← Chapters

နွီဝါး ဝိညာဥ်မျိုးစေ့

Vol. 10 Ch. 148

နွီဝါး ဝိညာဥ်မျိုးစေ့

Vol. 10 Ch. 148

အခန်း(၁၄၈) - နွီဝါး ဝိညာဥ်မျိုးစေ့

စက္ကန့်ပိုင်း အနည်းငယ် ကြာသောအခါ စနစ်၏ အသိပေးသံ ထွက်လာသည်။ "ဒင် တန်ဖိုးဖြတ်ခြင်း ပြီးဆုံးသွားပါပြီ။ ပစ္စည်းစာရင်းကို စစ်ဆေးလိုပါသလား။"

"စစ်ဆေးမယ်။"

ယဲ့ရှောင်ချန်း ချက်ချင်း လက်ခံလိုက်သည်။

မကြာမီ အဝါရောင် အင်မော်တယ် ပဲစေ့ ၅၀၀ ၏ တန်ဖိုးစာရင်း ပေါ်လာသည်။

ယဲ့ရှောင််ချန်း သေသေချာချာကြည့်လိုက်ပြီး ပျော်ရွှင်သွားလေသည်။

ဒီအဝါရောင် အင်မော်တယ် ပဲစေ့အသုတ်၏ အရည်အသွေးက သူထင်ထားသည်ထက် ပိုကောင်းမွန်နေပါသည်။

ထို့အပြင် သူ့သန့်စင်မှု ပါရမီက ၀.၉၆ ရောက်သွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။

၁ ရောက်ဖို့ သိပ်မလိုတော့ပါ။

စတိုးဆိုင်၏ တန်ဖိုးဖြတ်ခြင်းအရ ဒီတစ်သုတ် အင်မော်တယ် ပဲစေ့တစ်စေ့၏ ပျမ်းမျှတန်ဖိုးက ဝိညာဥ်ယွမ် ၃၀ သို့ ရောက်ရှိသွားလေပြီ။

စုစုပေါင်း ၁၄၂.၇ ယွမ်ရရှိခဲ့ပါသည်။

အမှန်ပင်။ တန်ဖိုးဖြတ်ခ ဖယ်ပြီးသားဖြစ်၏။

ကုန်ဖလှယ်ခြင်း ပြီးဆုံးသွားသောအခါ အင်မော်တယ်များက ယဲ့ရှောင်ချန်းအား စတင် ဆက်သွယ်လာကြသည်။

ယဲ့ရှောင်ချန်းက ဒီအခွင့်အရေးကို အသုံးချပြီး ဆွေးနွေးသည့် ဂရုတစ်ခုဖွင့်ကာ အင်မော်တယ်များကို တစ်ယောက်ပြီးတစ်ယောက် ထည့်လိုက်သည်။

အခုဆို ဂရုထဲတွင် အင်မော်တယ် ၃၀ - ၄၀ လောက် ရှိနေပြီဖြစ်သည်။

အားလုံးက အဝါရောင် အင်မော်တယ် ပဲစေ့များကို စိတ်ဝင်စားနေကြသည်။

"အဝါရောင် အင်မော်တယ် ပဲစေ့ လေလံတင်ပွဲမှာ ပါဝင်ပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ မျိုးဆက်ငယ်က ကြိုတင်အသိပေးစရာ ရှိပါတယ်။ ရက်အနည်းငယ်ကြာရင် အနီရောင် အင်မော်တယ် ပဲစေ့ လေလံပွဲ ရှိလာမှာမို့လို စီနီယာကြီးတို့ စိတ်ဝင်စားရင် ပါဝင်ဆင်နွှဲဖို့ ကြိုဆိုလိုက်ပါတယ်။"

ယဲ့ရှောင်ချန်းက မက်ဆေ့ချ်ပို့လိုက်ပြီး သိပ်မကြာခင် ပြန်စာများ ရလိုက်သည်။ အင်မော်တယ် များစွာက အနီရောင် အင်မော်တယ် ပဲစေ့များကို အတော်လေး စိတ်ဝင်စားနေကြပါသည်။

အင်မော်တယ် များစွာက ကြိုတင်ဘိုကင်လုပ်ကာ ပဲစေ့တစ်စေ့ကို ဝိညာဥ်ယွမ် ၅၀ ပင် ပေးဖို့ အသင့်ဖြစ်နေကြပြီ။

ယဲ့ရှောင်ချန်း မှင်သက်သွားရ၏။ လနတ်သမီး၏ အနက်ရောင် အင်မော်တယ်ပဲစေ့ကို စိတ်ဝင်စားမှုဖြစ်ဖြစ် အခြားအင်မော်တယ်များ၏ အနီရောင် အင်မော်တယ် ပဲစေ့များကို စိတ်ဝင်စားမှုဖြစ်ဖြစ် အဝါရောင် အင်မော်တယ် ပဲစေ့များထက်တော့ ပိုသာသည်။

ရေဂုဏ်သတ္တိနှင့် မီးဂုဏ်သတ္တိရှိသော အင်မော်တယ် ပဲစေ့များက မြေဂုဏ်သတ္တိရှိသော အင်မော်တယ် ပဲစေ့များထက် တန်ဖိုးကြီးတာများလား။

သူ မနေနိုင်ဘဲ လျှို့ဝှက်စွာ မှတ်ထားလိုက်ပါသည်။ အနီရောင် အင်မော်တယ် ပဲစေ့ အသုတ်အတွက် သူမျှော်လင့်နေမိပါသည်။

"ဘိုးဘေးတို့၊ ဒီလေလံပွဲမှာ အဝါရောင် အင််မော်တယ် ပဲစေ့ ၅၀၀ ကို တစ်စုဖြစ်ပြီး တစ်စုအတွက် အဖွင့်စျေးက အင်မော်တယ် ယွမ် ၁၀၀ ဖြစ်ပါတယ်။ တိုးမြှင့်တဲ့ စျေးတွေက ၁ အင်မော်တယ် ယွမ်အောက် မနည်းရပါဘူး။"

ယဲ့ရှောင်ချန်းက လေလံစည်းမျဥ်းများကို ကြေညာလိုက်သည်။

အင်မော်တယ်များက မကန့်ကွက်ပါ။

လေလံမတင်ခင် အင်မော်တယ် ပဲစေ့များ၏ တန်ဖိုးဖြတ် အချက်အလက်များကို ဆွေးနွေးသည့် ဂရုထဲတွင် တင်လိုက်သည်။ ဒါမှ အင်မော်တယ်များက အဝါရောင် အင်မော်တယ် ပဲစေ့များကို အထင်ကြီး သဘောကျနိုင်မည်ဖြစ်သည်။

မကြာမီ  ယဲ့ရှောင်ချန်း အင်မော်တယ်ပဲစေ့ ပထမ တစ်စုကို လေလံစတင်ဆွဲတော့သည်။

ချက်ချင်း အင်မော်တယ် များစွာက စတင် လေလံဆွဲကြသည်။

"အင်မော်တယ် ယွမ် ၁၀၁ ယွမ်"

"အင်မော်တယ် ယွမ် ၁၀၂ ယွမ်"

"အင်မော်တယ်ယွမ် ၁၀၃ ယွမ်"

မကြာမီ စျေးနှုန်းက အင်မော်တယ် ယွမ် ၁၅၀ အထိ ရောက်ရှိလာသည်။

ပြိုင်ဆိုင်မှုများကတော့ များပြားဆဲဖြစ်သည်။

"အင်မော်တယ် ယွမ် ၁၆၄ ယွမ်"

"အင်မော်တယ် ယွမ် ၁၆၅ ယွမ်"

"အင်မော်တယ် ယွမ် ၁၆၆ ယွမ်"

နောက်ဆုံးတော့ ပထမ အင်မော်တယ် ပဲစေ့ အုပ်စုက အင်မော်တယ် ယွမ် ၁၇၀ စျေးဖြင့် ပြီးဆုံးသွားလေသည်။

ယဲ့ရှောင်ချန်း တိုးတိတ်စွာ စိတ်ပျက်သွားမိသည်။ ဒီ့ထက် ပိုမြင့်နိုင်လောက်မည်ဟု သူထင်ခဲ့မိ၏။

အဝါရောင် အင်မော်တယ် ပဲစေ့များ၏ စျေးနှုန်းက သိပ်များနိုင်မည့် ပုံမပေါ်ပေ။

ဒုတိယ၊ တတိယ၊ စတုတ္ထ အုပ်စုများကိုလည်း အင်မော်တယ် ယွမ် ၁၇၀ ဖြင့် ရောင်းချခဲ့ရပါသည်။

ပဥ္စမ အုပ်စုတွင် စျေးနှုန်းက ၁၈၀ အင်မော်တယ်ယွမ် အထိ တက်သွားသည်။

၁၀ စုမြောက်တွင် အင်မော်တယ် ယွမ် ၁၉၀ ဖြစ်သွားသည်။

၁၃ စုမြောက်တွင်တော့ အင်မော်တယ် ယွမ် ၂၀၀ ဖြစ်သွား၏။

"စီနီယာကြီးတို့ အဝါရောင် အင်မော်တယ် ပဲစေ့ အုပ်စု နှစ်စုပဲ ကျန်ပါတော့တယ်။ ဒီအသုတ်ပြီးရင် အဝါရောင် အင်မော်တယ် ပဲစေ့တွေ ထပ်ရဖို့ အချိန်အကြာကြီး စောင့်ရမှာနော်။"

ယဲ့ရှောင်ချန်း အော်လိုက်သည်။

အသုံးဝင်ဝင် မဝင်ဝင် ဘာမှမပြောသည်ထက်တော့ ကောင်းပါသေးသည်။

သက်ရောက်မှု ရှိနိုင်မလား သူမသိပါ။

၁၄ စုမြောက်ကိုလည်း တကယ်တမ်း အင်မော်တယ် ယွမ် ၂၀၀ ဖြင့်သာ ရောင်းချနိုင်ခဲ့သည်။

သို့သော်လည်း ၁၅ စုမြောက်ကိုတော့ အင်မော်တယ်ယွမ် ၂၂၀ ဖြင့် ရောင်းချနိုင်ခဲ့၏။

နောက်ဆုံး အုပ်စုက အင်မော်တယ်ယွမ် ၂၅၀ နှင့် အထက်လောက် ရရှိနိုင်လိမ့်မည်ဟု ယဲ့ရှောင်ချန်း ထင်ခဲ့မိပါသည်။

ကြည့်ရတာ ဒီအင်မော်တယ်များက လိမ္မာ ပါးနပ်ကြသည့် ဆရာသမားများဖြစ်သည့်ပုံပင်။

ယဲ့ရှောင်ချန်းက ဆွေးနွေးဂရုထဲက အင်မော်တယ်များကို ကျေးဇူးတင်လိုက်သည်။ သူပိတ်ခါနီးတွင် ထိုက်ရှန်းလောင်ကျစ်က မေးလိုက်သည်။

"ယဲ့ရှောင်ချန်း အရင် အဝါရောင် အင်မော်တယ် ပဲစေ့တွေမှာ သန့်စင်မှုနှုန်း မြင့်မားပြီး ဝိညာဥ်ဝိသေသလက္ခဏာတွေပါတယ်။ ဒီလေလံပွဲက ပဲစေ့တွေမှာကျတော့ ဘာလို့မပါရတာလဲ။"

"ဟုတ်တယ် ဒီတစ်ခေါက် ငါလည်း မမြင်မိဘူး။ အရင် အင်မော်တယ် ပဲစေ့တွေက ကောင်းတယ်။ အရည်အသွေးက နည်းနည်း ဆိုးပေမယ့် သန့်စင်မှု နဲ့ ဝိညာဥ် ဝိသေသလက္ခဏာတွေက ပိုသန်မာတယ်။"

"ယဲ့ရှောင်ချန်း အဲ့လို အင်မော်တယ် ပဲစေ့တွေကို ထပ်စိုက်နိုင်မယ့် နည်းလမ်း မရှိဘူးလား။"

"ဟုတ်တယ်။ အဲ့လို အဝါရောင် အင်မော်တယ် ပဲစေ့မျိုးက တကယ်ကောင်းတယ်။ အဲ့ထက် မြင့်တဲ့အဆင့်သာ ရောက်သွားရင် အထူး ကောင်းကင်ဘုံ စစ်သည်တော် တစ်ယောက်ကို သန့်စင်ပေးနိုင်လိမ့်မယ်။"

အခြား အင်မော်တယ်များကလည်း စတင် ပြောဆိုလာကြသည်။ အားလုံးက အရင်တစ်ခေါက် အဝါရောင် အင်မော်တယ် ပဲစေ့ တစ်သုတ်ကို စိတ်ဝင်စားနေကြ၏။

ယဲ့ရှောင်ချန်းက သူတို့ အဝါရောင် အင်မော်တယ် ပဲစေ့ ဒုတိယ မျိုးဆက်အကြောင်း ပြောနေသည်ကို သိပါသည်။

မျိုးရိုးဆက်ခံမှုကြောင့် သန့်စင်မှုနှင့် ဝိညာဥ်ဂုဏ်သတ္တိ ပိုမြင့်နေခဲ့ခြင်း ဖြစ်သည်။

"ဘိုးဘေးတို့ လောလောဆယ်တော့ ကျွန်တော့်မှာ အဲ့လို အဝါရောင် အင်မော်တယ် ပဲစေ့တွေ မရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ မျိုးဆက်ငယ်တွေက နောက်တစ်သုတ်ကျရင် အဲ့လိုအင်မော်တယ် ပဲစေ့တွေ ပါလာစေရမယ်လို့ ကတိပေးပါတယ်။ အရည်အသွးကလည်း မြင့်ပြီး အနီရောင် အင်မော်တယ် ပဲစေ့ မျိုးကွဲတွေတောင် ပါလာနိုင်ပါတယ်။"

ယဲ့ရှောင်ချန်းက ပြန်ပြောလိုက်သည်။

"အဲ့တာဆို ကောင်းတာပေါ့။ အဲ့လို အင်မော်တယ် ပဲစေ့မျိုးရှိရင် ငါတို့ သေချာပေါက် ပြန်လာခဲ့ပါ့မယ်။"

"ဟုတ်တယ်၊ စျေးလည်း မနည်းစေရဘူး။"

အင်မော်တယ် များစွာက ပြောလိုက်ကြသည်။

သူတို့က ထိုကဲ့သို့ အင်မော်တယ် ပဲစေ့မျိုးကို ပိုစိတ်ဝင်စားကြသည်။

အင်မော်တယ်များစွာ ဂရုထဲမှ ထွက်သွားကြသောအခါ ယဲ့ရှောင်ချန်းသည်လည်း ဂရုကို ဖျက်လိုက်ပြီး သီးနှံများကို ပျော်ရွှင်စွာ ကြည့်ရှုလိုက်သည်။

သေချာပေါက် လေလံပွဲက အမြတ်ကြီး မြတ်ခဲ့ပါသည်။

ဒီတစ်ခေါက် အင်မော်တယ် ယွမ် ၂,၄၅၅ ရခဲ့သည်။

စတိုးဆိုင်မှ အင်မော်တယ် ယွမ် ၁၄၀ ဝန်းကျင်လည်း ကျန်သေးသည်။

အဝါရောင် အင်မော်တယ် ပဲစေ့ ၈,၀၀၀ အတွက် သူ အင်မော်တယ်ယွမ် ၂,၅၉၉ ယွမ်  ရရှိခဲ့ပါသည်။

ထို့အပြင် လက်ထဲတွင်လည်း အဝါရောင် အင်မော်တယ် ပဲစေ့ ၃၄၀ ကျော် ကျန်နေသေးသည်။

"ကဲ ဒီအင်မော်တယ်ယွမ်တွေကို ဘယ်လိုသုံးရမလဲ။"

ယဲ့ရှောင်ချန်း စဥ်းစားကြည့်လိုက်သည်။

သူ့လက်ထဲတွင် အင်မော်တယ် ယွမ်များ ရှိသဖြင့် သူသုံးရပါမည်။

ခြံစည်းရိုး ပြီးမြောက်အောင် ခတ်ဖို့က လိုအပ်သည်။

စိုက်ပျိုးရေးခြံအတွက် လိုအပ်သည့် စုစုပေါင်း ခြံစည်းရိုးကို တွက်ချက်လိုက်သောအခါ ၃၀၀ မီတာ ရှိသည်။

ခြံစည်းရိုးတစ်ခုကို ၁၀ မီတာရှိပြီး ခြံစည်းရိုး ၃၀  ဆိုလျှင် အင်မော်တယ် ယွမ် ၃,၀၀၀ လိုအပ်ပါသည်။

အကုန်လုံးကိုတော့ ခြံစည်းရိုးများ ဝယ်ဖို့ သုံးစွဲလို့မဖြစ်ပေ။

"ကဲပါလေ။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးကျန်တဲ့ ဟိုစာလုံးတွေကို ဘာသာပြန်ရအောင်။"

ယဲ့ရှောင်ချန်းက သုံးစွဲဖို့ အလျှင်မလိုသေးပါ။

ချက်ချင်း လနတ်သမီးကို ဆက်သွယ်လိုက်၏။

နောက်ဆုံးတော့ ၆၈ လုံးအတွက် ဘာသာပြန်ခက ၆၈ ယွမ်ဖြစ်သည်။

ယဲ့ရှောင်ချန်း ယခုထောနေပြီ ဖြစ်သဖြင့် စိတ်မပျက်ခဲ့ပါ။

တိရိစ္ဆာန် အရေပေါ်က စာလုံးများ နောက်ဆုံးတော့ ဘာသာပြန်ပြီးပါပြီ။

ဝိညာဥ် သိပ်သည်းခြင်း နည်းလမ်းကို နောက်ဆုံးတော့ သူနားလည်သွားလေပြီ။

ထိုနည်းလမ်း၏ နာမည်က နွီဝါး ဝိညာဥ်မျိုးစေ့ဟု ခေါ်ပါသည်။

တရုတ်ဒဏ္ဍာရီတွင် နွီဝါးက လူသားမျိုးနွယ်၏ စဦးပထမဖြစ်ပြီး လူသားများကို နွီဝါးက ဖန်ဆင်းခဲ့သူဟုပင် အားလုံး သိထားကြသည်။

ပြောရမည်ဆိုလျှင် ထို နွီဝါး၏ ဝိညာဥ်သိပ်သည်းခြင်း နည်းလမ်းက တကယ်ပဲ သာမန်ထက် ထူးကဲနေပါသည်။

All Chapters