ဆေးဝါးဗုဒ္ဓအရှင်၏ တိုက်ခိုက်မှု
Vol. 194 Ch. 2767
အစွမ်းထက်သည့် ကျင့်ကြံသူများက နေရာအနှံ့မှ ရှေ့တက်လာကြသည်။ ဘုံခြောက်ခုမှ ထိပ်သီးကျင့်ကြံသူများကြားတွင် ရှေ့မတိုးသာ နောက်မဆုတ်သာသည့် အခြေအနေသို့ ကျရောက်သွားခဲ့ပြီး အဆုံးအစမဲ့သည့် နေရာအတွင်း အလွန် ဖိနှိပ်နိုင်သော ဖိအားတို့ဖြင့် ပြည့်နှက်လာသည်။
ထို့အပြင် ထိုအချိန်တွင် ကောင်းကင်ထက်မှ တိုက်ပွဲကလည်း ရပ်တန့်သွားပြီ ဖြစ်သည်။ အရှင်ရှာမန်နှင့် လီသောက်ရှိုတို့၏ ပုံရိပ်များက ခွဲထွက်သွားခဲ့သည်။ သူတို့၏ အရှိန်အဝါတို့က ထွက်ပေါ်နေဆဲ ဖြစ်ပြီး ၎င်းတို့က အလွန် ကြောက်မက်ဖွယ်ဖြစ်လာသည် ကောင်းလှပြီး ကောင်းကင်တစ်ခွင်ကို ဖုံးလွှမ်းထားသည်။
ဝေးကွာသော တိုက်ပွဲမြေပြင်များတွင် တိုက်ပွဲကြီးများက နေရာအနှံ့ ဖြစ်နေကြသည်။
ဆေးဝါးဗုဒ္ဓအရှင်က ကောင်းကင်အောက်သို့ ငုံ့ကာ အာဗီနတ်ဓားကို ကိုင်ထားသည့် ရီချင်းယောင်နှင့် ရီဖူရှင်းအား စိုက်ကြည့်နေသည်။
“အသူရာကို မဖျက်ဆီးနိုင်ရင် လောကကြီးက အန္တရာယ်ရှိလာလိမ့်မယ်။”
သူက ပြောလိုက်သည်။
“ဗုဒ္ဓတို့ ကောင်းကောင်းဖြေရှင်းလိုက်ကြပါဦး။”
“အောမီသောဖော။”
အားလုံးသော ဗုဒ္ဓများက ဆုတောင်းရန် လက်များကို အုပ်ချီလိုက်သည်။ သူတို့၏ ခန္ဓာကိုယ်များမှ ဗုဒ္ဓအလင်းများ လင်းလက်နေပြီး အမူအရာများက တည်ငြိမ်နေသည်။ ဗာဂျရာဗုဒ္ဓအရှင်က ရီဖူရှင်းကို ဖျောင်းဖျပြောဆိုလိုက်သည်။
“ဒကာလေးရီ ဘာလို့ ဒီလောက်ခေါင်းမာနေရတာလဲ။ ဘုံခြောက်ဘုံရဲ့ စစ်ပွဲမှာ မင်း ဝင်ပါဖို့ မလိုပါဘူး။”
“သတိပေးတာ ကျေးဇူးတင်ပါတယ် ဗုဒ္ဓအရှင်။”
ရီဖူရှင်းကလည်း လက်အုပ်ချီရင်း ပြောလိုက်သည်။
“ကျုပ်က ဘုံခြောက်ဘုံရဲ့ စစ်ပွဲမှာ ပါဝင်ဖို့ အရည်အချင်း မပြည့်မီသလို အဲဒီလိုလုပ်ချင်တဲ့ ဆန္ဒလည်းမရှိဘူး။ ဒါပေမယ့် ကျုပ် ပါဝင်ဖို့ ဆန္ဒမရှိဘူးဆိုရင်တောင် ပါဝင်နေရတဲ့ အကြောင်းရင်းကို ခုနက ပြောပြီးပြီမို့ ထပ်မပြောတော့ဘူး။ ခင်ဗျားတို့အားလုံးက တိုက်ခိုက်ရမှဖြစ်မယ်ဆိုရင်တော့ ခင်ဗျားတို့ သက်ညှာနေဖို့ မလိုပါဘူး။”
“အောမိသောဖော။”
ဗုဒ္ဓများက ရေရွတ်လိုက်ကြပြီး ဗုဒ္ဓအလင်းတို့က အဆုံးမဲ့မြေပြင်ကို ထွန်းလင်းစေခဲ့သည်။ ၎င်းက တောက်ပသည်ထက် တောက်ပလာခဲ့ပြီး အဆုံးသတ်မဲ့သည့် ကောင်းကင်ကို ဗုဒ္ဓအလင်းတို့ဖြင့် လွှမ်းခြုံသွားစေခဲ့သည်။ ချက်ချင်းပင် သေခြင်းတရား၏ မှော်နက်စွမ်းအားတို့နှင့် ဖျက်ဆီးခြင်းစွမ်းအားတို့က ဗုဒ္ဓရောင်ဝါအလင်းတို့ဖြင့် သန့်စင်ခံလိုက်ရသလို အရူးအမူး ပျက်ပြယ်သွားကုန်ပေသည်။
“ဟမ်”
နတ်ဆိုးလောကနှင့် မှော်နက်လောကမှ ထိပ်သီးပုဂ္ဂိုလ်များက ကြောက်မက်ဖွယ် အရှိန်အဝါတို့ကို ထုတ်လွှတ်လာသည်။ ကြမ်းကြုတ်သည့် စွမ်းအားတို့က ကောင်းကင်တွင် ပြည့်နှက်လာကာ အော်မြည်သံများဖြင့် ဆူညံနေခဲ့သည်။ မှော်နက်လောက၏ အစွမ်းထက်ကျင့်ကြံသူများကို သေဆုံးခြင်းနှင့် အဖျက်စွမ်းအားတို့ဖြင့် လွှမ်းခြုံထားသည်။ ထိုစွမ်းအားတွင် ဖရိုဖရဲစွမ်းအင်လှိုင်းများအဖြစ် စုစည်းလာသည်။ ထိုနေရာတွင် အလွန် ပြင်းထန်သည့် စွမ်းအားများ စုဝေးလာပြီး အချိန်မရွေး ပေါက်ကွဲထွက်တော့မလိုပင် ဖြစ်သည်။
“ဒီအမျိုးသမီးကို ရင်ဆိုင်ဖို့ ကျုပ်နဲ့လွှဲထားလိုက်။”
ဆေးဝါးဗုဒ္ဓအရှင်က ပြောလိုက်သည်။ သူစကားပြောပြီးသည်နှင့် လက်ဝါးကို ဆန့်ထုတ်လိုက်၏။ ဗုဒ္ဓကလန်၏ အဖိုးတန်ရတနာက ချက်ချင်း ထွက်ပေါ်လာသည်။ ၎င်းက ဗုဒ္ဓကလန်၏ အဖိုးတန်သော ရတနာတစ်ခု ဖြစ်သည့် ကျင့်လျှို့လီစေတီ ဖြစ်ပြီး ဆေးဝါးဗုဒ္ဓအရှင်၏ ဗုဒ္ဓကျင့်ကြံရေးနန်းတော်မှ အဆင့်မြင့်ဗုဒ္ဓရတနာတစ်ခု ဖြစ်သည်။
ကျင့်လျှို့လီစေတီက ပျံသန်းထွက်လာသည်နှင့် ချက်ချင်း အရွယ်အစား ကြီးမားလာခဲ့သည်။ ၎င်းက ကောင်းကင်နှင့် နေမင်းကို ဖုံးလွှမ်းသွားကာ အဆုံးမဲ့ ကြီးမားသည့် စေတီက ကောင်းကင်သို့ရောက်သည်အထိ ကြီးမားလာသည်။ အနှိုင်းမဲ့သန့်စင်သည့် ဗုဒ္ဓအလင်းရောင်တို့က ၎င်းမှ ထွက်ပေါ်လာနေသည်။ ရွှေရောင်ဗုဒ္ဓအလင်းရောင်တို့ တောက်ပလာသည့်အခါ သေဆုံးခြင်းနှင့် အဖျက်စွမ်းအားတို့အပြင် နတ်ဆိုးလမ်းစဥ်၏ စွမ်းအားများအားလုံး သန့်စင်ခံလိုက်ရသည်။ ၎င်းတို့က မြူခိုးများအဖြစ် ပြောင်းလဲသွားကာ ချက်ချင်း ရှင်းလင်းခံလိုက်ရပေသည်။
သန့်စင်သည့် ဗုဒ္ဓအလင်းတို့က အလွန် ပြင်းထန်စွာဖြင့် စေတီမှ ထွက်ပေါ်လာသည်။ ၎င်းသည် ဗုဒ္ဓအလင်းတို့ဖြင့် တောက်ပနေသည့် ကြီးမြတ်သော ရှေးဟောင်းဗုဒ္ဓတစ်ပါး ကောင်းကင်၌ ထွက်ပေါ်လာသကဲ့သို့ပင် ဖြစ်လေသည်။ အောက်ဘက်ရှိ မှော်နက်လောကမှ ကျင့်ကြံသူများက အလွန် နာကျင်ခံစားနေရသည်။ သူတို့ ခန္ဓာကိုယ်အတွင်းမှ အမှောင်စွမ်းအားများက သန့်စင်ရှင်းလင်းပစ်ခံနေရပေသည်။ သူတို့က သူတို့၏ စွမ်းရည်များကို အဆုံးစွန်ထိ ထုတ်လွှတ်ရန် ဖိအားခံနေကြရသည်။
အသူရာဘုရင်အဖြစ် ပြောင်းလဲသွားသည့် ရီချင်းယောင်က အာဗီနတ်ဓားကို ကိုင်စွဲထားသည်။ သွေးရောင်နီရဲနေသည့် ဖျက်ဆီးခြင်းနတ်စွမ်းအားတို့က အထက်ကောင်းကင်သို့ ထိုးတက်သွားကာ သူမ၏ ခန္ဓာကိုယ်ကလည်း ကောင်းကင်ထက် တက်သွားခဲ့သည်။ သူမက ဗုဒ္ဓကလန်၏ ထိုအဆင့်မြင့်ရတနာကို တစ်ယောက်တည်း ရင်ဆိုင်ရန် ရှေ့တိုးသွားကာ လက်ထဲမှ အာဗီနတ်ဓားနှင့် စေတီကို ထိုးကာ တိုက်ခိုက်လိုက်သည်။
စေတီ၏ ပုံရိပ်များက ဖျက်ဆီးခြင်းနတ်အလင်းများ၏ အောက်တွင် တိုက်ရိုက် ဖျက်ဆီးပစ်ခံလိုက်ရသည်။ ကြောက်မက်ဖွယ် အသူရာနတ်စွမ်းအားတို့က အတွင်းမှ ထိုးဖောက်ထွက်လာကာ စေတီကို ဆက်လက်တိုက်ခိုက်နေသည်။
ကလန်...
ကျယ်လောင်သည့်အသံနှင့်အတူ ကြောက်မက်ဖွယ် အာဗီနတ်ဓားက ကျင့်လျှို့လီစေတီအား ထိုးစိုက်လိုက်ပြီး စေတီကို ပြင်းထန်စွာ တုန်ခါသွားစေသည်။ အသူရာ၏ ဖျက်ဆီးခြင်းနတ်အလင်းတို့က ထိုအဆင့်မြင့်ဗုဒ္ဓရတနာကို ဖျက်ဆီးပစ်ရန် စေတီထွသို့ ပြင်းထန်စွာ စီးဆင်းသွားသည်။
သို့သော် ဆေးဝါးဗုဒ္ဓအရှင်၏ ပုံရိပ်က စေတီအထက်တွင် ပေါ်ပေါက်လာသည်။ သူက စေတီအား လက်ဝါးနှင့် ရိုက်ချလိုက်သည်။ ချက်ချင်းပင် နောက်ထပ် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး နတ်အလင်းတို့က စေတီကို လွှမ်းခြုံသွားကာ အာဗီနတ်ဓားကို နောက်ပြန်ဆုတ်သွားစေရန် ဖိအားပေးလိုက်သည်။
“အရမ်းအစွမ်းထက်တာပဲ။”
ရီဖူရှင်းက ကောင်းကင်ထက်သို့ စိုက်ကြည့်နေခဲ့သည်။ ဆေးဝါးဗုဒ္ဓအရှင်၏ စွမ်းရည်က ကြောက်မက်ဖွယ် ကောင်းလှသည်။ ဤဗုဒ္ဓအရှင်သည် ဗုဒ္ဓကလန်အတွင်း အလွန် မြင့်မားသည့် အဆင့်အတန်းကို ပိုင်ဆိုင်ထားသည်။ သူ ယခင်က အနောက်ဘက်ကောင်းကင်၏ ဝိညာဥ်တောင်တန်းတွင် ကျင့်ကြံစဥ်အခါက ၎င်းကို သိရှိခဲ့သည်။ သူတော်စင်ကျန်းချန်သည်ပင် ဆေးဝါးဗုဒ္ဓအရှင်နှင့် တွေ့ဆုံလိုသည့်အခါ အရင်တောင်းဆိုရပေသည်။ သူသည် ကျင့်လျှို့လီဘုံ၌ အမြဲကျင့်ကြံနေပြီး သူ့တွင် ထူးခြားသည့် အဆင့်အတန်းတစ်ခု ရှိပေသည်။
သူ၏ ကျင့်ကြံခြင်းက နတ်ဘုရားအဆင့်၏ အထွတ်အထိပ်သို့ပင် နီးကပ်နေနိုင်သည်။ ဗုဒ္ဓကလန်၏ ပျမ်းမျှအင်အားအဆင့်က ကြောက်မက်ဖွယ်ရာ အားကောင်းလှသည်။ ယခုအချိန်၌ သူတို့အားလုံး ရောက်လာကြခြင်းပင် မဟုတ်သေးပေ။ ကလန်အတွင်းမှ အချို့သော ဗုဒ္ဓများက ပဋိပက္ခများအတွင်း ပါဝင်ရန်စိတ်ကူးမရှိကြပေ။ သူတို့က တိတ်ဆိတ်စွာနှင့် ဗုဒ္ဓကျင့်ကြံခြင်းကိုသာ အာရုံစိုက်ချင်ကြသည်။
ဆေးဝါးဗုဒ္ဓအရှင်က ကောင်းကင် အမြင့်တစ်နေရာတွင် ရပ်နေခဲ့သည်။ ကျင့်လျှို့လီစေတီက ပုံရိပ်ယောင်တစ်ခုကဲ့သို့ ဖြစ်လာပြီး ၎င်းက သူ့ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသည်ဟု ထင်မှတ်ရသော်လည်း သူနှင့် တသားတည်း ပေါင်းစပ်သွားပုံရသည်။
ဆေးဝါးဗုဒ္ဓအရှင်က ဗုဒ္ဓလက်ဟန်သင်္ကေတကို ဖော်ဆောင်ထားပြီး မျက်လုံးများအား မှိတ်ထားခဲ့သည်။ သူ့ကို ကြည့်ရသည်မှာ တည်ငြိမ်နေပုံရသည်။ ချက်ချင်းပင် အဆုံးမဲ့ ဗုဒ္ဓရောင်ဝါအလင်းတို့က ကျယ်ပြောသည့် ကောင်းကင်တစ်ခွင်ကို လွှမ်းခြုံသွားသည်။ ကျင့်လျှို့လီစေတီ၏ အလင်းတို့က မိုင်ထောင်ချီကို ဖြတ်သန်းကာ တောက်ပလာပြီး အလွန် ကျယ်ပြန့်သည့် စစ်မြေပြင်အား ဖုံးလွှမ်းသွားသည်။ ၎င်းက ဗုဒ္ဓမီးပုံးကဲ့သို့ ဆေးဝါးဗုဒ္ဓအရှင်၏ နောက်တွင် လင်းလက်နေသည်။ သူက ဘုရားစာတို့ကို ရွတ်ဆိုနေပြီး အကန့်အသတ်မဲ့သည့် ဗုဒ္ဓအရှိန်အဝါတို့က လောကတစ်ခွင်ကို ဖုံးလွှမ်းသွားပေသည်။ ဗုဒ္ဓအလင်းက လောကကို ထွန်းလင်းပေးနေပြီး စစ်မြေပြင်ရှိ သေဆုံးခြင်းနှင့် အဖျက်စွမ်းအားများအားလုံးက သန့်စင်ပစ်ခံလိုက်ရသည်။
တစ်ချိန်တည်းတွင် ဗုဒ္ဓအလင်းများအောက်၌ စေတီပုံရိပ်များ ထွက်ပေါ်လာကာ အသူရာဘုရင်၏ ပုံရိပ်ကို ဖိနှိပ်လာသည်။ သန့်စင်သည့် ဗုဒ္ဓအလင်းတို့က ထိုနေရာတစ်ခွင်တွင် ထွန်းလင်းတောက်ပနေခဲ့၏။
ထိုမြင်ကွင်းကို မြင်သောအခါ ရီဖူရှင်း၏ မျက်ခုံးများက အနည်းငယ် စုကျုံ့သွားခဲ့သည်။ သူက ဆိုးဝါးသည့် ခံစားချက်ကို ခံစားမိလိုက်ပေသည်။ ရီချင်းယောင်က အလွန် အားကောင်းလှပြီး အသူရာနတ်စွမ်းအားကို ဆက်ခံကာ အင်ပါယာလက်နက်ကိုပင် ကိုင်စွဲထားသေးသည်။ သို့သော် သူမ၏ လမ်းစဥ်နှင့် ယုံကြည်ချက်ပြင်းထန်မှုက ဆေးဝါးဗုဒ္ဓအရှင်နှင့်ယှဥ်လျှင် ဝေးကွာနေသေးသည်။ ဆေးဝါးဗုဒ္ဓအရှင်က ဗုဒ္ဓကလန်၏ အဆင့်အတန်းမြင့် ပုဂ္ဂိုလ်ဖြစ်ပြီး ကျင့်လျှို့လီစေတီက အာဗီနတ်ဓားကို တန်ပြန်တိုက်ခိုက်နိုင်သည်။ ထိုကဲ့သို့အခြေအနေအောက်တွင် ရီချင်းယောင်က တစ်ဖက်လူ၏ ထိန်းချုပ်မှုကို ခံရနိုင်ပေသည်။
အာဗီနတ်ဓားက သွေးနီရောင်အလင်းတို့ကို ထုတ်လွှတ်နေပြီး အလင်းလွှာတစ်ခုအဖြစ် ပြောင်းလဲသွား၏။ ၎င်းက အသူရာဘုရင်၏ ခန္ဓာထက် ရစ်ပတ်သွားသည်။
စေတီ၏ နတ်အလင်းတို့ ကျရောက်လာပြီး သွေးနီရောင်အလင်းလွှာကို တုန်ခါသွားစေသည်။ ကြောက်မက်ဖွယ် စွမ်းအားတို့နှင့် ကျင့်လျှို့လီစေတီက ဗုဒ္ဓကလန်၏ စွမ်းအားဖြစ်သည်။ ၎င်းက အလင်းလွှာအတွင်းသို့ စိမ့်ဝင်ကာ အသူရာနတ်ဓား၏ နတ်စွမ်းအားတို့ကို တိုက်စားပစ်နေသည်။
ထိုတိုက်ခိုက်မှုက အဆုံးမဲ့၏။ စေတီပုံရိပ်များက တိုက်ခိုက်ရန် ဆက်လက်ကျဆင်းလာနေပြီး သွေးနီရောင်အလင်းလွှာကို တဖြေးဖြေး ဝါးမြိုနေသည်။
ကလန်...
ကျယ်လောင်သည့် အသံတစ်ခု ထွက်ပေါ်လာပြီး အလင်းလွှာက အက်ကွဲသွားသည်။ ကျင့်လျှို့လီအလင်းတို့က ကျူးကျော်လာပြီး သတ်ဖြတ်ရန်အတွက် စေတီက တိုက်ရိုက်ကျဆင်းလာပေသည်။ ၎င်းက အာဗီနတ်ဓားပေါ်သို့ ရိုက်ခတ်လာကာ ရီချင်းယောင်မှ အသွင်ပြောင်းလဲသွားသည့် အသူရာဘုရင််အား နောက်သို့ ဆုတ်ခွာသွားစေရန် ဖိအားပေးခဲ့သည်။ သူမထံမှ မသဲကွဲသည့် ညည်းသံတစ်ခု ထွက်ပေါ်လာသည်။
ရှင်းလင်းစွာပင် ရီချင်းယောင်၏ စွမ်းရည်က ထိုအဆင့်သို့ ရောက်ရှိနေခဲ့သော်လည်း သူမတွင် အတွေ့အကြုံများက လစ်လပ်နေဆဲ ဖြစ်ပေသည်။
ဆေးဝါးဗုဒ္ဓအရှင်၏ တိုက်ခိုက်မှုက မရပ်တန့်ခဲ့ပေ။ သူက ရီချင်းယောင်ရှိနေသည့် အောက်ဘက်သို့ တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေဆဲ ဖြစ်သည်။ သူက မျက်လုံးများကို မှိတ်ထားကာ လေဟာနယ်အတွင်း မတ်တပ်ရပ်နေပြီး ဗုဒ္ဓအလင်းတို့က ထိုနေရာတစ်ခွင်ကို ထွန်းလင်းပေးနေသည်။
“လင်လုံ။”
ရီဖူရှင်းက ခေါ်လိုက်သည်။ လင်လုံက ရီဖူရှင်းနောက်၌ တစ်ချိန်လုံး ရပ်နေခဲ့ခြင်း ဖြစ်သည်။ ယခု ပုံရိပ်က ဖျတ်ခနဲ ရွေ့လျားသွားပြီး ထျန်းရှန်းစွမ်းအားတို့ဖြင့် ဖွဲ့စည်းထားသည့် သူမ ခန္ဓာကိုယ်မှ ပြင်းထန်သော တိုက်ပွဲစွမ်းအားများ ပေါက်ကွဲထွက်လာသည်။ သူမက ရီချင်းယောင်အထက် လေထဲသို့ ရောက်ရှိသွားသည်။ ရန်လိုလှသည့် ထျန်းရှန်းစွမ်းအားတို့က ဗုဒ္ဓ၏ သတ်ဖြတ်ခြင်းစွမ်းအားတို့ကို တန်ပြန်တိုက်ခိုက်လိုက်သည်။ သူမက လက်ကို မြှောက်လိုက်သည့်အခါ ချက်ချင်းပင် စေတီက ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။
“နောက်တစ်ယောက်။”
ဆေးဝါးဗုဒ္ဓအရှင်က လင်လုံကို စိုက်ကြည့်လိုက်ပြီး လင်လုံက မည်မျှ ထူးခြားကြောင်း ခံစားမိလိုက်ပေသည်။ သို့သော် သူတို့သည် သူ၏ 'နောက်တစ်ယောက်' ဟူသောစကားမှာ မည်သည်ကို ဆိုလိုကြောင်း မသိကြပေ။
ဘုန်း...
ထိုအချိန်တွင် အားကောင်းသော စွမ်းအားတစ်ခု ရီဖူရှင်းပေါ်သို့ ကျရောက်လာသည်။ သူက ခေါင်းကို မော့လိုက်သည့်အခါ တိဟောက်က သူ့ကို စိုက်ကြည့်နေဆဲဖြစ်သည်ကို မြင်လိုက်ရ၏။ အစောပိုင်းက ဒွန်ဟောင်တိယွမ်နှင့် သူ၏ တိုက်ပွဲကြောင့် တိဟောက်က အခဲမကြေနေဆဲ ဖြစ်နေသည်လား။