← Chapters

ရည်ရွယ်ချက်

Vol. 10 Ch. 136

ရည်ရွယ်ချက်

Vol. 10 Ch. 136

အခန်း(၁၃၆) - ရည်ရွယ်ချက်

ဆိုင်ထဲတွင် ချီးကျူးစကားများ ပြည့်နှက်နေခဲ့သည်။

လူများစွာက နောက်ပိုင်းလည်း လာကြဦးမည်ဟု ချက်ချင်း ပြောသွားကြ၏။

"ဟီးဟီး ဒါကျွန်မစားဖူးတဲ့ထဲမှာ အကောင်းဆုံး သက်သက်လွတ်ဟင်းပွဲပါပဲရှင်။ သက်သက်လွတ် ဟင်းပွဲဆိုတာ ဒီလောက် ကောင်းနိုင်လိမ့်မယ်လို့ ထင်မထားဘူး။ အသားငါးဟင်းတွေကိုတောင် မှီနိုင်တယ်။ ပြီးတော့လည်း စားရတာ အရမ်းဇိမ်ရှိတာပဲ။"

အဆင့်မြင့်စားပွဲတွင် ကျန်းဟုန်ယဲ့က ရယ်မောကာ ပြောလိုက်သည်။

"စားဖိုမှူးကြီးတွေကလည်း ပြောစရာမလိုအောင် တော်တယ်ထင်ပါတယ်။ ပြီးတော့ ယဲ့ရှောင်ချန်းရဲ့ စိုက်ပျိုးရေးခြံက ထောက်ပို့တဲ့ ဟင်းသီးဟင်းရွက်တွေကလည်း အရသာကို ပိုတိုးစေတယ်။"

ဝမ်ရွှေရှန့်တို့အားလုံးလည်း ရယ်မောလိုက်ကြသည်။

လူများစွာက ခေါင်းငြိမ့်လိုက်ကြသည်။ ၎င်းတို့က တောတောင်အစားအစာများနှင့် ပင်လယ်စာများကို အသားကျနေသော လူများဖြစ်ကြသည်။ ထိပ်တန်း အရည်အသွေးရှိ ပါဝင်ပစ္စည်းများကြောင့် ပိုကောင်းသော ဟင်းလျာများကိုလည်း ချက်ပြုတ်နိုင်ခဲ့ပါသည်။

ထို့ကြောင့် အချက်အပြုတ်စွမ်းရည်မရှိပါက ထက်မြက်သည့် အမျိုးသမီးတစ်ဦးအတွက် ထမင်းချက်ဖို့ပင် ခက်ခဲပါလိမ့်မည်။

စားသောက်ပြီးနောက် ဧည့်သည်များစွာက တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြသည်။

ကောင်တီမြို့မှ ခေါင်းဆောင်များစွာက ကျန်းဟုန်ယဲ့နှင့် လိုက်ပါလာဖို့ အစက စီစဥ်ထားသော်လည်း သူမက ကန့်ကွက်ခဲ့ပြီး ယဲ့ရှောင်ချန်းကို သွားတွေ့ကာ ပြောလိုက်သည်။ "ကျွန်မ ဖွင့်ပွဲလာတက်ရုံပဲ မဟုတ်ဘူး။ တခြား ကိစ္စတွေလည်း ရှိသေးတယ်။"

ကျယ်ဝန်းပြီး လင်းထိန်နေသည့် ရုံးခန်းတစ်ခုတွင် လက်ဘက်ရည် နှစ်ခွက်အား တည်ခင်းထားသည်။ ယဲ့ရှောင်ချန်းနှင့် ကျန်းဟုန်ယဲ့တို့သာ ရှိနေ၏။

"ယဲ့ရှောင်ချန်း ကျွန်မ ဒီနေ့ ဖွင့်ပွဲအခမ်းအနားတက်တာထက် ဒီကို လာရတဲ့ အဓိက အကြောင်းအရင်းက အခြား ကိစ္စတစ်ခုခုကြောင့်ပါ။"

ကျန်းဟုန်ယဲ့က ရယ်မောကာ ပြောလိုက်သည်။

ယဲ့ရှောင်ချန်းက အမြန်ပြန်ပြောလိုက်သည်။ "အတွင်းရေးမှူးကျန်း ကျွန်တော့်ကို ရှောင်ချန်းလို့ပဲ ခေါ်လို့ရပါတယ်။"

ဘာပဲဖြစ်ဖြစ် သူမက အရာရှိလောကတွင် အရေးပါသည့် အမျိုးသမီးတစ်ဦးမဟုတ်ပါလား။ သူ အလေးထား ဆက်ဆံမှဖြစ်မည်။

ကျန်းဟုန်ယဲ့က ချိုသာစွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။ "ဟုတ်ပါပြီ။ မင်းကို ရှောင်ချန်းလို့ပဲ ခေါ်ပါ့မယ်။ တို့ကိုလည်း အတွင်းရေးမှူး ကျန်းလို့မခေါ်နဲ့လေ။ အစ်မကျန်းလို့ပဲခေါ်ပါ။"

အစ်မကျန်းတဲ့လား။ ယဲ့ရှောင်ချန်း ခဏလောက် ကြက်သေသေသွားရသည်။ ထို့နောက် ထိုကျန်းဟုန်ယဲ့က သဘောကောင်းပြနေသည်။ သို့သော်လည်း ဒီလိုတာဝန်ရှိပုဂ္ဂိုလ်မျိုးက လေးစားပြနေစရာလိုလို့လား။

သူနှင့် ဝမ်ရွှေရှန့်တို့၏ ဆက်ဆံရေးကြောင့်များ ဖြစ်နေမလား။

ယဲ့ရှောင်ချန်း၏ အတွေးများ ကွေ့ဝိုက်သွားပြီး ချက်ချင်းပြောလိုက်သည်။ "အစ်မကျန်း ပြောစရာတစ်ခုခုရှိရင် ပွင့်ပွင့်လင်းလင်းသာ ပြောပါ။"

ကျန်းဟုန်ယဲ့က ယဲ့ရှောင်ချန်းကို တစ်ချက် စောင်းကြည့်လိုက်ပြီး တဲ့တိုး ပြောလိုက်ပါသည်။

"ဒီအတိုင်းသာဆို ငါတို့ရဲ့ မြို့တော်ကြီးက ကြီးမားတဲ့ စိုက်ပျိုးရေးမြို့တော်ကြီးဖြစ်ပြီး ယန်ရှစ်စျေးကွက်ကလည်း အရေးပါတဲ့ ကဏ္ဍတစ်ခုအဖြစ် ပါဝင်နေတယ်။ လွန်ခဲ့တဲ့ နှစ်အစောပိုင်းလောက်က မုန်ညင်းပင် သီးခြား စိုက်ပျိုးခြင်းနဲ့ ပျိုးထောင်ခြင်း လုပ်ငန်းကို အဆင့်မြှင့်တင်ဖို့ စီမံချက်တွေ ဆောင်ရွက်နေခဲ့တယ်။ ဒါပေမယ့် ပျိုးထောင်ထားတဲ့ မုန်ညင်းစေ့တွေရဲ့ အရည်အသွေးနဲ့ အထွက်နှုန်းက စံချိန်စံနှုန်းနဲ့ မကိုက်ညီဘဲ အတက်အကျများပြီး နှိုင်းယှဥ်မှုတွေကလည်း မလုံလောက်ဘူး။ အဲ့တောကြောင့် လုပ်ငန်းစဥ်က ချောချောမွေ့မွေ့ မရှိခဲ့ဘူး။ ဒေသတွေမှာလည်း ကန့်ကွက်မှုတွေရှိခဲ့တယ်။ အခုတော့ မြို့တော်မှာ လျော့ရဲမှုတွေပါရှိလာပြီ။ ငါတို့ ဗီဇ ပြောင်းလဲထားတဲ့ မုန်ညင်းစေ့တွေကို အလိုက်သင့် ပြောင်းလဲနိုင်မှုတွေ၊ ပြည်ပကနေ အထွက်နှုန်းများများတွေနဲ့ ထုတ်လုပ်ချင်တယ်ဆိုရင် ဟာကွက်တစ်ခု ပွင့်သွားတာနဲ့ ပြည်တွင်းမှာ မျိုးတုန်းဖို့ အန္တရာယ်ရှိနေတဲ့ မုန့်ညင်းတွေကို သက်ရောက်မှုရှိလာလိမ့်မယ်။"

ထိုအချက်အလက်များက ပေါ်လစီ လျှို့ဝှက်ချက်များဖြစ်ပြီး မပေါက်ကြားသင့်ပါ။ သို့သော် သူမက ယဲ့ရှောင်ချန်းကို အကူအညီတောင်းချင်သဖြင့် လျှို့ဝှက်ထားဖို့ မလိုအပ်တော့ပါ။

ယန်ရှစ်မြို့တော်တွင် မုန်ညင်းစေ့ ပျိုးထောင်ခြင်း လှုံ့ဆော်မှုများ ရှိခဲ့သည်ဟု ယဲ့ရှောင်ချန်း ကြားဖူးသည်။ လွန်ခဲ့သော နှစ်အနည်းငယ်က အိမ်တိုင်း မုန်ညင်းပင်များ စိုက်ပျိုးကြရပြီး ယန်ရှစ်မြို့တွင် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးခဲ့ကြရ၏။ ပန်းပွင့်ရာသီသို့ ရောက်သည်နှင့် ရွှေရောင် သမုဒ္ဒရာကြီးလို ဖြစ်သွားသည်။ သို့သော်လည်း ယခုတော့ ထိုအခြေအနေမျိုးက တဖြည်းဖြည်း ပျောက်ကွယ်သွားလေပြီ။

အဓိက အကြောင်းအရင်းကတော့ မုန်ညင်းပင် အထွက်နှုန်းက မများသော်လည်း ဝယ်စျေးများက မြင့်မားမနေခြင်းပင်။ နောက်ဆုံးတော့ ဝယ်သူများကို မရောင်းချတော့ဘဲ အိမ်တွင်သာ မုန်ညင်းဆီ ထုတ်လုပ်ကြတော့သည်။

ထိုအဖြစ်အပျက်ကြောင့် နေရာတိုင်းတွင် ပုဂ္ဂလိက ဆီစက်များစွာ ပေါ်ပေါက်လာခဲ့သည်။

ထိုအချိန်ကာလက အထက်လူကြီးများကလည်း အာဏာကို အသုံးချပြီး မြေတချို့ကို အပိုင်သိမ်းယူခဲ့သော်လည်း အာနိသင်က အကန့်အသတ်ရှိနေပြီး နောက်ဆုံးတော့ သူတို့ လက်လျှော့လိုက်ရတော့သည်။ အဘယ့်ကြောင့်ဆိုသော် ထိုကဲ့သို့ အခြေအနေများအောက်တွင် ယန်ရှစ်မြို့တော်၏ ပြည်တွင်း မုန်ညင်းပင် စိုက်ပျိုးရေးလုပ်ငန်း တိုးချဲ့လိုသည့် အစီအစဥ်မှာ အဓိပ္ပာယ်မဲ့လာသည်ဟု ပြောနိုင်သည်။

ယဲ့ရှောင်ချန်း ခဏလောက် စဥ်းစားကြည့်လိုက်သည်။ ထို့နောက် မေးလိုက်၏။ "အစ်မကျန်း ကျွန်တော့်ကို ဘာအတွက် လိုအပ်တာလဲ။"

ထိုအခါ ကျန်းဟုန်ယဲ့က ပြောလိုက်။ "အစ်မထင်တာတော့ မုန်ညင်းပင်တွေကို ပြည်တွင်း စိုက်ပျိုးရေး ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်စေပြီး ဆီထုတ်နှုန်းကို တိုးမြင့်စေဖို့ အဆင့်မြှင့်တင်နိုင်မယ့် နည်းလမ်းများ မင်းမှာ ရှိမလားလို့ပါ။"

တကယ်တော့ မျိုးစေ့များ ပျိုးထောင်ခြင်းကို အဆင့်မြှင့်တင်ရခြင်းက ဖြေရှင်းဖို့ အခက်ခဲဆုံး ပြဿနာ ဖြစ်ပါသည်။ ပြောစရာမလိုအောင် ကုန်ကျစရိတ်က များလွန်းသည်။ သို့သော်လည်း အောင်မြင်ဖို့ အာမမခံနိုင်ပါ။ ထို့အပြင် အဆင့်တိုးမြှင့်ထားသည့် အာနိသည်ကလည်း ဗီဇပြောင်းလဲ နည်းပညာများဖြင့် ထုတ်လုပ်ထားသည့် မျိုးစေ့များလောက် မကောင်းနိုင်ပါ။

ထို့ကြောင့်လည်း ပြည်တွင်း ကောက်ပဲသီးနှံများ ကွယ်ပျောက်ကာ စျေးကွက်ရှယ်ယာများတွင် ဗီဇပြောင်းလဲထားသည့် ကောက်ပဲသီးနှံများက နေရာယူလာခြင်းဖြစ်ပါသည်။ ဗီဇပြောင်းလဲထားသည့် အစားအစာများ ဘေးကင်းလုံခြုံမှုက အာမခံမရှိသော်လည်း ဒီလိုပဲဖြစ်သည်။ အသန်မာဆုံးသောသူက အားနည်းသူကို အနိုင်ယူနိုင်သည်။ ထိုသဘောက နယ်ပယ်တိုင်းတွင် သက်ရောက်မှုရှိပါသည်။

"ကျွန်တော် ကြိုးစားကြည့်ပေးပါ့မယ်။"

ယဲ့ရှောင်ချန်းသည်လည်း စျေးကွက်ထဲရှိ ဗီဇပြောင်းလဲထားသည့် အစားအစာများကို စိုးရိမ်မိပါသည်။ ဒီလိုအစွမ်းများ မရရှိခင်က အန္တရာယ်ရှိနိုင်သော်လည်း အခုတော့ သူကြိုးစားကြည့်ရမည်။

စားသောက်ဆိုင်တချို့တွင်သုံးသော ရေထုတ်ပိုက်ဆီလိုပင်။ သို့သော်လည်း ထိုနေရာသို့သွားပြီး စားသောက်နေကြသည် မဟုတ်ပါလား။

ကျန်းဟဲ့ယုန်က မျက်နှာချိုသာစွာဖြင့် ပြောလိုက်သည်။ "အင်း၊ တို့မင်းကို စိုက်ပျိုးရေးသိပ္ပံ မြူနီစီပယ်အဖွဲ့အစည်းရဲ့ လက်ထောက် ဒါရိုက်တာအဖြစ် ခန့်အပ်ပြီး မင်းအသုံးချဖို့အတွက် အစွမ်းအစရှိတဲ့ သုတေသနပညာရှင် အုပ်စုတစ်စု ပေးလို့ရတယ်။ ရန်ပုံငွေတွေအားလုံးကိုလည်း မြူနီစီပယ် ဘဏ္ဍာရေးက ထောက်ပံ့ပေးသွားမယ်။"

မျိုးစေ့ ပြဿနာကို ဖြေရှင်းနိုင်ပါက သူ့အောင်မြင်မှုများထဲ နောက်ထပ်မှတ်တမ်းတစ်ခု ချရေးနိုင်မည်ဖြစ်သည်။

ယဲ့ရှောင်ချန်းက ခေါင်းခါကာ ပြောလိုက်သည်။ "မဟုတ်တာ အစ်မကျန်း ကျွန်တော် အလုပ်မလိုပါဘူး။ လက်ထောက်တွေလည်း မလိုသလို ရန်ပုံငွေလည်း မလိုအပ်ဘူး။ ကျွန်တော့်စိုက်ပျိုးရေးခြံထဲမှာတင် မျိုးစေ့ပျိုးထောင်မှု အဆင့်မြှင့်တင်ခြင်းကို ပြီးအောင် လုပ်နိုင်ပါတယ်။"

တကယ်တမ်း ယဲ့ရှောင်ချန်းက မြူနီစီပယ် စိုက်ပျိုးရေးနည်းပညာ အဖွဲ့အစည်းသို့ သွားချင်ပါသည်။ သို့သော် တစ်ချိန်တည်းမှာပင် အင်မော်တယ် စိုက်ပျိုးရေးမြေများကိုလည်း တာဝန်ယူရဦးမည်ဖြစ်သဖြင့် လုံးဝ မဖြစ်နိုင်ပါ။

ကျန်းဟုန်ယဲ့က အံ့အားသင့်သွားသည် "ဟင် မင်းအဲ့လိုလုပ်နိုင်ပါ့မလား။"

ယဲ့ရှောင်ချန်းက ရယ်မောလိုက်၏။ "အစ်မကျန်း စိတ်ချထားပါ။ ကျွန်တော့်ကို အကူအညီ လာတောင်းမှတော့ ကျွန်တော် အကောင်းဆုံး လုပ်ပေးရမှာပေါ့။" သူ့လေသံတွင် ယုံကြည်ချက် ခိုင်ခိုင်မာမာ ပါဝင်နေသည်။

ကျန်းဟုန်ယဲ့နှင့် အခြားသူများက ထိုယုံကြည်ချက်ကို ခံစားမိပြီး ချက်ချင်း ခေါင်းငြိမ့်ကာ ပြောလိုက်သည်။ "ဟုတ်ပါပြီ၊ မင်းအပေါ်မှာ မူတည်နေပါပြီ။"

ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသားဖြစ်ပါသည်။

ယဲ့ရှောင်ချန်းလည်း ဒီလိုလူမျိုးများကို စကားပြောရခြင်းက လွယ်ကူသည်ဟု ခံစားရသည်။

အင်မော်တယ်စမ်းရေ ဟင်းသီးဟင်းရွက်/သက်သက်လွတ် စားသောက်ဆိုင် ဖွင့်ပွဲက အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါပြီ။

ကျန်းဟုန်ယဲ့ ထွက်သွားသောအခါ ဝမ်ရွှေရှန့်လည်း ယဲ့ကျားရင်နှင့် အခြားသူများအား ခေတ္တ တွေ့ဆုံပြီးနောက် မိသားစုနှင့် ပြန်သွားတော့သည်။

"အစ်ကို ဟင်းလျာတွေက တကယ်အရသာရှိတာပဲ။"

"နည်းလိုက်တာ။"

"ဗိုက်ပြည့်တယ်လို့တောင် မခံစားရဘူး။"

"ပြီးတော့ ဒီဟင်းလျာက စျေးကြီးလှချည်လား။"

"တို့ဟူးခြောက်လေး နည်းနည်းလေးကို အရသာတော့ ရှိပေမယ့် တစ်ပွဲကို ၈၈ ယွမ်တဲ့။"

"စျေးကြီးတာထက်ကို ပိုနေပြီ တရားလွန်လွန်းတယ်။"

"ဒီမှာ ဒီနေ့ လူကြီးလူကောင်းတွေ အများကြီး ရှိနေတာလေ။ ဒီနေရာမှာ ကျွန်မသား ‌ချန်းကျစ်ကတောင် တကယ် မျက်နှာရှိတဲ့လူပဲ။ ဒီလူတွေကို ကြည့်ပါဦး၊ ကျွန်မတို့က ချန်းကျစ်ရဲ့ မိသားစုမို့လို့ အရမ်းသဘောကောင်းကြတယ်။"

သူ့အမေ၊ သူ့အဖေနှင့် ညီအစ်မသုံးယောက်တို့ မရပ်မနား စကားပြောနေကြပါသည်။

ယဲ့ရှောင်ချန်းက အနည်းငယ် ပြုံးလိုက်သည်။ စျေးကြီးလွန်းလို့လား။

ဒါကို စျေးကြီးတယ်ဟု မဆိုသင့်ပါ။ လက်ရှိစျေးနှုန်းက အထူးစျေးနှုန်းဟု သတ်မှတ်နိုင်ပြီး နောက်ပိုင်းတွင် စျေးဝယ်သူများ၏ လိုအပ်ချက်များအရ ထိန်းညှိသွားမည်ဖြစ်သည်။ ဥပမာအားဖြင့် ဟင်းလျာတစ်ခုက အကောင်းဆုံး ရောင်းချမှု ဖြစ်လာပါက စျေးနှုန်းကို တိုးမြှင့်ရမည်။ နာမည်သိပ်မရှိသည့် ဟင်းလျာများကိုလည်း စျေးနှုန်းလျှော့ချ ပြစ်နိုင်၏။

ဘာပဲဖြစ်ဖြစ် ရှန်းချွမ် (အင်မော်တယ်စမ်းရေ သက်သက်လွတ်) စားသောက်ဆိုင်က အဆင့်မြင့် သက်သက်လွတ်ဆိုင်တစ်ဆိုင်ဖြစ်ပြီး လူအများ ဇိမ်ခံစားသောက်နိုင်ရန် ဖွင့်လှစ်ထားခြင်းဖြစ်ပါသည်။

စိုက်ပျိုးရေးခြံသို့ ပြန်ရောက်သောအခါ ယဲ့ရှောင်ချန်းက ကျန်းဟုန်ယဲ့ ပြောသည့် မုန်ညင်းပင် အဆင့်မြှင့်တင်ခြင်းအကြောင်း စတင် စဥ်းစားကြည့်လိုက်သည်။ အခြားသူများအတွက်တော့ ခက်ခဲနိုင်သည်။

သို့သော် ရှန်းနုန်စနစ်ရှိပြီး ရှန်းနုန် ပါရမီများကို အသုံးပြုနိုင်သည့် ယဲ့ရှောင်ချန်းအတွက်တော့ မခက်ခဲနိုင်ပါ။

ယဲ့ရှောင်ချန်းက စဥ်းစားချင့်ချိန်ကြည့်လိုက်သည်။ "ပြည်တွင်း မုန်ညင်းမျိုးစေ့တွေက ပြည်တွင်း နေရောင်နဲ့ မြေဆီလွှာအပူချိန်တွေကို လိုက်လျောညီထွေဖြစ်တယ်ဆိုပေမယ့် သေချာပေါက် သဘာဝကပ်ဘေးတွေကို ခုခံနိုင်နှုန်းက အားနည်းပြီးတော့ အထွက်နှုန်းနဲ့ ဆီထုတ်နှုန်းတွေကလည်း နည်းလွန်းတယ်။ အဲ့တာက တကယ်တော့ ဖြေရှင်းဖို့ လွယ်ပေမယ့် သဘာဝတရားကြီးကို ဆန့်ကျင်သလို ဖြစ်နေလိမ့်မယ်။ ပြီးတော့ ထိခိုက်မှုကလည်း အားနည်းမှာ မဟုတ်ဘူး။"

အဆင့်မြှင့်တင်ဖို့ကို ထိုအချက်များ လိုအပ်သဖြင့် သူ မလုပ်နိုင်ခဲ့ပါ။

"ဟင်းဟင်း အဆင့်မြှင့်တင်ဖို့ အကောင်းဆုံးနည်းလမ်းက မျိုးစေ့ကို ကိုယ်တိုင် ထိန်းသိမ်းနိုင်စွမ်း ရှိလာအောင် လုပ်ပေးဖို့ပဲ။"

ယဲ့ရှောင်ချန်းက အနည်းငယ် ပြုံးလိုက်ပြီး မကြာမီ အစီအစဥ်တစ်ခုရှိလာခဲ့ပါသည်။

All Chapters