← Chapters

နတ်စွမ်းအား

Vol. 194 Ch. 2763

နတ်စွမ်းအား

Vol. 194 Ch. 2763

ဆေးဝါးဗုဒ္ဓအရှင်က ရီဖူရှင်းကို စိုက်ကြည့်ရင်း ပြောလိုက်သည်။

“မှော်နက်စစ်တပ်က စစ်ကြေညာလိုက်ပြီ။ မင်း အခု နောက်ပြန်လှည့်ရင် အခွင့်အရေး ရှိသေးတယ်။”

“ဗုဒ္ဓအရှင် ကျုပ်ကို ခွင့်လွှတ်ပေးပါ။”

ရီဖူရှင်းက နောက်တစ်ခါ အရိုအသေထပ်ပေး၍ ပြောလိုက်သည်။

“အဲဒီတော့ မင်းက ရပ်တည်ချက်ကို မပြောင်းလဲဘဲ အမှောင်ထုနဲ့ မဟာမိတ်ဖွဲ့မယ်ပေါ့။” ဆေးဝါးဗုဒ္ဓအရှင်က အမျက်ထွက်နေသော ​ဗုဒ္ဓတစ်ပါးကဲ့သို့ ​အေးစက်စွာ ပြောလိုက်သည်။

“ကျုပ် ထပ်ပြောပါမယ်။ မှော်နက်စစ်တပ်က ကျုပ်နဲ့ ဘာမှမဆိုင်ဘူး။ ဒါပေမယ့် ရီချင်းယောင်လို့ အမည်ရတဲ့ ဒီတစ်ယောက်ကိုတော့ ကျုပ် ကျိန်းသေကာကွယ်ပေးရလိမ့်မယ်။”

ရီဖူရှင်းက ပြောလိုက်သည်။

“သူမက အပြစ်ကြီးကျူးလွန်တယ်လို့ ယုံကြည်နေရင် ကျုပ်ကလည်း သူမအတွက် တာဝန်ခံဖို့ဆန္ဒရှိတယ်။”

“ဘယ်လိုမျိုးတာဝန်ခံမှာလဲ။”

ဆေးဝါးဗုဒ္ဓအရှင်က မေးလိုက်သည်။

“ကျင့်ကြံခြင်းလောကရဲ့ စည်းမျဥ်းတွေကို ကျုပ် လိုက်နာမယ်။”

ရီဖူရှင်းက ပြောလိုက်သည်။

သူ ပြောပြီးနောက် ထိုနေရာအတွင်းရှိ ကျင့်ကြံသူအားလုံး တိတ်ဆိတ်သွားခဲ့သည်။ ကျင့်ကြံခြင်းလောက၏ စည်းမျဥ်းဟူသည်မှာ အဘယ်နည်း။ အစွမ်းထက်သည့်လူများသည်သာ စကားပြောဆိုဆုံးဖြတ်ခွင့် ရှိပေသည်။

အမှားအမှန်ဟူသည်မှာ အတုအယောင်သာ ဖြစ်ပေသည်။ ကျင့်ကြံရန် ဤနေရာသို့ လာရောက်သည့်သူများတွင် အပြစ်ကင်းစင်သည့်သူ မည်မျှများများ ရှိပါသနည်း။ ဤကဲ့သို့သော ကျင့်ကြံခြင်းအဆင့်သို့ ရောက်လာသူများတွင် မည်သူ့လက်၌ သွေးမစွန်းဖူးဘဲ ရှိပါသနည်း။

ရီဖူရှင်း အနောက်ဘက်ကောင်းကင်ဘုံသို့ သွားသည့်အချိန်၌ မည်သည်တို့ ကြုံတွေ့ခဲ့ရပါသနည်း။ သူတော်စင်ကျန်းချန်က မှန်သည်လား မှားနေသည်လား။ ရှန်းယန်ဗုဒ္ဓအရှင်နှင့် ထုံချန်းဗုဒ္ဓအရှင်တို့က မှန်ကန်သလား မှားယွင်းခဲ့သလား။ ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုက ကောင်းကင်ဒေသနှင့် ပူးပေါင်းကာ မူလဘုံနှင့် စီဝေ့ကြယ်ကမ္ဘာကို ကျူးကျော်ခဲ့သောအခါ မည်သူက တရားမျှတမှုအတွက် တာဝန်ရှိပါသနည်း။

ရီချင်းယောင်သည် ထိုစဥ်က ကလေးငယ်လေးမျှသာ ရှိသေးသော်လည်း သူမက လောကကြီးကို ဖျက်ဆီးခြင်းယူဆောင်လာလိမ့်မည်ဟု ယုံကြည်ကာ ဗုဒ္ဓကလန်မှ စီနီယာရဟန်းတော်များက သူမကို သတ်ဖြတ်ချင်ခဲ့ကြသည်။ သူမသည် ထိုအချိန်က သနားစဖွယ်ကောင်းသည့် မိန်းမငယ်လေးမျှသာ ဖြစ်လေသည်။ သူမက မည်သည့်အမှားကို ကျူးလွန်ခဲ့ပါသနည်း။

“သိပ်ကောင်းတယ်။”

ဆေးဝါးဗုဒ္ဓအရှင်က ပြောလိုက်သည်။

“အဲဒီလိုဆိုတော့ မင်း သူမနဲ့အတူ သွားနိုင်တယ်။”

“ရီဖူရှင်း ရှင်က အခုချိန်မှာ မှော်နက်စစ်တပ်ဘက်ကနေ ရပ်တည်ခဲ့တာ ကောင်းကင်ဒေသကို စစ်ကြေညာလိုက်တာပဲ။”

ဒွန်ဟောင်တိယွမ်က အေးစက်စွာ ပြောလိုက်သည်။ သူမထံမှ သတ်ဖြတ်လိုစိတ်တို့ ထွက်ပေါ်လာခဲ့သည်။

“အရင်တုန်းက အဖေက ရှင့်ကို အရေးမယူချင်ခဲ့ပေမယ့် အခု ရှင်က ကောင်းကင်ဒေသနဲ့ ဆန့်ကျင်ဘက်မှာ ရပ်တည်နေပြီဆိုတော့ ကောင်းကင်ဒေသရဲ့ လူတွေက ရှင့်ကို သနားညှာတာမှုပြမှာ မဟုတ်တော့ဘူး။”

ရီဖူရှင်းက ဒွန်ဟောင်တိယွမ်ကို ကြည့်ကာ ပြောလိုက်သည်။

“ကောင်းကင်ဒေသရဲ့ ကျင့်ကြံသူတွေက ကျုပ်ကို ဘယ်အချိန်က သနားညှာတာမှုထားခဲ့လို့လဲ။ ဒါပေမယ့် အရင်တစ်ခေါက် တားမြစ်နယ်မြေမှာ မင်းသမီးဒွန်ဟောင်နဲ့ ကျုပ်ရဲ့ ရေစက်ကတော့ ကျုပ်အတွက် မမေ့နိုင်စရာဖြစ်နေဆဲပဲ။”

ဒွန်ဟောင်တိယွမ်က ဒေါသတကြီးနှင့် ရီဖူရှင်းကို စိုက်ကြည့်လိုက်သည်။ ကျင့်ကြံသူများစွာသည်လည်း ချက်ချင်းပင် အံ့အားသင့်သည့် အမူအရာတို့ဖော်ပြလာပြီး ဒွန်ဟောင်တိယွမ်နှင့် ရီဖူရှင်းအား ကြည့်လိုက်ကြသည်။ တားမြစ်နယ်မြေအတွင်း မည်သည်တို့ဖြစ်ခဲ့ကြသနည်း။

ဘုန်း...

ထိတ်လန့်တုန်လှုပ်ဖွယ် စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာသည်။ ဒွန်ဟောင်တိယွမ် ထုတ်လွှတ်လိုက်သည့် ဘိုးဘေးနဂါးနှင့်ဖီးနစ်် စွမ်းအားက ကြောက်မက်ဖွယ်ရာအဆင့်ထိ ရောက်ရှိလာပေသည်။ သူမ၏ ခန္ဓာကိုယ်ကို ဗဟိုပြုကာ ကောင်းကင်၌ တုန်လှုပ်ချောက်ချားစရာကောင်းလှသည့် ဓားဝင်္ကပါတစ်ခု ပေါ်ပေါက်လာသည်။ တောက်ပသည့် ဝိညာဥ်ဓားများက မရေတွက်နိုင်အောင် ဖြစ်ပေါ်လာသည်။ သူမက ရီဖူရှင်းကို လက်ညှိုးညွှန်လိုက်လျှင် ထျန်းရှန်းနတ်ဓားက ချက်ချင်းပင် လေဟာနယ်ကို ဖြတ်သန်းထိုးခွင်းလာသည်။ ၎င်းက နတ်ဆိုးအင်ပါယာနန်းတော်အတွင်း ရှိစဥ်အခါကထက်ပင် ပို၍ အားကောင်းလာပေသည်။

ရီဖူရှင်းက ရှေ့သို့ ခြေလှမ်းလိုက်သည်။ သူက ကောင်းကင်ကို လက်ညှိုးညွှန်လိုက်ပြီး တူညီစွာ ကြောက်မက်ဖွယ် ကောင်းသည့် နတ်ဓားစွမ်းအားက ပေါက်ကွဲထွက်လာသည်။ မရေတွက်နိုင်သည့် ဓားစွမ်းအားတို့ စုစည်းလာပြီး ကောင်းကင်ခွင်းနတ်ဓားက ကောင်းကင်ကို ဖြတ်သန်းထိုးဖောက်လာ၏။

ချက်ချင်းပင် စွမ်းအားနှစ်ခုက ကောင်းကင်တွင် ထိပ်တိုက်တွေ့ဆုံသွားကြသည်။ ထျန်းရှင်းနတ်ဓားတွင် ဘိုးဘေးနဂါးနှင့်ဖီးနစ် စွမ်းအားတို့ ပါဝင်နေ၏။ ၎င်းက အလွန် ဖိနှိပ်လွှမ်းမိုးနိုင်စွမ်းရှိပေသည်။ နတ်ဓားအနီးတွင် ဘိုးဘေးနဂါးနှင့်ဖီးနစ်၏ ပုံရိပ်တို့ ထွက်ပေါ်လာပြီး ၎င်းက နဂါးဖီးနစ်ဓားကဲ့သို့ ဖြစ်သွားပေသည်။ ယင်းက အရာအားလုံးကို ဖြတ်သန်းထိုးဖောက်ကာ အောက်ဘက်သို့ ထိုးဆင်းလာသည်။

သို့သော် ရီဖူရှင်း ဖန်တီးထားသည့် ကောင်းကင်ခွင်းဓားမှ နတ်ဘုရားအုပ်စိုးလက်နက်၏ မြစိမ်းရောင်နတ်အလင်းတို့ ထုတ်လွှတ်လာသည်။ ယင်းသည် ကြီးမားသည့် လမ်းစဥ်နတ်စွမ်းအားတို့မှ ဖြစ်တည်လာခြင်းဖြစ်ပြီး ဘိုးဘေးနဂါးဖီးနစ်ဓားကို ဆန့်ကျင်တိုက်ခိုက်လာသည်။ ဖျက်ဆီးခြင်းအလင်းတို့က ကောင်းကင်မှ ပတ်ဝန်းကျင်ကို ဖြန့်ကျက်လာကာ အဆုံးမဲ့ လေဟာနယ်အား လွှမ်းခြုံသွားသည်။ ကံကောင်းစွာနှင့် ထိုနေရာရှိ ကျင့်ကြံသူများအားလုံးက အစွမ်းထက်ကြသည်။ ထိုစွမ်းအားများက သူတို့ကို ရိုက်ခတ်လာလျှင်ပင် စွမ်းအင်လှိုင်းတို့ကို တားဆီးနိုင်စွမ်းရှိပေသည်။

ရီဖူရှင်း ရှေ့သို့ လျှောက်လာကာ ဓားချီမုန်တိုင်းအား ဖြတ်ကျော်၍ ဒွန်ဟောင်တိယွမ်ထံ လျှောက်သွားခဲ့သည်။ ဒွန်ဟောင်တိယွမ်ထံမှ အရှိန်အဝါတို့က ပိုမိုကြောက်မက်ဖွယ်ကောင်းလာသည်။ ရီဖူရှင်း လျှောက်လာနေသည်ကို မြင်သောအခါ သူမလည်း ရှေ့သို့ လှမ်းလာပေသည်။ ယခင်က သူတို့ ထိပ်တိုက် တိုက်ခိုက်ခဲ့သည့်အချိန်တွင် နှစ်ယောက်လုံး တူညီသောအဆင့်၌ ရှိခဲ့ကြသည်။ ယခု သူမက ဘိုးဘေးနဂါးဖီးနစ်၏ စွမ်းအားတို့ကို ဆက်ခံခဲ့ပြီး ရီဖူရှင်းက နတ်ဘုရားအုပ်စိုးလက်နက်၏ စွမ်းအားကို ဆက်ခံခဲ့သည်။ ယခု မည်သည့်ရလဒ်မျိုး ထွက်လာလိမ့်မည်နည်း။

ဤသည်က သူတို့၏ တတိယမြောက်တိုက်ပွဲဖြစ်သည်။ ပထမတစ်ကြိမ်က နတ်ဆိုးအင်ပါယာနန်းတော်၌ ဖြစ်ပြီး ဒုတိယအကြိမ်က တားမြစ်နယ်မြေအတွင်း၌ ဖြစ်သည်။ ထိုအချိန်က သူမသည် ဒဏ်ရာရထားပြီး ရီဖူရှင်းထက် ပိုမို ကန့်သတ်ထိန်းချုပ်ခံထားရသဖြင့် ရီဖူရှင်းက အသာစီးရခဲ့ပေသည်။

ဤတစ်ကြိမ်၌ သူမက မူလအ​ခြေအနေသို့ ပြန်လည်သက်သာလာခဲ့ပြီ ဖြစ်၏။

“ဂရား။”

ထိတ်လန့်တုန်လှုပ်ဖွယ် နဂါးအော်မြည်သံက ကောင်းကင်တစ်ခွင်ကို ပြည့်နှက်သွားပြီး လူအများ၏ နားစည်အတွင်း ပဲ့တင်ထပ်ကာ စိတ်ဝိညာဥ်အား တုန်ခါစေခဲ့သည်။ ရီဖူရှင်းသည်လည်း ထိုပြင်းထန်သည့် တုန်ခါမှုကို ခံစားလိုက်ရသည်။ ယင်းသည် သူ၏ စိတ်ဝိညာဥ်ကို ကွဲကြေစေတော့မတတ် ဖြစ်စေခဲ့သည်။ ထိုသည်မှာ ဒွန်ဟောင်တိယွမ်၏ နောက်မှ ဘိုးဘေးနဂါးက အသက်ပြန်ရှင်လာသကဲ့သို့ပင် ဖြစ်လေသည်။

“နဂါးဝိညာဥ်။”

လူအများက တုန်လှုပ်သွားကြပြီး ဒွန်ဟောင်တိယွမ်အား စိုက်ကြည့်လိုက်ကြသည်။ သူမက နဂါးပျက်သုဥ်းမြေ၌ အမွေဆက်ခံခဲ့ရသည့် နဂါးဝိညာဥ်စွမ်းအားကိုပင် ထုတ်လွှတ်ခဲ့ပြီး ရီဖူရှင်းကို အစွမ်းကုန်သုံးကာ တိုက်ခိုက်ချင်နေသည်။ စွမ်းအားက မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို ခန့်မှန်းနိုင်ပေသည်။ ထိုစွမ်းအား၏ အောက်တွင် ရီဖူရှင်းက ထိတ်လန့်တုန်လှုပ်စရာကောင်းစွာဖြင့် အသတ်ခံရပေလိမ့်မည်။

ထိုသည်က အရာခပ်သိမ်းမဟုတ်သေးပေ။ ဒွန်ဟောင်တိယွမ်၏ ခန္ဓာကိုယ်သည်လည်း လောင်ကျွမ်းနေပုံရသည်။ ဘိုးဘေးဖီးနစ်၏ စွမ်းအားက သူမကိုယ်တွင်းတွင် လောင်ကျွမ်းနေပြီး ထိုအခိုက်အတန့်တွင် ဒွန်ဟောင်တိယွမ်ကို ဖီးနစ်နတ်မိမယ်တစ်ပါးအဖြစ် ထင်မှတ်ရစေသည်။ ဖီးနစ်၏ နတ်ပုံရိပ်ထွက်ပေါ်လာပြီး သူမ မျက်ခုံးနှစ်ခုကြားတွင် ဖီးနစ်သင်္ကေတတစ်ခု ထွက်ပေါ်လာပေသည်။ သူမက အလွန်လှပလေသည်။

အော်မြည်သံတို့နှင့်အတူ ဘိုးဘေးနဂါး၏ ပုံရိပ်က ရီဖူရှင်းရှိရာသို့ ထိုးဆင်းလာသည်။ ယင်းသည် ကြောက်မက်ဖွယ်ရာ အော်မြည်သံနှင့်အတူ ရီဖူရှင်း၏ ခန္ဓာကိုယ်အား ဝါးမြိုပစ်ချင်နေပုံရလေသည်။

ဗုဒ္ဓအလင်းက ရီဖူရှင်း၏ ခန္ဓာကိုယ်ပေါ်တွင် တောက်ပနေခဲ့သည်။ မတုန်လှုပ်မယိမ်းယိုင်သည့် တိုက်ပွဲသဏ္ဌာန်ကဲ့သို့ သူ၏ စွမ်းအားက ဖျက်ဆီး၍မရနိုင်အောင် ဖြစ်သည်။ တစ်ချိန်တည်းတွင် နတ်ဘုရားအုပ်စိုးလက်နက်၏ စွမ်းအားကလည်း သူ့ခန္ဓာကိုယ်တွင်းမှ ပြင်းထန်စွာ ထွက်ပေါ်လာခဲ့သည်။ သူ၏ ရှေ့တွင် နတ်ဘုရားအုပ်စိုးလက်နက်၏ စွမ်းအားမှ ကြီးမားသော ဓားတစ်လက် ဖြစ်တည်လာသည်။ ဓားပေါ်တွင် မရေတွက်နိုင်အောင် တောက်ပသည့် နတ်စွမ်းအား အလင်းမျှင်တို့ရှိနေခဲ့သည်။ ထိုစွမ်းအားအလင်းမျှင်တို့တွင် ကြောက်မက်ဖွယ် စွမ်းအားတို့ပါဝင်နေ၏။

ကြီးမားသည့် ဓားက တစထက်တစ ကြီးထွားလာပြီး ကျန်း ၃၀၀ ရှည်လျားသည့်တိုင်အောင် ကြီးမားလာသည်။ ကျင့်ကြံသူများက ထိုနတ်ဓားကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်လိုက်ကြသည်။ ၎င်းက သာမန်နတ်ဓားတစ်လက်မဟုတ်တော့ပေ။ ကြည့်ရသည်မှာ ၎င်းသည် ကောင်းကင်လမ်းစဥ်နှင့် ဖွဲ့စည်းထားသည့် လမ်းစဥ်ဓားတစ်လက်ဖြစ်ပုံရလေသည်။

ရီဖူရှင်း ဝါးမြိုခဲ့သည့် နတ်ဘုရားအုပ်စိုးလက်နက်က ဓားတစ်လက်အဖြစ် ပြောင်းလဲသွားသည့်အတွက်ကြောင့်  နတ်ဘုရားအုပ်စိုးလက်နက်ဓားတစ်လက်ဖြစ်လာပြီး ထိုဓားက နှင်တံပင် ဖြစ်သည်။ ထိုသည်က ပြင်ပပုံသဏ္ဌာန်သာဖြစ်သည်။ ယင်းက လမ်းစဥ်နှင့် အာဏာစက်ကိုကိုယ်စားပြုပြီး အရာအားလုံးကို ဖြိုခွဲဖျက်ဆီးနိုင်သည်။

ထိုအင်အားသည် လူတိုင်းကို နတ်ဘုရားအုပ်စိုးလက်နက်၏ ကြောက်မက်ဖွယ်ကောင်းမှုကို တစ်ဖန် ပြန်လည် ခံစားမိလာအောင် ပြုလုပ်နေသည်။ ဤသည်က မည်သို့သော စွမ်းအားမျိုး ဖြစ်သနည်း။

ဘိုးဘေးနဂါးက ပြင်းထန်သော နတ်စွမ်းအားတို့နှင့်အတူ ပြေးဆင်းလာသည့်အခါ ရီဖူရှင်းက ကြီးမားသည့် ​ဓားကို လက်နှင့် ဆုပ်ကိုင်ကာ ကောင်းကင်ကို ဖြတ်သန်းထိုးဖောက်လိုက်သည်။

ရှေးဟောင်းနဂါး၏ နတ်စွမ်းအားက နတ်နဂါးတစ်ကောင်အဖြစ် ဖွဲ့စည်းလာပြီး အောက်သို့ ထိုးဆင်းလာကာ နတ်ဓားကို ဆန့်ကျင်တိုက်ခိုက်လိုက်သည်။

ဂရား...

နောက်ထပ် ကမ္ဘာကိုတုန်လှုပ်စေနိုင်သည့် အော်မြည်သံ ထွက်ပေါ်လာ၏။ တုနှိုင်းမဲ့နတ်စွမ်းအားတို့က တောင်တန်းနှင့် မြစ်များကိုပင် ဖြိုချဖျက်ဆီးပစ်နိုင်သော်လည်း ကြီးမားသည့် နတ်ဓားက နဂါး၏ ခန္ဓာကို တည့်မတ်စွာ ထိုးစိုက်သွားခဲ့သည်။ ကျယ်လောင်ကာ ကြောက်မက်ဖွယ် ကောင်းသည့် ဆူညံသံတစ်ခု ထွက်ပေါ်လာပြီး ဓားက နဂါး၏ ခန္ဓာကိုယ်ကို တိုက်ရိုက်ထိုးဖောက်သွားကာ လောကကြီးအား အပိုင်းပိုင်းစုတ်ဖြဲပစ်ချင်နေသကဲ့သို့ ရှေ့သို့ ဆက်သွားနေခဲ့သည်။

နတ်နဂါးက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ၎င်း၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါနေခဲ့သည်။ ကျယ်လောင်လှသည့် ကြောက်မက်ဖွယ် ဆူညံသံက ပတ်ဝန်းကျင်တစ်ခွင်ကို ပျံ့နှံ့သွားခဲ့လေသည်။ လမ်းစဥ်က ပြိုကျပျက်စီးသွားကာ အရာအားလုံး ဖျက်ဆီးခံလိုက်ရသလိုပင် ဖြစ်သည်။

ဘုန်း...

ကျယ်လောင်သည့် ပေါက်ကွဲသံနှင့်အတူ ကြောက်မက်ဖွယ် နတ်နဂါးက ထိုးဖောက်ခံလိုက်ရသည်။ ကြီးမားသည့် နတ်ဓားက ဒွန်ဟောင်တိယွမ်ထံ ဆက်လက်တိုးဝင်လာ၏။ ဒွန်ဟောင်တိယွမ်က နတ်ဖီးနစ်အဖြစ် ပြောင်းလဲသွားပြီး သူမ၏ လက်များက ကြီးမားကာ ထက်ရှသည့် အနီရောင်မီးလျှံလက်သည်းများအဖြစ် ပြောင်းလဲနေခဲ့သည်။ နတ်ဖီးနစ်၏ လက်သည်းများက ကျရောက်လာနေသည့် ကြီးမားသော ဓားပေါ်သို့ တိုက်ရိုက် ရိုက်ခတ်သွားပေသည်။

နတ်ဓား၏ စွမ်းအားက သိသာစွာ လျော့ကျသွားခဲ့လျှင်ပင် ၎င်းတို့တွင် ပြင်းထန်သည့်စွမ်းအားတို့ ပါဝင်နေဆဲဖြစ်သည်။

ဘုန်း...

ကျယ်လောင်သည့် အသံတစ်ခု ထွက်ပေါ်လာပြီး ဒွန်ဟောင်တိယွမ်၏ ခန္ဓာကိုယ်က ရီဖူရှင်းကြောင့် အတင်းအကျပ် နောက်သို့တွန်းထုတ်ခံခဲ့ရသည်။

သို့သော် ရီဖူရှင်းက မရပ်တန့်ခဲ့ပေ။ နတ်ဓားက ကျန်ရှိနေဆဲဖြစ်ပြီး သူက ရှေ့သို့ ဆက်တိုးလာခဲ့သည်။ သူက ဒွန်ဟောင်တိယွမ်ကို ဤနေရာ၌ သတ်ဖြတ်ပစ်ချင်နေပုံရသည်။

“ကြောက်စရာကောင်းလိုက်တဲ့ တိုက်ခိုက်မှု။”

လူတိုင်း၏ နှလုံးသားများထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်နေသည်။ သူတို့အားလုံးက တိုက်ပွဲနေရာသို့ စူးစိုက်ကြည့်နေခဲ့ကြပေသည်။ နတ်ဓားက တခဏအတွင်း ရောက်ရှိလာပြီး ဒွန်ဟောင်တိယွမ်ထံသို့ တည့်မတ်စွာ ပြေးဝင်သွားခဲ့သည်။ ထိုအခိုက်တွင် ဒွန်ဟောင်တိယွမ်၏ လှပသော မျက်လုံးများက အောက်သို့ ငုံ့ကြည့်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်ထဲမှ နောက်ထပ် နတ်စွမ်းအားတစ်ခု ထွက်ပေါ်လာခဲ့သည်။

ထိုနတ်စွမ်းအား ထွက်ပေါ်လာသည့်အခါ ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် ​မြေကြီးအကြား သဏ္ဌာန်မဲ့စွမ်းအားတစ်ခု ပေါ်ပေါက်လာသည်။ ၎င်းက လောကအတွင်းရှိ မဟာလမ်းစဥ်စွမ်းအားများ အားလုံးကို အားနည်းသွားစေပုံရသည်။

ဘန်း...

ရီဖူရှင်းက နတ်ဓားနှင့် နတ်ဖီးနစ်အား တစ်ဖန်တိုက်ခိုက်လိုက်သည်။ ထိုသဏ္ဌာန်မဲ့စွမ်းအား ထွက်ပေါ်လာသည့်အခါ ရီဖူရှင်းသည် သူ၏ မဟာလမ်းစဥ်စွမ်းအားတို့ ချိပ်ပိတ်ခံလိုက်ရသလို ခံစားမိခဲ့ပေသည်။

ထိုမြင်ကွင်းကို တွေ့လိုက်ရသည့်အခါ ပတ်ဝန်းကျင်ရှိ အရာအားလုံးက အေးခဲသွားပုံရသည်။ မရေတွက်နိုင်သည့် မျက်လုံးများက ဒွန်ဟောင်တိယွမ်ရှိရာဘက်သို့ စိုက်ကြည့်နေခဲ့၏။ ထိပ်သီးပုဂ္ဂိုလ်များ အားလုံးသည် ထိုပေါက်ကွဲထွက်လာသည့် နတ်စွမ်းအားက မည်သည်ကို ဆိုလိုကြောင်း သိရှိကြပေသည်။ အရှင်ဒွန်ဟောင်က အနှိုင်းမဲ့ ပြိုင်ဘက်ကင်း အစွမ်းထက်ပေသည်။ သူသည် ထိပ်ဖျားသို့တိုင် တက်လှမ်းနိုင်ခဲ့ပြီး ထိုစဥ်က အင်ပါယာရီချင်နှင့်အတူ ကောင်းကင်ဒေသကို အုပ်စိုးခဲ့သည်။ သူတို့နှစ်ယော​က်လုံးက မယှဥ်နိုင်လောက်အောင် ပြိုင်ဘက်ကင်းလှသည်။ အင်ပါယာရီချင်က သားရဲထိန်းချုပ်ခြင်း၌ ကျွမ်းကျင်ပြီး အရှင်ဒွန်ဟောင်၌လည်း ထူးခြားသည့် စွမ်းရည်များရှိပေသည်။ ထိုစွမ်းအားမှာ လောကကြီးအား ကန့်သတ်ထိန်းချုပ်သည့် နည်းစနစ်ဖြစ်နိုင်သည်။ အရှင်ဒွန်ဟောင်က ပိုမို၍ အစွမ်းထက်လာပြီးနောက်မှ ထိုစွမ်းအားကို အဆင့်တစ်ခုရောက်အောင် ကျင့်ကြံနိုင်ခဲ့သည်။ ထို့ကြောင့် ၎င်းသည် လောကအတွင်း အစွမ်းထက်ဆုံးနှင့် ကျင့်ကြံရန် အခက်ခဲဆုံးစွမ်းအားဟု ကျော်ကြားလာခဲ့ပေသည်။

ယခု ဒွန်ဟောင်တိယွမ်က ၎င်းကို အသုံးပြုခဲ့သ​ည်လား။

All Chapters