← Chapters

ဖွံ့ဖြိုးခြင်း နည်းလမ်း

Vol. 10 Ch. 140

ဖွံ့ဖြိုးခြင်း နည်းလမ်း

Vol. 10 Ch. 140

အခန်း(၁၄၀) - ဖွံ့ဖြိုးခြင်း နည်းလမ်း

အိမ်အသစ် ဆောက်လုပ်ခြင်းကို စီစဥ်ထားသည့်အတိုင်း ဆောင်ရွက်သွားမည်။

အိမ်၏ အပြင်အဆင်ပုံစံသည် ယခု ကျေးလက်ဒေသတွင် လူကြိုက်အများဆုံးစတိုင်ကို အခြေခံထားပြီး အသေးစိတ် ပြောင်းလဲမှု များစွာ ရှိနေသည်။

လက်ထဲတွင် ပိုက်ဆံရှိနေသ၍ ဘာမှ စိုးရိမ်စရာမလိုပေ၊ အနည်းငယ် အကြံပေးဖို့သာ လိုအပ်သည်။

ယဲ့ရှောင်ချန်း၏ စိုက်ပျိုးရေးခြံ စီမံမှုကလည်း အားလျော့မသွားပေ။

ဟင်းသီးဟင်းရွက်များ၊ အင်မော်တယ် အပင်မျိုးစုံတို့က ကောင်းမွန်စွာ ကြီးထွား ဖွံ့ဖြိုးနေကြသည်။

အင်မော်တယ်စမ်းရေ စားသောက်ဆိုင် စီးပွားရေးကလည်း အလွန်ကောင်းမွန်နေသည်။ နေ့စဥ် ဝင်ငွေစီးဆင်းမှုက ယွမ် ၃၀၀,၀၀၀ - ၄၀၀,၀၀၀ အထိ ရှိလာပြီဖြစ်သည်။

လူလုပ်အားကို ထည့်မတွက်ပါက စားသောက်ဆိုင်ကို ထပ်ပြီး တိုးချဲ့နိုင်ပါသည်။

သို့သော် များစွာ စဥ်းစားချင့်ချိန်ပြီးနောက် သူ လက်လျှော့လိုက်တော့သည်။

စားသောက်ဆိုင် အရွယ်အစားသာ အလွန်ကြီးမားလာပါက စီမံခြင်း အခက်အခဲလည်း တိုးမြင့်လာမည်။ ထို့အပြင် သဘာဝဆန်ဆန်၊ သန့်စင်ပြီး ကျော့ရှင်းသည့် စတိုင်မျိုးမှ ကွဲထွက်သွားနိုင်သည်။

ဧည့်သည်များစွာ ရှိနေပါကလည်း လူအများကို လူအုံတိုးကြိတ်နေရသော မားကတ်တစ်ခုလို ခံစားရစေမည်။

နေရာက အကန့်အသတ်ရှိသော်လည်း ဝန်ဆောင်မှု အရည်အသွေးကိုတော့ အာမခံနိုင်ပါသည်။

ဝန်ဆောင်မှုနှင့် အစားအသောက်အရသာအပြင် စားသောက်ဆိုင်၏ အရည်အသွေးကလည်း စားသုံးသူ ပတ်ဝန်းကျင်အပေါ် မူတည်ပြီး အရေးပါသော အချက်တစ်ခု ဖြစ်ပါသည်။

ထို့ကြောင့် တိုးချဲ့မည့်အစား ဆိုင်ခွဲများ ဖွင့်လှစ်နိုင်သည်။

အမှန်ပင်။လောလောဆယ်တော့ မဖြစ်နိုင်သေးပါ။ စားသောက်ဆိုင်တစ်ဆိုင်တွင် အလွန်ပရော်ဖက်ရှင်နယ်ဆန်သော စားဖိုမှူးစနစ် ရှိရမည်။

လက်ရှိတွင် အင်မော်တယ်စမ်းရေ စားသောက်ဆိုင်ကို အဓိကအားဖြင့် ဆရာကြီးလင်နှင့် အခြားစားဖိုမှူးတချို့တို့က ထောက်ပံ့ထားခြင်းဖြစ်သည်။

သူတို့တွင် တပည့်တချို့ရှိသော်လည်း အင်မော်တယ်စမ်းရေ စားသောက်ဆိုင်ကို မထောက်ပံ့နိုင်ကြသေးပေ။

ဘာပဲဖြစ်ဖြစ် အင်မော်တယ်စမ်းရေက စံနှုန်းမှန်ကန်နေပြီး နေ့စဥ်နှင့်အမျှ ငွေများစွာရနေပါသည်။

နောက်ထပ် ကိစ္စတစ်ခုရှိနေသေးသည်။ နေ့တိုင်း ယဲ့ရှောင်ချန်း အိပ်ရာဝင်တိုင်း အိပ်မက်မက်သည်။ အိပ်မက်ထဲက အရာများကလည်း ပိုမို ပြင်းထန်လာသည်။

အိပ်ရာနိုးလာသောအခါ အိပ်မက်မက်ရင်း လမ်းလျှောက်ခဲ့သလို ခံစားချက်မျိုးရနေ၏။ သူ့အိပ်မက်ထဲက ထူးဆန်းသည့် သတ္တဝါကြီး ဖြစ်လာသလိုပင်။

သူ့မျက်ခုံးကြား နေရာထဲက တဒုတ်ဒုတ်ခုန်သံမှာ အခွံထဲက ကွဲထွက်လုနီးပါး ပိုပိုပြီး သန်မာလာသည်။

ယဲ့ရှောင်ချန်းက အကန့်အသတ်ရှိနေသော သဲလွန်စတို့ဖြင့် ဝိညာဥ်မျိုးစေ့မှာ သိပ်သည်းလာပြီဟုသာ ခန့်မှန်းနိုင်သည်။

ထို့အပြင် ဝိညာဥ်မျိုးစေ့ သိပ်သည်းလာခြင်းက ဝတ်မှုန်ကူးပျားအား ထိန်းချုပ်နိုင်မှုကို တိုးမြှင့်သွားစေသည်။

ယခင်က တစ်မီတာ အကွာအဝေးကျော်သွားသောအခါ သူ့ဆက်သွယ်မှုက ပြတ်တောက်သွားလိမ့်မည်။ သို့သော်လည်း အခုတော့ သိသာသောနှုန်းဖြင့် တိုးလာကာ ၂ မီတာ အကွာအဝေး ဖြစ်သွားလေပြီ။

ဝတ်မှုန်ကူးပျားနှင့် သူ့သံယောဇဥ်တို့ကလည်း ပိုမို သန်မာလာ၏။ သူစိတ်ရှုပ်ရသည့် တစ်ခုတည်းသောအရာ ပျားမှာ အစားအစာ ကြေးများပြီး ပျားရည်မှုန့်ကို မစားချင်သောကြောင့်ဖြစ်သည်။

ဆန့်ကျင်ဘက်အားဖြင့် ပျားက အင်မော်တယ် အပင်များမှ ဝတ်မှုန်များ စုဆောင်းရခြင်းကို သဘောကျပါသည်။

ကံမကောင်းစွာဖြင့် အင်မော်တယ်အပင်များ၏ ပန်းပွင့်ကာလက အကန့်အသတ်ရှိနေပြီး သူ့လိုအပ်ချက်များကို မဖြည့်ဆည်းနိုင်ပါ။

အင်မော်တယ် မြေသြဇာများဖြင့် စိုက်ပျိုးထားသည့် အင်မော်တယ် ပဲပင် ၃၀ မှာ ပဲတောင့်များဖြင့် ပြည့်နှက်နေလေပြီ။

ထို့အပင် အခြား အင်မော်တယ် ပဲပင်များတွင်လည်း ပဲတောင့်များဖြင့် ပြည့်နှက်နေ၏။ သို့သော် အရောင်က အနီရောင်ဖြစ်ပြီး ၎င်း၏ ဖွံ့ဖြိုးနှုန်းက အခြား အင်မော်တယ် ပဲပင်များထက် အနည်းငယ် နှေးကွေးပါသည်။

သူ မျှော်လင့်နေမိသည်။ ပဲစေ့များ ရင့်မှည့်လာပါက မကြုံစဖူး ရိတ်သိမ်းမှုကြီး ဖြစ်လာလိမ့်မည်။

အင်မော်တယ် လေမြက်ပင်ကလည်း ဖြေးညှင်းစွာ ဖွံ့ဖြိုးနေပါသည်။

အင်မော်တယ်ယွမ် ရှိလာပါက ရေဂုဏ်သတ္တိရှိ အင်မော်တယ်မြေသြဇာကို ဝယ်ယူမည်ဟု ယဲ့ရှောင်ချန်း တွေးလိုက်မိသည်။ မဟုတ်ပါက ထိုအပင် အရွယ်ရောက်ဖို့အတွက် အချိန်အကြာကြီး ကြာမြင့်ပါလိမ့်မည်။

မုန်ညင်းအပင်ပေါက်များ၏ ဖွံ့ဖြိုးမှုကလည်း ချောမွေ့နေပါသည်။ သို့သော်လည်း မုန်ညင်းပင်များ၏ ဖွံ့ဖြိုးကာလက ကြာရှည်သည်။ သူ့ရှန်းနုန်စနစ်ဖြင့်တောင် တစ်ခါ ရိတ်သိမ်းနိုင်ဖို့ ၁ လ၊ ၂ လ လောက် ကြာပါမည်။

ယဲ့ရှောင်ချန်းက ကျန်းဟုန်ယဲ့ကို ဆက်သွယ်လိုက်၏။ မုန်ညင်းပင် ပျိုးထောင်မှုအကြောင်း အဓိက တင်ပြဖို့ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် သူမက ယန်မြို့တော်၏ ခေါင်းဆောင်ဖြစ်ပြီး သူမနှင့် ထိတွေ့ဆက်ဆံနေရမည်ဟု ယဲ့ရှောင်ချန်း ခံစားမိပါသည်။

ကျန်းဟုန်ယဲ့က အင်မော်တယ်စမ်းရေ စားသောက်ဆိုင်မှ ဟင်းလျာများ၏ အရသာများက စွဲကျန်နေဆဲဖြစ်ပြီး အလုပ်ကြောင့် မသွားနိုင်သေးပါဟု ပြောခဲ့ပါသည်။

ယဲ့ရှောင်ချန်းက ရယ်မောလိုက်ပြီး ဖြစ်နိုင်တာနဲ့ အမြန်ဆုံး ယန်မြို့တော်တွင် ဆိုင်ခွဲတစ်ခု ဖွင့်လှစ်မည်ဟု ပြောခဲ့ပါသည်။

ဒုတိယ စားသောက်ဆိုင်၏ တည်နေရာက ယန်မြို့တော်ဖြစ်မည်။

ဒါက စီစဥ်ထားပြီးသား ဖြစ်ပါသည်။

တတိယ စားသောက်ဆိုင်ကိုတော့ တောင်ပိုင်းဒေသ၏ မြို့တော် ရှရှီမြို့တွင် ဖွင့်ပါမည်။

အမှန်ပင်။အားလုံးက အစီအစဥ်များသာ ရှိသေးသည်။ အနည်းဆုံးတော့ စားဖိုမှူးအဖွဲ့၊ စီမံရေးအဖွဲ့နှင့် ဝန်ဆောင်ရေးအဖွဲ့တို့ကို လေ့ကျင့်ပေးပြီးသည့် အချိန်အထိ ဖြစ်၏။

ငွေကြေးများကတော့ ပြဿနာမရှိပါ။ ကနဦး ငွေအရင်းအနှီးများကိုပင် အပြည့်အဝ အသုံးမချရသေးဘဲ ရှိနေပါသေးသည်။

ပြီးတော့ ပြောစရာမလိုအောင် စားသောက်ဆိုင်၏ ငွေဝင်နိုင်သော အစွမ်းအစဖြင့် နှစ်လအတွင်း ငွေကြေး လုံလုံလောက်လောက် ရနိုင်ပါသည်။

မျက်စိတမှိတ်အတွင်း အောက်တိုဘာ လလယ်သို့ ရောက်လာပြီ။

စိုက်ပျိုးရေးခြံတွင်။

ယဲ့ရှောင်ချန်းက ဖန်းယွမ်နှင့် စကားပြောနေ၏။

ဒီကောင်လေးက အောင်မြင်မှုများဖြင့် ပြည့်ဝနေလေပြီ။

ပညာရှင်အသင်း လာရောက်လည်ပတ်ပြီးချိန်နောက်ပိုင်း ပရိုမိုးရှင်းရဖို့ ဖြတ်လမ်းနည်း အသုံးပြုခဲ့သည်။

အခုတော့ သူက ဌာနရုံး၏ ဌာနမှုးပင် ဖြစ်နေလေပြီ။ သူက လက်ထောက်ဌာနမှုးအဆင့်သာ ရှိသေးသော်လည်း ထိုဌာနမှုးအဆင့် အခွင့်ထူးများကို သဘောကျနေပါသည်။

ယဲ့ရှောင်ချန်းကို ဖုန်းဆက်ပြီး သူ့ကောင်မလေးနှင့် မင်္ဂလာဆောင်တော့မည့်အကြောင်း ပြောပြခဲ့သည်။

ရက်စွဲက အောက်တိုဘာလအကုန်ဖြစ်၏။

"ပြောပါဦး။ ဖန်းယွမ် မမြန်လွန်းဘူးလားကွာ။"

ယဲ့ရှောင်ချန်းက ကြောင်သွား၏။

"မြန်တယ်ဟုတ်လား။ နှေးတယ်လို့တောင် ပြောလို့ရနေပြီ။ နှစ်ဖက်မိဘတွေကလည်း မြန်မြန်ဆန်ဆန် လုပ်ကြဖို့ အတင်းတိုက်တွန်းနေကြတယ်လေကွာ။"

ဖန်းယွမ်က အနည်းငယ် စိတ်ညစ်သွားပြီး ပြောလိုက်သည်။ "ငါတော့အိမ်'ထောင်' ကျတော့မှာပဲ။ နောက်ပိုင်း မင်းတစ်ယောက်တည်း လွတ်လွတ်လပ်လပ်နဲ့ အေးချမ်းနေတာကို ငါကြည့်နေနိုင်ရုံပဲ ရှိတော့မယ်။"

"အိမ်ထောင်ကျတာက ကောင်းပါတယ်ကွာ။ အေးပါ၊ ငါ သေချာပေါက် တက်ရောက်ပေးမယ်။"

ယဲ့ရှောင်ချန်းက ပြောလိုက်သည်။

"ဟားဟား ကောင်းတာပေါ့။ မင်းလာရင် ငါအများကြီး မျက်နှာရမှာ။ အတန်းဖော်တွေလည်း အများကြီးပဲ။ ဘယ်သူက ယဲ့ရှောင်ချန်းရဲ့ အကောင်းဆုံး ညီအစ်ကိုလည်း ကြည့်ကြစမ်းပါစေ။"

ဖန်းယွမ်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

ဖန်းယွမ်တွင် အဆက်အသွယ် ကျယ်ပြန့်စွာ ရှိပြီး အတန်းဖော်များနှင့်လည်း အဆက်အသွယ် မပျက်သေးပါ။ မင်္ဂလာဆောင်အတွင်း ကျောင်းသားများစွာက သေချာပေါက် တက်ရောက်ကြလိမ့်မည်။

ထိုအထိ စဥ်းစားပြီး သူသာ လက်ထပ်လျှင် ကောလိပ် အတန်းဖော် ဘယ်လောက်များများ လာကြမလဲဟု ယဲ့ရှောင်ချန်း တွေးကြည့်လိုက်မိသည်။

လူအများကြီးလာလိမ့်မည်ဟု တွေးမိသော်လည်း ရုတ်တရက် သက်ပြင်းချလိုက်မိပြန်သည်။ ကြည့်ရတာ သူနဲ့ ဆက်ဆံရေးကောင်းသည့်လူ များများစားစား မရှိသည့်ပုံပင်။

ဖန်းယွမ်ဆိုရင်တောင် အရင်တစ်ခေါက် တွေ့ပြီးခါမှ ပိုမိုရင်းနှီးလာခြင်းဖြစ်သည်။

ကောလိပ်အတန်းဖော်များသာမကဘဲ၊ မူလတန်း အတန်းဖော်များ၊ အလယ်တန်း အတန်းဖော်များနှင့် အထက်တန်း အတန်းဖော်များတောင်ပါသေးသည်။ ဆက်သွယ်ဖို့ နေနေသာသာ တရင်းတနှီးပင် မရှိကြပါ။

"ကြည့်ရတာ ငါ့အကျင့်စရိုက်ကော ဆက်ဆံရေးကော မကောင်းဘူးးထင်တယ်။"

ယဲ့ရှောင်ချန်း သက်ပြင်းသာ ချနိုင်တော့သည်။

နှစ်ပေါင်းများစွာ လေ့လာသင်ယူပြီးတာတောင် ဘာကြောင့် တစ်ယောက်တည်း ဖြစ်နေသေးတာလဲ။

ဝါးကုတင်ပေါ်တွင် ထိုင်လျက် ယဲ့ရှောင်ချန်း ဖုန်းကို ထုတ်လိုက်သည်။

အရင်ဆုံး ဝမ်ရှင်းယီကို မက်ဆေ့ချ်ပို့လိုက်သည်။ ထို့နောက် လီထျင်ထျင်ကို မဆက်သွယ်တာ ကြာပြီဖြစ်မှန်း သတိရသွားသည်။

တကယ်ပဲ လူများနှင့် ဆက်ဆံရေးတွင် သူမတော်လှပါဟု ယဲ့ရှောင်ချန်း ခံစားလိုက်ရ၏။ ဒီလောက်အချိန်ကြာတာတောင် လည်ဆွဲကိစ္စကို မရှင်းနိုင်သေးပေ။ သူ့ကိုယ်စား ဆက်ဆံရေးတွင် အတွေ့အကြုံရှိသည့် အခြားတစ်ယောက်သာ ဆိုပါက အိတ်ကပ်ထဲ လည်ဆွဲရောက်ရုံသာမကဘဲ လီထျင်ထျင်ကိုပါ ရသွားနိုင်လောက်သည်။

ယဲ့ရှောင်ချန်းက မက်ဆေ့ချ်တစ်စောင် ပို့လိုက်သည်။

လီထျင်ထျင်က စာမပြန်ပါ။

ယဲ့ရှောင်ချန်းက ခေါင်းခါလိုက်ပြီး ရှန်းနုန်မိတ်ဆက်လမ်းညွှန် စာအုပ်ကိုသာ ထုတ်ပြီး ဖတ်နေမိတော့သည်။

အနားယူချိန်တွင် ဒီစာအုပ်ကိုသာ သူ ဖတ်လေ့ရှိ၏။

အသိပညာပင်လယ်တွင် ကူးခတ်ရင်း သူ အသိပညာ ကြွယ်ဝလာသလို ခံစားမိပါသည်။

သူ စာပိုပြီး ဖတ်လေလေ၊ ပိုပြီး သတိထားမိလာလေလေဖြစ််သည်။

ခဏလောက်ကြာသောအခါ ယဲ့ရှောင်ချန်းက ရုတ်တရက် စာအုပ်ကို အောက်ချလိုက်ပြီး မျက်လုံးထဲတွင် အရောင်တောက်ပလာသည်။

"ဒီဖွံ့ဖြိုးခြင်းနည်းလမ်းက တကယ်ပဲ မှော်ဆန်နေတာလား။"

ယဲ့ရှောင်ချန်းက တစ်ယောက်တည်း ရေရွတ်လိုက်၏။

ရှန်းနုန်စနစ်မိတ်ဆက်လမ်းညွှန်ထဲတွင် သူ ဖတ်လိုက်ရသော အရာဖြစ်ပါသည်။

ထိုနည်းလမ်းဆိုသည်မှာ အထူးသဖြင့် အင်မော်တယ် အပင်များ အမြန်ဆုံး ဖွံ့ဖြိုးနိုင်ဖို့ အသုံးပြုခြင်းဖြစ်ပါသည်။

ပိုလျှံသော တက်ကြွမှုကြောင့် ရလဒ်များ ပျက်စီးနိုင်သည်။

ထိုနည်းလမ်းကြောင့် အင်မော်တယ် အပင်များ၏ အခြေမခိုင်ဘဲ ပြဿနာ မျိုးစုံ ပေါ်ပေါက်လာနိုင်သည်။

အားသာချက်က အင်မော်တယ် အပင်များကို အကြိမ်ပေါင်းများစွာ၊ အကြိမ် ဒါဇင်နှင့်ချီပြီးတောင် ပိုမို မြန်ဆန်စွာ ဖွံ့ဖြိုးသွားစေနိုင်၏။

မျက်စိတစ်မှိတ် အချိန်အတွင်း မျိုးစေ့ဘဝမှ ရင့်သန်သည့် အခြေအနေသို့ စိုက်ပျိုးနိုင်သည့် ကျွမ်းကျင် အင်မော်တယ် စိုက်ပျိုးရေးသမားများ ရှိခဲ့ဖူးသည်။

"ငါသာ ဖွံ့ဖြိုးခြင်း နည်းလမ်းကို ကျွမ်းကျင်အောင် လုပ်နိုင်ရင် အင်မော်တယ် လေမြက်ပင်ကို မြန်မြန်စိုက်ပျိုးနိုင်မှာလား။"

ယဲ့ရှောင်ချန်း၏ မျက်နှာတွင် စိတ်အားထက်သန်မှုများ ပေါ်လာသည်။

All Chapters