← Chapters

အပိုင်း (၃၈၃)

Vol. 26 Ch. 383

အပိုင်း (၃၈၃)

Vol. 26 Ch. 383

ရှစ်ဖုန့်မှာသူ၏နောက်ကျောဘက်မှ မြွေလူသား၏ အော်ပြောမှုအား ဂရုစိုက်ခြင်းမရှိပေ။ဤဝံပုလွေကသူ့အပေါ် သစ္စာရှိမှုကို မည်သူမျှမသိကြချေ။ အဘယ်ကြောင့်ဆိုသော် ဤဝံပုလွေမှာအခြားသော ဝံပုလွေများကဲ့သို့မဟုတ်

သောကြောင့်ဖြစ်သည်။၎င်းမှာ ယိုလန်ဖြစ်သည်။

မြွေလူသားမှာ တစ်စုံတစ်ယောက်က  သူ၏ပခုံးအား ပုတ်၍ မပြောခင်အထိ  လက်သင့်မခံနိုင်မှုများဖြင့်ပြည့်နှက်နေသည်။

“မရူးမိုက်စမ်းနဲ့….မင်းမမြင်ဘူးလား…

ဒီဝံပုလွေက တကယ်တော့  အရှင်တမာန်တော်ရဲ့ သားရဲပဲ..

ဒီဝံပုလွေနဲ့ ဆန်းကြယ်တဲ့လူသားပုံစံသက်ရှိနှစ်

ယောက်က ဒီနေရာကိုအရှင်တမာန်တော်ကို ရှာဖို့အတွက်လာတာဖြစ်နိုင်လောက်တယ်”

နောက်ပိုင်းတွင်မြွေလူသားမှာ ဘာတွေဖြစ်ပျက်နေသည်အား ဖြည်းဖြည်းချင်းသဘောပေါက်လာသည်။

မျှော်လင့်ထားသည့်အတိုင်း

နတ်ဆိုးဆန်သော အရိုးဖြူလှံနှင့်လူငယ်က  ရှစ်ဖုန့်နားသို့ချဉ်းကပ်လာပြီး လျှင်မြန်စွာဒူးတစ်ဖက်ထောက်လိုက်ကာ သူ၏ဘယ်လက်အား အရိုးဖြူလှံကိုကိုင်ဆောင်ထားသော ညာလက်သီးဆုပ်ပေါ်သို့တင်လိုက်သည်။

သူက အသံတိုးတိုးဖြင့်ပြောလိုက်သည်။

“နှုတ်ဆက်ပါတယ် သခင် ..”

သူ၏အသံကရှင်းလင်းပြီး ငွေခေါင်းလောင်းသံတစ်ခုကဲ့သို့ နားချမ်းသာစေသော အသံဖြစ်သည်။

ထို့နောက်ချက်ချင်းပဲ ညိုဝါရောင်ပုံရိပ်တစ်ခုက  ယင်ရှာ၏အနောက်ဘက်သို့

ရောက်လာသည်။ သူက ယင်ရှာနှင့်ယိုလန်တို့အား

ကြည့်လိုက်ပြီးနောက် သူတို့၏ရှေ့တွင်ဝင့်ကြွားစွာရပ်နေသော ရှစ်ဖုန့်ထံသို့ကြည့်လိုက်သည်။

သူကခေတ္တမျှတုံ့ဆိုင်းနေပြီးမှ ယင်ရှာနောက်သို့လိုက်ပါ၍ ရှစ်ဖုန့်၏ရှေ့မှောက်တွင် ဒူးတစ်ဖက်ထောက်ချလိုက်သည်။

“ဒါက ကျွန်ုပ်အတွက် တစ်စုံတစ်ယောက်ကို သခင်အဖြစ်ပထမဆုံးအကြိမ်

ခေါ်ဆိုခြင်းဖြစ်တယ်..ကျွန်ုပ်ရဲ့အသံက အနည်းငယ်ကြမ်းတမ်းပြီး တော့ မာကြောသလိုဖြစ်နေပါလိမ့်မယ်”

ရှစ်ဖုန့်က အဓိပ္ပါယ်အပြည့်ဖြင့်

အပြုံးတစ်ခုအား လှစ်ဟာ ပြလိုက်ပြီး မြေဓာတ်အခြေပြု ယင်အလောင်းကောင်အားကြည့်လိုက်သည်။ သူကရယ်မောပြီးပြောလိုက်သည်။

“မင်းကငါ့ကို မင်းရဲ့သခင်တစ်ယောက်အဖြစ် စိတ်ရောကိုယ်ပါ အသိအမှတ်ပြုတာလား.. မင်းစိတ်ကိုဘယ်တော့မှ မပြောင်းလဲတော့ဘူးလား”

မြေဓာတ်အခြေပြု ယင်အလောင်းကောင်မှာ ရှစ်ဖုန့်၏မေးခွန်းအားကြားရသောအခါတွင် သူကရှစ်ဖုန့်နှင့်အကြည့်ချင်း

ဆုံစေလိုက်ပြီးပြောလိုက်သည်။

“ကျွန်ုပ်ရှုံးနိမ့်ခဲ့တယ်…ယင်ရှာနဲ့ယိုလန်က ကျွန်ုပ်ရဲ့အသက်ကို ချမ်းသာပေးခဲ့တယ်…သင်ကသူတို့ရဲ့သခင်ဖြစ်တာကြောင့် သင့်ကို ကျွန်ုပ်ရဲ့သခင်အဖြစ်အသိအမှတ်ပြုဖို့

သူတို့နဲ့ သဘောတူညီခဲ့ပြီးပါပြီ ..ကျွန်ုပ် မြေဓာတ်အခြေပြု ယင်အလောင်းကောင်ဟာ ဘယ်တော့မှ စိတ်မပြောင်းလဲပါဘူး”

မြေဓာတ်အခြေပြုယင်အလောင်းကောင်က စိတ်ပိုင်းဖြတ်ထားမှုများဖြင့်ပြောလိုက်သည်။

ထို့နောက်တွင်  သူ့အနေဖြင့် တစ်စုံတစ်ခုအား တွေးမိသွားပုံရပြီး  ပြောလိုက်သည်။

“ယင်ရှာက အကယ်၍ ကျွန်ုပ်သာ သခင့်နောက်ကို လိုက်ခဲ့ရင် သခင်က ကျွန်ုပ်ကို ပိုပြီးအစွမ်းထက်သန်မာလာအောင်လုပ်ပေးနိုင်တယ်လို့ပြောတယ်…ကျွန်ုပ်စွမ်းအား

တွေပိုပြီးတော့ လိုချင်တယ်”

“သခင်..ကျွန်ုပ်သူ့ကိုယုံတယ်…

မြေဓာတ်အခြေပြု ယင်အလောင်း

ကောင်က သခင့်ကို သူ့ရဲ့သခင်အဖြစ်အသိအ

မှတ်ပြုတာကြောင့် သူက ဘယ်တော့မှ

သခင့်ကို သစ္စာဖောက်မှာမဟုတ်ပါဘူး.

.အဲ့တာနဲပက်သက်ပြီး ကျွန်ုပ်အာမခံနိုင်ပါတယ်”

ယင်ရှာမှာ ရှစ်ဖုန့်နှင့် မြေဓာတ်အခြေပြု ယင်အလောင်းတို့ကြားရှိ စကားတို့အားကြားရသောအခါတွင်

ရှစ်ဖုန့်အား စိတ်ပိုင်းဖြတ်ထားမှုတို့ဖြင့်သူက

ကတိပေးလိုက်သည်။

“အင်း..ငါမင်းကိုယုံပါတယ်..”

ရှစ်ဖုန့်က အနည်းငယ်ခေါင်းညိမ့်လိုက်ပြီးနောက် မြေဓာတ်အခြေပြုယင်

အလောင်းကောင်အားကြည့်လိုက်သည်။

ထို့နောက်သူက ပြောလိုက်သည်။

“အခုကစပြီးတော့ မင်းကို ထူရှာလို့ ခေါ်မယ်”

“ဟုတ်ကဲ့ပါ  သခင်”

မြေဓာတ်အခြေပြု ယင်အလောင်းကောင်က  ပြန်လည်ဖြေကြားလိုက်သည်။

“ထတော့”

ရှစ်ဖုန့်ကယင်ရှာ၊ယိုလန်နှင့်ထူရှာတို့အား ပြောလိုက်သည်။ ထို့နောက်တွင်  သွေးနီရောင်အလင်းတစ်ခုကသူ၏

ရှေ့တွင်လင်းလက်လာသည်။

“ဂါး..ဂါး”

သွေးနီရောင်ရှိသောလူသားအသွင်နှင့် သတ္တဝါတစ်ကောင်ပေါ်လာပြီး သားရဲရိုင်းတစ်ကောင်ကဲ့သို့

အော်ဟစ်နေသည်။

“ဒါက…”

“ဒါက..”

ယင်ရှာနှင်ထူရှာတို့က ထရပ်လိုက်ကြသည်။ သူတို့၏အကြည့်များအား  အစောပိုင်းကမှပေါ်လာသော  လူသားအသွင်နှင့်သွေးရောင်သတ္တဝါပေါ်သို့  ရုတ်ခြည်းစူးစိုက်လိုက်ကြသည်။

ဆန်းကြယ်သော အမွေဆက်ခံမှု ဆက်သွယ်ချက်တစ်ခုက  သူတို့၏ စိတ်ထဲတွင်ပေါ်လာသည်။

ယင်ရှာနှင့်ထူရှာတို့ ပထမဆုံးတွေ့ဆုံမိတုံးကကဲ့သို့ပင် သူတို့နှစ်ယောက်သား သွေးရောင်လူသားအသွင်သတ္တဝါ၏

နမည်ကို ခေါ်လိုက်ကြသည်။

“သွေးယင်အလောင်းကောင်”

ရှစ်ဖုန့်၏စိတ်က လှုပ်ရှားသွားပြီး  အော်ဟစ်နေသော သွေးယင်အလောင်းကောင်မှာ ရုတ်ခြည်းငြိမ်ကျသွားသည်။ရှစ်ဖုန့်က သွေးယင်အလောင်းကောင်အား ညွှန်ပြပြီး ယင်ရှာနှင့်ထူရှာတို့အားပြောလိုက်သည်။

“ဒါကတကယ့်ကို သွေးယင်အလောင်းကောင်ပဲ..

ဒီသခင်လေးကသူ့ကို ရွှယ်ရှာလို့ နမည်ပေးထားပြီးပြီ…သူ့ရဲအဆင့်က အရမ်းကိုနိမ့်သေးတယ်..သူက အဆင့်နှစ်ဆရာသခင်အဆင့်ပဲရှိသေးတယ်…

သူ့မှာကျိုးကြောင်းဆင်ခြင်နိုင်တဲ့အသိဉာဏ်တွေ မရသေးဘူး…အခုကစပြီးတော့  သူ့ကို မင်းတိုနဲ့အတူခေါ်ဆောင်သွားပြီး‌တော့ သူ့ကိုမင်းတို့နဲ့အတူတူ အစွမ်းထက်သန်မာလာပါစေ”

“ဟုတ်ကဲ့သခင်”

“ဟုတ်ကဲ့ သခင်”

ယင်ရှာနှင့်ထူရှာတို့က  တစ်ချိန်တည်းမှပင် တုံ့ပြန်လိုက်ကြသည်။

“နောက်ဆုံးတော့သူတို့ရောက်လာကြပြီ”

ရှစ်ဖုန့်က သူ၏လက်တို့အား

နောက်ပစ်ထားပြီး  ရှေ့သို့ကြည့်၍ တိုးဖျော့စွာတီးတိုးရေရွတ်လိုက်သည်။

အကွာအဝေးတစ်ခုတွင် သဲကန္တာရအတွင်း  သဲများဖှုန်မှုန်များဖြင့်ပြည့်နှက်နေပြီး  အနက်ရောင်ပုံရိပ်များကတစ်ခုပြီး

တစ်ခုပေါ်လာသည်။ သူတို့က ပို၍ပို၍ ပေါ်လာခဲ့ပြီး အတူတကွ သိပ်သည်းထူထပ်နေကာ အနက်ရောင်ဒီရေလှိုင်းကြီးတစ်ခုကဲ့သို့  ရှေ့သို့တစ်ဟုန်ထိုးတက်လာကြသည်။

“အမှောင်နတ်သူငယ်မျိုးနွယ်စု”

“အမှောင်နတ်သူငယ်မျိုးနွယ်စု”

မြွေလူသားမျိုးနွယ်စုကြားထဲတွင် မြွေလူသားများမှာသူတို့ရှေ့ရှိပုံရိပ်များအား  မြင်တွေ့ရသောအခါတွင်  အံ့အားသင့်စွာဖြင့်အော်ပြောလိုက်ကြသည်။

ရှေ့ဆုံး၌ပေါ်လာခဲ့သောသူများမှာ ခရမ်းနက်ရောင်ချပ်ဝတ်ကိုဝတ်ဆင်ထားသော  အမှောင်နတ်သူငယ်မျိုးနွယ်စု၏

စစ်သည်တော်များဖြစ်ကြသည်။၎င်းတို့မှာ ယောက်ျားရောမိန်းမများပါဖြစ်ကြပြီး  အားလုံးတွင်လှပသောမျက်နှာ

များရှိကြသည်ဖြစ်၏။သူတို့၏လက်ထဲတွင်  အနက်စိုရောင်တောက်ပနေသည့် နက်မှောင်သော အနက်ရောင်လင်း

လေးများကို  ကိုင်ဆောင်ထားကြသည်။

ထို့နောက်ဟင်းလင်းပြင်ထဲတွင် အမှောင်နတ်သူငယ်မျိုးနွယ်စု၏

ကျင့်ကြံသူများ  တစ်ယောက်ပြီးတစ်ယောက်ပေါ်လာသည်။

နတ်သူငယ်မျိုးနွယ်စုမှာ ရှေးဦးအချိန်ကာလကတည်းက တည်ရှိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့က တောအုပ်အတွင်းအမြဲနေ

ထိုင်ကြသည်ဖြစ်သည်။

အမှောင်နတ်သူငယ်မျိုးနွယ်စု။ ရှေးခေတ်အချိန်ကာလကတည်းက ဒဏ္ဍာရီတစ်ခုရှိခဲ့သည်။

နတ်သူငယ်မျိုးနွယ်စုမှာ မသိနိုင်သောအကြောင်း

ပြချက်များကြောင့် နိမ့်ပါးကျဆင်းခဲ့ရပြီး သူတို့၏ဝိညာဉ်များအား ဆန်းကြယ်သောနတ်ဆိုး

တစ်ကောင်ဆီသို့ ပေးအပ်ထားရသည်ဟုဆို၏။

ထိုကတည်းကနတ်သူငယ်မျိုးနွယ်စုမှာ သန္ဓေပြောင်းလဲမှုဖြစ်ပွားခဲ့သည်။သူတို့၏ အသားအရေက နက်မှောင်သော ခရမ်းရောင်အဖြစ်သို့ပြောင်းလဲသွားခဲ့ပြီး သူတို့၏ရင်ဘက်ပေါ်တွင် ခရမ်းနက်ရောင်အမှတ်အသားတစ်ခုရှိကာ ယင်းမှာနတ်ဆိုးက သူတို့၏ဘိုးဘေးများပေါ်တွင်

ချန်ရစ်ထားခဲ့သော အမှတ်အသားဖြစ်သည်ဟုပြောကြသည်။

နိမ့်ပါးကျဆင်းသွားရသော အမှောင်နတ်သူငယ်များမှာ ဆန်းကြယ်သောနတ်ဆိုး၏

လွှမ်းမိုးမှုကိုခံရသောကြောင့် ၎င်းတို့၏ နဂိုစိတ်ရင်းပင်ကိုယ်ဗီဇများက သိသိသာသာကိုပြောင်းလဲသွားခဲ့ပြီး သွေးဆာရက်စက်လာကြသည်ဟုပြောကြသည်။အဆုံးသတ်တွင် အခြားသော

မျိုးနွယ်စုများက အတူတကွပေါင်းစည်းလုပ်ဆောင်

၍၎င်းတို့အား တောအုပ်အတွင်းမှနှင်ထုတ်

ခဲ့ကြပြီးဤသဲကန္တာရအထိ၎င်းတို့အား နယ်နှင်ဒဏ်ပေးခဲ့သည်။

ရှစ်ဖုန့်ကအရေအတွက်  တိုးပွားလာသော အမှောင်နတ်သူငယ်များအား ကြည့်လိုက်သည်။နောက်ဆုံးတွင်သူ၏ အကြည့်က ဟင်းလင်းပြင်ထဲ၌ ဝင့်ကြွားစွာရပ်နေသော  သက်လတ်ပိုင်းအရွယ် အမျိုးသမီးထံအရောက်၌ရပ်တန့်သွားသည်။ သူမ၏ခရမ်းနက်ရောင် မျက်နှာက လွန်စွာလှပသိမ်မွေ့လွန်းပြီး သူမကညို့ယူဖမ်းစားစွဲမက်ဖွယ်ကောင်းသည်ဟုညွှန်းဆိုရမည်ထက်ပင် ပိုမို၍လှပလွန်းသည်ဖြစ်သည်။

သက်လတ်ပိုင်းအရွယ်အမျိုးသမီးက  လွန်စွာလက်ရာမြောက်သောနက်မှောင်သည့် ဝတ်ရုံတစ်ခုအား  သူမ၏ဖုထစ်ပြီး စွဲမက်ဖွယ်ကောင်းသော ခန္ဓာကိုယ်ပတ်လည်၍ ရစ်ပတ်လွှမ်းခြုံထားသည်။ဝတ်ရုံ၏ ပုံစံက  သူသားဧကရာဇ်တစ်ယောက်ကဲ့

သို့ဆင်တူသော်လည်း၎င်းပေါ်ရှိ

အမှတ်အသားများကတော့ ရွှေရောင်နဂါးတစ်ကောင်မဟုတ်ပေ။ ထိုအစား၎င်းတို့မှာညို့ယူဖမ်းစားနိုင်သော နက်မှောင်သည့်ခရမ်းရောင်  အမှတ်အသာများဖြစ်ကြပြီး သူတို့၏ရင်ဘက်ပေါ်တွင်ရှိသော အမှတ်အသားနှင့်တထပ်တည်း

တူညီမှုရှိသည်ဖြစ်သည်။

ဤပုဂ္ဂိုလ်မှာ အမှောင်နတ်သူငယ်မျိုးနွယ်စုတို့၏  ဘုရင်မဖြစ်သူ   အက်ရှလေပင်ဖြစ်သည်။

“ကြယ်သုံးပွင့် သူတော်စင်နယ်ပယ်”

ရှစ်ဖုန့်မှာ တစ်ချက်ကြည့်ရုံဖြင့် လှပသော သက်လတ်ပိုင်းအရွယ် အမှောနတ်သူငယ်မျိုးနွယ်စုဝင်အမျိုးသမီး၏   သိုင်းတာအိုကျင့်ကြံခြင်းနယ်ပယ်အား သိလိုက်သည်။

ဤအခိုက််အတန့်တွင် လှပသောမျက်နှာနှင့် အမှောင်နတ်သူငယ်အမျိုးသမီးကလည်း မြွေလူသားများကြား  ဝင့်ကြွားစွာရပ်နေသော ရှစ်ဖုန့်ထံသို့လှည့်လိုက်သည်။ သူမ၏အကြည့်တို့က ရှစ်ဖုန့်၏အပေါ်သို့ ကျရောက်နေသည်။

အက်ရှလေက သူမ၏ ညာလက်အား အနည်းငယ်မြှောက်လိုက်ပြီး  ရုတ်ခြည်းဆိုသလို  အက်ရှလေ၏ အနောက်ဘက်ရှိဟင်းလင်းပြင်ထဲတွင်ရှိနေ‌သော အစွမ်းထက်အမှောင်နတ်သူငယ်များမှာ ရပ်တန့်လိုက်ကြသည်။

တစ်ချိန်တည်းမှာပင် အောက်တွင်ရှိနေသော အမှောင်နတ်သူငယ်စစ်

သည်များကလည်း ရှေ့သို့ချီတက်နေခြင်းအား

ရပ်တန့်လိုက်ကြပြီး  မြွေလူသားများအား  အကွာအဝေးတစ်ခုမှနေ၍ မျက်နှာချင်းဆိုင်လိုက်သည်။

ရုတ်ခြည်းဆိုသလို မြွေလူသားများမှာ အမှောင်နတ်သူငယ်များမှ ထုတ်လွှတ််သော  စွမ်းအားကြီး အရှိန်အဝါကို ခံစားလိုက်ကြရပြီးချက်ချင်းပဲ ဂနာမငြိမ်ဖြစ်ကာ ကြောက်စိတ်မွှန်လာကြသည်။မမြင်နိုင်သောအရှိန်အဝါအောက်တွင် သူတို့ထဲကအများစုမှာ စတင်၍ တုန်ယင်လာကြသည်။

၎င်းတို့မှာ ကြီးမားသောကန္တာရထဲရှိ စွမ်းအားအကြီးဆုံးမျိုးနွယ်စုဖြစ်သော အမှောင်နတ်သူငယ်များဖြစ်ကြသည်။

ကန္တရာအတွင်းရှိ မျိုးနွယ်စုအားလုံးအား အကြောက်တရားများရိုက်သွင်း

ပေးထားသော မျိုးနွယ်စုတစ်ခုဖြစ်သည်။

မြွေလူသားမျိုးနွယ်များမှာ  စွမ်းအားကြီး အမှောင်နတ်သူငယ်များပေါ်လာသည်ကို တွေ့ရသောအခါတွင်  တည်ဆောက်ထားခဲ့ကြသော တိုက်ခိုက်လိုခြင်းစိတ်ဝိညဉ်များမှာ  ရုတ်ခြည်းဆိုသလို မမြင်နိုင်သော ဖိအားတို့အောက်၌ တစ်စစီပြိုလဲသွားသည်။

အောက်တွင်ရှိနေကြသော  အမှောင်နတ်သူငယ်စစ်သည်များမှာ  နှစ်ထောက်ခန့်လောက်သာရှိပုံပေါ်သည်။

သို့သော် သူတို့၏ ကိုယ်မှထုတ်

လွှတ်နေသော နက်မှောင်ပြီး  ဆန်းကြယ်သည့်အရှိန်အဝါက တစ်သောင်းသို့မဟုတ်ထိုထက်ပိုသော မြွေလူသားစစ်သည်များ ဖက်ယှဉ်ပြိိုင်နိုင်သည့်အရာမျိုးမဟုတ်ပေ။ အမှောင်နတ်သူငယ်စစ်သည်များအတွင်း အနိမ့်ဆုံးသောကျင့်ကြံမှုနယ်ပယ်မှာ စိတ်ဝိညာဉ်နယ်ပယ်ဖြစ်သည်။

သူတိုကြားထဲရှိ အမြင့်ဆုံးသော ကျင့်ကြံမှုနယ်ပယ် မှာ  အင်ပါယာနယ်ပယ်ဖြစ်သည်။

လေထဲတွင် ဧကရီ အက်ရှလေ၏နောက်၌ရှိနေသော အားအနည်းဆုံးသော အမှောင်နတ်သူငယ်နှစ််ဆယ်မှာ  ဘိုးဘေးနယ်ပယ်များဖြစ်ကြသည်။

ထိုဘိုးဘေးနယ်ပယ်များသာလျှင် ဂုဏ်သရေရှိသော ဧကရီ၏

နောက်တော်ပါး၌  ဝင့်ကြွားစွာရပ်နေရန် အရည်အချင်းပြည့်မှီကြသည်ဖြစ်သည်။

ဧကရီအက်ရှလေအား ထပ်ပေါင်းလိုက်လျှင် သူတို့၏ ကြားထဲ၌ များပြားလှသောအစွမ်း

ထက်ကျင့်ကြံသူများ လည်းရှိနေသေးသည်ဖြစ်သည်။

မရေတွက်နိုင်သောနှစ်ပေါင်းများစွာ ဤအကန့်သတ်မဲ့သော သဲကန္တာရအတွင်း၌  အမှောင်နတ်သူငယ်များ ဖြန့်ကျတ်ချခင်းပြထားသော စွမ်းအားက  မှားယွင်းသောနမည်တစ်ခု

သက်သက်မဟုတ်ပေ။

ဆက်ရန်……….

ဘာသာပြန်သူ- ARISE

All Chapters