← Chapters

ဝိညာဥ်မျိုးစေ့

Vol. 10 Ch. 138

ဝိညာဥ်မျိုးစေ့

Vol. 10 Ch. 138

အခန်း(၁၃၈) - ဝိညာဥ်မျိုးစေ့

ယဲ့ရှောင်ချန်း စဥ်းစားကြည့်လိုက်သည်။ "လနတ်သမီးက ဝိညာဥ်မျိုးစေ့က ဘာလဲဆိုတာ ပြောမသွားပေမယ့် ဒီရှန်းနုန်လက်စွဲစာအုပ်စာမျက်နှာက ငါ့အတွက် အန္တရာယ်မရှိလောက်ပါဘူး။"

ဒါက ဝိညာဥ်သန့်စင်ခြင်းနည်းလမ်းတစ်ခု ဖြစ်သဖြင့် ကျင့်ကြံခြင်း နည်းလမ်းတစ်ခုကို ကိုယ်စားပြုပါသည်။

ယဲ့ရှောင်ချန်းသည် ရင်ထဲတွင် အနည်းငယ် စိတ်လှုပ်ရှားနေမိ၏။ အခြေခံလှည့်ကွက်တစ်ခု မဟုတ်သော်လည်း နောက်ဆုံးတော့ ကျင့်ကြံခြင်းလောကနှင့် သူ ပတ်သတ်ဆက်နွယ်နိုင်ခဲ့ပြီ။

ဘာလုပ်ရမှန်း မသိသည်ကတော့ နှမြောစရာကောင်းလွန်းပါသည်။ သူ့ရင်ထဲတွင် ယားယံနေရပြီး သူ့ကြောင်၏ ခြေဖဝါးကိုသာ ကုတ်နေမိသည်။

ကံမကောင်းစွာဖြင့် သူ့တွင် အင်မော်တယ် ယွမ် မရှိပါ။ မဟုတ်ပါက ရှင်းရှင်းလင်းလင်း ဖြစ်သွားအောင် မေးမိမည်ဖြစ်ပါသည်။

ယဲ့ရှောင်ချန်းက အင်မော်တယ် လယ်ကွင်းတွင် လမ်းလျှောက်နေပြီး ရုတ်တရက် သူ့ခေါင်းကို ကိုင်လိုက်မိပြီး မျက်လုံးများလည်း အရောင်လက်သွား၏။ "ဒါနဲ့ လနတ်သမီးက ငါ့အတွက် မေးခွန်းတစ်ခု အခမဲ့ဖြေပေးနိုင်တယ်ဆိုတော့ ကျန်တဲ့ နတ်ဘုရားတွေကရော ဖြေပေးနိုင်လောက်လား။ အင်မော်တယ်တွေက အများကြီး ရှိနေတာကို တစ်ပါးချင်းစီက မေးခွန်းတစ်ခု အခမဲ့ ဖြေပေးနိုင်ရင် ငွေပြားတွေ အများကြီး မသက်သာသွားဘူးလား။" ယဲ့ရှောင်ချန်းသည် သူ့ပါးနပ်မှုကိုသူ ချီးကျူးလိုက်သည်။

ထိုအချိန်တွင် နတ်ဘုရားများအား မေးမြန်းဖို့  မက်ဆေ့ချ်များစွာ ပို့ခဲ့သည်။ အမှန်ပင်။ လနတ်သမီးကိုတော့ မပို့ခဲ့ပါ။ မကြာမီ စစ်သူကြီး နတ်ဘုရား ရှန်းကုန်းပေါင်ထံမှ မက်ဆေ့ချ်တစ်ခု ဝင်လာ၏။ "ကောင်လေး မင်းအတွက် မေးခွန်းတစ်ခုတော့ ဖြေပေးလို့ရတယ်။ ဒါပေမယ့် နောက်ပိုင်းမေးခွန်းတွေအတွက်တော့ အခကြေးငွေ ပေးရလိမ့်မယ်။ မေးခွန်းတစ်ခုကို ၁၀ ယွမ်ပါ။"

ယဲ့ရှောင်ချန်း ထိုမက်ဆေ့ချ်ကို မြင်သောအခါ ပထမတော့ ပျော်ရွှင်သွားသော်လည်း အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။ ထိုနတ်ဘုရားများတွင် စျေးနှုန်းများ တသမတ်တည်း ရှိနေကြသလိုပင်။

ယဲ့ရှောင်ချန်းက အမြန်မေးမြန်းလိုက်၏။ "ဆရာကြီး ဝိညာဥ်မျိုးစေ့  ဆိုတာဘာလဲ။"

စစ်သူကြီး ရှန်းကုန်းပေါင်က ပြန်ဖြေ၏။ "ဝိညာဥ်မျိုးစေ့ဆိုတာ ကျင့်ကြံခြင်း၏ အခြေခံအုတ်မြစ်ဖြစ်တယ်။ ဒါက အထူးကျင့်ကြံခြင်း အင်္ဂါရပ်တစ်ခုနဲ့ ညီမျှတယ်။ လူတချို့က ဝိညာဥ်ရေးရာ ကျင့်ကြံခြင်းနဲ့ မွေးဖွားလာကြတယ်။ တချို့ကတော့ မွေးဖွားပြီးမှ ကျင့်ကြံကြရတယ်။ တချို့ကတော့ လုံးဝ ကျင့်ကြံလို့ မရကြဘူး။ အင်း ပထမမေးခွန်းတော့ ပြီးသွားပြီ။ ဒုတိယမေးခွန်းက အခကြေးငွေ ပေးရလိမ့်မယ်။"

ယဲ့ရှောင်ချန်းက သူ့မျက်လုံးတွေကို မှိတ်လိုက်ပြီး နတ်ဘုရားကို ပြန်ပြောလိုက်သည်။ "အခုတော့ ကျွန်တော်မွဲနေလို့ နောက်ပိုက်ဆံရှိမှ ထပ်မေးမယ်နော်။"

ရှန်းကုန်းပေါင်က ဘာမှ ပြန်မပြောတော့ပါ။

ယဲ့ရှောင်ချန်း စိတ်ထဲတွင် စဥ်းစားကြည့်လိုက်သည်။ "ကံကောင်းတယ်ထင်တယ်။ ငါ ဝိညာဥ်ရေးရာမျိုးစေ့ ကျင့်ကြံခြင်း နည်းလမ်းကို ရလိုက်တာပဲ။ ဒါနဲ့ဆို ဝိညာဥ်မျိုးစေ့တွေ များလာပြီး ကျင့်ကြံခြင်းနည်းလမ်း ရလာရင် ငါကျင့်ကြံလို့ရပြီ။ မဟုတ်သေးဘူး။ ဒီစကားလုံးတွေကို ငါနားမလည်ဘူး။ အရင်ဆုံး တခြား နတ်ဘုရားတွေကို မေးကြည့်ပြီး ဘာသာပြန်ခိုင်းရမယ်။"

ချက်ချင်းဆိုသလို ယဲ့ရှောင်ချန်းက စာသားများကို စနစ်၏ စကင်ဖတ် လုပ်ဆောင်ချက်ဖြင့် စကင်ဖတ်လိုက်ပြီး ဘာသာပြန်ခိုင်းဖို့ နောက်ထပ် နတ်ဘုရားများစွာကို ရှာကြည့်လိုက်သည်။

ဒီတစ်ခေါက်တော့ အကြားအမြင် နတ်ဘုရားကို ရွေးချယ်လိုက်သည်။ "စီနီယာကြီး ကျွန်တော့်ကို ဒီစာသားတွေ ဘာသာပြန်ဖို့ ကူညီပေးနိုင်မလား။"

အကြားအမြင် နတ်ဘုရားက စာပြန်သည်။ "ဘာသာပြန်တာက ကိစ္စမရှိပါဘူး။ ဒါပေမယ့် ပထမဆုံး စကားလုံး ၁၀ လုံးကိုတော့ အခမဲ့ ပြန်ပေးလို့ရတယ်။ ဒုတိယအကြိမ်ဆိုရင်တော့ တစ်လုံးကို ၁ ယွမ် ပေးရပါမယ်။”

စကားလုံး တစ်လုံးကို ၁ ယွမ် ဟုတ်လား။ သူ ဓားပြတိုက်နေတာလား။

ယဲ့ရှောင်ချန်း ထွက်ပြေးချင်သွားသည်။

ထိုတိရစ္ဆာန်သားရေ  စက္ကူပေါ်တွင် စကားလုံး များစွာ ရှိသည်။ စကားလုံး ထောင်ချီပြီး ရှိပါသည်။

အင်းလေ သူတို့က အင်မော်တယ်တွေပဲကိုး။

"ဟုတ်... ဒါဆို စီနီယာကြီးက စကားလုံး ၁၀ လုံးပဲ အခမဲ့ ပြန်ပေးပါလား။ ကျွန်တော့်မှာ အခုအင်မော်တယ်ယွမ် မရှိသေးလို့ပါ။"

သို့ပေမယ့် ယဲ့ရှောင်ချန်းသည် တောင်းဆိုရမည်ဖြစ်သဖြင့် စာအမြန်ပြန်လိုက်သည်။ မည်သို့ပင်ဖြစ်စေ ယဲ့ရှောင်ချန်းသည် အင်မော်တယ်များကို မမြင်နိုင်ပေ။ ထို့ကြောင့် သူသည် လုံလောက်အောင် အရေထူနေခဲ့သည်။

ထို့ကြောင့် အကြားအမြင် နတ်ဘုရားက ရိုးရိုးရှင်းရှင်းသာ စာပြန်သည်။ "ကောင်းပါပြီ။"

အကြားအမြင် နတ်ဘုရား ဘာသာပြန်ထားသော စာများကို ပို့ပေးဖို့ အချိန်သိပ်မကြာလိုက်ပါ။

သို့သော်လည်း ယဲ့ရှောင်ချန်း မြင်လိုက်ရသောအခါ သွေးအန်ချင်သွားသည်။ အဘယ့်ကြောင့်ဆိုသော် စကားလုံး ၁၀ လုံးထဲက ၂ လုံးမှာ ထပ်နေသောကြောင့်ပင်။

ဒါက အသိအသာကြီး ဂျင်းထည့်နေတာဖြစ်သဖြင့် နတ်ဘုရားဖြစ်ပြီး ရှက်သင့်ပါသည်။

ထိုတိရိစ္ဆာန်သားရေစက္ကူပေါ်တွင် ထပ်နေသော စကားလုံးများကို သူရှာထားချင်သည်။ ထို့နောက် အရှက်မရှိသော ဒီနတ်ဘုရားများကို ထပ်နေသော စကားလုံးများ မပြန်ခိုင်းတော့ပါ။ သို့သော် ထိုရှာဖွေရေးက မအောင်မြင်ခဲ့ပေ။ ထပ်နေသော စကားလုံးများစွာကို ရှာတွေ့ခဲ့သည်။ ယဲ့ရှောင်ချန်း၏ နှလုံးသားကလည်း မကောက်ကျစ်သဖြင့် ငွေပြားများစွာ စုဆောင်းနိုင်ခဲ့သည်။

ဒီလိုနှင့် ယဲ့ရှောင်ချန်းက အခမဲ့မေးမြန်းခွင့်များကိုသာ အားကိုးခဲ့ရပြီး တိရိစ္ဆာန်သားရေစက္ကူပေါ်က စာသားများကို တစ်ပိုင်းချင်း တစ်ပိုင်းချင်း ဘာသာပြန်ခဲ့သည်။

နတ်ဘုရားများ အားလုံးနီးပါးကို မေးပြီးပြီဖြစ်သည်။ သို့သော်လည်း သူ့ကို လျစ်လျူရှုသည့် နတ်ဘုရားတချို့လည်း ရှိသည်။ ထို့ကြောင့် ဘာသာမပြန်ရသေးသည့် နောက်ဆုံး စကားလုံးများကို စိတ်ဓာတ်ကျစွာ ကြည့်လိုက်သည်။ ကြည့်ရတာ သူ စောင့်ဆိုင်းနေဖို့ပဲ ရှိတော့သည်ထင်သည်။

သို့သော်လည်း ဘာသာပြန်ပြီးသား  စကားလုံးများက တစ်လုံးချင်းစီ အဓိပ္ပာယ်သာ ဖြစ်သည်။ ထို့နောက် ထိုစကားလုံးများကို စာကြောင်းအဖြစ် ပြန်စုစည်းလိုက်ပါက အဓိပ္ပာယ်ရှိသည့် စာကြောင်းများ ယဲ့ရှောင်ချန်း ရလာနိုင်ပါသည်။

"ထူးဆန်းတယ်။ ဒီစကားလုံး ၁၀ လုံး ပေါင်းရမှာ သိသာပါတယ်။ ဒါဆို မလွယ်ကူဘူးဆိုတဲ့ သဘောလား။"

ယဲ့ရှောင်ချန်း မျက်မှောင်စကြုတ်လာသည်။ တိရစ္ဆာန်သားရေ စက္ကူပေါ်က စာသားများက ရှေးဟောင်း တရုတ်ဘာသာစကားလိုပင်။ နားလည်ဖို့ ပိုမိုပင် ခက်ခဲသေးသည်။ နောက်ဆုံးတော့ ရှေးဟောင်း စာတစ်ခုကို ရှာတွေ့နိုင်ခဲ့ပြီး သကြားလုံး စားကာ အဓိပ္ပာယ်များကို မှတ်သားရတော့သည်။

ထိုနေ့ညက ယဲ့ရှောင်ချန်း အိပ်ယာဝင်တာ အလွန်နောက်ကျခဲ့ပြီး အိပ်ပျော်သွားသောအခါတွင်လည်း ထိုအိပ်မက် ထပ်မံမြင်မက်လာခဲ့ပြန်သည်။ ထို့နောက် သူ့အသိစိတ်က ထိုထူးဆန်းသည့် ပုံရိပ်နှင့် ပေါင်းစည်းသွားပြန်ပါသည်။

အင်မော်တယ် လယ်ကွင်းနှင့် စိုက်ပျိုးရေးခြံတစ်ခြံလုံးမှာတောင် အလင်းကွက်များက ထွက်ပေါ်လာပြီး အင်မော်တယ် အပင်များတွင် အလင်းရောင်များ များစွာ ရှိနေပြီး သာမန် အပင်များတွင်လည်း မှေးမှိန်သော အလင်းပေါက်ကလေးများ အနည်းငယ် ရှိနေပါသည်။

နောက်ဆုံးတော့ ယဲ့ရှောင်ချန်း၏ အလယ်ဗဟိုတွင် အလင်းရောင်ပင်လယ်ဝဲဂယက်ကြီး တစ်ခုဖြစ်ပေါ်လာသောအခါ သူ့တွင် ဖော်မပြနိုင်လောက်အောင် ထူးဆန်းသည့် ဆက်သွယ်မှုတစ်ခု ဖြစ်ပေါ်လာသည်။ ရုတ်တရက်ကြီး နေ့ဘက်တုန်းက မှတ်သားခဲ့သော စကားလုံး အဓိပ္ပာယ်များစွာက အသိစိတ််နက်နက်ရှိုင်းရှိုင်းထဲတွင် ပေါ်လာပြီး ပြောမပြနိုင်သော နားလည်ခြင်းများစွာက ဆက်တိုက်ပေါ်ပေါက်လာသည်။

လက်တွေ့တွင် သူ့ခန္ဓာကိုယ် ထထိုင်လာပြီး အလွန်ထူးခြားသည့် ပုံစံဖြင့် ထိုက်ကာ ရင်ဘတ်ကို လက်ဖြင့်ထိလိုက် ထူးဆန်းသည့် လက်ဗွေတစ်ခုဖြစ်ပေါ်လာစေပြီး သူ့အသက်ရှူသံကလည်း အလွန်ကာရန်ညီလာသည်။ သူ့ခန္ဓာကိုယ် ပြောင်းလဲမှုနှင့်အတူ အစက တည်ငြိမ်နေသော အလင်းရောင်ပယ်လယ် ဝဲဂယက်ကြီးလည်း ရုတ်တရက် ပြင်းထန်လာသည်။ ထိုကူးပြောင်းသည့် အမြန်နှုန်းမှာ အဆ ၁၀၀ လောက် တိုးမြင့်သွားသလိုပင်။

ယဲ့ရှောင်ချန်း စိတ်ထဲတွင် ထိုပုံရိပ်၏ လက်သည်းများအကြား ကိုင်ထားသည့် မျိုးစေ့ကလည်း ဆက်တိုက် ပုံသဏ္ဍာန် ပေါ်လာနေသည်။

ယဲ့ရှောင်ချန်းမျက်လုံးများ ဖွင့်ကြည့်လိုက်ပြီး ပျင်းကြောဆန့်လိုက်သောအခါ အလွန် သက်တောင့်သက်တာ ရှိသည်ဟု ခံစားလိုက်ရသည်။ ရုတ်တရက် အနည်းငယ် ကြက်သေသေသွားပြီး ငုံ့ကြည့်လိုက်၏။ လှဲအိပ်နေရမည့်အစား သူက ခြေခွေထိုင်နေသည်။ လခွမ်း၊ ဘာမှမမှတ်မိဘဲ ထထိုင်နေသည်တဲ့လား။ သူအမြန်ထလိုက်သည်။ သူ့ခြေထောာက်များက ဒီလိုပုံစံကို အကြာကြီး အသားမကျဘဲ ထိုင်နေရသဖြင့် သွေးမလျှောက်တော့သလို ခံစားရသော်လည်း သက်တောင့်သက်သာတော့ ရှိပါသည်။ အရင်ကထက် အများကြီး သက်တောင့်သက်သာ ရှိနေပါသည်။ လူတစ်ကိုယ်လုံး ပိုမို သက်ဝင်လာသလို ခံစားရသည်။

သူ့မျက်ခုံးများကို နူးညံ့ညင်သာစွာ ထိတွေ့လိုက်သည်။ ထို့နောက် သူ့မျက်လုံးထဲတွင်လည်း ထူးဆန်းသည့် အရောင်တစ်ခုက လက်နေသည်။ မျက်ခုံးများ၏ ခံစားချက်က ပိုမိုရှင်းလင်းလာသည်။ မျိုးစေ့တစ်ခု ဖုံးကွယ်နေပြီး အချိန်မရွေး အမြစ်တွယ်လာနိုင်သလိုပင်။

ပြောစရာမလိုအောင် မနေ့ညက အဖြစ်အပျက်ကြောင့် ဝိညာဥ်ပေါင်းစည်းခြင်း ဖြစ်တည်လာခြင်း ဖြစ်နိုင်ည်။ သို့သော်လည်း ဒီတစ်ခေါက်က အရင်အခေါက်များထက် ပိုမိုပြင်းထန်ပြီး သူ့ ခန္ဓာကိုယ်က အသိစိတ်ဖြင့် တစ်စုံတစ်ခုပင် အလိုလို လုပ်ခဲ့သေးသည်။

ယဲ့ရှောင်ချန်း တစ်ယောက်တည်း တီးတိုး ရေရွတ်လိုက်၏။ "ဒါကောင်းတာလား ဆိုးတာလား။"

သူမတ်တပ်ရပ်လိုက်ပြီး ဝါးကုတင်ကို သိမ်းလိုက်သညည်။ အင်မော်တယ် မြေထဲ လျှောက်လာပြီး အင်မော်တယ် အပင်တစ်ခုကို လက်ချောင်းဖြင့် ပေါ့ပါးစွာ ထိရိုက်လိုက်သည်။ ထိုအခါ အပင်တစ်ခုချင်းစီ၏ အသိစိတ်များက သူ့အာရုံထဲတွင် ပေါ်ပေါက်လာသည်။

ရှုပ်ထွေးသည့် ပြောင်းလဲမှုများ ဖြစ်ပျက်ပြီးသွားသောအခါ ရင်ထဲတွင် ရှင်းရှင်းလင်းလင်း နားလည်နိုင်လာ၏။

ထိုအိပ်မက်များ မြင်မက်ပြီးနောက် သူပြောင်းလဲလာခြင်းဖြစ်ပါသည်။ အပင်အသိစိတ်များ၏ ပြောင်းလဲမှုများကို တွေ့ရှိနိုင်ဖို့ စိတ်တည်ငြိမ်အောင် ထားဖို့ပင် မလိုအပ်တော့ပါ။ အခုတော့ တိုက်ရိုက် ဆက်သွယ်နိုင်ပြီး ဆန္ဒရှိသလို အသိစိတ်များကို အမှတ်တမဲ့ ထိတွေ့နိုင်လေပြီ။

မဟုတ်ပေ။ အရင်က သိပ်ပြီး မသိသာခဲ့သော်လည်း အခုတော့ သိသာလာခဲ့ပြီဟု ခံစားရသည်။ လက်ဖဝါးပေါ်က ပုံစံ အကြောင်းများကို စောင့်ကြည့်နေရသလိုဖြစ်ပြီး ထိုအင်မော်တယ် အပင်များ၏ အသိစိတ်များကို ထိန်းချုပ်ပြီးသား ဖြစ်နေပါပြီ။

ထိုခံစားချက်က အလွန် အံ့သြစရာ ကောင်းပါသည်။

All Chapters