စုံစမ်းစစ်ဆေးရေး
Vol. 10 Ch. 146
အခန်း(၁၄၆) - စုံစမ်းစစ်ဆေးရေး
ပြည်သူလူထု ဆေးရုံ။
အထူး ကုသဆောင်။
ထိုကုသဆောင်က အထူးလူနာများ ကုသရေးအတွက် ဖြစ်ပါသည်။
လက်ရှိတွင် အရပ်ဝတ်ရဲများက လူနာဆောင်၏ အတွင်းအပြင်ကို စောင့်ကြပ်နေကြသည်။
လုံခြုံရေးက အလွန် တင်းကြပ်သည်။
လူနာဆောင်ထဲတွင် အလွန်အန္တရာယ်များသည့် လူသတ်တရားခံတစ်ယောက် ရှိနေသောကြောင့်ဖြစ်ပါသည်။
ရုတ်တရက် ကော်ရစ်ဒါတစ်လျှောက် အလွန်လျှင်မြန်သော ခြေသံများ ဖြတ်သန်းသွားပြီး ခက်ထန်သော မျက်နှာနှင့် မိန်းမများက မျက်နှာတည်များဖြင့် ဝင်လာကြသည်။
မုတ်ဆိတ်မွှေးနှင့် လူငယ်တစ်ယောက် ရှိနေ၏။
လူအုပ်ကြီးက ဝန်းရံထားပြီး သူ့မျက်လုံးများက တည်ငြိမ်ကာ လေးနက်သည်။
ဆရာဝန်နှစ်ယောက်နှင့် သူနာပြု တစ်ယောက်လည်း ရှိပါသည်။
လူနာဆောင်တံခါးထံသို့ သူသွားလိုက်၏။
အရပ်ဝတ်ရဲများက လေးနက်စွာဖြင့် ခါးမတ်လိုက်ကြသည်။
"တံခါးဖွင့်..."
ထိုလူက ဂရုမစိုက်သော လေသံဖြင့် ပြောလိုက်သည်။
ရုတ်တရက် တစ်ယောက်ယောက်က လူနာဆောင် တံခါးကို ဖွင့်ပေးလိုက်သည်။
လူအုပ်ကြီးက အထဲဝင်သွား၏။
လူနာဆောင်က အလွန်ရိုးရိုးရှင်းရှင်း ပုံစံဖြစ်သော်လည်း သူခိုးရန်နှင့် ဖောက်ခွဲရေးဒဏ်ကာ တံခါးများ၊ ပြတင်းပေါက်များ ရှိနေပြီး ကုတင်များကလည်း အလွန်အမင်း ခိုင်မာလှပါသည်။
လူနာဆောင်ထဲတွင် အရပ်ဝတ်ရဲသားနှစ်ယောက်က စောင့်ကြပ်နေကြသည်။
ကုတင်ပေါ်က အနက်ရောင် ပုဂ္ဂိုလ်အား ကုတင်နှင့် တွဲကာ လက်ထိပ်ခတ်ထားပါသည်။
သူ့မျက်လုံးများက ပိတ်နေပြီး သတိမေ့နေဆဲဖြစ်ပါသည်။
"ခေါင်းဆောင်ကျန်း ရာဇဝတ်သားက ဘယ်လိုနေသေးလဲ။"
ထိုလူက မေးလိုက်သည်။
"ခေါင်းဆောင်ကျန်း လူနာရဲ့အခြေအနေက အရမ်းထူးဆန်းတယ်။ ဘာလက္ခဏာမှ မပြပေမယ့် သတိလစ်နေတုန်းပဲ။ ဒါပေမယ့် အခြေအနေ အနှစ်ချုပ်က တည်ငြိမ်နေပြီး အသက်အန္တရာယ် မစိုးရိမ်ရပါဘူး။"
ရာဇဝတ်သားကို စစ်ဆေးပြီးနောက် ဆရာဝန်ကြီး ခေါင်းဆောင်ကျန်းက ပြောလိုက်ပါသည်။
"သွေးတွေ ဘာတွေကော စစ်ပြီးပြီလား။"
မုတ်ဆိတ်မွှေးဖြင့် ကျန်းဝေဆိုသည့် လူက မေးလိုက်သည်။
"သွေးကို စစ်ဆေးဖို့အတွက် ပို့ထားတယ်။ ရလဒ်တွေ မကြာခင် ထွက်လာတော့မယ်။"
ခေါင်းဆောင်ကျန်းက ဆက်ပြောသည်။ "ဒါပေမယ့် ရာဇဝတ်သားကို စစ်ဆေးကြည့်လိုက်တော့ သူ့လည်ပင်းမှာ ခြင်ကိုက်ခံရသလိုမျိုး အနီရောင် အစက်တစ်ခုကို တွေ့တယ်။"
"ဟုတ်ပြီ။"
ကျန်းဝေက ခေါင်းငြိမ့်လိုက်သည်။
"ပြီးတော့ ရာဇဝတ်သားရဲ့ ရင်ဘတ်မှာလည်း ထူးထူးဆန်းဆန်း တက်တူးတစ်ခုရှိတယ်။"
ခေါင်းဆောင်ကျန်းက အနက်ရောင် ပုဂ္ဂိုလ်၏ အဝတ်အစားများကို မလိုက်ပြီး ရင်ဘတ်ပေါ်က ထူးဆန်းသည့် တက်တူးကို ပြလိုက်သည်။ ပင့်ကူတစ်ကောင်၏ အရိပ်လိုမျိုးဖြစ်၏။
အလွန်ထူးဆန်းပါသည်။
"တကယ်ထူးဆန်းတာပဲ။ ကျွန်တော် နဂါးတက်တူးတွေ၊ ကျားတက်တူးတွေ မြင်ဖူးပေမယ့် ပင့်ကူအရိပ် တက်တူးကိုတော့ တစ်ခါမှ မမြင်ဖူးဘူး။"
ကျန်းဝေက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
ထိုအချိန်တွင် သူနာပြုက ဆေးစစ်မှတ်တမ်းကို ခေါင်းဆောင်ကျန်းအား ပေးလိုက်သည်။
"ခေါင်းဆောင်ကျန်း ဆေးစစ်ချက် ရလဒ်တွေ ထွက်လာပါပြီ။ လူနာရဲ့ ခန္ဓာကိုယ်ထဲမှာ ထူးဆန်းတဲ့ မေ့ဆေးပစ္စည်းတစ်ခုခုရှိနေတယ်။ အဲ့ဒီပစ္စည်းက သက်ရှိတစ်ကောင်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားစေတယ်။"
ခေါင်းဆောင်ကျန်းက အမြန်ပြောလိုက်သည်။
"ဘယ်လို မေ့ဆေးပစ္စည်းလဲဆိုတာ စစ်ဆေးပြီးပြီလား။"
ကျန်းဝေက မေးလိုက်သည်။
"စစ်ဆေးလို့မရဘူးဗျ။ ပစ္စည်းက ထူးခြားပြီး မော်လီကျူး တည်ဆောက်ပုံကိုလည်း အမည်ဖော်လို့မရဘူး။ ဖြိုခွဲလို့လည်း မရဘူး။ လုံးဝ လေ့လာကြည့်လို့မရဘူး။"
ခေါင်းဆောင်ကျန်းက ပြောလိုက်သည်။
"မေ့ဆေးအသစ်တစ်မျိုးလား။"
ကျန်းဝေက အနည်းငယ်မျက်မှောင်ကြုတ်ပြီး ကပြောလိုက်သည်။ "ဒီအမှုနောက်ကွယ်မှာ ဆန်းကြယ်မှု တစ်ခုခုတော့ ရှိနေပြီ ထင်တယ်။"
"ဒီလူ့ကို အနီးကပ်စောင့်ကြည့်ပြီး သူနိုးလာတာနဲ့ ကျွန်တော့်ကို အသိပေးပါ။"
ကျန်းဝေက အစောင့်နှစ်ယောက်ကို ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ ကပ္ပတိန်"
အစောင့်နှစ်ယောက်က အမြန်ပြန်ပြောလိုက်ပါသည်။
ထို့နောက် ကျန်းဝေ လူနာဆောင်ထဲမှ ထွက်သွား၏။
ရှရှီမြို့ ဟွမ်းဟွာ လေဆိပ်။
VIP နားနေခန်းတွင်။
လီရှန်းကျွင်းနှင့် ပိုင်ရူတို့ထိုင်နေကြပြီး လေသံတိုးတိုးဖြင့် စကားပြောနေကြသည်။
ရုတ်တရက် လီရှန်းကျွင်း၏ ဖုန်းမြည်လာသည်။
ဖွင့်ကြည့်လိုက်သောအခါ မေးလ်တစ်ခု ဝင်နေသည်။
အမြန်ဆုံး ဖွင့်ကြည့်လိုက်၏။
ယဲ့ရှောင်ချန်းအကြောင်း စုံစမ်းစစ်ဆေးထားသော အချက်အလက်များဖြစ်ပါသည်။
"ယဲ့ရှောင်ချန်း၊ ကျား၊ ၂၅ နှစ်၊ တောင်ပိုင်းဒေသ ယန်မြို့တော် ကျင်းကောင်တီ ရွာသား။ တောင်ပိုင်း စိုက်ပျိုးရေး တက္ကသိုလ်မှ အောင်မြင်ထား။ တောင်ပိုင်းဒေသမှ ယဲ့ချန်းခွန်၏ ဖယောင်းဖြူ ဘွန်ဆိုင်းပင်ကို ကုသပေးဖူး။ ဒါရိုက်တာ လီယန်၏ ဖိတ်ကြားမှုနှင့် ရှေးဟောင်းသုတေသန အဖွဲ့အစည်းတွင် နှစ်ထောင်ချီ ဖူဆန်သစ်ပင်ကြီးကို ကုသပေးဖူး။ ပညာရှင်ကြီးယန်နှင့် အခြား ပြည်တွင်း ပြည်ပ ထိပ်တန်း ပညာရှင် ၂၀ တို့က ပညာရှင် အသင်းတစ်ခုဖွဲ့က ကျင်းကောင်တီတွင် ယဲ့ရှောင်ချန်းထံ သွားရောက်လည်ပတ်ခဲ့သည်။
ကျင်းကောင်တီတွင် တစ်ပတ်နီးပါး နေထိုင်ခဲ့ကြပြီး ယဲ့ရှောင်ချန်းနဲ့ ရုက္ခဗေဒနယ်ပယ်အကြောင်း လေးလေးနက်နက် ဆွေးနွေး ဖလှယ်ခဲ့ကြ။ သတင်းသမားများ အင်တာဗျူးရာတွင် ပညာရှင်ကြီးယန်နှင့် အခြား ရုက္ခဗေဒ ပညာရှင်များက ယဲ့ရှောင်ချန်း၏ ရုက္ခဗေဒနယ်ပယ်မှ အောင်မြင်မှုများကို အကြီးအကျယ် ချီးကျူးကြသည်။ ပန်းဂေါ်ဖီမျိုးစေ့များ ချွတ်ယွင်းမှု ပြဿနာအတွက် အဖြေရှာပေးခဲ့သဖြင့် ဂလိုဘယ် ကော်ပိုရေးရှင်းမှ အထွေထွေမန်နေဂျာ လင်းကျင်းရှု ပေးအပ်သည့် Porsche Cayenne ကားကြီးကို လက်ခံခဲ့ရသည်။"
လီရှန်းကျွင်းက ဖုန်းထဲမှ အချက်အလက်များကို ကြည့်ပြီး အနည်းငယ် ကြက်သေသေသွားရသည်။
ကောင်လေးက ဒီလောက် အံ့အားသင့်စရာ အောင်မြင်မှုများနှင့် သူဌေးလေး တစ်ယောက်နှင့် တူနေသည်။
ပညာရှင်ကြီးယန်လို ထိပ်တန်း သုတေသန ပညာရှင်များနှင့် ဆွေးနွေးရဖို့ သူ့အစွမ်းအစက ဘယ်လောက် ကြီးမားလိုက်မလဲ။
စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် အမှားများ ရှိလိမ့်မည်ဟု သူ သေချာမသိထားပါက သူ မယုံကြည်ဘဲ လုပ်ဇာတ်ကြီးဟု ထင်မိဦးမည်ဖြစ်သည်။
"အဲ့တာကြောင့်လည်း ထျင်ထျင်က သူ့ကို သိနေတာပေါ့။ ဒီယဲ့ရှောင်ချန်းက တကယ်ထူးခြားတာပဲ။"
လီရှန်းကျွင်း၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ပေါ်လွင်နေပါသည်။
"ရှန်းကျွင်း ဘာဖြစ်လို့လဲ။"
ပိုင်ရူက လီရှန်းကျွင်း တစ်ယောက်တည်း စကားပြောနေသည်ကို မြင်ကာ မေးလိုက်သည်။
"ကြည့်လိုက်ဦး။"
လီရှန်းကျွင်းက ဖုန်းကို ပိုင်ရူထံသို့ ထိုးပေးလိုက်၏။
ပိုင်ရူက ဖုန်းကို ယူကြည့်လိုက်သောအခါ သူမလည်း အံ့အားသင့်သွားရသည်။
"ကျွန်မ အမြင်က ကောင်းသေးတယ် ထင်တယ်။"
ပိုင်ရူက ပေါ့ပါးစွာ ရယ်မောလိုက်သည်။
လီရှန်းကျွင်းက ပြုံးသာပြုံးပြီး ဘာမှ မပြောတော့ပါ။ ထို့နောက် စဥ်းစားလိုက်၏။ သူဘာစဥ်းစားနေလဲ မပြောနိုင်ပေ။
"ထျင်ထျင်နဲ့ ပိုင်ရှင်းအကြောင်း စဥ်းစားနေတုန်းလား။"
ပိုင်ရူက သူ့ယောက်ျား၏ စိတ်အခြေအနေကို နားလည်ကာ နူးညံ့စွာ မေးလိုက်ပါသည်။
"ပိုင်ရှင်းရဲ့ ပုံစံကို ပြန်မြင်ယောင်မိတာနဲ့ ကိုယ် ကိုယ့်ကိုယ်ကို အပြစ်တင်နေမိတယ်။ အစကတည်းက ကိုယ်သာ အသည်းမမာခဲ့ရင် ဒီလိုအခြေအနေမျိုး မဖြစ်လာလောက်ဘူး။"
လီရှန်းကျွင်းက ခေါင်းခါလိုက်သည်။
ပိုင်ရူက ဘာပြောရမှန်းမသိတော့ပါ။
ထိုအချိန်တွင် ခရီးသည်များ တက်ရောက်ဖို့ ကြေညာသံ ထွက်ပေါ်လာသည်။
"သွားကြစို့။"
ပိုင်ရူက နူးညံ့စွာ ပြောလိုက်သည်။
လီရှန်းကျွင်းက ခေါင်းငြိမ့်လိုက်သည်။
သက်တော်စောင့်များဖြင့် ဝန်းရံထားသည့် သူတို့နှစ်ယောက်သား ဂိတ်တံခါးဆီသို့ ထသွားကြတော့သည်။
စိုက်ပျိုးရေးခြံတွင်။
ယဲ့ရှောင်ချန်းက အင်မော်တယ်မြေတွင် မတ်တပ်ရပ်နေပြီး အနည်းငယ် စိတ်ဓာတ်ကျနေ၏။
လောလောဆယ် သူ့လက်ထဲ ဘာအင်မော်တယ် အပင်မှ မရှိပါ။
အင်မော်တယ် မုန်လာဥဖြူ၊ အင်မော်တယ် ပဲစေ့များ၊ အခြားသီးနှံများအားလုံး ရောင်းချပြီးပြီဖြစ်သည်။
အင်မော်တယ် မြေပေါ်က အင်မော်တယ် ပဲပင်များကလည်း မရင့်မှည့်သေးပါ။
အင်မော်တယ် အပင်များအား ရိတ်သိမ်းပြီး ကျန်သည့် အရွက်များကိုလည်း သဘာဝ မြေသြဇာ လုပ်ပြစ်လိုက်ပြီဖြစ်သည်။
ထို့ကြောင့် လောလောဆယ် စမ်းသပ်ချက်အတွက် ဘာ အင်မော်တယ် အပင်ကိုမှ မသုံးနိုင်ပါ။
ရွေးချယ်စရာမရှိတော့ဘဲ ဝိညာဥ်ပစ္စည်းကို သိုလှောင်နေရာကွက်ထဲတွင်သာ ထည့်ထားပြီး အင်မော်တယ် အပင်များ ကြီးထွားလာသည့်အထိ စောင့်ဖို့သာရှိတော့သည်။ ထိုအခါမှ စမ်းသပ်ချက် ပြုလုပ်နိုင်မည်ဖြစ်ဩ။
အဆင့်မြင့် ဟင်းသီးဟင်းရွက်နှင့် အင်မော်တယ်စမ်းရေ ဟင်းသီးဟင်းရွက်များကတော့ အင်မော်တယ်ချီ အလွန်နည်းပါးကာ စမ်းသပ်ချက်က အာနိသင်ရှိမည်မဟုတ်ပေ။
"ဟာကွာ မှားလိုက်တာ..."
ယဲ့ရှောင်ချန်း သက်ပြင်းချလိုက်သည်။
ဘာပဲဖြစ်ဖြစ် ဝိညာဥ်ပစ္စည်းကို ဒီလောက် မြန်မြန် ရလိမ့်မည်ဟု ထင်မထားပါ။
"ထားလိုက်ပါတော့ အရင်ဆုံး ဖွံ့ဖြိုးခြင်း နည်းလမ်းကိုပဲ လေ့ကျင့်တာပေါ့။"
ယဲ့ရှောင်ချန်း ခေါင်းခါလိုက်သည်။
လောလောဆယ် အများကြီး မစဥ်းစားချင်ပါ။ မုန်လာဥဖြူ အပင်ပေါက်များထံသို့ သွားလိုက်ပြီး ဖွံ့ဖြိုးခြင်း နည်းလမ်းကို လေ့ကျင့်လိုက်သည်။
ဖွံ့ဖြိုးခြင်းနည်းလမ်းကို လေ့ကျင့်ရခြင်းက အလွန် ပျင်းစရာကောင်းပါသည်။ ဆက်တိုက် ဖွံ့ဖြိုးနေရပြီး ပင်ပန်းလာပါက အနားယူကာ ထပ်လုပ်ရပြန်သည်။
ယဲ့ရှောင်ချန်းက အလွန် စိတ်ရှည်ပြီး စနစ်ကျသော လူဖြစ်သည်။ အသုံးပြုသည့် အခါတိုင်း သူ့အရှုံးအမြတ်များကို အနှစ်ချုပ်ကာ တိုးတက်အောင် လုပ်တတ်သည်။
အချိန်တိုင်း သူတိုးတက်နေခဲ့ပါသည်။