အပိုင်း(၃၈၄)
Vol. 26 Ch. 384
“ဟူး”
ဤအချိန်တွင် မြွေလူသား
နတ်ဆရာမကြီး ခါလဲ့မှာ နောက်ဆုံးတွင်
သူမ မျိုးနွယ်စုဝင်များ၏
စိတ်ခံစားချက်များကို အာရုံခံမိသွားသည်။သူမက ညင်သာသော သက်ပြင်းတစ်ခုချလိုက်ပြီး သူမ၏အသံအားရှစ်ဖုန့်ထံ
သို့ပို့ဆောင်လိုက်သည်။
“အရှင်ရှစ်ဖုန့်…ကြည့်ရတာ ကျွန်မတို့မျိုးနွယ်စုဝင်တွေကို ကျွန်မတို့တွေ ထည့်ပြီးတွက်လို့မရတော့တဲ့ပုံပဲ…အမှောင်နတ်သူငယ်မျိုးနွယ်စုရဲ့ အင်အားနဲ့ ကြမ်းကြုတ်ရက်စက်မှုက ကန္တရာထဲက မျိုးနွယ်စုတွေရဲ့နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်
နေခဲ့ပြီးပြီ..အခုကျွန်မတို့လူချင်း
တွေ့ရုံပြရှိသေးတယ် ..အစောပိုင်းကတည်ဆောက်ထားခဲ့တဲ့ ကျွန်မတို့မျိုးနွယ်စုဝင်တွေရဲ့ တိုက်ခိုက်လိုစိတ်ဝိညာဉ်တွေဟာ တစ်စစီပြိုလဲသွားခဲ့ပြီ”
“မေ့ထားလိုက်..ဒီသခင်လေး
သူတို့ကို ထပ်ပြီး ထည့်တွက်မနေတော့ဘူး”
ရှစ်ဖုန့်က ခါလဲ့အား ပြန်ဖြေလိုက်သည်။ရှစ်ဖုန့်က ခါလဲ့အား မြွေလူသားမျိုးနွယ်စစ်သည်များ
၏စိတ်ဓာတ်ကိုမြှင့်တင်ပေးရန်
တောင်းဆိုခဲ့ခြင်းဖြစ်သည်။ သူကငရဲဘုံကိုးခု လျှို့ဝှက်ပညာရပ်ကို အသုံးပြုပြီး တိုက်ခိုက်လိုက်ခြင်းစိတ်ဝိညာဉ်တို့နှင့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့ကိုစုစည်း၍ ငရဲဘုံကိုးခု သတ်ဖြတ်ခြင်းအစီအရင်အား ခင်ကျင်းချင်ခဲ့သည်ဖြစ်သည်။သို့သော် သူ့အနေဖြင့်မြွေလူသားစစ်သည်တော်များ၏ စိတ်ခံစားချက်ပြောင်းလဲမှုများအား သတိပြုမိခဲ့ပြီး ၎င်းတို့အားထပ်မံ၍ ထည့်တွက်ရန်ရည်ရွယ်ချက်မရှိတော့ပေ။
“နိမ့်ကျတဲ့မြွေလူသားတွေ ..ဂုဏ်သရေရှိတဲ့ ငါ့တို့လိုအမှောင်နတ်သူငယ်
မျိုးနွယ်စုကိုမှရွေးချယ်ပြီးတော့ ငါတို့ရဲ တမာန်တော်ကို ဘယ်တောင်သတ်ပစ်ရဲတာလဲ..
ဒီနေ့တော့ မြွေလူသားမျိုးနွယ်
ဖျက်ဆီးခံရပြီး ကန္တာရထဲကနေ ထာဝရပျောက်ကွယ်သွားရလိမ့်မယ်”
ဤအချိန်တွင် အနက်ရောင်ချပ်ဝတ်အား
ဝတ်ဆင်ထားသော အသက်သုံးဆယ်အရွယ် လှပသောအမျိုးသမီးတစ်ယောက်က အမှောင်နတ်သူငယ်များထဲမှ လျှောက်လှမ်းထွက်လာသည်။ သူမက မောက်မာစွာခေါင်းမော့လိုက်ပြီး မြွေလူသားမျိုးနွယ်စုဘက်သို့ ထိုးညွှန်၍ ကျယ်လောင်စွာအော်ပြောလိုက်သည်။
“ငါတို့ရဲ့ ဧကရီက သနားညှာတာတတ်တယ်…နင်တို့သာ နင်တို့ရဲ့ အောက်ကစပ်ဆုပ်ဖို့ကောင်း
တဲ့မြွေမြှီးတွေကိုဖျက်ပစ်ပြီး နင်တို့ရဲ့ကြီးလေးတဲ့အပြစ်တွေ
အတွက်ပြေရာပြေကြောင်းဖြစ်အောင် ကိုယ့်ကိုယ်ကိုယ်သတ်သေကြမယ်ဆိုရင် ငါတို့ဧကရီက နင်တို့ကို မြန်မြန်သေခွင့်ပေးလိမ့််မယ်”
“ဘာ…ငါတို့အောက်မှာရှိနေတဲ့
မြွေမြှီးတွေကိုဖြတ်ပစ်ရမယ်….
အမှောင်နတ်သူငယ်တွေက ငါတို့မျိုးနွယ်စုကို ဘယ်လိုတောင်အရှက်ခွဲရဲတာလဲ”
“ငါတို့ကိုသတ်လို့ရနိုင်ပေမဲ့ အရှက်တော့ခွဲလို့မရဘူးကွ..ငါတို့ရဲ့မြွေမြှီးက ဘိုးဘေးတွေငါတို့အတွက်
ချန်ရစ်ထားခဲ့တဲ့ ဂုဏ်သိက္ခာတရားပဲ..
ဘယ်လိုဖြစ်ပြီးတော့ အမှောင်နတ်သူငယ်တွေက
ငါတို့ရဲ့မြွေမြှီးက စပ်ဆုပ်ဖို့ကောင်းတယ်လို့ပြောရဲရတာလဲ”
“တိုက်..ငါတို့တွေအညံ့ခံမဲ့အစား
အသေပဲခံမယ်ကွ”
“အမှောင်နတ်သူငယ်တွေနဲ့သေ
တဲ့အထိတိုက်ကြ”
“ငါတို့မျိုးနွယ်စုမှာ နတ်ဘုရားရဲ့ကိုယ်ပွားဖြစ်တဲ့
ခရမ်းရောင်မြွေခန္ဓာရှိသေးတယ်ဆိုတာကို မမေ့ကြနဲ့ တိုက်ကြ… အမှောင်နတ်သူငယ်တွေနဲ့ သေတဲ့အထိတိုက်ကြ”
အမှောင်နတ်သူငယ်အမျိုးသမီး၏ စကားကဆံးသွားပြီး မြွေလူသားများမှာ ထိုအမျိုးသမီး၏စော်ကားသော
စကားလုံးများအားကြားလိုက်ရသောအခါတွင် သူတို့၏မျက်နှာများထက်၌ ဒေါသတရားတို့ဖြစ်ပေါ်လာသည်။
သူတို့ထဲက အချို့ဆိုလျှင် ဆင်ခြင်တုံတရားနှင့်တိုက်ခိုက်ခြင်း
စိတ်ဝိညာဉ်တို့ကိုပါဆုံးရှုံးသွားသည်။ ရုတ်တရက်သူတို့၏ တိုက်ခိုက်လိုခြင်းစိတ်ဝိညာဉ်များ
အားဖြည်းဖြည်းချင်းပြန်လည်ရရှိလာကြ၏။
ရှေ့တွင်ရှိနေသော အမှောင်နတ်သူငယ်များအား
ကြည့်လိုက်ပြီးနောက် အစောပိုင်းကမှာရှစ်ဖုန့်လက်
အောက်သို့ဝင်လာသောထူရှာမှာ ရှစ်ဖုန့်ဘက်သို့လှည့်လိုက်ပြီးပြောလိုက်သည်။
“သခင်..ကျွန်တော်တိုက်ခိုက်ချင်တယ်”
“မင်းကလား”
ရှစ်ဖုန့်၏ နှုတ်ခမ်းထောင့်က တွန့်ကွေးသွားသည်။ သူကထူရှာကိုကြည့်၍ပြောလိုက်သည်။
“မင်းကိုယ်မင်းအရမ်း
ယုံကြည်မှုရှိတယ်ဆိုရင် ..သွားလိုက်”
“ကျွန်တော်တိုက်ခိုက်ချင်တယ်.. တိုက်ခိုက်ခြင်းကသာ ကျွန်တော့်ကို ပိုပြီးတော့သန်မာလာစေမှာ”
ထူရှာကပြောလိုက်သည်။
ထို့နောက်သူ့လက်ထဲတွင်ရှိနေ
သောမြေလှံနှင့်တူလှည့်လိုက်ပြီး ဟင်းလင်းပြင်ထဲသို့တစ်လှမ်း
ချင်းလျှောက်လှမ်းသွားသည်။
ထို့နောက်သူ၏ မြေလှံအား အမှောင်နတ်သူငယ်များထံသို့ထိုးညွှန်းပြီး အော်ပြောလိုက်သည်။
“တိုက်စမ်း”
အံ့ဖွယ်ကောင်းပြီး သဏ္ဍန်မဲ့တိုက်ပွဲစိတ်ဆန္ဒတစ်ခုက ထူရှာ၏ကိုယ်မှာကောင်းကင်ထဲသို့ ထိုးတက်သွားသည်။ထူရှာက “တိုက်” ဟူသော စကားလုံးအား ပြောလိုက်ချိန်တွင် အောက်တွင်ရှိနေသော ကန္တာပြင်မှာ အနည်းငယ်တုန်ယင်သွားသည်။
“ဟမ့်..နိမ့်ကျတဲ့လူသား…
ဘယ်လိုတောင်နိမ့်ကျတဲ့မြွေ
လူသားတွေကိုကူညီရဲပြီးတော့ ငါတို့လို ဂုဏ်သရေရှိ အမှောင်နတ်သူငယ်မျိုးနွယ်စုနဲ့ ရန်သူတွေဖြစ်ရဲတာလဲ..နင်က ငါ့ရဲ့ အမှောင်နတ်သူငယ်မျိုးနွယ်စုကို စိန်ခေါ်နိုင်မယ်လို့ထင်နေတာလား”
အမှောင်နတ်သူငယ်အမျိုးသမီးမှာ ထူရှာက လူအုပ်ထဲမှ လျှောက်လှမ်းထွက်လာပြီး သူမအား သူ၏လှံဖြင့်ထိုးညွှန်လိုက်သည်ကို မြင်ရသောအခါတွင် အေးစက်စွာနှာခေါင်းရှုံ့လိုက်သည်။
အေးစက်ပြီး အထင်သေးမှုအပြည့်ဖြင့် အပြုံးတစ်ခုက သူမ၏ မျက်နှာပေါ်တွင်ပေါ်လာသည်။
ထို့နောက်သူမ၏လက်ဖဝါးအား ရှေ့သို့ရိုက်ချလိုက်ပြီး အမှောင်အလင်းလှိုင်းတစ်ခုကသူမ၏ လက်ဖဝါးမှာ ရွှတ်ခနဲထွက်ပေါ်လာကာ ထူရှာထံသို့ ဦးတည်တိုက်ခိုက်လိုက်သည်။
“ကြယ်တစ်ပွင့်ဘိုးဘေးနယ်ပယ်စွမ်းအား”
အမှောင်နတ်သူငယ်မျိုးနွယ်စုမှ အမျိုးသမီးမှာ ကြယ်တစ်ပွင့်ဘိုးဘေးနယ်ပယ်
ကျွမ်းကျင်သူတစ်ယောက်ဖြစ်သည်။
“သတ်”
ထူရှာ ကသူ၏လှံအားအားအကုန်ထည့်၍ ရှေ့သို့ ထိုးသွင်းလိုက်သည်။ရုတ်ခြည်းဆိုသလို သူ၏အောက်တွင်ရှိနေသော ကန္တာပြင်မှသဲတို့မှာ ဝဲကတော့တစ်ခု၏ ဆွဲယူမှုကိုခံရပုံပေါ်ပြီး ကောင်းကင်ထဲသို့ထိုးတက်သွားသည်။
ထို့နောက် ထူရှာ ၏ မြေစွမ်းအင်အောက်တွင် ၎င်းကကြီးမားသော သဲနဂါးတစ်ကောင်အဖြစ်ဖွဲ့စည်း
သွားသည်။၎င်းအစွယ်တကားကားနှင့် ၎င်း၏လက်သည်းတို့အားဝင့်ကာ
အမှောင်အလင်းလှိုင်းထံသို့ ဦးတည်သွားဝင်ရောက်သွားသည်။
“ဝုန်း”
စွမ်းအားကြီးစွမ်းအင်နှစ်ခုဖြစ်
သောသဲနဂါးနှင့် အမှောင်အလင်းလှိုင်းတို့ မှာရုတ်ခြည်းဆိုသလို အပြင်းအထန်ပစ်ဆောင့်မိကြပြီး ကျယ်လောင်သောပေါက်ကွဲသံ
တစ်ခုကိုထွက်ပေါ်လာစေသည်။
သို့သော် အားလုံး၏မျက်လုံးများရှေ့တွင်ပင် ဧရာမသဲနဂါးကြီးက ၎င်း၏
ပါးစပ်အားဖွင့်ဟ၍ အမှောင်အလင်းလှိုင်းကိုဝါးမျိုလိုက်သည်။
သဲနဂါး၏ ဦးခေါင်းက ၎င်း၏ ကြီးမားသောကိုယ်နှင့်အတူ ရှေ့သို့ဆက်လက်ပျံသန်းလာသည်။
“ဘာဖြစ်သွားတာလဲ..
ငါတကယ်သူ့ကိုလျော့တွက်မိတာပဲ..”
မောက်မာသော အမှောင်နတ်သူငယ်အမျိုးသမီး၏ မျက်နှာပေါ်တွင် ချက်ချင်းပဲ အံ့အားသင့်သော ပုံစံတစ်ခုပေါ်လာသည်။
ထို့နော်သူမက သူမ၏ဘယ်လက်အား ရှေ့သို့တွန်းထုတ်လိုက်ပြီးယခင်က ထက်ပို၍ပြင်းထန်ပြီးစွမ်းအားကြီးသော အမှောင်အလင်းလှိုင်းက သူ၏ ဘယ်လက်ဖဝါးထံမှထွက်ပေါ်လာကာ နောက်တစ်ကြိမ်ထပ်မံ၍ သဲနဂါးထံသို့ ဦးတည်သွားသည်။
“အုန်း”
စွမ်းအားပြင်း အမှောင်အလင်းလှိုင်းတို့၏ တိုက်ခိုက်မှုအောက်တွင်
ဧရာမ သဲနဂါးကြီး၏ ဦးခေါင်းမှာ ရုတ်ခြည်းပြိုလဲသွားသည်။ထို့နောက်တွင် အမှောင်အလင်းလှိုင်းတို့၏ တိုက်ခိုက်မှုအောက်၌ ကြီးမားပြီး ရှည်လျားသော သဲနဂါး၏
ခန္ဓာကိုယ်မှာလည်း တဟုန်ထိုး ပြိုလဲပျက်စီးသွား၏။
“သတ်”
ထူရှာမှာသူ၏သဲနဂါးက ပြိုလဲပျက်စီးသွားသည်ကို တွေ့လိုက်ရသောအခါတွင် သူမျက်နှာထက်၌ တိုက်ပွဲဆာလောင်စိတ်များက
ပို၍ပို၍ဖြစ်ပေါ်လာသည်။
သူ၏မြေလှံအားရှေ့သို့ထပ်မံထိုးညွှန်ပြီး သူ၏ခန္ဓာကိုယ်က ရှေိ့သို့တစ်ဟုန်ထိုး ပျံတက်လိုက်သည်။သူ၏ မြေလှံတံကိုအသုံးပြုပြီး သူ့ထံသို့ဦးတည်လာနေသော အမှောင်အလင်းလှိုင်းတို့နှင့်
တွေ့ဆုံစေလိုက်သည်။
မျက်စိတစ်မှိတ်အတွင်း မြေလှံတံက အမှောင်အလင်းလှိုင်းတို့နှင့်
အပြင်းအထန်ပစ်ဆောင့်မိသွားသည်။
သို့သော် ပစ်ဆောင့်မိလိုက်သောအခိုက်အတန့်တွင် ထူရှာ စိတ်ပိုင်းဖြတ်ထားပြီး သတ်ချင်ဖြတ်ချင်နေသော
မျက်နှာထက်တွင် နောက်ဆုံး၌ တုန်လှုပ်အံ့အားသင့််သော အမူအယာတစ်ခုဖြစ်ပေါ်လာသည်။
ထို့နောက်သူ၏လက်အတွင်းရှိ မြေလှံတံမှာ စွမ်းအားကြီး အမှောင်အလင်း
လှိုင်းအောက်၌ ကျိုးပဲ့ပျက်စီးသွားသည်။
အမှောင်အလင်းလှိုင်းက ထူရှာ၏ ရင်ဘက်ထံသို့တိုက်ရိုက်ဦးတည်လာသည်။
သို့သော်ထို့နောက်ရုတ်ခြည်း အဖြူရောင်အလင်းတစ်ခုက ထူရှာ၏ရင်ဘက်၌လင်းလက်လာ၏။
၎င်းမှာ ထူရှာ၏ရင်ဘက်၌ဒိုင်းတစ်ခု
အနေဖြင့်ဖြစ်ပေါ်ပြီး အမှောင်အလင်းလှိုင်း၏တိုက်ခိုက်
လာမှုအားတားဆီးလိုက်သည်။
သို့သော် စွမ်းအားကြီး အမှောင်အလင်းလှိုင်း၏တိုက်ခိုက်မှုအောက်၌ ထူရှာ၏ကိုယ်မှာလည်း
နောက်သို့ တစ်ဟုန်ထိုး လွင့်ပျံသွားသည်။
“သေစမ်း..ဒီဟာကဘာလဲဟ”
အမှောင်နတ်သူငယ်အမျိုး
သမီးမှာသူမ၏တိုက်ခိုက်မှုအား အလင်းတန်းတစ်ခုကတားဆီး
သွားသည်ကိုတွေိ့လိုက်ရသောအခါတွင် သူမ၏ နှစ်လိုဖွယ်ကောင်းပြီး
လှပသောမျက်နှာထက်၌ ဒေါသထွက်သော အမူအယာတစ်ခုဖြစ်ပေါ်လာသည်။
ထို့နောက်သူမ၏ညာလက်
လက်အားဓားသဏ္ဍန်လုပ်ဆောင်လိုက်ပြီး ဟင်းလင်းပြင်ထဲသို့ထိုးညွှန်လိုက်သည်။
ရုတ်ခြည်းဆိုသလို အမှောင်နတ်သူငယ်အမျိုးသမီး၏ စွမ်းအားအောက်၌ တစ်ဟုန်ထိုးလွင့်ပျံနေသောထူရှာ၏အပေါ်တွင် အမှောင်အလင်းတို့ဖြင့်ဖွဲ့စည်းထားပုံရသော ဧရာမနက်မှောင်သောဓား
တစ်လက်ပေါ်လာသည်။၎င်းက အောက်တွင်ရှိနေသော ထူရှာအား ပြင်းပြင်းထန်ထန်ခုတ်ပိုင်းလိုက်သည်။
ထူရှာသည်လည်းသူ့အထက်တွင်
ပေါ်လာသော စွမ်းအားကြီးစွမ်းအင်တို့အား အာရုံခံမိသည်။သူကခေါင်းမော့လိုက်ပြီး သူ၏ညိုဝါရောင်မျက်နှာပေါ်တွင်ရှိနေသော မျက်လုံးတို့ ကရုတ်တရက်ပြူးကျယ်သွားသည်။ သူကတီးတိုးရေရွတ်လိုက်သည်။
“ဒီစွမ်းအားက….အရမ်း အားကောင်းတယ်”
“ဒီတော့ ဒါက ငါ့ထက်သာလွန်တဲ့စွမ်းအားမျိုးပေါ့”
ထူရှာက မြေနယ်မြေတွင်သာနေထိုင်ခဲ့သောသူဖြစ်သည်။သူသည်မြေနယ်မြေ၏ဧကရာဇ်တစ်ပါးဖြစ်ခဲ့သည်။မြေနယ်မြေတွင်ရှိသော နတ်ဆိုးသားရဲအားလုံးတို့မှာ
သူ၏သတ်ဖြတ်ခြင်းကိုခံခဲ့ရသည်။
ထို့နောက်တွင် သူ့ထက်ပို၍သန်မာအစွမ်း
ထက်သောသူအားသူရှာမတွေ့ခဲ့တော့ချေ။ယင်းမှာ ယင်ရှာနှင့်ယိုလန်တို့ပေါ်လာပြီး သူ့အား အနိုင်မယူခင်အချိန်ကာလအ
ထိပင်ဖြစ်သည်။သို့သော်ယင်ရှာ
နှင့်ယိုလန်တို့သူ့အားအနိုင်ရခဲ့ခြင်းက ၎င်းတို့အတူတကွပူးပေါင်း
တိုက်ခိုက်ကြသောကြောင့်ဖြစ်သည်။
တစ်ယောက်ချင်းခွန်အားမျိုးတွင် ထူရှာအနေဖြင့် သူ့ထက်ပို၍ သန်မာသောသူအား မတွေ့ဆုံခဲ့ရသေးပေ။
ယခုအချိန်တွင် ဧရာမ နက်မှောင်သောဓားကြီး က ဟင်းလင်းပြင်ထဲတွင်ပေါ်လာပြီး သူ့အားဖျက်ဆီးတော့မည်ကို
ထူရှာတွေ့မြင်လိုက်ရသောအခါတွင် ဆန်းကြယ်သောခံစားချက်တစ်ခုက ထူရှာ၏နှလုံးသားအတွင်းမှ ရုတ်ခြည်းဆိုသလိုထွက်ပေါ်လာသည်။
ထို့နောက်ချက်ချင်းထူရှာက
သူ၏ခေါင်းအား ကောင်းကင်ထဲသို့မော့ပြီး ကျယ်လောင်စွာဟစ်အော်လိုက်သည်။
“အား”
ဆက်ရန်………….
ဘာသာပြန်သူ-ARISE