← Chapters

စိတ်ကူးပုံဖော်ခြင်း

Vol. 10 Ch. 150

စိတ်ကူးပုံဖော်ခြင်း

Vol. 10 Ch. 150

အခန်း(၁၅၀) - စိတ်ကူးပုံဖော်ခြင်း

"ဒီနေ့ ထမင်းကို ရှောင်ချန်း ချက်ထားတာ။ သူ ရေကို တိတိကျကျ ထည့်ထားတယ်ထင်တယ်။"

သူ့အမေက ဟင်းပွဲများဖြင့် မီးဖိုချောင်ထဲမှ ထွက်လာရင်း ပြောလိုက်သည်။

ဟင်းလျာများ၏ မွှေးရနံ့များကပင် ထမင်းနံ့ကို မဖုံးလွှမ်းနိုင်ချေ။

"သား ထမင်း မြန်မြန်ထည့်စမ်းကွာ။"

အဖေက ထမင်းစားပွဲဝိုင်းနား ရောက်လာပြီး အော်ပြောလိုက်သည်။

"လာပြီ လာပြီ"

ယဲ့ရှောင်ချန်းက ပန်းကန်လုံးများ တူများ ကိုင်လျက် မီးဖိုချောင်ထဲမှ ထွက်လာသည်။

ထမင်းပေါင်းအိုးရှေ့သို့သွားကာ အဖုံးကို လှပ်ကြည့်လိုက်သည်။ ရုတ်တရက် ပိုမိုမွှေးပျံ့သော ထမင်းနံ့က ထွက်ပေါ်လာပြန်၏။

ယဲ့ရှောင်ချန်းက ပါးစပ်ထဲမှ သားရည်များ ကျလာတော့မည်ဟုပင် ခံစားနေရသည်။

ထမင်းက မွှေးပျံ့လွန်းပါသည်။

သူအလွန်အံ့အားသင့်သွား၏။ အင်မော်တယ် ပဲစေ့သုံးစေ့လောက် ထမင်းထဲတွင် ထည့်လိုက်ခြင်းအားဖြင့် အာနိသင် ဒီလောက်ရှိလိမ့်မည် ဖြစ်ကြောင်း မသိခဲ့ပါ။

ပြောစရာမလိုအောင် အဝါရောင် အင်မော်တယ် ပဲစေ့များကြောင့် ဖြစ်ပါသည်၊။

အဝါရောင် အင်မော်တယ် ပဲစေ့သုံးစေ့က ပျောက်ကွယ်သွားသည်။ ထမင်းချက်သည့် ဖြစ်စဥ်တွင် ရေပူများက အဝါရောင် အင်မော်တယ် ပဲစေ့များနှင့် ထမင်းတို့ကို ရောစပ်ပေးလိုက်သည်ဟု ခန့်မှန်းရသည်။

ပန်ကန်လုံးများထဲ ထမင်းများ စတင်ထည့်လေသည်။ မကြာမီ အဝါရောင် အင်မော်တယ် ပဲစေ့သုံးစေ့ကို သူပြန်မြင်လိုက်ရ၏။

သူပန်းကန်လုံးကို စားပွဲပေါ်သို့ ယူလာသောအခါ အဖေဖြစ်သူက စားသောက်ဖို့ မစောင့်နိုင်တော့ချေ။

သူ့အဖေ ထမင်းနှင့်ရောကာ အဝါရောင် အင်မော်တယ် ပဲစေ့တစ်စေ့အား စားလိုက်မိသည်ကို ယဲ့ရှောင်ချန်းမြင်လိုက်သည်။

အဖေက ဖြည်းဖြည်းချင်း စားနေ၏။

ရုတ်တရက် သူရပ်တန့်သွားပြီး သူ့မျက်နှာထားက ထူးဆန်းလာသည်။ ထို့နောက် မျက်လုံးများကို မှိတ်လိုက်ပြီး ထမင်း၏ အရသာကိုခံစားဖို့သကဲ့သို့ ဖြည်းဖြည်းချင်း ဝါးနေသည်။

"ရှင်ဘာလုပ်နေတာလဲ အဘိုးကြီး"

အမေဖြစ်သူက ထိုင်လိုက်ပြီး ထိုမျက်နှာမျိုး ဖြစ်နေသော အဖေ့ကို မေးလိုက်သည်။

အဖေက ဘာမှမပြောသေး။ သူ့အစားအစာကို အရင်မျိုချလိုက်ပြီး အသက်ရှူကာ သူ့မျက်နှာတွင် သာယာမှုနှင့် သဘောကျမှုတို့ ပေါ်လွင်လာသည်။

"အခု ငါပဲစေ့တစ်စေ့ကို စားလိုက်ရသလိုပဲ။ အရသာ ရှိလွန်းလို့ မျိုတောင် မျိုမချချင်ဘူး။"

သူ့အဖေက ပြောလိုက်သည်။

"အပိုတွေပြောနေပြန်ပါပြီ။ ပြီးတော့ ထမင်းထဲမှာ ဘယ်လိုလုပ် ပဲစေ့ရှိမှာတုန်း။"

သူ့အမေက ရယ်မောလိုက်၏။။

ရုတ်တရက် သူ့အမေက သူ့ပန်းကန်လုံးကို ငုံ့ကြည့်လိုက်ပြီး အံ့အားသင့်သွားသည်။ "ဘာလို့ ထမင်းတွေက ဝါနေတာလဲ။"

"ငါလည်း အံ့သြသွားတာ ဒါပေမယ့် ဒီထမင်းက တကယ် အရသာရှိတယ်။"

အဖေက ထမင်းနောက်တစ်လုတ် စားလိုက်သည်။ သူစားခဲ့သော အင်မော်တယ် ပဲစေ့လောက် အရသာ မရှိသော်လည်း မွှေးရနံ့များ ပြည့်နှက်နေကာ အရသာ ရှိနေပါသေးသည်။

"ပဲစေ့တစ်စေ့ပါလား။ ဘယ်လိုလုပ် ပဲစေ့က ထမင်းထဲရောက်နေတာလဲ။"

သူ့အမေက ထမင်းထဲမှ အဝါရောင် ပဲစေ့တစ်စေ့ကို ရုတ်တရက် ယူကာ ပြောလိုက်သည်။

"တကယ် ပဲစေ့တွေ ပါတာလား။"

သူ့အဖေ အံ့အားသင့်သွား၏။

"ဖယ်မပြစ်နဲ့လေ၊ စားကြည့်လိုက်စမ်းပါ၊ တကယ် အရသာရှိတယ်။"

အမေဖြစ်သူက ပဲစေ့ကို ဖယ်ပြစ်တော့မည်ကို မြင်ကာ သူ့အဖေ အမြန်ပြောလိုက်သည်။

"တကယ်အရသာ ရှိလို့လား။"

သူ့အမေက ပဲစေ့ကို ယူကာ ပါးစပ်ထဲထည့်လိုက်သည်။

သူ့အဖေက သူ့မိန်းမ ပဲစေ့ကို စားသောက်နေတာကြည့်ပြီး သားရည်များလည်း ပြည့်လျှံနေလေပြီ။

ပါးစပ်ထဲသို့ ပဲစေ့ထည့်လိုက်သောအခါ သူ့အမေ့၏ မျက်နှာက ပထမဆုံး အံ့အာသင့်သွားသည့် မျက်နှာမျိုးဖြစ်ပြီး နောက်တော့ ဖြည်းဖြည်းချင်း ဝါးလိုက်ကာ သဘောကျသော မျက်နှာမျိုး ဖြည်းဖြည်းချင်း ဖြစ်လာသည်။

"ကဲ အရသာမရှိဘူးလား။"

သူ့အဖေက အမြန်မေးလိုက်သည်။

"အောင်မယ်လေး တကယ်အရသာ ရှိတာပဲ။ ဒီပဲစေ့က ဘာလို့ ဒီလောက်အရသာ ရှိနေရတာလဲ။"

အင်မော်တယ် ပဲစေ့အား စားသောက်ပြီးနောက် အမေဖြစ်သူ အံ့သြသွားရသည်။

ရုတ်တရက်ကြီး သူမကို ကြည့်နေသော ယဲ့ရှောင်ချန်းကို ကြည့်ကာ မေးလိုက်သည်။ "ရှောင်ချန်း ထမင်းထဲ နင် ပဲစေ့တွေ ထည့်ထားတာလား။"

ဒီလို အရသာရှိသည့် ပဲစေ့မျိုး သူ့သားသာ ထုတ်လုပ်နိုင်လိမ့်မည်ဟု ထင်မိသည်။

ဒီအချိန်တောအတွင်း ယဲ့ရှောင်ချန်း စိုက်ပျိုးသည့် ဟင်းသီးဟင်းရွက်များနှင့် သူ လုပ်ထားသည့် ဆားရည်စိမ် ဟင်းသီးဟင်းရွက်တို့ အားလုံးမှာ အရသာရှိလှသည်။

အခုတော့ ဒီလိုအရသာရှိလှသည့် ပဲစေ့မျိုး ပေါ်လာသဖြင့် သူမ ပထမဆုံး သံသယဖြစ်မိသူက ယဲ့ရှောင်ချန်းဖြစ်ပါသည်။

"အမေ အရသာမရှိဘူးလား။ ဘယ်လိုခံစားရလဲ။"

ယဲ့ရှောင်ချန်းက ပြုံးလိုက်သည်။

"အရသာရှိရုံတင်မဟုတ်ဘူး၊ အရမ်းအရသာရှိတာ။ ငါပဲတွေအများကြီး စားဖူးပေမယ့် ပထမဆုံး အကြိမ်အဖြစ် အရမ်းအရသာရှိတယ်လို့ ခံစားမိတာပဲ။"

သူ့အဖေက ပြောလိုက်သည်။

"သား ဒီပဲစေ့တွေ နင်စိုက်ထားတာလား။"

သူ့အမေက မေးလိုက်သည်။

"ဟုတ်တယ် ကျွန်တော့်ရဲ့ နောက်ဆုံးထွက် အဆင့်မြှင့်တင်ထားတဲ့ အင်မော်တယ် စမ်းရေ ပဲတွေလေ။ အရသာကလည်း ကောင်းချက်ပဲဗျာ။"

ယဲ့ရှောင်ချန်းက ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။

"သား ပဲတွေရှိသေးလား။"

သူ့အဖေက အမြန်မေးလိုက်သည်။

"ရှိပါတယ်၊ ဒါပေမယ့် အများကြီးတော့ မဟုတ်ဘူး ဒီလိုပဲမျိုးတွေရဲ့ အထွက်နှုန်းက အရမ်းနည်းတယ်။ အဓိကက အရသာ အဆင့်မြင့်မှုကြောင့်ပေါ့။"

ယဲ့ရှောာင်ချန်းက ပြောလိုက်သည်။

"ရှိသေးရင် ကောင်းတာပေါ့။ သား။ ညကျရင်လည်း ပဲထပ်ထည့်ပါဦး။" ဟု သူ့အဖေက ပြောလိုက်သည်။

"ဟုတ်ကဲ့"

ယဲ့ရှောင်ချန်း ခေါင်းငြိမ့်လိုက်သည်။

အဝါရောင် အင်မော်တယ် ပဲစေ့များက တန်ဖိုးကြီးသော်လည်း သူ့မိသားစုအတွက်တော့ ရက်ရောပါသည်။

ဆန်ထဲတွင် မြုပ်နေသည့် အဝါရောင် အင်မော်တယ် ပဲစေ့ကို သူကြည့်လိုက်သည်။ အခုတော့ ရေဖြင့် နူးနေပြီဖြစ်၏။ တူဖြင့် ကောက်လိုက်ရင်း ပါးစပ်ထဲသို့ ထည့်လိုက်သည်။

ထိုအချိန်တွင် ဖော်ပြ၍ မရသော ရနံ့က လျှာပေါ်က ရသာဖူးများပေါ်တွင် ပေါက်ကွဲသွားသည်။

မွှေးလိုက်တာ။ တကယ်မွှေးလိုက်တာ။

ယဲ့ရှောင်ချန်းက သူ့မျက်လုံးများကို မှေးလိုက်မိသည်။

အင်မော်တယ်စမ်းရေ ဟင်းသီးဟင်းရွက်များ ဖြစ်ဖြစ်၊ အင်မော်တယ် စမ်းရေဖြင့် ဖန်တီးထားသည့် ဆားရည်စိမ် ဟင်းသီးဟင်းရွက်များဖြစ်ဖြစ် ဒီချက်ပြုတ်ထားသည့် ပဲစေ့ဖြင့် နှိုင်းယှဥ်ကြည့်ပါက ၎င်းတို့အကြား ကွာဟမှုကြီးမားနေသည်မှာ သိသာပါသည်။

အရသာမဟုတ်ဘဲ သန့်စင်မှု အဆင့်အပေါ် သက်ရောက်မှုကြောင့်ဖြစ်သည်။

ထိုအင်မော်တယ် ပဲစေ့များက လူသားများ၏ နှလုံးသားကို ပျော်ရွှင်အောင် ဖန်တီးပေးသည်။

တကယ်ပဲ တန်ဖိုးရှိကာ အရသာလည်း ရှိလှပါသည်။

အင်မော်တယ် ပဲစေ့ကို ပါးစပ်ထဲတွင် ဖြည်းဖြည်းချင်း ဝါးလိုက်သောအခါ ကြွယ်ဝသော ပဲအရသာက နေရာတိုင်းသို့ ပျံ့နှံ့သွားပြီး ခန္ဓာကိုယ်ဆဲလ်များကို လှုံ့ဆော်ပေးသည့် ခံစားချက်မျိုးရလာကာ ချွေးပေါက်များ ကျယ်လာသလို ခံစားချက်မျိုးပင် ခံစားရပါသည်။

"ဟားဟား အင်မော်တယ် ပဲစေ့တဲ့။ နာမည်နဲ့လည်း တကယ်လိုက်ပါပေတယ်။"

ယဲ့ရှောင်ချန်းက ရင်ထဲတွင် ပြုံးလိုက်သည်။

ညဘက်တွင်။

ဒီနေ့က လပြည့်နေ့ဖြစ်၏။

စိုက်ပျိုးရေးခြံ၌။

ယဲ့ရှောင်ချန်းက အင်မော်တယ် ဝိညာဥ်ချီထုတ်ထားသည့် အဝါရောင် အင်မော်တယ် ပဲစေ့တစ်စေ့ကို ကိုင်ထားသည်။

"အင်မော်တယ် ဝိညာဥ်ချီ ထုတ်ထားတဲ့ အဝါရောင် အင်မော်တယ် ပဲစေ့ကို စားလို့ရတယ်။ ဒါပေမယ့် ဘယ်လို အကျိုးကျေးဇူးမျိုး ရနိုင်မလဲမသိဘူး။"

ယဲ့ရှောင်ချန်း စဥ်းစားကြည့်လိုက်သည်။

အရသာ ရှိရုံသက်သက် ဆိုလျှင် ဖြုန်းတီးရာ ကျလွန်းသည်။

ရုတ်တရက် အင်မော်တယ် ပဲစေ့ကို ပါးစပ်ထဲ ထည့်လိုက်ပြီး ဖြည်းဖြည်းချင်း ဝါးလိုက်သည်။

ချက်ပြုတ်ထားသည့် ပဲစေ့လောက် မကောင်းသော်လည်း ရင့်မှည့်နေပြီဖြစ်သဖြင့် တော်တော်လေး ကောင်းပါသေးသည်။

ထို့အပြင် အရသာက ပိုမို သန့်စင်သည်။

ခေါင်းခါလျက် ယဲ့ရှောင်ချန်း ဖုန်းကို ထုတ်လိုက်သည်။ ဝီချက်ကို ဖွင့်လိုက်ပြီး ဝမ်ရှင်းယီကို မက်ဆေ့ချ်တစ်စောင် ပို့လိုက်သည်။

ခဏလောက် ကြာသောအခါ ဝမ်ရှင်းယီက စာပြန်လာ၏။

"ကျွန်မ ခေါင်းလျှော်နေတာ"

"ဗီဒီယိုကော ပြောရအောင်။ ကိုယ် မင်းကိုမြင်ချင်လို့။"

ယဲ့ရှောင်ချန်းက မက်ဆေ့ချ်ပို့လိုက်ပြီး ဗီဒီယိုကောကို နှိပ်လိုက်သည်။

ဝမ်ရှင်းယီက ကိုင်လိုက်၏။

ဗီဒီယိုကော ချိတ်ဆက်သွားသောအခါ ဝမ်ရှင်းယီ ပေါ်လာ၏။ ဘောင်းဘီရှည်ဝတ်ထားပြီး ခေါင်းပေါ်တွင် အဝါရောင် ခေါင်းစည်းပဝါကို ပေါင်းထားသည်။

သူမ၏မျက်နှာက ကျောက်စိမ်းလို ဖြူသည်။ မျက်လုံးများကတောက်ပနေပြီး လက်ဖြင့် မေးကိုကိုင်လျက် ဖုန်းစခရင်ကို ကြည့်နေသည်။ သူမ၏မျက်နှာက ယခင်ကလို မှိုင်တွေမနေတော့ဘဲ တောက်ပမှုများဖြင့် ပြည့်နှက်နေပါသည်။

ဝမ်ရှင်းယီက အများကြီး ပြောင်းလဲသွားပြီး သွက်လက်သော လူတစ်ယောက်ဖြစ်လာပါပြီ။

သူတို့နှစ်ဦး ဗီဒီယိုကို မပိတ်ဘဲ လက်ဟန် ဘာသာစကားဖြင့် စကားပြောခဲ့ကြသည်။

အလွန်နောက်ကျနေပြီ ဖြစ်၏။

အသံတစ်သံမှ မကြားရပေ။

ယဲ့ရှောင်ချန်းက ခြေခွေကာ ထိုင်နေသည်။

ဦဝိညာဥ် သိပ်သည်းခြင်း အခြေအနေသို့ အရင်ဦးစွာ ဝင်ရောက်ရန် ကြိုးစားကြည့်နေသည်။

နွီဝါး ဝိညာဥ်မျိုးစေ့နည်းလမ်း တစ်ခုလုံးကို ဖတ်ရှုပြီးပြီဖြစ်ပြီး ဘယ်လို လေ့ကျင့်ရမလဲ အသေးစိတ် သိပြီးပါပြီ။

သော့ချက်က ပုံရိပ်ဖော်ခြင်း ဖြစ်သည်။

အသက်ရှူပုံကို ထိန်းညှိကာ ပုံရိပ်အပေါ်တွင် အာရုံစိုက်လိုက်သည်။

သူ့ရှေ့တွင် တိရိစ္ဆာန်သားရေ စာရွက်တစ်ခု ရှိနေ၏။

သူ့မျက်လုံးများက ထိုပုံရိပ်များအပေါ်တွင် အသေကျရောက်နေသည်။

ပုံရိပ်က မရှင်းလင်းသော်လည်း သူလေးလေးနက်နက် ကြည့်လိုက်ပြီး စိတ်ဝိညာဥ် အသိစိတ်တစ်ခုလုံး နိုးကြွလာသည့်ပုံပင်။

တဖြည်းဖြည်း သူ့စိတ်တစ်ခုလုံး ဗလာကျင်းဖြစ်လာသည်ဟု ယဲ့ရှောင်ချန်း ခံစားလိုက်ရသည်။ ပုံရိပ်ကလွဲပြီး သူ့အမြင်ထဲ ဘာမှမရှိတော့ဘဲ ပုံရိပ်ကလည်း စိတ်ထဲတွင် ပိုပိုပြီး ရှင်းလင်းလားသည်။

မျက်စိတစ်မှိတ် အချိန်အတွင်း သူ့စိတ်ထဲတွင် အုန်းအုန်းမြည်သံ ပေါ်ပေါက်လာပြီး ပုံရိပ်က အပြည့်အဝ ပေါ်လာကာ စိတ်ဝိညာဥ်တစ်ခုလုံးကလည်း ထိုထဲတွင် ရှိနေသည့်ပုံပင်။

သူက ပုံရိပ်ဖြစ်သည်။

ပုံရိပ်က သူဖြစ်သည်။

မကြုံစဖူးသောာ ရှင်းလင်း ပြတ်သားမှု တစ်ခုရှိနေပြီး အိပ်မက်မက်တုန်းကလို ဝေဝါးမှုမျိုး မရှိတော့ပေ။

ပုံရိပ်၏ လက်သည်းများအကြား ကိုင်ဆောင်ထားသည့် ဝိညာဥ်မျိုးစေ့ကိုပင် ခံစားနိုင်ပါသည်။

All Chapters