← Chapters

အပိုင်း(၃၈၅)

Vol. 26 Ch. 385

အပိုင်း(၃၈၅)

Vol. 26 Ch. 385

“ယား”

ထူရှာမှာ ကျဆင်းလာနေသော နက်မှောင်သည့်ဓားအားကြည့်လိုက်ပြီး ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

ထို့နောက်တွင်မြေဝါရောင်  အလင်းတစ်ခုက သူ၏ကိုယ်ပေါ်တွင်လင်းလက်လာသည်။

၎င်းမှာ မြေဓာတ်အခြေပြု ယင်အလောင်းကောင်း၏ အဆင့်တက်သောအလင်းပင်ဖြစ်၏။

ရှစ်ဖုန့်မှာ ကောင်းကင်ထဲမှ နက်မှောင်သောဓားအား ထူရှာအတွက်ကူညီတားဆီးပေး

လိုသော်လည်း  ထူရှာ၏အရှိန်အဝါက ပြင်းပြင်းထန်ထန်ကို ပြောင်းလဲသွားသည်။ရှစ်ဖုန့်က မြေဝါရောင်ပုံရိပ်အားကြည့်၍ သွားပေါ်အောင်ပြုံးလိုက်သည်။

သူကတီးတိုးရေရွတ်လိုက်သည်။

“ငါအဲ့လိုလုပ်ပေးဖို့ မလိုတဲ့ပုံပဲ”

ထူရှာက ဟစ်အော်လိုက်သကဲ့သို့ ထူရှာ၏ မမြင်နိုင်သော မြေစွမ်းအားအောက်တွင်  ရုတ်တရက် ဖုန်နှုင့်သဲတို့မှာ ထူရှာ အား ဗဟိုပြု၍ ကောင်းကင်ထဲသို့ထိုး တက်သွားသည်။ယင်းမှာ ဤကြီးမာသောဧရိယာအတွင်း

ပြင်းထန်သော လေဆင်နှာမောင်းတစ်ခုဖြစ်လာ

သကဲ့သို့ပင်ဖြစ်သည်။

ထို့နောက်တွင်ကောင်းကင်ထဲရှိ သဲမှုန်တိုင်းအတွင်းမှ သဲမှုန်များမှာ  အသက်ဝင်လာပုံရပြီးစတင်၍ စုစည်းလာသည်။မျက်စိတစ်မှိတ်အတွင်း ၎င်းတို့က ဟင်းလင်းပြင်ထဲတွင်ရှိနေသော တစ်ခုကဲ့သို့ကြီးမားသော ဧရာမသဲဓားကြီးတစ်ခုအဖြစ် စုစည်းသွားသည်။ပြင်းထန်သော

သဲမှုန်တိုင်းနှင့် ကြမ်းတမ်းသော

တစပြင်တို့မှာ မကြာခင်တွင် ငြိမ်ကျသွားသည်။ဖြစ်ပေါ်လာသော ဧရာမသဲဓားကြီးနှင့်  ကျဆင်းလာသောစွမ်းအားကြီး ဧရာမနက်မှောင်သောဓားတို့သာ

ကျန်ရစ်နေခဲ့သည်။

အလွန်ကြီးမားသော အမှောင်ထု ဓားကြီးက အောက်သို့ ခုတ်ပိုင်းကျဆင်းလာပြီး အလွန်ကြီးမားသော သဲဓားကြီးက

အပေါ်သို့ လှန်၍ခုတ်လိုက်သည်။

ထို့နောက် မြွေလူသားမျိုးနွယ်စုဝင်များနှင့် အမှောင်နတ်သူငယ်များ၏ အကြည့်များရှေ့မှောက်တွင်ပင်  ဧရာမဓားကြီးနှစ်စင်းကတစ်ခုနှင့်တစ်ခု အပြင်းအထန်ပစ်ဆောင့်သွားသည်။

“အုန်း”

စွမ်းအားကြီးမားသောစွမ်းအင်နှစ်ခု၏ တိုက်ဆောင့်မိမှုက ကောင်းကင်ထဲတွင် မိုးချုန်းသံကဲ့သို့သာ ပေါက်ကွဲသံကြီးဖြစ်ပေါ်သွားစေသည်။ ယင်းမှာကောင်းကင်ပြင်က ကွဲပြိုတော့မည့်သကဲ့သို့ပင်ဖြစ်သည်။

သို့သော်မကြာခင်တွင် ဧရာမအ

မှောင်ထုဓားကြီး က  နက်မှောင်သော ဖန်သားဖြင့်ပြုလုပ်ထားသကဲ့သို့ ဧရာမသဲဓားကြီး၏ တိုက်ခိုက်မှုအောက်၌ တစ်စစီကွဲကြေသွားသည်ကို လူတိုင်းမြင်တွေ့လိုက်ကြရသည်။

ကွဲကြေသွားသောအနက်ရောင်အလင်းတို့က  ကောင်းကင်ထဲတွင််လျှင်မြန်စွာ

ပျောက်ကွယ်သွားသည်။

“ဒါ..ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ….

ငါ့ရဲ့စွမ်းအားအပြည့်တိုက်ခိုက်မှုက

ဒီနိမ့်ကျပြီး ရုပ်ဆိုးတဲ့လူသားကြောင

ကွဲကြေသွားတယ်..”

သိပ်မဝေးလှသောနေရာတွင်ရှိနေသည့်  အမှောင်နတ်သူငယ်အမျိုးသမီးမှာ  သူမ၏ခေါင်းကိုမော့၍  ကောင်းကင်ထဲရှိမြင်ကွင်းအား  မယုံကြည်နိုင်မှုများဖြင့်ကြည့််နေသည်။

ဧရာမသဲဓားကြီး၏အောက်တွင်ရှိနေသောထူရှာမှာ သူ၏မျက်နှာပေါ်၌ စိတ်ပိုင်းဖြစ်ထားမှုတို့ဖြစ်ပေါ်နေသည်။

သူကလက်ထဲတွင်မြေသားလှံတံတစ်ခုကို ဖွဲ့စည်းလိုက်ပြီး ရှေ့သို့ထိုးသွင်းလိုက်သည်။သူက

အော်ဟစ်လိုက်သည်။

“သတ်”

ထူရှာက သတ်ဟု အော်ဟစ်လိုက်သကဲ့သို့ ကောင်းကင်ထဲတွင်ရှိနေသာ ဧရာမသဲဓားကြီးကလည်း မယုံကြည်နိုင်မှုများပြည့်နှက်နေဆဲဖြစ်သော အမှောင်နတ်သူငယ်အမျိုးသမီးထံသို့ ခုတ်ပိုင်းကျဆင်းလာသည်။

“မဟုတ်ဖူး…ဂုဏ်ကျတ်သ

ရေရှိမြင့်မြတ်တဲ့ငါက   ဘယ်လိုလုပ်ပြီးတော့နိမ့်ကျတဲ့ဒီ

လူသားကိုရှုံးနိမ့်နိုင်မှာလဲ”

ခုတ်ပိုင်းကျဆင်းလာသော သဲဓားကြီးအားကြည့်၍  အမှောင်နတ်သူငယ်အမျိုးသမီး

၏မျက်နှာမှာ  ရုတ်ခြည်း လေးနက်မှုအဖြစ်ပြောင်းလဲသွားသည်။

သူမက သူ၏လက်အားသူမခေါင်းထက်သို့ ဒေါင်လိုက်အနေအထားမြှောက်လိုက်ပြီး သူမ၏ကိုယ်အတွင်းရှိစွမ်းအား

အားလုံးကိုစုစည်းလိုက်သည်။ အားကောင်းသော အမှောင်အလင်းလှိုင်းတစ်ခုက သူမ၏လက်ဖဝါးမှထပ်မံ၍ထွက်လာပြီး  ဟင်းလင်းပြင်ထဲမှ ခုတ်ပိုင်းကျဆင်းလာသော   ဧရာမသဲဓားကြီးအားထိမှန်သွားသည်။

“အန်း မေဂျီယာ ပြန်ဆုတ်စမ်း… မင်းက  ငါတို့အမှောင်နတ်သူငယ်တွေကို အရှက်ခွဲနေတာပဲ.. “

ဤအချိန်တွင် ငယ်ရွယ်ပြီးအေးစက်သောကြိမ်း

မောင်းသံတစ်ခုက  အမှောင်နတ်သူငယ်များထံ

မှထွက်ပေါ်လာသည်။ ထို့နောက်ဘုရင်မ အက်ရှလေ၏ဘေးတွင် ဝင့်ကြွားစွာရပ်နေသောပုံရိပ်တစ်ခုက ရွှတ်ခနဲပျံသန်းထွက်လာသည်။ မျက်စိတစ်မှိတ်အတွင်းသူက အန်းမေဂျီယာ ၏အထက်တွင်ရောက်ရှိလာ၏။ သူ၏ဘယ်လက်ကိုဆန့်ထုတ်ပြီး အန်းမေဂျီယာ၏ အမှောင်အလင်းလှိုင်းကိုတားဆီးလိုက်ကာ  သူ၏ညက်အားဓားလောက်ချောင်း

အသွင်ပြုလုပ်၍ ခုတ်ပိုင်းကျဆင်းလာသော  ဧရာမသဲဓားကြီးထံသို့ထိုးညွှန်လိုက်သည်။

“ဘန်း”

နက်မှောင်သောပုံရိပ်က  ဧရာမသဲဓားကြီးနှင့်ယှဉ်လိုက်လျှင်  နှိုင်းယှဉ်၍မရအောင်သေးငယ်သည်ဖြစ်သည်။ သို့သော် သူ၏လက်ချောင်းအောက်တွင်  ဧရာမသဲဓားကြီးက ရုတ်ချည်း

ပြိုလဲကျသွားကာ သဲပွင့်များအဖြစ်ပြောင်းလဲသွား

ပြီးကန္တာရထဲသို့ကျဆင်းသွားသည်။

ယင်းမှာ ကောင်းကင်ထဲမှသဲမိုးတစ်ခုရွာ

သွန်းသကဲ့သို့ပင်ဖြစ်သည်။

ကောင်းကင်ထဲတွင်သဲများ

ဖြင့်ပြည့်နှက်နေသည်။

ထို့နောက်သဲများကျဆင်းပြီးသွားသောအခါ  အမှောင်နတ်သူငယ်အမျိုး

သမီး၏အထက်၌ လွင့်မျောနေသောပုံရိပ်အားမြွေလူသားများ  ဖြည်းဖြည်းချင်းမြင်နိုင်လာကြသည်။

၎င်းမှာ ငယ်ရွယ်ပြီး  အနုစိတ်လက်ရောက်မြောက်မှု

နှင့်တူညီသော ခရမ်းနက်ရောင်မျက်နှာတစ်ခုဖြစ်သည်။ ၎င်းမှာအနည်းငယ်ရင့်ကျတ်မှု

မရှိသေးသောမျက်နှာဖြစ်သည်။

“သူပဲ”

ရှစ်ဖုန့်နှင့်မဝေးသောနေရာမှ မိန်းမငယ်လေး၏အံ့အားသင့်

သောအသံထွက်ပေါ်လာသည်။ ထိုအသံမှာဇီယာဆီမှလာခြင်းဖြစ်

သည်ကိုရှစ်ဖုန့်ပြောနိုင်၏။

ဇီယာမှာ အတောင်ပံသဲကင်းမြှီးကောက်တစ်ကောင်၏ ကျောပေါ်တွင်ရပ်နေပြီးအကွာ

အဝေးတစ်ခုအတွင်းရှိနေသော   အနက်ရောင်ပုံရိပ်အား စိတ်ရှုပ်ထွေးသော အမူအယာများဖြင့်ကြည့်နေသည်။

ထိုနေ့က သူမက သေခါနီးလူတစ်ယောက်ကိုကယ်

တင်ခဲ့သော်လည်း သူမက သူမ၏မျိုးနွယ်ဝင်များအတွက် ကပ်ဘေးဒုက္ခတစ်ခုအား ကယ်တင်ခြင်းဖြစ်ခဲ့သည်။

ဤအချိန်ကာလအတောအတွင်း  ဇီယာမှာသူမကိုယ်သူမသာ အပြစ်တင်နေခဲ့သည််။

အကယ်၍ သူမတွင်သာ ကျိလီမြွေနတ်ဘုရား၏ကိုယ်ပွားဖြစ််သော ခရမ်းရောင်မြွေခန္ဓာနှင့် သူမ

မျိုးနွယ်စုဝင်တို့၏ မျှော်လင့်ချက်တို့ရှိမနေခဲ့လျှင်

ဇီယာအနေဖြင့် မျိုးနွယ်စုဝင်များအတွက်အလို့ငှာ

သူမကိုယ်သူမ စတေးခံလိမ့်မည်ဖြစ်သည်။ အရင်ဆုံးသူမအနေဖြင့်ဘာကိုမှ

အများကြီးစဉ်းစားနေမည်မဟုတ်ဘဲ သူမ၏ ဝမ်းနည်းဖွယ်ကောင်းသော ကံတရားအားလက်သင့်ခံ

လိမ့်မည်သာဖြစ်သည်။

နောက်ပိုင်းတွင် နတ်ဆရာမကြီးခါလဲ့က သူမအားလာရှာခဲ့ပြီး သူမ၏ကိုယ်အတွင်းတွင်ခရမ်း

ရောင်မြွေခန္ဓာအားဆီးလ်ခတ်ထားခြင်းကြောင့် မြွေလူသားများက သူမအား အမှောင်နတ်သူငယ်မျိုးနွယ်စုထံသို့ လွှဲမပေးနိုင်ကြောင်းကိုပြောခဲ့သည်။သူမက မြွေလူသားများ၏ မျှော်လင့်ချက်ကို သယ်ဆောင်ထား၏။ မြွေလူသားများက သူမ၏ကိုယ်အတွင်းမှ  ခရမ်းရောင်မြွေခန္ဓာစွမ်းအားကို အသက်သွင်းနိုးထစေပြီး အမှောင်နတ်သူငယ်များအား

သေသည်အထိတိုက်ခိုက်ရန်  စီစဉ်ခဲ့ကြသည်။

နတ်ဆရာမကြီးခါလဲ့၏သတိပေးမှုအားကြားပြီးသည့်နောက် ဇီယာမှာသူမကိုသူမ ပိုမို၍ အပြစ်တင်ခဲ့သည်။ သဲကန္တာရအတွင်းကြီးပြင်း

လာခဲ့သောသူမအဖို့  အမှောင်နတ်သူငယ်များက မည်မျှစွမ်းအားကြီးပြီး နိုင်လိုမင်းထက်ပြုမူတတ်ကြောင်းကို  ပင်ကိုအရပင်အသိဆုံးဖြစ်သည်။အကယ်၍ မြွေလူသားများကသာ

အမှောင်နတ်သူငယ်များ ဆန့်ကျင်ဖို့ဆန္ဒရှိပြီး အမှောင်နတ်သူငယ်များအား တိုက်ခိုက်ချင်ခဲ့လျှင်  အကယ်၍သူမက ခရမ်းရောင်မြွေခန္ဓာစွမ်းအားတို့အား နိုးထစေနိုင်ခဲ့လျှင်တောင်  ယင်းက ဘေးအန္တရာယ်များနေသေးဆဲဖြစ်သည်။ ဇီယာမှာသူမကိုယ်တိုင်၏  ဘေးအန္တရာယ်များကိုထည့်မတွေးသော်လည်း  အကယ်၍ သူမတို့သာတိုက်ပွဲရှုံးနိမ့်ခဲ့လျှင် မြွေလူသားမျိုးနွယ်စုတစ်ခုလုံး  သုတ်သင်ချေမှုန်းခံရမည်ကိုတော့ တွေးသည်ဖြစ်သည်။

“သူပဲ”

သူ၏နောက်တွင်ရှိနေ‌သော ဇီယာ၏အသံအားကြားလိုက်ရသောအခါတွင်  ရှစ်ဖုန့်ကသူ၏အကြည့်အား  ရှေ့တွင်ရှိနေသော အမှောင်နတ်သူငယ်လူငယ်ထံသို့ စူးစိုက်လိုက်သည်။

“ကြယ်တစ်ပွင့်သူတော်စင်နယ်ပယ် အမှောင်နတ်သူငယ်ငယ်”

သူသည်အမှောင်နတ်သူငယ်ဘုရင်မ အက်ရှလေ၏  တစ်ဦးတည်းသောသားဖြစ်သူ  အက်စ်ခေဖြစ်သည်။သူသည်

အမှောင်နတ်သူငယ်မျိုးနွယ်စုထဲတွင်  အသက်အငယ်ဆုံးသော  သူတော်စင်နယ်ပယ်ကျွမ်းကျင်သူဖြစ်ပြီး  အမှောင်နတ်သူငယ်များ၏ ဂုဏ်ယူဝင့်ကြွားစရာတစ်ခုဖြစ်သည်။

အက်စ်ခေမှာ  ဤကဲ့သို့သောအသက်ငယ်ငယ်ရွယ်ရွယ်ဖြင့်  သူတော်စင်နယ်ပယ်သို့ ဝင်ရောက်နိုင်စွမ်းရှိခဲ့သည်။ သူ၏သွေးကြောများထဲတွင်စီးဆင်းနေသော သူ၏မျိုးဆက်သွေးထက် ပို၍အရေးကြီးဆုံးအရာက  သူ၏ပါရမီစွမ်းရည်ပင်ဖြစ်သည်။ အမှောင်နတ်သူငယ်များကြား

ထဲတွင်သူ၏ပါရမီက  နှစ််ထောင်ပေါင်းများစွာကြာမြင့်

သည်တောင်မြင်ရခဲသောအရာမျိုးဖြစ်သည်။

အက်စ်ခေက အေးစက်သောမျက်နှာထားဖြင့် လေထဲတွင်ဝင့်ကြွားစွာရပ်နေသည်။သူက အောက်တွင်ရှိနေသော  အန်းမေဂျီယာကို ကိုအော်ပြောလိုက်သည်။

“နောက်ဆုတ်စမ်း”

“ဟုတ်ကဲ့ အရှင့်သား”

တော်ဝင်မင်းသား၏ အေးစက်သောအော်သံအားကြား

ရသောအခါတွင်  အန်းမေဂျီယာတစ်ယောက် အလျှင်အမြန်ဦးညွှတ်လိုက်ပြီး  နောက်သို့ဆုတ်ခွာလိုက်သည်။

ဤအချိန်တွင် အက်စ်ခေက  သူ၏ရှေ့တွင်ရှိနေသောထူရှား

အားကြည့်လိုက်သည်။ သူ၏ညာလက်အားခရမ်းနက်

ရောင်ဓားအသွင်ပြုလုပ်ပြီး  ထူရှာထံသို့ထိုးညွှန်လိုက်သည်။ သူကထပ်မံအော်ပြောလိုက်သည်။

“ငမိုက်သားကို ဖျက်စီးပစ်စမ်း”

ရုတ်ခြည်းဆိုသလိုထူရှာ၏ ပတ်လည်ငါးမီတာဝန်းကျင်ရှိအရာအားလုံးမှာ  အမှောင်အထုအဖြစ်သို့ပြောင်းလဲသွားသည်။ ထူရှာက အမှောင်ထုနယ်ပယ်၏ အလယ်ဗဟိုအား  ထိုးသွင်းလိုက်သည်။ ထို့နောက်မကြာခင် အလွန်အမင်းစွမ်းအားကြီးသော

စွမ်းအားတစ်ခုက သူ့ထံသို့ဦး တည်ချက်ပေါင်းစုံမှ ဖိနှိပ်ဝင်ရောက်

လာသည်ကို ထူရှာခံစားလိုက်ရသည်။ ယင်းမှာ  သူ့ဝန်းကျင်တွင်ရှိနေသော အမှောင်ထု၏ စွမ်းအားက သူ့ပေါ်သို့ဖိနှိပ်ကျဆင်းလာပြီး  သူ၏ကိုယ်အားခြေမွပစ်၍ နေရာတစ်ခုလုံးအား အမှောင်ထုအဖြစ်သို့ပြောင်းလဲပစ်ချင်နေသည်။

“ဟမ့်”

ဤအခိုက်အတန့်တွင် အေးစက်သောအသံတစ်ခုက ရုတ်ခြည်း ထွက်ပေါ်လာပြီး မှုန်မှိုင်းသော အဖြူရောင်အလင်းတစ်ခုက ထူရှာ၏ကိုယ်ပေါ်တွင်ချက်ချင်း

တောက်ပလာပြီး တောက်ပနေသော မှုန်မှိုင်းသည့်အဖြူရောင်အလင်းအောက်တွင်  ထူရှာ၏ဝန်းကျင်တွင်ရှိနေသော  အမှောင်ထုတို့မှာရုတ်ခြည်း

လွှမ်းမိုးခံလိုက်ရသည်။ ထို့နောက်တွင် အမှောင်နတ်သူငယ်မင်းသား  အက်စ်ခေ၏နောက်တွင်ရှိနေသော  အမျိုးသမီး၏  အံအားသင့်မှုနှင့်နာကျင်စွာ

အော်ဟစ်သောအသံထွက်ပေါ်လာသည်။

ဆက်ရန်…………

ဘာသာပြန်သူ-ARISE

All Chapters