← Chapters

အပိုင်း(၃၈၆)

Vol. 26 Ch. 386

အပိုင်း(၃၈၆)

Vol. 26 Ch. 386

“အား”

အမှောင်နတ်သူငယ်မင်းသား၏

နောက်တွင်ရှိနေသော  အန်းမေဂျီယာဟုခေါ်သော အမျိုးသမီး၌ ရုတ်တရက် သွေးနီရောင်မီး

တောက်တို့တောက်

လောင်လာသည်။ သူမ၏တစ်ကိုယ်လုံးအား  သွေးနီရောင်မီးတောက်တို့က

ရစ်ပတ် လွှမ်းခြုံသွားပြီး သွေးနီရောင်မီးတောက်လူသား

အဖြစ်ပြောင်းလဲသွားသည်။ မိန်းကလေး၏ဝမ်းနည်းကြေကွဲဖွယ် နာကျင်မှုအပြည့်ဖြင့် ငယ်သံပါအောင်အော်ဟစ်သောအသံက သွေးနီရောင်မီးတောက်တို့အတွင်း

မှထွက်ပေါ်လာသည်။ မကြာခင်တွင် အော်ဟစ်သံမှာရပ်တန့်သွားသည်။

သွေးနီရောင်မီးတောက်အတွင်းရှိနေသော  ကြယ်တစ်ပွင့်သူတော်စင်နယ်ပယ် အမှောင်နတ်သူငယ်မိန်းကလေးမှာ  သေသည်အထိလောင်ကျွမ်းပြာ

ချခံလိုက်ရခြင်းဖြစ်သည်မှာသိသာသည်။

“မင်း..နိမ့်ကျတဲ့လူသား …ရဲတင်းလိုက်တာ..မင်းကတော့

သေချင်နေတာပဲ”

အက်စ်ခေမှာ သူ၏ခေါင်းအားရှစ်ဖုန့်ထံသို့လှည့်ကြည့်

လိုက်ပြီး  ဒေါသတရားတို့ကြောင့်  ကြမ်းကြုတ်ခက်ထန်သောအသွင်အပြင်တစ်ခုက  သူ၏နူးညံ့သိမ်မွေ့သော  ခရမ်းနက်ရောင်မျက်နှာ

ပေါ်တွင်ပေါ်လာသည်။ သူကအကွာအဝေးတစ်ခုတွင်ရှိသော  ရှစ်ဖုန့်အားလက်ညိုးထိုးညွှန်ပြီး  သူတို့တစ်ကိုယ်လုံးက သတ်ဖြတ်ခြင်းအရှိန်အဝါတို့ကို

ထုတ်လွှတ်နေသည်။

“ဒီနိမ့်ကျတဲ့လူသားသေရမယ်”

အက်စ်ခေသူ၏ခေါင်းအားလှည့်

လိုက်သောအခါတွင်  သူ၏အနောက်ဘက်၌သွေးနီ

ရောင်မီးတောက်တို့ကို မြင်တွေ့လိုက်ရပြီး သွေးနီရောင်မီးတောက်အတွင်း

ရှိအမျိုးသမီးမှာ  အသက်ရှူခြင်းမရှိတော့သည်ကို သူအာရုံခံမိလိုက်သည်။သို့သော်

မျက်စိတစ်မှိတ်အတွင်း သူ၏မျိုးနွယ်ဝင်ဖြစ်သူက  သူ၏နောက်ကျောဘက်၌ မီးတောက်တို့ဖြင့်တိတ်တဆိတ်

သေသည်အထိလောင်ကျွမ်းခြင်း

ခံခဲ့ရသည််ဖြစ်သည်။ အမှောင် နတ်သူငယ်မျိုးနွယ်စု၏ ပါရမီရှင်ဖြစ်သူ ဝင့်ကြွားမော်ကြွားရသော အမှောင်နတ်သူငယ် မင်းသားအတွက်ဤသည်မှာအကြွင်းမဲ့ အရှက်ခွဲခံရခြင်းဖြစ်သည်။

“ထူရှာ ပြန်လာခဲ့”

ရှစ်ဖုန့်ကအသံတိုးတိုးဖြင့်

အော်ပြောလိုက်သည်။ သူ၏ဘယ်လက်က လက်သည်းတစ်ခုအသွင်ဖြစ်သွားပြီး  ထူရှာထံသို့ ထိုးညွှန်ုလိုက်သည်။

ထူရှာ၏ကိုယ်ပေါ်တွင်ရှိနေသော

အဖြူရောင်မီးတောက်တို့က ပတ်ဝန်းကျင်တွင်ရှိနေသော  အမှောင်ထုတို့အားရုတ်ခြည်း

လောင်ကျွမ်းသွားစေသည်။ ထို့နောက် ရှစ်ဖုန့်ဘယ်လက်သည်း၏ စွမ်းအားကြီးစုပ်ယူအားအောက်တွင်  ထူရှာ၏ တစ်ကိုယ်လုံးမှာ  ရုတ်တရက် ရှစ်ဖုန့်ထံသို့နောက်ပြန်ပျံသန်းလာပြီး  ရှစ်ဖုန့်၏ရှေ့သို့လျှင်မြန်စွာရောက်ရှိလာသည်။

“သခင်..ကျွန်တော့်အသက်ကို နှစ်ကြိမ်တောင်ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

ထူရှာကရှစ်ဖုန့်ရှေိ့သို့ရောက်ရှိသောအခါတွင် လျှင်မြန်စွာဒူးထောက်လိုက်ပြီး  ရှစ်ဖုန့်အားစိတ်ရင်းအတိုင်း

ကျေးဇူးတင်စကားဆိုလိုက်သည်။

ပထမဆုံးအကြိမ်မှာ ထူရှာက အမှောင်နတ်သူငယ်မိန်းကလေး

နှင့်တိုက်ခိုက်သောအခါတွင် အမှောင်အလင်းလှိုင်းတို့ကြောင့် သဲနဂါးကဖျက်ဆီးခံရလိုက်ရပြီး  မြေလှံတံမှာကျိုးကြေသွားခဲ့သည်။ ရှစ်ဖုန့်ကသူ၏ရင်ဘက်ရှေ့တွင် ဒိုင်းတစ်ခုဖြစ်ပေါ်စေခဲ့ပြီး  သူ၏နှလုံးထံသို့တစ်ဟုန်ထိုးဦး

တည်လာနေသော အမှောင်အလင်း

လှိုင်းတို့အား  တားဆီးခဲ့သည်။

ဒုတိယအကြိမ်တွင် အမှောင်နတ်သူငယ်အမျိုးသမီး

ရှုံးနိမ့်သွားပြီးနောက် အမှောင်နတ်သူငယ်မင်းသားကကြားဝင်ပြီး ထူရှားအား အမှောင်ထုတို့နှင့်

ရစ်ပတ်လွှမ်းခြုံ၍ ဖျက်ဆီးရန်ကြိုးစားခဲ့သည်။ရှစ်ဖုန့်က ထူရှာ၏ကိုယ်ပေါ်တွင် အဖြူရောင်မီးတောက်တစ်ခု

လောင်တောက်လောင်လာစေပြီး  အမှောင်ထုတို့အားလောင်ကျွမ်းပစ်လိုက်ကာ  သူ့အားနောက်တစ်ကြိမ်ကယ်တင်ခဲ့ပြန်သည်။

ဤတိုက်ပွဲတွင်ထူရှာမှာ ပြင်ပကမ္ဘာ၏စစ်မှန်သော စွမ်းအားနှင့် အမှန်တကယ်ထိတွေ့နိုင်ခဲ့သည်။ မူလကယင်ရှာနှင့်ယိုလန်တို့ကသူ့အား အသက်ချမ်းသာပေးခဲ့ခြင်းကြောင့်သာ  သူရှစ်ဖုန့်အားသူ၏သခင်အဖြစ်   အသိအမှတ်ပြုခဲ့ခြင်းဖြစ်သည်။

ယခုရှစ်ဖုန့်က အမှုမဲ့အမှတ်မဲ့ ကြီးမားသောစွမ်းအားကိုချပြခဲ့ပြီး အမှုမဲ့အမှတ်မဲ့ သူ၏အသက်အားနှစ်ကြိမ်ကယ်တင်ခဲ့သည်။ ယခုအခါ၌ထူရှာမှာ ရှစ်ဖုန့်အား သူ၏သခင်အဖြစ် နှလုံးသားအခြေမှနေ၍  စစ်မှန်စွာအသိအမှတ်ပြုခဲ့ပြီဖြစ်သည်။

“မင်းရဲ့ပါရမီကမဆိုးပါဘူး.. မင်းသာအခုကစပြီးတော့ငါ့

နောက်ကိုလိုက်ရင်သေချာ

ပေါက်မင်းရဲ့မြေဓာတ်အခြေပြုယင်အလောင်း

ကောင်ခန္ဓာကိုယ်ကို အရှက်ရစရာမဖြစ်စေရဘူး.. တစ်နေ့ကြမင်းရဲ့နမည်ဟာထျန်းဟန်တိုက်ကြီးတစ်ခုလုံးကိုဖြတ်သန်းပဲ့တင်

ရိုက်ခတ်မြည်ဟိန်းစေလိမ့်မယ်”

ရှစ်ဖုန့်က ထူရှာအားကြည့်လိုက်ပြီး ထူးမခြားနားသည့်ဟန်ဖြင့်ပြောလိုက်သည်။

“ကျွန်တော်လုပ်နိုင်တာလား”

ထူရှာကသူ၏ခေါင်းကိုမော့ပြီး  ရှစ်ဖုန့်အားတည်ငြိမ်သော

မျက်နှာထားဖြင့်ကြည့်လိုက်သည်။

ပြင်ပကမ္ဘာ၏ခွန်အားစွမ်းပ

ကားတို့အားမျက်မြင်တွေ့ပြီး

သည့်နောက်တွင် မြေနယ်မြေ၌သူ့ကိုယ်သူအမြဲ

အသန်မာဆုံးသူဟုတွေးနေခဲ့သောထူရှာမှာ စတင်၍ ယိမ်းယိုင်တုန်လှုပ်မှုတို့ဖြစ်လာသည်။

“မင်းလုပ်နိုင်တယ်”

ရှစ်ဖုန့်က ထူရှာအား ပြတ်သားခိုင်မာသော မျက်နှာထားဖြင့်ပြောလိုက်သည်။

“မင်းအနေနဲ့ မင်းကိုယ်မင်းယုံကြည်ရမယ်..

မင်းရဲ့ကိုယ်ပိုင်ယုံကြည်ချက်ကိုပိုပြီးတော့ အားကောင်းလာအောင်လုပ်ရမယ်..”

ရှစ်ဖုန့်၏အသံက နတ်ဆိုးတစ်ကောင်၏ အသံကဲ့သို့ထူရှာ၏ စိတ်ထဲတွင်ပေါ်လာသည်။

“ကျ..ကျွန်တော်နားလည်ပါပြီ..

လမ်းညွှန်ပြသပေးမှုအတွက် ကျေးဇူးတင်ပါတယ်..သခင်..”

ထူရှာမှာ ယုံကြည်ချက်ယိမ်းယိုင်မှုတို့

စတင်ဖြစ်ပေါ်လာခဲ့သော်လည်း ဆုံးဖြတ်ချက်ပြတ်သားသော  မျက်နှာတစ်ခုက လျှင်မြန်စွာအစားထိုးဝင်ရောက်လာသည်။

“အင်း.မင်းသွားလို့ရပြီ”

ရှစ်ဖုန့်က ထူရှာအား ခေါင်းညိမ့်ပြီးပြောလိုက်သည်။

“ဟုတ်ကဲ့”

ထူရှာကထရပ်လိုက်ပြီး  ရှစ်ဖုန့်နောက်သို့ဆုတ်ခွာသွားလိုက်သည်။

ရှစ်ဖုန့်ကသူ၏လက်တို့အား နောက်တွင်ပစ်ထားပြီး ဖြည်းညှင်းစွာလျှောက်လှမ်းထွက်လာသည်။သူကအကွာအဝေးတစ်ခုတွင်ရှိနေသော မျက်နှာထက်တွင် သတ်ဖြတ်ခြင်းစိတ်ဆန္ဒများ

ဖြင့်ပြည့်နှက်နေသည့်   အမှောင်နတ်သူငယ်လူငယ်အား ကြည့်လိုက်သည်။

သူ၏ညာလက်အား ဓားပုံအသွင်ပြုလုပ်လိုက်ပြီး  အက်စ်ခေထံသို့ထိုးညွှန်လိုက်သည်။ သူကအေးစက်စွာပြောလိုက်သည်။

“ရှုံးနိမ့်တဲ့သူကိုသေခြင်းတရားနဲ့အပြစ်ပေးသင့်တယ်…ဒါပေမဲ့မင်းက တိုက်ပွဲရဲ့စည်းမျဉ်းကို မလိုက်နာဘဲ ပြုမူရဲတယ်…ဒီသခင်လေးရဲ့အစေခံက အဲ့မိန်းမကို အနိုင်ယူတော့မှာကို မင်းတွေ့တဲ့အချိန်မှာ မင်းကဒီသခင်လေးရဲ့ ငယ်သားကို အလစ်တိုက်ခိုက်ခဲ့ပြီး သူ့ကိုသတ်ဖို့ကြိုးစားခဲ့တယ်..

ဒီနေ့တော့.,.မင်းရဲ့အပြုအမူ

တွေအတွက်မင်းတာဝန်ယူရမယ်..

မင်းသေရမယ်”

“ဇီယာက တော့ ကြင်နာသနားစွာနဲ့ မင်းအသက်ကို ကယ်တင်ပေးခဲ့ပေမဲ့ မင်းကတော့ အမှောင်နတ်သူငယ်သန္ဓေပြောင်း

တရိစ္ဆာန်တစ်ကောင်ပဲ..သူမရဲ့ကြင်နာမှုကိုပြန်လည်ပေးဆပ်ရမဲ့အစား ကျေးဇူးတောင်ကန်းလိုက်သေးတယ်..

မင်းသေပြီးသွားရင် ဒီသခင်လေးက မင်းဝိညာဉ်ကိုဆွဲထုတ်ပြီး တော့  မီးတောက်နဲ့အဆုံးမဲ့လောင်မြိုက်စေပြီး မင်းရဲ့ဝိညာဉ်ကိုနာကျင်မှု

ဒုက္ခဝေဒနာတွေကို ခံစားခိုင်းမယ်”

“မီးတောက်နဲ့အဆုံးမဲ့လောင်မြိုက်စေပြီး မင်းရဲ့ဝိညာဉ်ကိုနာကျင်မှုဒုက္ခဝေဒနာတွေကို ခံစားခိုင်းမယ်”

“မီးတောက်နဲ့အဆုံးမဲ့လောင်မြိုက်စေပြီး မင်းရဲ့ဝိညာဉ်ကိုနာကျင်မှုဒုက္ခဝေဒနာတွေကို ခံစားခိုင်းမယ်”

ရှစ်ဖုန့်၏ပြောဆိုသံကငြိမ်ကျသွားသော်လည်း သူ၏စကားလုံးတို့နှင့်အေးစက်သောအသံက  ကောင်းကင်နှင့်မြေပြင်ကြားထဲ၌ စတင်၍ ပဲ့တင်ထပ်နေသည်။

“အား…ရဲတင်းလိုက်တာ..

နိမ့်ကျတဲလူသား..ဒီမင်းသားမင်းကို မြှုပ်စရာသင်္ချိုင်းတောင်မရှိအောင်

သေစေချင်တယ်ကွ”

ရှစ်ဖုန့်၏အေးစက်သောမျက်နှာနှင့်သူ့အားလက်ညိုးထိုးညွှန်မှုတို့ကိုမြင်တွေ့ရပြီး လေးစားမှုကင်းမဲ့ခြင်းနှင့်မောက်မာခြင်း

တို့ပြည့်နှက်နေသော  စကားလုံးများအားကြားလိုက်ရသည်။ အမှောင်နတ်သူငယ်မျိုးနွယ်စု၏ မင်းသားတစ်ပါးဖြစ်သောအက်စခေအနေဖြင့် ဤကဲ့သို့ အရှက်ခွဲခံရမှုအားယခင်က တစ်ခါမှ မခံစားခဲ့ရဖူးချေ။ ဒေါသမီးတောက်များက သူ့တစ်ကိုယ်လုံးတွင်တောက်လောင်နေပြီး နှိုင်းယှဉ်ပြ၍မရလောက်အောင် ကြမ်းကြုတ်ခက်ထန်လာသည်။

သူ၏နုနယ်ချောမောသောမျက်နှာ်မှာ ရုတ်တရက်ရှုံ့မဲ့လာပြီး ကြမ်းကြုတ်ခက်ထန်လာသည်။ ဒေါသထွက်နေသော သားရဲတစ်ကောင်ကဲ့သို့သူ၏

သွေးကြောများက ဖောင်းကားလာ၏။

“နိမ့်ကျတဲ့လူသား..

ငါ့အတွက်သေလိုက်စမ်း..သေစမ်း”

အက်စ်ခေက ထပ်မံ၍ကြုံးဝါးလိုက်သည်။

သူ၏ညာလက်အား လက်သီးဆုပ်အဖြစ်ဆုပ်လိုက်သည်။

သူ၏တစ်ကိုယ်လုံးက  အမှောင်အလင်းတန်းတစ်ခု

အဖြစ်သို့ပြောင်းသွားပြီး ရှစ်ဖုန့်ထံသို့ တစ်ဟုန်ထိုးပစ်ဝင်လာသည်။ဤအချိန်တွင် သူ့အနေဖြင့်ရှစ်ဖုန့်အား သူကိုယ်တိုင် အရှင်လတ်လတ်  ဝါးစားချင်နေမိသည်။ရှစ်ဖုန့်နှင့်အကွာဝေးအချို့ကွာဝေးနေသေားသော်လည်း သူ၏ညာလက်သီးအားရုတ်တရက်ရှေ့သို့ထိုးချလိုက်သည်။အက်စ်ခေ၏ လက်သီးမှာ အမှောင်အလင်းတန်းတစ်ခုထွက်ပေါ်လာပြီး ရှစ်ဖုန့်ထံသို့လျှင်မြန်စွာတစ်ဟုန်

ထိုးဦးတည်သွားသည်။

အက်စ်ခေ၏  အလင်းတန်းတွင် ကြယ်တစ်ပွင့်  သူတော်စင်နယ်ပယ်တစ်ဦး၏  စွမ်းအားအပြည့်အဝပါရှိသည်ဖြစ်သည်။

သိပ်သည်းသော အနက်ရောင်အလင်းနှင့်  အလင်းတန်း၏ အရှိန်အဝါက  ကြယ်တစ်ပွင့်ဘိုးဘေးနယ်ပယ်ဖြစ်သော အန်းမေဂျီယာနနှင့်နိုင်းယှဉ်၍မရနိုင်ပေ။

“အရှင်မ ဒီလူသားကတော်တော်လေးထူးခြားတယ်..မင်းသားလေး အက်စ်ခေအတွက် အရှင်မ ကျုပ်ကိုကူညီစေချင်ပါသလား”

အမှောင်နတ်သူငယ်များကြားထဲတွင်

ဘုရင်မှ အက်ရှလေ၏ဘေး၌  အချိန်၏တိုက်စားမှုတို့ကြောင့် မျက်နှာပေါ်တွင် အရေးအကြောင်းများ ဖြစ်ပေါ်နေသော အနက်ရောင်ဝတ်ရုံနှင် အကြီးအကဲတစ်ယောက်က အက်ရှလေကို ပြောလိုက်သည်။

“အလျှင်မလိုနဲ့”

ဘုရင်မှအက်ရှလေ၏ ခရမ်းနက်ရောင်  မျက်နှာထက်တွင်အေး

စက်မှုများဖြင့်ပြည့်နှက်နေသည်။သူမက ရှေ့သို့စိုက်ကြည့်ပြီး အေးစက်စွာပြောလိုက်သည်။

“ဒီလူသား …သူ့ရဲ့တည်ရှိမှုကို စရောက်လာကတည်းကသတိပြုမိတယ်..

အစကတည်းကငါသူ့ကိုမြင်တဲ့အချိန်မှာ သူကငါ့ကို အရမ်းကိုမသက်မသာဖြစ်စေတဲ့ခံစားချက်ကို ပေးတယ်..သူကငါ့ကိုတောင်ခြိမ်းခြောက်နိုင်စွမ်းရှိတဲ့ခံစားချက်မျိုးကို ပေးနေတယ်”

“အစတုံးက ငါ့တို့မျိုးနွယ်တွေရောက်တာနဲ့ ဒီနိမ့်ကျတဲ့မြွေလူသားမျိုးနွယ်ကို အကြောင်းမဲ့သတ်သတ်တောင်သတ်ပစ်လို့ရနိုင်တယ်လို့ထင်ခဲ့တာ..ဒါပေမဲ့ ငါသူ့ကိုမြင်တဲ့အခါမှာ ငါ့ရဲ့စစ်သည်တော်တွေ ကို ရပ်ဖို့အမိန့်ပေးခဲ့တယ်.. နိမ့်ကျတဲ့မြွေလူသားမျိုးနွယ်စုက ရွန်ဒါကိုသတ်ရဲပြီးတော့  ငါတို့အမှောင်နတ်သူငယ်တွေ

ကိုစစ်ကြေညာရဲတာက သူတို့ရဲ့ခရမ်းရောင်မြွေခန္ဓာ

စွမ်းအားနိုးထလာတာကြောင့်မဟုတ်ဖူး..

ဒီလူသားရောက်ရှိလာတာကြောင့်ဖြစ်တယ်”

“အရှင်မ..ဒီလူသားက…တကယ်ပဲ အရှင်မကို ခြိမ်းခြောက်တဲ့ခံစားမှုကိုပေးစွမ်းတာလား”

အက်ရှလေ၏ စကားတို့အားကြားပြီးသည့်နောက် မျက်နှာထက်တွင်ခရမ်းနက်

ရောင်အရေးအကြောင်းများ

ဖြင့်ပြည့်နှက်နေသော အနက်ရောင်ဝတ်ရုံနှင့်အကြီး

အကဲ၏မျက်နာ၌   တုန်လှုပ်အံ့အားသင့်မှုများဖြင့်ပြည့်နှက်နေသည်။အက်ရှလေ၌  စွမ်းအားကြီးမားမှုအပြင်  မွေးရပါပါရမီတစ်ခုလည်းရှိသေးသည်ဖြစ်သည်။သူမ၏ မွေးရပါ စိတ်ဝိညာဉ်အာရုံခံနိုင်စွမ်းက တော်တော်လေးကိုထက်ရှသည်ဖြစ်သည်။

“ဘာဖြစ်မလဲဆိုတာကို

စောင့်ပြီးကြည့်ကြတာပေါ့…”

အက်ရှလေက ပြောလိုက်သည်။

“အက်စ်ခေမှာ တို့ဘိုးဘေးဘီဘင်လက်ထက်ကတည်းက  လက်ဆင့်ကမ်းလာခဲ့တဲ့  အမှောင်ရုပ်သေးရုပ်ရှိတာပဲ.. ဒီတော သူမသေနိုင်ပါဘူး”

ဆက်ရန်………..

ဘာသာပြန်သူ-ARISE

All Chapters