← Chapters

ကံကောင်းပါစေ

Vol. 10 Ch. 143

ကံကောင်းပါစေ

Vol. 10 Ch. 143

အခန်း(၁၄၃) - ကံကောင်းပါစေ

Mercedes ကားနက်ကြီးထဲတွင် သက်လတ်ပိုင်း ယောက်ျားကြီး လီရှန်းကျွင်းနှင့် လှပသည့် အမျိုးသမီး ပိုင်ရုတို့က နောက်ခုံတွင် ထိုင်နေကြသည်။

"ရှန်းကျွင်း စိတ်မပူပါနဲ့။ ခုလေးတင် ကျွန်မတို့ လီထျင်ထျင်ရဲ့ ဆရာဝန်ကို မေးကြည့်ပြီးပြီလေ။ နှစ်ရက်လောက်နားလိုက်ရင် လီထျင်ထျင် သက်သာသွားမှာပါလို့ ပြောလိုက်တယ် မဟုတ်ဘူးလား။"

ပိုင်ရုက နူးညံ့စွာ နှစ်သိမ့်လိုက်သည်။

"ထျင်ထျင်ကို စိတ်မပူပါဘူး။ သူ့စိတ်ကို ငါနားလည်တယ်။ သြော်... ဒီဘဝမှာတော့ သူ့ခွင့်လွှတ်မှုကို ရတော့မယ် မထင်ပါဘူး။"

လီရှန်းကျွင်းက ပြောလိုက်သည်။

"မဟုတ်ဘူး၊ ထျင်ထျင်က ငယ်ပါသေးတယ်။ သူ ကြီးလာရင် ရှင့်ကို သေချာပေါက် နားလည်ပေးပါလိမ့်မယ်။"

ပိုင်ရုက ပြောလိုက်သည်။

"လူနာခန်းထဲက ကောင်လေးကို မင်းသတိထားမိလား။"

လီရှန်းကျွင်းက ရုတ်တရက် မေးလိုက်သည်။

"အင်း တွေ့လိုက်တယ်။ လူကောင်းလေး ပုံစံပါပဲ။"

ပိုင်ရုက ပြောလိုက်၏။

"သူ့ကို လူကောင်းလေးလို့ ထင်တယ်ပေါ့။"

လီရှန်းကျွင်းက အံ့အားသင့်သွားသည်။

"ဒါပေါ့ ရှင် လီထျင်ထျင်ကို ရိုက်တော့မလိုလုပ်တုန်းက ကျွန်မ မတားရင်တောင် ကောင်လေးက ဝင်ပါဖို့ အသင့်ဖြစ်နေတာပါ။"

ပိုင်ရုက ပေါ့ပါးစွာ ပြုံးလိုက်သည်။

"မင်းက အရမ်း အာရုံစိုက်လွန်းပါတယ်။ ကားပါကင်မှာတုန်းက Porsche Cayenne ကားကြီးထဲ ဝင်သွားတာ တွေ့လိုက်တယ်။ သူက သူဌေးမိသားစုက လာတာ ဖြစ်ရမယ်။"

လီရှန်းကျွင်းက ဆက်ပြောသည်။ "ထျင်ထျင်ကို ဘယ်လိုသဘောထားထား အရေးမကြီးဘူး။ ငါ့သမီးနား ကပ်ချင်ရင် ငါ့အဆင့်ကိုတော့ အရင်မှီအောင် လုပ်ရမယ်။"

လွှမ်းမိုးပြီး ခမ်းနားသော လေသံဖြင့် ပြောလိုက်သည်။

ဖုန်းကိုထုတ်ကာ ခလုတ်တစ်ခုနှိပ်လိုက်သည်။ တစ်ဖက်မှ ဘာသံမှ မကြားရပါ။

"ငါ့သမီးလူနာခန်းထဲမှာ ရှိနေတဲ့ ကောင်လေးအကြောင်း အသေးစိတ်အကုန် စုံစမ်းလိုက်။"

အေးစက်ပြီး တည်ငြိမ်သော လေသံဖြင့် သူပြောလိုက်သည်။

ထိုသို့ပြောပြီး ဖုန်းကို တန်းချလိုက်သည်။ တဖက်က ဘယ်လိုတုန့်ပြန်မှုပဲလာလာ အရေးမကြီးတာလား၊ တဖက်က သူ့အမိန့်ကို အမြဲတမ်း နာခံမည်ကို ယုံကြည်ချက်ရှိလို့ပဲလားမသိပါ။

ကားပါကင်ထဲမှ ထွက်လာပြီးနောက် ယဲ့ရှောင်ချန်းက အင်မော်တယ် ဝိညာဥ်ချီဖြင့် ပြည့်နေသော ပုလင်းကိရိယာကို ဖွင့်လိုက်သည်။

ရုတ်တရက် ဖျော့တော့သော ဓာတ်ငွေ့နီများက နောက်ခုံ ကားမှန်ပြတင်းအစွန်းမှ ထွက်လာသည်။

ဘေးကြည့်မှန်မှ အနီရောင် ဓာတ်ငွေ့များ၏ ဦးတည်ချက်ကို သူမြင်နိုင်သည်။

အမှန်ပင်။ ယဲ့ရှောင်ချန်း ဂရုတစိုက် မောင်းနှင်ရပြီး အရှိန်ကလည်း အရမ်းမမြန်သင့်ပေ။

ဒီလိုနှင့် ယဲ့ရှောင်ချန်း ကားလမ်းတစ်လျှောက် မောင်းနှင်လာခဲ့သည်။

အင်မော်တယ် ဝိညာဥ်ချီကို ဝိညာဥ်ပစ္စည်း ဆွဲငင်နိုင်သည့် အကွာအဝေးက အများဆုံး မီတာ ၁၀၀ ဖြစ်ပြီး မီတာ ၁၀၀ ကျော်လွန်သွားပါက ဆွဲငင်အား ရှိနေလျှင်တောင် အင်မော်တယ် ဝိညာဥ်ချီ စီးဆင်းသည့် ဦးတည်ချက်ကို ဆုံးဖြတ်ဖို့ ခက်ခဲပါသည်။

သည်းခံစိတ်ကို စမ်းသပ်သည့် ပွဲသာ။

ထို့အပြင် လည်ဆွဲလုသွားသည့်လူကလည်း လှုပ်ရှားနေနိုင်သောကြောင့် အလွယ်တကူ လွဲသွားနိုင်ပါသည်။ ရှာပြီးသား နေရာတစ်ခုသို့ပင် ရောက်နေနိုင်သည်။

သူ့ရင်ထဲတွင် စိတ်ခံစားချက်ပေါင်းစုံ ရှိနေပြီး ကံကောင်းဖို့သာ မျှော်လင့်မိပါသည်။ မဟုတ်ပါက ဒီလိုအခွင့်အရေးမျိုးက ကောက်ရိုးပုံထဲ အပ်ပျောက်ရှာသည်နှင့် မခြားနားပါ။

သူသာ အင်မော်တယ်ကျင့်ကြံသူ ဖြစ်ပါက ကျင့်ကြံသူ နည်းလမ်းများကို သုံးနိုင်သည်။

အနည်းဆုံးတော့ စတိုးဆိုင်တွင် ခြေရာခံဖို့ အထူးအသုံးပြုသည့် ခြေရာခံ အဆောင်တစ်ခုကို မြင်ဖူးသည်။ ကံမကောင်းစွာဖြင့် ထိုကဲ့သို့ အဆောင်မျိုးက အသုံးပြုရန် မှော်စွမ်းအား လိုအပ်သည်။

ပိုအရေးကြီးသည်က လောလောဆယ် ဝယ်ယူဖို့ အင်မော်တယ်ယွမ် မရှိပေ။

ထိုအဖြစ်အပျက်က ဟွမ်းရှင် လမ်းပေါ်တွင် ဖြစ်ပျက်ခဲ့သည်ကို စဥ်းစားရင်း ထိုနေရာသို့ အရင်ဆုံးသွားပြီး သူ့ရှာဖွေရေးစတင်ဖို့ နေရာအဖြစ် အသုံးပြုလိုက်သည်။

အမှန်ပင်။ ဖြစ်နိုင်ချေက အလွန်နည်းမှန်းတော့ သူ သိသည်။ သူခိုး၏ ပထမဆုံး အတွေးမှာ လည်ဆွဲလုပြီးနောက် ထိုနေရာမှ ထွက်သွားဖို့ ဖြစ်သောကြောင့်ပင်။

သို့သော်လည်း ယဲ့ရှောင်ချန်း၏ စိတ်ထဲတွင် သံသယတစ်ခုရှိသည်။

ဘာကြောင့် ထိုလူက လီထျင်ထျင်ရဲ့ လည်ပင်းက လည်ဆွဲကိုပဲ လုသွားရတာလဲ။

ရွှေလည်း မဟုတ်၊ စိန်လည်း မဟုတ်၊ ကျောက်စိမ်းလည်း မဟုတ်၊ အခြားဘာတန်ဖိုးရှိသည့် ပစ္စည်းမှ မဟုတ်ပါ။

ထို့အပြင် ထိုလူ၏ အချိန်ကိုက်ကလည်း ကောင်းလွန်းသည်။ သူမ လမ်းထောင့် ရောက်လာသည့် အချိန်ကိုမှ ပစ်မှတ်ထားခဲ့၏။

ဒါမျိုးကို သာမန်လူကတော့ မလုပ်နိုင်လောက်ပါ။

လုံခြုံရေးကင်မရာများ မမြင်နိုင်သော နေရာကို ရှာချင်လျှင်တောင် အချိန်အတော်ကြာနိုင်သည်။ ရှာဖွေနေစဥ်အတွင်းလည်း ထိုလူ ကင်မရာထဲ ပါလာနိုင်သေးသည်။ ရဲများက စုံစမ်းစစ်ဆေးပြီး ပြန်ကြည့်လိုက်ပါက အပြစ်အနာအဆာများ ပေါ်လာနိုင်သည်။

အတိုချုံးပြောရလျှင် သာမန် သူခိုးတော့ မဟုတ်လောက်ပါ။

ယဲ့ရှောင်ချန်းက ထိုလူ၏ လည်ဆွဲကို အထူး ပစ်မှတ်ထားခဲ့သည်ဟုတောင် သံသယဖြစ်မိပါသည်။

စဥ်းစားပြီးနောက် သူ့ရင်ထဲတွင် လှုပ်ရှားမှု တစ်ခုကို ခံစားလိုက်ရသည်။ အချိန်အကြာကြီး ပြဿနာတစ်ခုကို စဥ်းစားလိုက်မိ၏။

အင်မော်တယ်များက တကယ်တည်ရှိနေသဖြင့် ကမ္ဘာပေါ်မှာကော အဆင့်မြင့် သိုင်းပညာရှင်များ သို့မဟုတ် ကျင့်ကြံသူများ မရှိနိုင်ဘူးလား။

အခုချိန်ထိ သူတစ်ယောက်မှ မတွေ့ဖူးသော်လည်း မရှိဘူးဟု မဆိုလိုနိုင်ပါ။

ဘာပဲဖြစ်ဖြစ် အင်မော်တယ်တွေတောင် တကယ်ရှိကြသည် မဟုတ်ပါလား။

အခုလက်ရှိ သူ့အမြင်က ကျဥ်းမြောင်းလွန်းနေ၍သာဖြစ်ပြီး အလင်းမတောက်သည့် နေရာများကို မမြင်နိုင်ခဲ့ပါ။

အခြားကိစ္စများကို မဆိုဦးနှင့်၊ ငယ်ဘဝကတည်းက ယဲ့ရှောင်ချန်းမှာ ရုပ်ရှင်များထဲကလို မှောင်ခိုဂိုဏ်းများ တိုက်ခိုက်ခြင်း သတ်ဖြတ်ခြင်းများကို မတွေ့ဖူးခဲ့ပါ။

တကယ်တော့ မြို့၏ ထောင့်တစ်နေရာတိုင်းတွင် ဖြစ်နိုင်ပါသည်။

မတူညီသော လူမှုဘဝကြီးဖြစ်သည်။

အလင်းနှင့် အမှောင်တို့က အမြဲတမ်း တည်ရှိနေ၏။ အာရုံစိုက်မခံရဘဲ ရောနှောနေကြပြီး သာမန်လူများက မမြင်နိုင်ရုံသာရှိသည်။

ဧကန္တ အနာဂတ်တွင် သူလည်း ထိုကဲ့သို့ လူများနှင့် ထိတွေ့နိုင်လောက်သည်။

ထို့အပြင် ယဲ့ရှောင်ချန်းက စတင် မကျင့်ကြံရသေးသဖြင့် ထိုအရာများကို စောစော မတွေ့ချင်ပါ။

လုံးဝ မဖြစ်နိုင်ပေ။ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ပင် အစွမ်းအစ မရှိသေးပေ။

ဘာမှမရှိဘူးလို့တော့ မပြောနိုင်ပါ။ အနည်းဆုံး အလွန်အသုံးဝင်သည့် ဝတ်မှုန်ကူးပျားတော့ သူ့မှာရှိနေပါသေးသည်။

ရှရှီမြို့တော်သို့ လာရောက်ပြီး လည်ဆွဲလုသွားသည့် လူကို ရှာဖွေရဲခြင်းမှာ ဝတ်မှုန်ကူးပျားကို သူယုံကြည်ခြင်းကြောင့်ဖြစ်သည်။

သူ အကောင်းဆုံး လုပ်နိုင်သည့်အရာက ဝတ်မှုန်ကူးပျားကို လွှတ်ကာ ထိုလူကို တုပ်စေပြီး လည်ဆွဲကို ယူလိုက်ခြင်းဖြစ်သည်။

ဂျီပီအက်စ်အရ နောက်ထပ် လမ်းဖြတ်ကို ကျော်လျှင် ဟွမ်းရှင် လမ်းသို့ ရောက်မည်ဖြစ်သည်။

ရုတ်တရက် ယဲ့ရှောင်ချန်း မျက်လုံးများ ကျယ်သွားပြီး မသိစိတ်ဖြင့် ခြေထောက်အောက်က ကားဘရိတ်ကို နင်းလိုက်သောကြောင့် သူ့ခန္ဓာကိုယ်ရှေ့သို့ ယိုင်ထိုးသွားသည်။

ကားကလည်း ချက်ချင်း အရှိန်ကျသွား၏။

အနောက်ဘက်က ကားက သူ့ကားကို ဝင်တိုက်မိမလိုပင် ဖြစ်သွားပြီး ကားသမားက ဆဲဆိုနေသည်။

ကံကောင်းစွာဖြင့် အရှိန်က မမြန်ခဲ့ပါ။ မဟုတ်ပါက ထိုကား တကယ်တိုက်သွားနိုင်သည်။

ယဲ့ရှောင်ချန်း အသိစိတ်ပြန်ဝင်လာ၏။

သို့သော်လည်း ဆဲဆိုသံများကို သူဂရုမစိုက်ပါ။ ထို့အစား သူ့ရင်ထဲတွင် ပီတိများဖြင့် ပြည့်နှက်နေ၏။

အကြောင်းမှာ အနီရောင် အင်မော်တယ် ချီဓာတ်ငွေ့များ ဦးတည်ရာ တစ်ဖက်တည်းသို့ သွားနေကြသည်ကို မြင်လိုက်ရသောကြောင့်ပင်။

ဒါက မီတာ ၁၀၀ အတွင်း ဝိညာဥ်ပစ္စည်းတစ်ခု ရှိနေသည်ကို ပြသနေခြင်းဖြစ်သည်။

ယဲ့ရှောင်ချန်း ရင်ထဲတွင် စိတ်လှုပ်ရှားနေသည်။

အမှန်ပင်။ အဝေးကြီး လာခဲ့ပြီးမှ အလွယ်လေး လာရှာတွေ့သည်။

အချိန်အကြာကြီး ရှာရမည်ဟု ထင်ထားပြီး တိုက်ပွဲရှည်အတွက်ပင် အသင့်ဖြစ်နေလေပြီ။

အခုချိန်ကြီး လာတွေ့လိမ့်မည်ဟု ဘယ်သူက ထင်မည်နည်း။

နတ်မျက်စိ တကယ် ပွင့်သွားလေပြီ။

ကားပါကင်နေရာ ဟုတ်ဟုတ် မဟုတ်ဟုတ် သူ ချက်ချင်း လမ်းဘေးတွင် ကားကို ပါကင်ထိုးလိုက်သည်။

ကားထဲတွင် တပ်ဆင်ထားသည့် ကိရိယာကို ပိတ်လိုက်သည်။

ထို့နောက် ပုလင်းငယ်လေးကို ထုတ်ပြီး အင်မော်တယ် ချီများကို ထုတ်လိုက်ကာ ပြတင်းပေါက် အပြင်ဘက်သို့ ကြည့်လိုက်သည်။

အဆောက်အဦးမြင့်ကြီးများစွာ ရှိနေသော်လည်း အနောက်ဘက်တွင်တော့ ရပ်ကွက်တစ်ခုရှိသည်။

ချက်ချင်း သူ့အသက်ရှူသံကို ရပ်တန့်လိုက်ပြီး စိတ်အေးအေးထားဖို့ ကြံလိုက်သည်။

ဒီလို စုံထောက်ကိစ္စမျိုး လုပ်ဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး စိတ်လှုပ်ရှားနေသည်။

သူ့နှလုံးခုန်သံ ငြိမ်သွားမှ ကားထဲမှထွက်လာသည်။

ကားတံခါးကို ပိတ်လိုက်ပြီး လော့ချကာ မြေအောက် ဝင်ပေါက်တစ်ခုသို့ လမ်းလျှောက်သွားလိုက်ပါသည်။

All Chapters