← Chapters

အပိုင်း(၃၈၀)

Vol. 26 Ch. 280

အပိုင်း(၃၈၀)

Vol. 26 Ch. 280

“ခလွမ်း”

ရုတ်တရက် ကြွပ်ဆပ်သော

အသံတစ်ခုက ညအမှောင်ထုအတွင်း၌  ထွက်ပေါ်လာသည်။အမှောင်နတ်သူငယ်

ဘုရင်မအက်ရှလေ ၏ လက်အတွင်းရှိနေသောဝိုင်ခွပ်မှာ အစိတ်စိတ်အမွှာမွှာ ခြွေမွခံလိုက်ရသည်။သွေးနီရောင်ဝိုင်တို့က အက်ရှလေ၏လက်ပေါ်မှ သန့်ရှင်းကြည်လင်သော

ရေကန်အတွင်းစီးဆင်းလာပြီး သူမ၏ ဖွံ့ထွားသောကိုယ်ပေါ်သို့စီးဆင်းလာသည်။

သွေးနီရောင်အရည်တို့က

သူမ၏ကိုယ်ခန္ဓာအား  ပို၍ ပင် ဆွဲဆောင်မှုရှိစေ၏။

“မြွေလူသားမျိုးနွယ်.. နိမ့်ကျတဲ့မြွေလူသားမျိုးနွယ်…

ဘယ်လိုတောင်ငါ့မျိုးနွယ်စုကိုဒင်းတို့က ရမယ်ရှာရဲတာလဲ”

အက်ရှလေ၏မျက်နှာထက်တွင် အေးစက်သောသတ်ဖြတ်ခြင်း

စိတ်ဆန္ဒတို့ဖြင်ပြည့်နှက်နေသည်။

အက်ရှလေက လှုပ်ရှားလိုက်ပြီးသူမ၏  အဝတ်ဗလာကျင်းခန္ဓာကိုယ်က မျက်စိတစ်မှိတ်အတွင်း လေထဲတွင်ပေါ်လာသည်။သူမက လှပသောနတ်သူငယ်မျိုးနွယ်စု

ဝင်အမျိုးသမီး၏ရှေ့တွင် ဝင့်ကြွားစွာရပ်လိုက်နေပြီး အေးစက်စွာအော်ပြောလိုက်သည်။

“ငါ့မျိုးနွယ်စုကတိုက်ခိုက်နိုင်တဲ့ ကျွမ်းကျင်သူအားလုံးကိုငါနဲ့အတူ မြွေလူသားမျိုးနွယ်စီကိုလိုက်ဖို့

အတွက်စုစည်း..ကြယ်ကိုးပွင့်ဘိုး

ဘေးနယ်ပယ် ရွန်ဒါကို တောင်သတ်နိုင်စွမ်းရှိတဲ့အထိ မြွေလူသားမျိုးနွယ်တွေ ဘာကိုအားကိုးအားထားပြု

နေတယ်ဆိုတာကို ငါတွေ့ချင်တယ်…ဒင်းတိုးကများ ငါ့မျိုးနွယ်စုကိုမှ ရမယ်ရှာရဲတယ်တဲ့လား”

(ဘာသာပြန်သူမှတ်ချက်- ရွန်ဒါအား  e subတွင် တလုံဟုလည်းရေးထားသောကြောင့် ရေးအပိုင်းတွင်တလုံနှင့် သုံးခဲ့ပြီး ယခုအပိုင်းများတွင်ရွန်ဒါဟု သုံးသည်ကိုတွေ့မိပါက မရှုပ်သွားကြပါရန်..ကျွန်တော်အ

တက်နိုင်ဆုံးတစ်ခုတည်းတူအောင်မှတ်ရေးပေမဲ့ မျက်စိရှမ်းသွား၍ နမည်ကွဲပါနေခဲ့လျင်နားလည်

ပေးပါရန်တောင်းဆိုပါသည်။)

“မြွေလူသားမျိုးနွယ်စုတစ်ခုလုံး

ကိုသုတ်သင်ရှင်းလင်းပစ်မယ်. ဒီနိမ့်ကျတဲ့မျိုးနွယ်စုကို ကန္တာထဲကနေ ထာဝရပျောက်ကွယ်သွားအောင်လုပ်ကြရမယ်”

“ဟုတ်ကဲ့ပါ ..အရှင်မ”

………………………………………………………………………………

မြွေလူသားမျိုးနွယ်စုနယ်မြေထဲတွင် နယ်မြေအတွင်းရှိ မြွေလူသားတိုင်းမှာ သူတို့၏နယ်မြေအတွင်းဖြစ်ပျက်နေသောသတင်းများအား လက်ခံရရှိသောအခါတွင် တုန်လှုပ်အံ့အားသင့်သွားကြသည်။

မကြာသေးခင်ကမှ မာနကြီးမောက်မာစွာဖြင့် ပေါ်လာခဲ့သော အမှောင်နတ်

သူငယ်မျိုးနွယ်စု၏ တမာန်တော်ဖြစ်သူ

ရွန်ဒါ၏ ဦးခေါင်းမှာ သူတို့နယ်မြေဂိတ်ဝ၏အထက်

ခပ်မြင့်မြင့်၌ ချိတ်ဆွဲခြင်းခံထားရသည်။

များစွာသောမြွေလူသားများမှာထိုနေ့က မြင်ကွင်းအားအမှတ်ရနေကြဆဲဖြစ်သည်။

ထို့နောက်က သူသည် မြွေလူသားနယ်မြေ၏အထက်မှ နတ်ဘုရားကဲ့သို့ဆင်းသက်လာပြီး သူတို့၏ဘိုးဘေးများတပ်ဆင်ထားခဲ့သော ဂိတ်အစီအရင်အားဖျက်ဆီးပစ်ခဲ့သည်။

ထို့နောက်တွင် သူက လေထဲတွင်ဝင့်ကြွားစွာရပ်၍ အောက်သို့ငုံ့ကြည့်ကာ  အမှောင်နတ်သူငယ်မျိုးနွယ်စု၏ အမိန့်ကို လွှဲပေးခဲ့သည်။သူတို့၏မင်းသားက မင်းသမီးဇီယာအား လက်ဆက်မည်ဟူသည့်အကြောင်း

ကိစ္စပင်ဖြစ်သည်။သူ၏လေသံတွင်

အကယ်၍ သူ့အား ဆန့်ကျင်ခြင်းပြုရဲသည့်မည်သူမ

ဆိုအားသတ်ဖြတ်ပစ်လိမ့်မည်သကဲ့သို့  အေးစက်သောသတ်ဖြတ်ချင်း

စိတ််ဆန္ဒများဖြင့်ပြည့်နှက်နေ၏။

ထိုအခိုက်အတန့်တွင်မြွေလူသားများမှာ မည်သူမျှစောဒကမတက်ရဲကြချေ။

အမှောင်နတ်သူငယ်မျိုးနွယ်စုမှာ အနောက်မြောက်သဲကန္တာရ၏ အုပ်ချုပ်သူများဖြစ်ကြသည်။

မျိုးနွယ်စုတိုင်းမှာသူတို့၏ အမိန့်အား နာခံရန်သာ တက်နိုင်သည်ဖြစ်သည်။

အကယ်၍သူတို့မနာခံခဲ့လျှင် ဖျက်ဆီးခံရလိမ့်မည်ဖြစ်သည်။

တမာန််တောက်က တစ်ယောက်တည်းသာဖြစ်ပြီး မြွေလူသားများအပေါ်၌

သူတမင်ရည်ရွယ်၍ ထုတ်လွှတ်ထားခဲ့သော ဖိအားက  မြွေလူသားမျိုးနွယ်စုဝင်များအား ကြောက်ရွံ့မှုများဖြင့်ပြည့်နှက်အောင် လုပ်ဆောင်နိုင်စွမ်းရှိသည်ဖြစ်သည်။

တမာန်တော်တစ်ယောင်တည်း

၌ရှိနေသောစွမ်းအားကပင်  သူတို့မျိုးနွယ်စုတစ်ခုလုံးအား  သုတ်သင်ချေမှုန်းပစ်နိုင်စွမ်းရှိကြောင်းကို သူတို့ခံစားနိုင်ခဲ့သည်ဖြစ်သည်။

သူတို့နယ်မြေ၏ စွမ်းအားအကြီးဆုံးသော

နတ်ဆရာမကြီးဖြစ်သူ ခါလဲ့ပင်လျှင်  တမာန်တော်အား ယှဉ်ပြိုင်နိုင်စွမ်းရှိလိမ့်မည်မဟုတ်ပေ။

ယခုအခါတွင်တော့ ထိုကဲ့သို့စွမ်းအားကြီးမား‌သော တမာန်တော်၏ ဦးခေါင်းက  သူတို့နယ်မြေ၏ဝင်ပေါက်၌ ချိတ်ဆွဲခြင်းခံထားရသည်။

ထို့နောက်မကြာခင်တွင် ပို၍တုန်လှုပ်အံ့အားသင့်ဖို့ကောင်းသော သတင်းအစအနများက မြွေလူသားများ၏နားအတွင်းသို့ ပျံ့နှံ့ဝင်ရောက်လာခဲ့သည်။သူတို့၏ မျိုးနွယ်စုကသဲကန္တာရအတွင်း အင်အားအကြီးဆုံးနှင့် အရက်စက်ဆုံးမျိုးနွယ်စုဖြစ်သော‌ အမှောင်နတ်သူငယ်မျိုးနွယ်စုအား စစ်ဖြစ်ရန်ကြေညာခဲ့ခြင်းဖြစ်သည်။

ဤသတင်းများက လုံးဝကိုအံ့အားသင့်ဖို့ကောင်းပြီး

မြွေလူသားများအား နက်ရှိုင်းစွာတုန်လှုပ်အံ့အားသင့်သွားစေသည်။သို့သော် မြွေလူသားမျိုးနွယ်စုဝင်များမှာ သူတို့၏တုန်လှုပ်အံ့အားသင့်မှုများ

မှလျင်မြန်စွာပြန်လည်ကောင်းမွန်သွားကြသည်။မြွေလူသားမျိုးနွယ်စုက ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိစွာဖြင့် အမှောင်နတ်သူငယ်မျိုးနွယ်စုအပေါ်တွင် စစ်ကြေညာခဲ့သည်။ဖြစ်နိုင်သည်မှာ သူတို့၏မျိုးနွယ်စုတွင် ကျိလီမြွေနတ်ဘုရား၏ကိုယ်ပွားဖြစ်သော ခရမ်းရောင်မြွေခန္ဓာ၏ စွမ်းအားတို့ကနိုးထလာခြင်း

များဖြစ်နေနိုင်မည်လော။

ကျိလီမြွေနတ်ဘုရား၏ စွမ်းအားတို့နိုးထပြီးသည့်နောက်မှသာလျှင် သူတို့၏မျိုးနွယ်စုအနေဖြင့်

ထိုသို့လုပ်ဆောင်ရန်အတွက်ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလိမ့်မည်ဖြစ်သည်။ထိုနေ့ ယဇ်ပူဇော်ခန်းမအတွင်းရှိနေခဲ့သော ထိုအရေးကြီးပုံရိပ်များမှလွဲ၍ များစွာသောမြွေလူသားများမှာ  သူတို့၏ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်က ရှစ်ဖုန့်နမည်နှင့်လူသားတစ်

ယောက်ထံမှလာခြင်းဖြစ်ကြောင်းကို မသိခဲ့ကြချေ။

သူတို့အားလုံးရှေးဟောင်းနတ်ဘုရား၊

ရှေးဟောင်းဟောကိန်းနှင့်သူတို့မျိုးနွယ်စု၏ ခရမ်းရောင်မြွေခန္ဓာနှင့်ပက်သက်ပြီး

သာတွေးမိကြသည်။ထို့နောက်

တွင်မြွေလူသားနယ်မြေအတွင်း

ရှိနေကြသောမြွေလူသားများမှာ စိတ်လှုပ်ရှားသည်ထက်စိတ်

လှုပ်ရှားလာကြသည်။ မြွေလူသားများ၏နှလုံးသားထဲတွင် ကျိလီမြွေခန္ဓာကိုယ်ပွား၏ စွမ်းအားတို့နိုးထလာပြီး မြွေလူသားမျိုးနွယ်စုကကြီးမားသော စွမ်းအားကိုပိုင်ဆိုင်ရခြင်းထက် ပို၍စိတ်လှုပ်ရှားသည်ထက်စိတ်

လှုပ်ရှားစေသောအရာဘာမှရှိမနေချေ။

ထို့နောက်တွင် သူတို့၏ဘိုးဘေးဘီဘင်များ ဖန်တီးခဲ့ကြသော ဂုဏ်ကျတ်သရေထွန်းပြောင်မှုများ

ကိုသူတို့တွေးမိကြသည်။

သူတို့နိမ့်ပါးကျဆင်းနေသောမြွေလူသားမျိုးနွယ်စုကိုတွေးမိကြသည်။

အမှောင်နတ်သူငယ်တို့၏ ရွန်ဒါတစ်ယောက် သူတို့နယ်မြေအထက်တွင်လာပြီး ဝင့်ကြွားစွာရပ်ခဲ့သောနေ့ကို ပြန်တွေးမိကြသည်။

မြွေလူသားမျိုးနွယ်စုတစ်ခုလုံးမှာ တိတ်ဆိတ်နေပြီး ချုပ်တည်းမှုတို့ပြုလုပ်ထားကြသည်။

မမျှော်လင့်ထားသော ကပ်ဘေးတစ်ခုကျရောက်လာ

မည်ကိုကြောက်ရွံ့သောကြောင့်

သူတို့အနေဖြင့် အသက်ပင်ရဲရဲမရှူရဲကြချေ။

ယင်းမှာ အမှောင်နတ်သူငယ်မျိုးနွယ်စု

တစ်ခုတည်းပင်မဟုတ်ချေ။

သဲကန္တာရထဲတွင်သူတို့အား ထိန်းချုပ်နိုင်ပြီး မြွေလူသားနယ်မြေအတွင်း ဒုက္ခများဖြစ်စေနိုင်သော အခြားသောမျိုးနွယ်စုများလည်း

ရှိသေးသည်ဖြစ်သည်။

အနာဂတ်တွင်တော့ ခရမ်းရောင်မြွေခန္ဓာကိုယ်ပွား၏ စွမ်းအားတို့နိုးထလာပြီး မြွေလူသား

မျိုးနွယ်က ကြီးမားသောစွမ်းအား

ကိုပိုင်ဆိုင်ခဲ့လျှင် မည်သူကများ အနာဂတ်၌ ဒုက္ခပေးရဲသည်ဆိုအားကြည့်ရမည်ဖြစ်သည်။

“တိုက်..တိုက်..တိုက်..တိုက်”

အတိတ်ကချုပ်တည်းထားရမှုများ၊ ခရမ်းရောင်မြွေခန္ဓာကိုယ်ပွား၊ မြွေလူသားမျိုးနွယ်စု၏ မြင့်တက်လာမှုနှင့် မြွေလူသားမျိုးနွယ်စုက အမှောင်နတ်သူငယ်မျိုးနွယ်စုအား စစ်ကြေညာသည့်အကြောင်း

တို့အားတွေးမိကြသည်။ သူတို့အားလုံး မြို့ဂိတ်အထက်ခပ်မြင့်မြင့်၌

ချိတ်ဆွဲထားသောခရမ်းနက်

ရောင်ဦးခေါင်းထံသို့ကြည့်လိုက်ကြသည်။

တိုက်ခိုက်ရေးစိတ်ဝိညာ်လှိုင်းလုံးများက မြွေလူသားနယ်မြေတစ်ခွင

်ဖြတ်သန်းပျံ့နှံ့သွားသည်။

ထို့နောက်တွင် အဖြူရောင်ပုံရိပ်တစ်ခုက ဟင်းလင်းပြင်ထဲတစ်ဟုန်ထိုး

ထိုးတက်သွားသည်။ ယင်းမှာ လက်ရှိမြွေလူသားမျိုးနွယ်စု၏ လုပ်ပိုင်ခွင့်အာဏာအရှိဆုံး

သူဖြစ်သောနတ်ဆရာမခါလဲ့ပင်ဖြစ်သည်။

မကြာခင်တွင်သူမက မြွေလူသားနယ်မြေအထက်

ကောင်းကင်ထဲ၌ပေါ်လာသည်။

တစ်ညတာအချိန်ယူ ချိန်ညှိပြီးသည့်နောက်တွင် ခါလဲ့အနေဖြင့်သူမမြေးဖြစ်သူရီရှင်း ကိုဆုံးရှုံးထားရသောကြောင့်ဖြစ်

ပေါ်နေသည့်သူမ၏ ပူဆွေးသောကများအား အဝေးသို့ဖယ်ထားပြီး သူမ၏ ပုံမှန် အေးဆေးတည်ငြိမ်မှုများအားပြန်လည်၍ ရရှိနေခဲ့ပြီဖြစ်သည်။သူမက အောက်တွင်ရှိနေသော မျိုးနွယ်စုဝင်များအားငုံ့ကြည့်လိုက်သည်။

ထို့နောက်တွင် ပုံရိပ်များက တစ်ခုပြီးတ်ခု လေထဲသို့ လှစ်ခနဲတက်လာကြပြီး စွမ်းအားကြီးပြီး အဆင့်အတန်းမြင့်မားသော မြွေလူသားအဖွဲ့ဝင်များလှစ်ဟာ

ထွက်ပေါ်လာသည်။သူတို့က ခါလဲ့၏နောက်တွင်သူမနှင့်အ

တူတကွရပ်လိုက်ကြပြီး တိုက်ခိုက်လိုစိတ်များဖြင့်

လောင်မြိုက််နေသော သူတို့၏မျိုးနွယ်စုဝင်များကို ငုံ့ကြည့်လိုက်ကြသည်။

“မျိုးနွယ်စုဝင်တို့”

နတ်ဆရာမခါလဲ့က ငုံ့ကြည့််ရင်း ပထမဆုံးစကားစပြောလိုက်သည်။

သူကအိုမင်းပြီးအားမာန်ပါသော အသံဖြင့်ပြောလိုက်သည်။

“ဒီနေ့က ဘာနေ့လဲဆိုတာကို မင်းတို့အားလုံးသိကြလိမ့်မယ်

ဆိုတာငါသေချာပြောရဲတယ်”

“ကျွန်ုပ်တို့သိပါတယ်”

“ကျွန်ုပ်တို့သိပါတယ်”

“ကျွန်ုပ်တို့သိပါတယ်”

အောက်တွင်ရှိနေကြသော မြွေလူသားများက ချက်ချင်းပဲတုံ့ပြန်လိုက်ကြသည်။

တုံ့ပြန်မှုများအားကြားရပြီးနောက် ခါလဲ့က အနည်းငယ်ခေါင်းညိမ့်လိုက်သည်။

ထို့နောက်သူမက ဖြည်းညှင်းစွာပြောလိုက်သည်။

“အမှောင်နတ်သူငယ်တွေက  ငါတို့ရဲ့မင်းသမီးဇီယာကို ခေါ်ဆောင်သွားချင်နေတယ်..သူတို့က ငါ့တို့ရဲ့နတ်ဘုရားကိုယ်ပွားကိုခိုး

ယူချင်နေကြတယ်..သူတို့က ငါတို့မျိုးနွယ်စုရဲ့မျှော်လင့်ချက်နဲ့

ဂုဏ်သိက္ခာကိုခိုးယူချင်နေကြတယ်..

မျိုးနွယ်စုဝင်တို့  …ရှေးအချိန်ကာလကတည်းက ငါတို့နဲ့ပက်သက်ဆက်နွယ်နေတဲ့  မျှော်လင့်ချက်နဲ့ဂုဏ်သိက္ခာကို မင်းတို့တွေမှတ်မိကြသေးလား…

ငါတို့ဘိုးဘေးတွေရဲ့ ‌ဟောကိန်းကိုရော မင်းတို့တွေမှတ်မိကြရဲ့လား”

“ကျိလီမြွေနတ်ဘုရားဟာ ကမ္ဘာကြီးပေါ်မှာပြန်လည်ပေါ်ထွန်းလာပြီး တော့ ရှေးယခင်အချိန်ကာလက ဂုဏ်ကျတ်သရေထွန်းပြောင်မှု

တွေကိုငါတို့ကိုပြန်လည်ပြီး ရယူပေးလိမ့်မယ်”

“ကျိလီမြွေနတ်ဘုရားဟာ ကမ္ဘာကြီးပေါ်မှာပြန်လည်ပေါ်ထွန်းလာပြီး တော့ ရှေးယခင်အချိန်ကာလက ဂုဏ်ကျတ်သရေထွန်းပြောင်မ

ှုတွေကိုငါတို့ကိုပြန်လည်ပြီး ရယူပေးလိမ့်မယ်”

“ကျိလီမြွေနတ်ဘုရားဟာ ကမ္ဘာကြီးပေါ်မှာပြန်လည်ပေါ်ထွန်းလာပြီး တော့ ရှေးယခင်အချိန်ကာလက ဂုဏ်ကျတ်သရေထွန်းပြောင်မှု

တွေကိုငါတို့ကိုပြန်လည်ပြီး ရယူပေးလိမ့်မယ်”

မြွေလူသားများမှာ ကောင်းကင်ထဲသို့မော့၍ အသားကုန်အော်ဟစ်လိုက်ကြသည်။

သူတို့၏ အသံများက မြွေလူသားမျိုးနွယ်စုနယ်မြေအတွင်း ပဲ့တင် တုန်ဟီးသွားစေသည်။

သူတို့က သူတို့၏နတ်ဆရာမကြီးအား ရှေးခေတ်အချိန်ကာလ၏ ဂုဏ်ကျတ်သရေထွန်းပြောင်မှုများနှင့်  သူတို့ဘိုးဘေးတို့၏ ဟောကိန်းများကို မမျှော်လင့်ထားခဲ့ကြောင်းကို သိစေလိုသည်။ သူတို့က ဤနေ့အတွက်သာစောင့်ဆိုင်း

နေကြခြင်းဖြစ်သည်။

“ငါ့ရဲ့မျိုးနွယ်စုဝင်အပေါင်တို့..

အမှောင်နတ်သူငယ်တွေဟာ ငါတို့ရဲ့မျှော်လင့်ချက်တွေကို ဖျက််ဆီးပစ်ချင်နေကြတယ်..ငါတို့ဘာလုပ်သင့်တယ်ဆိုတာကို ကျေးဇူးပြုပြီးတော့ ကျယ်ကျယ်လောင်လောင်ပြောကြစမ်းပါ”

နတ်ဆရာမ  ခါလဲ့၏ မျက်နှာထားကပြောင်းလဲသွားပြီး သူမက ဒေါသတကြီး အော်ဟစ်လိုက်သည်။

“တိုက်”

“တိုက်”

“တိုက်”

“တိုက်”

ထို့နောက်တွင် မြွေလူသားများက ထပ်မံ၍ ကြီးမားသော တိုက်ခိုက်လိုသည့် စိတ်ဝိညာဉ်ပြင်းပြမှုများဖြင့် အော်ဟစ်လိုက်ကသည်။သူတို့၏ အော်သံကကောင်းကင်ထဲသို့

ထိုးတက်သွားသည်။

နောက်ဆက်တွဲအနေဖြင့်

နတ်ဆရာမကြီးခါလဲ့၊ မြွေလူသားမျိုးနွယ်စု၏ တပ်မှူးများနှင့်ကျွမ်းကျင်သူများမှာ  သူတို့၏နောက်သို့လှည့်လိုက်ကြပြီး မြို့ဂိတ်ဝရှိရာသို့မျက်နှာမူလိုက်သည်။

ခါလဲ့က ရှေ့သို့လက်ညိုးထိုးညွှန်ပြီး အော်ပြောလိုက်သည်။

“မြွေလူသားအပေါင်းတို့..မင်း

တို့ရဲ့စွမ်းအားကိုအသုံးပြုပါ..

ငါတို့မျိုးနွယ်စုရဲ့မျှော်လင့်ချက်ကို ခုခံကာကွယ်ဖို့အတွက် မင်းတို့ရဲ့လက်သီးတွေ လက်နက်တွေကိုအသုံးပြုပါ..

ငါတို့မျိုးနွယ်စုရဲ့ဂုဏ်သိက္ခာကို ခုခံကာကွယ်ရမဲ့အချိန်ကကျရောက်လာခဲ့ပြီ…

မြွေလူသားမျိုးနွယ်စုဝင်အပေါင်းတို့ …ငါနဲ့အတူတိုက်ခိုက်ကြ”

“တိုက်”

“တိုက်”

“တိုက်”

“တိုက်”

ဆက်ရန်……….

ဘာသာပြန်သူ-ARISE

All Chapters