အသူရာနတ်စွမ်းအား
Vol. 194 Ch. 2766
လောကဓားက အလွန် ရန်လိုလှသည့် အပြုအမူမျိုးဖြင့် ထပ်ကာထပ်ကာ တိုက်ခိုက်လာပြီး ရီဖူရှင်း၏ ကြီးမားသော ခန္ဓာကိုယ်ကို ကောင်းကင်မှ ပြုတ်ကျသွားအောင် ပြုလုပ်နေသည်။ နတ်စွမ်းအားဖြင့် ဖန်တီးထားသည့် နယ်မြေတွင် အက်ကြောင်းတစ်ခု ပေါ်ပေါက်လာသည်။
ထိုအချိန်တွင် တိဟောက်က ရှေ့သို့ လှမ်းလာ၏။ နတ်လူသားအဖြစ် ပြောင်းလဲပြီး သူသည် လက်ထဲ၌ နတ်ဓားကို ကိုင်ကာ သတ်ဖြတ်ရန် သွားနေခဲ့သည်။ ၎င်းကို လောကဓားဟုခေါ်သော်လည်း ၎င်းက ကောင်းကင်မှလာခြင်း ဖြစ်သည်။ ကောင်းကင်မှ ဓားတစ်လက်ကဲ့သို့ ၎င်းသည် တုနှိုင်းမဲ့ ခွန်အားတို့ကို သယ်ဆောင်ထားပြီး ခုခံကာကွယ်မှု အတားအဆီးတို့ကို တိုက်ရိုက်ထိုးဖောက်နိုင်သည်။ နတ်စွမ်းအားနယ်မြေတွင် ဖြစ်ပေါ်လာသည့် အက်ကြောင်းက တဖြေးဖြေး စတင်ကြီးမားလာသည်။
ဘန်း...
ကျယ်လောင်သည့် အသံနှင့်အတူ ရီဖူရှင်း၏ နတ်ဘုရားပုံရိပ်က ဖိနှိပ်ခံလိုက်ရသည်။ တိဟောက်၏ တိုက်ခိုက်မှုက ရီဖူရှင်းကို လှုပ်ခတ်သွားစေပြီး နောက်သို့ ဆုတ်ခွာရန် ဖိအားပေးခံလိုက်ရသော်လည်း အများကြီး ထိခိုက်မသွားစေခဲ့ပေ။
“စက်ဆုပ်ဖို့ကောင်းချက်။”
ရီအင်ပါယာနန်းတော်မှ ကျင့်ကြံသူများက ကျိန်ဆဲလိုက်ကြသည်။ ရီဖူရှင်းသည် ယခုလေးတင် ဒွန်ဟောင်တိယွမ်နှင့် တိုက်ခိုက်ခဲ့ပြီး တစ်ဖက်လူကို နောက်ပြန်ဆုတ်ခွာသွားစေရန် လုပ်ဆောင်နိုင်ရုံမျှမက ကောင်းကင်ဒေသမင်းသမီးကို ဒဏ်ရာပင် ရစေခဲ့သည်။ ထို့နောက် တိဟောက်က ချက်ချင်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရီဖူရှင်းကို ဒုတိယအကြိမ် တိုက်ပွဲအတွင်း ဆွဲခေါ်ခဲ့သည်။
ထိုမြင်ကွင်းကို မြင်သည့်အခါ ကျင့်ကြံသူများအားလုံးက စိတ်ထဲမှ ပင့်သက်ရှိုက်လိုက်ကြသည်။ ထိပ်သီးပုဂ္ဂိုလ်များ အားလုံးသည် သူတို့ တိုက်ခိုက်လာသည့်အခါ ထိုကဲ့သို့သော ထူးချွန်ထက်မြက်သည့် စွမ်းရည်တို့ ရှိကြပေသည်။
သူတို့အားလုံးက မဟာအင်ပါယာများ၏ ဆက်ခံသူများဖြစ်ကြသည်။ ရီဖူရှင်းသည်လည်း အတူတူပင် ဖြစ်၏။ ယနေ့တွင် ဘုံအားလုံးမှ ကျင့်ကြံသူများက သူ့ကို အင်ပါယာရီချင်၏ ဆက်ခံသူအဖြစ် အသိအမှတ်ပြုကြပေသည်။ သူက အခြားမဟာအင်ပါယာများ၏ အမွေအနှစ်တို့ကို ဆက်ခံခဲ့လျှင်ပင် 'အင်ပါယာရီချင်၏ မျိုးဆက်' ဖြစ်နေဆဲ ဖြစ်သည်။ သူက အခြားသူများနှင့် ကွဲပြားခြားနားသည့် အင်ပါယာရီချင်၏ စွမ်းရည်ကို ဆက်ခံရရှိထားပေသည်။ ဒွန်ဟောင်တိယွမ်၊ တိဟောက်နှင့် အခြားလူများသည်လည်း မဟာအင်ပါယာတစ်ပါးတည်း၏ အမွေအနှစ်များကိုသာ ဆက်ခံထားခဲ့ခြင်း မဟုတ်ပေ။
ဒွန်ဟောင်တိယွမ်သည် ရှေးဟောင်းဖီးနစ် စွမ်းအားကို အမွေဆက်ခံခဲ့ကာ ရှေးဟောင်းဖီးနစ်၏ ကောင်းချီးပေးမှုကို ခံခဲ့ရသည်။ သူမသည် ပြိုင်ဘက်ကင်းခန္ဓာကိုယ်ကို တည်ဆောက်နိုင်ခဲ့ပြီး အားကောင်းသည့် နတ်ဝိညာဥ်ရှိသည်။ အရှင်ဒွန်ဟောင်သည် သူ၏ သမီးကို အားနည်းသည့် အချက်မရှိစေဘဲ ကဏ္ဍအားလုံးတွင် ညီမျှစေခဲ့သည်။
သို့ဆိုလျှင်ပင် သူမ ရီဖူရှင်းနှင့် တိုက်ခိုက်စဥ်အခါက ထိန်းချုပ်ခြင်းနတ်စွမ်းအားကို အသုံးပြုလျှင်ပင် ဖိအားပေးခံရကာ နောက်ဆုတ်ခဲ့ရပေသည်။
သူတို့က တန်းတူညီသည့် ကံကြမ္မာကို ပိုင်ဆိုင်ထားကြပြီး ဤတိုက်ပွဲ၌ ရှုံးနိမ့်မှုတွင် ထူးခြားသည့် အဓိပ္ပါယ်ရှိနေပေသည်။ ကံကောင်းစွာနှင့် ကွာခြားချက်က အလွန် မကြီးမားသည့်အတွက် အနာဂတ်တွင် အခြေအနေအား ပြောင်းပြန်လှန်ရန် အခွင့်အရေးရှိနေဆဲ ဖြစ်သည်။ သူတို့၏ ကျင့်ကြံခြင်းအဆင့်တွင် ရှေ့တစ်လှမ်းတိုးနိုင်သည့် မည်သူမဆို အခြားလူများကို နောက်တွင် ချန်ရစ်ထားခဲ့နိုင်မည် ဖြစ်သည်။
ဘုန်း....
ထိုနေရာအတွင်း ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခု ပေါ်ပေါက်လာသည်။ လူအုပ်ကြီးက ကောင်းကင်သို့ မော့ကြည့်လိုက်သည့်အခါ လောကနှင့် တသားတည်းဖြစ်လာသည့် တိဟောက်၏ နတ်လူသားပုံရိပ်ကို မြင်လိုက်ရပေသည်။ သူက ကမ္ဘာလောကဖြစ်ပြီး ကမ္ဘာလောကက သူဖြစ်လာသည်။
အားလုံးသော အစွမ်းထက်ကျင့်ကြံသူများက ပြင်းထန်လှသည့် ဖိအားကို ခံစားမိကြပြီး အသက်ရှုရန်ပင် မလွယ်ကူကြတော့ပေ။ အောက်ဘက်ရှိ လေဟာနယ်တွင် ရပ်နေခဲ့ကြသည့် သူတို့က အလွန် သေးငယ်နေပုံရသည်။ ရီဖူရှင်း၏ အသွင်ပြောင်းလဲထားသော ခန္ဓာကိုယ်သည်ပင် လောကနှင့်တသားတည်း ဖြစ်နေသည့် နတ်လူသားနှင့် ယှဉ်လာသောအခါ သေးငယ်နေသလို ထင်မှတ်ရသည်။
နတ်လူသား၏ အရိပ်က ကျယ်ပြောသော နေရာအား ဖုံးလွှမ်းထားပေသည်။
လူသားဘိုးဘေးက မဟာအင်ပါယာများထဲတွင် အသက်အကြီးဆုံးဖြစ်ပြီး သူ နှစ်မည်မျှကြာအောင် အသက်ရှင်လာခဲ့ပြီးဖြစ်သည်ကို မည်သူမှ မသိသော်လည်း သူက လောကတွင် အကြာရှည်ဆုံး အသက်ရှင်ခဲ့သည့် သူဖြစ်နိုင်သည်။ သူက လူသားဘုံကို အုပ်စိုးပြီး 'လူသားဘိုးဘေး' ဟု အမည်တွင်ပေသည်။
လူသားတို့၏ စွမ်းအားကို ချေးငှားယူခြင်းဖြင့် လူသားဘိုးဘေးသည် သေမျိုးခန္ဓာက နတ်ဘုရားများနှင့် တူညီနိုင်သည်ဟု ယုံကြည်ထားသည်။ သူသည် လူသားတို့၏ ဖြောင့်မတ်မှန်ကန်မှုကို ကိုယ်စားပြုပြီး အမှန်တကယ် ထိုသို့ ပြုလုပ်ခဲ့ပေသည်။ သူသည် လူသားဘုံ၏ စွမ်းအားကို တီထွင်ခဲ့ပြီး ၎င်းက ပြိုင်ဘက်ကင်းကာ အခြားသော နတ်စွမ်းအားတို့နှင့် တူညီသည့် အဆင့်သို့ ရောက်ရှိခဲ့သည်။
ယခုတွင် တိဟောက်က နတ်လူသားအဖြစ် ပြောင်းလဲထားပြီး တိုက်ပွဲစတင်ချိန်ကထက် ပို၍ အားကောင်းလာသည်။ သူသည် ဒွန်ဟောင်တိယွမ်နှင့် ရီဖူရှင်း၏ တိုက်ပွဲကို ကြည့်ကာ ရီဖူရှင်းက မည်မျှ အစွမ်းထက်ကြောင်း သိရှိခဲ့သည်။ ထို့ကြောင့် သူသည်လည်း စွမ်းရည်များကို ဖုံးကွယ်မထားတော့ဘဲ အစွမ်းထက်ဆုံးစွမ်းရည်ကို ထုတ်လွှတ်ခဲ့ခြင်း ဖြစ်သည်။
နတ်စွမ်းအား ထွက်ပေါ်လာသည်နှင့် ကောင်းကင်နှင့် မြေကြီးတို့က အဆုံးစွန်ထိ ဖိနှိပ်ခံခဲ့ရပေသည်။ အစွမ်းထက်လှသည့် အင်အားတစ်ခုအဖြစ် ပေါင်းစည်းလာ၍ အချိန်မရွေး ကျဆင်းလာပြီး တိုက်ခိုက်တော့မလို ထင်မှတ်ရသည်။
မရေတွက်နိုင်သည့် ကျင့်ကြံသူများက ရီဖူရှင်းကို မော့ကြည့်လိုက်သော်လည်း သူတို့သည် ရီဖူရှင်း၏ နောက်တွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်ကို မြင်လိုက်ကြသည်။
ထိုပုံရိပ်က သေမင်းတမန် ရီချင်းယောင် ဖြစ်လေသည်။
ရီချင်းယောင်၏ ခန္ဓာကိုယ်က ရီဖူရှင်း၏ အထက် ကောင်းကင်တွင် ပေါ်ပေါက်လာ၏။ သူမ၏ မျက်လုံးများက ပြောင်းလဲသွားပုံရသည်။ သူမ၏ မီးခိုးရင့်ရောင် မျက်ဝန်းများက အသက်ရှိနေသည့် ခံစားချက်မျိုး ရှိမနေတော့ပေ။ သူမ၏ မျက်လုံးများထဲတွင် စစ်မြေပြင်တစ်ခုသာလျှင် ရှိတော့ပြီး နတ်ဘုရားတစ်ပါး ပေါ်ပေါက်လာသည်။ ၎င်းက ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာသည့် မှော်နက်စစ်နတ်ဘုရား ဖြစ်ပေသည်။
ဘုန်း...
ကြောက်မက်ဖွယ် သေဆုံးခြင်းစွမ်းအားမုန်တိုင်းတစ်ခု စတင်တိုက်ခတ်လာသည်။ ကမ္ဘာမြေကို အမှောင်ထုက လွှမ်းခြုံသွားခဲ့ပြီး မှော်နက်စစ်နတ်ဘုရား၏ ကြီးမားသော ပုံရိပ်က ရီချင်းယောင်အနောက်တွင် ထွက်ပေါ်လာသည်။ ရီချင်းယောင်၏ ခန္ဓာကိုယ်က ၎င်းနှင့် တဖြေးဖြေး ရောယှက်သွားခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းလှသည့် ဖျက်ဆီးခြင်းနတ်အလင်းတို့က ကျဆင်းလာပြီး ကောင်းကင်က်ု မှောင်မိုက်သွားစေသည်။
၎င်းမှနေ၍ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သော နတ်စွမ်းအားမျှင်များ မွေးဖွားလာခဲ့သည်။ ၎င်းတို့ပ ကမ္ဘာမြေပေါ်သို့ ကျရောက်လာသည့်အခါ မြေပြင်က ချက်ချင်း အက်ကွဲသွားပြီး ထိတ်လန့်စရာကောင်းလှသည့် အက်ကြောင်းများ ဖြစ်ပေါ်လာသည်။
“အသူရာဘုရင်။”
အစွမ်းထက်ကျင့်ကြံသူများ အားလုံးက ရီချင်းယောင်ကို စိုက်ကြည့်နေခဲ့ကြသည်။ သူမက အသူရာဘုရင်၏ အသူရာနတ်စွမ်းအားကို ဆက်ခံနိုင်ခဲ့သည်လား။
ရှေးခေတ်အချိန်အခါက ကောင်းကင်လမ်းစဥ်၏ တပ်မဟာခြောက်ခုတွင် အသူရာသည် သေဆုံးခြင်းနှင့် ဖျက်ဆီးခြင်းကို ကိုယ်စားပြုခဲ့သည်။ အသူရာ၏ နတ်စွမ်းအားမှာ သေဆုံးခြင်းနှင့် ဖျက်ဆီးခြင်း၏ ပြယုဂ်ဖြစ်ပေသည်။
“ဒီလောက်အားကောင်းတဲ့ အဖျက်စွမ်းအား။”
အစွမ်းထက် ဗုဒ္ဓကျင့်ကြံသူများက ရီချင်းယောင်၏ ပုံရိပ်ကို စိုက်ကြည့်နေခဲ့ကြသည်။ ဆေးဝါးဗုဒ္ဓအရှင်၏ မျက်လုံးများထဲ၌ သတ်ဖြတ်လိုစိတ်များ ဖြစ်ပေါ်လာ၏။ ဤရီချင်းယောင်က အသူရာဘုရင်၏ စွမ်းအားကို ဆက်ခံခဲ့ပြီး အသူရာနတ်စွမ်းအားကို နိုးထစေခဲ့သည်။ သူမက သေမင်းတမန်အဖြစ် ကျော်ကြားပြီး သူမ ဆက်လက်ကာ ပိုမို အစွမ်းထက်လာသည်နှင့်အမျှ လောကသို့ ပျက်စီးခြင်းကပ်ဘေးအား ယူဆောင်လာပေလိမ့်မည်။
ရီဖူရှင်းသည်လည်း ရီချင်းယောင်အား လှည့်ကြည့်လိုက်၏။ ချင်းယောင်၏ တိုးတက်မှုက သူ မြင်တွေ့ဖူးသမျှတွင် ကြောက်စရာအကောင်းဆုံး ဖြစ်သော်လည်း ခိုသည်မှာ ရီချင်းယောင်က မည်မျှ ထူးခြားသည်နှင့်လည်း သက်ဆိုင်ပေသည်။ သူမက အမှောင်ထု၏ ကလေးငယ်ဟု ကျော်ကြားပြီး မွေးဖွားစဥ်ကတည်းက အမှောင်ထုနှင့် သက်ဆိုင်ခဲ့သည်။ သူမသည် အမှောင်ထုနတ်ခန္ဓာနှင့် မွေးဖွားခဲ့သောကြောင့် သူမ၏ ကျင့်ကြံခြင်းအရှိန်အဟုန်က အလွန်ပင် လျင်မြန်လှသည်။
ယခု သူမက အသူရာ၏ ခွန်အားကို ဆက်ခံခဲ့ကာ အသူရာနတ်စွမ်းအားကို ပိုင်ဆိုင်ခဲ့ရပေသည်။
ဖျက်ဆီးခြင်းနတ်စွမ်းအားက အသူရာ၏ နတ်ဘုရားဆန်သော ပုံရိပ်ကို လွှမ်းခြုံထားသည်။ အလွန်ကြောက်မက်ဖွယ်ကောင်းသည့် နတ်လက်နက်တစ်ခုက ရီချင်းယောင်၏ လက်ထဲတွင် ပေါ်ပေါက်လာသည်။ ထိုနတ်ဓားက အသွားနှစ်ဖက်ပေါင်းစပ်ထားသည့် ဓားတစ်လက်ဖြစ်သည်။ ၎င်း၏အပေါ်တွင် သွေးရောင်နတ်အလင်းတို့ စီးဆင်းနေပြီး အလွန်ထက်ရှသည့် ခံစားချက်ကို ပေးစွမ်းသည်။
“အာဗီနတ်ဓား။”
ဆေးဝါးဗုဒ္ဓအရှင်က ထိုနတ်ဓားကို စိုက်ကြည့်နေခဲ့သည်။ ပုံရိပ်ယောင်အသူရာဓားက အသူရာဘုရင်၏ လက်နက်ဟု ပြောနိုင်ပြီး ယခု ရီချင်းယောင်က ရရှိသွားခဲ့သည်။
အာဗီနတ်ဓားတွင် ကြောက်မက်ဖွယ် နတ်စွမ်းအားတို့ စုဝေးလာခဲ့သည်။ လောကကြီးကို ဖျက်ဆီးခြင်းစွမ်းအားတို့ လွှမ်းခြုံလာပုံရသည်။ တိဟောက်က မျက်မှောင်ကြုတ်ကာ နတ်လူသားအသွင်နှင့် အောက်ဘက်သို့ တိုက်ခိုက်လိုက်သည်။ ကမ္ဘာမြေ၏ စွမ်းအားက လောကဓားအတွင်း စုဝေးလာပြီး သတ်ဖြတ်လိုစိတ်ပြင်းပြစွာဖြင့် အောက်သို့ ထိုးဆင်းလာသည်။
အသူရာ၏ မြင့်မြတ်သော ပုံရိပ်က အာဗီနတ်ဓားကို ကိုင်စွဲကာ နတ်လူသားစွမ်းအားတို့ ပါဝင်နေသည့် လောကဓားကို တိုက်ရိုက်ဆန့်ကျင်တိုက်ခိုက်လိုက်သည်။ တိုက်စားနိုင်သည့် အဖျက်စွမ်းအားများက ချက်ချင်းပင် လောကဓားကို စတင်ဖျက်ဆီးပစ်လိုက်သည်။ ထိတ်လန့်ဖွယ်ကောင်းသည့် နတ်စွမ်းအားတို့က ဆက်လက်တိုးပွားလာပြီး ကြီးမားလှသည့် လောကဓားကို တစ်လက်မချင်းစီ ဖျက်ဆီးပစ်နေခဲ့ကာ ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားစေခဲ့သည်။
တိဟောက်က သူ့လက်ကို မ,လိုက်ပြီး အောက်ဘက်ကောင်းကင်တွင် ကြီးမားသည့် နတ်ဘုရားချိပ်စည်းတစ်ခု ဖန်တီးလိုက်၏။ နတ်လူသားက လောကချိပ်စည်းကို ထုတ်လွှတ်လိုက်ပြီး နောက်ဆုံးတွင် အာဗီနတ်ဓားမှ ထိတ်လန့်တုန်လှုပ်ဖွယ် လှိုင်းများကို တားဆီးနိုင်ခဲ့သော်ငြား စည်းတံဆိပ်က ပျက်ပြယ်သွားခဲ့ပေသည်။
ကောင်းကင်တွင် တိဟောက်၏ နတ်လူသားပုံရိပ်က အလွန် မည်းမှောင်နေသော အမူအရာဖြင့် ငုံ့ကြည့်နေခဲ့သည်။ သူက သွေးနီရောင်အာဗီနတ်ဓားကို စိုက်ကြည့်နေခဲ့သည်။ ၎င်းက အမှန်တကယ် ဓားနှစ်လက်ကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။ ၎င်းက သွေးရောင်လွှမ်းနေသည့် ဓားတစ်လက်ဖြစ်ပြီး ထိတ်လန့်တုန်လှုပ်ဖွယ် အသူရာနတ်စွမ်းအားကို ထုတ်လွှတ်နေသည်။ ၎င်းနှင့် ထိမိသမျှ အရာအားလုံးက ဖျက်ဆီးခံရလိမ့်မည် ဖြစ်သည်။
ဘုန်း...
ထိုစဥ်တွင် ဗုဒ္ဓအလင်းများ တောက်ပလာ၏။ ဆေးဝါးဗုဒ္ဓအရှင်က လျှောက်လာကာ သူ့နောက်မှ မရေတွက်နိုင်သော ဗုဒ္ဓများ လိုက်ပါလာသည်။ သူတို့၏ မျက်လုံးများက အသူရာဘုရင်အဖြစ် ပြောင်းလဲနေကာ အာဗီနတ်ဓားကို ကိုင်ထားသည့် ရီချင်းယောင်အား ကြည့်နေခဲ့ကြသည်။
သူမက အသူရာ၏ နတ်စွမ်းအားမျှကို ဆက်ခံခဲ့ခြင်း မဟုတ်ပေ။ ယခု သူမက အသူရာစစ်တပ်၏ အင်ပါယာလက်နက်ကိုပင် ယူဆောင်လာခဲ့သည်။ ဤသည်မှာ ကျင့်ကြံခြင်းလောကအတွက် ကပ်ဘေးပင် ဖြစ်သည်။
“ကတုံးတွေ ဘာလုပ်နေကြတာလဲ။”
အသံတစ်ခုက မေးလိုက်သည်။ ထို့နောက် နတ်ဆိုးအင်ပါယာနန်းတော်မှ အစွမ်းထက်ပုဂ္ဂိုလ်များက ရှေ့သို့ လျှောက်ထွက်လာခဲ့သည်။ နတ်ဆိုးစွမ်းအားများက အော်မြည်ကာ သူတို့ကို ရစ်ပတ်ထားသည်။ နတ်ဆိုးနှင့် မှော်နက်လောကတို့က အမြဲတစေ အနောက်ကောင်းကင်ဘုံမှ ဗုဒ္ဓကျင့်ကြံသူများကို ဆန့်ကျင်ခဲ့ကြသည်။ သူတို့က ဗုဒ္ဓကျင့်ကြံသူများကို သည်းမခံနိုင်တော့ပေ။
လက်ရှိတွင် နှစ်ဖက်လုံးက ရှင်းလင်းသည့် ရပ်တည်ချက်များ ရှိကြပေသည်။ အနောက်ဘက်ကောင်းကင်ဘုံ၏ ဗုဒ္ဓကျင့်ကြံသူများက တိုက်ခိုက်ကြလျှင် သူတို့က ရပ်ကြည့်နေလိမ့်မည် မဟုတ်ပေ။