← Chapters

ကောလာဟလတစ်ခု

Vol. 193 Ch. 2759

ကောလာဟလတစ်ခု

Vol. 193 Ch. 2759

ပျက်သုဥ်းခြင်းကုန်းမြေ။

ရီဖူရှင်းက မှော်နက်လောက၏ အာကာသဖြတ်လမ်းကြောင်းမှ ဤနေရာသို့ ပြန်ရောက်လာပြီးနောက် သူသည် သူ့အောက်ဘက်ရှိ နေရာအနှံ့တွင် စစ်ပွဲဖြစ်ပွားနေကြောင်း မြင်တွေ့နိုင်ပေသည်။ သူ ထွက်သွားစဥ်က အချိန်နှင့် လုံးဝကွဲပြားခြားနားသည့် လောကတစ်ခု ဖြစ်သွားခဲ့ပြီဖြစ်သည်။

သို့သော် ထိုသည်က ပုံမှန်သာဖြစ်သည်။ အမွေအနှစ်အတွက် စစ်ပွဲဖြစ်ပွားပြီးနောက် သူတို့က ငြိမ်းချမ်းသည့် ခေတ်တစ်ခုသို့ ရောက်ရှိသွားကြမည် ဖြစ်သည်။ လူတိုင်းက စတင်ကျင့်ကြံကြပြီး မရေတွက်နိုင်သော လူများက တိုးတက်အောင်မြင်လာကာ ခေတ်သစ်တစ်ခုသို့ ရောက်ရှိသွားကြပေလိမ့်မည်။ သို့သော် မည်သည်မှ မရရှိခဲ့သူများလည်း ပို၍များပြားလာနိုင်ပေသည်။ ဤအ​ခြေအနေအောက်တွင် စစ်ပွဲက အမြဲလိုလို ဖြစ်ပွားနေမည် ဖြစ်သည်။

ယခု မှော်နက်ဘုရင်၏ အမိန့်က မှော်နက်လောကမှ ကျင့်ကြံသူများအား တိုက်ပွဲမြေပြင်အတွင်း တက်ကြွစေကာ မရေတွက်နိုင်သော ကျင့်ကြံသူများ၏ နှလုံးသားများအတွင်းမှ စိတ်ခံစားချက်များ ပေါက်ကွဲထွက်လာစေသည်။

ရီဖူရှင်းက အရှိန်ကိုမြှင့်ကာ လမ်းမထက်သို့ ဆင်းသက်လိုက်သည်။ သူသည် စစ်ပွဲများဖြစ်ပေါ်လာသည်ကို သိရှိထားပြီးဖြစ်ကာ ရီအင်ပါယာနန်းတော်မှ ကျင့်ကြံသူများအား တိုက်ခိုက်မှုတွင် စိတ်လိုက်မာန်ပါ ဝင်မပါဝင် အမိန့်ပေးတားဆီးခဲ့သည်။ သူကိုယ်တိုင်က မှော်နက်စစ်တပ်အတွင်း အပိတ်ခံထားခဲ့ရစသည်။ သူတို့က စစ်ပွဲသို့ဝင်ရောက်ပြီး မတော်တဆတစ်ခုခု ဖြစ်ခဲ့သည့်အခါ အလွန် ပြဿနာများရပေလိမ့်မည်။

ထို့အပြင် ရီအင်ပါယာနန်းတော်၌ မဟာအင်ပါယာမရှိပေ။ ထို့ကြောင့် သူတို့က ယုံကြည်ချက်များစွာ မရှိခဲ့ကြချေ။

မှော်နက်ဘုရင်၏ စကားလုံးများတွင် မှန်ကန်မှုအချို့ရှိနေခဲ့သည်။ ထို့အတူပင် အရှင်ရှာမန် ယခင်က ပြောခဲ့သည့်စကားများက နားထောင်မကောင်းသော်လည်း မှန်ကန်ပေသည်။ သူ ယနေ့ထိ အသက်ရှင်နေရသည့် အကြောင်းရင်းမှာ ဆရာသခင်က အရှင်ဒွန်ဟောင်အား တားဆီးခဲ့၍ဟူသည်မှာ အမှန်ပင် ဖြစ်သည်။ ထို့အပြင် မှော်နက်စစ်တပ်နှင့် နတ္ထိဘုံတို့က သူ ပိုပြီးအစွမ်းထက်ထက်ဖြင့် တိုးတက်လာပြီး ကောင်းကင်ဒေသ၏ ရန်သူဖြစ်လာစေရန် ခွင့်ပြုထားသည်။

ထို့အပြင် လူသားဘုံသည်လည်း ယခုအချိန်၌ သူနှင့် မည်သည့် ပဋိပက္ခမှ မရှိသေးပေ။ အနောက်ဘက်ကောင်းကင်ဗုဒ္ဓနယ်မြေမှ ဗုဒ္ဓများက သူ့ကို အတော်လေး ဖော်ရွေကြသည်။ သူသည် ထိုသူများက မှော်နက်ဘုရင်ပြောသကဲ့သို့ ကြောင်သူတော်များ ဟုတ်မဟုတ် မသိသေးသော်လည်း အနည်းဆုံး ယခု သူက ထိုသို့ မခံစားမိခဲ့ပေ။

ဤအခြေအနေများအောက်တွင် သူက အခက်အခဲများကြား၌ အမှန်တကယ် အသက်ရှင်နေသေးသော်လည်း ဤအခြေအနေမှာ စစ်တုရင်အပိုင်းအစများကို ထိန်းချုပ်နေသည့် လူကြောင့်ဖြစ်သည်လား သူ မသိရှိပေ။

ရီဖူရှင်းက ရီအင်ပါယာနန်းတော်သို့ ပြန်သွားခဲ့ပြီး အမြင့်ဆုံးနန်းတော်ဆီ တန်းတန်းမတ်မတ် သွားခဲ့သည်။ ရီဖူရှင်း ပြန်ရောက်လာသည်ကို ခံစားမိပြီးနောက် ရီအင်ပါယာနန်းတော်၏ အစွမ်းထက် ပုဂ္ဂိုလ်များက ထိုနေရာ၌ စုဝေးလာကြသည်။ မကြာခင်တွင် ရီအင်ပါယာနန်းတော်၏ အဓိကပုဂ္ဂိုလ်များအားလုံး ရောက်ရှိလာပြီး နန်းတော်အပြင်ဘက်တွင် စုရုံးလာကြပေသည်။

ဟွာဂျီယူသည်လည်း နန်းတော်အပြင်ဘက်သို့ ထွက်လာခဲ့ပြီး ရီဖူရှင်းဘေးသို့ ရောက်လာသည်။ ထိုအချိန်၌ လင်းလုံက သူ့ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။ ရှီးချီယောင်က ရီဖူရှင်းထံ လျှောက်လာကာ သူနှင့် မနီးမဝေးတွင် ရပ်တန့်လိုက်သည်။ သူမက ပြုံးရင်း ပြောလိုက်၏။

“ရှင်က အတော်​လေးရဲရင့်တာပဲ။ မှော်နက်စစ်တပ်ကိုတောင် သွားရဲတယ်။”

သူတို့အားလုံးသည် ယခင်က မှော်နက်စစ်တပ်အကြောင်း ကြားခဲ့ဖူးသည်။ မှော်နက်စစ်တပ်၏ အုပ်ချုပ်သူက အမှောင်ထုကို ထိန်းချုပ်နိုင်သည့် အာဏာရှင်တစ်ယောက် ဖြစ်သည်။ သူက မည်သည်တို့လုပ်လိမ့်မည်ကို မည်သူသိပါမည်နည်း။ ရီဖူရှင်း၏ အပြုအမူက အလွန် အန္တရာယ်များပေသည်။

“ကျုပ် အန္တရာယ်ကင်းကင်း ပြန်လာတာပဲ မဟုတ်ဘူးလား။”

ရီဖူရှင်းက သိပ်ဂရုမစိုက်ဘဲ နောက်ပြောင်လိုက်သည်။ သူသည် ဤခရီးစဥ်အတွင်း အခက်အခဲတချို့ တွေ့ကြုံခဲ့ရသော်လည်း အောင်မြင်ခဲ့ပေသည်။ ထိုသည်က သူ့အတွက် အဓိပ္ပါယ်ရှိသော အတွေ့အကြုံတစ်ခု ဖြစ်သည်။ ဆန်းကြယ်သောကျွန်းပေါ်၌ သူနှင့် တွေ့ဆုံခဲ့သည့် အမျိုးသမီးဖြစ်စေ မှော်နက်ဘုရင် သူ့ကို ပြောခဲ့သည့်စကားဖြစ်စေ အားလုံးက သူ့အပေါ် တချို့တလေ သက်ရောက်မှုဖြစ်စေခဲ့ပေသည်။

“အဲဒီအာဏာရှင်က ဒေါသထွက်ပြီး ရှင့်ကို အဲဒီမှာ အမြဲတမ်း နေရအောင်လုပ်လိုက်ရင် ရီအင်ပါယာနန်းတော်က ဘယ်လိုဖြစ်သွားမလဲ စိတ်မပူဘူးလား။”

ရှီးချီယောင်က ထိုကိစ္စနှင့်ပတ်သတ်၍ အတော်လေး မပျော်မရွှင်ဖြစ်နေပုံရသည်။ သူမသည် ရီဖူရှင်း၏ ခရီးစဥ်က အလွန် စိတ်လိုက်မာန်ပါနိုင်လွန်းသည်ဟု ထင်မိပေသည်။

သူမသည် ရီဖူရှင်းက မိတ်ဆွေများကို အလွန် ဂရုစိုက်ကြောင်း နားလည်ထားလျှင်ပင် ရီချင်းယောင်က မှော်နက်စစ်တပ်၌ ကျင့်ကြံနေသည့်တစ်စုံတစ်ယောက် ဖြစ်သည်။ သူက ရီချင်းယောင်၏ ကံကြမ္မာကို ပြောင်းလဲပေးနိုင်စွမ်းမရှိပေ။ အဆုံး၌ ထိုကိစ္စကို မှော်နက်ဘုရင်ကသာ ဆုံးဖြတ်နိုင်စွမ်းရှိပေလိမ့်မည်။ သူက တစ်ခုခုကို ပြောင်းလဲနိုင်စွမ်းမရှိလျှင်ပင် အခက်အခဲကျရောက်နေသည့် ရီချင်းယောင်အတွက် ရီအင်ပါယာနန်းတော်က အကူအညီပေးရန်မှာ ခံစားချက်ပိုင်းအရ နားလည်ပေးနိုင်စွမ်းရှိသည်။ သို့သော် ကျိုးကြောင်းဆင်ခြင်မှုအရ ထိုသို့မလုပ်သင့်ပေ။

သို့သော် သူမက အမှန်တကယ် ဒေါသထွက်ခြင်း မဟုတ်ချေ။ ရီဖူရှင်း မသွားခဲ့လျှင် ရီဖူရှင်းဟုတ်လိမ့်တော့မည် မဟုတ်ပေ။ ဖြစ်နိုင်သည်မှာ မည်သည့်အတွက်ကြောင့် သူ့ဝန်းကျင်၌ ထူးချွန်သည့်လူများဝန်းရံနေပြီး သူ့နောက်သို့ လိုက်ပါရန် ဆန္ဒရှိရသနည်းဟူသည်မှာ ဤအကြောင်းရင်းကြောင့် ဖြစ်နိုင်ပေသည်။ သူ့နောက်သို့လိုက်ပါခဲ့သည့် ထိုလူအများစုသည် ရီဖူရှင်း အားနည်းနေဆဲအချိန်က သူ၏ စီနီယာအဖြစ်လိုက်ပါခဲ့ကြခြင်း ဖြစ်သည်။

“နောက်ပိုင်းကျ ကျုပ် ပိုပြီးဂရုစိုက်လိုက်ပါ့မယ်။”

ရှီးချီ​ယောင်၏ စကားကို ကြားသည့်အခါ ရီဖူရှင်းက အပြုံးနှင့် ခေါင်းယမ်းရင်း ပြောလိုက်သည်။

ဘေးဘက်ရှိ ဟွာဂျီယူက ထိုမြင်ကွင်းကို အပြုံးနှင့်ကြည့်နေခဲ့သည်။

“အဟမ်း...”

အနောက်အင်ပါယာနန်းတော်မှ နန်းတော်သခင်ဟောင်းက ချောင်းဟန့်လိုက်သည့်အခါ ရှီးချီယောင်၏ အမူအရာက ချက်ချင်းပင် အနည်းငယ် ထူးဆန်းသွားခဲ့သည်။ သူမက ပြောလိုက်၏။

“ရီအင်ပါယာနန်းတော်ရဲ့ မဟာမိတ် အနောက်အင်ပါယာနန်းတော်ရဲ့ အုပ်ချုပ်သူတစ်ယောက်အနေနဲ့ ကျွန်မက နန်းတော်သခင်ရီ အနာဂတ်မှာ ပိုပြီး စဥ်းစဥ်းစားစားဆောင်ရွက်ဖို့ သတိပေးရမယ်။”

အနီးဝန်းကျင်ရှိ လူများအားလုံးက သူမကို ကြည့်လိုက်ကြသည်။ လူအများက လျှို့ဝှက်စွာ ပြုံးလိုက်ကြပြီး ရှီးချီယောင်နှင့် ရီဖူရှင်းကို ကြည့်လိုက်သည်။ သူမက ယခု လိပ်ပြာမသန့်သလို ခံစားနေရသည်လား။

သူတို့သည် နန်းတော်သခင်အား မလေးစားဘဲ မနေနိုင်ခဲ့ကြပေ။ သူက အမှန်တကယ် အစွမ်းထက်လှပေသည်။

သူတို့သည် နန်းတော်သခင်က နတ်ဘုရားများ၏ တားမြစ်နယ်မြေတစ်နေရာတွင် ဒွန်ဟောင်တိယွမ်နှင့် ဇာတ်လမ်း​လေး ရှိခဲ့ကြောင်းကိုလည်း ကြားဖူးခဲ့သည်။ အလွန် အထင်ကြီးစရာကောင်းလှ၏။

“ကောင်းပြီ။”

ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ သူက လူတိုင်းကို ဝေ့ကြည့်လိုက်ပြီး လေးနက်သွားကာ မေးလိုက်သည်။

“အခု အပြင်ဘက်လောကမှာ ဘယ်လိုအခြေအနေရှိလဲ။”

မေးခွန်းက ခေါင်းစဥ်ပြောင်းသွားကာ အစောပိုင်းက ကိုးယို့ကားယားအခြေအနေကို ရှောင်ရှားလိုက်သည်။ ထိုလူစုက အသေးအဖွဲကိစ္စလေးများကို အရေးမစိုက်ကြတော့ပေ။ အဆုံးမှာတော့ နန်းတော်သခင်မက ဤနေရာ၌ ရှိနေဆဲဖြစ်သည်။ သူတို့က ထိုအကြောင်းကို စိုးရိမ်နေရန်မလိုအပ်ပေ။ နန်းတော်သခင်က ကိုယ်လုပ်တော် လိုချင်လျှင်ပင် ထိုသည်က သခင်မ၏ ပြဿနာသာဖြစ်သည်။ ရှီးချီယောင်က မဟာအင်ပါယာတစ်ပါး၏ မျိုးဆက်ဖြစ်ကာ ထူးချွန်သည့် အမျိုးသမီးတစ်ယောက်ဖြစ်သော်လည်း ကိုယ်လုပ်တော်တစ်ယောက် ဖြစ်ခြင်းမှာ မှားယွင်းသည်ဟု သူတို့က မတွေးခဲ့ကြပေ။ အဆုံးမှာတော့ ထိုသူက သူတို့၏ နန်းတော်သခင် ရီဖူရှင်းပင် မဟုတ်ပါလား။ ကိုယ်လုပ်တော် ယူသည်ဖြစ်စေ အပျော်မယားထားသည်ဖြစ်စေ မည်သည့်အရေးနည်း။

နန်းတော်သခင် ဧကရာဇ်တစ်ပါးဖြစ်လာပြီးနောက် သူမသည်လည်း ဧကရီတစ်ပါးဖြစ်လာကာ အားလုံး၏ အာရုံစိုက်မှုကို ရရှိလာပေလိမ့်မည်။

“စစ်မီးက နေရာအနှံ့မှာ လောင်ကျွမ်းနေပြီး ကမ္ဘာခြောက်ခုလုံးက အင်အားစုတွေ ပါဝင်လာတယ်။”

ဓားဧကရာဇ်အရှင်က ပြောလိုက်သည်။

“ဒါက ဦးတည်ချက်တစ်ခုရှိတဲ့ စစ်ပွဲမဟုတ်တော့ဘူး။ ကမ္ဘာခြောက်ခုရဲ့ အင်အားစုတွေက အတားအဆီးမရှိ တိုက်ခိုက်နေပြီး အင်ပါယာနန်းတော်တွေကြားမှာ အဆုံးမဲ့ ပဋိပက္ခတွေ ပေါက်ဖွားလာတယ်။ အားလုံးထဲမှာ အပြင်းထန်ဆုံးက မှော်နက်စစ်တပ်နဲ့ ဒွန်ဟောင်အင်ပါယာနန်းတော်ပဲ ဖြစ်လိမ့်မယ်။ မကြာသေးခင်က သူတို့ကြားမှာ တိုက်ပွဲကြီးတစ်ခုဖြစ်ပွားခဲ့ပြီး နောက်ပိုင်းမှာလည်း ဆက်ဖြစ်နေဦးမှာပဲ။ ဒီတိုက်ပွဲက ကမ္ဘာခြောက်ခုရဲ့ နှစ်ရှည်လများ စုပုံလာတဲ့ ပဋိပက္ခတွေကနေ ပေါက်ဖွားလာတာ ဖြစ်နိုင်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်းလေးရာကျော်လောက်က ဖြစ်ပွားခဲ့တဲ့ စစ်ပွဲထက် ကျော်လွန်တဲ့စစ်ပွဲမျိုး ဖြစ်လာနိုင်တယ်။ ဒီမုန်တိုင်းက အားကောင်းသထက် အားကောင်းလာလိမ့်မယ်။ ကြည့်ရတာ ထိန်းချုပ်မှုလွတ်သွားတော့မယ့်ပုံပဲ။”

ထို့အပြင် ကမ္ဘာခြောက်ခုသည်ပင် အ​ခြေအနေကို ထိန်းချုပ်နိုင်သည့် အင်အားမရှိပေ။

ဖြစ်နိုင်သည်မှာ ဤပျက်သုဥ်းမြေ ထွက်ပေါ်လာခြင်းက စစ်ပွဲတို့၏ စမှတ်ဖြစ်သွားပုံရသည်။ ထိုနေရာတွင် မဟာအင်ပါယာများစွာ ချန်ရစ်ခဲ့သည့် အမွေအနှစ်များနှင့် အခွင့်အလမ်းများစွာ ရှိပေသည်။ ထိုလွတ်လပ်သည့် ကုန်းမြေက စစ်မြေပြင်ဖြစ်ရန် သင့်တော်ပေသည်။

ဤအပြောင်းအလဲသည် ကမ္ဘာခြောက်ခု၏ တည်ဆောက်မှုကို သက်ရောက်စေပြီး အချို့သော ထူးချွန်သည့် လူများကိုပင် မွေးထုတ်ပေးနိုင်ပေလိမ့်မည်။ မဟာအင်ပါယာကဲ့သို့ တစ်စုံတစ်ယောက် ထွက်ပေါ်လာလိမ့်မည်လား မည်သူမှ မသိခဲ့ကြပေ။

“အင်း။”

ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။

“ကောင်းကင်ဘုံက သတင်းတစ်ခုခုရလား။”

“မရဘူး။”

ဓားဧကရာဇ်အရှင်သခင်က ခေါင်းယမ်းလိုက်၏။

“ကောင်းကင်ဘုံက စစ်ပွဲကို ပါဝင်တဲ့အသံ မကြားမိဘူး။ သူတို့က ကောင်းကင်နန်းတော်ဟောင်းကနေ ထွက်သွားခဲ့ပြီးတော့ ပျောက်ကွယ်သွားကြပြီး အရင်လို သိုသိုသိပ်သိပ်နေနေကြတယ်။”

သို့သော် ရီဖူရှင်းက မျက်မှောင်ကြုတ်လိုက်၏။ ကောင်းကင်ဘုံက မည်သည်မှ မပြုလုပ်ဘဲ အကျိုးအမြတ်များကို ရိတ်သိမ်းရန် မျှော်လင့်နေခြင်း ဖြစ်နိုင်သည်။ ထို ကျိဝူတောက်က အလွန် အန္တရာယ်များပေသည်။ သူက ထိုလူနှင့် တားမြစ်နယ်မြေအတွင်း တွေ့ကြုံကာ ခံစားဖူးသည်။ ဤပုဂ္ဂိုလ်က အမွေအနှစ်ပေါင်းများစွာကို ဝါးမြိုခဲ့ပြီး သူ၏ အလားအလာက ကြောက်မက်ဖွယ် ကောင်းလှသည်။

“အပြင်လောကမှာ နောက်ထပ်သတင်းရှိသေးတယ်။”

ဓားဧကရာဇ်အရှင်က ဆက်ပြောလိုက်သည်။

“ဘာသတင်းလဲ။”

ရီဖူရှင်းက မေးလိုက်သည်။

“အခုထိကတော့ ကောလာဟလလေးပဲ ရှိသေးပြီး အတည်မပြုနိုင်သေးဘူး။”

ဓားဧကရာဇ်အရှင်က ပြောလိုက်သည်။

“အဲဒီသတင်းက လူသားဘုံရဲ့ ကျင့်ကြံသူတွေဆီကနေ ထွက်လာတာ။ ကြည့်ရတာ လူသားဘုံရဲ့ လူသားဘိုးဘေးက ကောင်းကင်ဒေသနဲ့ မဟာမိတ်လက်ထပ်ပွဲ လုပ်ချင်နေပုံရတယ်။ သူက သူ့တပည့် တိဟောက်ကို ကိုယ်စားပြုပြီး အရှင်ဒွန်ဟောင်ဆီ တောင်းဆိုခဲ့တယ်။”

ရီဖူရှင်း၏ မျက်ဆံများက ကျုံ့သွားခဲ့သည်။ သူသည် ယခင်က မည်သည်တို့ဖြစ်ပျက်ခဲ့​ကြောင်း အတိအကျ မသိရှိခဲ့သော်လည်း ထိုကောလာဟလက မှန်ကန်နေခဲ့လျှင် နောက်ကွယ်မှ ရည်ရွယ်ချက်က ရိုးရှင်းခြင်းမရှိနိုင်ပေ။ အထူးသဖြင့် မှော်နက်ဘုရင်၏ စကားများနှင့် ဆက်စပ်မိပြီးနောက် သူက ရိုးရှင်းသည်ဟု မတွေးနိုင်တော့ချေ။ လူသားဘိုးဘေးက ထိုပြဿနာအတွင်း ပါဝင်ပတ်သတ်ခဲ့ခြင်း ဖြစ်နိုင်သည်။

သို့ဆိုလျှင် ဤလက်ထပ်ပွဲတောင်းဆိုရခြင်း၏ ဖုံးကွယ်ထားသည့် ရည်ရွယ်ချက်က မည်သည်အကြောင်းဖြစ်နိုင်သနည်း။

All Chapters