← Chapters

အင်မော်တယ်ပဲစေ့၏ အရသာ

Vol. 10 Ch. 149

အင်မော်တယ်ပဲစေ့၏ အရသာ

Vol. 10 Ch. 149

အခန်း(၁၄၉) - အင်မော်တယ်ပဲစေ့၏ အရသာ

ယဲ့ရှောင်ချန်း ရင်ထဲ ပွက်လောရိုက်သွားသည်။

ချက်ချင်း စတိုးဆိုင်တွင် ရှာဖွေလိုက်သော်လည်း ဝိညာဥ်သိပ်သည်းခြင်းနည်းလမ်းနှင့် ပတ်သတ်သည့် ဘာပစ္စည်း အချက်အလက်မှ ရှာမတွေ့ခဲ့ပါ။

"ထူးဆန်းတယ်။ စတိုးဆိုင် ကံစမ်းမဲက ပေါက်တာဆိုတော့ ပစ္စည်းအချက်အလက်တော့ ရှိရမှာပါဟ။"

ယဲ့ရှောင်ချန်း ဇဝေဇဝါဖြစ်သွားသည်။

ရုတ်တရက် သူ့ခေါင်းထဲ အတွေးတစ်ခု ဝင်လာ၏။ သူ့နှဖူးကို ရိုက်လိုက်မိ၏။ "ဟုတ်သား ဟုတ်သား။ အဲ့ဒီတုန်းက ငါကံစမ်းမဲပေါက်တုန်းက မျိုးဆက်ရှန်းနုန်လက်စွဲစာအုပ်လို့ ရေးထားတာပဲ။ နွီဝါးဝိညာဥ်မျိုးစေ့လို့ ရေးထားတာမှ မဟုတ်တာ။ ငါရှာတာ မှားနေလို့နေမှာပါ"

ချက်ချင်း ရှာဖွေသည့် စကားလုံးများကို ပြောင်းလဲလိုက်သည်။

သေချာပါသည်။ မျိုးဆက်ရှန်းနုန်လက်စွဲစာအုပ်က စတိုးဆိုင်ထဲတွင် ပေါ်လာသည်။

မျိုးဆက်ရှန်းနုန်လက်စွဲစာအုပ် အပြည့်အစုံ အပြင် စာမျက်နှာ ၁၊ စာမျက်နှာ ၂ အစရှိသည့် သီးခြားစာမျက်နှာများလည်း ရှိပါသေးသည်။

ယဲ့ရှောင်ချန်း ဂရုတစိုက် ဖတ်ကြည့်လိုက်သောအခါ သူ ရရှိသွားသည့် စာမျက်နှာက မျိုးဆက်ရှန်းနုန်လက်စွဲစာအုပ်၏ စာမျက်နှာနံပါတ် ၈၈၈ ဖြစ်ပါသည်။

ယဲ့ရှောင်ချန်း ကြောင်သွားသည်။ ဘုရားရေ။ များလိုက်တဲ့ စာမျက်နှာတွေပါလား။

မျိုးဆက်ရှန်းနုန် လက်စွဲစာအုပ် အပြည့်အစုံကို အမြန်ကြည့်လိုက်သောအခါ စုစုပေါင်း ၉,၉၉၉ စာမျက်နှာ ရှိနေသည်။

စာမျက်နှာ တစ်မျက်နှာစီ၏ စျေးနှုန်းကလည်း မတူညီပါ။ ဥပမာအားဖြင့် နွီဝါးဝိညာဥ်မျိုးစေ့ စာမျက်နှာက အင်မော်တယ်ယွမ် ၃၈,၀၀၀ တန်သည်။

မျိုးဆက်ရှန်းနုန် လက်စွဲစာအုပ် အပြည့်အစုံက အင်မော်တယ်ယွမ် ၁၀၀ မီလီယံဖြစ်ပါသည်။

ယဲ့ရှောင်ချန်း ဆဲလိုက်မိသည်။

မျိုးဆက်ရှန်းနုန် လက်စွဲစာအုပ်က စျေးကြီးလွန်းပါသည်။

"ထားလိုက်ပါတော့၊ အခုလောလောဆယ်တော့ အဲ့တာကို စိတ်ထဲမထည့်ထားရအောင်။"

ယဲ့ရှောင်ချန်း ခေါင်းခါလိုက်သည်။

ဒီနွီဝါးဝိညာဥ်မျိုးစေ့ စာမျက်နှာကို ရခဲ့တာတောင် ကံကောင်းလှပါပြီ။

ဒါက အင်မော်တယ် ယွမ် ၃၈,၀၀၀ တန်တဲ့။

အင်မော်တယ် အပင်များ စိုက်ပျိုးခြင်းကိုသာ အားကိုးပါက သူ လတွေ ဘယ်လောက်တောင် စုရမလဲ မသိတော့ပါ။

အစကတော့ ဒီတစ်ခေါက် အင်မော်တယ် ယွမ် ၂,၀၀၀ ရခဲ့သည်ကို အချီကြီးဟုထင်ထားသော်လည်း အခုတော့ ကြည့်ရတာ သူဆင်းရဲနေဆဲ ဖြစ်ပုံရသည်။ အတော် ဆင်းရဲပါသည်။

ယဲ့ရှောင်ချန်းက စတိုးဆိုင်ကို မပိတ်သေးဘဲ မျိုးဆက် ရှန်းနုန် လက်စွဲစာအုပ် စာမျက်နှာ တစ်ခုချင်းစီ၏ မိတ်ဆက်များကို လိုက်ဖတ်ကြည့်နေဆဲဖြစ်သည်။

စာမျက်နှာ တစ်ခုချင်းစီက စိုက်ပျိုးရေး နည်းလမ်းမျာ၊ သီအိုရီများ၊ သဘာဝလွန် စွမ်းအားများ၊ မျိုးဖောက်နည်းလမ်းများ၊ အစရှိသဖြင့် ရှန်းနုန်မျိုးဆက်များ ချန်ထားပေးခဲ့သည့် အရာများပါဝင်နေသည်။ ကြွယ်ဝလှသည်ဟု ဆိုနိုင်ပါသည်။

"ရှန်းနုန်အတွက် အထူးကျင့်ကြံခြင်း နည်းလမ်းကော မရှိဘူးလား။"

ယဲ့ရှောင်ချန်း စဥ်းစားလိုက်၏။

သူမဝယ်နိုင်သေးရင်တောင် ပန်းတိုင်ဆိုတာတော့ အမြဲတမ်း ရှိနေသင့်ပါသည်။

သာမန် အင်မော်တယ် စိုက်ပျိုးရေးသမားများ၏ ကျင့်ကြံခြင်း နည်းလမ်းက ရှန်းနုန်နှင့် မယှဥ်နိုင်ပါ။

ရှန်းနုန်နည်းလမ်းက ရှန်းနုန်ပါရမီနှင့် အလိုက်ဖက်ဆုံး ဖြစ်ပါသည်။

သူနာရီပေါင်းများစွာ ကြာအောင် ရှာဖွေခဲ့သည်။

သူအားစိုက်ထိုက်မှုက တန်ခဲ့ပါသည်။ နောက်ဆုံးတော့ ရှန်းနုန်အခြေခံ နည်းလမ်းတစ်ခုကို ရှာတွေ့ခဲ့သည်။ ရှန်းနုန်မန္တာန်တဲ့။

"ဟားဟား ကောင်းတယ်ဟေ့။ ရှန်းနုန်မန္တာန်က သိပ်စျေးမကြီးဘူး။ အင်မော်တယ်ယွမ် ၈,၈၀၀ ပဲ။"

ယဲ့ရှောင်ချန်း မျက်လုံးများ ဝိုင်းစက်သွားပြီး ရယ်မောလိုက်သည်။

၈,၈၀၀ အင်မော်တယ် ယွမ်က အနည်းငယ် စျေးကြီးလွန်းသော်လည်း သူမရောက်နိုင်သည့် ပမာဏတော့ မဟုတ်ပေ။

"အခု ငါ့မှာ အင်မော်တယ် ယွမ် ၂,၀၀၀ကျော် ရှိတယ်။ နောက်ထပ်နှစ်ခေါက်လောက် အရောင်းအဝယ်လုပ်လိုက်ရင် အင်မော်တယ် ယွမ် လုံလုံလောက်လောက် စုမိမှာပါ။"

ယဲ့ရှောင်ချန်းက လောလောဆယ် ယာယီ သူရရှိထားသည့် အင်မော်တယ်ယွမ်များကို မသုံးဖို့ ဆုံးဖြတ်လိုက်ပါသည်။

ရှန်းနုန် မန္တန်အတွက် သူအင်မော်တယ် ယွမ်များ စုဆောင်းထားရမည်။

ယဲ့ရှောင်ချန်းက လက်ပွတ်ကာ စတိုးဆိုင်မှ ထွက်သွားတော့သည်။

သူ့တွင် အင်မော်တယ်ပဲစေ့တချို့ ရှိနေဆဲဖြစ်သည်။ ထို့ကြောင့် မျိုးစေ့ ဝယ်ဖို့ မလိုအပ်ပေ။ စိုက်ပျိုးဖို့အတွက် ထိုပဲစေ့များကို တန်းသုံးနိုင်ပြီး လောလောဆယ်အတွက် လုံလောက်နိုင်သည့် အင်မော်တယ် မြေသြဇာတချို့လည်း ရှိနေပါသေးသည်။

အင်မော်တယ်ပဲစေ့ ၃၀ ကို မျိုးစေ့သန်ဆေးရည်ဖြင့် စိမ်လိုက်ပြီး ကျန်တာကို ဝိညာဥ်ပစ္စည်းစမ်းသပ်ဖို့ သုံးမည်ဖြစ်သည်။

ဝိညာဥ်ပစ္စည်းက အင်မော်တယ် အပင်များအပေါ် လွှမ်းမိုးနိုင်မှု အတော်ကြီးမားသဖြင့် ကျန်အင်မော်တယ် ပဲစေ့များကို သိုလှောင် နေရာကွက်ထဲတွင်သာ ဆက်ထားပြီး စိုက်ပျိုးရေးခြံထဲမှ ထွက်ကာ အိမ်ပြန်သွားတော့သည်။

အခန်းထဲတွင်။

ယဲ့ရှောင်ချန်းက အင်မော်တယ် ပဲစေ့ တစ်စေ့နှင့် သာမန်မဟုတ်သော ပုံသဏ္ဌာန်ဖြင့် ဝိညာဥ်ပစ္စည်းကို ထုတ်လိုက်ပါသည်။

အင်မော်တယ် ဝိညာဥ်ကချီက မမြင်နိုင်သော်လည်း ယဲ့ရှောင်ချန်း၏ စိတ်ဝိညာဥ် ပါရမီက အလွန်နိုးကြားသည်။ အင်မော်တယ် ပဲစေ့များ၏ အင်မော်တယ် ဝိညာဥ် အနည်းငယ်လေးက ဝိညာဥ်ပစ္စည်းဖြင့် ပေါင်းစပ်နေသည်ကို သူစူးရှစွာ အာရုံခံမိသည်။

မျက်စိဖြင့် မြင်နိုင်သောနှုန်းဖြင့် အဝါရောင် အင်မော်တယ် ပဲစေ့လေးမှာ အစိုဓာတ် ဆုံးရှုံးသွားသည့် ပုံပင်။

ဖျော့တော့သွားလေ၏။

"အင်မော်တယ် ဝိညာဥ်ချီကို ဆုံးရှုံးလိုက်ရတော့ အင်မော်တယ် ပဲစေ့အပေါ် သက်ရောက်မှုက ဒီလောက်ကြီးလိမ့်မယ်လို့ ထင်မထားပါလား"

ယဲ့ရှောင်ချန်း အံ့အားသင့်သွားသည်။

အချိန်ကြာမြင့်ပြီး ပဲစေ့ ပြောင်းလဲမှုမရှိတော့သည့်အခါ ဝိညာဥ်ပစ္စည်းကို သူဖယ်ထုတ်လိုက်ပါသည်။

"အာဟာရပစ္စည်းတွေ၊ သန့်စင်မှုနဲ့ ဝိညာဥ်ဝိသေသနလက္ခဏာရပ်တွေကကော ဝိညာဥ်ချီကို ဆုံးရှုံးလိုက်ရရင် ဘယ်လို သက်ရောက်မှုတွေ ရှိလာမလဲ။"

ယဲ့ရှောင်ချန်း စဥ်းစားကြည့်လိုက်၏။

ကံမကောင်းစွာဖြင့် ခန့်မှန်းကြည့်ဖို့ကော အတည်ပြုဖို့အတွက်ကော ယဲ့ရှောင်ချန်းတွင် နည်းလမ်းမရှိပါ။

စတိုးဆိုင်တွင်လုပ်နိုင်သော်လည်း အတည်ပြုနိုင်ဖို့အတွက် အစေ့ ၅၀၀ လိုအပ်သည်။ ထို့အပြင် အင်မော်တယ် ဝိညာဥ်ချီ ဆုံးရှုံးသွားသည့် ထိုအင်မော်တယ် ပဲစေ့များကို တန်ဖိုးဖြတ်လို့ မရနိုင်ပါ။

သို့သော်လည်း ပဲစေ့ကို လှီးလို့တော့ ရပါသေးသည်။

"အင်မော်တယ် ပုံစံကွက်တွေ မရှိတော့ဘူး။"

လှီးထားသည့် အပိုင်းတွင် အင်မော်တယ် ပုံစံကွက်များ မရှိတော့သည်ကို ယဲ့ရှောင်ချန်း မြင်လိုက်ရသည်။

"ကြည့်ရတာ အင်မော်တယ် ဝိညာဥ်ချီတွေက အင်မော်တယ် စက်ဝိုင်း ပုံစံကွက်တွေကို ဖန်တီးတာထင်တယ်။"

ယဲ့ရှောင်ချန်း ဖြေးညှင်းစွာ ခေါင်းငြိမ့်လိုက်သည်။

အင်မော်တယ် ပဲစေ့နှစ်ခြမ်းကို ကောက်လိုက်ရင်း စိတ်ထဲတွင် စဥ်းစားလိုက်၏။ အင်မော်တယ်ချီကို ထုတ်လိုက်ပြီဆိုတော့ ဒါတွေကို မော်တယ်တွေ စားနိုင်မှာလား။

စဥ်းစားပြီးနောက် စမ်းသပ်ချက်လုပ်ဖို့ ဆုံးဖြတ်လိုက်သည်။

ချက်ချင်း အခန်းထဲမှထွက်လာပြီး အိမ်မွေးကြက်များဖြင့် စမ်းသပ်ချက်လုပ်ဖို့ ပစ်မှတ်ထားလိုက်သည်။

အိမ်အပြင်ဘက်တွင်။

ကြက်အုပ်ကြီးက လျှောက်သွားနေသည်။ ကြက်မနက်ကြီး တစ်ကောင်နားသို့ သူရောက်လာပြီး ပဲခြမ်းနှစ်ခြမ်းကို မြေပေါ်သို့ ပစ်ချလိုက်သည်။

ကြက်မကြီးက ပဲခြမ်းကို ကြည့်လိုက်ပြီး သတိကြီးစွာ ထိုနေရာသို့ လျှောက်သွားလိုက်သည်။ ပထမဆုံးယဲ့ရှောင်ချန်းကို ကြည့်ကာ အင်မော်တယ် ပဲစေ့နှစ်ခြမ်းကို စားလိုက်တော့သ်ည။

"ဟားဟား တကယ်စားလိုက်တာပဲ။ ဝိညာဥ်ဖြတ်တောက်ခြင်း နည်းလမ်းက တကယ် အာနိသင် ရှိတယ်ထင်တယ်။"

ယဲ့ရှောင်ချန်း ရယ်လိုက်မိပါသည်။

အင်မော်တယ် ပဲစေ့များထဲတွင် အင်မော်တယ် ဝိညာဥ်ချီ ရှိနေပါက ထိုကြက်များ ဘယ်တော့မှ စားမည်မဟုတ်ပါ။

သို့သော်လည်း သူချက်ချင်း ထွက်မသွားသေးဘဲ ကြက်မကြီးကို စောင့်ကြည့်ကာ ပဲစေ့စားပြီးနောက် ကြက်မကြီး အဆင်ပြေမပြေ သေချာအောင် လုပ်နေသည်။

ဘာအမှားမှ မရှိသင့်ပါ။ ဘာပဲဖြစ်ဖြစ် အသက်အန္တရာယ်နှင့် ဆိုင်သည့် ကိစ္စမဟုတ်ပါလား။

တစ်နာရီ၊ နှစ်နာရီ၊ သုံးနာရီကြာသည့်အထိ ကြက်မကြီးက ပြောင်းလဲမှုရှိပုံမပေါ်ပါ။ ထို့အစား ယဲ့ရှောင်ချန်းအား ပတ်လည်ဝိုင်းနေသည်။ ယဲ့ရှောင်ချန်း သွားသည့်နေရာတိုင်းကို လိုက်လာ၏။ ထိုကဲ့သို့ အင်မော်တယ် ပဲစေ့ကို ထပ်စားချင်ပုံရသည်။

ယဲ့ရှောင်ချန်းကတော့ အင်မော်တယ် ပဲစေ့များကို ဒီလိုဖြုန်းတီးပြစ်မည် မဟုတ်ပါ။

အင်မော်တယ် ပဲစေ့တစ်စေ့ကို ဝိညာဥ် ယွမ် ၃၀ - ၄၀ တန်သည်။

သူ့အခန်းဆီသို့ အမြန်ပြန်သွားလိုက်ပြီး ပဲစေ့ သုံးစေ့ကို တစ်ခါတည်းထုတ်လိုက်သည်။

သူစားကြည့်ဖို့ အသင့်ဖြစ်နေပါပြီ။

မိသားစုဝင် သုံးယောက် ရှိသဖြင့် တစ်ယောက်ကို တစ်စေ့ဖြစ်သည်။

ညနေခင်းတွင် ယဲ့ရှောင်ချန်းက သူ့အမေကို ထမင်းချက်ဖို့ ဦးစွာ ကူညီလိုက်သည်။

"ရှောင်ချန်း ရေအများကြီးမထည့်နဲ့။ ရေလယ်ဗယ်က မျဥ်းတစ်လက်မထက် မကျော်ရဘူး။"

အမေက သတိပေးလိုက်သည်။

"ဟုတ်ကဲ့ပါ။"

ယဲ့ရှောင်ချန်းက ဆန်ကို သုံးခါလောက်ဆေးကာ ရေထည့်လိုက်ပြီး ရေထဲတွင် ဝိညာဥ်ချီဖြတ်တောက်ထားသည့် အင်မော်တယ် ပဲစေ့ သုံးစေ့ကို ထည့်ကာ ထမင်းပေါင်းအိုးထဲ ထမင်းအိုးကို ထည့်လိုက်ပါသည်။

မိနစ် ၂၀ ခန့်ကြာသောအခါ။

မွှေးပျံ့သည့် ထမင်းရနံ့က တစ်ခန်းလုံးအား ပြည့်နှက်သွားလေသည်။

ထမင်းရနံ့တွင် ပဲအရသာ ရနံ့လေးပါ ရောပါနေသလိုပင်။

ဒီလို ပဲအရသာက အလွန်အားနည်းသည်။ သို့သော် လျစ်လျူရှုလို့တော့ မရပါ။ ပဲနှင့် ဆန်တို့၏ ပေါင်းစပ်မှုကြောင့် ထမင်းရနံ့ကို ပိုမို ဆွဲဆောင်မှု ရှိသွားစေသည်။

လယ်ထဲတွင် အလုပ်လုပ်ပြီးပြန်လာသည့် အဖေက နှာခေါင်းရှုံ့ကြည့်လိုက်ပြီး အလွန်အံ့အားသင့်သွားသည်။

အရင်တုန်းက ထမင်းနံ့က သေချာပေါက် ဒီလောက် ဆွဲဆောင်မှု မရှိပါ။

သူ့ဝမ်းဗိုက် တုန်ယင်လာပြီး ဗိုက်ဆာလာသလို ခံစားလိုက်ရပါတော့သည်။

All Chapters