← Chapters

ကြီးမားသော ရိတ်သိမ်းမှု

Vol. 10 Ch. 147

ကြီးမားသော ရိတ်သိမ်းမှု

Vol. 10 Ch. 147

အခန်း(၁၄၇) - ကြီးမားသော ရိတ်သိမ်းမှု

လူထုဆေးရုံ၊ အထူးလူနာဆောင်။

လီမင် နိုးလာသည်နှင့် သူ့ကို ဆေးရုံကုတင််တွင် လက်ထိပ်ခတ်ထားကြပြီး ဘေးတွင် လူနှစ်ယောက်က စောင့်ကြပ်နေသည်ကို တွေ့လိုက်ရသည်။

ဘာတွေဖြစ်နေသလဲဆိုတာ သူချက်ချင်း သိသွား၏။

ဖြစ်ခဲ့သည့် အဖြစ်အပျက်များကို သူပြန်တွေးကြည့်လိုက်သည်။ သူ သေတ္တာကို ယူလိုက်သည်။ ကျွမ်းကျင်သူခိုးကို သတ်ပြစ်လိုက်ပြီး ထွက်သွားခါနီး လှုပ်ရှားမှုတစ်ခုကို ရိပ်မိကာ ရှောင်ဖို့ ပြင်လိုက်စဥ် နောက်ကျသွားခဲ့သည်။ သူ့လည်ပင်းအား ဆေးထိုးအပ်ဖြင့် ထိုးလိုက်သလို ခံစားချက်မျိုးရကာ ဘာဆက်ဖြစ်မှန်း မသိတော့ပေ။

သူ နိုးလာတော့ ဒီနေရာ ရောက်နေခြင်းဖြစ်ပါသည်။

သူ ရဲဖမ်းခံလိုက်ရသည်ကို ပြောစရာမလိုတော့ပါ။

သို့သော်လည်း သူစဥ်းစား၍ မရသည်က ဘယ်သူက သူ့ကို တိုက်ခိုက်ခဲ့တာလဲ။

ကျွမ်းကျင်သူခိုးမှာ အပေါင်းအပါလည်း မရှိသလို အခန်းထဲတွင်လည်း ဘယ်သူမှ ရှိမနေပါ။

မဟုတ်ပါက သူ့အာရုံနှင့် သတိဝီရိယ ရှိမှုတို့ဖြင့်ဆိုလျှင် သတိမထားမိနိုင်စရာ အကြောင်း မရှိပါ။

ထို့အပြင် ရဲများကိုလည်း ကြိုတင် တိုင်ကြားထားတာမျိုး မဖြစ်နိုင်ပါ။

သူ့အကြောင်းကိစ္စများကို အလိုလျှို့ဝှက်ထားသည်။ လူအနည်းငယ်သာ သူ့ကိုသိသည်။ ကျွမ်းကျင်သူခိုး ရှောင်းရန်ကိုတောင် ငှားရမ်းခဲ့ပြီး သူ့မူလပန်းတိုင်က ဘာဖြစ်ကြောင်း ဘယ်သူမှမသိကြပေ။

ထိုပစ္စည်း တည်ရှိမှုကိုတောင် အဖွဲ့အစည်းက မတော်တဆ သိခဲ့ကြခြင်း ဖြစ်ပါသည်။

သတိမလစ်ခင် ခံစားခဲ့ရသည့် ကြက်သီးထ အခြေအနေမျိုးက မေ့ဆေးအပ်ဖြင့် တိုက်ခိုက်ခံရသည်ကို ညွှန်ပြနေသည်။

ရုတ်တရက် သူအခန်းထဲမဝင်ခင် မြင်ခဲ့ရသော ကောင်လေးတစ်ယောက်ကို မှတ်မိသွားသည်။ သို့သော် ထိုအချိန်က သူသံသယ မဖြစ်ခဲ့ပေ။ သူ့အမြင်တွင် အခြားတဖက်၏ လှုပ်ရှားမှုက ကျွမ်းကျင်မှု မရှိဘဲ ကျိုးပျက်လွယ်ပုံပေါ်သည်။ သူ့ ဘာမှ သေသေချာချာ သင်ကြားထားပုံလည်း မပေါ်ပေ။

အစောင့်နှစ်ယောက်ကို ကြည့်လိုက်ပြီး ရဲများက သူ့အချက်အလက််အစစ်ကို မသိကြသဖြင့် ဝမ်းသာသွားသည်။ မဟုတ်ပါက သာမန် ရဲသားများဖြင့် သူ့ကိုစောင့်ကြပ်ခိုင်းမည် မဟုတ်ပါ။

အဖွဲ့အစည်းက သတင်းရပါက နည်းလမ်းပေါင်းစုံ သုံးပြီး သူ့ကို ကယ်တင်လိမ့်မည်ဟု ယုံကြည်ထားသည်။

ထို့ကြောင့် သူစိတ်မပူပေ။

ထိုပစ္စည်းနှင့် သူ့ကိုနောက်ကွယ်မှ တိုက်ခိုက်ခဲ့သူ ဘယ်မှာရှိနေမှန်းသာ ပိုမို စိုးရိမ်မိသည်။

လွန်ခဲ့သော ရက်အနည်းငယ်အထိ ယဲ့ရှောင်ချန်းက ဖွံ့ဖြိုးခြင်း နည်းလမ်းကို လေ့ကျင့်နေခဲ့ပြီး ကျွမ်းကျင်မှုကလည်း တဖြည်းဖြည်း သန်မာလာလေပြီ။

ပေးဆပ်လိုက်ရသည့် တန်ဖိုးကတော့ မုန်လာဥဖြူ အပင်ပေါက် များစွာကို အသုံးချလိုက်ရသည်။

ကံကောင်းစွာဖြင့် မုန်လာဥဖြူ အပင်များမှာ စိုက်ပျိုးဖို့ လွယ်ကူပါသည်။

ယဲ့ရှောင်ချန်းက လယ်ကွက်ထောင့်တွင် ထိုက်ချလိုက်ပြီး မုန်လာဥဖြူ အပင်ပေါက်ကို လက်ချောင်းများဖြင့် နူးညံ့စွာ ထိကြည့်လိုက်သည်။ ထို့နောက် မှော်ဆန်သော မြင်ကွင်းတစ်ခု ပေါ်ပေါက်လာ၏။ မုန်လာဥဖြူ အပင်ပေါက်က သာမန်မျက်စိဖြင့် မြင်နိုင်သောနှုန်းဖြင့် ဖွံ့ဖြိုးနေသည်။

ထို့အပြင် ပုံမှန်မဟုတ်သော အခြေအနေလည်းမရှိပေ။

မိနစ်အနည်းငယ်ကြာသောအခါ မုန်လာဥဖြူ အပင်ပေါက်က တစ်ပေလောက်အထိ ကြီးထွားသွားပြီး သာမန် မုန်လာဥဖြူအပင်နီးပါး ရှည်ပါသည်။

မျက်လုံးများဖွင့်ကြည့်လိုက်သောအခါ သူအံ့အားသင့်သွားရသည်။

"ဟားဟား မုန်လာဥဖြူ အပင်ပေါက်တွေနဲ့ ဖွံ့ဖြိုးခြင်း နည်းလမ်းကို သုံးရတာ ပြဿနာမရှိတော့ဘူး။ ဒါပေမယ့် မုန်လာဥ အပင်ပေါက်ပဲ ရှိသေးတယ်။ အမြစ်ပိုင်းကတော့ နည်းနည်း ပြဿနာတက်နိုင်တယ်။"

မုန်လာဥဖြူ အတက်ကို မြေကြီးထဲမှ နူးညံ့စွာ ဆွဲနှုတ်လိုက်သည်။

အမြစ်ပိုင်းကတော့ သေးငယ်နေပြီး မုန်လာဥဖြူက အပြည့်အဝ မကြီးထွားသေးပါ။

"နောက်တစ်ခုက အမြစ်ပြဿနာကို ဖြေရှင်းဖို့ပဲ။"

ယဲ့ရှောင်ချန်းက မေးကိုင်လိုက်ပြီး စဥ်းစားကြည့်လိုက်သည်။

ညဘက်တွင်။

ယဲ့ရှောင်ချန်း ရှန်းနုန် စနစ် မိတ်ဆက် လမ်းညွှန်စာအုပ်ကို ခဏလောက် ဖတ်လိုက်ပြီး တိရစ္ဆာန်သားရေ  စာရွက်ကို ထုတ်လိုက်သည်။

ဘာသာမပြန်ရသေးသည့် စကားလုံး များစွာ ရှိနေပါသေးသည်။

အိပ်မက်မက်နေစဥ် ထူးဆန်းသည့် ထိုင်ပုံထိုင်နည်းဖြင့် အောင်မြင်စွာ ထိုင်နိုင်ပြီ ဖြစ်သဖြင့် ထိုနားလည်ရခက်သော စကားလုံးများက အဓိပ္ပာယ်အနည်းငယ် ရှိလာပြီိဟု ခံစားလိုက်ရသည်။

ရှေးဟောင်း တရုတ်ဘာသာစကားကို စတင်ဖတ်နိုင်သည့် Beginner လေးတစ်ယောက်လိုပင်။

သူ့ကိုယ်ပိုင် နားလည်နိုင်စွမ်းနှင့် တတ်သိမှုတို့အရ ထိုစကားလုံးများက ပုံရိပ်၏ အကူအညီဖြင့် လေ့ကျင့်နည်း သို့မဟုတ် အတွေးများ ပုံရိပ်ဖော်ခြင်း ဟုဆိုနိုင်သည်။

ထိုပုံရိပ်ကို သူ့စိတ်ထဲတွင် ပုံဖော်ကြည့်ရင်း နည်းလမ်းတစ်ခုဖြင့် အသက်ရှူလိုက်သည်။ သို့သော်လည်း နောက်ဆုံး စကားလုံးတချို့ကို ဘာသာမပြန်ရသေးသဖြင့် သေသေချာချာ ပုံမဖော်နိုင်ခဲ့ပါ။

ထို့ကြောင့် အိပ်မက်ထဲတွင်သာ ပုံဖော်ခြင်းကို အောင်မြင်နိုင်သည်။

ပုံမှန်အခြေအနေများတွင် အိပ်မပျော်လျှင်တောင် ကြိုတင်ပုံဖော်ပြီး စိတ်ဝိညာဥ်ကို သိပ်သည်းအောင် ဆောင်ရွက်နိုင်သည်။

ရုတ်တရက် သူ့ဖုန်း တုန်ခါလာသည်။

ဝီချက်တွင်မက်ဆေ့ချ်တစ်ခု ဝင်လာ၏။

သူထုတ်ကြည့်လိုက်သောအခါ လီထျင်ထျင်ထံမှ ဖြစ်သည်။

"ယဲ့ရှောင်ချန်း အိပ်ပြီလား။"

"မအိပ်သေးပါဘူး။ အချိန်က နောက်ကျနေပြီ၊ ခင်ဗျားဘာလို့ မအိပ်သေးတာလဲ။"

ယဲ့ရှောင်ချန်းက လီထျင်ထျင်အတွက် အနည်းငယ် စိတ်မကောင်းဖြစ်မိပါသည်။

ဘာပဲဖြစ်ဖြစ် သူမ၏ လည်ဆွဲကို ယူသွားပြီး ဖျက်ဆီးပြစ်လိုက်ပြီ မဟုတ်ပါလား။

"ကျွန်မ အိပ်မပျော်လို့ ရှင်နဲ့ စကားပြောချင်လို့ပါ။"

"ဘာအကြောင်း ပြောချင်လို့လဲ။"

"မသိဘူးလေ၊ ဟိုအကြောင်း ဒီအကြောင်ပေါ့။"

"ဟုတ်ပါပြီ၊ ပြောပါ။"

"ရှင်က ရယ်စရာကောင်းတဲ့ လူပဲ။ ရှင့်စိုက်ပျိုးရေး ခြံအကြောင်း ပြောပြပါလား။"

"ကျွန်တော့်စိုက်ပျိုးရေးခြံမှာ ဘာမှ စိတ်ဝင်စားစရာ မရှိပါဘူးဗျာ။"

"ဘာလို့မရှိရမှာလဲ။ ကျေးရွာ ရှုခင်းတွေက စိတ်ဝင်စားစရာ မဟုတ်ဘူးလား။"

"ဟုတ်ပါပြီ။ ကျွန်တော့် စိုက်ပျိုးရေးခြံက ရုံဗီဒီယို ပို့ပေးလိုက်မယ်။"

ယဲ့ရှောင်ချန်းက တောက်ပနေသော ရုံကြီးကို ကြည့်ကာ ဗီဒီယိုအတိုလေး ရိုက်လိုက်ပြီး ပို့လိုက်ပါသည်။

"ရှင်ဘာလို့ ရုံထဲမှာ အိပ်နေတာလဲ။"

"ရုံထဲက လေက လတ်ဆတ်ပြီး ကုမ္ပဏီကို ပေးစရာ ဟင်းသီးဟင်းရွက်တွေလည်း အများကြီး ရှိလို့လေ။"

"ဝိုး စိတ်ဝင်စားစရာပဲ။ ကျွန်မတို့ ရှေးဟောင်း သုတေသန ပညာမှာဆိုရင် အချိန်တော်တော်များများ သင်္ချိုင်းဂူ အပြင်ဘက်မှာ နေရပြီး တဲတွေထဲမှာပဲ အိပ်ကြ စားကြရတာလေ။"

"မကြောက်ဘူးလား။"

"မကြောက်ပါဘူး။ စိတ်ဝင်စားဖို့ကောင်းတယ်။"

သူတို့နှစ်ယောက်သား အချိန်အကြာကြီး စကားပြောလိုက်ကြပြီး နောက်ဆုံးတော့ ယဲ့ရှောင်ချန်း မက်ဆေ့ချ်တစ်ခုပို့လိုက်သောအခါ လီထျင်ထျင် စာမပြန်တော့ပါ။

လီထျင်ထျင် အိပ်ပျော်သွားကြောင်း ယဲ့ရှောင်ချန်း သိလိုက်သည်။ မနက်အစောပိုင်းပင် ရောက်နေပြီဖြစ်သည်။

နောက်တစ်နေ့မနက်။

ယဲ့ရှောင်ချန်းက အင်မော်တယ် အပင်အားလုံးကို အင်မော်တယ် စမ်းရေဖြင့် လောင်းလိုက်သည်။

ဖွံ့ဖြိုးခြင်း နည်းလမ်းကို လေ့ကျင့်ဖို့ အသင့်ဖြစ်နေပြီး အဝါရောင် အင်မော်တယ် ပဲပင် ၃၀ မှာ အရွယ်ရောက်သော အဆင့်ရောက်နေပြီး အချိန်မရွေး ပဲတောင့်များ ကွဲသွားနိုင်ကြောင်း တွေ့လိုက်ရပါသည်။

အနီရောင် အင်မော်တယ် ပဲပင် ၃၀ ကတော့ အရွယ်ရောက်ဖို့ အချိန်လိုနေပါသေးသည်။

"ကြည့်ရတာ အများဆုံး မနက်ဖြန်လောက်ဆိုရင် ဒီအဝါရောင် အင်မော်တယ် ပဲပင် ၃၀ကို ခူးလို့ရလောက်ပြီထင်တယ်။"

ယဲ့ရှောင်ချန်း မျှော်လင့်ထားပါသည်။

ထိုအင်မော်တယ် ပဲပင် ၃၀က ပဲတောင့်များဖြင့် ပြည့်နှက်နေပြီး သေချာပေါက် အထွက်နှုန်း ကြီးမားမည်ဖြစ်သည်။

နေ့လည်ခင်းတွင် အဝါရောင် အင်မော်တယ် ပဲပင် ၃၀၏ ပဲတောင့်များ စတင် ကွဲထွက်လာကြသည်။

ယဲ့ရှောင်ချန်းက ပဲတောင့်များကို တစ်တောင့်ချင်း လိုက်ခူးလိုက်ပါသည်။

ထိုအဝါရောင် အင်မော်တယ် ပဲပင် ၃၀ ၏ ပဲတောင့် အရည်အသွေးများက ယခင် ပဲတောင့်များထက် အရည်အသွေးကောင်းနေပါသည်။

ဘာပဲဖြစ်ဖြစ် သူဂုဏ်သတ္တိရှိ အင်မော်တယ် မြေသြဇာကို သုံးခဲ့သည် မဟုတ်ပါလား။

ထို့အပြင် မျိုစေ့သန်ဆေးဖြင့် မျိုးစေ့များကို စိမ်ခဲ့သည်။ ယဲ့ရှောင်ချန်း၏ ရှန်းနုန်ပါရမီနှင့် စိုက်ပျိုးရေး အတွေ့အကြုံကလည်း ပိုပိုပြီးကောင်းလာပြီဖြစ်ပါသည်။

အင်မော်တယ် အပင် ၃၀ မှ ပဲတောင့် ၂၅၉၈ တောင့် ခူးနိုင်ခဲ့သည်။

တစ်ပင်တွင် ပဲတောင့် ၈၀ နှင့်ညီမျှသည်။

အခွံချွတ်ပြီးသွားသောအခါ ခြင်းတောင်းထဲတွင် အဝါရောင် အင်မော်တယ် ပဲစေ့များဖြင့် ပြည့်နှက်သွား၏။

စုစုပေါင်း အရေအတွက်က ၈,၃၄၇ စေ့ဖြစ်၏။

ယဲ့ရှောင်ချန်း ရင်ထဲ မီးတောက်နေလေပြီ။ ၁၀ စေ့ကို တစ်စုဖွဲ့ပြီး တစ်စုကို ၂.၅ အင်မော်တယ်ယွမ် ရနိုင်မည်ဆိုလျှင်တောင် အနည်းဆုံး အင်မော်တယ်ယွမ် ၂,၁၀၀ ကျော်ရမည်ဖြစ်သည်။

သေချာပေါက် အထွက်နှုန်းများပါသည်။

အမှန်ပင်။ ဒီတစ်ခေါက်တော့ အကုန်လုံးကို မရောင်းပါ။

တချို့ကို မျိုးစေ့များအဖြစ် ပြန်သုံးဖို့ ချန်ထားမည်ဖြစ်သည်။

ပြီးတော့ တချို့ကို ဝိညာဥ်ပစ္စည်း စမ်းသပ်ဖို့အတွက် အသုံးပြုပါမည်။

"အင်း အင်မော်တယ်ပဲစေ့ ၈,၀၀၀ ကိုရောင်းလိုက်ပြီး ကျန်တာကို မျိုးစေ့ဖြစ်ဖြစ် ဝိညာဥ်ပစ္စည်း စမ်းသပ်ဖို့ဖြစ်ဖြစ် အသုံးပြုတာပေါ့။"

ယဲ့ရှောင်ချန်း ခပ်မြန်မြန် ဆုံးဖြတ်ချက် ချလိုက်ပါသည်။

အခုတော့ သူ သူဌေးဖြစ်နေပါပြီ။

ပုံမှန် လေ့ကျင့်နည်းအတိုင်း ပထမဆုံး အဝါရောင် အင်မော်တယ် ပဲစေ့များ၏ အရည်အသွေးကို စစ်ဆေးမည်ဖြစ်သည်။

ဓားကိုထုတ်လိုက်ပြီး အင်မော်တယ် ပဲစေ့တစ်စေ့ကို လှီးလိုက်၏။

စက်ဝိုင်းပုံစံ ၆ ကွက်ရှိနေသည်ကို မြင်လိုက်ရသောအခါ ယဲ့ရှောင်ချန်း ပြုံးသွားသည်။

"အင်း အရင်ဆုံး အဝါရောင် အင်မော်တယ် ပဲစေ့ ၅၀၀ ကိုရောင်းလိုက်မယ်။"

ယဲ့ရှောင်ချန်း ဒီတစ်ခါတော့ အချီကြီး ချဖို့ အသင့်ဖြစ်နေပါပြီ။

ပထမဆုံး အင်မော်တယ် ပဲစေ့များအား စတိုးဆိုင်တွင် တန်ဖိုးဖြတ်မည်။ အရည်အသွေးအပေါ် မူတည်ပြီး လေလံဆွဲမည်ဖြစ်သည်။

"ဒင် ကျေးဇူးပြုပြီး ရောင်းကုန်ပစ္စည်းများကို ရွေးချယ်ပေးပါ။"

စနစ်အသံပေါ်လာသည့်အခါ ယဲ့ရှောင်ချန်းက အဝါရောင် အင်မော်တယ် ပဲစေ့ ၅၀၀ ကိုထည့်လိုက်သည်။

"ရောင်းချချင်ပါသလား။"

စနစ်၏ အသိပေးချက် ထွက်ပေါ်လာပြန်သည်။

"ရောင်းမယ်။"

ယဲ့ရှောင်ချန်း အတည်ပြုလိုက်သည်။

"ဒင် ယခု တန်ဖိုးဖြတ်ခြင်း စတင်နေပါပြီ။ ကျေးဇူးပြုပြီး ခဏစောင့်ပါ..."

ယဲ့ရှောင်ချန်း လက်နှစ်ဖက်ကို ပွတ်လိုက်ပြီး အသေးစိတ် အချက်အလက်များ ထွက်လာမည့်အချိန်ကို စောင့်နေမိတော့သည်။

All Chapters