← Chapters

မတော်တဆမှု

Vol. 10 Ch. 144

မတော်တဆမှု

Vol. 10 Ch. 144

အခန်း(၁၄၄) - မတော်တဆမှု

ယဲ့ရှောင်ချန်း အဆောက်အဦးတစ်ခု အနီးသို့ ရောက်ရှိလာသည်။

အင်မော်တယ် ဝိညာဥ်ချီ၏ ဦးတည်ချက်ကို ကြည့်ခြင်းအားဖြင့် ဝိညာဥ်ပစ္စည်းမှာ ဒီအဆောက်အဦးတွင် ရှိပုံမပေါ်ဘဲ နောက်ဘက်က အိမ်ရာနယ်မြေတွင် ရှိပုံရသည်။

ချက်ချင်း ဘေးနားက လမ်းဆီသို့ လျှောက်သွားလိုက်သည်။

ဂရုစိုက်ကာ လမ်းသွားလမ်းလာ တစ်ယောက်လို ဟန်ဆောင်လိုက်သည်။

ဝတ်မှုန်ကူးပျား ပါသော လက်ဆွဲအိတ်တစ်လုံးကိုလည်း ယူလာသည်။ အချိန်မရွေး ဝတ်မှုန်ကူးပျားကို လွှတ်နိုင်ရန်ဖြစ်သည်။

သေရမှာကိုတော့ သူကြောက်ပါသည်။

၁၀ မိနစ်ကျော်လောက် လမ်းလျှောက်ပြီးသွားသောအခါ နောက်ဆုံးတော့ အိမ်ရာနယ်မြေသို့ ဝင်ပေါက်ကို ယဲ့ရှောင်ချန်း တွေ့ရှိသွားသည်။

ကတ်ပြားကို ဆွဲကာ ဝင်ရထွက်ရသော လုံခြုံရေးမျိုးလည်း ရှိသည်။

ယဲ့ရှောင်ချန်း အလောတကြီးမဝင်ဘဲ ခဏလောက် စောင့်လိုက်၏။ လူများစွာက အိမ်ရာထဲသို့ တချိန်တည်း ပြုံဝင်ကြသောအခါ သူတို့နောက် ခပ်မြန်မြန် လိုက်သွားပြီး ချောချောမွေ့မွေ့ ဝင်ရောက်နိုင်ခဲ့ပါသည်။

ရပ်ကွက်နယ်မြေကလည်း အလွန်ကျယ်ပြန့်သည်။

လူနေ အဆောက်အဦးများကိုလည်း သေသေသပ်သပ် စီရီဆောက်လုပ်ထားပါသည်။

အိမ်ရာပုံစံကွက်ကို သူမြင်လိုက်ရ၏။ နယ်မြေသုံးခုအဖြစ် ပိုင်းခြားထားသည်။ နယ်မြေ ၁၊ နယ်မြေ ၂၊ နယ်မြေ ၃တို့ဖြစ်သည်။

ဝိညာဥ်ချီက လမ်းပြနေသဖြင့် လမ်းပျောက်မည်ကိုတော့ သူမစိုးရိမ်ပါ။

၁၀ မိနစ်ကျော်ကြာသောအခါ နောက်ဆုံးတော့ ယဲ့ရှောင်ချန်း အဆောက်အဦးတစ်ခု အနီးသို့ ရောက်လာသည်။

အင်မော်တယ် ဝိညာဥ်ချီ ကိုကြည့်ခြင်းအားဖြင့် ဝိညာဥ်ပစ္စည်း ဒီနေရာတွင် ရှိနေပါသည်။

အထပ် ၂၀ ကျော်သော တိုက်တစ်လုံးကို မော့ကြည့်လိုက်ပြီး အနည်းငယ် မျက်မှောင် ကြုတ်သွားသည်။

အထပ် အတိအကျကို ရှာဖွေဖို့ မလွယ်ကူနိုင်ပါ။

လှေကားဖြင့်သာ တက်နိုင်သည်။ ၁၅ ထပ်မြောက် 3BHK အခန်းတစ်ခုတွင်။

အဲကွန်းက သင့်လျော်သော အပူချိန်တစ်ခုတွင် လည်ပတ်နေ၏။

အင်္ကျီလက်တိုနှင့် ဘောင်းဘီရှည် ဝတ်ထားသည့် ဆံပင်တိုတို ယောက်ျားတစ်ဦးက ဆိုဖာပေါ်တွင် လှဲနေပြီး တီဗီကြည့်နေသည်။

ရုတ်တရက် သူ့ဖုန်းသံ မြည်လာ၏။

ဖုန်းကို အမြန်ကိုင်လိုက်ပြီး ဖြေလိုက်သည်။

မသဲကွဲသော အသံတစ်ခုက ဖုန်းထဲမှ ထွက်လာ၏။

"ငါရောက်ခါနီးပြီ။ ပစ္စည်းကို အသင့်ပြင်ထားလိုက်တော့။"

ယောက်ျားကြီးက ပြုံးကာ ပြောလိုက်သည်။ "ကျုပ်ပိုက်ဆံလည်း အသင့်ပဲမဟုတ်လား။"

"ဒါပေါ့။"

ဖုန်းထဲမှ ပြန်ဖြေသံထွက်လာသည်။

ယောက်ျားကြီးက သူ့အိတ်ကပ်ထဲမှ နူးညံ့သည့် သေတ္တာတစ်လုံးကို ယူကာ သိမ်သိမ်မွေ့မွေ့ဖွင့်လိုက်၏။ အလွန်တန်ဖိုးနည်းသည့် လည်ဆွဲတစ်ခု အထဲတွင် ရှိနေသည်။

"တကယ်ထူးဆန်းတာပဲ။ ဒီလို သာမန် အဆောင်လေး တစ်ခုအတွက် သူတို့တွေက သန်းတစ်ဝက်တောင် ပေးတယ်။"

ချည်မျှင်ကို ကိုင်ရင်း ယောက်ျားကြီးက လည်ဆွဲကို ထုတ်ကာ ဂရုတစိုက်ကြည့်လိုက်သည်။

အကြိမ်ပေါင်းများစွာ ကြည့်လိုက်ပြီး နည်းလမ်းတချို့ပင် သုံးခဲ့သော်လည်း ဘာများထူးခြားနေသလဲ မသိနိုင်ခဲ့ပါ။

သာမန် သစ်သားဖြင့် ပြုလုပ်ထားပုံသာ ရသည်။

"ထားလိုက်ပါတော့ကွာ။ ကြည့်ရတာ အလုပ်ရှင်က ငွေပေါလွန်းလို့ပဲလား။ ဒါမှမဟုတ် သူ့အတွက် အဓိပ္ပာယ် တစ်ခုခုရှိတဲ့ တိုကင်တစ်ခုခုဖြစ်လို့နေမှာပေါ့။ ဘာပဲဖြစ်ဖြစ် သန်းတစ်ဝက်လောက်ရဖို့ အားတောင် အများကြီး မစိုက်ထုတ်လိုက်ရဘူး။"

သူ့မျက်နှာပေါ်တွင် အားရနေသော အပြုံးတစ်ခု ပေါ်လာ၏။

၁၅ ထပ်မြောက် ဓာတ်လှေကား အဝတွင်။

ဒင်ခနဲ မြည်သည်ဖြင့် တံခါးပွင့်လာပြီး ယောက်ျားတစ်ဦးက ပိုက်ဆံသေတ္တာတစ်လုံးကိုင်ကာ ထွက်လာသည်။ သူက အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး အလွန်သွေးအေးသည့် ပုံစံပင်။

အခန်းတံခါးတစ်ခုထံသို့ သွားပြီး တံခါးခေါက်လိုက်သည်။

တစ်ချိန်တည်းမှာပင် ခွေးတစ်ကောင်လို မောပန်းနေသည့် ယဲ့ရှောင်ချန်းလည်း လှေကားမှ တက်လာပြီး ၁၅ ထပ်သို့ ရောက်ရှိလာသည်။ လေးလံသည့် လှေကား တံခါးကြီးကို ဖွင့်ကာ ၁၅ ထပ် ကော်ရစ်ဒါသို့ ဝင်သွား၏။

အင်မော်တယ် ဝိညာဥ်ချီကို ကြည့်ခြင်းအားဖြင့် ဝိညာဥ်ပစ္စည်းမှာ ဒီအထပ်တွင် ရှိနိင်သည်။

ရုတ်တရက် အနက်ရောင် ပုဂ္ဂိုလ်တစ်ယောက် တံခါးတစ်ခုထဲဝင်သွားသည်ကို သူမြင်လိုက်ရသည်။

တံခါးထဲ ဝင်ခါနီးတွင် ထိုအနက်ရောင် ပုဂ္ဂိုလ်က တစ်စုံတစ်ခုကို အာရုံခံမိသွားပုံရပြီး သူ့ကို ပြန်လှည့်ကြည့်လိုက်သည်။

ထိုအကြည့်က ယဲ့ရှောင်ချန်းကို ရေခဲပြင်တစ်ခုပေါ်သို့ ပြုတ်ကျသွားသလို ခံစားမိသွားစေသည်။

သူ့ခန္ဓာကိုယ်ပေါ်က မွှေးညှင်းများ ထောင်မတ်သွားရ၏။

အတွေးတစ်ခုသာ ယဲ့ရှောင်ချန်းခေါင်းထဲ ပေါ်လာသည်။ ဒီလူက အလွန်အန္တရာယ်များသည့်လူ ဖြစ်ရမည်။

သူ့အာရုံငါးပါးက အလွန်နိုးကြားလွန်းသည်။ ဆဌမအာရုံဟု ပြောနိုင်သည့် သူ့စိတ်ဝိညာဥ် ပါရမီကလည်း သာမန်လူများ မသိနိုင်သည့် အသက်ရှူသံကို ကြားရလောက်သည့်အထိ နိုးကြားပါသည်။

ထိုလူ အခန်းထဲ ဝင်သွားသောအခါ သူ စိတ်အေးသွားရပါသည်။

သူ အခန်းကို ကျော်ပြီး ဖြေးညှင်းစွာ လမ်းလျှောက်သွားသည်။

ရုတ်တရက် အင်မော်တယ် ဝိညာဥ်ချီက အနက်ရောင် ပုဂ္ဂိုလ် ဝင်သွားသည့် အခန်းထဲကိုပဲ ဦးတည်နေသဖြင့် သူအံ့သြသွားရသည်။

လည်ဆွဲကို ခိုးသွားတာ အဲ့ဒီအနက်ရောင် ပုဂ္ဂိုလ်များလား။

ချက်ချင်း ယဲ့ရှောင်ချန်းရင်ထဲ သတိကြီးလာ၏။

အခန်းထဲ ဝင်သွားမည့်အစား ကျော်သွားလိုက်သည်။

အနက်ရောင် ဝတ်စုံနှင့်လူက အခန်းထဲမဝင်ခင် ကြည့်သွားသဖြင့် သူ့ကို မြင်ခဲ့နိုင်သည်။ ထို့ကြောင့် သူပေါ်သွားနိုင်ပါသည်။

အခြားတဖက်က ပြတင်းပေါက်ဆီသို့ သူတန်းတန်းမတ်မတ်သွားလိုက်၏။

တိုက်ခန်း၏ တည်နေရာက ညာဘက်တွင်ဖြစ်သည်။ ဤပြတင်းပေါက်၏ တည်နေရာမှ ဝတ်မှုန်ကူး ပျားကို လွှတ်လိုက်ပါက ဝင်ပေါက်ကို ရှာနိုင်ပြီး အခန်းထဲ ဝင်နိုင်ပါလိမ့်မည်။

ဝှီးး

ယဲ့ရှောင်ချန်း၏ လက်ကိုင်အိတ်ထဲမှ အနက်ရောင် အလင်းတစ်ခုက ရုတ်တရက် ပျံသန်းသွားပြီး ပြတင်းပေါက်အပြင်ဘက်သို့ ထွက်သွားသည်။

ယဲ့ရှောင်ချန်းက နူးညံ့စွာ လေချွန်လိုက်သည်။

လေချွန်သံက တိုးညှင်းလိုသဖြင့် လူသား နားများဖြင့် မကြားနိုင်သလောက်ရှိသည်။ ကြိမ်နှုန်းများက အလွန်မြင့်မားပြီး လင်းနို့များ၏ အသံထက်လွန်လှိုင်းများနှင့် တူညီပါသည်။

သူ့မျက်လုံးများကို မှိတ်လိုက်ပြီး ဝိညာဥ်စွမ်းအားများကို အဆုံးထိ မြှင့်တင်လိုက်သည်။ သူ့မျက်ခုံးအကြားက ဝိညာဥ်မျိုးစေ့ကိုပင် ထိုးသွားစေပြီး ဝတ်မှုန်ကူးပျားထံမှ သတင်းရရှိနိုင်စွမ်းကို တိုးမြှင့်လိုက်ပါသည်။

ဝေဝါးစွာဖြင့် ဝတ်မှုန်ကူးပျား ရှိနေသည့်နေရာကိုမြင်နိုင်ပြီး ၎င်း၏ ပျံသန်းလမ်းကြောင်းကို ခန့်မှန်းနိုင်ခဲ့ပါသည်။

ဒီလိုအာရုံမျိုးက ထူးဆန်းပြီး အံ့သြဖို့ ကောင်းသည်။ သို့သော် မရှင်းလင်းပါ။

ရုတ်တရက် ဝတ်မှုန်ကူးပျား တိုက်ခန်းထဲသို့ ဝင်ပေါက်တွေ့သွားကြောင်း ယဲ့ရှောင်ချန်း မသဲမကွဲ သိလိုက်ရသည်။

လေချွန်ခြင်းမှတဆင့် ယဲ့ရှောင်ချန်းက ဝတ်မှုန်ကူးပျားကို ဂရုစိုက်ခိုင်းလိုက်ပြီး အထဲက လူများကို မနှောင့်ယှက်မိဖို့ ပြောလိုက်သည်။

ဝတ်မှုန်ကူးပျား ပျံသန်းသောအခါ အသံက အလွန်တိုးသော်လည်း ပြင်ဆင်ထားခြင်းက ပိုကောင်းပါသည်။

လူနှစ်ယောက် ရှိနေသည်။

ထိုပုံရိပ်အား အိပ်မက်မြင်မက်ပြီးနောက်ပိုင်းတွင် တဖြည်းဖြည်း ဖြစ်တည်လာသည့် ဝိညာဥ်မျိုးစေ့က သူ့ကို အကျိုးကျေးဇူးကောင်းများ ပေးစွမ်းခဲ့သည်။

သူ့ဝိညာဥ်စွမ်းအားများ အဆင့်မြင့်လာပြီး ဝတ်မှုန်ကူးပျားနှင့် ဆက်နွယ်မှုလည်း တိုးမြင့်လာခဲ့ပါသည်။

ဝိညာဥ်မျိုးစေ့က ဝတ်မှုန်ကူးပျားထံမှ သတင်းပို့ချက်ကို လက်ခံပေးသော အထူး အင်္ဂါအစိတ်အပိုင်းတစ်ခုလို ဆောင်ရွက်နေသည်။ လင်းနို့တစ်ကောင်က အသံထက်လွန် လှိုင်းများမှ အချက်အလက်များ ထုတ်လွှတ်နိုင်သလိုပင်။

တိုက်ခန်းထဲတွင်။

တိုက်ခန်းထဲ ဝင်ပြီးနောက် အနက်ရောင် ဝတ်စုံနှင့် လူက ဧည့်ခန်းထဲသို့ တန်းမသွားဘဲ အခန်းတံခါးနားတွင်ဆက်နေကာ သော့ပေါက်မှ ချောင်းကြည့်လိုက်၏။

အပြင်ဘက်ကလူ တံခါးကို ကျော်မသွားမချင်း အကြည့်ကို မရပ်သေးပါ။

"ဘာဖြစ်လို့လဲ။"

ဆံပင်တိုတိုလူက မေးလိုက်သည်။

"ဘာမှမဟုတ်ဘူး။"

အနက်ရောင် ပုဂ္ဂိုလ်က ခေါင်းခါလိုက်ပြီး ဧည့်ခန်းထဲသို့ တန်းတန်းမတ်မတ် လမ်းလျှောက်သွား၏။ ဆိုဖာပေါ်တွင် တန်းထိုင်လိုက်ပြီး ပိုက်ဆံသေတ္တာကို ကော်ဖီ စားပွဲပေါ်တွင် တင်လိုက်သည်။

"ဒီမှာ ပိုက်ဆံ ပစ္စည်းဘယ်မှာလဲ။"

ပိုက်ဆံသေတ္တာကို ဖွင့်ကြည့်လိုက်သောအခါ ယွမ် ငွေအသစ်များစွာ ပေါ်လာသည်။

ဆံပင်တိုတို ယောက်ျားက ငွေတစ်စည်းကို ထုတ်လိုက်ပြီး လက်ချောင်းဖြင့် ထိကြည့်လိုက်သည်။ ပိုက်ဆံသေတ္တာထဲက ပိုက်ဆံများကို ရေတွက်ကြည့်လိုက်ပြီး ချက်ချင်း ကျေနပ်သွားသော မျက်နှာမျိုး ဖြစ်သွာ၏။

"ဒီမှာ ပစ္စည်းပါ။"

သေတ္တာငယ်လေး တစ်ခုကိုထုတ်ကာ ပေးလိုက်သည်။

"သန်းတစ်ဝက်တန်တဲ့ ဒီအမှိုက်သရိုက်ပစ္စည်းက ဘာတွေ အရမ်းကောင်းနေလို့လဲမသိဘူး။"

ဆံပင်တို ယောက်ျားက ပြုံးလိုက်သည်။

"ဒါကို မင်းသိစရာမလိုဘူး။"

အနက်ရောင်ပုဂ္ဂိုလ်က သေတ္တာထဲက ပစ္စည်းကို စစ်ကြည့်ပြီးသွားသောအခါ မျက်လုံးတွင် အေးစက်သော အရောင်ဖြင့် တောက်ပလာပြီး သူ့လက်ထဲတွင် အသံတိတ်ပြောင်း တပ်ထားသည့် ပစ္စတိုတစ်လက်ပေါ်လာ၏။

ထိုလူ့ကို ချိန်ရွယ်ပြီး မောင်းဆွဲဖို့ ပြင်လိုက်သည်။

"ဟင်း မင်းတို့ သောက်ကျင့်ယုတ်တော့မှာ ငါသိနေတယ်။"

ဆံပင်တို ယောက်ျားက ပြင်ဆင်ထားပြီးသား ဖြစ်ပုံရသည်။ သူ့ခန္ဓာကိုယ်ကို နောက်ဆုတ်လိုက်ပြီး ဆိုဖာကြီးက လည်သွားကာ ဆိုဖာနောက်တွင် သူပုန်းနေလိုက်သည်။

ပစ္စတို ထုတ်လိုက်ချိန်တွင် အလွန်လျင်မြန်စွာ လှုပ်ရှားခဲ့ခြင်းဖြစ်၏။

ဝှစ်။

တိုးညှင်းသော အသံတစ်ခုထွက်လာ၏။

ကျည်ဆံက ဆိုဖာအား ထိမှန်သွားလေသည်။

All Chapters