← Chapters

ငါ့တပည့်နဲ့ယှဉ်ကြည့်မလား

Vol. 12 Ch. 171

ငါ့တပည့်နဲ့ယှဉ်ကြည့်မလား

Vol. 12 Ch. 171

အခန်း (၁၇၁) ငါ့တပည့်နဲ့ယှဉ်ကြည့်မလား

သေချာသည့်ရှုထောင့်တစ်ခုမှကြည့်လျှင် အဆုံးမဲ့တောင်တန်းရော ကောင်းကင်မိုးကြိုးခန်းမရောက အစွန်းရောက်သူများ ဖြစ်ကြသည်။

မိုးကြိုးဝိညာဉ်ကျောက်စိမ်းပြဿနာ မစခင်ကတည်းကပင် နှစ်ဖက်လုံးမှ တပည့်ငယ်များက တစ်ယောက်နှင့်တစ်ယောက် သိပ်မတည့်ကြပေ။

ကောင်းကင်မိုးကြိုးခန်းမက အဆုံးမဲ့တောင်တန်းကို ‘လိပ်ခွံ’ ဟု လှောင်ပြောင်လေ့ရှိပြီး အဆုံးမဲ့တောင်တန်းကလည်း ကောင်းကင်မိုးကြိုးခန်းမကို “သုံးခါအသုံးပြုပြီးလျှင်ပျက်စီးသွားသည့် အပေါစား” ဟု လှောင်ပြောင်ကြသည်။

ယခု မိုးကြိုးဝိညာဉ်ကျောက်စိမ်းကိစ္စနှင့်ပတ်သက်ပြီး နှစ်ဖက်ကြားရန်ငြိုးများ တရားဝင်ပေါ်ပေါက်လာလေရာ သူတို့ကြားမှတင်းမာမှုကလည်း ပိုမိုများပြားလာသည်။

ယခု နှစ်ဖက်အုပ်စု မျက်နှာချင်းဆိုင်ဆုံတွေ့ကြသည့်အခါ ရွှီဖေးနှင့် ထန်ယုံဟောင်တို့တိုက်ပွဲကိုပင် အရေးမစိုက်ကြတော့ပေ။

ရှဲ့ကျစ်ယီ ဦးဆောင်သော ကောင်းကင်မိုးကြိုးခန်းမမှ ပင်မတိုက်ရိုက်တပည့်များနှင့် ကျိဟန်ရူခေါင်းဆောင်သော အဆုံးမဲ့တောင်တန်းမှ ပင်မတိုက်ရိုက်တပည့်များ ထိပ်တိုက်တွေ့သည်နှင့် တစ်ယောက်နှင့်တစ်ယောက် မီးပွင့်မတတ်ကြည့်နေကြပြီး လေထဲ့သို့ ခုန်ပျံဝင်ရောက်ကြကာ စတင်တိုက်ခိုက်ကြတော့၏။

သို့သော် အဆုံးမဲ့တောင်တန်းမှာလူများ အလျှင်အမြန်ပင် ရှုံးနိမ့်သွားကြရသည်။

အဘယ်ကြောင့်ဆိုသော လျိုရှန်းဖုန်း မရှိသည့်အတွက် ရှဲ့ကျစ်ယီနှင့် ယှဉ်နိုင်သူ မရှိတော့သောကြောင့်ပင်။

လျိုရှန်းဖုန်း ရှိနေလျှင်တောင်မှ ရှဲ့ကျစ်ယီ၏ ပြိုင်ဘက်ဖြစ်လာနိုင်မည် မဟုတ်ပေ.

နောက်ဆုတ်မသွားဘဲ အေးစက်စက်အကြည့်များဖြင့် မာန်မလျှော့သူကတော့ ကျောက်ဟိုသာလျှင် ဖြစ်သည်။

ရှဲ့ကျစ်ယီက ကျောက်ဟိုကို တစ်ချက်ကြည့်လိုက်ပြီး မည်သည့်စကားမှမဆိုဘဲ တစ်ဖက်သို့လှည့်သွားသည်။ အတွင်းပိုင်းကြယ်တာရာချီအဆင့်မျှသာဖြစ်သော သိုင်းပညာရှင်တစ်ယောက်က မထီမဲ့မြင်ပြုနေသည်ကို သူ့အတွက် အရေးစိုက်စရာ မရှိပေ။

ထိုအချိန်...

ရှဲ့ကျစ်ယီနောက်မှ လူငယ်တစ်ယောက် ရှေ့ထွက်လာသည်။ ထိုလူငယ်က ကျောက်ဟိုနှင့် သက်တူရွယ်တူ ဖြစ်၏။

“မင်းက အဆုံးမဲ့တောင်တန်းက တပည့်လား ၊ အရင်က မင်းကို မတွေ့ဖူးပါဘူး ၊ လာလေ... ငါတို့ နည်းနည်းပါးပါး လက်ရည်ယှဉ်ကြည့်ရအောင်”

ကျောက်ဟိုကလည်း နှုတ်ခမ်းများတွန့်ကွေးကာ အေးစက်စွာပြုံးလိုက်ရင်း...

“အဆင်သင့်ပဲ...”

ထိုမြင်ကွင်းကိုကြည့်နေသည့် ရန်ကျောက်ကဲကတော့ ပြုံးလိုက်သည်ထင်ရသည့်တိုင် တကယ်တမ်းတွင် ပြုံးမနေခဲ့ပေ။

တိုက်ပွဲရလဒ်ကတော့ မျှော်လင့်ထားသည့်အတိုင်း ကျောက်ဟိုက အပြည့်အဝ အောင်ပွဲခံသွားခဲ့သည်။

ကျောက်ဟိုက အတွင်းပိုင်းကြယ်တာရာချီ နှောင်းပိုင်းအဆင့် သိုင်းပညာရှင်တစ်ယောက်၏ သိုင်းစွမ်းကို အပြည့်အဝ ထုတ်ဖော်နိုင်ခဲ့သည်သာမက တိုက်ရည်ခိုက်ရည်လည်းကောင်းလွန်းလေရာ အခြားသူများ အာရုံစိုက်မိသွားကြသည်။

စစ်ခုန်ချင်းနှင့် ကျန်းယောင်တို့၏ အကြည့်များက သူတို့နှင့် သက်တူရွယ်တူဖြစ်သော ကျောက်ဟိုထံသို့ ရောက်ရှိသွားကြသည်။

“လွန်ခဲ့တဲ့နှစ်ဝက်လောက်က သူ့ကိုတိမ်လွှာတောင်မှာတွေ့တုန်းက အတွင်းပိုင်းကြယ်တာရာချီ ကနဦးအဆင့်မှာပဲ ရှိသေးတာ မဟုတ်လား”

စစ်ခုန်ချင်းက ရန်ကျောက်ကဲကို လှည့်ကြည့်ပြီး မေးလိုက်သည်။

“ကျွန်မသိသလောက် ကျွန်မတို့အရှေ့ထန်ကိုသွားတုန်းက သူက ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့် (၈)လား ၊ အဆင့် (၉)လားပဲ ရှိ‌‌သေးတာနော်”

ထိုစကားများကိုကြားသည့်အခါ ရန်ကျောက်ကဲဘေးနားမှ အခြားသူများ အံ့သြတကြီးဖြင့် ထခုန်မိကြသည်။

“အရှေ့ထန်စစ်ပွဲမတိုင်ခင်အချိန်ကို ပြောနေတာလား ၊ သူက အချိန်တိုလေးအတွင်း ဒီလောက်မြန်မြန် အဆင့်တက်လာခဲ့တာလား”

ရန်ကျောက်ကဲက ဘာမှမထူးဆန်းဟန်ဖြင့်...

“ဟုတ်တယ် ၊ အရှေ့ထန်တိုက်ပွဲမတိုင်ခင်က သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က နိမ့်ပါးသေးတယ် ၊ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် (၅)မှာပဲ ရှိနေတေသးတယ် ၊ ပုံမှန်ဆိုရင် သူ လက်ရှိရောက်နေတဲ့အဆင့်ကိုရောက်ဖို့ (၂)နှစ်လောက် အချိန်ယူရမှာ”

လီကျင်းဝမ်က မျက်ခုံးများကို တွန့်ချိုးထားရင်း...

“ကျင့်ကြံခြင်းအဆင့်တက်မြန်တာလည်းဟုတ်တယ် ၊ ပြီးတော့ သူရောက်နေတဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ ညီမျှအောင်လည်း သိုင်းစွမ်းမြင့်မားတယ်”

ရန်ကျောက်ကဲက ပြုံးလိုက်ပြီး မည်သည့်စကားမှ မဆိုတော့ပေ။ အားလုံးကို သူ့စိတ်ထဲတွင် ခန့်မှန်းသိရှိနေသည်ပဲ ဖြစ်သည်။

တူညီသောကျင့်ကြံခြင်းအဆင့်တွင်ပင် မတူညီသော အတွေ့အကြုံများနှင့် သိုင်းစွမ်းများ ရှိကြသည်ပင်။ အချို့က အားနည်းကြပြီး အချို့ကတော့ စွမ်းအားမြင့်မားကြသည်။

ကျောက်ဟိုက အလွန်တရာမာနကြီးသူဖြစ်သလို လင်ကျိုးနှင့် ရီကျင်းထက် ပိုမိုစွမ်းအားမြင့်မားသည်။

သူတို့ (၃)ယောက်၏ ကျင့်ကြံခြင်းအခြေခံ တူညီမည်ဆိုလျှင် ကျောက်ဟိုက အားသာချက်များစွာရှိပေလိမ့်မည်။

ကောင်းကင်မိုးကြိုးခန်းမမှတပည့် ကျောက်ဟိုကို ရှုံးနိမ့်သွားသော်လည်း ရှဲ့ကျစ်ယီက ကိုယ်စားဝင်‌ရောက်တိုက်ခိုက်ခွင့် မရှိပေ။ အကြောင်းမှာ ကျင့်ကြံခြင်းအဆင့် ကွာခြားသောကြောင့် ဖြစ်သည်။ ကျောက်ဟိုနှင့် သက်တူရွယ်တူ ကျင့်ကြံခြင်းအဆင့်တူညီသူများမှာလည်း ကျောက်ဟို၏စွမ်းပကားကိုတွေ့မြင်ကာ ဆက်လက်စိန်ခေါ်ရဲခြင်း မရှိတော့ပေ။

လင်ကျိုးနှင့် ရန်ရှန်းတို့ (၂)ယောက်လုံး လာရောက်နိုင်ခြင်း မရှိကြသဖြင့် ကောင်းကင်မိုးကြိုးခန်းမမှ ပင်မတိုက်ရိုက်တပည့်များကြားတွင် ကျိဟန်ရူနှင့် သက်တူရွယ်တူ မရှိကြပေ။ ထို့ကြောင့် ကျိဟန်ရူနှင့် ယှဉ်ပြိုင်မည့်သူလည်း မရှိခဲ့ပေ။

ထို့ကြောင့် သိက္ခာပြန်ဆည်လိုသော ကောင်းကင်မိုကြိုးခန်းမမှာ ကြံရာမရ ဖြစ်သွားကြသည်။

နောက်ဆုံးတော့ ကောင်းကင်မိုးကြိုးခန်းမမှ ချန်လင်းဆိုသည့် မိန်းကလေးတပည့်က အဆုံးမဲ့တောင်တန်းမှ ရှောင်ယွိကို စတင်စိန်ခေါ်လိုက်သည်။

ချန်လင်းက မိန်းကလေးဖြစ်သော်လည်း စရိုက်ကြမ်းတမ်းသူဖြစ်ပြီး တိုက်ခိုက်ရေးအတွေ့အကြုံလည်း ကြွယ်ဝသည်။ သူမ၏ တိုက်ခိုက်မှုပုံစံကလည်း အလွန်ကြမ်းတမ်း၏။ ရှောင်ယွိက မွေးရာပါ ပါရမီရှင်တစ်ယောက်ဖြစ်သော်လည်း စကားသာအပြောကောင်းပြီး တိုက်ပွဲဆိုလျှင် လှည့်ပတ်ရှောင်သူ ဖြစ်သည်။

ရှောင်ယွိ၏ အတွေ့အကြုံမကြွယ်ဝမှုကြောင့် တိုက်ပွဲတွင် ချန်လင်းက အသာစီးဖြင့် အနိုင်ရသွားပြီး ကောင်းကင်မိုးကြိုးခန်းမ သိက္ခာပြန်ဆည်နိုင်ခဲ့သည်။

ကျိဟန်ရူနှင့် အခြားသူများက မည်သည့်စကားမှ မဆိုကြသော်လည်း ကျောက်ဟိုကတော့ ရှောင်ယွိကို အထင်သေးရှုတ်ချသည့်အကြည့်ဖြင့် မာမာထန်ထန် ကြည့်နေသည်။

တစ်ဖက်တွင်တော့...

ရွှီဖေးနှင့် ထန်ယုံဟောင်တို့တိုက်ပွဲက အနိုင်အရှုံး ပြတ်ပြတ်သားသား မသိရသေးပေ။ နှစ်ယောက်လုံးက တိုက်ပွဲအတွင်း ပိတ်မိနေကာ အပြင်းအထန် တိုက်ခိုက်နေကြဆဲ ဖြစ်သည်။

သူတို့ (၂)ယောက်က ရန်ငြိုးရန်စ ရှိသူများ မဟုတ်ဘဲ တစ်ယောက်ကိုတစ်ယောက် လေးစားကြသူများဖြစ်သည့်တိုင် လက်ရှိတွင်တော့ မည်သူမှ နောက်မဆုတ်ဘဲ စွမ်းအားအပြည့်နှင့် တိုက်ခိုက်နေကြသည်။

သူတို့ (၂)ယောက်၏တိုက်ပွဲက ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲအတွက် အပြင်းထန်ဆုံးနှင့် အကြီးကျယ်ဆုံး တိုက်ပွဲတစ်ခု ဖြစ်သည်။

သူတို့၏ သိုင်းကွက်ထုတ်ဖော်ပုံများကိုကြည့်ရသည်မှာ တစ်ခါတစ်ရံ ပြိုင်ဘက်ကို အပြင်းအထန် ဒဏ်ရာရသွားစေမည် ထင်မှတ်ရသလို တစ်ခါတစ်ရံ နှစ်ယောက်လုံး နောက်ပြန်ဆုတ်ရန်မဖြစ်နိုင်ဘဲ အန္တရယ်နှင့်အလွန်နီးကပ်သည်ဟု ထင်မှတ်ရစေသည်။ ထိုသို့သောအခြေအနေမျိုးကို တိုက်ပွဲတစ်လျှောက်လုံး အပြန်ပြန်အလှန်လှန် ကြုံတွေ့ရသည်။

တိုက်ပွဲက အနိုင်အရှုံးဆုံးဖြတ်ရခက်သည့် နဂါးနှင့်ကျား တိုက်ခိုက်သည့်ပွဲမျိုးဖြစ်သည့်တိုင် ဝါဒတောင်ကလည်း ရွှီဖေးကို နိုင်စေချင်သလို နေသူတော်စင်ဂိုဏ်းကလည်း ထန်ယုံဟောင်ကို နိုင်စေချင်ကြသည်။

နှစ်ဦးနှစ်ဖက် ဆုံးခန်းတိုင်အောင် တိုက်ခိုက်ကြပြီးသည့်နောက် တိုက်ပွဲရလဒ် “သရေ” ဖြစ်လေရာ နှစ်ဖက်လုံးကို ပျော်ရွှင်စေခဲ့သည်ပင်။

ရွှီ - ထန် တိုက်ပွဲ ပြီးဆုံးသွားပြီးနောက် ပွဲကြည့်နေကြသူများသည်လည်း တိုက်ပွဲမှအာရုံများကို ရုတ်သိမ်းလိုက်ကြသည်။ ရွှီ - ထန် တိုက်ပွဲက ထမင်းဝိုင်းတွင် ထမင်းနှင့်ဟင်းကို အဝစားလိုက်ရသည့် ခံစားချက်မျိုးပေးစွမ်းလေရာ ကျန်တိုက်ပွဲများက ထမင်းစားပြီး အချိုပွဲများသာ ဖြစ်တော့သည်။

ရွှီ - ထန် တိုက်ပွဲကိုကြည့်နေသူများ လူစုခွဲလိုက်ကြသည့်အခါ ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲသည် အသက်ဝင်လာပြီး စည်စည်ကားကား ဖြစ်လာသည်။

တပည့်အငယ်များ မိုးပျံကျွန်းပေါ်တွင် တိုက်ခိုက်နေကြစဉ် အကြီးအကဲများကလည်း ထိုတိုက်ပွဲများကို ဂရုတစိုက် ကြည့်နေခဲ့ကြသည်။

အကြီးအကဲများက အခြားအကြောင်းတစ်ခုကြောင့် စောင့်ကြည့်နေကြခြင်း ဖြစ်သော်လည်း ထိပ်သီးသိုင်းဂိုဏ်းအသီးသီးမှ ထူးချွန်သောတပည့်များကို လေ့လာရန်လည်း သတိမလွတ်ခဲ့ကြပေ။

ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲတိုင်းတွင် ပါရမီရှင်များ ၊ သူရဲကောင်းများ များစွာ ပေါ်ထွက်လာတတ်ကြပြီး ထိုသူများက လူတိုင်းကို အံ့သြတုန်လှုပ်စေသည်ပဲ ဖြစ်သည်။

လက်ရှိတွင်တော့ ကျောက်ဟို၏သိုင်းစွမ်းက အကြီးအကဲအားလုံး၏ အကြည့်များကို ဆွဲဆောင်နေသည်။

“ဖန်ကျွင်း... ဒီအဘိုးကြီးရဲ့တပည့် ဘယ်လိုနေလဲ”

အနက်ရောင်မုတ်ဆိတ်များရှိသည့် အဘိုးအိုတစ်ယောက်က ခပ်ကြွားကြွားလေသံဖြင့် မေးခွန်းထုတ်သည်။

“တွေ့တယ်နော်... ၊ ဒီကလေး ကျောက်ဟိုရဲ့သိုင်းစွမ်းက မင်းတို့ဝါဒတောင်က ရန်ကျောက်ကဲထက် မလျော့ဘူး”

ထိုစကားကိုကြားတော့ အဆုံးမဲ့တောင်တန်းမှ အကြီးအကဲရှန်းရှီဝမ်မှာ ပုံမှန်အတိုင်းတည်ငြိမ်နေသည့်တိုင် မျက်ဝန်းများကတော့ ကူရာကယ်ရာမဲ့မှုများ အထင်းသားပေါ်လွင်သွားသည်။

သူက အဆုံးမဲ့တောင်တန်းမှ တပည့်များကို ဤကြည်လင်လျှို့ဝှက်ရေကန်သို့ ဦးဆောင်လာခဲ့သူ ဖြစ်သည်။ ထို့ကြောင့် ဘယ်တပည့်က ဘာအချိုးချိုးသည်ကို ကောင်းကောင်းသိရှိသည်။ ဤ မုတ်ဆိတ်နက်အဘိုးကြီးက ယခုမှ ပွဲကြည့်ရန်အတွက် ကြည်လင်လျှို့ဝှက်ရေကန်သို့ ရောက်လာခြင်း ဖြစ်၏။

ထိုသူက ရှန်းရှီဝမ်ထက် ကျင့်ကြံခြင်းအဆင့် မြင့်မားလေရာ ရောက်သည်နှင့် ရှန်းရှီဝမ်ရယူထားသည့် အဖွဲ့ခေါင်းဆောင်နေရာကို သိမ်းပိုက်လိုက်သည်။ ထိုကိစ္စနှင့်ပတ်သက်ပြီး ရှန်းရှီဝမ်လည်း ဘာမှမတတ်နိုင်ခဲ့ပေ။

ထို မုတ်ဆိတ်နက်အဘိုးအိုမှာ အကြီးအကဲ’မော့’ ဆိုသူ ဖြစ်ပြီး သူက ကြီးမားသောသိုင်းစွမ်းကိုပိုင်ဆိုင်ပြီး အလားအလာကောင်းသူတစ်ယောက်ဖြစ်သော ကျောက်ဟိုကို မျက်စိကျကာ တပည့်ရင်းအဖြစ် လက်ခံခဲ့သည်။

ဘီလူးဝိညာဉ်သံလိုက်သတ္တုသွေးကြော ပြဿနာမှာလည်း အကြီးအကဲ’မော့’၏ ကာကွယ်ပေးမှုဖြင့် သက်သာရာရသွားခဲ့ပြီး ထိုပြဿနာကို ကျောက်ဟိုအနေဖြင့် လျှင်မြန်စွာ ကျော်လွှားနိုင်ခဲ့သည်။

အကြီးအကဲ’မော့’က ဖန်ကျွင်းကိုတစ်ချက်ကြည့်လိုက်ရင်း...

“မင်း ငါပြောတာကို မယုံဘူးဆိုရင် မင်းတို့ဝါဒတောင်က ရန်ကျောက်ကဲကို အတွင်းပိုင်းကြယ်တာရာချီ နှောင်းပိုင်းအဆင့်ထိ ကျင့်ကြံခြင်းအဆင့်လျှော့ချခိုင်းပြီး ငါ့တပည့်နဲ့ နည်းနည်းလောက်  ယှဉ်ကြည့်ခိုင်းလိုက်လေ”

ဖန်ကျွင်းက ညင်သာစွာ ရယ်မောလိုက်ရင်း...

“ဒါကတော့ ကျောက်ကဲရဲ့ဆန္ဒဘယ်လိုရှိလဲအပေါ် မူတည်တယ်”

ထို့နောက် ဖန်ကျွင်းက အသံပို့လွှတ်စနစ်ဖြင့် မေးလာသည့်အခါ ရန်ကျောက်ကဲမှာ အော်ရယ်မိမလိုဖြစ်သွားပြီးမှ ချောင်းတစ်ချက်ဆိုးကာ မျက်နှာပိုးသပ်ရင်း ပြုံးရုံသာပြုံးလိုက်ရသည်။

“သူ့တပည့်ရဲ့ ကျင့်ကြံခြင်းအဆင့်က ကျွန်တော့်ထက်နိမ့်နေတာကိုတောင် ကျွန်တော့်ကို လာဆွဲထည့်နေသေးတယ် ၊ အဲဒီကောင်ကျောက်ဟိုနဲ့ တစ်ပွဲလောက်နွှဲလိုက်ရတာ ဘာမှမဖြစ်ဘူး ၊ ဒါပေမဲ့ သူ့တပည့်အတွက် ကျွန်တော်က ဘာကိစ္စ အဖြည့်ခံလုပ်ပေးရမှာလဲ ၊ အဲဒီအကြီးအကဲက သူ့တပည့်နဲ့ ကျွန်တော့်ကို တကယ်ပဲ တိက်စေချင်တယ်ဆိုရင် သူလည်း ရှန်ထျန်းအလယ်ဆင့်အထိ ကျင့်ကြံခြင်းအဆင့်လျှော့ချပြီး ကျွန်တော်နဲ့တိုက်မလားလို့ ဒုတိယဆရာဦးလေး မေးကြည့်လိုက် ၊ နှစ်ပွဲလောက်တိုက်ရလည်း ကျွန်တော်က ဘာမှမဖြစ်ဘူး ၊ တိုက်ပေးမယ်”

ဖန်ကျွင်းက ဖြည်းလေးသည့် လေသံဖြင့်...

“အေးပါ ၊ ငါမေးပေးမယ်”

ထိုသို့ဖြင့် ထိုကိစ္စက တစ်ခန်းရပ်သွားသည်။

ရန်ကျောက်ကဲ နှုတ်ခမ်းကိုမဲ့ကာ ပခုံးတစ်ချက်တွန့်ရင်း ‌ကောင်းကင်ထက် မော့ကြည့်လိုက်သည်။

ထို အကြီးအကဲ’မော့’ ဆိုသူက အဆုံးမဲ့တောင်တန်းတွင် ကာလရှည်ကြအမြစ်တွယ်နေသည့် ထိပ်တန်းအကြီးအကဲတစ်ယောက်ဖြစ်ပြီး ချောက်နက်ဖျက်စီး‌ရေးအဖွဲ့အစည်း သူလျိုများထဲမှတစ်ယောက် ဖြစ်လေသည်။

All Chapters