← Chapters

သူတော်ကောင်းတရား

Vol. 194 Ch. 2768

သူတော်ကောင်းတရား

Vol. 194 Ch. 2768

ကြောက်မက်ဖွယ်ကောင်းသည့် သဘာဝဖြစ်စဥ်တစ်ခုက တိဟောက်အနီးတွင် ဖြစ်ပေါ်လာသည်။ သူက နတ်လူသားအဖြစ် ပြောင်းလဲသွားပြီး သူက လောကကြီးကို အုပ်စိုးသည့် အရှင်သခင်ကဲ့သို့ ဖြစ်လာသည်။

အစွမ်းထက်သည့် စွမ်းအားက ရီဖူရှင်းကို ဖိနှိပ်လာသည်။ သူက ခေါင်းကို မော့ကာ ထိုမျက်နှာအား ကြည့်လိုက်ပြီး လေဟာနယ်ထဲသို့ ခြေလှမ်းလိုက်သည်။

“မင်းက ဒီလောက်တောင် ဆိုးဆိုးဝါးဝါး တိုက်ခိုက်ချင်နေမှတော့ နောက်ပြန်မဆုတ်တမ်း တိုက်ခိုက်ကြတာပေါ့။”

ရီဖူရှင်း စကားပြောပြီးသည်နှင့် သူ၏ ပုံရိပ်က ကောင်းကင်သို့ ထိုးတက်သွားခဲ့ပြီး တိမ်စိုင်များထဲ ပြေးဝင်သွားသည်။ သို့သော် သက မည်မျှ ပျံသန်းတက်သွားနေပါစေ ထိုနတ်လူသားပုံရိပ်က အမြဲ သူ့အထက်တွင် ရှိနေခဲ့သည်။ ၎င်းသည် သူ၏ ခေါင်းထက်တွင် အမြဲရှိနေသည့် ကောင်းကင်ကဲ့သို့ ဖြစ်နေပြီး ဤနယ်မြေ၏ အမိန့်အာဏာကို ကိုယ်စားပြုနေသကဲ့သို့ပင် ဖြစ်သည်။

နတ်လူသား စွမ်းအားက လူသားဘုံ၏ အဆင့်မြင့်စွမ်းအားကို ကိုယ်စားပြုပြီး သေမျိုးလူသားတစ်ယောက်အား နတ်ဘုရားတစ်ပါးအဆင့်သို့ ရောက်ရှိစေသည်။

ဘုန်း...

ရီဖူရှင်း၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာသည်။ နတ်ဘုရားအုပ်စိုးလက်နက်၏ စွမ်းအားက ထွက်ပေါ်လာပြီး မြစိမ်းရောင်မုန်တိုင်းက သူ့ခန္ဓာကိုယ်ကို ရစ်ပတ်လာခဲ့သည်။ မဟာလမ်းစဥ်၏ ကြောက်မက်ဖွယ် အရှိန်အဝါ မုန်တိုင်းတစ်ခုက ရီဖူရှင်းခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့၏။

“ရီဖူရှင်း အရှင်ဒွန်ဟောင်က မင်းကို သနားညှာတာမှုပြသခဲ့တာကြောင့် ကျုပ်လည်း မင်းကို အခွင့်အရေးတစ်ခု ပေးမယ်။ လူသားဘုံက လူသားကမ္ဘာရဲ့ အမိန့်အာဏာကို ကိုယ်စားပြုတယ်။ မင်းသာ နောက်ပြန်လှည့်ဖို့ ဆန္ဒရှိရင် အင်ပါယာရီချင်ရဲ့ မျိုးဆက်အ​ဖြစ်နဲ့ ဒီလောကကြီးထဲမှာ မင်းအတွက် နေရာတစ်ခု ဖြစ်နေလိမ့်ဦးမယ်။”

တိဟောက်က ပြောလိုက်သည်။ သူ၏ ခန္ဓာကိုယ်တွင် ကောင်းမြတ်သောအရှိန်အဝါတို့ ရှိနေခဲ့ပြီး ကြင်နာတတ်သည့် နှလုံးသားရှိသော အသွင်ရှိသည်။ ၎င်းက ရီဖူရှင်းကို အနည်းငယ် အံ့အားသင့်သွားစေသည်။

တိဟောက်က အမှန်တကယ် စစ်မှန်ခြင်းရှိမရှိကို သူ မသိသော်လည်း သူသည် ဤကဲ့သို့သော အချိန်အခါမျိုးတွင် ရီဖူရှင်းကို နောက်ပြန်လှည့်ရန် အမှန်တကယ် သတ္တိပေးနေခဲ့သည်။ သူက မည်သို့ ပြန်လှည့်နိုင်မည်နည်း။ သူက မည်သည့်အတွက်ကြောင့် နောက်ပြန်လှည့်ရမည်နည်း။

သူ စီဝေ့ကြယ်ကမ္ဘာ၌ စတင်ကျင့်ကြံစဥ်ကတည်းက ကောင်းကင်ဒေသနှင့် အမြဲ တင်းမာရန်လိုမှုရှိခဲ့သည်။ ယခုမှ သူ့ကို နောက်ပြန်ဆုတ်ရန် ​ပြောနေသည်လား။

“ခင်ဗျားက ကျုပ်ထက်စောပြီး ကျင့်ကြံခဲ့ပေမယ့် လူသားဘုံရဲ့ ဆက်ခံသူတစ်ယောက်အနေနဲ့ပဲ ရှိသေးတယ်။ အနာဂတ်မှာ အင်ပါယာလမ်းကြောင်းကို ခြေချနိုင်ပြီး ရာထူးဆက်ခံနိုင်မလားဆိုတာက အခုထိ မသိရသေးပေမယ့် ခင်ဗျားက ကျုပ်ကို နောက်ပြန်လှည့်ဖို့ တိုက်တွန်းနေတယ်။ ဆုံး​ဖြတ်ချက်ချရအောင် ခင်ဗျားက ဘယ်သူလဲ။”

ရီဖူရှင်းက တည်ငြိမ်စွာ မေးလိုက်သည်။

“ခင်ဗျားက လူသားဘိုးဘေးနဲ့ အရှင်ဒွန်ဟောင်ကို လွှမ်းမိုးနိုင်စွမ်းရှိလို့လား။”

ထို့အပြင် မှော်နက်ဘုရင်၏ စကားအရ လူသားဘိုးဘေးသည် တစ်ချိန်က အင်ပါယာရီချင် သေဆုံးမှု၌ ပါဝင်ခဲ့သည်။ လောကကြီးသည် ကောင်းကင်ဒေသ၌ မဟာအင်ပါယာနှစ်ပါး တည်ရှိမှုကို ခွင့်မပြုခဲ့ပေ။ သို့သော် သူသည် ထိုသည်က သမိုင်းအကြောင်းအရာ မဟုတ်ကြောင်း ခံစားမိပေသည်။ ထိုအချိန်က အမှန်တရားမှာ ယခုထိ ထွက်ပေါ်လာခြင်းမရှိသေးသည်က ဖြစ်နိုင်ပေသည်။

တိဟောက်က ရီဖူရှင်းကို စိုက်ကြည့်လိုက်သည်။ သေချာပေါက် သူက လူသားဘိုးဘေးနှင့် အရှင်ဒွန်ဟောင်ကို မလွှမ်းမိုးနိုင်ပေ။ သူက ဆက်ပြောလိုက်၏။

“လူသားဘိုးဘေးက လူသားမျိုးနွယ်ရဲ့ ဘိုးဘေးပဲ။ သူက လောကကြီးရဲ့ တရားမျှတမှုကို စီရင်တယ်။ အရှင်ဒွန်ဟောင်က ပြိုင်ဘက်ကင်းတဲ့ စိတ်ဝိညာဥ်စွမ်းအားရှိတယ်။ သူက မင်းကို သည်းခံနိုင်စွမ်းရှိတယ်။ အရင်တုန်းက ကောင်းကင်ဒေသမှာ သူ မင်းကို မသတ်ခဲ့ဖူးဆိုကတည်းက သူ့ရဲ့ သဘောထားကို ပြသပြီးသား ဖြစ်နေပြီ။ ကျုပ်က သူတို့ကို မလွှမ်းမိုးနိုင်ဘူးဆိုပေမယ့် မင်းအတွက် အခွင့်အရေးတစ်ခုကတော့ ရှိနေဆဲပဲ။ မင်း ဒီလမ်းအတိုင်း ဆက်လျှောက်နေမယ်ဆိုရင် မင်းမှာ ရှင်သန်နိုင်မယ့် အခွင့်အရေးရှိတော့မှာ မဟုတ်ဘူး။”

ရီဖူရှင်းသည်လည်း ထိပ်ဆုံးတွင် ရပ်တည်နေသည့် ပုဂ္ဂိုလ်တစ်ဦးအဖြစ် ယူဆနိုင်ပေသည်။ သူ၏ နောက်ခံက အားအနည်းဆုံး ဖြစ်သည့်အတွက်ကြောင့် သူက ဘုံခုနစ်ခုအတွင်း ဒုက္ခအများဆုံး တွေ့ကြုံခံစားရသူ ဖြစ်ပေလိမ့်မည်။ အခြားဆက်ခံသူများမှာ သေခြင်းတရား၏ ခြိမ်းခြောက်မှုကို ခံရလိမ့်မည် မဟုတ်သော်လည်း ရီဖူရှင်းအတွက် မတူညီပေ။

သူ့ကို မည်သူက ကာကွယ်ပေးနိုင်မည်နည်း။

“လောကရဲ့ တရားမျှတမှုလား။”

ရီဖူရှင်းသည် တိဟောက်၏ စကားလုံးများကို ကြားသောအခါ ထိတ်လန့်သွားခဲ့ပေသည်။ လူသားဘုံက မည်သည့်အချိန်မှစကာ လောက၏ တရားမျှတမှုကို ကိုယ်စားပြုနိုင်သွားရသနည်း။

“မင်းက ကိုယ်ကျင့်တရားနဲ့ သဘောထားကြီးကြောင်း အများကြီးပြောနေတာ။ ဘာလို့ လူသားဘုံက ကျင့်ကြံသူတွေကို နတ်ဆိုးချောက်နက်ဆီ ကျင့်ကြံဖို့ မလာခိုင်းတာလဲ။ ဒါမှမဟုတ် နတ်ဆိုးဘုံက လူတွေကို နတ်ဆိုးချောက်နက်ကနေ ထွက်ပြီး လူသားဘုံဆီ ဝင်မလာခိုင်းရတာလဲ။”

အောက်ဘက်ရှိ လူအချို့က ပြောလိုက်ကြသည်။ သူတို့က တိဟောက်၏ စကားများကို သဘောမကျကြပေ။

နတ်ဆိုးဘုံသည် နတ်ဆိုးချောက်နက်အတွင်း၌ မျိုးဆက်တစ်ဆက်ပြီး တစ်ဆက် နေထိုင်ခဲ့ကြရသည်။ သူတို့ နတ်ဆိုးချောက်နက်မှ ထွက်ခွာခြင်းကို တားဆီးထားကြသည်က မ​ည်သူတို့ဖြစ်သနည်း။

“လောကကြီးမှာ သူ့အစီအစဥ်နဲ့သူရှိတယ်။”

တိဟောက်က အောက်ဘက်မြေပြင်သို့ ကြည့်လိုက်သည်။ အောက်ဘက်ကောင်းကင်တွင် အစွမ်းထက် စွမ်းအားတို့ ရှိနေဆဲ ဖြစ်သည်။ ရီဖူရှင်းက ထိုနေရာ၌ မလှုပ်မယှက် ရပ်နေခဲ့သည်။ သူက လက်ကို ဆန့်ထုတ်လိုက်ပြီး ချက်ချင်းပင် မရေတွက်နိုင်သည့် နတ်ဓားများက ကောင်းကင်နှင့် မြေကြီးဝန်းကျင်တွင် ပေါ်ပေါက်လာသည်။

နတ်ဓားတိုင်းက အလွန် လှပသည့် သင်္ကေတအက္ခရာများနှင့် ဝန်းရံထားပြီး ထူးခြားသော နတ်အလင်းတို့နှင့် တောက်ပနေခဲ့သည်။ ထိုနတ်ဓားများက လေဆန်ကို ဆန့်ကျင်စီးဆင်းနေပြီး အလွန်ပြင်းထန်သည့် ဓားဆန္ဒများကို ထုတ်လွှတ်နေခဲ့သည်။

“ကောင်းကင်ခွင်း။”

ရီဖူရှင်းက လက်ချောင်းကို မြှောက်လိုက်သည်။ ချက်ချင်းပင် အဆုံးမဲ့ နတ်ဓားတို့က လေထုကို ဖြတ်သန်းထိုးဖောက်လာကာ နတ်လူသားတိဟောက်ရှိနေသည့် ကောင်းကင်သို့ ဦးတည်လာသည်။

တောက်ပသည့် နတ်အလင်းတို့က နတ်လူသားထံတွင် လင်းလက်လာသည်။ ကောင်းကင်မှ မရေတွက်နိုင်သော နတ်ဓားများက ထိုးဆင်းလာပြီး လောကဓားအဖြစ် ပြောင်းလဲသွားခဲ့သည်။ ၎င်းသည် ကောင်းကင်ခွင်းနတ်ဓားကို ဆန့်ကျင်တိုက်ခိုက်လိုက်ကာ ဖျက်ဆီးခြင်းဓားချီမုန်တိုင်းက ကောင်းကင်တစ်ခွင်ကို ပျံ့နှံ့လွှမ်းခြုံသွားသည်။

၎င်း၏ အလယ်တွင် ကြီးမားသည့် ဓားတစ်လက်က စွမ်းအင်လှိုင်းများနှင့် ဆန့်ကျင်ကာ ဆက်လက် သွားနေခဲ့သည်။ ၎င်းက လေဟာနယ်ကို ထိုးဖောက်ကာ ပြင်းထန်သည့် သတ်ဖြတ်ခြင်းစွမ်းအားတို့ဖြင့် ကောင်းကင်အား ဖြတ်သန်း၍ နတ်လူသားကို သတ်ဖြတ်ရန် တိုးဝင်သွားပေသည်။

တိဟောက်၏ ခန္ဓာကိုယ်ပေါ်တွင် နတ်အလင်းတို့ တောက်ပနေခဲ့သည်။ နတ်လူသားက လက်ညှိုးကို အောက်သို့ ညွှန်လိုက်သည်။ ချက်ချင်းပင် ကြီးမားသော လောကဓားက အောက်သို့ ထိုးဆင်းလာကာ တည်ရှိနေသည့် အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။ ၎င်းက ကောင်းကင်ခွင်းနတ်ဓားကို ဆန့်ကျင်တိုက်ခိုက်လိုက်ကာ တစ်လောကလုံးကို တစစီပြိုကျပျက်စီးစေတော့မလို ဖျက်ဆီးခြင်းစွမ်းအင်လှိုင်းတို့က လေဟာနယ်အတွင်း ပျံ့နှံ့လာသည်။

တိ​​ဟောက်က အရာအားလုံးကို မတုန့်ပြန်နိုင်ခင် သူသည် ကောင်းကင်မှ ကျဆင်းလာသော အားကောင်းသည့် အရှိန်အဝါကို ခံစားမိလိုက်သည်။ ရီဖူရှင်းက လောက၏ အမိန့်အာဏာကို ထိန်းချုပ်သည့် လမ်းစဥ်ဓားတစ်လက်ကဲ့သို့သော ကြီးမားသည့် ကောင်းကင်ခွင်းနတ်ဓားကို မ,လိုက်သည်။ သူက ဆက်လက် မြှောက်တင်ကာ လေဟာနယ်ကို ထိုးခွင်းလိုက်သည်။ သူ့လမ်းကြောင်းအတွင်းမှ အရာအားလုံးက ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားပြီး သူ့ကို ရပ်တန့်နိုင်သည့် စွမ်းအားမရှိပေ။ လောကဓားသည်ပင် အစိတ်စိတ်အမြွှာမြွှာ ပျက်စီးသွားခဲ့သည်။

နတ်လူသားကို ဖျက်ဆီးပစ်ရန်အတွက် နတ်ဓားက ကောင်းကင်ကို ထိုးခွင်းကာ ထိုနေရာသို့ ဦးတည်သွားခဲ့ပေသည်။

မဟာလမ်းစဥ်၏ စွမ်းအားများအားလုံးက စတင်၍ အရူးအမူး အော်မြည်လာသည်။ ထိုအခိုက်အတန့်တွင် တိဟောက်က လူသားမျိုးနွယ်၏ ခွန်အားများ အားလုံးကို စုဝေးလိုက်သည်။ သူက လူသားဘုံ၏ လမ်းစဥ်ကို ကိုယ်စားပြုကာ လောကအား ထိန်းချုပ်နေသည်။

သူက လက်များကို ပူးကပ်လိုက်သည်။ ကြီးမားသည့် နတ်ဓားတစ်လက်က သူ၏ လက်နှစ်ဖက်ကြားတွင် ပေါ်ပေါက်လာသည်။ ကျန်းထောင်ချီရှည်လျားသည့် ဓားပေါ်တွင် အလွန် လှပသည့် နတ်အက္ခရာများ ရှိနေသည်။ လှပသော နတ်အက္ခရာများက လောက၏ သတ်ဖြတ်ခြင်းစွမ်းအားကို အုပ်စိုးပြီး လူသားမျိုးနွယ်၏ အာဏာကို ကိုယ်စားပြုသည်။ ကြောက်မက်ဖွယ် ကောင်းသည့် စွမ်းအင်လှိုင်းများက မရေတွက်နိုင်သည့် ဓားပုံရိပ်များနှင့်အတူ စီးဆင်းလာသည်။ သို့သော် ထိုပုံရိပ်များက အဆင့်တူသည့် အစွမ်းထက်ပုဂ္ဂိုလ်များကို သတ်ဖြတ်နိုင်ပုံရသည်။

စစ်မှန်သည့် နတ်ဓားတစ်လက်က ကောင်းကင်တွင် တစ်ဖန် ထိပ်တိုက်တွေ့ဆုံခဲ့သည်။ ချက်ချင်းပင် တောက်ပသည့် နတ်အလင်းတို့က လူအများ၏ မျက်လုံးထဲ ထိုးဖောက်သွားသည်။ ပြင်းထန်သည့် နတ်စွမ်းအားတို့က လေထဲတွင် စီးဆင်းနေသည်။ ရီဖူရှင်း၏ ခန္ဓာကိုယ်က နတ်ဘုရားအုပ်စိုးလက်နက်၏ နတ်ဓားနှင့် ခွဲထုတ်၍မရနိုင်အောင် တသားတည်း ဖြစ်လာပုံရသည်။ သူက နတ်ဓား၏ အစိတ်အပိုင်း ဖြစ်လာပြီး သူ့ခန္ဓာကိုယ်တွင်းမှ စွမ်းအားတို့က အရူးအမူး စီးဆင်းလာသည်။ အစွမ်းထက်ကျင့်ကြံသူများ၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်များအောက်မှာပင် ကျန်းထောင်ချီရှည်လျားသည့် နတ်ဓား၏ ထိပ်ဖျားတွင် အက်ကြောင်းတစ်ခု ပေါ်ပေါက်လာသည်ကို မြင်လိုက်ရသည်။ ထို့နောက် ၎င်းက စတင်အက်ကွဲလာကာ အက်ကြောင်းက ပိုမို ကြီးမားလာသည်။ နတ်ဓားက စတင်၍ ပြိုကျပျက်စီးလာခဲ့သည်။

၎င်းတွင် နတ်လူသား၏ စွမ်းအားတို့ ပါဝင်နေသော်လည်း ၎င်းက ဖျက်ဆီးပစ်ခံနေရဆဲ ဖြစ်သည်။ ၎င်းက နတ်ဘုရားအုပ်စိုးလက်နက်၏ ဓားကို တားဆီးနိုင်ခြင်းမရှိပေ။

နတ်ဘုရားအုပ်စိုးလက်နက်၏ဓားက ဆက်လက်တက်သွားကာ ၎င်းက ကျန်းထောင်ချီရှည်လျားသည့် နတ်ဓားကို ထိုးစိုက်ဖြတ်သန်းကာ ကောင်းကင်သို့ ရောက်ရှိသွားသည်။ ဤမြင်ကွင်းသည် အောက်ဘက်ရှိ အစွမ်းထက်ကျင့်ကြံသူများ၏ အကြည့်များကို တင်းကျပ်သွားစေသည်။ သို့သော် ခဏအကြာတွင် သူတို့က ထိုအဖြစ်ကို လက်ခံလိုက်ကြသည်။ ရီဖူရှင်းသည် ယခင်က ထိုနတ်ဘုရားအုပ်စိုးလက်နက်၏ စွမ်းအားကို အသုံးပြုကာ ဒွန်ဟောင်တိယွမ်အား ရှုံးနိမ့်သွားစေခဲ့သည်။ သူက ယခု တိဟောက်၏ လောကဓားကို ဖျက်ဆီးပစ်လိုက်သည်မှာ သိပ်အံ့သြစရာမရှိပေ။ နတ်ဘုရားအုပ်စိုးလက်နက်က အဆင့်မြင့် နတ်ရတနာတစ်ခု ဖြစ်သည်။ ရီဖူရှင်းသည် ၎င်းကို သူ့ခန္ဓာကိုယ်အတွင်း ပျော်ဝင်စေခဲ့ပြီးဖြစ်ကာ အင်ပါယာလက်နက်တစ်ခုအား သယ်ဆောင်ထားသကဲ့သို့ နည်းလမ်းအမျိုးမျိုးနှင့် အသုံးပြုနိုင်စွမ်း ရှိသည်။

နတ်လူသားက ကောင်းကင်ထက်သို့ ပြန်ဆုတ်ခွာသွားပြီး ချက်ချင်း အဝေးတွင် ပေါ်ပေါက်လာသည်။ သို့သော် နတ်ဘုရားအုပ်စိုးလက်နက်က လျှပ်စီးအလင်းတန်းကဲ့သို့ ဖြစ်သည်။ ၎င်းက ထိုနေရာကို ထိုးစိုက်ကာ ထွင်းဖောက်သွားခဲ့သည်။ ကြီးမားသည့်အင်အားက ကောင်းကင်ကို အက်ကြောင်းပေါ်လာစေပြီး ထိုနေရာ၌ စုစည်းနေသည့် စွမ်းအား အားလုံးကို ဖျက်ဆီးပစ်လိုက်သည်။

တိဟောက်အတွက် ရီဖူရှင်းကို အနိုင်ယူရန်မှာ မလွယ်ကူလှပေ။

All Chapters