်ချန်းကလည်း ကျန်းဟုန်ယဲ့ကို တစ်ခါမှမဖိတ်ကြားဖူးခဲ့ပါ။

ထို့နောက် လူများစွာ ထပ်ပြီး ရောက်ရှိလာပြန်သည်။ ဥပမာအားဖြင့် ယန်ရှစ်မြို့တော်မှ ယဲ့ရှောင်ချန်း၏ လုပ်ငန်းဖော်များမှ ဘယ်ကမှန်းမသိ သတင်းများကြားပြီး အမြန်ရောက်ရှိလာကြသည်။

အချိန်တ်ိုလေးအတွင်း ပထမထပ်နှင့် ဒုတိယ ထပ်ရှိ ဗီအိုင်ပီအခန်းများတွင် ဗီအိုင်ပီ ရာကျော်ဖြင့် ပြည့်နှက်သွားလေသည်။

သောက်စရာများ၊ သရေစာများနှင့် သစ်သီးများကို ပြင်ဆင်ပြီးသားဖြစ်ပြီး သေသေသပ်သပ် ဝတ်ဆင်ထားသော စားပွဲထိုးများက ယူဆောင်လာပေးသည်။

နေ့လည်ခင်းအချိန် ရောက်ခါနီးတွင် မီးရှူးမီးပန်းများ ဗြောက်အိုးများစွာဖြင့် ဖွင့်ပွဲအခမ်းအနား တရားဝင်စတင်တော့သည်။

ဖဲကြိုးဖြတ်ခြင်းကလည်း အလွန်အရေးကြီးသည့် အစိတ်အပိုင်းတစ်ခုဖြစ်သည်။

အရေးကြီးပုဂ္ဂိုလ်တချို့ ရောက်ရှိလာသောကြောင့် ရွေးချယ်ပြီးသား ဖဲကြိုးဖြတ်မည့် လူများကို ချက်ချင်း ပြန်လည် ပြင်ဆင်လိုက်ရသည်။

ဖဲကြိုးဖြတ်မည့်လူများတွင် ကျန်းဟုန်ယဲ့နှင့် ဝမ်ရွှေရှန့်တို့လည်း ပါသည်။

အင်မော်တယ် စမ်းရေ စားသောက်ဆိုင်များ၏ ရှယ်ယာဝင် ဖြစ်သောကြောင့် ယဲ့ရှောင်ချန်းလည်း ပါဝင်ပါသည်။ ဘာပဲဖြစ်ဖြစ် သူက ကုမ္ပဏီ၏ မျက်နှာစာ မဟုတ်ပါလား။

ကုမ္ပဏီ၏ အထွေထွေမန်နေဂျာဖြစ်သော နီယွန်ဟိုင်းလည်း ပါဝင်သည်။

နောက်တစ်ယောက်က ကောင်တီမြို့ ခေါင်းဆောင်ဖြစ်ပါသည်။ အစက ဒုမြို့တော်ဝန် ချူးကျစ်ဖျင်ကိုလည်း ရွေးချယ်ထားပါသည်။သို့သော်လည်း ယခုတော့ သူ့ထက်  ရာထူးပိုမြင့်သည့် ခေါင်းဆောင် တချို့ ရှိနေပြီဖြစ်သဖြင့် ကောင်တီ ကော်မတီက အတွင်းရေးမှူးလျို့ ရွေးချယ်ခံလိုက်ရပါသည်။

ဖဲကြိုးဖြတ်သူ ငါးယောက် ရှိပါသည်။

ဖဲကြိုးဖြတ် အခမ်းအနားအကြောင်း ယဲ့ရှောင်ချန်း အများကြီး သိပ်မသိသဖြင့် လီကျန့်ရမ် စီစဥ်ထားသည့် အတိုင်းသာ လိုက်လုပ်ခဲ့ပါသည်။

သူ မိန့်ခွန်း ပြောရသည့်အခါ စိတ်ထဲတွင် ဇာတ်ညွှန်း ရှိပြီးသားဖြစ်သဖြင့် တစ်ခေါက်သာ ပြန်နွှေးဖို့ လိုပါသည်။ သူက စင်သိပ်မကြောက်တတ်သော်လည်း အခြား ခေါင်းဆောင်များ၏ မိန့်ခွန်းလောက် လေးနက်ပြီး အားမကောင်းပါ။

မတတ်နိုင်ပေ။ သူတို့က ပရော်ဖက်ရှင်နယ် မိန့်ခွန်းပြောသူများ မဟုတ်ပါလား။

အခမ်းအနားပြီးသောအခါ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးနေရသည်ထက် ယဲ့ရှောင်ချန်းတစ်ယောက် ပိုမို ပင်ပန်းသွားပါသည်။ သူ့မျက်နှာပေါ်က အပြုံးကလည်း ပျောက်လုနီးပါးဖြစ်နေလေပြီ။

ကျန်းဟုန်ယဲ့၊ ဝမ်ရွှေရှန့်နှင့် တခြားသူများ တက်တက်ကြွကြွ စကားပြောနေနိုင်သေးသည်ကို မြင်သောအခါ သူနိမ့်ကျသလို ခံစားသွားရပါသည်။

ဖွင့်ပွဲအခမ်းအနားပြီးနောက် လီကျန့်ရမ်က ဧည့်သည်များ ထိုင်ရန်အတွက် စတင်စီစဥ်လေသည်။

အခမဲ့ စားပွဲများရှိသလို စျေးနှုန်းဖြင့် စားပွဲများလည်း ရှိပါသည်။

စားသောက်ဆိုင်ရှိ ဟင်းလျာအားလုံးကို ဧည့်သည်များ မြည်းစမ်းဖို့အတွက် တည်ခင်းပေးမည်။

တချိန်တည်းမှာပင် ဟင်းလျာတစ်ပွဲချင်းစီ၏ စျေးနှုန်းကိုလည်း မှတ်သားထားမည်ဖြစ်သည်။

ဤနည်းအားဖြင့် ဧည့်သည်များသည် အနာဂတ်တွင် အဓိကအချက်ကို သတိရနေလိမ့်မည်။

တန်ရဲ့လား။ အရသာရှိရဲ့လား။

နောက်ပိုင်း စားသောက်ဆိုင်၏ ဂုဏ်သတင်းက ထိုဧည့်သည်များ အပေါ်တွင် မူတည်ပါလိမ့်မည်။

အခမဲ့စားပွဲကို ပြင်ဆင်ဖို့အတွက် ဆရာကြီးလင်နှင့် အခြား စားဖိုမှူးအနည်းငယ်တို့က လွန်ခဲ့သည့် ရက်အနည်းငယ်လောက် ကတည်းက ပြင်ဆင်နေကြခြင်းဖြစ်သည်။

စားဖိုမှူးများစာရင်းက အလွန်လှပပါသည်။ တစ်ယောက်ချင်းစီတိုင်းက ဟိုတယ်ကြီးတစ်ခု၏ စာဖိုးမှူးခေါင်းဆောင်များဖြစ်သည်။

"ပထမဆုံး အရန်ဟင်းလျာကတော့ အင်မော်တယ်စမ်းရေ တို့ဟူးခြောက်ပါ။ အင်မော်တယ် စိုက်ပျိုးရေးခြံမှာ စိုက်ပျိုးထားတဲ့ ပဲပိစပ်တွေနဲ့ လုပ်ထားတာဖြစ်ပြီးတော့ မတူညီတဲ့ နည်းလမ်း ၁၃ မျိုးနဲ့ ချက်လုပ်ထားပါတယ်။ စျေးနှုန်းက တစ်ပန်းကန်ကို ၈၈ ယွမ်ပါ။"

မကြာခင်မှာပဲ ဟင်းပွဲကို မိတ်ဆက်ပေးသည့် အသံတစ်သံကိုလည်း ကြားရပါသည်။

ထို့နောက် စားပွဲထိုးများက တစ်ယောက်ပြီးတစ်ယောက် ပန်းကန်ပြားများဖြင့် ထွက်လာကြသည်။ ပန်းကန်ပြားများပေါ်တွင် အပြာရောင်ပုံစံကွက်များဖြင့် အဖြူရောင် ပန်းကန်ပြားငယ်လေးများ ရှိနေပါသည်။

ထိုပေါ်တွင် အဝါရောင် တို့ဟူးခြောက် တစ်တုံး ရှိနေသည်။

ပန်းကန်တိုင်း၏ တို့ဟူးခြောက် အရေအတွက်က အတူတူပဲဖြစ်သည်။

စားပွဲတစ်ခုစီတွင် လူဆယ်ယောက် ရှိနေပါသည်။

ဧည့်သည်တစ်ယောက်ချင်းစီတိုင်း တို့ဟူးခြောက် တစ်တုံးကို မြည်းစမ်းဖို့ လုံလောက်ပါသည်။

နည်းလွန်းသည်ဟု မထင်ပါနှင့်။ လူတွေက အများကြီး ဖြစ်သည်။

ထို့အပြင် ပြီးလျှင်လည်း ဟင်းလျာများကို ထပ်ပြီး တည်ခင်းပေးမည်ဖြစ်သည်။

အင်မော်တယ်စမ်းရေ ဟင်းသီးဟင်းရွက် စားသောက်ဆိုင်တွင် အရေးကြီးဆုံးအချက်က ဗိုက်ပြည့်အောင် မစားဘဲ ကောင်းကောင်းမွန်မွန် စားသောက်ဖို့ ဖြစ်ပါသည်။

ယခုရှိနေသည့် လူများအဖို့ တို့ဟူးခြောက် တစ်ပန်းကန် ၈၈ ယွမ်က စျေးကြီးဆိုပေမယ့်လည်း လက်ခံနိုင်ပါသေးသည်။

တစ်ယောက်ကို တစ်တုံးသာဖြစ်သည်။ မကြာမီ ပန်းကန်ပြားများ ပြောင်စင်သွားပါသည်။

တို့ဟူးခြောက် တစ်တုံးကို ၈ယွမ်နှင့် ၈၀ပြားဖြစ်သည်။

တို့ဟူးခြောက် ပါးစပ်ထဲ ဝင်လာသောအခါ အားလုံး၏ မျက်နှာထားများ ရုတ်တရက် ပြောင်းလဲသွားကြသည်။ တို့ဟူး၏ ပဲနံ့က ဖုံးလွှမ်းမသွားဘဲ ထွက်လာပြီး အရသာက အဆုံးမရှိလှပါ။

အရသာရှိလိုက်တာ။

ဒါက အားလုံး၏ အတွေးဖြစ်သည်။

ပန်းကန်လွတ်များကို ကြည့်ရင်း အားလုံးက ၎င်းတို့၏ စားချင်စိတ်များ နိုးကြွလာသည်ဟု ခံစားလိုက်ရသော်လည်း ပန်းကန်ထဲတွင် ဟင်းလျာရှိမနေတော့ပါ။

ကံကောင်းစွာဖြင့် ဒုတိယဟင်းလျာကို တည်ခင်းပေးလေသည်။

နောက်ထပ် အရန်ဟင်းတစ်မျိုးဖြစ်၏။

အာလူးပန်ကိတ်များဖြစ်သည်။

ဘီယာပုလင်းဖုံးထက် ပိုမကြီးသော အာလူးပန်ကိတ်များကို ပန်းကန်ပြားများပေါ်တွင် တင်ထားသည်။ ရွှေရောင် တောက်ပနေပါသည်။

စျေးကလည်း မနည်းပေ။ တစ်ပန်းကန်ကို ၁၀၈ ယွမ်ဖြစ်သည်။

ထိုကဲ့သို့ အာလူးပန်ကိတ်မျိုးက တစ်ကိုက်စာသာရှိသည်။ သို့သော်လည်း ယခင် တို့ဟူးခြောက်မှ ရလိုက်သော သင်ခန်းစာကြောင့် လူများစွာက ဖြည်းဖြည်းချင်း ဝါးကြသည်။ အာလူးပန်ကိုက်လည်း တစ်ကိုက်တည်းဖြင့် ကုန်သွားမည်ကို ကြောက်ရွံ့သောကြောင့် ဖြစ်ပါသည်။

ရွှေရောင်အပြင်လွှာ၏ အောက်ဘက်တွင် နှင်းလိုဖြူနေသည်။ ဖွင့်ကြည့်လိုက်သောအခါ နှိုင်းဆမရနိုင်သော အာလူးရနံ့က ပျံ့နှံ့သွားပြီး ရသာဖူးများကို နှိုးဆော်လိုက်သည်။

အနေအထားနှင့် ရနံ့တို့က တို့ဟူးခြောက်နှင့် လုံးဝ ခြားနားပါသည်။

နောက်ထပ်ဟင်းလျာများကိုလည်း ဆက်တိုက် တည်ခင်းပေးကြသည်။ ဆရာကြီးလင်နှင့် အခြားစားဖိုမှူးများ၏ စိတ်ကူးအောက်တွင် ယဲ့ရှောင်ချန်း၏ စိုက်ပျိုးရေးခြံမှ ဟင်းသီးဟင်းရွက်များကို အရန်ဟင်း ၂၈မျိုး၊ အဓိကဟင်း ၃၂ မျိုး ဖြစ်အောင် ချက်ပြုတ်နိုင်ခဲ့သည်။ ဟင်းလျာ တစ်ခုချင်းစီတိုင်းတွင် ကိုယ်ပိုင် ထူးခြားသည့် ဝိသေသလက္ခဏာတစ်ခုရှိ၏။ ထို့နောက် စားသောက်နေစဥ် ရှိနေကြသော ဧည့်သည်များအားလုံး ကျေနပ်အားရမိကြပါသည်။

အထူးသဖြင့် နောက်ဆုံးဟင်းလျာ အင်မော်တယ် စမ်းရေ ဆားရည်စိမ် ဟင်းသီးဟင်းရွက်ဟင်းက စားသုံးသူအားလုံးကို လွှမ်းမိုးသွားခဲ့နိုင်သည်။

အမှန်ပင်။ ထိုအရန်ဟင်းလျာများက စျေးမပေါပါ။

အရန်ဟင်းလျာများအတွက် စျေးအပေါဆုံးက တစ်ပန်းကန် ၈၈ ယွမ်ဖြစ်ပြီး စျေးအကြီးဆုံးက တစ်ပန်းကန် ၁၈၈ ယွမ်ဖြစ်သည်။

အဓိက ဟင်းလျာများက ပို၍ပင် စျေးကြီးပါသေးသည်။ တစ်ပန်းကန် ၃၈၈ ယွမ်မှအစပြုကာ စျေးအကြီးဆုံးက တစ်ပန်းက ၃၈၈၈ ယွမ်ဖြစ်ပါသည်။

ထိုအရန်ဟင်းများတွင် အထူးဂုဏ်သတ္တိတစ်ခုရှိ၏။ ဟင်းပမာဏက အရမ်းမများခြင်းပင်။ ထို့ကြောင့် သေချာပေါက် ဗိုက်ပြည့်အောင်စားဖို့ မလုံလောက်ပါ။

စားသောက်ပြီးနောက် စားသုံးသူများက စားလို့မဝသေးဘူးဟု ခံစားရစေမည်ဖြစ်ပါသည်။

All Chapters