← Chapters

လက်ထပ်ပွဲတစ်ခု စီစဉ်ပေးခြင်း 

Vol. 46 Ch. 629

လက်ထပ်ပွဲတစ်ခု စီစဉ်ပေးခြင်း 

Vol. 46 Ch. 629

ဧရာမသစ်ပင်ကြီးမှာ ဝမ်ပေါင်လဲ့၏ ညွှန်ကြားချက်များကို ရရှိလိုက်ပြီးနောက် ကျိုးမေ့အား သွားရောက်ရှာဖွေလိုက်၏။ ထို့နောက် သူသည် စိုးရိမ်တုန်လှုပ်နေသော ‌ကျိုးမေ့အား အကျိုးသင့်အကြောင်းသင့် ရှင်းပြလိုက်သည်။ သူမ၏ပုံစံမှာ အမှားတစ်ခုခု လုပ်ထားမိသော ကလေးငယ်တစ်ယောက်ကဲ့သို့ ဖြစ်နေ၏။

ဧရာမသစ်ပင်ကြီးမှာ ဝမ်ပေါင်လဲ့နှင့် ကျိုးမေ့တို့၏ကြားရှိ ဆရာတပည့်ဆက်ဆံရေးကို သိရှိထားသည်ဖြစ်ရာ သူမအား အတင်းအကြပ် ဖိအားပေးနေခြင်းမရှိပေ။ အချိန်အတော်အတန် ကြာပြီးသွားသောအခါမှ ကျိုးမေ့မှာ အသက်ပြင်းပြင်း ရှူလိုက်၏။ ထို့နောက် သူမသည် စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များ ပြည့်နှက်နေသော မျက်ဝန်းတစ်စုံဖြင့် ဝမ်ပေါင်လဲ့၏ နန်းတော်ဆီသို့ လိုက်လာရန် သဘောတူလိုက်တော့သည်။

ကျိုးမေ့မှာ နန်းတော်ထဲသို့ ရောက်ရှိလာပြီး ခန်းမကြီး၏ အဆုံးတွင်ထိုင်နေသော ဝမ်ပေါင်လဲ့အား မြင်လိုက်ရသောအခါ ပို၍ပင် စိုးထိတ်လာရတော့သည်။ ထို့နောက် သူမသည် တရိုတသေ ဦးညွှတ်ကာ ဝမ်ပေါင်လဲ့အား ဂါရဝပြုလိုက်၏။

" တပည့်ကျိုးမေ့ ကျောင်းအုပ်ကြီးကို ဂါရဝပြုပါတယ် "

ဝမ်ပေါင်လဲ့မှာ သူ၏ရှေ့တွင်ရှိနေသော မိန်းမငယ်လေးအား အကဲခတ်လိုက်၏။ ကျိုးမေ့မှာ အရွယ်ရောက်လာပြီဖြစ်သည်။ သူမ၏ ကျင့်ကြံခြင်းအဆင့်မှာ တိုးတက်လာခဲ့ပြီဖြစ်ရာ ဝမ်ပေါင်လဲ့၏ ကောင်းကင်ဝါးမျိုခြင်းပညာရပ်အား လေ့ကျင့်ခဲ့ရာမှ ရရှိခဲ့သည့် သူမ၏ သန်မာထွားကြိုင်းသော ခန္ဓာကိုယ်ကြီးမှာ သိသိသာသာ ပိန်ကျသွားပြီဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သူမသည် သူမနှင့် ကျင့်ကြံခြင်းအဆင့် အတူတူတွင်ရှိသော အခြားသူများထက် ပို၍အစွမ်းထက်သည့် အပြင်ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ထားဆဲပင်။

၎င်းမှာ ဝမ်ပေါင်လဲ့ သူတို့အား သင်ပေးခဲ့သည့် ကျင့်ကြံခြင်းပညာရပ်၏ အကျိုးကျေးဇူး ဖြစ်ပေသည်။ ကျိုးမေ့တစ်ယောက်သာ ထိုအကျိုးကျေးဇူးများကို ခံစားခဲ့ရခြင်းမဟုတ်ပေ။ ယခုတွင် ပြည်ထောင်စုကြီးထဲရှိ ဌာနအသီးသီးတွင် ရောက်နေကြပြီဖြစ်သော သူ၏ တပည့်ဟောင်းများအားလုံးမှာလည်း ထိုနည်းတူပင်။ ဝမ်ပေါင်လဲ့မှာ ယခင်တုန်းထက်ပင် ပို၍ ထင်ပေါ်ကျော်ကြားလာခဲ့သည်ဖြစ်ရာ သူ့အပေါ်ထားရှိသော သူ၏ တပည့်ဟောင်းများ၏ ရိုသေလေးစားမှုများမှာ လျော့ကျသွားခြင်း မရှိသည့်အပြင် ပို၍ပင် တိုးပွားလာ၏။

ကျိုးမေ့မှာလည်း ထိုနည်းတူပင်။ သူမသည် ဝမ်ပေါင်လဲ့အား စိတ်လှုပ်တရှားနှင့် ဂါရဝပြုလိုက်ပြီး သူ့အား ကျောင်းအုပ်ကြီးဟု ခေါ်လိုက်သဖြင့် သူ၏အတွေးထဲ၌ အမှတ်တရများစွာ ပြန်လည်ပေါ်ပေါက်လာရတော့သည်။ ထို့ကြောင့် သူသည် သက်ပြင်းချကာ သူ၏ညာဘက်လက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုအခါ နူးညံ့သိမ်မွေ့သော စွမ်းအားတစ်မျိုးမှာ ဒူးထောက်နေသည့် သူမအား ပြန်၍ ဆွဲထူပေးလိုက်၏။

" ဆရာတို့တွေ မတွေ့ရတာ နှစ်နဲ့ချီနေပြီနော်။ သမီးတောင် အရွယ်ရောက်လာပြီပဲ။ ဆရာ သတိမထားမိခဲ့တာပါ။ သမီးရဲ့ နာမည်ကိုသာ မမြင်ခဲ့ရဘူးဆိုရင် သမီး တာအိုနန်းတော်ထဲ ရောက်နေတာကိုတောင် ဆရာ သိမှာမဟုတ်ဘူး " ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် ကျိုးမေ့အား စိုက်ကြည့်ကာ သက်ပြင်းချလိုက်သည်။ သူ၏ နှလုံးသားထဲ၌ ထူးဆန်းသော ခံစားချက်ကြီးတစ်ခု ပေါ်ပေါက်လာ၏။ သူသည် အသက်မကြီးသေးပါသော်လည်း သူ၏ တပည့်ဟောင်းကို မြင်လိုက်ရသောအခါ ရုတ်တရက်ဆိုသလို အိုမင်းသွားသလို ခံစားလိုက်ရ၏။

" ငါ တကယ်ပဲ အိုနေပြီလားဟ " ဝမ်ပေါင်လဲ့မှာ မသိစိတ်မှနေ၍ သူ၏ဗိုက်အား ပုတ်မိလိုက်၏။

" ကျောင်းအုပ်ကြီးက မဟာထိပ်သီးအကြီးအကဲကြီး ဖြစ်နေတာမလို့ အုပ်ချုပ်ရေးတာဝန်တွေကြောင့် အလုပ်ရှုပ်နေရတာကို တပည့် နားလည်ပါတယ်။ အမှန်အတိုင်း ပြောရမယ်ဆိုရင် တပည့်က ကျောင်းအုပ်ကြီးကိုတွေ့ဖို့ ကိုယ့်ကိုယ်ကို ရှက်မိနေလို့ပါ " ကျိုးမေ့မှာ နှုတ်ခမ်းကိုက်ကာ တိုးတိုးလေးပြန်ပြောလိုက်၏။

ဝမ်ပေါင်လဲ့အပေါ် ထားရှိသော သူမ၏ သဘောထားမှာ ထူးခြားပေသည်။ သူတို့၏ ဆက်ဆံရေးမှာ သားအဖကဲ့သို့ ဖြစ်နေပါသော်လည်း ထိုကဲ့သို့လည်း သတ်မှတ်၍မရပေ။ သူသည် သူမအား ပညာသင်ကြားပေးခဲ့သည့် ဆရာတစ်ယောက် ဖြစ်ပေသည်။ ဝမ်ပေါင်လဲ့ကြောင့်သာ မဟုတ်ပါက သူမသည် ယခုအဆင့်အထိ ရောက်လာခဲ့မည်မဟုတ်ဘဲ ယခင်တုန်းကအတိုင်း အားအင်ချိနဲ့ကာ တွန့်ဆုတ်နေဦးမည်သာ ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ သူမနှင့် သူမ၏အတန်းဖော်များ၏ ကံကြမ္မာများကို ပြောင်းလဲပေးခဲ့သည် မဟုတ်ပါလော။

ဝမ်ပေါင်လဲ့မှာ သူတို့အား မိမိကိုယ်မိမိ ယုံကြည်မှုရှိရန်နှင့် စည်းလုံးညီညွှတ်မှု၏ စွမ်းအားကို သင်ကြားပေးခဲ့၏။ သူတို့မှာ သူတို့ကိုယ်သူတို့ ဝမ်ပေါင်လဲ့၏ တပည့်ဟောင်းများအဖြစ် သတ်မှတ်ခဲ့ကြပြီး ပြည်ထောင်စုကြီးထဲရှိဌာနအသီးသီးတွင် အဖွဲ့စည်းအသစ်တစ်ခုအား တည်ထောင်ထားကြသည်။

ထိုအဖွဲ့အစည်းမှာ မကြာသေးမီကမှ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပါသော်လည်း သူတို့ ရာထူးအမြင့်ပိုင်းသို့ ရောက်လာသည့်အချိန်တွင် ၎င်း၏ အရှိန်အဝါမှာလည်း ကြီးထွားလာမည်ဖြစ်သည်။

သူတို့၏ ဂိုဏ်းတူအစ်ကိုအစ်မများမှာလည်း ပြည်ထောင်စုကြီးထဲတွင် အခြေကျနေကြပြီးသား ဖြစ်ပေသည်။

ထို့ကြောင့်လည်း ကျိုးမေ့မှာ မြူခိုးတာအိုကျောင်းမှ ဘွဲ့ရခဲ့ပြီးနောက် ကောင်းကင်တာအိုကျောင်းသို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။ သို့သော် ကံကြမ္မာဆိုသည့်အရာမှာ ထူးဆန်းလွန်းလှပေသည်။ သူမသည် တစ်ရက်ရက်တွင် သူမ၏ ဂိုဏ်းတူအစ်ကိုလည်း ဖြစ်သလို ရန်သူဟောင်းလည်း ဖြစ်ခဲ့ဖူးသည့် လီဝူချန်းနှင့် မေတ္တာမျှမိသွားလိမ့်မည်ဟု လုံးဝထင်မှတ်မထားခဲ့ပေ။

ထို့ကြောင့်လည်း သူမသည် ဝမ်ပေါင်လဲ့အား လာတွေ့ရန် သူမကိုယ်သူမ ရှက်ရွံ့နေခြင်း ဖြစ်ပေသည်။

ဝမ်ပေါင်လဲ့မှာမူ ကျိုးမေ့အား အဓိပ္ပါယ်ပါပါ စိုက်ကြည့်နေလိုက်၏။ သူသည် လီဝူချန်းအကြောင်း ချက်ချင်းထုတ်ပြောခဲ့ခြင်းမရှိဘဲ ကျိုးမေ့အား အခြားတပည့်များ၏ အခြေအနေကို မေးမြန်းလိုက်သည်။ ထို့ကြောင့် ကျိုးမေ့မှာ တဖြည်းဖြည်းနှင့် စိတ်အေးလာရပြီး စိုးထိတ်နေခြင်းမရှိတော့ပေ။ ထိုအခါမှသာ ဝမ်ပေါင်လဲ့မှာ ပြုံးကာ ကြင်နာမှုအပြည့်ရှိသော လေသံဖြင့် မေးလိုက်၏။

" ကျိုးမေ့။ သမီးနဲ့ လီဝူချန်းရဲ့ကြားက ဆက်ဆံရေးက... " ဝမ်ပေါင်လဲ့မှာ စကားဆုံးအောင် မပြောဘဲ ကျိုးမေ့အား တည်ကြည်မှုအပြည့်ဖြင့် စိုက်ကြည့်နေလိုက်၏။

ထိုအခါ ကျိုးမေ့မှာ ချက်ချင်းဆိုသလိုပင် စိုးရိမ်တုန်လှုပ်သွားရတော့သည်။ ထို့ကြောင့် သူမသည် ကတုန်ကယင်ဖြစ်နေသော လေသံဖြင့် အထစ်ထစ်အငေါ့ငေါ့ ပြန်ပြောလိုက်၏။

" ကျောင်းအုပ်ကြီး။ သမီးလေ... အဲဒီကိစ္စက... "

ဝမ်ပေါင်လဲ့မှာ ကျိုးမေ့တစ်ယောက် စိုးရိမ်တုန်လှုပ်ကာ စကားများ အထစ်ထစ်အငေါ့ငေါ့ ဖြစ်သွားရသည်ကို မြင်လိုက်ရသောအခါ မျက်စိမျက်နှာပျက်သွား၏။ ထို့နောက် သူသည် အဆိုးဆုံးကို တွေးထားလိုက်ပြီး မေးလိုက်သည်။

" သမီး ကောင်းကင်တာအိုကျောင်းထဲမှာ ရှိနေတုန်းက လီဝူချန်းက သမီးကို အခက်တွေ့အောင် လုပ်ခဲ့တာလား။ သူ မဖွယ်မရာ လုပ်ရပ်တွေကို လုပ်ခဲ့သေးလား။ အဲလိုပဲ ဖြစ်ရမယ်။ ဒီ လီဝူချန်းဆိုတဲ့ ကောင်ကတော့ကွာ။ အတင့်ရဲလှပါလားကွ " ဝမ်ပေါင်လဲ့မှာ သူ၏ထိုင်ခုံလက်ရန်းအား လက်ဝါးဖြင့်ရိုက်ကာ ကြောက်မက်ဖွယ်ရာ အငွေ့အသက်တစ်ခုကို ထုတ်လွှတ်လိုက်ပြီး ထောင့်တစ်နေရာတွင် ရပ်နေသော ဧရာမသစ်ပင်ကြီးအား လှမ်းအော်ပြောလိုက်၏။

" တာအိုရောင်းရင်း အမြဲစိမ်းသစ်ပင်ကြီး။ လီဝူချန်းကို သွားခေါ်လိုက် "

" အဲလို မဟုတ်ပါဘူး " ဧရာမသစ်ပင်ကြီး စကားတစ်ခွန်းမှ ပြန်မပြောနိုင်ခင်မှာပင် ကျိုးမေ့မှာ မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်သွားကာ ရှေ့သို့ အလောတကြီး လှမ်းလာပြီးနောက် ဆိုလိုက်၏။ သူမသည် မျက်ရည်များဝဲနေပြီး သူမ၏မျက်နှာပေါ်တွင် စိုးရိမ်စိတ်များနှင့် ကြောက်စိတ်များ ဖုံးလွှမ်းနေတော့သည်။ သို့ဖြစ်ရာ သူမသည် စိုးရိမ်တကြီးဖြစ်နေကြောင်း သိသာထင်ရှားပေသည်။ ဝမ်ပေါင်လဲ့မှာလည်း ထိုအခြင်းအရာအား မြင်လိုက်ရသဖြင့် သက်ပြင်းချကာ သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး ဧရာမသစ်ပင်ကြီးအား တားလိုက်၏။ ထို့နောက် သူသည် သူ၏နဖူးကိုပွတ်ရင်း ခေါင်းငုံ့နေသည့် ကျိုးမေ့အား စိုက်ကြည့်နေလိုက်တော့သည်။ အချိန်အတော်အတန်ကြာပြီးနောက် ဝမ်ပေါင်လဲ့မှာ စကားထပ်ပြောလိုက်၏။

" ကျိုးမေ့။ ဆရာ့ကို အမှန်အတိုင်းပြော။ သမီး လီဝူချန်းနဲ့ တကယ် မေတ္တာမျှနေတာလား။ သူ့ရဲ့ တာအိုလက်တွဲဖော် ဖြစ်ချင်တာ တကယ်သေချာလား "

" အမှန်တရားကိုဖုံးကွယ်ဖို့ မကြိုးစားနဲ့နော်။ ဟုတ်ရင်ဟုတ်တယ်၊ မဟုတ်ရင် မဟုတ်ဘူးပြော " ဝမ်ပေါင်လဲ့၏ စကားသံမှာ တင်းမာခက်ထန်နေခြင်း မရှိတော့ပေ။ သူသည် မြူခိုးတာအိုကျောင်း၏ ကျောင်းအုပ်ကြီးအဖြစ်သို့ ပြန်ရောက်သွားသကဲ့သို့ပင်။

ကျိုးမေ့မှာမူ မျက်နှာတစ်ခုလုံး နီးမြန်းသွားပြီး ခေါင်းငုံ့ကာ တွေးတောနေလိုက်၏။ ထို့နောက် သူမသည် အားမပါသည့် လေသံဖြင့် ပြန်ဖြေလိုက်တော့သည်။

" ဟုတ်ပါတယ် "

ထိုအခါ ဝမ်ပေါင်လဲ့မှာ ငြိမ်ကျသွားပြီးနောက် ခေါင်းယမ်းကာ ပြုံးလိုက်၏။ သူတို့နှစ်ယောက်စလုံးမှာ အပြန်အလှန် မေတ္တာမျှနေကြသည်ဖြစ်ရာ သူ့ဘက်မှ သူတို့အား ဆက်၍ စောင့်ကြည့်နေစရာမလိုတော့ပေ။ အနာဂတ်တွင် သူတို့နှစ်ယောက်မှာ လက်တွဲဖော်များအဖြစ်သို့ ရောက်ရှိသွားမည်သာ ဖြစ်သည်။

သူ၏ ကြားဝင်စွက်ဖက်မှုကြောင့် သူတို့နှစ်ယောက်၏ ဆက်ဆံရေးမှာ တရားဝင်ဖြစ်သွားမည်သာ ဖြစ်သည်။ လီဝူချန်းမှာ တာအိုဂိုဏ်းသားတစ်ယောက်ဖြစ်ရာ ပြည်ထောင်စုကြီးထဲမှ တစ်စုံတစ်ယောက်နှင့် တာအိုလက်တွဲဖော်များ ဖြစ်သွားမည်ဆိုလျှင် ပြည်ထောင်စုကြီးနှင့် တာအိုနန်းတော်တို့၏ မဟာမိတ်ဆက်ဆံရေးမှာ ပို၍ပင် အားကောင်းလာမှာ အမှန်ပင်။

ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ ကျိုးမေ့အား တစ်ခဏမျှထပ်၍ အကဲခတ်လိုက်ပြီးနောက် သူမသည် လီဝူချန်းအပေါ် အမှန်တကယ် မေတ္တာရှိနေသည်ဖြစ်ကြောင်း ကောက်ချက်ချလိုက်တော့သည်။ ထို့ကြောင့် သူသည် ဆုံးဖြတ်ချက်ချလိုက်ပြီး ရုတ်တရက် ဆိုလိုက်၏ " တာအိုရောင်းရင်း အမြဲစိမ်းသစ်ပင်ကြီး။ ကျေးဇူးပြုပြီးတော့ လီဝူချန်းကို သွားခေါ်လိုက်ပါ "

ကျိုးမေ့မှာ စိုးရိမ်နေသည့်ပုံ ပေါက်နေဆဲ ဖြစ်ပါသော်လည်း ဝမ်ပေါင်လဲ့၏ နူးညံ့သိမ်မွေ့သောလေသံ‌ကြောင့် စိတ်အေးသွားရ၏။ သူမသည် ခေါင်းဆက်ငုံ့ထားကာ စကားတစ်ခွန်းမှမပြောဘဲ မလှုပ်မယှက်‌ ရပ်နေရင်း ရင်ခုန်နှုန်းများ မြန်ဆန်လာရတော့သည်။ သူမသည် လိမ္မာပါးနပ်သော အမျိုးသမီးတစ်ယောက်ဖြစ်ရာ သူမ၏ ကျောင်းအုပ်ကြီး ကြံစည်နေသည့် အရာများကို နားလည်သဘောပေါက်ပေသည်။

ဝမ်ပေါင်လဲ့မှာ ယခုမှ ပထမဆုံးအကြိမ်အဖြစ် အောင်သွယ်ပေးဖူးသည်ဖြစ်ရာ စိတ်လှုပ်ရှားနေ၏။ သူသည် ပြုံးကာ ကျိုးမေ့အား စနောက်ကျီစယ်နေလိုက်ပြီးနောက် ကျင့်သိုကျစ်အကြောင်း မေးမြန်းလိုက်တော့သည်။ ထိုအခါ ကျင့်သိုကျစ်မှာ ကျောင်းမှဘွဲ့ရပြီးနောက် လသုံးစင်းမဟာမိတ်အဖွဲ့သို့ ပြန်သွားခဲ့ခြင်းမရှိဘဲ လပေါ်ရှိ စစ်တပ်ထဲသို့ ဝင်ရောက်သွားခဲ့သည်ဖြစ်ကြောင်း ကြားသိလိုက်ရသဖြင့် သူသည် အံ့အားသင့်သွားရ၏။

ထိုသို့ဖြင့် သူတို့နှစ်ယောက် စကားစမြည်ပြောနေကြစဉ်တွင် အလုပ်ကြိုးစားသော ဧရာမသစ်ပင်ကြီးမှာ လီဝူချန်းအား ဝမ်ပေါင်လဲ့၏ နန်းတော်ဆီသို့ ခေါ်ဆောင်လာတော့သည်။ လီဝူချန်းမှာ မသွားချင်ပါသော်လည်း ဧရာမသစ်ပင်ကြီးမှာ ကျိုးမေ့လည်း ရှိနေသည်ဖြစ်ကြောင်း အသိပေးခဲ့သဖြင့် လီဝူချန်းမှာ စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းချကာ ဧရာမသစ်ပင်ကြီး၏ နောက်မှ လိုက်လာရတော့သည်။

သူသည် ခန်းမကြီးထဲသို့ ရောက်ရှိသွားသည့်နှင့် ခန်းမအဆုံးတွင် ထိုင်ရင်း ကျိုးမေ့နှင့် စကားပြောနေသည့် ဝမ်ပေါင်လဲ့အား မြင်လိုက်ရ၏။ ထိုမြင်ကွင်းကြောင့် သူ၏နှလုံးသားထဲ၌ ခံစားချက်မျိုးစုံ ပေါ်ပေါက်လာရတော့သည်။ ကျိုးမေ့မှာ ဝမ်ပေါင်လဲ့၏ တပည့်ဖြစ်ကြောင်းကို သူက သိထားသဖြင့် သူတို့နှစ်ယောက်၏ ကြားမှ ဆက်ဆံရေးကိုလည်း ဝမ်ပေါင်လဲ့ မသိအောင် ဖုံးကွယ်ထားနိုင်လိမ့်မည်မဟုတ်ကြောင်း သူက နားလည်ထားသည်။

ထိုအချိန်တွင် လီဝူချန်းမှာ သူတို့၏အတိတ်မှ ပဋိပက္ခများကို ပြန်၍သတိရသွားသောအခါ စိုးရိမ်တုန်လှုပ်သွားရသည်။ လီဝူချန်း ခန်းမထဲသို့ ဝင်လာပြီးနောက် ဂါရဝမပြုနိုင်ခင်မှာပင် ဝမ်ပေါင်လဲ့မှာ ချက်ချင်းဆိုသလိုပင် မျက်နှာအမူအရာအေးစက်သွားပြီး တည်ကြည်စွာ ဆိုလိုက်၏ " လီဝူချန်း။ မင်းနဲ့ ကျိုးမေ့ကြားက ဆက်ဆံရေးကို ဒီနေ့ပဲ အဆုံးသတ်လိုက်တော့။ မင်း ငါ့တပည့်ကို ထပ်ပြီးတော့ မနှောင့်ယှက်ပါနဲ့။ နှောင့်ယှက်မယ်ဆိုရင် ငါ မင်းကို သတ်ရလိမ့်မယ် " ဝမ်ပေါင်လဲ့ ထိုသို့ဆိုလိုက်သည်နှင့် ကျိုးမေ့မှာ တုန်လှုပ်ချောက်ချားသွားရ၏။

" ကျောင်းအုပ်ကြီး... "

လီဝူချန်းမှာလည်း ကြက်သေသေသွားကာ အသက်ရှူသံများ လေးလံလာပြီး မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်သွားရတော့သည်။ ထို့နောက် သူသည် ကျိုးမေ့၏ မျက်နှာအမူအရာအား မြင်လိုက်ရပြီး သူမ ပြောလိုသည့်စကားကို ကြားလိုက်ရသောအခါ ရုတ်တရက်ဆိုသလို အားအင်များပြည့်ဖြိုးလာသလို ခံစားလိုက်ရ၏။ ထို့ကြောင့် သူသည် နှလုံးသားထဲ၌ ခံစားနေ‌ရသည့် စိုးရိမ်တုန်လှုပ်မှုများကို လျစ်လျူရှုလိုက်ပြီး စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များ တောက်ပကာ ရန်လိုသောမျက်ဝန်းများဖြင့် ရှေ့သို့ လှမ်းလာတော့သည်။

" အကြီးအကဲဝမ်။ ဒါ ကျိုးမေ့နဲ့ ကျွန်တော့်ရဲ့ကြားက ဆက်ဆံရေးပါ။ အကြီးအကဲက သူ့ရဲ့ဆရာ ဖြစ်ခဲ့ဖူးပေမယ့် ကျွန်တော်တို့နှစ်ယောက်ကြားက ဆက်ဆံရေးကို ဝင်စွက်ဖက်ခွင့် မရှိ.... "

" မင်း တစ်နှစ်အတွင်း အမြုတေထိပ်ဆုံးအဆင့်ကို ရောက်စေရမယ်လို့ ငါ အာမခံပေးနိုင်တယ်။ ပြီးရင် မင်း ယွမ်ယင်အဆင့်ကိုပါ ဖောက်ထွက်နိုင်အောင်လို့ ယွမ်ယင်ပညာရပ်အဆောင်ကို အသုံးပြုခွင့် ပေးဦးမှာ "

" ဒါပေမဲ့ မင်း ငါ့ရဲ့ကမ်းလှမ်းချက်ကို သဘောမတူဘူးဆိုရင် မင်းက တာအိုနန်းတော်က ဖြစ်နေရင်တောင် ငါက မင်းကို ဒုက္ခပေးလို့ရတယ်နော်။ မင်း ဓားကိုယ်ထည်ပိုင်းထဲမှာ သေသွားစေရမယ်။ လီဝူချန်း။ မင်းဘာလုပ်ရမလဲဆိုတာ သိပါတယ်။ သေချာစဉ်းစားပြီးတော့ အဖြေပေးစမ်း " ဝမ်ပေါင်လဲ့၏ အေးစက်စက်စကားသံကြီးမှာ ခန်းမထဲ၌ ပဲ့တင်ထပ်သွားသဖြင့် နန်းတော်ကြီးတစ်ခုလုံးမှာ ဖိအားတစ်ခုအောက်သို့ ကျရောက်သွားသည့်အလား ဖြစ်သွား၏။ ထို့နောက် သူသည် ညာဘက်လက်ကိုမြှောက်၍ ကျိုးမေ့အား လက်ညှိုးထိုးလိုက်သောအခါ မန္တန်တစ်ခု အသက်ဝင်လာသဖြင့် သူမ၏ ပါးစပ်မှာ ပိတ်သွားတော့သည်။ ထို့ကြောင့် သူမသည် စကားတစ်ခွန်းမှ မပြောနိုင်တော့ဘဲ စိုးရိမ်နေရုံမှတစ်ပါး အခြားမတတ်နိုင်တော့ပေ။

လီဝူချန်း၏ မျက်နှာမှာလည်း ပို၍ ဖြူဆုပ်လာပြီး သူ၏မျက်ဝန်းထဲမှ ဒေါသစိတ်များမှာလည်း ပို၍အားကောင်းလာ၏။ နောက်ဆုံးတွင် သူသည် ဝမ်ပေါင်လဲ့အား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေလိုက်ပြီးနောက် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ ပြန်ဖြေလိုက်တော့သည်။

" ဝမ်ပေါင်လဲ့။ ငါ... သဘောမတူဘူးကွာ "

ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်လုံးများ ပင့်မိသွားတော့သည်။ သူသည် ပြဇာတ်တစ်ခု ရိုက်နေသကဲ့သို့ပင် ခံစားနေရ၏။ သို့သော်လည်း တခြားရွေးချယ်စရာမရှိပေ။ ပြည်ထောင်စုကြီးထဲ၌ သူကြည့်ဖူးခဲ့သည့် ပြဇာတ်များအားလုံးမှာ ထိုကဲ့သို့ ဖြစ်နေသည် မဟုတ်ပါလော။ သူသည် လီဝူချန်း၏ အဖြေအား ကြားလိုက်ရသောအခါ သူ့အား သေသေချာချာ အကဲခတ်လိုက်ပြီးနောက် ဆုံးဖြတ်ချက်ချလိုက်၏။ ထို့နောက် သူသည် သူ၏ထိုင်ခုံလက်ရန်းအား လက်ဖြင့်ရိုက်ကာ မတ်တတ်ထလာပြီး ဩဇာညောင်းသည့်လေသံဖြင့် ဆိုလိုက်တော့သည်။

" သဘောမတူဘူး ဟုတ်လား။ အေး။ အဲတာဆိုလည်း ငါ မင်းတို့နှစ်ယောက်ကိုယ်စား ဆုံးဖြတ်ချက်ချပေးရတာပေါ့။ မင်းတို့နှစ်ယောက်ရဲ့ ထိမ်းမြားလက်ထပ်ပွဲကို ဒီနန်းတော်ထဲမှာပဲ ကျင်းပပေးမယ်။ မင်းတို့‌‌တွေ သေတူရှင်မကွာ တာအိုလက်တွဲဖော်တွေ ဖြစ်သွားစေရမယ် "

" လီဝူချန်း။ မင်း သဘောတူလား "

All Chapters