← Chapters

ထိန်းချုပ်​ခြင်းနတ်စွမ်းအား၊ နှင်တံသုံးချက်စည်းမျဥ်

Vol. 194 Ch. 2764

ထိန်းချုပ်​ခြင်းနတ်စွမ်းအား၊ နှင်တံသုံးချက်စည်းမျဥ်

Vol. 194 Ch. 2764

ထိုပေါက်ကွဲထွက်လာသည့် နတ်စွမ်းအားက အရောင်အဆင်းနှင့် သဏ္ဌာန်မဲ့၏။ ယင်းက နယ်မြေတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရီဖူရှင်း၏ ခန္ဓာကိုယ်ကို တိုက်ရိုက်လွှမ်းခြုံသွားသည်။ ၎င်းသည် အဆုံးမဲ့နယ်​မြေတစ်ခွင်ကိုပင် ဖြန့်ကျက်သွားခဲ့ပေသည်။ ကြောက်မက်ဖွယ် ဝိညာဥ်စွမ်းအင်မုန်တိုင်းက ပြင်းထန်သည့် နယ်မြေစွမ်းအားအဖြစ်ပြောင်းလဲသွားပေသည်။ ဤနယ်မြေအတွင်းရှိ ကျင့်ကြံသူတိုင်း အလွန် မသက်မသာဖြစ်မှုကို ခံစားကြရသည်။ သူတို့၏ ဝိညာဥ်စွမ်းအားများက ထိန်းချုပ်ခံထားရပြီး သူတို့၏ မဟာလမ်းစဥ်စွမ်းအားသည်လည်း တူညီစွာ ထိန်းချုပ်ခံထားရသည်။

ဤသည်မှာ မြင်နိုင်စွမ်းမရှိသည့် ကန့်သတ်ချုပ်နှောင်မှုမျိုး ဖြစ်ပေသည်။ နတ်ဘုရားကပ်ဘေးကို ဖြတ်ကျော်ဖူးခြင်းမရှိသည့် ကျင့်ကြံသူများက တိုက်ပွဲစွမ်းရည်များကို ဆုံးရှုံးလိုက်ရပြီး လှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။ ချက်ချင်းပင် သူတို့၏ ခန္ဓာကိုယ်များက ချွေးတို့ဖြင့် ရွှဲနစ်သွားခဲ့သည်။

ရီဖူရှင်းက ဒွန်ဟောင်တိယွမ်နှင့် အနီးဆုံးဖြစ်သောကြောင့် ထိုစွမ်းအားကို အပြင်းထန်ဆုံး ခံစားရပေသည်။ ကြောက်မက်ဖွယ် နတ်စွမ်းအားက သူ့၏ စွမ်းအားများကို ဖိနှိပ်ထားသလို သူ၏ လမ်းစဥ်ကိုလည်း ကန့်သတ်ထားသည်။ သူ ယခင်က ထိုစွမ်းအားကို ခံစားခဲ့ဖူးသည်။ ၎င်းသည် သူ တစ်ချိန်က အသုံးပြုခဲ့ဖူးသော စွမ်းအားနှင့် အလားသဏ္ဌာန်တူသည်။ ဖူရှစ်တေးသွား၌ ပါဝင်သော စွမ်းအားသည် လောကအတွင်း လက်လှမ်းမမီနိုင်အောင် ဖြစ်ပေသည်။

သို့သော်ငြား သူ အသုံးပြုသည့် ဖူရှစ်တေးသွားက လက်ရှိစွမ်းအားနှင့် နှိုင်းယှဥ်နိုင်ခြင်းမရှိပေ။ ၎င်းမှ သိသာထင်ရှားသည့် တိုးတက်မှုကို ယခု နတ်စွမ်းအားဟုပင် ခေါ်နိုင်သည်။ ဒွန်ဟောင်တိယွမ်သည် ၎င်းကို ထိတွေ့နိုင်ရုံမျှသာ ရှိသေးသော်လည်း ထိုမျှ ကြောက်မက်ဖွယ် ကောင်းနေလေရာ အရှင်ဒွန်ဟောင်မှ ထိုနတ်စွမ်းအားကို ထုတ်လွှတ်အသုံးပြုပါက မည်မျှ ထိတ်လန့်ဖွယ်ရာ ကောင်းလိမ့်မည်မှာ မှန်းဆ၍ပင်မရနိုင်ပေ။

ဘုံအသီးသီးမှ ထိပ်သီးပုဂ္ဂိုလ်များက ဒွန်ဟောင်တိယွမ်ကို စိုက်ကြည့်နေခဲ့ကြသည်။ အရှင်ဒွန်ဟောင်၏ နတ်စွမ်းအားက အောင်မြင်စွာ ကျင့်ကြံရန် အလွန်ခက်ခဲသည်ကို လူတိုင်း ရှင်းလင်းစွာ နားလည်ကြပေသည်။ ဒွန်ဟောင်တိယွမ်က သူ၏ ကလေးဖြစ်နေလျှင်ပင် အလွယ်တကူ ဆက်ခံရန် မဖြစ်နိုင်နေဆဲ ဖြစ်သည်။

ယခု နောက်ဆုံးတွင် သူတို့သည် ဒွန်ဟောင်တိယွမ်ထံမှ အရှင်ဒွန်ဟောင်း နတ်စွမ်းအား ပေါက်ကွဲထွက်ပေါ်လာသည်ကို မြင်လိုက်ကြရ၏။ ဒွန်ဟောင်တိယွမ်က ပထမအဆင့် ပြောင်းလဲခြင်းကို အောင်မြင်ထားခဲ့ပြီ ဖြစ်သည်။

ထိန်းချုပ်ခြင်းနတ်စွမ်းအား။

၎င်းသည် အရှင်ဒွန်ဟောင်၏ ပြိုင်ဘက်ကင်းနတ်စွမ်းအား ဖြစ်သည်။ မည်သူမှ ထိုသို့လုပ်ဆောင်နိုင်ခြင်းမရှိပေ။ လူသားဘုံမှ တိဟောက်က ဒွန်ဟောင်တိယွမ်အား လေ့လာနေခဲ့သည်။ သူမက နတ်စွမ်းအားကို နိုးထစေခဲ့သည်လား။

ထို့နောက် သူတို့က ရီဖူရှင်းကို ကြည့်လိုက်သည်။ ဒွန်ဟောင်တိယွမ်က သူမ၏ နတ်စွမ်းအားကို ထုတ်ဖော်ခဲ့သလို ရီဖူရှင်းက အင်ပါယာရီချင် ကျွမ်းကျင်သည့် သားရဲထိန်းချုပ်ပညာရပ်ကို ပြသခဲ့ပြီးဖြစ်သည်။ ထိုကမ္ဘာမကြေရန်သူနှစ်ယောက်က ဤနှစ်ယောက်ချင်းတိုက်ပွဲတွင် အင်ပါယာနှစ်ပါး၏ စွမ်းရည်ကို ပြသခဲ့ကြပြီး ဖြစ်သည်။

ဒွန်ဟောင်တိယွမ်က သူမ၏ လှပသော မျက်လုံးများနှင့် ရီဖူရှင်းကို လေ့လာနေသည်။ သူမက လှပကျော့ရှင်းသော်လည်း အေးစက်ပေသည်။ ကြည့်ရသည်မှာ ကောင်းကင်ဒေသ၏ မြင့်မားသည့် အဆင့်အတန်းနှင့် အစွမ်းထက် မင်းသမီးဖြစ်သည့် သူမက မူလအခြေအနေသို့ ပြန်လည်သက်သာလာခဲ့ပုံရသည်။

“ရှင်က ကိုယ့်နေရာကိုယ် မသိမှတော့ ရှင့်အတွက် လွယ်ကူအောင် လုပ်ပေးရတာပေါ့။”

ဒွန်ဟောင်တိယွမ်က အေးစက်စွာ ပြောလိုက်သည်။ ထိန်းချုပ်ခြင်းနတ်စွမ်းအားက ပေါက်ကွဲထွက်လာပြီး ကြောက်မက်ဖွယ် နတ်စွမ်းအားမုန်တိုင်းက ရီဖူရှင်းထံ လွှမ်းခြုံလာကာ သူ့စွမ်းအားများ အားလုံးက ကန့်သတ်ထိန်းချုပ်ခံထားရပေသည်။ အခြားတစ်ဖက်တွင် ဒွန်ဟောင်တိယွမ်က ပို၍ အားကောင်းလာသလို ထင်မှတ်ရသည်။

“ထျန်းရှင်း။”

ဖီးနစ်နတ်ဓား ဖွဲ့စည်းဖြစ်ပေါ်လာပြီး အဆုံးမဲ့ဓားဆန္ဒက ထိန်းချုပ်ခြင်းနတ်စွမ်းအားနှင့်အတူ ပေါက်ကွဲထွက်လာသည်။ ထိုအခိုက်အတန့်တွင် ရီဖူရှင်းရှေ့မှ အားလုံးသော မဟာလမ်းစဥ်စွမ်းအားများက ပြိုကွဲပျက်စီးသွားခဲ့ပေသည်။ ပတ်ဝန်းကျင်ရှိ အဆုံးမဲ့ ဓားစွမ်းအားတို့က ချက်ချင်းပင် အခိုးအငွေ့များအဖြစ် ပြောင်းလဲသွားခဲ့ပြီး နတ်စွမ်းအားတို့အောက်တွင် ဖုန်မှုန့်များ ဖြစ်လာခဲ့သည်။

ဖီးနစ်နတ်ဓားက သူ၏ နတ်ဓားပေါ်သို့ ကျရောက်ရိုက်ခတ်လာသည်။ ဤကြောက်မက်ဖွယ် စွမ်းအားအောက်တွင် ကျန်ရစ်နိုင်သော မည်သည့် မဟာလမ်းစဥ်စွမ်းအားမှ မရှိသလို ထင်မှတ်ရသည်။

“ဘန်း...”

ကျယ်လောင်သော အသံနှင့်အတူ နတ်ဓားက မည်သည်မှမရှိတော့သည်အထိ ပြိုကျပျက်စီးသွားခဲ့ပေသည်။ ရီဖူရှင်း၏ ပုံရိပ်က နေရာမှ ပျောက်ကွယ်သွားခဲ့ပြီး နောက်ထပ်တစ်နေရာတွင် ပေါ်ပေါက်လာသည်။ သို့သော် သူသည် နတ်စွမ်းအား၏ စက်ကွင်းအတွင်း၌သာရှိနေဆဲဖြစ်ကြောင်း ခံစားမိပေသည်။ နတ်စွမ်းအားက သူ့ခန္ဓာကိုယ်အား သက်ရောက်နေခဲ့သည်။ သူ၏ ရောင်ဝါခြေလှမ်းသည်ပင် ထိန်းချုပ်ကန့်သတ်ခံထားရသည်။ ဒွန်ဟောင်တိယွမ်၏ အကြည့်များက ရီဖူရှင်း ရှိနေသည့် ကောင်းကင်သို့ ရောက်ရှိသွားသည်။ သူမ အမူအရာက ပြောင်းလဲသွားခြင်း မရှိပေ။ နတ်စွမ်းအားနယ်မြေအတွင်း ရီဖူရှင်းသည် သူ၏ စွမ်းရည်များက အပြင်းအထန် ဖိနှိပ်ထိန်းချုပ်ခံထားရပြီး သူ့တိုက်ပွဲစွမ်းရည်သည်လည်း အားနည်းလာကြောင်း သတိပြုမိခဲ့ပေသည်။

“ဂရုစိုက်။ ဒါက အရှင်ဒွန်ဟောင်ရဲ့ ထိန်းချုပ်ခြင်းနတ်စွမ်းအားပဲ။”

ဓားဧကရာဇ်အရှင်က ရီဖူရှင်းထံ အသံပို့လွှတ်၍ ပြောလိုက်သည်။ သူက အောက်ဘက်တွင် ရပ်နေခြင်းဖြစ်သော်လည်း နတ်စွမ်းအားက မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို ခံစားမိနိုင်သည်။ သူက မြင့်မြတ်လမ်းစဥ်ကို ကျင့်ကြံခဲ့ပြီး နတ်စွမ်းအား၏ အဖျားအနားကို ထိတွေ့ခဲ့ဖူးသည်။ သူက မဟာအင်ပါယာအဆင့်သို့ ရောက်ရှိလျှင် မြင့်မြတ်နတ်စွမ်းအားက ထိန်းချုပ်ခြင်းနတ်စွမ်းအားကို တန်ပြန်တိုက်ခိုက်ရန် ဖြစ်နိုင်သော်လည်း သေချာခြင်းမရှိပေ။

ယခု ထိုအထင်ကရပုဂ္ဂိုလ်များမှာ သမိုင်းအဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

ထိုအခိုက်အတန့်တွင် မြစိမ်းရောင်နတ်အလင်းတို့က ရီဖူရှင်းထံ၌ တောက်ပလာသည်။ ၎င်းက ထိန်းချုပ်ခြင်းနတ်စွမ်းအား၏ ကန့်သတ်ထိန်းချုပ်မှုအောက်၌မှာပင် ပြင်းထန်စွာ ပေါက်ကွဲထွက်လာပေသည်။ မြစိမ်းရောင်လေမုန်တိုင်းတစ်ခုက ရီဖူရှင်း၏ ခန္ဓာကိုယ်ကို ရစ်သိုင်းလာသည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရားအုပ်စိုးလက်နက်စွမ်းအားက ထိုအခိုက်အတန့်တွင် အပြည့်အဝ ထွက်ပေါ်လာပြီး ထိတ်လန့်တုန်လှုပ်ဖွယ် မြစိမ်းရောင်မုန်တိုင်းတစ်ခု သူ့အနီးတွင် ဖြစ်ပေါ်လာစေသည်။ ယင်းသည် ထိန်းချုပ်ခြင်းနတ်စွမ်းအားဖြင့် ကန့်သတ်ထိန်းချုပ်ခြင်းကို မခံထားရသလိုပင် ဖြစ်သည်။

“ဒါက...”

“အရမ်းအစွမ်းထက်တာပဲ။”

အစွမ်းထက်ကျင့်ကြံသူများ အားလုံး၏ နှလုံးသားတို့က ထိုမြင်ကွင်းကြောင့် ထိတ်လန့်တုန်လှုပ်သွားခဲ့ကြသည်။ ရီဖူရှင်း ဆက်ခံခဲ့ရသည့် နတ်ဘုရားအုပ်စိုးလက်နက်၏ စွမ်းအားသည်လည်း အလွန်အစွမ်းထက်လှသည့် နတ်စွမ်းအားတစ်ခုဖြစ်သည်။ ထိုစွမ်းအားသည် ထိန်းချုပ်ခြင်းနတ်စွမ်းအား၏ ထိန်းချုပ်ကန့်သတ်ခြင်းကို ခံရခြင်းမရှိဘဲ အကန့်အသတ်မဲ့နတ်စွမ်းအားကို ဖြစ်ပေါ်လာစေသည်။

ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းလှသည့် နတ်အက္ခရာများက နတ်ဘုရားအုပ်စိုးလက်နက်အတွင်း စီးဆင်းနေပြီး ကောင်းကင်နှင့် မြေကြီးအား အလွန် လေးလံလာစေသည်။

ဘုန်း...

ထို့နောက် ရီဖူရှင်းက သူ၏ တိုက်ပွဲသဏ္ဌာန်ကို ထုတ်​ဖော်လိုက်ပြီး သူ့ခန္ဓာကိုယ်က ရုတ်တရက် ကြီးမားလာသည်။ သူက ကြီးမားသည့် နတ်ဘုရားအုပ်စိုးလက်နက်ကို ကိုင်စွဲထားသည့် နတ်ဘုရားတစ်ပါးကဲ့သို့ပင် ဖြစ်သည်။ ကြောက်မက်ဖွယ် စွမ်းအားတို့ ပေါက်ကွဲထွက်လာကာ ဒွန်ဟောင်တိယွမ်ထံ ခြေလှမ်းလာခဲ့သည်။ ခြေတစ်လှမ်းမျှနှင့် လေဟာနယ်က တုန်ခါသွားခဲ့ပေသည်။ လေဟာနယ်က အစိတ်စိတ်အမြွှာမြွှာ ပြိုကျပျက်စီးသွားတော့မလို ထင်မှတ်ရ၏။

ဘုန်း...

ထို့နောက် ရီဖူရှင်းက နတ်ဘုရားတစ်ပါးကဲ့သို့ နတ်ဘုရားအုပ်စိုးလက်နက်ကို လွှဲယမ်းလိုက်သည်။ ကျော်ဖြတ်၍မရနိုင်သော စွမ်းအားတစ်ခုက ကမ္ဘာလောကကြီးကို ပြိုကျပျက်စီးသွားစေချင်နေပုံရပြီး မရေတွက်နိုင်သည့် နတ်ဘုရားအုပ်စိုးလက်နက်ပုံရိပ်တို့က ကောင်းကင်တွင် ပေါ်ပေါက်လာသည်။ ၎င်းတို့က ထိန်းချုပ်ခြင်းနတ်စွမ်းအားတို့၏ အောက်၌ ပေါက်ကွဲထွက်လာပေသည်။

“ဒါက ဘာနည်းစနစ် ပညာရပ်မျိုးလဲ။”

အစွမ်းထက်ပုဂ္ဂိုလ်များ အားလုံးက ရီဖူရှင်းကို စူးစိုက်ကြည့်နေခဲ့သည်။ ရီဖူရှင်းက နတ်ဘုရားအုပ်စိုးလက်နက်အား ကိုင်စွဲထားသည့် နတ်ဘုရားတစ်ပါးအဖြစ် ပြောင်းလဲသွားသည့်အခါ ကျင့်ကြံသူများစွာသည် အလွန် ပြင်းထန်သည့် နတ်စွမ်းအားကို ခံစားမိလိုက်ကြသည်။ မွန်းကြပ်ဖွယ် ဖိအားများက အကန့်အသတ်မဲ့သည့် မြေပြင်တွင် ထွက်ပေါ်လာသည်။

တောက်ပသည့် ဖီးနစ်၏ စူးရှသော အော်မြည်သံထွက်ပေါ်လာပြီး နတ်ဖီးနစ်လေဟာနယ်စွမ်းအားက ဖီးနစ်နတ်ဓားကို ဖုံးလွှမ်းသွားခဲ့သည်။ တစ်ချိန်တည်းတွင် မရေတွက်နိုင်သည့် ဖီးနစ်ပုံရိပ်များနှင့် နတ်ဖီးနစ်မီးလျှံတို့ဖြင့် လောင်ကျွမ်းနေသော နတ်ဓားတို့က ရီဖူရှင်းထံ တိုးဝင်လာပေသည်။

“လောကရဲ့ လမ်းစဥ်၊ နှင်တံသုံးချက်စည်းမျဥ်း။”

နတ်ဘုရားကဲ့သို့ပုံရိပ်က သူ့လက်ထဲမှ နတ်ဘုရားအုပ်စိုးလက်နက်ကို ကိုင်စွဲရင်း ရေရွတ်လိုက်သည်။ ထောင်သောင်းချီသည့် နှင်တံပုံရိပ်များက ကောင်းကင်နှင့် မြေကြီးကို ဖုံးအုပ်လွှမ်းခြုံသွားသည်။ ၎င်းတို့သည် အကြွင်းမဲ့ လမ်းစဥ်နယ်မြေအဖြစ် ပြောင်းလဲသွားခဲ့ပေသည်။ ရီဖူရှင်းထံ တိုးဝင်လာသည့် စွမ်းအားများက ချက်ချင်း ပြိုကွဲသွားကာ ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိန်းချုပ်ခြင်းနတ်စွမ်းအားမှလွဲ၍ သူ့အား မည်သည့်စွမ်းအားမှ ချဥ်းကပ်မရနိုင်ပုံရလေသည်။

ဒွန်ဟောင်တိယွမ်သည် ရီဖူရှင်းနှင့် အတော်အတန် ကွာဝေးသောနေရာ၌ ရှိနေသော်လည်း ထိုစွမ်းအားက မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို ခံစားမိနိုင်နေဆဲ ဖြစ်သည်။

“လောကလမ်းစဥ် နှင်တံသုံးချက်စည်းမျဥ်းလား။”

အားလုံးသော အစွမ်းထက်ကျင့်ကြံသူများက ရီဖူရှင်းရှိရာဘက်သို့ စိုက်ကြည့်နေခဲ့ကြသည်။ သူကျင့်ကြံခဲ့သည့် မည်သည့်နေရာမှ ထိုကဲ့သို့သော နတ်နည်းစနစ်ကို သင်ယူခဲ့သနည်း။

ဘုန်း...

အလွန် ပြင်းထန်သည့် မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာကာ ကြောက်မက်ဖွယ် အင်အားကို သယ်ဆောင်လာသည်။ လူတိုင်းက ထိုနေရာကို စူးစိုက်ကြည့်နေခဲ့ကြ၏။ မုန်တိုင်းအောက်တွင် ထိုတိုက်ခိုက်မှုက သူတို့ထံ ရောက်ရှိလာမည်ကို စိုးရိမ်ပူပန်ကာ လူများစွာက နောက်ပြန်ဆုတ်ခွာသွားခဲ့ကြသည်။ ရီဖူရှင်း အနီးတွင် မည်သည့် စွမ်းအားမှ ခံနိုင်ရည်မရှိခဲ့ပေ။

အဝေးရှိ ကျင့်ကြံသူများက ထိုနေရာသို့ ကြည့်နေခဲ့ကြသည်။ ဤကဲ့သို့သော ပြင်းထန်သည့် နှစ်ယောက်ချင်း တိုက်ပွဲသည် အင်ပါယာရီချင်နှင့် အရှင်ဒွန်ဟောင်၏ မျိုးဆက်များကြားမှ ကံကြမ္မာအဆုံးအဖြတ် တိုက်ပွဲ ဖြစ်ပေသည်။ ဒွန်ဟောင်တိယွမ်က ထိန်းချုပ်ခြင်းနတ်စွမ်းအားကို ထုတ်လွှတ်ခဲ့လျှင်ပင် အင်ပါယာရီချင်၏ သားဖြစ်သည့် ရီဖူရှင်းက အရှင်ဒွန်ဟောင်၏ သမီးဖြစ်သော ဒွန်ဟောင်တိယွမ်ထက် အားနည်းခြင်းမရှိပေ။

ဒုတိယနှင်တံတိုက်ခိုက်မှု ထွက်ပေါ်လာသည်။ ထောင်သောင်းချီသည့် လက်နက်များက ဒွန်ဟောင်တိယွမ်၏ နောက်တွင် ပေါ်ပေါက်လာပြီး သူမက နတ်ဓားဖြင့် ထိုးနှက်လိုက်သည့် တစ်ချိန်တည်းတွင် ရီဖူရှင်း ထုတ်လွှတ်လိုက်သော ထောင်သောင်းချီသည့် နှင်တံပုံရိပ်များဖြင့် တိုက်ခိုက်ခံခဲ့ရပေသည်။

ဘုန်း... ဘုန်း... ဘုန်း...

ကြောက်မက်ဖွယ် အသံများက ဆက်လက်ထွက်ပေါ်လာနေသည်။ ကောင်းကင်နှင့် မြေကြီးတို့က ပြိုကျပျက်စီးသွားခဲ့ပေသည်။ ထိုကျော်လွှား၍ မရနိုင်သော စွမ်းအားက အရာအားလုံးကို ဖိနှိပ်လွှမ်းမိုးထားသည်။

“အခု အရှိန်အဝါက ပိုအားကောင်းလာတယ်။ နှင်တံသုံးချက်စည်းမျဥ်းဆိုတာ နှင်တံသုံးချက်နဲ့ အရာအားလုံးကို အဆုံးအဖြတ်ပေးမှာများလား။”

လူတိုင်းက ရီဖူရှင်းကို စိုက်ကြည့်နေခဲ့သည်။ သို့ဆိုလျှင် နောက်ထပ် နှင်တံတိုက်ခိုက်မှုက အားအကောင်းဆုံးတိုက်ခိုက်မှုဖြစ်ပြီး အရာအားလုံးကို ဖျက်ဆီးပစ်နိုင်စွမ်းရှိလိမ့်ပါမည်လား။

ယခုတွင် ဒွန်ဟောင်တိယွမ်၏ အမူအရာသည်ပင် အလွန် မည်းမှောင်နေခဲ့သည်။ နတ်စွမ်းအား၏ ထောက်ပံ့ပေးမှုနှင့် သူမက စွမ်းအားကို အဆုံးစွန်ထိ ထုတ်ဖော်ရန် တွန်းအားပေးခံခဲ့ရသည်။

All Chapters