← Chapters

အပိုင်း(၃၈၂)

Vol. 26 Ch. 382

အပိုင်း(၃၈၂)

Vol. 26 Ch. 382

“ဝေါင်း”

ပုံရိပ်နှစ်ခုဖြစ်သော တစ်ယောက်ကအဖြူ၊တစ်ယောက်က အဝါတို့က ၎င်း၏နောက်၌ပေါ်လာသောအခါတွင် ဧရာမနက်မှောင်သော ဝံပုလွေကြီး ၎င်း၏ ကြမ်းကြုတ်ခက်ထန်သော ဦးခေါင်းအား ထပ်မံ၍  ၎င်း၏ရှေ့တွင်ရှိနေသာမြွေ

လူသားမျိုးနွယ်စုအုပ်စုရှိရာသို့ မျက်နှာမူလုက်ပြီး  နောက်ထပ်

ခက်ထန်သော ကျယ်လောင်သည့် ဟိန်းသောက်သံတစ်ခုကို ထုတ်ဖော်လိုက်သည်။

ကျယ်လောင်သော ဟိန်းဟောက်သံအောက်တွင်

အားကောင်းသော လေပြင်းများက သဲကန္တာရအတွင်းတိုက်ခတ်လာပြီး  သဲများနှင့်ကျောက်တုံးများအား လွင့်ပျံသွားစေသည်။

“ အရှင်တို့ ဒီဝံပုလွေက တော်တော်လေးကိုကြမ်းကြတ်

ခက်ထန်ပြီးတော့  အဲ့တာက ကျွန်ုပ်တို့ရဲ့မျိုးနွယ်စုက ကြီးမားတဲ့ ရန်သူနဲ့ရင်ဆိုင်နေရချိန်မှာပေါ်

လာခဲ့ပါတယ်..အဲ့တာက ကျွန်ုပ်တို့ရဲ့မျိုးနွယ်စုကိုရင်ဆိုင်

ဆန့်ကျင်ဖို့အတွက် အကွက်ချထားတာပဲဖြစ်ရမယ်..အရှင်တို့ ကျေးဇူးပြုပြီးတော့  ကျွန်ုပ်နဲ့အတူတိုက်ခိုက်ပေးပါ……

အရင်ဆုံးဒီဝံပုလွေကိုသတ်ပစ်ပြီးတော့  ကျွန်ုပ်တို့မျိုးနွယ်စုဝင်တွေရဲ့  စိတ်ဓာတ်ကိုမြင့်တင်ဖို့ အဲ့တာကို ဖျက်ဆီးပစ်ကြရအောင်ပါ….သတ်..”

လူအုပ်ဆီသို့  ပြန်လာခဲ့သော တုတ်ခိုင်သန်မာသည့် မြွေလူသား

ယာကျားက လူအုပ်ထြတွင် ပုံအောင်းနေလိုက်ပြီးနောက်တွင် လုံခြုံသွားသလိုခံစားလိုက်ရသည်။

သူကသူ၏ညာလက်အား ရှေ့သို့ထိုးညွှန်ပြပြီး ဟင်းလင်းပြင်ထဲတွင်ရှိနေသော ဒါဇင်နှင့်ချီသည့် အစွမ်းထက်မြွေလူသားများအား သစ္စာရှိမှု၊စိတ်ပိုင်းဖြတ်ထားမှု

အပြည့်ဖြစ်သော မျက်နှာမျိုးဖြင့် အော်ပြောလိုက်သည်။

သူတို့အားလုံးမှာ ဝံပုလွေ၏ ဆိုးရွားသော တစ်စုံတစ်ခုအား လုပ်ဆောင်ခြင်းခံရသကဲ့သို့ဖြစ်နေသော မြွေလူသားအားကြည့်လိုက်သည်။

သို့သော်ယာကျားအတွက်မူ ဤဝံပုလွေက ဆိုးရွားသော တစ်စုံတစ်ခုအားလုပ်ခဲ့ပြီး သူ့အနေဖြင့် ဤဝံပုလွေ၏ မီးတောက်များအောက်၌ သေလုနီးပါးဖြစ်ခဲ့ရသည်ဖြစ်သည်။

ခဏအကြာတွင်သူအော်ပြီးသည့်နောက်

တွင်တောင် လူအုပ်က

လှုပ်ရှားခြင်းမရှိသည်ကို သဘောပေါက်လိုက်သည်။

သူလျှင်မြန်စွာဖြင့်သူ၏မျက်နှာအား ဖြောင့်မတ်အသည့်အသွင်ပြောင်းလိုက်ပြီး အော်ပြောလိုက်သည်။

“သတ်”

“ဟမ်”

သို့သော် ခဏအကြာတွင် သူက “သတ်”ဟုအော်ပြီးသည့်နောက်တွင်တောင် လူအုပ်က ငြိမ်ကျနေဆဲဖြစ်သည်ကို တုတ်ခိုင်သန်မာသောမြွေလူသားမှာ သတိပြုမလိုက်သည်။

ဘာလှုပ်ရှားမှုမှရှိမနေခြင်းဖြစ်သည်။သူက ၎င်းတို့၏မျက်နှာများအား

တစ်ယောက်ချင်းကြည့်လိုက်သော်လည်း သူတို့မျက်နှာများထက်တွင် ဘာပြောင်းလဲမှုမှရှိမနေခြင်း သို့မဟုတ်  တိုက်ခိုက်သော စိတ်ဆန္ဒတို့ ရှိမနေပေ။ လူများစွာမှာ ပြပွဲကောင်းတစ်ခုအားကြည့်နေရသကဲ့သို့ သူ့အားကြည့်နေကြသည်။

“သင်တို့တွေ”

ထို့နောက်တွင် ယာကျားမှာ

သူမျိုးနွယ်ဝင်များ မှသူ့အား အဓိပ္ပါယ်ပါသောအကြည့်များ

ဖြင့်ကြည့်နေသည်ကိုတွေ့လိုက်ရသည်။

ထိုအကြည့်များ၏ပစ်မှတ်မှာသူတို့၏ အရှင်တမာန်တော်ဖြစ်သူ ရှစ်ဖုန့်ထံသို့ဖြစ်သည်။

အစောပိုင်းက လူများစွာတို့မှာ

ယာကျားနှင့် ဝံပုလွေကြားရှိ တိုက်ပွဲအား မြင်တွေ့ခဲ့ကြသည်ဖြစ်သည်။

သူ့အား ဝံပုလွေက သေသည်အထိမီးလောင်တိုက်

သွင်းတော့မည့်အချိန်တွင် အရှင်တမာန်တော်က တစ်ချက်လှုပ်ရှားခဲ့ပြီး ဝံပုလွေ၏တိုက်ခိုက်မှုအား သူ၏ လက်ဖဝါးပုံရိပ်ဖြင့်ဖျက််ဆီးပစ်ခဲ့သည်။

ထို့နောက်တွင် ရှစ်ဖုန့်၏မျက်နှာထက်၌ အပြုံးခပ်ယဲ့ယဲ့ပေါ်လာသည်ကိုသူတို့ မြင်တွေ့ခဲ့သည်။

ဟုတ်ပေသည်။ ဤကဲ့သို့သောအပြုံးမျိုးက သတိပြု ရိပ်စားမိနိုင်သာအပြုံးမျိုးဖြစ်သည်။

ထို့နောက်တွင် ဤမိစ္ဆာဝံပုလွေက အရှင်တမာန်တော်နှင့် ဆက်နွယ်နေလိမ့်မည်ဟုသူတို့အား

လုံးခန့်မှန်းခဲ့ကြသည်။

“အရှင်တမာန်တော် …..ကျေးဇူးပြုပြီး အရေးယူပြီးတော့ ဒီမကောင်း

ဆိုးရွားဝံပုလွေနဲ့ သူ့ရဲ့အဖော်တွေကို သတ်ပစ်ပေးပါ..ကျွန်ုပ်တို့မျိုး

နွယ်ကစစ်သည်တော်တွေရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးပါ”

ယာကျားက ရှစ်ဖုန့်အားစစ်မှန်သော မျက်နှာထားဖြင့်ပြောလိုက်သည်။

ဤအချိန်တွင်ယာကျားမှာ

ရှစ်ဖုန့်မျက်နှာပေါ်ရှိ အပြုံးအား မမြင်တွေ့ခဲ့ပေ။သူ့မျိုးနွယ်စုဝင်များ၏ အကြည့်များက သူ့ထံသို့ ကျရောက်လာသည်ကိုတွေ့ရသောအခါတွင် ဤဝံပုလွေက ကြမ်းကြုတ်ခက်ထန်ပြီး သူသည်ပင်၎င်း၏ အသတ်ခံရလုနီးပါးဖြစ်ခဲ့သည်ကို သဘောပေါက်တွေးမိလိုက်သည်။

ထို့အပြင် ယခုအခါ၌ ဝံပုလွေအပြင် လူသားနှင့်ဆင်တူသော်လည်း

လူသားကဲ့သို့ ထင်ရပုံမရှိသော ထူးဆန်းသည့် သက်ရှိနှစ်ဦးလည်းရှိနေသေးသည်ဖြစ်သည်။

သူ၏မျိုးနွယ်စုဝင်များသာ ဤဝံပုလွေနှင့်ထူးဆန်းသော

သက်ရှိတို့အားရင်ဆိုင်ရချိန်တွင် သေကြေပျက်စီးမှုများ က ဧကန်မုချဖြစ်လာတော့မည်ဖြစ်သည်။

သို့သော် အရှင်တမာန်တော် ယမန်နေ့ညက ချပြခဲ့သော ကြီးမားသည့်စွမ်းအားက ခြားနည်းသည်ဖြစ်သည်။ဤသက်ရှိသုံးကောင်အားရင်ဆိုင်ပြီး အရှင်တမာန်တော်အနေဖြင့် လက်တစ်ချက်ဝေ့ယမ်းရုံဖြင့် ၎င်းတို့အား သတ်နိုင်သင့်သည်ဖြစ်သည်။

ယခုမှ ယာကျားလည်းသတိပြုမိသွားသည်။ မီးတောက်တို့ကသူ့အား

လောင်ကျွမ်းတော့မည့်အချိန်တွင် သူ့အားကယ်တင်ခဲ့သောအဖြူ

ရောင်လက်ဖဝါးပုံရိပ်က အရှင်တမာန်တော်ဆီမှ တိုက်ခိုက်မှုတစ်ခုဖြစ်လိမ့်မည်ဖြစ်သည်။

“ကောင်းပြီ”

ရှစ်ဖုန့်ကသူ၏ လက်အား ယာကျားထံဝေ့ယမ်းပြလိုက်ပြီး

လေထဲမှနေ၍ ရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းသွားလိုက်သည်။

“ဒါက  …အရှင်တမာန်တော်က ဝံပုလွေကို တိုက်ခိုက်ဖို့သွားနေပြီ..သေစမ်းကွာ..မကောင်းဆိုးဝါးဝံပုလွေ”

အရှင်တမာန်တော်က တိုက်ခိုက်ဖို့ရည်ရွယ်ချက်ရှိသည်

ကိုတွေ့ရသောအခါတွင်  ယာကျားမှာ ချက်ချင်းပဲသူ၏ လက်သီးတို့အားတင်းကျပ်စွာ

ဆုပ်လိုက်ပြီးစိတ်လှုပ်ရှားလာသည်။  ဝံပုလွေထံသို့သူကြည့်လိုက်သောအခါတွင် သူ၏ပါးစပ်က အေးစက်သောအပြုံးတစ်ခုအဖြစ်

တွန့်ကွေးသွားသည်။ဤအချိန်တွင် သူ၏မျက်လုံးအတွင်း၌ ဝံပုလွေမှာ ဝံပုလွေအလောင်းကောင်တစ်ခု

ထက်ဘာမှပိုနေခြင်းမရှိပေ။

အရှင်တမာန်တော်က ဝံပုလွေအားသတ်ပြီးသည့်နောက်တွင် အရှင်တမာန်တော်ထံမှ ဝံပုလွေ

အလောင်းအား သူ့ကိုပေးပါရန်တောင်းပန်မည်

ဟုပင်ယာကျားတွေးထားသည်။

၎င်းအားအိမ်သို့ပြန်ယူသွားပြီးသည့်နောက်  သူ၏ဒေါသတရားတို့အား

ဖော်ထုတ်ရန်အတွက် ဝံပုလွေအလောင်းကို ကျာပွတ်ဖြင့် ရိုက်နှက်ရလိမ့်မည်ဖြစ်သည်။

ထို့နောက်တွင်ယနေ့သူရရှိခဲ့ရ

သောတုန်လှုပ်မှုများကို ဖြေသိမ့်ရန်အတွက် ၎င်းအားချက်ပြုတ်ပြီး ဝံပုလွေသားကိုစားရလိမ့်မည်ဖြစ်သည်။

“ဟီးဟီး”

ဤအရာနှင့်ဝံပုလွေအလောင်း

အားစိတ်ကျေနပ်အောင် ကျာပွတ်နှင့်ရိုက်နှက်မှုများအား တွေးမိသောအခါတွင် ယာကျား

တစ်ယောက် မထိန်းနိုင်ဘဲ ယုတ်မာစွာရယ်မောမိသည်။

“ဝေါင်း..ဝေါင်း..”

ထို့နောက်တွင် ရှစ်ဖုန့်က ဝံပုလွေထံသို့ ဖြည်းဖြည်းချင်းချဉ်းကပ်လာသောအခါတွင် ဝံပုလွေကတကယ်ပဲ အရှင်တမာန်တော်အား ကြမ်းကြုတ်ခက်ထန်စွာဖြင့်

ဟိန်းဟောက်ပြရဲသည်ကို ယာကျားတွေ့လိုက်ရသည်။

“ဟားဟား..ဟိန်းဟောက် စမ်း ဝံပုလွေကောင်..မင်းများများ

ဟိန်းဟောက်လေ အကြင်နာမဲ့တဲ့ အရှင်တမာန်တော်ရဲ့ရှေ့မှာ မင်းရဲ့စိတ်မချမ်းမြေ့ဖို့ကောင်း

တဲ့သေခြင်းတရားကိုပိုပြီးတွေ့ကြုံရလေပဲ.ဟားဟား.ဝံပုလွေ..မိုက်မဲတဲ့ဝံပုလွေကောင်”

ယာကျားမှာအသံတိုးတိုးဖြင့်  စတင်၍ တီးတိုးရေရွတ်နေသည်။

သို့သော် သူခေါ်နေသော မကောင်းဆိုးဝါးဝံပုလွေက သူတို့၏ အရှင်တမာန်တော်အားမြင်တွေ့

လိုက်ရသောအခါတွင် နက်မေှာင်သောအလင်းတစ်ခု

ကိုထုတ်လွှတ်နေသော ၎င်း၏ကြီးမားသောကိုယ်ကြီးက အနည်းငယ်တုန်ယင်သွားသည်ကို ယာကျားသတိမပြုမိပေ။ ထိုဟိန်းဟောက်သံနှစ်ချက်မှာ ၎င်း၏နှလုံးသားအခြေမှလာသော စိတ်လှုပ်ရှားပျော်ရွှင်မှုကြောင့်

ဟိန်းဟောက်သောအသံပင်ဖြစ်သည်။

ထို့နောက်တွင် ကြီးမားသောနက်မှောင်သည့်ဝံပုလွေက ရှစ်ဖုန့်ထံသို့ ၎င်း၏ ခြေလေချောင်းဖြင့် ခုန်အုပ်လိုက်သည်ကို မြွေလူသားများမြင်တွေ့လိုက်ကြရသည်။

“ဟားဟား..သေစမ်း..သူ့ကိုသတ်ပစ် အရှင်တမာန်တော်”

ကြမ်းကြုတ်ခက်ထန်သောဝံပုလွေ၏ ဤအချင်းအရာအား တွေ့မြင်လိုက််ရသောအခါတွင် အရှင်တမာန်တော်က ၎င်းထံသို့ ထိုးညွှန်လိုက်သောအခါ ၎င်းကလေထဲတွင်တန့်သွားပြီး ၎င်း၏ကိုယ်ကပေါက်ကွဲသွားက သွေးများနေရာအနှံ့သို့ပျံ့ကျဲသွားသည်ကို ယာကျားတစ်ယောက်ကြိုမြင်

လိုက်ရသကဲ့သို့ဖြစ်သွားသည်။

ထို့နောက်တွင် ယာကျား မှာတစ်ခုခုမှားယွင်းနေသည်

ဟုခံစားမိလိုက်သည်။ဤသို့သာဆိုလျှင် ဝံပုလွေ၏ခန္ဓာကိုယ်ပေါက်ကွဲ

သွားပြီးနောက်သူသည်လည်း

ကျာပွတ်ဖြင့်ရိုက်နှက်ရန်  ဘာအလောင်းမှရလိမ့်မည်မဟုတ်ချေ။

“ထားလိုက်ပါ..ငါသူ့ကိုကျာပွတ်

နဲ့မရိုက်ရတော့လည်းရှိပါစေတော့.

.ဒီကြမ်းကြုတ်တဲ့ဝံပုလွေသေသွားရင်ပဲ အဆင်ပြေပြီ”

“သူသေတာနဲ့ အဆင်ပြေသွားပြီ”

ယာကျားမှာလွန်လွန်ကျူးကျူး

တွေးပစ်လိုက်သည်။သူအနည်း

ငယ်ဆုံးရှုံးမှုအားခံစားရလျှင်ပင် ကြမ်းကြုတ်သောဝံပုလွေကိုတော့

သေစေချင်နေသေးဆဲဖြစ်သည်။

“ဝေါင်း”

သို့သော်ထို့နောက်တွင် ကြမ်းကြုတ်သော ဝံပုလွေနှင့်ရှစ်ဖုန့်တို့အားစိုက်ကြည့်နေသော ယာကျားမှာ ဝံပုလွေက အရှင်တမာန်တော်ထံသို့ခုန်အုပ်လိုက်ပြီး  ၎င်း၏ပါးစပ်ကို ဖွင့်ဟ၍ ထပ်မံဟိန်းဟောက်လိုက်သည်ကို မြင်တွေ့လိုက်ရသည်။ထို့နောက်တွင် ၎င်း၏ကြီးမားသောကိုယ်က အရှင်တမာန်တော်ကို

တိုက်ခိုက်ခြင်းမရှိဘဲ ထိုအစား အရှင်တမာန်တော်၏ရှေ့တွင်ဒူး

ထောက်ချလိုက်ပြီး ၎င်း၏ကြမ်းကြုတ်ခက်ထန်သော

ဦးခေါင်းအား အရှင်တမာန်တော်ထံသို့နှိမ့်ချလိုက်သည်။

ဤကြမ်းကြုတ်ခက်ထန်သော ဝံပုလွေကအရှင်တမာန်တော်အား ဦးညွှတ်ဂါရဝပြုနေသည့်ပုံပေါ်သည်။

“ဖြစ်နိုင်တာ ..ဒီဝံပုလွေက

အရှင်တမာန်တော်ရဲ့ ကြီးစိုးလွန်းတဲ့အရှိန်အဝါကို ခံစားမိသွားလို့များလား..အဲ့တာက အရှင်တမန်တော်ရဲ့ကြီးစိုးတဲ့အ

ရှိန်အဝါကြောင့်များ   အညံ့ခံလိုက်တာလား”

ယာကျားမှသူစိတ်ကူးထားသောမြင်ကွင်းကဖြစ်မလာဘဲ ကြမ်းကြုတ်သောဝံပုလွေက အရှင်တမာန်တော်၏ ရှေ့၌ဒူးထောက်လိုက်သေး

သည်ကိုပင်တွေ့လိုက်ရသည်။

သူ၏မျက်လုံးတို့ကပြူးကျယ်နေပြီး ထိုမြင်ကွင်းအား ကြက်သေသေစွာကြည့်နေမိသည်။

“မဟုတ်ဖူး..ဒီကြမ်းကြုတ်ပြီး ရက်စက်တဲ့ဝံပုလွေက သေချာပေါက် တစ်ခုခုအကွက်ချနေတာပဲဖြစ်ရမယ်.. သေချာတယ်”

ကြမ်းကြုတ်သောဝံပုလွေက အရှင်တမာန်တော်၏ သတ်ဖြတ်ခြင်း မခံရသည်ကို ယာကျား စိတ်ကျေနပ်ခြင်းမရှိပေ။သူက

ချက်ချင်းပဲလူသားဇတ်လမ်းတစ်ပုဒ်အား တွေးမိသွားပြီး  ရှစ်ဖုန့်ကိအော်ပြောလိုက်သည်။

“အရှင်တမာန်တော် ဒီဝံပုလွေက သေချာပေါက်တစ်ခုခုကို အကွက်ချနေတာပါ..သူက

အညံ့ခံချင်ယောက်ဆောင်နေတာပဲဖြစ်ရမယ်…သူက အမှောင်နတ်သူငယ်မျိုးနွယ်စုက လွှတ်လိုက်တဲ့မကောင်းဆိုးဝါးသက်ရှိဖြစ်နေလောက်တယ်…အရှင်တမာန်တော်အရှင်ဂရုစိုက်မှရပါမယ်..အရှင် ရှီးကော်နဲ့ဝံပုလွေဆိုတဲ့ ဇတ်လမ်းအကြောင်းကို မမေ့ပါနဲ့”

ရှီးကော်နှင့်ဝံပုလွေဆိုသည်မှာ ထျန်းဟန်တိုက်ကြီးပေါ်တွင် အချိန်တော်တော်ကြာကာလ

ကတည်းကရှိနေခဲ့သော ဇတ်လမ်းတစ်ပုဒ်ဖြစ်သည်။ရှီးကော် ၏ အမည်ရသောယောကျ်ားတစ်ယောက်  ကြင်နာသနားစွာဖြင့် ဝံပုလွေတစ်ကောင်အား

ကယ်တင်ခဲ့သော်လည်း နောက်တွင် သူ၏ကြင်နာမှုအား ဘယ်လိုပြန်လည်ပေးဆပ်ရ

ကောင်းမှန်းမသိသော  ဝံပုလွေ၏ ပြန်လည်စားသောက်ခြင်းကို

သာခံလိုက်ရသည်ဖြစ်သည်။

ဆက်ရန်………

ဘာသာပြန်သူ-ARISE

All Chapters