← Chapters

စစ်ပွဲ

Vol. 193 Ch. 2757

စစ်ပွဲ

Vol. 193 Ch. 2757

ရီဖူရှင်းစကားပြောပြီးသွားသည်နှင့် ကျဆင်းနေသည့်ဖိအားက ပို၍ပင် အားကောင်းလာသည်။ သူ့ခေါင်းထက်ရှိ လေဟာနယ်တွင် နတ်ဘုရားပုံရိပ်တစ်ခု ပေါ်ပေါက်လာ၏။ ကြောက်မက်ဖွယ် စွမ်းအားတို့က သူ့ထံ ကျဆင်းလာပြီး သူ့ပေါ်သို့ ကောင်းကင်ကြီးပြိုကျလာသလို ခံစားမိစေသည်။

ရီဖူရှင်းက အလွန်ပင် မသက်မသာခံစားနေရ၏။ သူ့ခန္ဓာကိုယ်က ချွေးတို့ဖြင့် စိုရွှဲလာသည်။ သူက အားကောင်းလှသည့် စိတ်ဆန္ဒနှင့် ထိုဖိနှိပ်နေသော စွမ်းအားတို့ကို ဆန့်ကျင်တွန်းလှန်နေရင်း သူက ကောင်းကင်သို့ ဆက်လက်စိုက်ကြည့်ကာ ပြောလိုက်သည်။

“ခင်ဗျား ကျုပ်ကို သတ်ရင်တောင် အတူတူပဲ။ ဒီကိုမလာခင် မဟာဧကရာဇ်တစ်ပါးက ဂျူနီယာတစ်ယောက်ကို ထိခိုက်အောင်လုပ်လိမ့်မယ်လို့ ထင်မထားပေမယ့် ကျုပ်က အဆိုးဆုံးအတွက် ပြင်ထားခဲ့တာ။ ကျုပ်ဆီမှာ တကယ်ပဲ တစ်ခုခုဖြစ်သွားရင် စီဝေ့အင်ပါယာနန်းတော်နဲ့ ယူချင်းက မှော်နက်စစ်တပ်ကို ကမ္ဘာ့ရန်အဖြစ် သတ်မှတ်လိုက်လိမ့်မယ်။”

လက်ရှိတွင် ကမ္ဘာခြောက်ခုက တန်းတူညီသည့် အနေအထားတွင် ရှိနေသော်လည်း စီဝေ့အင်ပါယာနန်းတော်နှင့် နတ်ဆိုးအင်ပါယာနန်းတော်က မှော်နက်စစ်တပ်အား တပြိုင်တည်း ဆန့်ကျင်တိုက်ခိုက်လျှင် အခြေအနေက ချက်ချင်း ပြောင်းပြန်ဖြစ်သွားလိမ့်မည် ဖြစ်သည်။ မှော်နက်ဘုရင်က လောကတစ်ခုလုံးကို အမှောင်ထုလွှမ်းသွားအောင် လုပ်ရန် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။

ယခုတွင် ရီချင်းယောင်သည်လည်း မှော်နက်စစ်တပ်ကို ပုန်ကန်မည်ဖြစ်သောကြောင့် ရီဖူရှင်း၏ ခြိမ်းခြောက်မှုက အသုံးဝင်သည့် နည်းလမ်းတစ်ခုဖြစ်သည်။

“ကောင်းကင်ဒေသက စီဝေ့အင်ပါယာနန်းတော်ကို ခွင့်လွှတ်လိမ့်မယ်လို့ ထင်လား။ ဒွန်ဟောင်အင်ပါယာနန်းတော်မရှိရင်တောင် ကောင်းကင်ဒေသရဲ့ ရှေးဟောင်းနတ်ဘုရားကလန်တွေက သူတို့ကို ရှင်သန်ခွင့်ပေးမှာမဟုတ်ဘူး။”

မှော်နက်ဘုရင်က အေးစက်စွာ ပြောလိုက်သည်။ သူက ထိုသို့သော ကိစ္စမျိုးနှင့် အတော်​လေး ရင်းနှီးသည်မှာ ရှင်းလင်းပေသည်။

“ကောင်းကင်ဒေသနဲ့ စီဝေ့အင်ပါယာနန်းတော်ရဲ့ ယှဥ်ပြိုင်မှုက ကျုပ်ကြောင့်ဖြစ်ရတာ။”

ရီဖူရှင်းက ဆက်ပြောလိုက်သည်။

“ကျုပ်ဆီမှာ တစ်ခုခုဖြစ်သွားရင် ဒီယှဥ်ပြိုင်မှုကလည်း ထပ်ရှိတော့မှာ မဟုတ်ဘူး။ စီဝေ့အင်ပါယာနန်းတော်က နတ်ဆိုးအင်ပါယာနန်းတော် မဟုတ်ရင် ဒွန်ဟောင်အင်ပါယာနန်းတော်ကို ဝင်ရောက်ဖို့ ရွေးချယ်လိမ့်မယ်။ သူတို့မှာ ဘုံရန်သူ ရှိသွားရုံပဲရှိမယ်။ ဒါပေမယ့် ကျုပ်သာ အန္တရာယ်ကင်းကင်း ပြန်ရောက်သွားရင် အဲဒါတွေတစ်ခုမှ ဖြစ်မှာမဟုတ်ဘူး။”

မှော်နက်ဘုရင်ကလည်း ထိုအကြောင်းကို နားလည်ပေသည်။ ထိုအဖြစ်အပျက်က ဖြစ်မလာရုံသာမက ရီဖူရှင်းနှင့် ကောင်းကင်​ဒေသကြားတွင် ရန်ငြိုးရန်စဖြင့်ဆိုလျှင် အရာအားလုံးက ကောင်းကင်ဒေသသို့သာ ဦးတည်သွားပေလိမ့်မည်။ ယခင်က မှော်နက်စစ်တပ်နှင့် နတ္ထိဘုံနှစ်ခုလုံးက ရီဖူရှင်းအား မထိခဲ့ကြပေ။ သူတို့က သူ့ကို ကူညီရန်ပင်ရွေးချယ်ခဲ့ပြီး ကောင်းကင်ဒေသအတွက် ရန်သူတစ်ယောက် ဖန်တီးခဲ့ကြသည်။

ရန်သူ၏ ရန်သူက မိတ်ဆွေဖြစ်ပေသည်။

ထိုသည်မှာ သူတို့က ရီဖူရှင်းကို မည်သည့်အတွက်ကြောင့် လွတ်လွတ်လပ်လပ် အစွမ်းထက်စွာ ကြီးထွားလာခွင့်ပြုထားရသနည်းဟူသည့် အကြောင်းပြချက် ဖြစ်ပေသည်။ မဟုတ်လျှင် ယခင်ဖြစ်ပွားခဲ့သည့် အားလုံးသော ပဋိပက္ခများက သူတို့အတွက် ရီဖူရှင်းကို တိုက်ခိုက်ရန် လုံလောက်သည်ထက် ပိုနေပြီဖြစ်သည်။

“မင်း ပြောတာ အမှန်ပဲ။ ဒီလိုဆိုမှတော့ မင်းကို တစ်လအချိန်ပေးမယ်။ တစ်လပြည့်ပြီးရင် ကျုပ် မင်းကို သွားခွင့်ပေးမယ်။ ဒီလအတွင်းမှာ လူလွှတ်ပြီး မှော်နက်စစ်တပ်ကို တိုက်ခိုက်ရဲရင် ကျုပ် မင်းကို သတ်ရလိမ့်မယ်။”

အမှောင်ထုမုန်တိုင်းက ပြင်းထန်စွာ လှည့်ပတ်နေပြီး ကြောက်မက်ဖွယ် စွမ်းအားတို့က ဆုတ်ခွာမသွားခင် ရီဖူရှင်းပေါ်သို့ ကျရောက်ဖိနှိပ်ခဲ့ပေသည်။ လေထုကို ဖြတ်သန်းကာ ပဲ့တင်ထပ်နေသည့် အသံတစ်ခုကျန်ရစ်နေခဲ့၏။ ရှင်းလင်းစွာပင် မှော်နက်ဘုရင်က သူ၏ ခြိမ်းခြောက်မှုကြောင့် ဒေါသထွက်သွားခဲ့ခြင်း ဖြစ်သည်။ ရီဖူရှင်းသည် အမှန်တကယ်ပင် မှော်နက်လောက၏ အုပ်ချုပ်သူကို ခြိမ်းခြောက်ရန် သတ္တိရှိပေသည်။

သူက မှော်နက်လောက၏ ဘုရင်ဖြစ်သည်။ မည်သူကမှ သူ့ကို ခြိမ်းခြောက်နိုင်မည် မဟုတ်ပေ။

သူသည် ရီဖူရှင်းက ကြိုးစားရဲမလား မြင်တွေ့ချင်ပေသည်။

ဖိနှိပ်နိုင်သည့် အရှိန်အဝါက ပျောက်ကွယ်သွားပြီး မှော်နက်မုန်တိုင်းသည်လည်း ပြန့်ကျဲသွားခဲ့ပေသည်။ ရီဖူရှင်းက ထိုအရာအားလုံးကို ကြည့်ရှုနေခဲ့သည်။ မှော်နက်ဘုရင်က သူ့ကို ညှိနှိုင်းဆွေးနွေးရန် အခွင့်အရေးမပေးဘဲ ထို့အစား သူက ယခုအခြေအနေကို မည်သို့ ကိုင်တွယ်ရမည်ကိုသာ တိုက်ရိုက်ရွေးချယ်ပေးခဲ့ပေသည်။

သူ့အသက်ကို လောင်းကြေးထပ်ရမည်လား။

ရီဖူရှင်းက ထိုသို့ လုပ်ဆောင်ရဲခြင်းမရှိပေ။ မှော်နက်ဘုရင်က သူ့ကိုယ်ပိုင် အကန့်အသတ်ရှိသော်လည်း သူက အသက်ကို လောင်းကြေးထပ်ရဲလိမ့်မည် မဟုတ်ချေ။

ယခု သူလုပ်နိုင်သမျှ အရာအားလုံးမှာ တစ်လဆက်လက်စောင့်ဆိုင်းရန်သာ ဖြစ်​လေသည်။ မှော်နက်ဘုရင်က သူ့ကို တိကျသည့် အချိန်တစ်ခုပေးခဲ့သည်ဆိုကတည်းက သူ့ဘက်မှ ခြေတစ်လှမ်းဆုတ်ပေးခဲ့ပြီး ဖြစ်​သည်။ မဟုတ်လျှင် မှော်နက်ဘုရင်အား ထိုကဲ့သို့ ခြိမ်းခြောက်ခဲ့သည့်အတွက် ရီဖူရှင်းအနေနှင့် အကြိမ်တစ်ရာသေပေးလျှင်ပင် လုံလောက်လိမ့်မည် မဟုတ်ပေ။

သူ၏ ကျင့်ကြံခြင်းက အလွန် အစွမ်းထက်ပြီးဖြစ်လျှင်ပင် မဟာအင်ပါယာတစ်ပါးရှေ့၌ သူက ပုရွက်ဆိတ်တစ်ကောင်နှင့် မကွာခြားသည့် သေးနုပ်သော အရာတစ်ခုသာ ဖြစ်နေဆဲဖြစ်သည်။ သူက သေဆုံးခြင်းနှင့် အလွယ်တကူ ရင်ဆိုင်ရနိုင်ပေသည်။

ရီဖူရှင်းက သူ့မျက်လုံးများကို မှိတ်ထားပြီး တိတ်ဆိတ်စွာ ဆက်လက်ကျင့်ကြံနေသည်။ တစ်လဟူသော အချိန်က သူ့အတွက် ရှည်ကြာခြင်းမရှိသော်လည်း နတ်ဘုရားကုန်းမြေကြီး၏ ပျက်သုဥ်းနယ်မြေ မုန်တိုင်းအတွင်းတွင် အရာအားလုံးက နေ့စဥ်နေ့တိုင်း အရှိန်အဟုန်နှင့် ပြောင်းလဲ​နေခြင်း ဖြစ်သည်။ သူသည် ထိုမုန်တိုင်းက မည်ကဲ့သို့ ဆက်လက်၍ တိုးတက်ပြောင်းလဲနေသည်ကို မသိရှိခဲ့ပေ။ သူသည် မမျှော်လင့်ထားသည့် အဖြစ်အပျက်များ ဖြစ်ပျက်မလာစေရန် သူပြန်မရောက်ခင် မည်သည့်အရာမှ ဝင်မစွက်ဖက်ဘဲ ငြိမ်ငြိမ်သက်သက်နေရန် ပြောထားရမည် ဖြစ်သည်။

ရီဖူရှင်း မှော်နက်စစ်တပ်၌ ရှိနေစဥ် နတ်ဘုရားကုန်းမြေကြီး၏ ပျက်သုဥ်းမြေအကြောင်း သတင်းများက နေ့တိုင်းထွက်ပေါ်နေသည်။ တိုက်ပွဲများက ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပြီး ကုန်း​မြေတစ်ခုလုံးက  ကြောက်မက်ဖွယ်ရာ အရှိန်အဟုန်နှင့် ပါဝင်ပတ်သတ်နေခဲ့သည်။ လောကအနှံ့မှ အင်အားစုများနှင့် ကျင့်ကြံသူများက ပြင်းပြင်းထန်ထန် သတ်ဖြတ်လုယက်နေကြပေသည်။ မရေတွက်နိုင်သော ရတနာများ အမွေအနှစ်များနှင့် ကျင့်ကြံခြင်းအရင်းအမြစ်များအားလုံးသည် လတ်တလောနှစ်များအတောအတွင်း ခိုးယူလုယက်ခံခဲ့ရပေသည်။ ဤသည်မှာ ကုန်းမြေက မည်သည့်အတွက်ကြောင့် ကြီးမားသော ကျင့်ကြံခြင်းအရင်းအမြစ်များ ရရှိထားသနည်းဟူသည့် အကြောင်းနှင့် မည်သည့်အတွက်ကြောင့် စစ်ပွဲက အလျင်အမြန် ကြီးထွားလာရသနည်းဟူသည့် အရေးကြီးသော အကြောင်းပြချက် ဖြစ်လေသည်။

အင်အားစုကြီးများမှ ကျင့်ကြံသူမျသည် အင်ပါယာအဆင့်အင်အားစုများက တိုက်ရိုက်စစ်ကြေညာလိမ့်မည်ဟုပင် မျှော်လင့်ခဲ့ကြသည်။ နှစ်ဖက်လုံး အထိအခိုက်အကျအဆုံးများပြီး လောကတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်လျှင် အကောင်းဆုံး ဖြစ်သည်။ ထို့နောက်တွင် သူတို့အတွက် အခွင့်အရေးတစ်ခု ရရှိလာပေလိမ့်မည်။ မဟုတ်လျှင် အကောင်းဆုံး ကျင့်ကြံရေးအရင်းအမြစ်များကို အင်ပါယာအဆင့်အင်အားစုများသာ သိမ်းပိုက်သွားကြလိမ့်မည် ဖြစ်သည်။ သူတို့က နည်းပါးလှသည့် အရင်းအမြစ်တို့ကိုသာ ရရှိနိုင်ပေသည်။ သူတို့ တစ်ခုခုရခဲ့လျှင်ပင် အားလုံးက အကြွင်းအကျန်များသာ ဖြစ်သည်။ အချို့သော အဖိုးတန်ကျင့်ကြံရေး အရင်းအမြစ်တို့ကလည်း အင်ပါယာအဆင့်အင်အားစုများအောက်မှ ထိပ်သီးအင်အားစုတို့၏ လက်ထဲသို့ ကျရောက်သွားပေလိမ့်မည်။

ဤသို့သော အခြေအနေအောက်တွင် သူတို့သည် တတ်နိုင်သမျှ ပျက်စီးမှုများပြားစေသော စစ်ပွဲဖြစ်ပွားစေရန် မျှော်လင့်ကြပေသည်။ သူရဲကောင်းများက ပရမ်းပတာအခြေအနေများမှ မွေးဖွားလာခြင်း ဖြစ်သည်။ သူတို့သည် အလှည့်အပြောင်းများကြားမှသာ အခွင့်အရေးရှာတွေ့ပြီး ထိပ်ဆုံးသို့ တက်ရောက်နိုင်ကြမည် ​ဖြစ်သည်။ သို့သော် ယခင်ကဲ့သို့ ဆက်လက်ငြိမ်းချမ်းနေမည်ဆိုလျှင် ကျင့်ကြံခြင်းအရင်းအနှီးများအားလုံးက ခြောက်သွေ့ကုန်ဆုံးသည်အထိ စုပ်ယူ ခွဲဝေယူခံရမည်ဖြစ်သည်။ ၎င်းတို့က သူတို့နှင့် အနည်းငယ်မျှပင် သက်ဆိုင်ခြင်းရှိလိမ့်တော့မည် မဟုတ်ပေ။

ပုဂ္ဂိုလ်ရေးအကျိုးအမြတ် ရယူလိုမှုသည် အားလုံးသော တိုက်ပွဲနှင့် စစ်ပွဲများအားလုံး၏ ဇာစ်မြစ်ဖြစ်ပေသည်။

ဤစစ်ပွဲသည် ကောင်းကင်ဒေသအတွင်းမှ ယခင်စစ်ပွဲများနှင့် မတူညီပေ။ ၎င်းသည် အစီအစဉ်မကျဘဲ ပရမ်းပတာနှင့် ဖြစ်သည်။ အင်ပါယာအဆင့် အင်အားစုများသည်လည်း သူတို့အောက်မှ အင်အားစုများကို စည်းရုံးနိုင်ခြင်းမရှိချေ။ ထို့အစား အင်အားစုများစွာသည် တိုက်ပွဲကို အရင်ဆုံး စတင်ခဲ့ကြပြီး အင်ပါယာအဆင့်အင်အားစုများကို ဖျက်ဆီးရန် ကြိုးစားခဲ့ကြသည်။

ထိုကဲ့သို့သော ကြီးကျယ်ခမ်းနားသော စစ်ပွဲအတွင်း အားကောင်းသည့် ကျင့်ကြံသူအရေအတွက်များစွာ နတ်ဘုရားကုန်းမြေကြီး၏ ပျက်သုန်းမြေအတွင်း သေဆုံးကြရပေလိမ့်မည်။

အချို့သည် ဤသည်က နတ်ဘုရားများ၏ ကျိန်စာလား သိချင်ကြပေသည်။

ရှေးယခင်က ဖြစ်ပွားခဲ့သည့်ကောင်းကင်လမ်းစဥ်တိုက်ပွဲအတွင်း ထိုနေရာက အဓိကစစ်မြေပြင်ဖြစ်ခဲ့ပြီး နတ်ဘုရားများစွာကို ကျဆုံးစေသည့် ပျက်သုဥ်းခြင်းကို ဖြစ်ပေါ်စေခဲ့သည်။ ယခု နှစ်ပေါင်းများစွာ ကြာပြီးနောက် ဤရှေးဟောင်းတိုက်ပွဲမြေပြင်က လောကအတွင်း ပြန်လည်ပေါ်ပေါက်လာပြီး ခန့်မှန်း၍ မရနိုင်သော တိုက်ပွဲကို တစ်ဖန်ဖြစ်ပေါ်စေသည်။ ၎င်းသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက ဖြစ်ခဲ့သည့်အတိုင်း ပြန်လည်ဖြစ်ပွားနေသကဲ့သို့ ဖြစ်သည်။

ကျင့်ကြံသူများ၏ အဆုံးမဲ့သေဆုံးခြင်းကို မြင်သည့်အခါ လူအများသည် နတ်ဘုရားများ၏ အဆုံးသတ်ခေတ်ကာလကို ပြန်လည်မြင်တွေ့ရသလို ထင်မှတ်ကြရသည်။ နတ်ဘုရားများ၏ အရေအတွက်က လျော့ပါးသွားပြီး အမျိုးမျိုးသော နတ်ဘုရားများက ကျဆုံးသွားရကာ ကျင့်ကြံခြင်းလောကက ကွဲထွက်သွားပုံပေါ်သည်။

ထိုအချိန် မှော်နက်လောကအတွင်းမှ ရီဖူရှင်းသည် စစ်မြေပြင်မှ သတင်းကို ထပ်မံလက်ခံရရှိခဲ့သည်။

ပြောသည်မှာ အရှင်ရှာမန်နှင့် ရီချင်းယောင်တို့က မှော်နက်စစ်တပ်ကို ဦးဆောင်၍ ကောင်းကင်ဒေသမှ ဒွန်ဟောင်အင်ပါယာနန်းတော်ကို တိုက်ရိုက်တိုက်ခိုက်ခဲ့သည်ဟု ဖြစ်သည်။ တိုက်ပွဲက အလွန် ကြောက်မက်ဖွယ်ကောင်းပေသည်။ ရီချင်းယောင်က ဒွန်ဟောင်တိယွမ်နှင့် ယှဥ်နိုင်သည့် နတ်စွမ်းအားရှိပြီး သူတို့နှစ်ယောက်က ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြသည်။ ရီချင်းယောင်က ဒွန်ဟောင်တိယွမ်ကို သတ်ဖြတ်ချင်ခဲ့သည်။

သို့သော် တိုက်ပွဲက ရလဒ်မရှိခဲ့ပေ။ နှစ်ဖက်လုံးက နောက်ပြန်ဆုတ်ခဲ့ရသော်လည်း အဓိပ္ပါယ်မရှိသည်တော့ မဟုတ်ပေ။ ၎င်းသည် အင်ပါယာအဆင့်အင်အားစုများကြားမှ စစ်ပွဲက စတင်နေပြီဟုဆိုလိုပေသည်။ ၎င်းသည် အမွေအနှစ်အတွက် တိုက်ပွဲမဟုတ်တော့ဘဲ အစစ်အမှန် စစ်ပွဲတစ်ခု ဖြစ်လာခဲ့ပြီဖြစ်၏။

မှော်နက်ဘုရင်က ဒွန်ဟောင်တိယွမ်အား သတ်ဖြတ်ရန် ချင်းယောင်ကို အမိန့်ပေးခဲ့သည်လား။ ရီဖူရှင်းက ထိုနေရာ၌ ထိုင်ရင်း တစ်ယောက်တည်း အတွေးများနေသည်။ ဒွန်ဟောင်တိယွမ်က သူ၏ ကမ္ဘာ့ရန်ဖြစ်သော်လည်း သူသည် ထိုမျှများပြားသည့် အမုန်းတရားတို့ ရှိမနေပုံရပေသည်။

သူက ရီချင်းယောင်အတွက် အနည်းငယ်စိတ်ပူနေဆဲ ဖြစ်သည်။ သူမ ရှုံးရှုံးနိုင်နိုင် ထိုသည်က သူမအတွက် ကောင်းမွန်သောအရာဖြစ်လိမ့်မည် မဟုတ်ပေ။ သူမက ဒွန်ဟောင်တိယွမ်ကို အမှန်တကယ် သတ်နိုင်လျှင်ပင် သူမသည်လည်း အသက်ရှင်နိုင်စွမ်းရှိလိမ့်မည် မဟုတ်ပေ။

သို့သော် နှစ်ဖက်လုံးက အင်ပါယာအဆင့် အင်အားစုများ ဖြစ်ပြီး အားကောင်းလှသည့် တိုက်ခိုက်သူများနှင့် ပြည့်နေသည်။ သူမက ထိုမျှ အလွယ်တကူသေလိမ့်မည် မဟုတ်ပါချေ။

သတိမပြုမိလိုက်ခင်မှာပင် အချိန်တစ်လက ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ မှော်နက်ဘုရင် ကတိပေးထားသည့် သူ့ကို လွှတ်ပေးရမည့်အချိန် ရောက်လာခဲ့ပြီ ဖြစ်၏။

All Chapters