← Chapters

ကံကြွေးအမိန့်စာ

Vol. 61 Ch. 855

ကံကြွေးအမိန့်စာ

Vol. 61 Ch. 855

န၀မတောင်နှင့်ပင်လယ်ရှိ လူတိုင်းမှာ လုံးလုံးလျားလျား တုန်လှုပ်သွားကြတော့သည်။ ကြယ်တာရာကောင်းကင်နန်းတော်တွင် ဂိုဏ်းအမျိုးမျိုး၏ ခေါင်းဆောင်ကြီးများသည် ထူးဆန်းစွာ တောက်ပနေသော မျက်လုံးများဖြင့် ကြည့်နေကြသည်။ မီးနတ်ဆိုးအရိုးများ အထွတ်အမြတ်နယ်မြေမှ အကြီးအကဲက သဘောကျစွာရယ်ပြီး ထရပ်လိုက်သည်။

"ကြည့်ရတာ ဒီလူငယ်က တာအိုဆရာအစည်းအရုံးကနေ ရွေးချယ်ခံရမယ့်သူ မဟုတ်ဘူးထင်တယ်။ ဒီမှော်သိုင်းက မီးနတ်ဆိုးအရိုးများမြေနဲ့ ရေစက်ပါတယ်။ ဂုဏ်သရေရှိ လူကြီးမင်းများနှင့်အမျိုးသမီးတို့ ကျုပ်နဲ့ ဒီကိစ္စမှာ မပြိုင်ကြဖို့ အနူးအညွတ် တောင်းဆိုလိုပါတယ်" စကားပြောလိုက်သည့်အချိန်မှာပင် အဘိုးကြီးက အမြန်ဆုံးနှုန်းဖြင့်‌ ရွေ့လျား‌သွား၏။ သို့သော် တစ်ချိန်တည်းမှာပင် ရှစ်ယောက်၊ ကိုးယောက်ကလည်း နောက်မှ လှုပ်ရှားလာကြသည်။

အထွတ်အမြတ်မြေငါးမြေအနက် ၀မ်ယိုချိုင်နှင့် ဖက်တီးမှာ လဆည်းဆာရေကန်နှင့် ကျောက်ခေတ်ဦးအင်မော်တယ်ဗိမ္မာန်မှ အသီးသီး ရွေးချယ်ခံခဲ့ရ၏။ ယခုတွင် ကြာပန်းပြာကောင်းကင်၊ နေသူရိန်တောင်နှင့် မီးနတ်အရိုးများမြေသာ မလှုပ်ရှားရသေးခြင်း ဖြစ်လေသည်။ သို့သော်လည်း ယခုတွင် သူတို့က လှုပ်ရှားလိုက်ကြ၏။

သူတို့ လီရန်၏ ကမ္ဘာအနား ရောက်လာသည့် အချိန်မှာပင် ကျောက်တိုင်အမြောက်အများ တဝုန်းဝုန်း ကျလာသည်။ တစ်တိုင်၊ သုံးတိုင်၊ ငါးတိုင်၊ ခုနစ်တိုင်....

စုစုပေါင်း ကျောက်တိုင် ဆယ့်ခုနစ်တိုင် ပေါ်ပေါက်လာခဲ့လေသည်။

၀မ်ယိုချိုင်ထက် တစ်တိုင်ပို၏။

ကျောက်တိုင် ဆယ့်ခုနစ်တိုင်အနက် တစ်တိုင်စီသည် မီးတာသုံးရာအထိ မြင့်မားပြီး လီရန်ကို လည့်ပတ်ကာ ကောင်းကင်ထက်ထိ အလင်းရောင်တို့ ဖြန့်ကျက်လိုက်သော ဝဲကြီးတစ်ခုအသွင်ပြောင်းသွား၏။ လီရန်က ၎င်းတို့အားလုံး၏ အလယ်တွင် အကန့်အသတ်မဲ့ အလင်းရောင်တို့ဖြင့် ခြံရံလျက် ပြိုင်ဘက်ကင်း ရွေးချယ်ခံတစ်ဦးပမာ ရပ်နေ၏။

န၀မတောင်နှင့် ပင်လယ်မှ လူအုပ်ကြီးမှာ ကျောက်တိုင်ဆယ့်ခုနစ်တိုင် မြင်သောအခါ အလွန်အမင်း တုန်လှုပ်သွားကြတော့သည်။

"ရှေးကနေ အခုထက်ထိ သူက ဆရာဖန်းပြီးရင် ဒုတိယပဲ"

"ကျောက်တိုင် ဆယ့်ခုနစ်တိုင် သူက သေချာပေါက် အင်မော်တယ်အပျက်အစီး ၉၅ခုနဲ့ ပတ်သက်ပြီး ဉာဏ်အလင်းရဖို့ ထိုက်တန်ပါပေတယ်။ သူက ကျောက်တိုင်ဆယ့်ခုနစ်တိုင်ကို ဆင့်ခေါ်နိုင်တဲ့ ခန္ဓာမှော်သိုင်းကို ဖန်တီးနိုင်ခဲ့တာပဲ"

"သူ့မှာ ဘယ်လို အနာဂတ်မျိုး ရှိနေမလဲ ခန့်မှန်းဖို့ မဖြစ်နိုင်‌ဘူး။ အထူးသဖြင့် သူ့ကျင့်ကြံခြင်း အခြေခံက တာအိုရှာဖွေခြင်း အထွတ်အထိပ်မှာဆိုတော့လေ။ သူ ဂိုဏ်းတစ်ဂိုဏ်းကို ၀င်ရောက်ပြီး လေ့ကျင့်လိုက်တာနဲ့ သေချာပေါက် လက်ဖျားခါရမယ့် ရွေးချယ်ခံကောင်းတစ်ယောက် ဖြစ်လာလိမ့်မယ် "

အားကျမနာလိုဖြစ်နေသော မှတ်ချက်အမျိုးမျိုးအား န၀မတောင်နှင့် ပင်လယ်၌ ကြားရနိုင်၏။ လီရန်၏ကမ္ဘာတွင် ‌ဂိုဏ်းအမျိုးမျိုးမှ ခေါင်းဆောင်ကြီးများ ရောက်ရှိလာခဲ့ကြ၏။ သူတို့သည် တစ်ယောက်နှင့်‌တစ်ယောက် အတန်ငယ် အချေအတင် ဖြစ်ပြီးနောက် မီးနတ်ဆိုးအရိုးများမြေက လီရန်ကို ဂိုဏ်းသားအဖြစ် စည်းရုံးနိုင်သွား၏။

ယခုတွင် ဆဋ္ဌမ၊ သတ္တမနှင့် အဋ္ဌမအဆင့်တွင် မန်ဟိုတစ်ယောက်တည်းသာ ကျန်တော့လေသည်။ သူ၏ နတ်ဘုရားစွမ်းရည်မှာ ယခုထက်ထိ အပြည့်အဝ မဖန်တီးရသေးပေ။

ကြယ်တာရာကောင်းကင်ထက်ရှိ နန်းတော်ထဲ၌ တာအိုဆရာအစည်းအရုံးသုံးခုအပါအဝင် လူတိုင်းသည် စိတ်၀င်တစား စောင့်ကြည့်နေကြ၏။

မျှော်လင့်ချက်များမှာလည်း ပိုပို၍ ပြင်းထန်လာလေသည်။

"သူသာ လူတိုင်းထက် သာရင် ပထမနေရာ ရသွားလိမ့်မယ်။ သူ့နတ်ဘုရားစွမ်းရည်က ကျောက်တိုင်ဘယ်နှစ်တိုင် ကျလာစေမလဲ ကြည့်ကြစို့"

"သူက အင်‌မော်တယ် အပျက်အဆီး ၉၉ ခုကနေပြီးတော့ ဉာဏ်အလင်းရခဲ့တာလေ။ ကျောက်တိုင် ဆယ့်ငါးတိုင်တောင် ကျအောင် မလုပ်နိုင်ဘူးဆိုရင်တော့ တကယ် စိတ်ပျက်စရာ ကောင်းလိမ့်မယ်"

"ပြောရဖို့တော့ ခက်တယ်ကွ။ တစ်နှစ်တုန်းက လူတစ်ယောက်ဆိုရင် အင်‌မော်တယ် အပျက်အစီး ၉၈ ခု ကနေ ဉာဏ်အလင်းရခဲ့ပေမယ့် ကျောက်တိုင်ကိုးတိုင်နတ်ဘုရားစွမ်းရည်ကိုပဲ ဖန်တီးနိုင်ခဲ့တာ "

သုံးရက်ကြာသော် မန်ဟိုသည် တင်ပျဉ်ခွေထိုင်နေရာမှ မျက်လုံးများ ဖြတ်ခနဲ ပွင့်လာ၏။

"ငါ ပထမအင်မော်တယ် အပျက်အစီး ၉၈ ခုကနေ ဉာဏ်အလင်းရခဲ့တဲ့ အချိန်တိုင်း ဝိညာဥ်ကျောက်တုံးတွေ ‌အကြွေးစာချုပ်တွေရဲ့ ပုံရိပ်တွေကို မြင်ခဲ့တယ်။ အနာဂတ်မှာ တောင်ကိုးလုံးနဲ့ ပင်လယ်ကိုးစင်း ရွေးချယ်ခံတွေအကုန်လုံးကို ငါ့အတွက် အကြွေးစာချုပ်တွေ ရေးခိုင်းချင်ခဲ့တယ်

"အဲ့ဒါ ငါ့ရဲ့ မဟာရည်မှန်းချက်ကြီးပဲ....

"ငါ့အတွက် အကြွေးစာချုပ်ရေးပေးတယ်ဆိုတာက ကံကြွေးမျိုးစေ့ စိုက်ပျိုးတာဖြစ်ပြီး အဲ့ဒီ့ ကံကြွေးမျှင်တွေကို ကံကို နှောင့်ယှက်ဖို့အတွက် အသုံးပြုနိုင်တယ်။ ဒါပေမယ့် လူအများစုက အကြွေးစာချုပ်ကို မရေးချင်ကြဘူး။ ဒါ့ကြောင့် ငါက သူတို့ရဲ့ ကံတွေကို အတင်းအကြပ် ချည်နှောင်ပစ်မယ့် နတ်ဘုရားစွမ်းအင်တစ်ခု ဖန်တီးမယ် " မန်ဟို၏ မျက်လုံးများ တလက်လက် တောက်ပသွားပြီး သူက ညာလက်ခလယ်ကို မြှောက်လိုက်သည်။

ချက်ချင်းပင် မရေမတွက်နိုင်သော အမျှင်များ ပေါ်လာသဖြင့် တစ်လောကလုံး တုန်ခါသွား၏။ တစ်ချို့ အမျှင်များက တောက်ပနေပြီး တစ်ချို့က မည်းမှောင်နေသော်လည်း အားလုံးက ကံကြွေးမျှင်များ ဖြစ်ကြလေသည်။ ၎င်းတို့ကား ဤကမ္ဘာမှ အရင်းခံခြင်း မဟုတ် မန်ဟို့ထံမှ ဖြစ်သည်။

အံ့ဩဖွယ်ကောင်းစွာနှင့် သူ့လက်ချောင်းလေးတစ်ချက် လှုပ်ရှားခြင်းက သူ၏ ကံကြွေးမျှင်အကုန်လုံးကို ပေါ်‌ ပေါက်လာစေသည်။ တစ်ကမ္ဘာလုံးမှာ ပို၍ ပြင်းပြင်းထန်ထန် တုန်ခါလာပြီး တစ်နေရာလုံး ပြိုကျနေသည့်အလား တဂျုန်းဂျုန်းမြည်သံကြီးများ လေထဲတွင် ပြည့်နှက်နေလေသည်။

မန်ဟိုက ကံကြွေးမျှင်များကို မော့ကြည့်ပြီး မျက်လုံးများ တောက်ပလာသည်။ သူသည် ရုတ်တရက် လက်ကို လက်သည်းလက်ပုံစံလုပ်ပြီး ကံကြွေးမျှင်တစ်မျှင်ကို လှမ်းဆွဲလိုက်၏။ ၎င်းကို ထိလိုက်သည်နှင့် ဖန်းတုံးအာ၏ ပုံရိပ်ကို မြင်လိုက်ရသည်။

သူက ကံကြွေးမျှင်ကို ဆောင့်ဆွဲလိုက်ရာ ၎င်းက တွန့်လိမ်သွား၏။ တစ်ချိန်တည်းမှာပင် မန်ဟိုက စာရွက်တစ်ရွက်ကို ထုတ်လိုက်သည်။ ထို့နောက် သူသည် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ကံကြွေးမျှင်ကို မှော်သင်္ကေတတစ်ခုပုံစံအဖြစ် တွန့်လိမ်စေပြီးနောက် စာရွက်ပေါ်သို့ ခတ်နှိပ်လိုက်လေသည်။

အမှတ်အသားပေါ်လာသည်နှင့် န၀မပင်လယ်နတ်လောကတွင် ကျောနောက်ရှိ အမျိုးသမီးအလောင်းကြီးကို ဖိနှိပ်ဖို့ ကြိုးစားရင်း တရားထိုင်နေသော ဖန်းးတုံးအာမှာ တစ်ကိုယ်လုံး တုန်ခါသွား၏။ သူမ၏ မျက်လုံးလေးများ ဝိုင်းစက်ပြူးကျယ်သွားပြီး အံ့အားသင့်သွားလေသည်။

ထို့နောက် သူမမျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး သွေးတစ်ပွက် အန်လိုက်ရ၏။ အံ့ဩတုန်လှုပ်ခြင်းက သူမမျက်နှာကို စိုးမိုးနေသည်။

"အခု ဘာဖြစ်သွားတာလဲ။ တစ်ယောက်ယောက်က ကံကြွေးတာအိုကို သုံးပြီး ငါ့ကို ချောက်ချဖို့ ကြံစည်လိုက်တာလား"

ဖန်တုန်းအာ၏မျက်နှာ ရိပ်ခနဲဖြစ်သွားသည့် အခိုက်အတန့်တွင် မန်ဟို့၏ အမူအရာမှာ စိတ်လှုပ်ရှားသော အမူအရာဖြစ်လာသည်။ သူက အသက်ပြင်းပြင်း ရှုသွင်းပြီး သူ၏ မျက်လုံးများတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ပေါ်လာ၏။ ကံတရားကို အတင်းအကြပ် ချည်နှောင်ပေးသည့် မှော်သိုင်းမှာ ပထမအဆင့်သာ ရှိသေးချေသည်။  ဒုတိယအဆင့်ဆိုပါက ‌အကြွေးစာချုပ်များကို ကံကြွေးမျှင်များနှင့် တစ်သားတည်း ဖြစ်စေပြီးနောက် နတ်ဘုရားစွမ်းအင်အပြည့်အ၀ ထုတ်လုပ်ပေးနိုင်လိမ့်မည်။

တတိယအဆင့်ကတော့ အကြွေးစာချုပ်များကို ကံကြွေးအဖြစ် သုံးရမည်ဖြစ်ပြီး အကယ်၍ အောင်မြင်စွာ စိုက်ပျိုး၍ မှော်သိုင်းအား အတိုင်းအတာ တစ်ခုအထိ တိုးတက်လာစေခဲ့လျှင် မန်ဟိုသည် အတွေးလေးတစ်ချက်နှင့် သေခြင်း၊‌ရှင်ခြင်းကို ဆုံးဖြတ်နိုင်တော့မှာ ဖြစ်၏။

"ဒါ ငါ့ရဲ့ နတ်ဘုရားစွမ်းအင်… ကံကြွေးအမိန့်စာ။ မပြည့်စုံသေးပေမယ့် နောင်ကျရင် ငါ့ရဲ့ ကျင့်ကြံခြင်း အခြေခံ ပိုပြီး အစွမ်းထက်လာတာနဲ့အမျှ ပြီးပြည့်စုံအောင် လုပ်နိုင်လိမ့်မယ် " မန်ဟို့အသံ ဟိန်းထွက်လာစဉ် သူ့ပတ်ပတ်လည်ရှိ ကမ္ဘာလောကမှာ တုန်ခါလာပြီး အက်ကြောင်းများ ပြည့်နှက်လာသည်။ အရာအားလုံး တုန်ခါနေစဉ် မန်ဟိုသည် အပြင်ဘက်ရှိ လူတိုင်း၏ မြင်ကွင်းတွင် ပေါ်လာတော့၏။

နန်းတော်ထဲရှိ ခေါင်းဆောင်ကြီးများ တုန်လှုပ်သွားကြသည်။

"အဲ့တာ တာအို မှော်သိုင်းတစ်ခုပဲ"

"ကျီမျိုးနွယ်စုရဲ့ ကံကြွေးတာအို...ဟင် မဟုတ်သေးဘူး။ ကျီမျိုးနွယ်စုရဲ့ ကံကြွေးတာအိုနဲ့ မတူဘူး ကျီမျိုးနွယ်စုက ကံကြွေးကို ဖြတ်တောက်ပေမယ့် ဒီဥစ္စာက ကံတရားကို အတင်းအကြပ် ချည်နှောင်လိုက်တာ။ ကျီမျိုးနွယ်စုရဲ့ ကံကြွေးတာအိုလိုပဲ လွှမ်းမိုးကြီးစိုးပြီး ကြောက်စရာကောင်းတယ်"

"အဲဒါက တာအိုမှော်သိုင်း မဟုတ်ပဲ လျှို့ဝှက်မှော်သိုင်းတစ်ခုလို့တောင် သတ်မှတ်လို့ရတယ်။ ဖန်မုရဲ့ ဗီဇစိတ်က မယုံနိုင်လောက်အောင် မြင့်မားလိုက်တာ။ ဘယ်လိုဉာဏ်အလင်းမျိုးက သူ့ကို ဒီလို တာအိုလျှို့ဝှက်မှော်သိုင်းမျိုး ဖန်တီးနိုင်‌စေခဲ့တာလဲ မသိဘူးနော်"

တာအိုမှော်သိုင်းများသည် ရှားပါးသော်လည်း လျှို့ဝှက်သိုင်းများကား ပို၍ပင် ရှားပါး၏။

အပြင်ဘက် န၀မတောင်နှင့် ပင်လယ်မှ စောင့်ကြည့်နေသူများသည် ယခုတွင် မျက်လုံးများ ဝိုင်းစက်ပြူးကျယ်နေကြကာ ပင့်သက်ရှိုက်သံများ ကြားရနိုင်ပြီး မအံ့ဩစဖူး အံ့ဩသွားသော အရိပ်‌အယောင်များအား မြင်ရနိုင်၏။

"ယုံတောင်မယုံနိုင်ဘူး"

"ဒီဖန်မုက တာအိုမှော်သိုင်းရော လျှို့ဝှက်မှော်သိုင်းရော ဖြစ်နေ့တဲ့ သိုင်းတစ်ခုကို ဖန်တီးခဲ့တာပဲ။ ဂိုဏ်းကြီးတွေက အစွမ်းထက်ပညာရှင်တွေတောင် အဲ့တာကို နားလည်နိုင်ပါ့မလားမသိဘူး"

"ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဟာက ကမ္ဘာတစ်ခုလုံးကို ပြိုကျသွားစေခဲ့တယ်လေ။ အခု ကျောက်တိုင်ဘယ်နှစ်တိုင် ကျလာမလဲ သိချင်တယ်။ ‌လီရန်ထက် သာလောက်လား"

မန်ဟို့ပတ်ပတ်လည်ရှိ ကမ္ဘာကြီးတုန်ခါနေစဉ် ကျောက်တိုင်ကြီးများ စတင်ကျလာသဖြင့် တဝုန်းဝုန်း မြည်သံကြီးများ ကြားရနိုင်၏။

တစ်တိုင်၊ သုံးတိုင်၊ ငါးတိုင်၊ ခုနစ်တိုင်...

စုစုပေါင်း ကျောက်တိုင်နှစ်ဆယ့်တစ်တိုင် ကျလာခဲ့သဖြင့် လူများမှာ အံ့ဩကြီးစွာ ဖြစ်နေကြတော့သည်။ ၎င်းတို့က ဝဲကြီးတစ်ခုကို ဖန်တီးရင်း အလွန်အမင်း ရင်သပ်ရှုမောဖွယ်ကောင်းစွာဖြင့် မန်ဟို့ကို လှည့်ပတ်နေကြ၏။

ချက်ချင်းပင် န၀မတောင်နှင့် ပင်လယ်ရှိ လူအုပ်ကြီးမှာ စိတ်လှုပ်ရှားလာကြတော့သည်။

"ကျောက်တိုင် နှစ်ဆယ့်တစ်တိုင်။ အဲဲဒါက ဆရာဖန်းထက်တောင် သာသေးတယ်"

"လူမဟုတ်ဘူး။ ဒီလူရဲ့ နတ်ဘုရားစွမ်းရည်က ကြောက်စရာကောင်းတယ်။ သူ့ရဲ့ ဖန်တီးနိုင်စွမ်းက လူမဟုတ်ဘူး။ ငါတို့ သူ့ရဲ့ ပင်ကိုယ်ပါရမီကို မမြင်ရပေမယ့် သေချာပေါက် သာလွန် ထူးကဲလောက်တယ်။ သူက ဒီနတ်မီးလျှံစမ်းသပ်ပွဲမှာ သေချာပေါက် ပထမနေရာပဲ"

"တာအိုဆရာအစည်းအရုံးသုံးခုလုံးလည်း အံ့ဩသွားလိမ့်မယ်ဆိုတာ ငါလောင်းရဲတယ်။ ကျောက်တိုင်နှစ်ဆယ့်တိုင်တဲ့လား ဒီဖန်မုက သေချာပေါက် န၀မတောင်နဲ့ ပင်လယ်မှာ ထင်ရှားလာတော့မှာပဲ "

ကြယ်တာရာကောင်းကင်နန်းတော်တွင် တာအိုဆရာအစည်းအရုံးသုံးခုမှ ခေါင်းဆောင်ကြီးသုံးဦးမှာ ယခင်အတိုင်း ထိုင်မြဲထိုင်နေသည်။ သို့သော် ကျန်ရှိသူတိုင်းမှာ ထရပ်နေခဲ့ကြလေပြီ။ သူတို့၏မျက်လုံးများသည် မယုံနိုင်လောက်အောင် စူးရှတောက်ပနေတော့သည်။ တာအိုဆရာအစည်းအရုံးသုံးခုသာ မန်ဟို့ကို မရွေးချယ်ခဲ့လျှင် သူတို့ကား သူ့ကို ပြိုင်လုဖို့ အဆင်သင့်ဖြစ်နေချေပြီ။

မန်ဟို့မတိုင်ခင် ရွေးချယ်ခံခဲ့ရသော ဂိုဏ်းသားအားလုံးကို ရွေးချယ်ခံများအဖြစ် သတ်မှတ်၍ရသေးသည်။ သို့သော် တစ်ခါတရံ ပေါ်ပေါက်လာသော လူများ သို့မဟုတ် အဖြစ်အပျက်များသည် နှိုင်းယှဉ်ဖို့ရန်ပင် ခက်ခဲသည်သာ။ သူတို့ကို အခြားသူများနှင့် နှိုင်းယှဉ်ရန် ကြိုးစားခြင်းက မတရားပေ။

ကြီးမြတ်သော အရှေ့ဘက်နယ်မြေတွင် ဖန်ရှုံ့ဖုန်းနှင့် မန်လီသည် တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း ပြုံးလိုက်ကြသည်။ ဝဲမှန်သားပြင်ထဲရှိ မန်ဟို့ကို ပြန်ကြည့်လိုက်စဉ် မန်လီ၏မျက်နှာတွင် ဂုဏ်ယူနေသောအပြုံးတစ်စက ဖုံးလွှမ်းနေပြီး သူမနှလုံးသားမှာ ချစ်ခြင်းမေတ္တာတို့ဖြင့် ပြည့်နှက်နေသည်။

"ခွေးသူတောင်းစားလေး" မှီခိုရာဂိုဏ်းချုပ်က ရေရွတ်လိုက်သည်။ "မင်း ငါ့ကို မျက်နှာမပျက်အောင် မလုပ်လို့ ကံကောင်းတယ်မှတ်"

ဆေးလုံးမိစ္ဆာနှင့် ချူယွီယန်တို့နှစ်ယောက်လုံး သက်ပြင်းဖွဖွ ချလိုက်ကြသည်။ ချူယွီယန်သည် မန်ဟိုနှင့် သူ၏ အကြွေးစာချုပ်များ ရေးခိုင်းတတ်သည့် ဝါသနာကို နားမလည်သော်လည်း ဆေးလုံးမိစ္ဆာမှာတော့ တစ်ခုခု သိထား၍ သူ၏မျက်နှာပေါ်၌ ထူးဆန်းသောအမူအရာတစ်ခုကို မြင်ရနိုင်လေသည်။ ကျန်ရှိသည့် လူအုပ်ကြီးအနက် အများစုမှာ ကံကြွေးအကြောင်း သိပ်နားမလည်သော်လည် အကြမ်းဖျင်းတော့ စဉ်းစားနိုင်ကြ၏။

ဤအခိုက်အတန့်တွင် လူတိုင်းသည် တာအိုဆရာအစည်းအရုံးသုံးခု မန်ဟို့ကို ရွေးချယ်တော့မည်ဟု ယူဆထားကြလေသည်။ နဝမပင်လယ်နတ်လောကနှင့် မြင့်မြတ်သော ရေစီးဓားဂူတို့မှာ အမှန်တကယ် စိတ်နှလုံးလှုပ်ရှားသွားကြပြီး အင်မော်တယ်ရှေးတာအိုဆရာများအဖွဲ့နှင့် ဆွေးနွေးတော့မည့်အချိန် ရုတ်တရက် မန်ဟိုက မျက်လုံးများပိတ်လိုက်ပြန်သည်။ ကြည့်ရ‌သရွေ့ သူကား ... ဆင်ခြင်သုံးသပ်ခြင်းထဲ ပြန်လည်ဝင်ရောက်သွားသယောင်ပင်။

ဤမြင်ကွင်းက လူတိုင်းကို အထိတ်တလန့် စိုက်ကြည့်မိလိုက်စေသည်။

"သူ ဘာလုပ်နေတာလဲ"

"မဟုတ်မှ ... နောက်ထပ်နတ်ဘုရားစွမ်းရည်တစ်ခု ဖန်တီးဖို့ ကြံနေတာများလား" အံ့ဩခြင်းလှိုင်းလုံးများ လူတိုင်းကို ရိုက်ခတ်နေသည့်အချိန်တွင် စူးရှတောက်ပနေသောအလင်းရောင်က မန်ဟို၏ပတ်ပတ်လည်တွင် ကွန့်မြူးလာပြီး တာအိုတေးသွားတစ်ခု ပဲ့တင်ထပ်လာသည်။

မန်ဟိုကား အမှန်တကယ်ပင် ဈာန်ဝင်စားနေသောခုလတ်တွင် ဖြစ်၏။ သူ ကျောက်တိုင် ၂၁ တိုင်၏ စွမ်းအားကို ချက်ချင်း မစုပ်ယူခဲ့သော အကြောင်းရင်းမှာ သူ၏လက်ရှိအခြေအနေကို ထည့်တွက်လျှင် နောက်ထပ်‌နတ်ဘုရားစွမ်းရည်တစ်ခုကို ဖန်တီးဖို့ တံတားကိုးစင်း၏အသိအမြင်ကို အသုံးချရန် အဆင်သင့်ဖြစ်နေ၍ပင်။

"သူက တကယ်ကြီး နောက်နတ်ဘုရားစွမ်းရည်တစ်ခု ဖန်တီးတော့မှာပဲ"

"ဘယ်... ဘယ်လိုလုပ်ဖြစ်နိုင်မှာတုန်း။ သူက နတ်ဘုရားစွမ်းရည်တစ်ခုကို ဖန်တီးထားပြီးသားလေ ၊ ဘယ်လိုလုပ် နောက်တစ်ခု ဖန်တီးနိုင်တော့မှာလဲ။ နတ်ဘုရားစွမ်းရည် ဖန်တီးတယ်ဆိုတာ ထမင်းစားရေသောက်လို လွယ်တယ်များ ထင်နေသလား ဘာလား"

အပြင်လောကရှိ စောင့်ကြည့်နေသူများအားလုံး တုန်လှုပ်နေကြ‌လေပြီ။ မန်ဟို့အဖေနှင့်အမေပင် ပါဝင်သည်။ ကြယ်တာရာကောင်းကင်ရှိ ခေါင်းဆောင်ကြီးများလည်း မျက်လုံးများပြူးလျက် စိုက်ကြည့်နေကြသည်။

လီရန်နှင့် အခြားပြိုင်ပွဲဝင်များလည်း မန်ဟို့ကို ကြည့်ရင်း မှင်သက်နေကြသည်။

အထူးသဖြင့် နာရီပိုင်းမျှနှင့် ကျယ်လောင်သော ထစ်ချုန်းသံကြီးတစ်သံ မန်ဟို့ကို ဝန်းရံသွားပြီး ကြီးမားသောစွမ်းအင်တို့ သူ့ထံမှ ထွက်လာသည့်အချိန်၌ပင်။ ယခင်ကမ္ဘာမှာ ပျက်စီးသွားခဲ့ပြီးဖြစ်သည့်အတွက် စွမ်းအင်တို့က မန်ဟို ထိုင်နေသော ပလ္လင်အပေါ် သက်ရောက်နေသည်ကို လူတိုင်း မြင်နေကြရသည်။ သူတို့အတွက် နတ်ဘုရားစွမ်းရည်ကို ကြုံ့တွေရန်ပင် မလိုပေ။ ဤဖြစ်ပေါ်လာနေသော နတ်ဘုရားစွမ်းရည်သည် မယုံနိုင်လောက်အောင် တုန်လှုပ်ဖွယ်ကောင်းကြောင်း လူတိုင်း အာရုံခံနိုင်၏။

"သူက တကယ်ပဲ နောက်နတ်ဘုရားစွမ်းရည်တစ်ခုကို ဖန်တီးနေတာပါလား။ ဒီလူက ဘယ်လိုအာဂလူပါလိမ့်" လူတိုင်း အုတ်အော်သောင်းနင်းဖြစ်နေပြီး စိတ်ငြိမ်ငြိမ် ထားရန် အခွင့်အရေးမရမီ မန်ဟိုက ရုတ်တရက် မျက်မှောင်ကြုတ်သွားသည်။

"မဟုတ်သေးဘူး" သူက ရေရွတ်လိုက်သည်။ "ငါ့အတွေးက နည်းနည်းချော်နေသေးတယ်" သူက လက်ကို ဝှေ့ယမ်းလိုက်ရာ လူတိုင်းကို အံ့ဩတုန်လှုပ်နေစေအောင် တဖွေးဖွေး လှုပ်နေသည့် စွမ်းအင်အား ငြိမ်းသွားစေသည်။ ထပ်မံ၍ သူကား အစပြန်ဆင်ခြင်သုံးသပ်နေလေသည်။

လူတိုင်းမှာ ဤအဖြစ်အပျက်ကို မြင်သောအခါ ဆွံ့အသွားကြသည် ... နတ်မီးလျှံစမ်းသပ်ပွဲရှိ အခြားသူများမှာ ခါးသက်သက် ပြုံးလိုက်ကြ၏။ မန်ဟို လမ်းချော်နေသလို ခံစားခဲ့ရသည့် နတ်ဘုရားစွမ်းရည်က သူတို့ဖန်တီးခဲ့သမျှ နတ်ဘုရားစွမ်းရည်များထက် အဆများစွာ အစွမ်းထက်လေသည်။ အကုန်လုံး ပြောစရာစကားပင် ရှာမတွေ့တော့ပေ။

နာရီအနည်းငယ်ကြာသော် စွမ်းအင်များသည် မန်ဟို့ထံမှ ထပ်မံထွက်ပေါ်လာသည်။ သို့သော် .....

"မဟုတ်သေးပြန်ဘူး" သူက စိတ်တိုတို ပြောသည်။ သူသည် စွမ်းအင်ကို လျင်မြန်စွာ ပြန်ရုပ်သိမ်းပြီး အစကပြန်စပြန်လေသည်။

လူအုပ်ကြီးမှာ ယခုတွင် တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း ဆွံ့အနေသည်။ သူတို့မှာ ဝဲမှန်သားပြင်ပေါ်ရှိ မန်ဟို့ကို ကြည့်ရင်း ခပ်ယဲ့ယဲ့ ပြုံးလိုက်ကြ၏။

ကြယ်တာရာကောင်းကင်နန်းတော်ရှိ ခေါင်းဆောင်ကြီးများမှာမူ မျက်လုံးများ တောက်ပနေကြပြီး ပြိုင်လုဖို့ အဆင်သင့်ဖြစ်နေကြပုံပင်။ ဤကဲ့သို့ လူမဟုတ်သော ကျင့်ကြံသူတစ်ယောက်သည် မည်သူမဆို တာအိုဆရာအစည်းအရုံး၏ ဂိုဏ်သားမဖြစ်စေချင်သော လူစားမျိုးဖြစ်၏။

တာအိုဆရာအစည်းအရုံးသုံးခုမှ ခေါင်းဆောင်ကြီးများမှာလည်း ပါးစပ်အဟောင်းသားဖြစ်နေကြသည်။ ထို့နောက် သူတို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး တစ်ယောက်၏ တလက်လက် တောက်ပနေသော မျက်လုံးများတွင် တစ်စုံတစ်ခုကို မြင်လိုက်ကြရသည်.... မျှော်လင့်ချက်။

***

All Chapters