← Chapters

မှော်နက်ဘုရင်၏ ယုံကြည်မှု

Vol. 193 Ch. 2758

မှော်နက်ဘုရင်၏ ယုံကြည်မှု

Vol. 193 Ch. 2758

သတ်မှတ်ထားသည့် နေ့သို့ ရောက်သည့်အခါ မှော်နက်ဘုရင် တစ်ခါထပ်၍ ရောက်ရှိလာခဲ့သည်။ ကြောက်မက်ဖွယ် နက်မှောင်သည့် မုန်တိုင်းက လှည့်ပတ်အော်မြည်နေကာ ရီဖူရှင်းအထက် လေထဲတွင်အနက်ရောင်မျက်နှာကြီးတစ်ခု ပေါ်ပေါက်လာသည်။

ရီဖူရှင်းသည် ဤတစ်ချိန်လုံး မှော်နက်ဘုရင် အစစ်အမှန်က ထွက်ပေါ်လာခဲ့ခြင်းမရှိခဲ့ကြောင်း သိရှိပေသည်။ ထိုမျက်နှာက မှော်နက်ဘုရင်၏ စွမ်းအားနှင့် ဖွဲ့စည်းထားခြင်းသာ ဖြစ်သည်။

ရီဖူရှင်းက ခေါင်းကို မော့ကာ ထိုမျက်နှာကြီးအား ကြည့်ရင်း တစ်ဖက်လူ စကားပြောလာမည်ကို စောင့်ဆိုင်းနေခဲ့သည်။

“အရင်တုန်းက အင်ပါယာရီချင် ဘယ်လိုသေခဲ့ရလဲဆိုတာ သိလား။”

မှော်နက်ဘုရင်က ရီဖူရှင်းကို မေးလိုက်သည်။

ရီဖူရှင်း၏ မျက်လုံးများက ကျဥ်းမြောင်းသွားသည်။ သူသည် ထိုအကြောင်းကို အတော်လေး ဂရုစိုက်ဟန်ဖြင့် တစ်ဖက်လူအား စူးစိုက်ကြည့်လိုက်သည်။

ယခင်က အရှင်ဒွန်ဟောင် ထွက်ပေါ်လာပြီး လေးမျက်နှာကျေးရွာမှ ဆရာသခင်က အရှင်ဒွန်ဟောင် ရီဖူရှင်းအား လိုက်လံဖမ်းဆီးခြင်းမှ တားဆီးခဲ့စဥ်ကတည်းက လူအများသည် ရီဖူရှင်းက အင်ပါယာရီချင်၏ မျိုးဆက်ဖြစ်သည်ဟု ယုံကြည်ထားကြသည်။

သို့သော် သူသည် အမှန်တကယ် အင်ပါယာရီချင်နှင့် ထူးခြားသော ဆက်ဆံရေးရှိပေသည်။

“ကျေးဇူးပြုပြီး ပြောပြပေးပါ။”

ရီဖူရှင်းက ပြောလိုက်သည်။

“အရင်တုန်းက ကောင်းကင်ဒေသကို မဟာအင်ပါယာနှစ်ပါး အုပ်ချုပ်တယ်။ နောက်ထပ်တစ်ယောက် ထပ်ပေါ်ပေါက်လာတဲ့အခါ လောကရဲ့ မျှခြေက ပျက်စီးသွားခဲ့တယ်။ နတ်ဆိုးအင်ပါယာ၊ မိစ္ဆာအင်ပါယာနဲ့ ငါတို့က ဒီလိုမျိုးတစ်စုံတစ်ခုဖြစ်လာတာကို ခွင့်မပြုထားနိုင်ဘူး။ ဒါပေမယ့် ဒီလောက်လေးနဲ့တော့ မဟာအင်ပါယာနှစ်ပါးကို အချင်းချင်း သစ္စာဖောက်စေဖို့ မလုံလောက်စေဘူး။ ဒါပေမယ့် ဒါက ငါတို့ သုံးယောက်ပဲ ဆန္ဒရှိခဲ့တာမျိုးမဟုတ်ဘူးလေ။ လူသားဘိုးဘေးနဲ့ ဗုဒ္ဓအရှင်တို့ကလည်း ဒီလိုမျိုး မဖြစ်စေချင်ခဲ့ကြဘူး။ ကိုယ်ပိုင်လိုအင်ဆန္ဒတွေက ဝမ်းနည်းကြေကွဲစရာတွေကို ဖြစ်ပွားစေတယ်။ အရှင်ဒွန်ဟောင်က သူ့ကိုယ်သူ ကာကွယ်ဖို့အတွက် သူနဲ့ သေအတူရှင်မကွာ ဖြတ်သန်းခဲ့တဲ့ ညီအစ်ကိုကို သတ်ပစ်ခဲ့တယ်။ အရှင်ဒွန်ဟောင်က သူ့ရဲ့ လမ်းစဥ်ကို သက်သေပြဖို့အတွက် သူ့ဇနီးကို စွန့်ပစ်ပြီး သူ့ညီအစ်ကိုကို သတ်ခဲ့တယ်။ သူက ကောင်းကင်ဒေသမှာ အဆင့်အတန်းတစ်ခု တည်ဆောက်နိုင်ခဲ့ပြီး လောကတစ်ခွင်လုံး ကျော်ကြားတဲ့ ထိပ်သီးပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာခဲ့တယ်။ ဒါပေမယ့် သူ အရင်က လုပ်ခဲ့တဲ့ အပြုအမူအားလုံးကိုတော့ မေ့ဖျောက်လို့ရလိမ့်မှာ မဟုတ်ဘူး။”

မှော်နက်ဘုရင်က အေးစက်စွာ ပြောလိုက်သည်။

“လူသားတွေရဲ့ဆိုးယုတ်မှုသဘာဝကို အရှင်ဒွန်ဟောင်နဲ့ တခြားနှစ်ယောက်က အပြည့်အဝဖော်ပြသွားခဲ့တာပဲ။ နတ်ဆိုးအင်ပါယာ၊ မိစ္ဆာအင်ပါယာနဲ့ ငါတို့က အမြဲ လုပ်ချင်တာကို လုပ်ခဲ့ကြပေမယ့် ဒွန်ဟောင်၊ လူသားဘိုးဘေးနဲ့ တခြားလူတွေကို ကြည့်ပါဦး။ သူတို့က တရားမျှတမှုအမည်ခံပြီး ဘယ်လောက်အရှက်မဲ့တဲ့ ကိစ္စတွေကို လုပ်ခဲ့ကြသလဲလို့။”

“လူသားဘိုးဘေးက သူ့ကိုယ်သူ လူသားကမ္ဘာရဲ့ ဂုဏ်သရေဖြစ်ပြီး တရားမျှတမှုကို လက်ကိုင်ထားတယ်လို့ ပြောပေမယ့် အရင်တုန်းက လူအများကြီးကို သေဆုံးရအောင် ဖိအားပေးခဲ့ဖူးတယ်။ အခုတောင် သူက ဒွန်ဟောင်နဲ့ မဟာမိတ်ဖြစ်နေသေးတုန်းပဲ။ ဘယ်လောက်တောင် အတုအယောင်ဆန်လိုက်သလဲ။ ဘယ်လောက်တောင် စက်ဆုပ်ဖို့ကောင်းလိုက်သလဲ။”

မှော်နက်ဘုရင်၏ အသံအတွင်းတွင် စက်ဆုပ်ရွံရှာမှုတို့​ဖြင့် ပြည့်နေခဲ့သည်။

“ဒီလို ဆိုးရွားတဲ့ကိစ္စတွေနဲ့ နုံချာတဲ့လူတစ်စုရဲ့ အုပ်ချုပ်မှုကို ခံရတာ ဘာအသုံးဝင်တာရှိမှာမို့လို့လဲ။”

ရီဖူရှင်းက ထိုစကားများကို ကြားသည့်အခါ အလွန် တုန်လှုပ်သွားခဲ့သည်။ ၎င်းမှာ ယခင်က ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်တို့၏ အမှန်တရားပေလား။

သူ့ မျက်လုံးများက မှော်နက်ဘုရင်၏ မျက်နှာထက်တွင် ခိုင်မာစွာ ကျရောက်နေခဲ့သည်။ ထိုစကားများက အမှန်တရားမဟုတ်လျှင်ပင် အမှန်တရားနှင့် နီးစပ်လုနီးပါးရှိပေလိမ့်မည်။ လောကကြီးအား အုပ်ချုပ်နေသည့်သူများက အမှန်တကယ်ပင် မှော်နက်ဘုရင်ပြောသည့်အတိုင်း ဖြစ်နေသည်လား။ မှော်နက်ဘုရင်သည် လောကကြီးအား မုန်းတီးနေသည်ကို သူ ခံစားမိနိုင်ပေသည်။ သူမြင်သမျှ အရာအားလုံးက အမှောင်ထုသာလျှင် ဖြစ်သည်။ မှော်နက်ဘုရင်သည် လောကတစ်ခုလုံးကို အမှောင်ထုဖြင့် ဖုံးလွှမ်းပစ်ချင်စိတ် အလွန် များပြားနေပုံရသည်။

သူသည် လူတိုင်းကို အမှောင်ထုအတွင်း ကျရောက်သွားစေချင်နေသည်။ သူက ရီဖူရှင်း၏ စိတ်ဆန္ဒကို ပြောင်းလဲကာ အမှောင်ထုအတွင်း ဝင်ရောက်လာစေရန် ပြုလုပ်ချင်နေခဲ့သည်။

“အဲဒီတော့ ခင်ဗျားက ဒီရှုပ်ထွေးတဲ့ လောကကြီးကို မုန်းတာလား။” ရီဖူရှင်းက အနက်ရောင်ပုံရိပ်ကို ပြောလိုက်သည်။

“မင်း မှားနေပြီ။” မှော်နက်ဘုရင်၏ မျက်နှာက သူ့ကို စူးစိုက်ကြည့်နေခဲ့သည်။

“အလွန်အကျွံဖြစ်သွားရင် အရာအားလုံးက ပြောင်းပြန်သက်ရောက်လိမ့်မယ်။ ဒီနေ့ခေတ် ကမ္ဘာကြီးမှာ အတုအယောင်ဆန်တဲ့ ကြင်နာမှုတွေနဲ့ပဲ ပြည့်နှက်နေတာကြောင့် အမှောင်ထုလိုအပ်တယ်။ အမှောင်ထုက လောကကြီးကို လွှမ်းခြုံလာတဲ့အခါ စစ်မှန်တဲ့အလင်း ထွက်ပေါ်လာလိမ့်မယ်။ ပြီးရင် ဒီလောကကြီးကို ပြန်ပြီး ဖွဲ့စည်းနိုင်လိမ့်မယ်။”

ရီဖူရှင်းက နက်မှောင်သည့် မျက်နှာအား ကြည့်လိုက်သည်။ ဤသည်က မှော်နက်လောက၏ အုပ်ချုပ်သူ ဖြစ်ပေသည်။ သူ့တွင် ထိုသို့သော အကြံအစည်မျိုးရှိ​နေပြီး တစ်လောကလုံးကို အမှောင်ထုဖြင့် ဖုံးလွှမ်းချင်နေသည်။ သို့သော် ၎င်းက အမှန်တကယ် ပြန်လည်ဖွဲ့စည်းနိုင်ပါမည်လား။

သို့ဆိုလျှင် သူက ဆိုးသ​ည်လား။ ကောင်းသည်လား။

“နောက်တစ်မျိုးဆိုရရင် ခင်ဗျားက လောကကြီးကို အမှောင်ထုနဲ့ ဖုံးလွှမ်းချင်နေတာ ခင်ဗျားရဲ့ နှလုံးသားထဲမှာ အလင်းရောင်နဲ့ ပြည့်နေလို့ပေါ့။”

ရီဖူရှင်းက ငေါ့တော့တော့ အဓိပ္ပါယ်တချို့ သယ်ဆောင်ထားခဲ့သည်။ ၎င်းက ယုံကြည်မှုလွန်ကဲနေသည့် ရူးသွပ်မှုတစ်ခုသာ ဖြစ်ပေသည်။

မှော်နက်ဘုရင်၏ ကြီးမားသော မျက်နှာက ရီဖူရှင်းအား စိုက်ကြည့်​နေရင်း တည်ငြိမ်စွာ ပြောလိုက်သည်။

“ငါက အမှောင်ထုရဲ့ဘုရင်ပဲ။ ငါက လောကကြီးမှာ ကြည်ညိုလေးစားမှုတွေ ရရှိပြီး ပြိုင်ဘက်ကင်း အောင်မြင်မှုတွေ ဖန်တီးနိုင်ရမယ်။ ပြီးတော့ ကောင်းကင်ကိုတောင် ငါ့ရဲ့ လက်အောက်မှာ ပြားပြားဝပ်နေအောင် ပြုလုပ်နိုင်တယ်။”

ရီဖူရှင်းက ထိုမျက်နှာကြီးအား ကြည့်ကာ ဆွံ့အသွားသလို ခံစားလိုက်ရသည်။ ၎င်းက အစွန်းရောက်အကြံအစည်တစ်ခု ​ဖြစ်သော်လည်း မှော်နက်ဘုရင်က အမှောင်ထု၏ ဘုရင်တစ်ပါးအနေနှင့် ဤကစားပွဲကို ကစားရန် အမှန်တကယ် အရည်အချင်း ပြည့်မီပေသည်။ တစ်လောကလုံးကို အမှောင်ထုဖြင့် ဖုံးလွှမ်းစေခြင်းမှာ သူ့အတွက် မဖြစ်နိုင်ခြင်းမရှိပေ။

ဤရူးသွပ်မှုက သူ့ကို မှော်နက်လောက၏ အုပ်ချုပ်သူဖြစ်လာပြီး အောင်မြင်မှုများရရှိလာစေသည်လား။

“မင်းရဲ့ ခန္ဓာကိုယ်က အမှောင်ထုထဲမှာ တည်ရှိပေမယ့် မင်းနှလုံးသားထဲမှာ စာနာသနားစိတ်ရှိနေတယ်။ တစ်နေ့မှာ လောကကြီးရဲ့ စစ်မှန်တဲ့ သဘာဝကို ရှင်းရှင်းလင်းလင်း မြင်ရတဲ့အခါ ငါ့ကို နားလည်လာလိမ့်မယ်။”

မှော်နက်ဘုရင်က ဆက်လက်ပြောဆိုလိုက်သည်။

“အခု ပြန်သွားတော့။ ဒီရှုပ်ထွေးတဲ့ လောကကြီးကို ဂရုတစိုက်ခံစားကြည့်။ မင်း ပြန်လှည့်လာရလိမ့်မယ်။”

ထို့နောက် ကြောက်မက်ဖွယ် အမှောင်ထုစွမ်းအားက ထိတ်လန့်တုန်လှုပ်ဖွယ် လေမုန်တိုင်းအဖြစ် ပြောင်းလဲသွားခဲ့ပြီး ရီဖူရှင်း၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားခဲ့သည်။ သူသည် တွင်းနက်ကြီးတစ်ခုထဲသို့ ဝင်ရောက်သွားရသလို ခံစားမိခံပေသည်။ သူ့မျက်စိရှေ့မှ အရာအားလုံးက ပြောင်းလဲသွားခဲ့သည်။ မုန်တိုင်းစဲသွားသည့်အခါ သူ အပြင်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း သတိပြုမိလိုက်သည်။ သူက မှော်နက်စစ်တပ်၏ အဝေးတစ်နေရာသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

သူက မှော်နက်စစ်တပ် တည်ရှိရာဘက်သို့ ​လှမ်းကြည့်လိုက်ပြီး သူ့နှလုံးသားကို တည်ငြိမ်သွားစေရန် သက်ပြင်းရှိုက်လိုက်သည်။ ဤခရီးက သူ့အပေါ် အတော်​လေး သက်ရောက်မှူရှိခဲ့ပေသည်။ မှော်နက်ဘုရင်၏ စကားလုံးများက သူ့ကို စိတ်လှုပ်ရှားစေခဲ့သည်။

ထိုမဟာအင်ပါယာများအားလုံးက ထိုကဲ့သို့ လွန်ကဲသည့် ယုံကြည်ချက်များရှိကြသည်လား။

နတ်ဆိုးအင်ပါယာသည် နတ်ဆိုးများကို ကမ္ဘာပေါ်သို့ ရောက်ရှိလာစေချင်ခဲ့သည်။ သူသည် နတ်ဆိုးလောက၏ နတ်ဆိုးချောက်နက်အတွင်း ပိတ်မိနေခြင်းကို စိတ်ကျေနပ်လိမ့်မည် မဟုတ်ပေ။ ထိုသည်မှာ နတ်ဆိုးလောကအတွက် စော်ကားခံရမှု ဖြစ်သည်။ ၎င်းက ထောင်တစ်ခုပင် ဖြစ်၏။ နတ်ဆိုးလောကက မည်သည့်အတွက်ကြောင့် ထိုအရာအားလုံးကို ဖြတ်ကျော်ရန်လိုအပ်ပါသနည်း။

မှော်နက်ဘုရင်သည် လောကတစ်ခွင်လုံးကို အမှောင်ထုဖြင့် ဖုံးလွှမ်းပစ်ချင်နေသော်လည်း သူ့မျက်လုံးများထဲတွင် သူက လောကအား ပြောင်းလဲ၍ ပြန်လည်မွေးဖွားခြင်း ဖြစ်ပေါ်စေချင်နေခြင်း ဖြစ်သည်။

အမှောင်ထု၏ ဘုရင်က လောကတစ်ခုလုံးမှ ကြည်ညိုလေးစားမှုကို ရယူပြီး ကောင်းကင်ကိုပင် သူ့လက်အောက်သို့ ရောက်ရှိရန်ဟူသည့် ကြီးမားသော အရေးကိစ္စတို့ကို လုပ်ဆောင်ချင်နေသည်။

သို့ဆိုလျှင် လူသားဘိုးဘေး၊ ဗုဒ္ဓအရှင်၊ မိစ္ဆာအင်ပါယာနှင့် အရှင်ဒွန်ဟောင်တို့က မည်သို့ဖြစ်နိုင်သနည်း။ သူတို့၏ ယုံကြည်မှုက မည်သည်နည်း။

မှော်နက်ဘုရင်သည် အရှင်ဒွန်ဟောင်က သူ့ဇနီးကို စွန့်ပစ်ကာ ညီအစ်ကိုကို သတ်ဖြတ်ခဲ့သည်ဟု ဆိုခဲ့သည်။ သို့သော် ကောင်းကင်ဒေသ၏ ကျင့်ကြံသူများစွာက သူ့ကို အလွန် လေးစားကြပေသည်။ မဟာအင်ပါယာနှစ်ပါး ကွဲကွာသွားခြင်းမှလွဲ၍ အရှင်ဒွန်ဟောင်သည် သိုင်းပညာရပ်များ ပြန့်ပွားစည်ပင်လာပြီး လူအများ ကောင်းမွန်စွာ ကျင့်ကြံနိုင်ရန် လုပ်ဆောင်ခဲ့သည်။

အရှင်ဒွန်ဟောင်က အတိအကျ မည်သို့သော လူမျိုး ဖြစ်သနည်း။

ဒွန်ဟောင်တိယွမ်၏ ဝမ်းနည်းမှုက ၎င်းနှင့် ဆက်စပ်နေခြင်း ဖြစ်နိုင်သလား။

ထို့အပြင် ပုလဲကျွန်းသည် မှော်နက်လောကအတွင်း ကြောက်မက်ဖွယ်ဖြစ်လာသော အကောင်းဆုံး နေရာတစ်ခု ဖြစ်သည်။ မှော်နက်ဘုရင်သည် အမှောင်ထုနှင့် ပြည့်နှက်လာသည့်အခါ စစ်မှန်သောအလင်း ထွက်ပေါ်လာလိမ့်မည်ဟူသည့် ယူဆချက်ကို သက်သေပြရန် ထိုအံ့အားသင့်ဖွယ်ကျွန်းဆွယ်၏ တည်ရှိမှုကို ခွင့်ပြုခဲ့ခြင်းပေလား။

အထွတ်အမြတ်​ရေကန်အတွင်းမှ အမျိုးသမီးက အတိအကျ မည်သူဖြစ်သနည်း။

ရီဖူရှင်းက ပြန်လှည့်ကာ ထိုနေရာမှ အဝေးသို့ စတင် လျှောက်သွားခဲ့သည်။

မှော်နက်ဘုရင် ယခင်ပြုလုပ်ခဲ့သော မည်သည့်အရာကမှ နောက်ဆုံး စကားဝိုင်းလောက် ရီဖူရှင်းကို သက်ရောက်စေခဲ့ခြင်း မရှိပေ။

သူက အချို့သော ကိစ္စများကို တွေးမိခဲ့သည်။ သူက အစစ်မှန်ဆုံးလောကကြီးကို စူးစမ်းရှာဖွေချင်သည်။ ဗုဒ္ဓအရှင်၊ လူသားဘိုးဘေးနှင့် အရှင်ဒွန်ဟောင်တို့က အမှန်တကယ်၌ မည်သို့သော လူများဖြစ်ကြသနည်း။ မဟာအင်ပါယာများက နတ်ဘုရားဖြစ်ပြီးသူများ ဖြစ်နိုင်သလား။

နတ်ဘုရားများဖြစ်လာပြီးနောက် သူတို့က မည်သို့သော ယုံကြည်ချက်များကို ဆုပ်ကိုင်ထားကြသနည်း။ မှော်နက်ဘုရင်ပြောသကဲ့သို့ သူတို့က ကြောင်သူတော်များ ဖြစ်ကြသလား။

မဟုတ်လျှင် ထိုသည်မှာ မှော်နက်ဘုရင်က အရာအားလုံးကို အမှောင်ထုသာဖြစ်သည်ဟု မြင်သောကြောင့် သူက ထိုသို့သော တယူသန်မှုကို ဆုပ်ကိုင်ထားသည်လား။

ဤလောကကြီးက အမှန်တကယ် မှော်နက်ဘုရင် ပြောသကဲ့သို့ဖြစ်လျှင် သူ့ကိုယ်သူ ပြောင်းလဲရန် လိုအပ်သည်လား။

ရီဖူရှင်းက ဖြစ်နိုင်ချေရှိသည်များကို တွေးတောနေသည်။ မှော်နက်ဘုရင်က သူ၏ စိတ်ထဲသို့ အတင်းအကျပ် မျိုးစေ့ချပေးလိုက်သည့် မှတ်ဉာဏ်များက သူ့အား မှောင်မိုက်သည့်အတွေ့အကြုံများ ​ဖြစ်ပေါ်လာစေသာ်လည်း ၎င်းတို့က သူ့ကို မပြောင်းလဲနိုင်ပေ။ ရီဖူရှင်းသည် ထိုသည်က သူ၏ စစ်မှန်သော အတွေ့အကြုံများနှင့် ဆက်စပ်နေသည်ဟု တွေးထားခဲ့သည်။ သူသည် ယခင်က မှောင်မိုက်သည့် အတွေ့အကြုံများကို မတွေ့ကြုံဖူးသည်မဟုတ်သော်လည်း အရေးကြီးဆုံးအခိုက်အတန့်များ၌ သူ့ကို အကူအညီပေးခဲ့သော တောက်ပသူများကြောင့် သူသည် လောက၏ အလင်းနှင့် နွေးထွေးမှုတို့ကို အမြဲခံစားမိခဲ့ပေသည်။

သူ့ဆရာ၊ ဟွာဖန်းလူ၊ ဆရာသခင်၊ တတိယအစ်ကိုဂူတုံးလျှို၊ ဒုတိယအစ်မကျူးကောမင်းယွီ၊ အစ်ကိုကြီးနှင့် ဆရာဒူ၊ သောကျောက်၊ အင်ပါယာရှား၊ တာလီအင်ပါယာအကြံပေး ချီရွှမ်ကန်း၊ အစ်ကိုယန်ယွမ်နှင့် များစွာလှသော အခြားလူများသည် သူ၏ တိုးတက်ရာလမ်းတလျှောက် အရေးကြီးသော အခန်းကဏ္ဍများမှ ပါဝင်ခဲ့ကြသည်။ သူနောက်ပိုင်း တွေ့ဆုံခဲ့သည့် အရှင်ထိုက်ရွှမ်နှင့် အခြားစီနီယာများအားလုံးသည်လည်း ကိုယ်ပိုင်ထူးခြားသည့် စရိုက်လက္ခဏာများနှင့် သူ့ကို လွှမ်းမိုးခဲ့ကြသည်။

ထို့ကြောင့် သူက ကံကောင်းသည်ဟု ပြောနိုင်ပေသည်။ ဤလမ်းတလျှောက်လုံးက အန္တရာယ်များသော်လည်း သူက ထိုလူများနှင့် တွေ့ဆုံခဲ့ရပြီး သူ၏ စစ်မှန်သည့်စရိုက်သဘာဝကို မယိမ်းယိုင်အောင် ထိန်းသိမ်းနိုင်ခဲ့သည်။

ထိုအတွေးများကို အဝေးသို့ မောင်းထုတ်လိုက်ပြီး ရီဖူရှင်းက နောက်ထပ် မတွေးတော့ပေ။ ယခု သူက ကစားပွဲထက်မှ စစ်တုရင်အပိုင်းအစလေးသာ ဖြစ်နေဆဲ ဖြစ်သည်။ သူသည် မည်သူတို့က ထိုကစားပွဲကို ကစားနေသလဲပင် မြင်တွေ့နိုင်ခြင်းမရှိပေ။ သူက မဟာအင်ပါယာအဆင့်သို့ ရောက်မှသာ မဟာအင်ပါယာများနှင့် တိုက်ခိုက်ရန် အရည်အချင်းပြည့်မီမည် ဖြစ်သည်။

All Chapters