← Chapters

အပိုင်း(၃၈၁)

Vol. 26 Ch. 381

အပိုင်း(၃၈၁)

Vol. 26 Ch. 381

တိုက်ခိုက်ရေးစိတ်ဝိညာဉ်တို့နိုး

ကြားတက်ကြွနေကြသော

မြွေလူသားများမှာ  မြို့ဂိတ်ဆီသို့ စတင်၍ တစ်ဟုန်ထိုးဦးတည်နေကြသည်။

သူတို့ချဉ်းကပ်လာနေသကဲ့သို့  မြို့ဂိတ်၏အထက် ၌ချိတ်ဆွဲထားသော  ခရမ်းနက်ရောင်ဦးခေါင်းကိုလည်း ရှင်းလင်းစွာမြင်နိုင်လာကြသည်။သူတို့ ၏တိုက်ခိုက်ရေးစိတ်ဝိညာဉ်  (ဝါ) တိုက်ခိုက်လိုစိတ်များက  ရုတ်တရက် ထိုးတက်သွားသည်။

မြင့်မားသောတိုက်ခိုက်လိုစိတ်များဖြင့် မြို့ဂိတ်ဆီသို့ အပြင်းလာနေကြသောမြွေလူ

သားများအားကြည့်လိုက်လျှင်  ၎င်းတို့မှာ တိုက်ခိုက်နိုင်သူပေါင်း တစ်သောင်းနီးပါးရှိလေသည်။

၎င်းတို့မှာသိပ်သည်းစွာပြွတ်သိပ်နေကြပြီး မြို့ဂိတ်ဆီသို့ဒီရေလှိုင်းကဲ့သို့ တစ်ဟုန်ထိုးဦးတည်လာနေ၏။

ထို့နောက်တွင် နတ်ဆရာမကြီးခါလဲ့က  လှည့်လိုက်ပြီး သူမနောက်တွင်ရှိနေသော အနက်ရောင်ပုံရိပ်အားကြည့်လိုက်သည်။ သူမကပြောလိုက်သည်။

“အရှင်ရှစ်ဖုန့်..အရှင်ပြောတဲ့အ

တိုင်းကျွန်မလုပ်ဆောင်ပြီးပါပြီ…အခုက အရှင့်အပေါ်ပဲမူတည်ပါတော့တယ်”

ရှစ်ဖုန့်က အစောပိုင်း  အခြားသောအစွမ်းထက်မြွေလူ

သားများနှင့်အတူ ခါလဲ့နောက်သို့ပျံသန်းလာခဲ့သည်။

ခါလဲ့၏စကားတို့အားကြားရသောအခါတွင် သူကဖြည်းညှင်းစွာခေါင်းညိမ့်ပြီး

ပြောလိုက်သည်။

“ခင်ဗျားရဲ့လူတွေက ဒီလို့မြင့်မားတဲ့တိုက်ခိုက်လိုစိတ်

ဝိညာဉ်ကိုထိန်းထားနိုင်ပြီးတစ်ခု

တည်းအဖြစ်ပေါင်းစည်းနိုင်တာနဲ့  ဒီသခင်လေးတိုက်ပွဲကို ဒီတိုက်ခိုက်လိုစိတ်ဝိညာဉ်နဲ့ သတ်ဖြတ်ခြင်းစိတ်ဆန္ဒတွေနဲ့အ

တူတူ မြန်မြန်ပဲ အဆုံးသတ်နိုင်စွမ်းရှိလိမ့်မယ်”

ထို့နောက်တွင်ရှစ်ဖုန့်က မြို့ဂိတ်ရှိရာဦးတည်ချက်ဘက်

သို့ကြည့်လိုက်ပြီးပြောလိုက်သည်။

“သွားစို့ .. ကြီးမားတဲ့အမှောင်ထုရဲ့ဆန်းကြယ်တဲ့ အရှိန်အဝါတစ်ချဉ်းကပ်လာတာကို

ဒီသခင်လေး အာရုံခံမိတယ်…အဲ့တာက ရောက်လာဖို့သိပ်မကြာတော့ဘူးလို့ ဒီသခင်လေးယုံကြည်တယ်”

စကားပြောပြီးသည့်နောက် ရှစ်ဖုန့်၏ ကိုယ်ပေါ်တွင် အဖြူရောင်အလင်းတစ်ခုလင်း

လက်လာသည်။သူကဦးဆောင်ပြီး မြို့ဂိတ်ဆီသို့ပျံသန်းသွားသည်။ ရှစ်ဖုန့်၏ပုံရိပ်ကလှုပ်ရှားသွား

သည်အားတွေ့လိုက်ရသောအခါ အခြားသောအစွမ်းထက် မြွေလူသားများကလည်း နတ်ဆရာမခါလဲ့နှင့်နှစ်ဖုန့်တို့၏ အနောက်ဘက်မှ နီးကပ်စွာလိုက်ပါလာသည်။

မြွေလူသားစစ်သည်တော်များကလည်း တစ်ယောက်ပြီးတစ်ယောက်မြို့

ဂိတ်ဆီမှတစ်ဖွဲဖွဲထွက်လာပြီး နယ်မြေအပြင်ဘက်ကန္တာရထဲသို့ ရောက်လာကြသည်။သူတို့က အစုအဖွဲ့ဖွဲ့စည်းပုံဖြစ်ပေါ်စေပြီး ကန္တာရထဲတွင်ရပ်နေကြသည်။

သူတို့ကတည်ကြည်လေးနက်

သောမျက်နှာများဖြင့်သူတို့၏

ရှေ့တွင်ရှိနေသော  အဆုံးမဲ့ကန္တာရလွင်ပြင်အား

ကြည့်နေကြသည်။

“ဝေါင်း”

ကျယ်လောင်သော ဟိန်းဟောက်သံတစ်ခုက ကန္တာရ၏ အဆုံးမှရုတ်တရက်ထွက်ပေါ်လာသည်။

မြွေလူသားများ၏ရှေ့တွင် ကြီးမားသော နက်မှောင်သည့်ပုံရိပ်တစ်ခုက ဖျက်ခနဲပေါ်လာသည်။

“ဒါက …အရမ်းကို ကြမ်းကြုတ်ခက်ထန်တာပဲ..ဒါက အမှောင်နတ်သူငယ်မျိုးနွယ်စုရဲ့

တိုက်ပွဲအတွက် နတ်ဆိုးသားရဲများလား”

အားလုံး၏မျက်လုံးများက ရုတ်ခြည်းဆိုသလိုနက်မှောင်သော ပုံရိပ်ထံသို့စူးစိုက်ထားလိုက်ကြသည်။

၎င်းမှာ ရက်စက်သောဝံပု

လွေတစ်ကောင်ကဲ့သို့ ကြမ်းကြုတ်ခက်ထန်သောပုံစံရှိသည့် နတ်ဆိုးသားရဲတစ်ကောင်ဖြစ်သည်။

၎င်း၏တစ်ကိုယ်လုံးမှာ နက်မှောင်သောအလင်းတို့ဖြင့်

တောက်ပနေသည်။

၎င်းတွင် ရက်စက်သော ဝံပုလွေတစ်ကောင်၏ မျက်နှာမျိုးရှိပြီး ၎င်း၏ ကျော၌ ဆူဖြိုးသော အနက်ရောင်အတောင်ပံလေးခုရှိကာ ကြမ်းကြုတ်သော အနက်ရောင်ဦးချိုတစ်ချောင်းက ၎င်း၏ ဦးခေါင်းထက်၌ရှိသည်။၎င်း

သက်ရှိ၏နက်မှောင်သော

အရောင်အစင်းနှင့်  ဤအချိန်တွင် အချိန်ကိုက်ပေါ်လာခြင်းတို့ကြောင့် မြွေလူသားများမှာ ၎င်းအား အမှောင်နတ်သူငယ်မျိုးနွယ်စုမှ နတ်ဆိုးသားရဲတစ်ကောင်

အဖြစ်နောက်ဆက်တွဲမှတ်ယူလိုက်သည်။

ချည်းကပ်လာသော အမှောင်နတ်ဆိုးသားရဲအားကြည့်ရင်း သူတို့အားလုံးတိုက်ပွဲအတွက် ပြင်ဆင်လိုက်ကြသည်။

“ဒါက နတ်ဆိုးသားရဲတစ်ကောင်ပါပဲကွာ..

အမှောင်နတ်သူငယ်မျိုးနွယ်စုက တိုက်ပွဲအတွက် ဒီလိုနတ်ဆိုးသားရဲတစ်ကောင်ကို တကယ်ပဲစေလွှတ်ခဲ့တာလား..သူတို့တွေ ငါတိုမျိုးနွယ်စုအပေါ် နှိမ့်ချရှုမြင်တာများနေပြီ..ငါသူ့ကို သွားပြီး သတ်ပါရစေ..ငါတို့မျိုးနွယ်စုဝင်တွေရဲ့ စိတ်ဓာတ်ကိုမြှင့်တင်ပေးကြစို့”

ကြယ်သုံးပွင့် အင်ပါယာနယ်ပယ်မြွေလူသား

တစ်ယောက်က   သူ့ရှေ့ရှိထူးဆန်းသော နက်မှောင်သည့် ဝံပုလွေအားကြည့်လိုက်ပြီး  လျှင်မြန်စွာဖြင့် နက်မှောင်သော

ဝံပုလွေထံသို့  ရွှတ်ခနဲဝင်ရောက်သွားသည်။

“ဝေါင်း”

အတောင်ပံလေးခုနှင့်နက်မှောင်သော ဝံပုလွေက သတ်ဖြတ်ချင်း

စိတ်ဆန္ဒများဖြင့် မြွေလူသားက သူ့ထံသို့တစ်ဟုန်ထိုးလာနေသည်ကို တွေ့လိုက်ရသောအခါတွင် ၎င်း၏ပါးစပ်အားလျှင်မြန်စွာ

ဖွင့်ဟလိုက်ပြီး ကြမ်းကြုတ်ခက်ထန်သောမျက်နှာနှင့် ထက်ရှသော အစွယ်တန်းနှစ်ခုကိုလှစ်ဟာပြလိုက်သည်။။ နတ်ဆိုးဝံပုလွေ၏ ပါးစပ်ထံမှာနက်မှောင်သောမီး

တောက်တစ်ခုထွက်လာပြီးမြွေလူသားထံသို့ လှိုင်းလုံးကြီးတစ်ခုကဲ့သို့  တစ်ဟုန်ထိုးဦးတည်လာသည်။

တစ်ချိန်တည်းမှာပင် နတ်ဆိုးဝံပုလွေ၏ ကျယ်လောင်သော ဟိန်းဟောက်သံအောက်၌  ထွက်ပေါ်လာသောအားကောင်း

သည့်အသံလှိုင်းတို့က ပတ်ဝန်းကျင်နေရာတစ်ခုလုံး

အားပြင်းထန်စွာတုန်ခါသွားစေပြီး အားကောင်းသောလှိုင်းလုံးများ

ကိုဖန်တီးကာ  တစ်ဟုန်ထိုးချဉ်းကပ်လာနေသော

မြွေလူသားထံသို့ သိမ်းကျုံးဦးတည်သွားသည်။

“အား…ဒီစွမ်းအားက”

သူ့ထံသို့တစ်ဟုန်ထိုးဦးတည်လာနေသော အားကောင်းသည့်အသံလှိုင်းနှင့် နက်မှောင်သောမီးတောက်တို့

အားခံစားမိပြီး  မြွေလူသား၏မျက်နှာထားမှာ

ပြင်းပြင်းထန်ထန်ကိုပြောင်း

လဲသွားသည်။ သူက ဤသည်မှာ အဆင့်ငါးအင်ပါယာနယ်ပယ်

သို့ရောက်ရှိနေသော နတ်ဆိုးဝံပုလွေတစ်ကောင်

သက်သက်ဟုသာတွေးထင်ခဲ့သည်။

သူ၏ကြယ်သုံးပွင့်အင်ပါယာ

နယ်ပယ်စွမ်းအားဖြင့်ဆိုလျှင်

သူအနေဖြင့်၎င်းအား အလွယ်တကူ ရင်ဆိုင်နိုင်သင့်သည်ဖြစ်သည်။

သို့သော် ဤနတ်ဆိုးဝံပုလွေ၏ စွမ်းအားက သူစိတ်ကူးထားသည်ထက်များစွာ အားကောင်းနေလိမ့်မည်ဟုတော့ သူမမျှော်လင့်ထားခဲ့ပေ။ ဤစွမ်းအားက အနည်းဆုံးကြယ်ခြောက်ပွင့် အင်ပါယာနယ်ပယ်တစ်ယောက်၏ စွမ်းအားမျိုးရှိသည်ဖြစ်သည်။ အင်ပါယာနယ်ပယ်တွင်  ကြယ်တစ်ပွင့်ကွာခြားချက်ကပင် ကမ္ဘာတစ်ခုခြားသကဲ့သို့ဖြစ်သည်။

သူ့ထံသို့တစ်ဟုန်ထိုးဦးတည်လာနေသော  နက်မှောင်သည့်မီးတောက်တို့ကသူ ခုခံရပ်တည်နိုင်သောအရာမဟုတ်ပေ။ အားကောင်းသော အသံလှိုင်း

တစ်ခုကလည်း သူ့ထံသို့ သိမ်းကျုံးဦးတည်လာနေသေးသည်ဖြစ်သည်။

“အား”

မြွေလူသားမှာ ခုခံရဲခြင်းမရှိဘဲ  လျှင်မြန်စွာနောက်သို့ပြန်လည်

ဆုတ်ခွာပြေးလိုက်သည်။ သို့သော် သူ့ထံသို့ တစ်ဟုန်ထိုးဦးတည်လာနေသောစွမ်းအားက သူ၏အမြန်နှုန်းထက်ပိုမြန်သည်ဖြစ်သည်။

“ငါဒါကိုလက်သင့်မခံနိုင်ဘူး.. ငါတကယ်ဒါကိုလက်သင့်မခံနိုင်ဘူး..

ပထမဆုံးတိုက်ပွဲမှာငါ့ရဲ့ခွန်အား

ကိုပြသချင်ပေမဲ့.ပထမဆုံးတိုက်ပွဲမှာပဲ ဒီလိုမျိုးအစွမ်းထက်သန်မာတဲ့ နတ်ဆိုးသားရဲတစ်ကောင်နဲ့ ငါတွေ့ရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး..

ငါတော့မြေစာပင်သက်သက်ဖြစ်

တော့မှာလား.ငါသေရတော့မှာလား. ..ငါယာကျား အနေနဲ့ ဒါကို လက်သင့်မခံနိုင်ဘူး”

ယာကျားတစ်ယောက် လက်သင့်မခံနိုင်မှုများဖြင့်ပြည့်

နှက်နေသော မျက်နှာဖြင့် သူထံသိုတစ်ဟုန်ထိုးဦးတည်လာနေသော နက်မှောင်သောမီးတောက်နှင့် အသံလှိုင်းတို့ကိုကြည့်၍ ပြောလိုက်သည်။သို့သော်မျက်စိ

တစ်မှိတ်အတွင်း နက်မှောင်သော

မီးတောက်က  သူ့နားသို့ရောက်ရှိလာပြီးသူ့

အားထိမှန်တော့မည်ဖြစ်သည်။

ယင်းကသူ့အားဖျက်ဆီးပစ်တော့မည်ဖြစ်၏။

“မဟုတ်ဖူး”

မြွေလူသားယာကျားမှာ လက်သင့်မခံနိုင်မှုများဖြင့် အော်ဟစ်လိုက်သည်။ အစိမ်းရောင်အလင်းတစ်ခုက

သူ၏လက်တို့တွင်လင်းလက်လာပြီး နောက်ဆုံးရပ်တည်မှုအဖြစ်ခုခံမှုကို သူပြုလုပ်ချင်ခဲ့သည်။

ထို့နောက်တွင် အဖြူရောင်လက်ဖဝါးရိပ်တစ်ခုက ရုတ်တရက်သူ နောက်ကျောဘက်မှ

ပေါ်လာပြီး သူ့ထံသို့တစ်ဟုန်ထိုးဦးတည်လာနေသာ နက်မှောင်သည့်မီးတောက်တို့အား ထိမှန်သွားသည်။ရုတ်ခြည်းဆိုသလို  နက်မှောင်သော မီးတောက်တို့မှာ ပျောက်ကွယ်သွား၏။ထို့နောက်တွင် အဖြူရောင်လက်ဖဝါးပုံရိပ်က ရှေ့သို့ဆက်လက်၍  တစ်ဟုန်ထိုးဦးတည်သွားသည်။

သူ့ထံသို့သိမ်းကျုံးဦးတည်လာနေသော အားကောင်းသည့်အသံလှိုင်းမှာ အဖြူရောင်လက်ဖဝါးပုံရိပ်ကြောင့်

တည်ငြိမ်သွားသည်။ဤတစ်ကြိမ်တွင် အဖြူရောင်လက်ဖဝါး ပုံရိပ်မှာ လည်းပျောက်ကွယ်သွားသည်။

မြွေလူသားမျိုးနွယ်စု၏ တုတ်ခိုင်

သန်မာ‌သောသူ ယာကျားမှာ သူ့ရှေ့တွင်ရှိနေသော ပြန်လည််အေးဆေးတည်ငြိမ်သွားသည့် နေရာအား တွေဝေစွာဖြင့်စိုက်ကြည့်နေမိသည်။

ဤအချိန်တွင် သူ့အနေဖြင့် လန့်ဖျပ်မှုတို့ကြောင့် အေးစက်သောချွေးများဖြင့် ရွှဲရွှဲစိုနေပြီးဖြစ်သည်။သူ၏နှလုံး

သားထဲတွင် အကြောက်တရားတို့က စွဲထင်ကျန်ရစ်နေဆဲဖြစ်၏။

သူသေလုနီးပါးဖြစ်ခဲ့ရသည်ဖြစ်သည်။

သူ၏အသိတို့ဖြည်းဖြည်းချင်းပြန်လည်၍ ရရှိလာသောအခါတွင် ယာကျား၏ ခန္ဓာကိုယ်မှာ  နောက်သို့ တစ်ဟုန်ထိုးစတင်၍ ဆုတ်ခွာသွားသည်။အနက်ရောင်နတ်ဆိုးဝံပုလွေ၏အဝေးသို့ ထွက်ခွာရန်အတွက် သူ့ဘဝတွင်အမြန်ဆုံးသော

အရှိန်အဟုန်ကို အသုံးပြုခဲ့သည်။

“ဝေါင်း”

ယာကျားထွက်ပြေးသွားသည်ကို  မြင်တွေ့လိုက်ရသောအခါတွင် အနက်ရောင်နတ်ဆိုးဝံပုလွေက သူ့နောက်သို့လိုက်မဖမ်းခဲ့ပေ။

ထိုအစား၎င်းက အထင်သေးမှုအပြည့်ဖြင့် နှစ်ကြိမ်တိုင်ဟိန်းဟောက်လိုက်သည်။

ထို့နောက်တွင်ထူးဆန်းသော နက်မှောင်သည့်ဝံပုလွေက  ၎

င်း၏ဦးခေါင်းအား လှည့်လိုက်ပြီး  နောက်သို့ကြည့်လိုက်သည်။ ၎င်းက၎င်း၏ပါးစပ်ကို ဖွင့်ဟ၍  ဟိန်းဟောက်လိုက်သည်။

အနက်ရောင်နတ်ဆိုးဝံပုလွေ၏ ဟိန်းဟောက်သော အသံအောက်တွင် ကန္တာရအတွင်း၌  အဖြူရောင်ပုံရိပ်တစ်ခုပေါ်လာသည်ကို မြွေလူသားများမြင်တွေ့လိုက်ကြသည်။

၎င်းမှာချောမောသော လူငယ်တစ်ယောက်ဖြစ်သည်။

မည်သို့ချောမောသနည်းဆိုလျှင် နတ်ဆိုးဆန်ဆန်ချောမောသော

ရုပ်ရည်ကို ပိုင်ဆိုင်ထားသောသူဖြစ်လေသည်။

သို့သော် သူ၏ မျက်နှာက လူသေကဲ့သို့ဖြူဖျော့နေ၏။

သူ၏လက်ထဲတွင်ရှည်လျားသော အဖြူရောင်အရိုးလှံကိုကိုင်ဆောင်ထားသည်။

လူငယ်ဖြတ်သန်းသွားသောနေရာတိုင်းတွင် ဟင်းလင်းပြင်နှင့်နေရာတစ်ခုလုံးမှာ

စတင်၍ အေးစက်မှုန်မှိုင်းလာပုံပေါ်သည်။

မကြာခင်တွင် မွန်းစတားဆန်သောအသွင်

အပြင်နှင့်ဖြူဖျော့သော မျက်နှာကို ပိုင်ဆိုင်ထားသော လူငယ်တစ်ယောက်ပေါ်လာသည်။သူက ညိုဝါရောင်ချပ်ဝတ်ကိုဝတ်ဆင်ထားပီး သူ၏အသားအရောင်မှာလည်း

ညိုဝါရောင်ဖြစ်သည်။ သူကသူ၏လက်ထဲတွင်ရှည်လျားသော မြေသားလှံကိုကိုင်ဆောင်ထား၏။

ဤညိုဝါရောင်လူငယ်ပေါ်လာ

သောအခါတွင် ရှစ်ဖုန့်၏ အေးဆေးတည်ငြိမ်သောမျက်

နှာထားမှာအနည်းငယ်ပြောင်းလဲသွားသည်။ သူကတီးတိုးရေရွတ်လိုက်သည်။

“ဟိုနှစ်ကောင်..ဘယ်နေရာကမနေများ  ဒီကောင်ကို ရလာတာလဲ…ငါသာမမှားဘူးဆိုရင်ဒါက နောက်ထပ် ဒဏ္ဍာရီလာ သန္ဓေပြောင်းယင်အလောင်းကောင်ဖြစ်တဲ့  မြေဓာတ်အခြေပြု ယင်အလောင်းကောင်မလား. ပြီးတော့ ဒါက အဆင့်ခြောက်ကို ချိုးဖျက်ဝင်ရောက်နိုင်တော့မဲ့ မြေဓာတ်အခြေပြု ယင်အလောင်းကောင်ပဲ”

“အကြွင်းမဲ့ယင်အလောင်းကောင်၊ သွေးယင်အလောင်းကောင်နဲ့ မြေဓာတ်အခြေပြုယင်အလောင်းကောင် ..အရင်ဘဝတုံးက ဒီလိုပြိုင်ဘက်ကင်ယင်အလောင်းကောင်အမျိုးအစားတွေကို ရှေးဟောင်းစာအုပ်တွေထဲမှာသာငါမြင်တွေ့ခဲ့ရပေမဲ့..အရင်ကတစ်ခါမှ  သူတို့နဲ့ မမျှော်လင့်ဘဲ ကြုံကြိုမတွေ့ဆုံဘူးဖူး.. ဒီဘဝမှာတော့ သူတို့ထဲက သုံးယောက်နဲ့တောင် ကြုံကြိုက်တွေ့ဆုံရတယ်.. ဒါကဘယ်လိုတောင်ကောင်း

လိုက်တဲ့ကံတရားမျိုးလဲ”

ရှစ်ဖုန့်က စိတ်ခံစားချက်များဖြင့်ပြောလိုက်သည်။

ထို့အပြင် ဤ ယိုလန်သည်လည်း အနည်းငယ်ကွဲပြားမှုဖြစ်လာသည်ကို ရှစ်ဖုန့်တွေ့လိုက်၏။၎င်း၏အ ရှိန်အဝါက ပို၍ပို၍ ပြင်းထန်လာပြီး

၎င်းအနေဖြင့် ပို၍ပို၍ သာမန်နတ်ဆိုးဝံပုလွေတစ်ကောင်နှင့် တူညီခြင်းမရှိတော့ပေ။

ဆက်ရန်……….

ဘာသာပြန်သူ-ARISE

All Chapters