စစ်ပွဲ
Vol. 193 Ch. 2760
ဤအချိန်၌ လူသားဘုံမှ မဟာမိတ်လက်ထပ်ပွဲတောင်းဆိုခြင်းက အလွန် ထိရှလွယ်သည့် အကြောင်းအရာဖြစ်သည်။ ယခုတွင် ကမ္ဘာခြောက်ခုက ပဋိပက္ခများ ဖြစ်ပွားနေပြီး စစ်ပွဲက အချိန်မရွေးစတင်နိုင်ကာ ကြီးမားသည့်စစ်ပွဲတစ်ခုပင် ဖြစ်လာနိုင်သည်။
ယခုအချိန်၌ လူသားဘုံက မဟာမိတ်လက်ထပ်ပွဲ တောင်းဆိုသည်မှာ ထိုမျှ ရိုးရှင်းခြင်းမရှိသည်မှာ ရှင်းလင်းပေသည်။
သို့သော် အရှင်ဒွန်ဟောင်က သဘောတူလိမ့်ပါမည်လား။
ဒွန်ဟောင်တိယွမ်က ကောင်းကင်ဒေသ၏ တစ်ပါးတည်းသော မင်းသမီးဖြစ်ပြီး အရှင်ဒွန်ဟောင်၏ တစ်ဦးတည်းသော ကလေးဖြစ်သည်။ သူမက အနာဂတ်တွင် ကောင်းကင်ဒေသကို ဆက်ခံရပေလိမ့်မည်။ တိဟောက်နှင့် ဒွန်ဟောင်တိယွမ် လက်ထပ်သွားလျှင် မည်သူက မည်သူ့နောက်သို့ လိုက်မည်နည်း။
သို့မဟုတ်လျှင် နှစ်ယောက်လုံးတွင် တစ်ယောက်က လူသားဘုံနှင့် နောက်တစ်ယောက်က ကောင်းကင်ဒေသ သီးခြားစီခွဲနေလိမ့်မည်လား။
တိဟောက်က လူသားဘုံ၏ ဆက်ခံသူဖြစ်သည်။ သို့သော် လူသားဘိုးဘေးက အလွန် ကြာရှည်စွာ အုပ်စိုးခံပြီး တိဟောက်က ထိုရာထူးအား ဆက်ခံနိုင်မည်လားဟူသည်မှာ မေးခွန်းထုတ်စရာဖြစ်နေသည်။ သူက မဟာအင်ပါယာတစ်ပါးဖြစ်လာလျှင်ပင် လူသားဘိုးဘေးက သူ့ကို ရာထူးလွှဲပေးကာ လူသားဘုံအား အုပ်ချုပ်ခိုင်းလိမ့်ပါမည်လား။
ရာထူးကို လွှဲပြောင်းပေးနိုင်သော်လည်း လူသားဘိုးဘေး အဆင့်အတန်းမြင့်မားစွာရှိနေစဥ်တွင် လူသားဘုံကို အုပ်ချုပ်ရန်အတွက် တိဟောက်က လူသားဘိုးဘေးကို ကူညီပေးရုံသာ ရှိပေလိမ့်မည်။
သို့သော် အင်အားစုများတွင် မဟာအင်ပါယာတစ်ပါးတည်းသာလျှင် ရှိနိုင်တော့မည် မဟုတ်ပေ။ ထို့အစား ရှေးယခင်အချိန်ကာလများကကဲ့သို့ မဟာအင်ပါယာများ၏ လက်အောက်တွင် ထူးချွန်သာလွန်သည့် လူများ ထွက်ပေါ်လာတော့မည်ဖြစ်သည်။
သို့သော် မည်သို့ပင်ဖြစ်စေ ဒွန်ဟောင်တိယွမ်က ထူးခြားပေသည်။ သူမသည် သာမန်လူများနှင့် အတူ ကျင့်ကြံပြီး တာအိုလက်တွဲဖော် ဖြစ်လာနိုင်မည် မဟုတ်ပေ။ သူမက ယောက်ျားတစ်ယောက်ထက် အားနည်းခြင်းမရှိချေ။ ရီဖူရှင်းသည် အရှင်ဒွန်ဟောင်က ထိုလက်ထပ်ပွဲကို သဘောတူမည်လား မသိပေ။
သို့ပေမယ့် ထိုကိစ္စများက သူနှင့် သက်ဆိုင်နေခြင်းမရှိချေ။ လူသားဘုံနှင့် ကောင်းကင်ဒေသတို့ မဟာမိတ်လက်ထပ်ပွဲ ဖြစ်မြောက်သွားခဲ့လျှင် သူတို့၏ ပတ်သတ်မှုက ပိုမိုထူးခြားသွားပြီး ကျင့်ကြံခြင်းလောက၏ အနာဂတ်တည်ဆောက်မှုပုံစံကို သက်ရောက်စေပေလိမ့်မည်။
“လူသားဘုံက ဒွန်ဟောင်တိယွမ်ကို လက်ထပ်ချင်နေတာလား။”
ရီဖူရှင်းက ခပ်တိုးတိုးပြောလိုက်သည်။
“မရိုးရှင်းဘူးပဲ။”
“အဟုတ်ပဲ။”
ဓားဧကရာဇ်အရှင်က ပြောလိုက်သည်။
“သတင်းတွေပျံ့နေပြီးတော့ ကောင်းကင်ဒေသထဲက လူတော်တော်များများက မပျော်မရွှင် ဖြစ်နေတယ်။ သူတို့က လူသားဘုံရဲ့ အပြုအမူတွေကြောင့် ဒေါသထွက်နေကြတယ်။ အရှင်ဒွန်ဟောင်က ကောင်းကင်ဒေသရဲ့ အဆင့်မြင့်အုပ်ချုပ်သူဖြစ်ပြီး သူ့ရဲ့ ဆက်ခံသူတစ်ယောက်အနေနဲ့ ဒွန်ဟောင်တိယွမ်က ကောင်းကင်ဒေသနဲ့ သက်ဆိုင်တယ်။ လူသားဘိုးဘေးရဲ့ အပြုအမူတွေက အရှင်ဒွန်ဟောင်အပေါ် အရိုအသေမရှိတာလို့ ကောင်းကင်ဒေသကျင့်ကြံသူတွေက ယုံကြည်ကြတယ်။”
“ကောင်းကင်ဒေသကျင့်ကြံသူတွေက သူတို့ရဲ့ မင်းသမီး အပြင်လူတစ်ယောက်နဲ့ လက်ထပ်တာကို မြင်ချင်မှာ မဟုတ်ဘူး။”
ရီဖူရှင်းက ပြောလိုက်သည်။
ထိုအချိန်တွင် ပို၍များပြားသော ကျင့်ကြံသူများ အပြင်ဘက်မှ ရောက်ရှိလာသည်။
“နန်းတော်သခင်။”
ဖန်းဟွမ်က လျှောက်လာခဲ့ပြီး လှေကားထစ်များ၏ အောက်ခြေမှနေ၍ ရီဖူရှင်းရှိရာဘက်သို့ အရိုအသေပေးလိုက်သည်။ ကျင့်ကြံခြင်းအပြင် ဖန်းဟွမ်သည် ဤအချိန်အတောအတွင်း ပြင်ပဘုံများမှ သတင်းများ စုဆောင်းရန် တာဝန်ရှိပေသည်။
ရီဖူရှင်းက ဖန်းဟွမ်အား ကြည့်လိုက်ပြီး သူပြောသည့်စကားကို နားထောင်လိုက်သည်။
“ပြင်ပဘုံမှာ အပြောင်းအလဲအသစ်တွေ ဖြစ်ပေါ်နေတယ်။ မှော်နက်စစ်တပ်က မှော်နက်လောကရဲ့ စစ်သည်တွေကို ဦးဆောင်ပြီး ကောင်းကင်ဒေသရဲ့ နဂါးအမွေအနှစ်နယ်မြေကို သွားခဲ့တယ်။ ကြည့်ရတာ ကြီးမားတဲ့စစ်ပွဲတစ်ခု ဖြစ်ပွားတော့မယ်ပုံပဲ။ သူတို့ဖြတ်သွားတဲ့ လမ်းတလျှောက် တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့တယ်။”
ဖန်းဟွမ်၏ စကားလုံးများကို ကြားသောအခါ ရီဖူရှင်း မျက်လုံးများတွင် အလင်းတန်းတစ်ခု ဖြစ်ပေါ်လာ၏။ သူက ပြန်လာရုံသာ ရှိသေးသော်လည်း မှော်နက်စစ်တပ်က တိုက်ခိုက်ရန် သူတို့၏ စစ်တပ်ကိုစေလွှတ်ပြီး ဖြစ်လေသည်။ ၎င်းကို မှော်နက်ဘုရင်က အမိန့်ပေးလိုက်ခြင်း ဖြစ်နိုင်သလား။ သူသည် ရီဖူရှင်း ပြန်ရောက်မည့်အချိန်ကို တွက်ချက်ပြီး မှော်နက်စစ်တပ်အား ကောင်းကင်ဒေသကို တိုက်ခိုက်ရန် လွှတ်လိုက်သည်လား။
သူက ရီဖူရှင်း စီဝေ့အင်ပါယာနန်းတော်ကို ဦးဆောင်၍ အကူအညီသွားပေးလိမ့်မည်လား မြင်တွေ့ချင်နေသည်လား။ ထိုသည်မှာ ရီဖူရှင်း၏ ခန့်မှန်းချက်သာ ဖြစ်သော်လည်း မှော်နက်ဘုရင်၏ ပင်ကိုစရိုက်အရ ၎င်းက ဖြစ်နိုင်ပေသည်။ သူက လောကတစ်ခုလုံးကို အမှောင်ထုဖြင့် ဖုံးလွှမ်းပစ်ချင်ပြီး ရီဖူရှင်းကိုပင် အမှောင်ထုအတွင်း ကျရောက်သွားစေချင်နေသည်။
သို့သော် သူတို့၏ ပတ်သတ်မှုအား ဖော်ပြရန် လိုအပ်ပါက ရီဖူရှင်းက ကောင်းကင်ဒေသဖြစ်စေ မှော်နက်စစ်တပ်ဖြစ်စေ မည်သူနှင့်မှ ကောင်းစွာ ရင်းနှီးခြင်းမရှိပေ။ သို့သော် ရီချင်းယောင်က မှော်နက်စစ်တပ်၌ ရှိနေသည်။
“တခြားကမ္ဘာတွေက အင်အားစုတွေလည်း ဒီအခြေအနေကို သိနိုင်တယ်။”
ဖန်းဟွမ်က ဆက်ပြောလိုက်သည်။
“သူတို့လည်း ပါဝင်လာမှာ သေချာတယ်။ မှော်နက်စစ်တပ် စတင်ခဲ့တဲ့ ဒီစစ်ပွဲက နောက်ဆုံးတစ်ကြိမ်ကထက် ပိုပြီး ကြီးမားကျယ်ပြန့်နိုင်တယ်။ သူတို့က မှော်နက်စစ်တပ်ရဲ့ အင်အားစုတွေအားလုံးကို ဦးဆောင်ပြီး နေရာအနှံ့မှာ အမှောင်ထုနဲ့လွှမ်းခြုံစေလိမ့်မယ်။”
“မှော်နက်စစ်တပ်က အကြွင်းမဲ့ ပျက်စီးခြင်းစစ်ပွဲကို စတင်ချင်နေတာလား။”
ဖန်းဟွမ်၏ စကားကို ကြားသောအခါ ဖန်းကိုင့်က ထိတ်လန့်တုန်လှုပ်သည့် အမူအရာကို ပြသလာသည်။
“အရင်က အင်အားစုနှစ်ခု တိုက်ခိုက်ခဲ့ပြီးပေမယ့် နှစ်ဖက်လုံးက ဆက်မတိုက်ဘဲ ပြန်ဆုတ်သွားကြတယ်။ အခုကြည့်ရတာ ပြီးခဲ့တဲ့ တိုက်ပွဲက အစမ်းသဘောမျိုးပဲ ဖြစ်လောက်တယ်။ ဒီတစ်ခေါက်တော့ သူတို့က အလေးအနက်ဖြစ်ပုံရတယ်။ အတိအကျ သူတို့ရဲ့ ရည်မှန်းချက်က ဘာများလဲ။”
“သူတို့ရဲ့ ရည်ရွယ်ချက်က ကမ္ဘာခြောက်ခုမှာ အရှုပ်အထွေးတွေ ဖန်တီးဖို့ပဲ။ စီဝေ့အင်ပါယာနန်းတော်က ပါဝင်ပတ်သတ်လာရင် အကောင်းဆုံးဖြစ်လိမ့်မယ်။” ရီဖူရှင်းက ပြောလိုက်သည်။ မှော်နက်ဘုရင်နှင့် ရင်းနှီးလာပြီးနောက် မှော်နက်ဘုရင် လုပ်သမျှ အရာအားလုံးတွင် ရည်မှန်းချက်တစ်ခုသာရှိကြောင်း နားလည်နိုင်ပေသည်။ သူသည် ကမ္ဘာခြောက်ခုအတွင်း ပရမ်းပတာစစ်ပွဲ ဖြစ်ပေါ်ပြီး တစ်လောကလုံး အမှောင်ထုအတွင်း ကျရောက်ကာ ပြိုလဲပျက်စီးသွားစေချင်နေသည်။
ဤစစ်ပွဲစတင်ခြင်းက အလွန် အရေးကြီးပေသည်။ လွန်ခဲ့သော နှစ်များစွာအကြာက ပြင်ပဘုံများနှင့် မူလဘုံတို့က သီးခြားစီတည်ရှိနေသည့်အချိန် မှော်နက်လောက၏ စွမ်းအားတို့က ဘုံကိုးဘုံမှ လျှို့ဝှက်နယ်မြေဘုံသို့ စတင်စိမ့်ဝင်ပျံ့နှံ့နေခဲ့ပြီး ဖြစ်သည်။ လျှို့ဝှက်နယ်မြေဘုံက မှော်နက်လောကအဖြစ် ပြောင်းလဲသွားလေသည်။
“တကယ့်ကို မှော်နက်စစ်တပ်က တစ်လောကလုံးကို အမှောင်ထုနဲ့ ဖုံးလွှမ်းချင်နေတာပဲ။”
ဓားဧကရာဇ်အရှင်က ဘေးမှနေ၍ ခေါင်းညိတ်လိုက်သည်။ အမှောင်ထုက တစ်လောကလုံးကို ဖုံးလွှမ်းသွားသည့်အခါ မှော်နက်ဘုရင်က ယှဥ်ပြိုင်ဘက်မရှိ ဖြစ်သွားလိမ့်မည် မဟုတ်ပါလား။
“ကျုပ်တို့ သွားကြမလား။”
ဖန်းကိုင့်က မေးလိုက်သည်။ ရီဖူရှင်းက ယခုလေးတင် မှော်နက်လောကမှ ပြန်ရောက်လာရုံရှိသေးပြီး သူသည် မှော်နက်စစ်တပ်က စီဝေ့အင်ပါယာနန်းတော်ကို ဤစစ်ပွဲ၌ ပါဝင်စေချင်နေသည်ဟု ဆိုခဲ့သည်။ သို့ဆိုလျှင် သူတို့က သွားသင့်သည်လား မသွားသင့်သည်လား။
“ကျုပ်တို့ သွားရမယ်။”
ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“သွားကြတာပေါ့။”
“ကောင်းပါပြီ။”
အစွမ်းထက် ကျင့်ကြံသူများအားလုံးက ခေါင်းညိတ်လျှက် အမိန့်ကို လက်ခံလိုက်သည်။ ချက်ချင်းပင် အားကောင်းသည့်တိုက်ခိုက်သူ အစုအဖွဲ့ကြီးက ရီအင်ပါယာနန်းတော်မှ ထွက်ခွာသွားကြပေသည်။ ရီအင်ပါယာနန်းတော်အပြင်ဘက်တွင် စီဝေ့ကြယ်ကမ္ဘာမှ ကျင့်ကြံသူများ တည်ဆောက်ထားသည့် မြို့တစ်မြို့ ရှိသည်။ သူတို့က ရီအင်ပါယာနန်းတော်အနီး၌ ကျင့်ကြံရန် မြို့တည်ဆောက်ခဲ့ကြပြီး အမွေအနှစ်အတွက် တိုက်ခိုက်ဖို့ရာ ရည်ရွယ်ချက်ရှိရှိ ထွက်ခွာသွားသူများမှအပ ဤမုန်တိုင်း၏ဒဏ်ကို သက်ရောက်မှုများစွာ မခံခဲ့ကြရပေ။
သို့သော် စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူအများဆုံးက ဂရုစိုက်စွာနှင့် သိုသိုသိပ်သိပ်သာ နေထိုင်ကြသည်။ အများစုက တိုက်ခိုက်မှု၌ ပါဝင်ပတ်သတ်ခြင်းမရှိကြပေ။
အခြားအင်အားစုများကလည်း သူတို့ကို ရွေးချယ် တိုက်ခိုက်ရန် ဆန္ဒအလျောက် လာရောက်ကြမည် မဟုတ်ပေ။ အဆုံးမှာတော့ ယနေ့ခေတ်တွင် ရီဖူရှင်း၏ ဂုဏ်သတင်းက ခြိမ်းခြောက်နိုင်စွမ်းရှိပေသည်။ သူသည် မှော်နက်စစ်တပ်ကိုပင် စစ်ကြညာရဲသည့် တစ်စုံတစ်ယောက် ဖြစ်သည်။
ရီဖူရှင်းတို့အဖွဲ့က ကောင်းကင်ဒေသမှ ကျင့်ကြံသူများ ထိန်းချုပ်ထားသော နေရာသို့ ဆက်လက်ဦးတည်သွားခဲ့ကြသည်။ ကောင်းကင်ဒေသမှ ကျင့်ကြံသူများရှိရာသို့ သူတို့ ရောက်ရှိသည့်အခါ စစ်ပွဲကဖြစ်ပွားနေပြီကို ရှာတွေ့ခဲ့သည်။ မှော်နက်စစ်တပ် ဖြတ်သန်းသွားသည့်နေရာတိုင်းတွင် လောကကြီးက မှုန်ဝါးမှောင်မိုက်သွားပြီး တိုက်ခိုက်မှုများက နေရာအနှံ့တွင် ဖြစ်ပေါ်နေခဲ့သည်။ ၎င်းက မှော်နက်လောကနှင့် ကောင်းကင်ဒေသ၏ အစွမ်းထက်ကျင့်ကြံသူများကြား တိုက်ပွဲဖြစ်လေသည်။
ရီဖူရှင်းတို့အဖွဲ့က ရှေ့သို့ ဆက်လက်သွားနေပြီး တိုက်ပွဲမြေပြင်ကို ဖြတ်သန်းသွားခဲ့သည်။ ဤစစ်မြေပြင်က လမ်းတလျှောက် နေရာအနှံ့တွင် ဖြစ်ပေါ်နေသည်။ ကြောက်မက်ဖွယ် မဟာလမ်းစဥ်ချုပ်ကိုင်ခြင်းစွမ်းအားတို့က လွှမ်းခြုံနေသော်လည်း မှော်နက်စစ်တပ်မှ အစွမ်းထက် ကျင့်ကြံသူများက ပါဝင်ခဲ့ခြင်းမရှိပေ။ ကြည့်ရသည်မှာ အင်ပါယာအဆင့်အင်အားစုများက တိုက်ခိုက်မှုတွင် မပါဝင်ရန် နှစ်ဖက်အဖွဲ့က တိတ်တဆိတ်သဘောတူညီမှု ယူထားကြပုံရသည်။ မဟုတ်လျှင် သေဆုံးခြင်းများက ပို၍ပင် ကြောက်မက်ဖွယ် ကောင်းပေလိမ့်မည်။
လမ်းတလျှောက်၌ အလောင်းများလည်း ပြန့်ကျဲနေသည်။ စစ်မြေပြင်၌ အစွမ်းထက်ကျင့်ကြံသူ မည်မျှများများ သေဆုံးခဲ့ကြောင်း မည်သူမှမသိပေ။
“အဆုံးကိုမမြင်ရဘူးပဲ။”
အဘိုးမာက အဝေးသို့မျှော်ကြည့်လိုက်သော်လည်း သူသည် စစ်မြေပြင်၏ အဆုံးကို မမြင်နိုင်ခဲ့ပေ။ ထိုသည်မှာ တစ်လောကလုံး စစ်ဖြစ်နေသလို ထင်ရသည်။
“မှော်နက်စစ်တပ်က ရူးနေတာပဲ။”
ဓားဧကရာဇ်အရှင်က ရှေ့သို့ ဆက်လျှောက်နေရင်း ပြောလိုက်သည်။ သူတို့က အရှေ့ရှိလမ်းတလျှောက် နေရာအနှံ့ စစ်ပွဲဖြစ်ပွားနေသည်ကို မြင်နိုင်ပေသည်။ စစ်တပ်က ကောင်းကင်ဒေသ၏ အဓိကနေရာများကို ဆက်လက်တိုက်ခိုက်နေပြီး ဒွန်ဟောင်အင်ပါယာနန်းတော် တည်ရှိရာ နဂါးအမွေအနှစ်နယ်မြေကို ကျူးကျော်ဝင်ရောက်ချင်နေသည်။
ရီဖူရှင်းသည်လည်း ထိတ်လန့်ချောက်ချားဖွယ် စစ်ပွဲကို မြင်တွေ့ရသောအခါ ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ သူသည် ဤပြင်းထန်သည့် စစ်ပွဲအတွင်း အစွမ်းထက်ပုဂ္ဂိုလ် မည်မျှများများ သေဆုံးခဲ့ပြီးကြောင်း မသိရှိပေ။ ကမ္ဘာခြောက်ခုမှ အလွန်များပြားလှသည့် အဆင့်မြင့်ပုဂ္ဂိုလ်များက အမွေအနှစ်တိုက်ပွဲမြေသို့ လာရောက်ခဲ့ကြသည်။
သို့သော် ရီဖူရှင်းက ပါဝင်ခဲ့ခြင်း မရှိပေ။ သူက ရှေ့သို့ ဆက်လျှောက်သွားခဲ့သည်။ သူတို့ နဂါးအမွေအနှစ်နယ်မြေသို့ ချဥ်းကပ်လာသည်နှင့် နယ်မြေဆယ့်ရှစ်ခုမှ နယ်မြေသခင်များ စစ်ပွဲကို ကိုယ်တိုင် ဦးဆောင်နေသည်အား မြင်လိုက်ရသည်။ သူသည် ရှေးဟောင်းနတ်ဘုရားကလန်များကလည်း အရူးအမူး သတ်ဖြတ်နေသည်ကို မြင်တွေ့ခဲ့ရပေသည်။