အပိုင်း(၃၇၉)
Vol. 26 Ch. 379
“သွားစို့”
ရှစ်ဖုန့်ကဇီယာအား အေးအေးလူလူပြောလိုက်သည်။
ဤရီရှင်းဟူသောနမည်ဖြင့်
မြွေလူသားလူငယ်က သူ့အပေါ်ကျရောက်လာသည့်
အရာများအား သူကိုယ်တိုင်လုပ်ယူခဲ့ခြင်းဖြစ်သည်။
သူ့အတွက်ကိုယ်ချင်းစာထောက်ထားနေစရာမလိုအပ်ပေ။အစောပိုင်းက အခြားသောမြွေလူသားများက သူ့အားပြောဆိုခဲ့သလို သူသည်အရူးတစ်ယောက်သာဖြစ်သည်။
“ဒါပေမဲ့……နတ်ဆရာမကြီး..”
ရှစ်ဖုန့်၏ အသံအားကြားပြီးသည့်နောက်တွင် ဇီယာက ပရိဒေဝမီးလောင်မြိုက်နေသော နတ်ဆရာမကြီးအားကြည့်လိုက်ပြီး သူမအတွက်စိတ်ပူသွားခဲ့သည်။
“မင်းတို့သွားသင့်ပြီ အရှင်ရှစ်ဖုန့်နဲ့ဇီယာ… ရီရှင်းက ဒီလိုမျိုးအခြေအနေကို ကျရောက်နေတယ်..ကျွန်မသူ့ကို
ဆက်ပြီးတော့ အဖော်ပြုပေးချင်တယ်.”
ရှစ်ဖုန့်နှင့်ဇီယာတို့၏ စကားများအားကြားပြီးသည့်
နောက် ခါလဲ့က သက်ပြင်းချပြီး ပြောလိုက်သည်။
ရီရှင်းကဇီယာနှင့်တူညီသည်ဖြစ်သည်။
ဤသည်ကို ခါလဲ့အပါအဝင် မြွေလူသားမျိုးနွယ်စုတို့က
ကောင်းစွာသိကြသည်ဖြစ်သည်။ခါလဲ့၌ မြေးတစ်ယောက်တည်းသာရှိပြီး
ဇီယာက မှာ မြွေလူသားမျိုးနွယ်စု၏ မင်းသမီးဖြစ်သည်။ခါလဲ့မှာ သူ့မြေးက ဇီယာအားနှစ်သက်သောကြောင် အောင်သွယ်ပေးရန်ကြိုးစားခဲ့သည်။
ခါလဲ့မှာသူ့မြေးဖြစ်သူ၏ကြီးပြင်းလာမှုကို စောင့်ကြည့်ခဲ့သူဖြစ်သည်။
ထို့ကြောင်သူ့မအနေဖြင့် သူ့မြေး၏ ဗီဇအား ပင်ကိုယ်အရနားလည်သည်ဖြစ်၏။
ယနေ့ညတွင်ဖြစ်ပျက်ခဲ့မှုများအား ခါလဲ့ခန့်မှန်းထားမိပြီးဖြစ်သည်။
ခါလဲ့က သူ့မြေးဖြစ်သူ ၏သိုင်းပါရမီမှာ သာမညောင်ညသာဖြစ်ပြီး မြွေလူသားမျိုးနွယ်စုအာ ဘာလှိုင်းထန်မှုမှ မဖြစ်စေနိုင်ဟု သူမထင်ခဲ့မိသည်။
ရီရှင်းက သူမ၏မြေးဖြစ်သောကြောင့်အခြားသော မြွေလူသားများက သူ့အားသင့်တင့်လျောက်ပတ်စွာ
ဆက်ဆံရလိမ့်မည်ဖြစ်သည်။
နောက်ဆုံးအကြိမ်တုံးက သူမ မမျှော်လင့်ဘဲ တားမြစ်ပညာရပ်ဖြစ်သော
“နတ်ဝါဒ စွမ်းအား” ကို ရှာတွေ့ခဲ့ပြီး သူမအနေဖြင့်ထိုရှေးဟောင်းစာအုပ်အား လှန်လှောကြည့်ရှုခဲ့သည်။ထိုအချိန်က ရီရှင်းသည်လည်းထိုနေရာတွင်ရှိနေခဲ့ပြီး ထိုလျှို့ဝှက်ပညာရပ်အကြောင်းကို စပ်စုချင်ခဲ့၏။ခါလဲ့က ရီရှင်းအား တားမြစ်ပညာရပ်၏ မူလဇစ်မြစ်အကြောင်းကို ပြောပြခဲ့သည်။ရီရှင်းတစ်ယောက် ထိုအရာအားကြားသိရသောအခါတွင် သူ၏မျက်နှာထက်တွင် ထိတ်လန့်မှုတို့အားပြသပြီးနောက် သူကိုယ်တိုင်တားမြစ်ပညာရပ်ကျမ်းစာအား မီးရှို့ပစ်ရန်အတွက်ကူညီမည်ဟု
သန္နိဋ္ဌာန် ချမှတ်ခဲ့၏။ထိုမှသာ ၎င်းက ကမ္ဘာပေါ်တွင်ပေါ်လာတော့မည်
မဟုတ်သည့်အပြင် မျိုးနွယ်စုကိုလည်းထိခိုက်စေခြင်းတို့ ဖြစ်စေနိုင်တော့မည်မဟုတ်ချေ။
ရီရှင်း၏အထိတ်တလန့်ဖြစ်နေ
သောမျက်နှာထားနှင့် သူ၏ ပြတ်သားသော သန္နိဋ္ဌာန်တို့ကြောင့် ခါလဲ့က အများကြီးပင်စဉ်းစားမနေတော့ဘဲ တားမြစ်လျှို့ဝှက်ပညာရပ်ကျမ်းစာအား ရီရှင်းထံလွှဲပေးခဲ့သည်။သို့သော် ရီရှင်းက ၎င်းအား မဖျက်ဆီးပစ်ခဲ့ဘဲ ထိုအစား သူမ၏နောက်ကွယ်၌ လျှို့ဝှက်စွာဖြင့် ကျင့်ကြံခြင်းပြုလုပ်နေလိမ့်မည်ဟုတော့ သူမမမျှော်လင့်ထားခဲ့မိချေ။
ခါလဲ့၏ စကားတို့အားကြားပြီးသည့်နောက် ဇီယာတစ်ယောက် ဆက်နေခြင်းမရှိတော့ပေ။ သူမ၏ခေါင်းအားခါယမ်းလိုက်
ပြီးသက်ပြင်းချလိုက်ပြီးနောက်
ထွက်ခွာသွားသည်။
သူမနှင့်ရှစ်ဖုန့်ထွက်ခွာသွားပြီး
သိပ်မကြာခင်တွင် ခါလဲ့၏ ဝမ်းနည်းပူးဆွေးသောအသံက အနောက်ဘက်မှထွက်ပေါ်လာသည်။
“ရီရှင်း..ရီရှင်း ..မင်းဘာတွေကိုစဉ်းစားနေတာလဲ..
တားမြစ်လျှို့ဝှက်ပညာရပ်က ဘယ်လောက်စွမ်းအားကြီးကြောင်း
ကိုရှင်းရှင်းလင်းလင်းမင်းသိသားနဲ့ ဘာကြောင့်များ မင်းဆက်ပြီးတော့ ဒါကိုကျင့်ကြံချင်နေရသေးတာလဲ..
မင်းကဇီယာကိုကြိုက်နှစ်သက်တယ်..
မင်းကဒီနည်းလမ်းကိုသုံးပြီးတော
မင်းကိုယ်မင်း ဖျက်ဆီးနေတာပဲ ..မင်းငါ့ကိုနာကျင်စေတာကလွဲပြီးတော့ ဘာမှရမှာမဟုတ်ဖူး…တွေးကြည့်မှ ငါ့လိုမြွေလူသားမျိုးနွယ်ရဲ့ကြီး
မြတ်တဲ့နတ်ဆရာမဖြစ်တဲ့ ခါလဲ့မှာ မင်းလို အသုံးမကျပြီး ဦးနှောက်မရှိတဲ့ မြေးတစ်ယောက်ရှိနေတာပါလား”
ထို့နောက် ခါလဲ့က သူ၏လက်နှစ်ဖက်လုံးဖြင့် ဆီးလ်သင်္ကေတို့အား ပုံဖော်လိုက်ပြီး ရှေးကျပြီးဆန်းကြယ်သော ဂါထာတစ်ခုကို ရွတ်ဆိုလိုက်သည်။ထူးဆန်းပြီး တွန့်လိမ်နေသော အပြာရောင်
သင်္ကေတများက ရီရှင်းထံသို့ လွင့်မျောသွားသည်။
………………………………………………….
အခြားတစ်ဖက်တွင် မြွေလူသား
မျိုးနွယ်စု၏ အောင်းပါက သူ၏ကိုယ်ပိုင် မျိုးနွယ်စုဝင်များကို ဦးဆောင်၍အမှောင်နတ်သူငယ်
တမာန်တော်၏ ဦးခေါင်းအား မြွေလူသားမျိုးနွယ်စု၏မြို့
ဂိတ်၌ချိတ်ဆွဲထားရန်ျလုပ်ဆောင်နေသည်။
မြွေလူသားမျိုးနွယ်စု၏ အမှောင်နတ်သူငယ်မျိုးနွယ်စုနှင့်
စစ်ပွဲဆင်နွှဲမည့် သတင်းများက တောမီးကဲ့သို့ သဲကန္တာရတစ်ခွင် ပျံနှံ့သွားသည်။
ဖွတ်လူသားများ၊ ကြွက်လူသားများ၊ကန္တာရ ဝံပုလွေလူသားများ နှင့်အခြားသော သဲကန္တာရအတွင်းရှိ မျိုးနွယ်စုဝင်များအားလုံးတို့မှာ သတင်းများအားကြားရသောအခါတွင် တုန်လှုပ်အံ့အားသင့်သွားကြသည်။ သူတို့အနေဖြင့် ၎င်းအချင်းအရာအား မယုံကြည်နိုင်ကြချေ။
“မဖြစ်နိုင်ဘူး..ဘယ်လိုဖြစ်ပြီးတော့ မြွေလူသားမျိုးနွယ်က အမှောင်နတ်သူငယ်မျိုးနွယ်စုက
တမာန်တော်ကို သတ်ရဲရတာလဲ..ဘယ်လိုဖြစ်ပြီးတော့ အမှောင်နတ်သူငယ်တွေနဲ့ စစ်ပွဲဆင်နွှဲဖို့ကို ကြေညာရဲရတာလဲ..ဘယ်သူကများသူတို့ကို သတ္တိတွေပေးလိုက်တာလဲ”
ယင်းမှားသတင်းအား ပထမဆုံးကြားကြားချင်းတွင် မျိုးနွယ်စုအားလုံးက တုံ့ပြန်ကြသောတုံ့ပြန်မှုများဖြစ်ကြသည်။
ထို့နောက်တွင် သူတို့တစ်စုံတစ်ခုအားတွေး
မိသွားကြပုံပေါ်သည်။
“ခရမ်းရောင်မြွေခန္ဓာ ….မြွေလူသားမျိုးနွယ်စုက သူတို့ရဲ့ နတ်ဘုရားဖြစ်တဲ့ ကျိလီမြွေခန္ဓာကိုနိုးထစေနိုင်တာ
များဖြစ်နေနိုင်မလား.. ခရမ်းရောင်မြွေခန္ဓာ..”
ဆိတ်ငြိမ်မှုရှိသော အနောက်မြောက်သဲကန္တာရထဲရှိ
အိုအေစစ်တစ်ခုထဲတွင် သဲနှင့်ဖုန်မှုန်ပြင်ပကမ္ဘာတစ်ခုတည်ရှိသည်။
ပြင်ပကမ္ဘာနှင့်နှိုင််းယှဉ်လိုက်မည်ဆိုလျှင် ဤနေရာက အေးချမ်းပြီး စိမ်းလန်းစိုပြည်မှုရှိလှသည်ဖြစ်သည်။ ယင်းမှာဆိတ်ငြိမ်သော သုခဘုံတစ်ခုကဲ့သို့ပင်ဖြစ်၏။
စိမ်းလန်းစိုပြေသောတောအုပ်တစ်
ခု၏အလယ်တွင် သန့်ရှင်းကြည်လင်သော ရေကန်တစ်ခုရှိသည်။ ရေကံ၏ အနားစပ်နားတွင် ဖွံ့ဖွံ့ထွားထွားနှင့် ရင့်ကျတ်ဝေဆာပြီး ညို့ယူဖမ်းစားစွဲမက်ဖွယ်ဖြစ်သော ခရမ်းနက်ရောင် အဝတ်ဗလာကျင်းကိုယ်ခန္ဓာတစ်ခုရှိသည်။
ကြည်လင်သော ရေက
သူမ၏ခန္ဓာကိုယ်အား လွှမ်းခြုံထားပြီး လှပသော မျက်နှာလေးသာ ရေပြင်၏အပြင်ဘက်တွင်ကျန်ရှိနေသည်။
သို့သော် ကန်ရေ၏ ကြည်လင်သန့်
ရှင်းမှုကြောင့် သူမ၏ ညို့ယူဖမ်းစားစွဲမက်ဖွယ်ကောင်းသော ကိုယ်ခန္ဓာမှ လှိုင်းတွန့်ကောက်ကြောင်းများအား ဖုံးကွယ်ထားနိုင်ခြင်းလုံးဝရှိမနေချေ။
ထို့အပြင်စွဲမက်ဖွယ်ကောင်းသော ခရမ်းနက်ရောင် အမှတ်အသားတစ်ခုက
သူမ၏ ရင်သားတစ်ဝက်စီနှင့်အလယ
်ရှိချိုင့်ကြားတို့တွင်ရှိနေသည်။ယင်းက ယောက်ျားသားများအား
တော်တော်လေးကို ညို့ယူဖမ်းစားနိုင်သော်လည်း ယင်းမှာ အမှောင်နတ်သူငယ်များ၏အတုမရှိ အမှတ်အသားတစ်ခုဖြစ််သည်။
အမျိုးသမီးက အကြည်ရောင်
ဝိုင်ခွပ်တစ်ခုအား သူမ၏ ညာလက်တွင်ကိုင်ထားပြီး ခွပ်အတွင်းရှိ သွေးနီရောင်ဝိုင်တို့အား ကျနစွာအရသာခံနေသည်။သူမ၏ မျက်လုံးများက ညကောင်းကင်ယံထံသို့ကြည့်နေပြီး ကောင်းကင်ထဲရှိကြယ်အစက်
အပျောက်များအား နှစ်ခြိုက်စွာရှုမြင်ခံစားနေ၏။ယင်းမှာ ဤအမှောင်နတ်သူငယ်မအမျိုး
သမီးအနေဖြင့် ဘဝအား မည်သို့ပျော်ရွှင်စွာဖြတ်သန်းရမည်ဆိုသည်အား သိသောသူဖြစ်ကြောင်းသိမြင်
နိုင်သည်ဖြစ်သည်။
ဤအချိန်တွင် ညကောင်းကင်ယံထဲ၌ ရုတ်တရက် စွမ်းအင်အတက်အကျတစ်ခု အနည်းငယ်ဖြစ်ပေါ်သွားသည်။
အမျိုးသမီးက မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။
ရှင်းပါသည်။အဘယ်ကြောင့်ဆိုသော် သူ၏ ညာအလှမြင်ကွင်းအား ရှုမြင်ခံစားနေခြင်းကို နှောက်ယှက်ခံလိုက်ရသောကြောင့်ဖြစ်ပြီး သူမ၏ မျက်နှာထက်တွင် အနည်းငယ်စိတ်ဘဝင်မကျသော အမူအယာတစ်ခုဖြစ်ပေါ်လာသည်။
“ဘာဖြစ်လို့လဲ”
အမျိုးသမီးက သူမ၏ အေးစက်သောအသံဖြင့်မေးလိုက်သည်။
“ကျွန်ုပ်တို့မျိုးနွယ်စုရဲ့ ထိပ်ထား ဧကရီ”
ညကောင်းကင်ယံထဲတွင် အမှောင်ထုဆီမှပုံရိပ်တစ်ခု
ထွက်ပေါ်လာသည်။ထိုသူမှာလည်း လှပသော မျက်နှာတစ်ခုအားပိုင််ဆိုင်ထားသော ငယ်ရွယ်သည့် အမှောင်နတ်သူငယ် အမျိုးသမီးတစ်ယောက်ဖြစ်သည်။သူမက သူမ၏ ရှိုက်ဖိုကြီးငယ်အသွယ်သယ်
နှင့်ပြည့်စုံသောကိုယ်လုံးကိုယ်ပေါက်ပုံရိပ်အား ကွက်ကွက်ကွင်းကွင်းချပြထားသော ခရမ်းနက်ရောင်ကိုယ်ကြပ်ဝတ်စုံကို ဝတ်ဆင်ထားသည်။
အမှောင်နတ်သူငယ် အမျိုးသမီးငယ်ပေါ်လာသည့်
အခိုက်အတန့်တွင် သူမက ဒူးတစ်ဖက်ထောက်ချထားပီး အမှောင်နတ်သူငယ်တို့၏
အုပ်ချုပ်သူဖြစ်သော ဧကရီဖြစ်သူ အက်ရှလေအား လေးစားစွာဖြင့်ပြောဆိုလိုက်သည်။
“သဲကန္တာရအတွင်းမှာ မြွေလူသားနယ်မြေဆီကနေ အဓိပ္ပါယ်မရှိတဲ့ သတင်းတစ်ခုထွက်လာနေပါတယ်..ကျွန်ုပ်တို့ အမှောင်နတ်သူငယ် အရှင်သခင်ဖြစ်တဲ့ ရွန်ဒါဟာ မြွေလူသားမျိုးနွယ်စုရဲ့သတ်ဖြတ်
တာကိုခံလိုက်ရပြီးတော့ သူ့ဦးခေါင်းကို မြွေလူသားနယ်မြေရဲ့ မြို့ဝမှာ ချိတ်ဆွဲထားပါတယ်တဲ့..နိမ့်ကျတဲ့မြွေလူသားတွေက ကျွန်ုပ်တို့လို စွမ်းအားကြီးပြီး ဂုဏ်သိက္ခာကြီးမားတဲ့ အမှောင်နတ်သူငယ်တွေနဲ့ စစ်ပွဲဆင်နွှဲဖို့ကြေညာလိုက်
တယ်လို့ပြောနေပါတယ်”
“အိုး”
“နိမ့်ကျတဲ့ မြွေလူသားမျိုးနွယ်စုက ငါတို့လို ဂုဏ်သိက္ခာရှိပြီး စွမ်းအားကြီးတဲ့မျိုးနွယ်စုနဲ့ စစ်ဖြစ်ဖို့ကြေညာချင်နေတာလား..ဒီမြွေလူသားမျိုးနွယ်စုတွေ ရူးသွားကြပြီလား”
အက်ရှလေမှာ အမျိုးသမီးငယ်ဆီက စကားအားကြားလိုက်ရသောအခါတွင် သူမအနေဖြင့် ကမ္ဘာပေါ်တွင်
အရယ်ရဆုံးသော ပျက်လုံးတစ်ခုအားကြားလိုက်ရသကဲ့သို့ သူမ၏နှုတ်ခမ်းထောင့်က အထင်သေးသောအပြုံးတစ်ခု
အဖြစ်တွန့်ကွေးသွားသည်။
“ဒီကောလဟာလကို ဘယ်သူကဖြန့်နေတယ်ဆိုတာကိုရှာ…
မြွေလူသားမျိုးနွယ်စုကို အခြေခံကြည့်ရရင်..ဟားဟား..သူတို့မှ သတ္တိဆယ်ဆလောက်ရှိနေရင်တောင် လုပ်ရဲကြမှာမဟုတ်ဖူး..တစ်ယောက်ယောက် ဒါမှမဟုတ် ဘယ်တစ်ခြားမျိုးနွယ်စုတစ်ခုခုက ဒီနိမ့်ကျတဲ့မျိုးနွယ်စုကို သတ်ဖြတ်ချင်ပြီး သူတို့ကို သုတ်သင်ရှင်းလင်းဖို့အတွက်
ငါတို့ကို အသုံးချဖို့လုပ်နေတာလဲဆိုတာရှာ”
“ဟုတ်ကဲ့ပါ အရှင်မ”
ထို့နောက်တွင် အမှောင်နတ်သူငယ်အမျိုးသမီးမှာ သူမ၏တစ်ကိုယ်လုံးက ညအချိန်အခါသမယထဲနစ်မြုပ်
ဝင်သွားသကဲ့သို့ သူမ၏ပုံရိပ်က အမှောင်ထုအတွင်း ဖြည်းဖြည်းချင်းပျောက်ကွယ်သွားသည်။
ထို့နောက်သိပ်မကြာခင်တွင်
ညအမှောင်ထုထဲ၌ လှပသော နောက်ထပ်အမှောင်နတ်သူငယ်
အမျိုးသမီးငယ်တစ်ဦးကပေါ်လာပြီး အက်ရှလေအား လေးစွာစွာဖြင့် ဦးညွှတ်ဂါရဝပြု၍ ပြောလိုက်သည်။
“အရှင်မ..ထိပ်ထားဧကရီ သဲကန္တာရအတွင်းမျိုးနွယ်စုအားလုံး မှာ အရှင်ရွန်ဒါကို မြွေလူသားမျိုးနွယ်စုကသတ်ဖြတ်
ခဲ့တယ်ဆိုတဲ့ကောလဟာလတွေ
ထွက်ပေါ်နေတာကြောင့် ကျွန်ုပ်ရဲ့ လက်အောက်ငယ်သားတေွ
ကိုယ်တိုင်ကိုယ်ကျသွားရောက်
စစ်ဆေးခဲ့ပါတယ်. ..အရှင်ရွန်ဒါရဲ့ဦးခေါင်းကို တကယ်ပဲ မြွေလူသားမျိုးနွယ်
စုနယ်မြေဂိတ်မှာ ချိတ်ဆွဲထားတာကို သူတို့တွေ့ခဲ့ကြပါတယ်..
လက်အောက်ငယ်သားတွေအားလုံးနီးပါးကလည်းဆန်းကျယ်ပြီး စွမ်းအားကြီးအားတဲ့စွမ်းအားတစ်ခုရရဲ့ သတ်ဖြတ်ခံခဲ့ရပြီးသူတို့တွေထဲက
တစ်ယောက်ပဲကံကောင်းပြီးတော့ အသက်ရှင်လျက်ထွက်ပြေး
လွတ်မြောက်လာနိုင်ခဲ့ပါတယ်”
ဆက်ရန်………
ဘာသာပြန်သူ-ARISE