← Chapters

ဆေးရုံတက်ကုသခြင်း

Vol. 10 Ch. 141

ဆေးရုံတက်ကုသခြင်း

Vol. 10 Ch. 141

အခန်း(၁၄၁) - ဆေးရုံတက်ကုသခြင်း

ဖွံ့ဖြိုးခြင်း နည်းလမ်းတွင် ကြီးမားသော ဘေးထွက်ဆိုးကျိုးများ ရှိသော်လည်း မြင့်မားသော အလားအလာများလည်း ရှိပါသည်။

ဘေးထွက်ဆိုးကျိုးများကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ပါက အလွန်အသုံးဝင်လာနိုင်သည်။

လောလောဆယ် အင်မော်တယ် လေမြက်ပင်မှာ အလွန်နှေးကွေးစွာ ဖွံ့ဖြိုးနေသည်။ ဖွံ့ဖြိုးခြင်း နည်းလမ်းနှင့်ဆို ဖွံ့ဖြိုးနှုန်းကို တိုးမြှင့်နိုင်သည်။ ဖွံ့ဖြိုးနှုန်းကို အနည်းငယ်သာ တိုးမြှင့်နိုင်သည် ဆိုရင်တောင် လုံလောက်ပါလိမ့်မည်။

ထို့အပြင် ဖွံ့ဖြိုးခြင်း နည်းလမ်းကို အသုံးပြုဖို့လိုအပ်ချက်ကလည်း မမြင့်မားပါ။

လူတစ်ယောက်တွင် စိတ်ဝိညာဥ် ပါရမီ ရှိနေပါက အသုံးပြုနိုင်ပါသည်။

ထို့ကြောင့်  သူ့အတွက်တော့ အလွန်အဆင်ပြေသည့် သင်ယူစရာ နည်းလမ်းဖြစ်ပါသည်။

အမှန်ပင်။ အင်မော်တယ် လေမြက်ပင်အပေါ် တိုက်ရိုက် စတင် သုံးကြည့်မည်မဟုတ်ပေ။

ထိုနည်းလမ်းကို အင်မော်တယ် အပင်များ အပေါ်တွင်တောင် သုံးကြည့်မည် မဟုတ်ပါ။

သူ ကျရှုံးသွားပါက ဆုံးရှုံးမှုက အလွန်ကြီးမားမည်ဖြစ်သည်။

ထို့ကြောင့် သာမန် ဟင်းသီးဟင်းရွက်များကိုသာ အရင်ဆုံး ပစ်မှတ်ထားမည်ဖြစ်သည်။

ဖွံ့ဖြိုးခြင်း နည်းလမ်းကို အဆင့်တစ်ခုထိ သူကျွမ်းကျင်လာပါက အင်မော်တယ် အပင်များအပေါ် စတင်သုံးစွဲပြီး ဆုံးရှုံးမှုကို လျှော့ချနိုင်မည်ဖြစ်သည်။

မဟုတ်ပါက စိုက်ပျိုးရေးခြံက အင်မော်တယ် အပင်အားလုံးဆိုရင်တောင် သူသုံးဖို့ လုံလောက်မည်မဟုတ်ပါ။

သူ ဘာမှ မလုပ်နိုင်ပေ။ ဖွံ့ဖြိုးခြင်း နည်းလမ်းမှာ လေ့ကျင့်ဖို့ အများကြီးလိုအပ်ပြီး အစပိုင်းတွင် အောင်မြင်နိုင်ချေ အလွန်နည်းပါးသည်။

မကြာမီ ယဲ့ရှောင်ချန်းသည် အင်မော်တယ်မြေထဲမှ ထွက်သွားပြီး မုန်လာဥဖြူ အပင်ပေါက်တစ်ပင်ကို တွေ့လိုက်ရသည်။

ထိုမုန်လာဥဖြူ အပင်ပေါက်က အကောင်းဆုံး စမ်းသပ်ခံဖြစ်ပါသည်။

မုန်လာဥဖြူ အပင်ပေါက်ကို လက်ဖြင့် နူးညံ့စွာ ထိတွေ့လိုက်၏။

နှစ်လက်မအောက် တိုပြီး အလွန်ငယ်ရွယ်နေပါသေးသည်။

မျက်လုံးများကို ပိတ်လိုက်ပြီး အသက်ဝဝရှူကာ စိတ်ဝိညာဥ်ကို အဆုံးစွန်ထိ တိုးမြှင့်လိုက်သည်။

ဝိညာဥ်မျိုးစေ့က တဖြည်းဖြည်း သိပ်သည်းလာသည်နှင့် အမျှ သူ့စိတ်ဝိညာဥ်ပါရမီလည်း ထက်ရှလာခဲ့သည်။

ချက်ချင်း မုန်လာဥဖြူပင်၏ အသိစိတ်အချက်အလက်အားလုံးကို သူရလိုက်သည်။

"ဒီနည်းလမ်းရဲ့ ဗဟိုချက်က အပင်အသိစိတ်ကို အချက်အလက်တချို့နဲ့ အတင်းအကျပ် ပေါင်းစပ်ရတာပဲ။ ဦးနှောက်အကျင်းခံလိုက်ရသလိုမျိုးပဲ။ ဒီအချက်အလက်က အသိစိတ်ရဲ့ တစိတ်တပိုင်းဖြစ်လာပြီး လျင်မြန်တဲ့ ဖွံ့ဖြိုးနှုန်းအတွက် အလားအလာကို လှုံ့ဆော်ပေးလိမ့်မယ်။"

သို့သော်လည်း ဖွံ့ဖြိုးခြင်းတွင် အမှားအယွင်း အသေးဆုံးလေး တစ်ခုပါသွားလျှင်တောင် အပင် ပျက်စီးသွားပါလိမ့်မည်။

ဘာပဲဖြစ်ဖြစ် အပင်အသိစိတ်က ရိုးရှင်းသည့်ပုံပေါ်သော်လည်း အလွန်ရှုပ်ထွေးကာ ရှင်းရှင်းလင်းလင်း သိနိုင်ဖို့အတွက်က အလွန်ခက်ခဲလှပါသည်။

ယဲ့ရှောင်ချန်းတစ်ယောက် နဖူးပေါ်တွင် ချွေးများပြန်နေလေပြီ။

အပင်အသိစိတ်ကို အတင်းအကျပ် ပေါင်းစပ်ခြင်း နည်းလမ်းက စိတ်ဝိညာဥ်စွမ်းအင် အများကြီး အသုံးပြုရသည်။

ကံကောင်းစွာဖြင့် သူ့စိတ်ဝိညာဥ်မျိုးစေ့မှာ တဖြည်းဖြည်း သိပ်သည်းလာနေပြီး မယုံကြည်နိုင်လောက်သော အာနိသင် ပေါင်းစုံ ပေးစွမ်းနေပါသည်။ စိတ်ဝိညာဥ် ပြန်လည် ပြည့်ဝမှုကလည်း မြန်ဆန်သဖြင့် နည်းလမ်းကို အကြာကြီး အသုံးပြုနိုင်ခဲ့ပါသည်။

ယဲ့ရှောင်ချန်း မျက်လုံးသာ ဖွင့်ကြည့်လိုက်လျှင် နှစ်လက်မလောက်သာ ကြီးထွားသည့် မုန်လာဥဖြူအပင်ပေါက်မှာ ရုတ်တရက်ကြီး တုန်ခါလာကာ သာမန်မျက်စိဖြင့် မြင်နိုင်သောနှုန်းဖြင့် စတင် ဖွံ့ဖြိုးလာသည်ကို မြင်ပြီး ထိတ်လန့်သွားပေလိမ့်မည်။

၁၀ စက္ကန့်လောက် အချိန်တိုအတွင်း အရှည်က နှစ်ဆဖြစ်သွားပါသည်။

သို့သော်လည်း မုန်လာဥဖြူ အပင်ပေါက်ပုံစံက ပုံမှန် မဟုတ်ပေ။ သစ်ရွက်နှစ်ရွက်က အလွန်ကြီးထွားနေသော်လည်း ပင်စည်က သေးငယ်လွန်းပြီး အရွက်များကို မထောက်ပံ့နိုင်သဖြင့် ယိုင်နဲ့လာသည်။

ဖွံ့ဖြိုးနှုန်းက နှေးကွေးမသွားသေးပါ။

ရုတ်တရက် မုန်လာဥဖြူ၏ အဓိက ပင်စည်ကြီး ကျိုးကျသွားတော့သည်။

မုန်လာဥဖြူအပင်ပေါက် အသိစိတ်နှင့် ဆက်သွယ်နေသော ယဲ့ရှောင်ချန်းက အပင်တွင် အသေးဆုံး ပြောင်းလဲမှုကိုတောင် သတိထားမိပါသည်။

မျက်လုံးများကို ဖွင့်ကြည့်လိုက်ပြီး ကျိုးကျနေသော မုန်လာဥဖြူ အပင်ပေါက်ကို ကြည့်လိုက်သည်။ ယခင် အမြင့်ထက် ၂ ဆလောက် ပိုရှည်နေပြီး။ အရွက်များက ၃ ဆလောက် ပိုကြီးနေပါသည်။

"ဖွံ့ဖြိုးခြင်းနည်းလမ်းက တကယ် မှော်ဆန်တာပဲ။"

ယဲ့ရှောင်ချန်းက စိတ်မပျက်ဘဲ အံ့အားသင့်သွားပါသည်။

အသိစိတ်တွင် အချက်အလက်များကို အတင်းအကျပ် ပေါင်းစပ်ခြင်းက ဖွံ့ဖြိုးနှုန်းကို အပင် အရွယ်ရောက်လာသည်အထိ မြန်ဆန်သွားစေမှန်း ယဲ့ရှောင်ချန်း သိထားပါသည်။

ဖွံ့ဖြိုးခြင်းနည်းလမ်းက မှင်သက်စရာ ကောင်းလှသည်။

ဖွံ့ဖြိုးခြင်းနည်းလမ်းကို အသုံးပြုပြီးနောက် ပေါင်းစပ်ထားသော အချက်အလက်များကို ဖျက်ဆီးပြစ်ပြီး ဘေးထွက်ဆိုးကျိုးများကို နည်းပါးစေခြင်းက အကောင်းဆုံးဖြစ်ပါသည်။

ပေါင်းစပ်ခြင်းကသာ လွယ်ကူသော်လည်း ဖျက်ဆီးခြင်းက ခက်ခဲလှပါသည်။

ဖွံ့ဖြိုးခြင်း နည်းလမ်း၏ အခက်ခဲဆုံးအပိုင်းလည်းဖြစ်သည်။

ဖျက်စီးနေစဥ် အပင်၏ အသိစိတ်ကို ထိခိုက်သွားစေနိုင်ဖို့ လွယ်ကူသည်။

ထို့ကြောင့် ပေါင်းစပ်နေစဥ် အချက်အလက်များက ရိုးရှင်းပြီး ရှုထောင့်တချို့သာ ပါဝင်ပါက ပိုကောင်းပါသည်။

တကယ်တော့ အချက်အလက် ပေါင်းစပ်နေစဥ်တွင် မျှခြေညီဖို့ လိုအပ်သည်။ အပင်၏ အမြင့်ကိုသာ တိုးမြှင့်ပြီး အထူကို လျစ်လျူရှုရအောင် ရိုးရှင်းလွန်းနေပါက အပင်ကို ပါးလွှာသွားစေပြီး ကျိုးပဲ့သွားစေဖို့က လွယ်ကူပါသည်။

ယဲ့ရှောင်ချန်း စိတ်မညစ်ပါ။ စမ်းသပ်ချက်များ ဆက်လက် ဆောင်ရွက်ခဲ့ပြီး သူ့နည်းလမ်း လက်အောက်တွင် မုန်လာဥဖြူ အပင်ပေါက်များ ပြောင်းလဲသွားကြသည်။

တချို့က ရှည်လာသော်လည်း မူလ ပင်စည်များက သေးငယ်လွန်းသည်။

တချို့က ထူလွန်းပြီး မရှည်ကြပါ။

တချို့တွင်တော့ သစ်ရွက်များက သေးငယ်လွန်းနေ၏။

တချို့ ဟင်းသီးဟင်းရွက်များက အလွန်နှေးကွေးစွာ ဖွံ့ဖြိုးပြီး တချို့သစ်ရွက်များက အလွန် လျော့ရဲ လွန်းနေပြီး ပြဿနာ ပေါင်းစုံပေါ်လာခဲ့သည်။

ယဲ့ရှောင်ချန်းက ဖြေးညှင်းစွာ ထိန်းညှိနေရုံဆိုသော်လည်း ရလဒ်ကိုတော့ ရှောင်လွှဲ၍ မရနိုင်ပေ။

သို့သော်လည်း တိုးတက်မှု တချို့တော့ ရှိနေပါသေးသည်။

ဘယ်လောက်တောင် ကြာနေပြီလဲ မသိတော့ပါ။ ဘေးပတ်လည်က စွန့်ပြစ်ခံ မုန်လာဥဖြူ အပင်ပေါက်များကို ကြည့်ကာ ယဲ့ရှောင်ချန်း အနည်းငယ် ပြုံးလိုက်မိသည်။ အပင်များ၏ ဖွံ့ဖြိုးခြင်းကို ထိန်းချုပ်ရသည့် ခံစားချက်က တကယ်ပဲ ကောင်းမွန်လွန်းပါသည်။

သူ့မျက်ခုံးကို ပွတ်လိုက်သည်။ စိတ်ဝိညာဥ် ပြန်လည်ပြည့်ဝစေသည့် ဝိညာဥ်မျိုးစေ့ ရှိသော်လည်း သူ့စိဝိညာဥ်ကို အလွန်းများပြားစွာ သုံးခဲ့မိသည်။ ဝိညာဥ်မျိုးစေ့က အပြည့်အဝ ပုံစံမပေါ်သေးဘဲ မတည်ငြိမ်ကာ သူ့ဝိညာဥ်အပေါ်တွင် သက်ရောက်မှု တချို့ရှိနေပါသည်။

အင်မော်တယ်မြေထဲက သူ့ဝါးကုတင်ထံသို့ ပြန်သွားလိုက်သည်။ ဖုန်းကို ထုတ်ကြည့်လိုက်သောအခါ လီထျင်ထျင် စာပြန်ထားမှန်း တွေ့လိုက်ရသည်။

"တောင်းပန်ပါတယ် ကျွန်မ ခုလေးတင်မှ နိုးလာပြီး ရှင့်မက်ဆေ့ချ်ကို မြင်တာ။"

"လေးနာရီတောင် ထိုးနေပြီ။ ဒီနေ့ အားလပ်ရက် မဟုတ်တာကို ဘာလို့ ဆက်အိပ်နေသေးတာလဲ။"

ယဲ့ရှောင်ချန်းက ချက်ချင်း စာပြန်လိုက်သည်။

"ကျွန်မ အဆင်မပြေဖြစ်ခဲ့လို့ အခုလောလောဆယ် ဆေးရုံရောက်နေတာ။"

လီထျင်ထျင်၏ စာပြန်နှုန်းက အနည်းငယ်နှေးနေပြီး ဝမ်းနည်းသော အီမိုဂျီလေး ပို့လိုက်သည်။

"ဆေးရုံရောက်နေတယ် ဟုတ်လား။ ဖျားနေလို့လား။"

ယဲ့ရှောင်ချန်းက မေးလိုက်၏။

"မဟုတ်ဘူး၊ ဒီနေ့လမ်းမပေါ်မှာ လမ်းလျှောက်နေတုန်း တစ်ယောက်ယောက်က ကျွန်မ အဆောင်ကို ဆွဲယူသွားတာ။ အဲ့တာနဲ့ ကျွန်မပါ မြေကြီးပေါ် လဲကျသွားတယ်လေ။"

အချိန်အတန်ကြာသောအခါ လီထျင်ထျင်က စာပြန်လိုက်သည်။

အဆောင် ဟုတ်လား။

လီထျင်ထျင်ရဲ့ လည်ပင်းပေါ်က လည်ဆွဲကို ပြောတာလား။။

ယဲ့ရှောင်ချန်း ထိတ်လန့်သွားပြီး ချက်ချင်း စာပြန်လိုက်သည်။ "ဟိုလည်ဆွဲကို ပြောတာလား၊ ဘယ်သူ လုသွားတာလဲ။"

"ရှင်က လူထူးဆန်းပဲ။ လည်ဆွဲအကြောင်းပဲ မေးပြီး ကျွန်မ ဘယ်လိုနေလဲ ဂရုမစိုက်ဘူး။"

လီထျင်ထျင်က စိတ်ဆိုးမှု အနည်းငယ်ပါနေသော မက်ဆေ့ချ်ကို ပို့လိုက်သည်။

"အဲ တောင်းပန်ပါတယ်။ ခင်ဗျားလန့်သွားမှာပေါ့။ အခု ဘယ်လိုနေသေးလဲ။"

ယဲ့ရှောင်ချန်း လည်ဆွဲကို ဂရုစိုက်သည်မှာ သိသာပါသည်။ ဝိညာဥ်ပစ္စည်းကိုး။

မဟုတ်ပါက သူမ၏ ဝီချက်အကောင့်ကို မေးခဲ့စရာ ဘာအကြောင်း ရှိမှာလဲ။

အမှန်ပင် ထိုစကားများကိုတော့ ပြောလို့မဖြစ်ပါ။

"ကျွန်မခေါင်း မြေကြီးနဲ့ ရိုက်မိပြီး ခဏ သတိမေ့သွားတယ်။ ကျွန်မဆေးရုံမှာ တစ်ရက် နှစ်ရက်လောက် နေရဦးမယ်ထင်တယ်။"

လီထျင်ထျင်က မက်ဆေ့ချ်ပို့လိုက်သည်။

"ဂရုစိုက်ပြီး အနားယူပါ။ သြော် ဟုတ်သား ဘယ်ဆေးရုံမှာလဲဟင်။"

ယဲ့ရှောင်ချန်းက ခေတ္တစဥ်းစားကြည့်လိုက်ပြီး မက်ဆေ့ချ်ပို့လိုက်သည်။

"ဘာလို့လဲ၊ ကျွန်မကို လာတွေ့မလို့လား။"

လီထျင်ထျင်က မျက်လုံးကျယ် အီမိုဂျီပို့လိုက်သည်။

"လာလို့ မရဘူးလား။"

ယဲ့ရှောင်ချန်းက စာပြန်လိုက်၏။

လောလောဆယ် သူ လည်ဆွဲကိစ္စကို အတော်လေး စိတ်ဖိစီးနေသည်။

ဒါက သူလိုအပ်သည့်အရာဖြစ်ပြီး တစ်ယောက်ယောက်က လုယူသွားသည်။

ထို့ကြောင့် ရှရှီမြို့သို့ သွားပြီး လည်ဆွဲကို  ရှာဖွေရမည်။

ဧကန္တ ဒီအခွင့်အရေးကို အသုံးချပြီး လည်ဆွဲကို အရယူနိုင်လောက်သည်။

လည်ဆွဲကို ဘယ်လိုရှာရမလဲ ဆိုတာကတော့ ပြဿနာရှိ၏။ သို့သော်လည်း လည်ဆွဲယူသွားသည့် လူက ရှရှီမြို့တွင် ရှိနေသေးသ၍ အချိန်ကြာနိုင်သော်လည်း ရှာတွေ့နိုင်ပါသည်။

ဘာပဲဖြစ်ဖြစ် ဝိညာဥ်ချီကို ဝိညာဥ်ပစ္စည်းများက ဆွဲငင်သည် မဟုတ်ပါလား။

စဥ်းစားပြီးနောက် ယဲ့ရှောင်ချန်းက အနားမယူဘဲ အလျင်အမြန် ဝိညာဥ်ချီကို စတင် ထုတ်ယူလိုက်သည်။

လည်ဆွဲကို ရှာဖို့ ဘယ်လောက်ကြာမလဲ။ ဝိညာဥ်ချီ ဘယ်လောက်လိုအပ်မလဲ သူ မသိပါ။

ထို့အပြင် ယဲ့ရှောင်ချန်းက ကိရိယာတစ်ခု ထွင်ကာ ကားတွင် ဝိညာဥ်ချီပါဝင်သော ပုလင်းလေး တစ်လုံးကို တပ်ထားလိုက်သည်။ ထိုအခါ ဝိညာဥ်ချီကို ဖြည်းဖြည်းချင်း ထုတ်လွှတ်နိုင်ပြီး လမ်းမပေါ်တွင် ကားမောင်းရင် ရှာဖွေနိုင်လိမ့်မည်။

ယဲ့ရှောင်ချန်း အားလုံး အဆင်သင့် ဖြစ်သောအခါ ညည့်နက်အချိန်ပင် ရောက်နေလေပြီ။

All Chapters