← Chapters

သတ်ဖြတ်လိုသောဆန္ဒ

Vol. 194 Ch. 2770

သတ်ဖြတ်လိုသောဆန္ဒ

Vol. 194 Ch. 2770

လူသားဘုံမှ စီနီယာက ရီဖူရှင်းကို စိုက်ကြည့်နေခဲ့သည်။ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ဖိအားတစ်ခုက ရီဖူရှင်း၏ ပုံရိပ်မှ ထွက်ပေါ်လာနေ၏။ သူက ရပ်တန့်ရန်ဆန္ဒမရှိနေဆဲ ဖြစ်သည်။

တစ်ချိန်တည်းတွင် ပြိုင်ဘက်ကင်းနတ်ဆိုးစွမ်းအားတို့က အော်မြည်ကာ လှုပ်ရှားလာသည်။ ပြင်းထန်သည့် အန္တရာယ်ကို ခံစားမိသောအခါ ထိုစီနီယာ၏ မျက်လုံးများကို ကျဥ်းမြောင်းသွားစေခဲ့သည်။ နတ်ဆိုးစွမ်းအားတို့က နေမင်းကို ဖုံးကွယ်ထားကာ ကောင်းကင်က မှောင်မိုက်လာသည်။ နတ်ဆိုးကပ်ဘေးတစ်ခုက ကောင်းကင်တွင် ပေါ်ပေါက်လာသည်။ မရေတွက်နိုင်သော ကြောက်မက်ဖွယ် လျှပ်စီးအလင်းတန်းများက အောက်သို့ ရိုက်ခတ်လာသည်။

ပြိုင်ဘက်ကင်း နတ်ဆိုးလက်ဝါးတစ်ခု ပေါ်ပေါက်လာကာ ကောင်းကင်ကို တုန်ခါသွားစေခဲ့သည်။ စီနီယာက အဝေးတွင် ရပ်နေခဲ့သည့် နတ်ဆိုးအင်ပါယာနန်းတော်မှ ကျင့်ကြံသူများရှိရာသို့ ကြည့်လိုက်သည်။ ထိုနေရာတွင် ယူချင်းက နတ်မိစ္ဆာတစ်ပါးအသွင်ပြောင်းလဲကာ နတ်ဆိုးဓားမော့ကို ကိုင်ထားခဲ့သ​ည်။ သူက ဓားမော့နှင့် ခုတ်ပိုင်းလိုက်သည့်အခါ ကောင်းကင်တွင် ကြောက်မက်ဖွယ်ရာကောင်းသည့် အနက်ရောင်နတ်ဆိုးစွမ်းအားအက်ကြောင်းများ ပေါ်ပေါက်လာသည်။ အဝေးရှိ မရေတွက်နိုင်သော ကျင့်ကြံသူများက ခေါင်းကိုမော့လိုက်သည့်အခါ မိစ္ဆာနတ်ဘုရားထံမှ ထိုခုတ်ပိုင်းကို မြင်လိုက်ကြရသည်။ ၎င်းက ကောင်းကင်ကို ဖြတ်သန်းခုတ်ပိုင်းလိုက်ကာ လေဟာနယ်အား နှစ်ပိုင်းကွဲထွက်သွားစေသည်။

လူသားဘုံ၏ ကျင့်ကြံသူများက ရီဖူရှင်းနှင့် ရင်ဆိုင်ရန် အလုပ်ရှုပ်နေခဲ့သည့်အတွက် နတ်ဆိုးအင်ပါယာနန်းတော်မှ လူများက ဘေးဘက်မှ ရပ်ကြည့်နေခဲ့သည်ကို မေ့နေပုံရသည်။

ယူချင်းသည် တိဟောက် ရှုံးနိမ့်သွားပြီး နောက်တစ်ယောက် ရှေ့တက်လာသည်ကို မြင်သောအခါ ထပ်မံ၍ ရပ်ကြည့်မနေနိုင်တော့ပေ။ သူက ချက်ချင်းပင် မိစ္ဆာနတ်ဘုရား၏ ခုတ်ချက်ကိုးခုကို ထုတ်ဖော်လိုက်သည်။ သူ၏ ခုတ်ချက်တွင် မိစ္ဆာနတ်ဘုရား၏ စွမ်းအားများ ပါဝင်နေသည်။

ထိုစီနီယာသည်လည်း အလွန် လျင်မြန်စွာဖြင့် တုန့်ပြန်လိုက်သည်။ သူ၏ စွမ်းအားများက လှုပ်ရှားသွားပြီး သူ့ရှေ့ရှိ ကောင်းကင်တွင် နတ်တံတိုင်းတစ်ခု ဖြစ်ပေါ်လကာ တောက်ပသည့် အက္ခရာများလင်းလက်နေသော်လည်း ကြောက်မက်ဖွယ် နတ်ဆိုးဓားမော့က အလွန် လျင်မြန်စွာဖြင့် အောက်သို့ ထိုးဆင်းလာသည်။ ဖိနှိပ်လွှမ်းမိုးနိုင်သည့် ဖျက်ဆီးခြင်း ခုတ်ပိုင်းချက်က နတ်တံတိုင်းကို နှစ်ပိုင်းဖြစ်သွားစေသည်။ နတ်တံတိုင်းက တောင့်ခံနိုင်ခဲ့ခြင်း မရှိပေ။

ဓားမော့က ခုတ်ပိုင်းလိုက်သော်လည်း တိဟောက်နှင့် စီနီယာ၏ ရှေ့တွင် ကြီးမားသော နတ်လူသားပုံရိပ်တစ်ခု ပေါ်ပေါက်လာသည်။ ၎င်းက ကောင်းကင်နှင့် မြေကြီးတို့ဖြင့် တသားတည်းဖြစ်လာပြီး လက်ဝါးတို့ကို ပူးကပ်ရင်း ဖိနှိပ်လွှမ်းမိုးနိုင်သော နတ်ဆိုးဓားမော့ကို ဖမ်းယူလိုက်သည်။ ဓားမော့စွမ်းအားက ၎င်း ပုံရိပ်ပေါ်သို့ ကျရောက်လာသော်လည်း ထိုနတ်ခန္ဓာကို ပျက်စီးသွားအောင် လုပ်နိုင်ခဲ့ခြင်း မရှိပေ။

ပတ်ဝန်းကျင်တွင် ပြင်းထန်သည့် တုန်ခါသံများကို ကြားလိုက်ကြရသည်။ ထိုနေရာတစ်ခုလုံးက ပေါက်ကွဲထွက်တော့မလို ထင်မှတ်ရသည်။ တိဟောက်၏ မျက်လုံးများမှ နတ်အလင်းတို့ ဖြာထွက်လာသည်။ ထိုနတ်လူသားပုံရိပ်က သူ ဆင့်ခေါ်ထားခဲ့ခြင်း ဖြစ်သည်။ ၎င်းက ကောင်းကင်နှင့်မြေကြီးတို့ဖြင့် တသားတည်းဖြစ်နေခဲ့ပြီး ခုတ်ပိုင်းချက်ကို ပိတ်ဆို့တားဆီးထားခဲ့သည်။

သူက ရီဖူရှင်း၏ တိုက်ခိုက်မှုကြောင့် ထိခိုက်ထားသော်လည်း ၎င်းသည် သူ၏ ဂရုမစိုက်မှုကြောင့် ရရှိခဲ့သည့် ဒဏ်ရာဟု ပြောနိုင်ပေသည်။

နှစ်ကာလကြာရှည်စွာ ကျင့်ကြံခဲ့ပြီးနောက် သူသည် ဂျူနီယာတစ်ယောက်က သူ့ကို ထိခိုက်စေလိမ့်မည်ဟု မည်သည့်အခါကမှ ထင်မှတ်ထားမိခြင်းမရှိပေ။

ဘုန်း...

ခြိမ်းခြောက်နိုင်သည့် ဓားမော့က ကျဆင်းလာပြီး ကောင်းကင်ကို ပိတ်ဆို့တားဆီးထားသည်။ ဓားမော့စွမ်းအား၏ ပထမဆုံး ခုတ်ပိုင်းချက်နှင့်ပင် ကောင်းကင်က ပိုင်း​ဖြတ်ခံလိုက်ရပုံပေါ်ပြီး နတ်လူသားအနီးရှိ လေဟာနယ်က ဆက်လက်ပေါက်ကွဲထွက်လာသည်။

ဘန်း...

ယူချင်းက ရှေ့ကို တစ်လှမ်းလှမ်းလိုက်သည်။ ကောင်းကင်က တုန်ခါသွားပြီး မိစ္ဆာနတ်ဘရား၏ ပုံရိပ်က လေဟာနယ်ကို ​ဖြတ်သန်းလာသည်။ ထိုပုံရိပ်က ကျန်းတစ်ရာမျှ ရှည်လျားလာပေသည်။ တတိယခုတ်ပိုင်းချက် ကျရောက်လာသောအခါ ခုတ်ပိုင်းမှုများက ပေါင်းစပ်သွားသည်။ နောက်ဆုံးတွင် ပြင်းထန်သည့် ပေါက်ကွဲသံထွက်ပေါ်လာသောအခါ နတ်လူသားအနီးဝန်းကျင်မှ မဟာလမ်းစဥ်က ပြိုကျပျက်စီးသွားကာ လမ်းဖွင့်ပေးလိုက်သည်။ နတ်ဆိုးဓားမော့က ထိုလက်ဝါးကို ဖြတ်သန်းကာ ၎င်း၏ ပုံရိပ်အား ထိုးဖောက်လိုက်သည်။

တိဟောက်က နတ်လူသား နောက်တွင် ရပ်နေခဲ့ပြီး သူ၏ စွမ်းအားများကို နတ်လူသားပုံရိပ်အတွင်းသို့ အရူးအမူး ထည့်သွင်းပေးနေသည်။ သူသည် နောက်ထပ် ခုတ်ပိုင်းချက်တစ်ခု လာနေသည်ကို မြင်သောအခါ နောက်သို့ ပြန်ဆုတ်ခွာချင်ခဲ့သည်။ ကြောက်မက်ဖွယ် အရှိန်အဝါတို့က သူ့ကို ဝန်းရံထားပြီး သူ့ဘေးမှ စီနီယာက ယူချင်း၏ ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုကို ရှောင်ရှားရန် ပြင်ဆင်နေခဲ့သည်။ ကျောက်စိမ်းရောင်နတ်ရောင်ဝါတို့က ကောင်းကင်ကို ဖုံးလွှမ်းသွားကာ နယ်မြေတစ်ခု ဖြစ်ပေါ်လာသည်။

ရီဖူရှင်းကလည်း ထိုနှစ်ယောက်ထံ လျှောက်သွားခဲ့သည်။ တုန်ခါသံတို့ကို ကြားလိုက်ရပြီး သူ့လက်ထဲမှ ကြီးမားသော နတ်ဘုရားအုပ်စိုးလက်နက်က ကြီးမားသည့် ကောင်းကင်ခွင်းနတ်ဓားတစ်လက်ဖြစ်လာသည်။ ၎င်းက ရပ်တန့်၍ မရနိုင်အောင်ပင် ဖြစ်သည်။

တိဟောက်က တိုက်ခိုက်ပြီးနောက် ပြန်ဆုတ်ခွာချင်နေသည်လား။

သို့ဆိုလျှင် အလွန် လွယ်ကူနေမည် မဟုတ်ပါလား။ ရီဖူရှင်းသည် ယူချင်းနှင့် လက်တွဲမတိုက်ခိုက်ရသည်မှာ အချိန်အတော်ကြာနေပြီ ဖြစ်သည်။ ယခု သူတို့က အမြင့်ဆုံးအဆင့်သို့ အတူတကွ ဦးတည်နေကြပြီး အင်အားစုနှင့် ပူးပေါင်းကာ ပြိုင်ဘက်များကို ရင်ဆိုင်ရန် အခွင့်အရေးတစ်ခု ရရှိလာပြီ ဖြစ်ပေသည်။

မရေတွက်နိုင်သော နတ်ဓားများက မိုးရွာသလို ကျဆင်းလာ၏။ ကောင်းကင်ခွင်းနတ်ဓားဖြစ်လာသည့် နတ်ဘုရားအုပ်စိုးလက်နက်က ပို၍ ရပ်တန့်မရနိုင်အောင် ဖြစ်လာခဲ့သည်။ ဤမြင်ကွင်းသည် လူသားဘုံမှ ကျင့်ကြံသူများအား ကိစ္စများသည် အဆိုးဘက်သို့ ပြောင်းလဲသွားခဲ့ပြီဟု ခံစားမိစေခဲ့သည်။ ရီဖူရှင်းနှင့် ယူချင်းတို့နှစ်ယောက်လုံးက ထိပ်သီးအဆင့် တိုက်ခိုက်ရေးသမားများ ဖြစ်ကြသည်။ သူတို့၏ ပေါင်းစပ်ထားသော ခွန်အားနှင့် သူတို့က တိဟောက်နှင့် ထိုစီနီယာကို အနိုင်ယူနိုင်ပေသည်။

လူသားဘုံ၏ ကျင့်ကြံသူများက တစ်ယောက်ပြီးတစ်ယောက် ရှေ့တက်လာကာ ထိုတိုက်ပွဲကို ဝင်ရောက်စွက်ဖက်ရန် ကြိုးစားလိုက်သည်။

ဘုန်း...

ခြိမ်းခြောက်နိုင်သည့် နတ်ဆိုးကပ်ဘေးက ကောင်းကင်မှ ကျဆင်းလာသည်။ နတ်ဆိုးအင်ပါယာနန်းတော်မှ ကျင့်ကြံသူများက ရုတ်တရက် သူတို့ရှေ့၌ ပေါ်ပေါက်လာခဲ့သည်။ ကြောက်မက်ဖွယ် နယ်မြေတစ်ခုက ကျယ်ပြောသည့် လေဟာနယ်ကို လွှမ်းခြုံသွားသည်။ ယန်ကွေ့ရီက ဦးဆောင်ကာ သူက လက်ထဲမှ အင်ပါယာလက်နက်ဖြင့် လူသားဘုံ၏ ကျင့်ကြံသူများကို ညွှန်ပြလိုက်သည်။

သူတို့က တိုက်ခိုက်မှုကို စတင်ခဲ့သူများဖြစ်သော်လည်း ယခု သူတို့က ဝင်ရောက်စွက်ဖက်ချင်နေခဲ့သည်လား။

နတ်ဆိုးအင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည်လည်း တိုက်ပွဲ၌ ပါဝင်ရမည်ကို စိတ်မရှိချေ။ ယန်ကွေ့ရီ လှုပ်ရှားမှုပြုလုပ်ရန် နောက်ထပ် အကြောင်းပြချက် ရှိပေသည်။

ရီဖူရှင်းနှင့် ကောင်းကင်ဒေသတို့က အချင်းချင်း ရန်ငြိုးအာဃာတများ ရှိကြသော်လည်း လူသားဘုံနှင့် သက်ဆိုင်သော ကိစ္စမဟုတ်ပေ။ ဗုဒ္ဓကျင့်ကြံခြင်းကလန်များအတွက်မူ ရီဖူရှင်းက ရှန်းယန်ဗုဒ္ဓအရှင်ကို သတ်ဖြတ်ခဲ့သော်လည်း အဆင့်မြင့်ဗုဒ္ဓကျင့်ကြံသူများက စိတ်ထဲမထားကြချေ။ ရီဖူရှင်းက ဗုဒ္ဓတို့၏ ကောင်းချီးကို ရရှိခဲ့ပြီး ဗုဒ္ဓအားလုံး၏အရှင်သခင်က သူ့ကို ထောက်ပံ့ပေးထားသည်။ ကောလာဟလများက ပြောကြသည်မှာ သူသည် တစ်ချိန်က ဗုဒ္ဓအားလုံးအရှင်သခင်နှင့်အတူ ကျင့်ကြံခဲ့ဖူးသည်ဟု ဆိုကြသည်။

ဆေးဝါးဗုဒ္ဓအရှင်က ယနေ့တွင် တိုက်ခိုက်ခဲ့သော်လည်း ယန်ကွေ့ရီသည် တစ်ဖက်လူက ရီဖူရှင်းကို အဆုံးစွန်ထိ တွန်းအားပေးနေမည်ကို စိတ်ဝင်စားခြင်းမရှိပေ။ ရီဖူရှင်းက လူသားဘုံနှင့် ဆန့်ကျင်ဘက်တွင် ရပ်တည်သင့်သည်။ ၎င်းက မှော်နက်ဘုရင် အလိုရှိသည့်အရာပင် ဖြစ်သည်။ သူသည် ရီချင်းယောင်ကို အမိန့်ပေးကာ မှော်နက်စစ်တပ်မှ ကျင့်ကြံသူများကို ဦးဆောင်၍ စစ်ပွဲကို စတင်ရန် လှုံ့ဆော်ခဲ့သည်။ စစ်ပွဲအပြင် သူက ရီဖူရှင်းအား တစ်ဖက်ဖက်ကို ရွေးချယ်ရန် ဖိအားပေးချင်ခဲ့သည်။

ယန်ကွေ့ရီတွင်လည်း ထိုအကြံအစည်ရှိသည်။ စီဝေ့အင်ပါယာနန်းတော်နှင့် ရီဖူရှင်းက နောက်ပြန်ဆုတ်ရန် ရွေးချယ်စရာမရှိတော့လျှင် အကောင်းဆုံး ဖြစ်သည်။ ထို့နောက်မှသာ သူတို့က အမှန်တကယ် တစ်ဖက်ဖက်သို့ ရွေးချယ်နိုင်မည် ဖြစ်သည်။

သူတို့က လမ်းကို ပိတ်ဆို့လိုက်သည်နှင့် နတ်ဘုရားအုပ်စိုးလက်နက်က အောက်သို့ ကျဆင်းလာသည်။ တိဟောက်က ယူချင်း၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်နေခဲ့သည်။ လူသားဘုံမှ ထိုစီနီယာသည်လည်း လူသားဘုံ၏ ထိပ်သီးကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ သူက အင်ပါယာလက်နက်ကို ဆင့်ခေါ်ခဲ့ပြီး ကြီးမားသည့် ရှေးဟောင်းခေါင်းလောင်းတစ်ခု ချက်ချင်း ပေါ်ပေါက်လာသည်။ ၎င်းက အော်မြည်ရင်း ကောင်းကင်သို့ ဦးတည်သွားခဲ့သည်။ ချက်ချင်းပင် ခေါင်းလောင်းအသံက လေဟာနယ်တွင် ပဲ့တင်ထပ်လာပြီး ဖျက်ဆီးခြင်းအသံလှိုင်းက ကောင်းကင်ကို လွှမ်းခြုံလာ၏။ လူအများသည် ထိုအသံကို ကြားသည့်အခါ သူတို့၏ စိတ်ဝိညာဥ်များ ပြင်းထန်စွာ တုန်ယင်လာသည်ကို ခံစားမိခဲ့သည်။ သူတို့က တဖြေးဖြေးနှင့် အသိစိတ်များ ဆုံးရှုံးလာသလို ခံစားခဲ့ကြရသည်။

ရီဖူရှင်းသည်လည်း ရှေးဟောင်းခေါင်းလောင်းတွင် ပါဝင်သည့် နတ်စွမ်းအားကို ခံစားမိခဲ့သည်။ သို့သော် ကောင်းကင်ခွင်းနတ်ဓား ဖြစ်လာသည့် နတ်ဘုရားအုပ်စိုးလက်နက်က အောက်သို့ ဆက်လက်ကျဆင်းလာနေသည်။ ၎င်းက ကျယ်လောင်သော အသံနှင့်အတူ ရှေးဟောင်းခေါင်းလောင်းပေါ်သို့ ရိုက်ခတ်သွားကာ ထိတ်လန့်တုန်လှုပ်ဖွယ် လှိုင်းများကြောင့် နောက်သို့ လွင့်စင်ပျံသန်းသွားစေခဲ့သည်။

ဒုန်း...

နောက်ထပ် ကျယ်လောင်သော အသံတစ်ခုကို ကြားလိုက်ရသည်။ တစ်ဖက်လူက သူ၏ လက်ဝါးနှင့် တစ်ဖန် ရှေးဟောင်းခေါင်းလောင်းကို ရိုက်ချလိုက်သည်။ ၎င်းက ပို၍ပင် သိသာစွာ ကြီးမားလာခဲ့သည်။ အဆုံးမဲ့နတ်အလင်းတို့က ဆက်လက်ပေါက်ကွဲထွက်လာပြီး နတ်ဘုရားအုပ်စိုးလက်နက်ထံသို့ တိုးဝင်လာသည်။

ကလန်...

ကောင်းကင်ခွင်းနတ်ဓားက နတ်ဘုရားအုပ်စိုးလက်နက်ကို ပိတ်ဆို့တားဆီးလိုက်သည်။ တစ်ဖက်လူက ရီဖူရှင်းကို မော့ကြည့်လိုက်၏။ အင်ပါယာလက်နက်ဖြစ်သည့် ရှေးဟောင်းခေါင်းလောင်းက တောက်ပသည့်အလင်းများ ပေါက်ကွဲထွက်လာကာ ရီဖူရှင်းထံ တိုးဝင်သွားသည်။

ထို့နောက် တိဟောက်က ကြောက်မက်ဖွယ် မျက်လုံးတစ်စုံကို မြင်လိုက်ရသည်။ ၎င်းတို့က ရီဖူရှင်း၏ မျက်လုံးများဖြစ်ပြီး မြစိမ်းရောင်အလင်းတို့ ပါဝင်နေသည်။ အကြည့်တစ်ချက်နှင့် ထိုမျက်လုံးများက သူ့ကို မှော်မျက်လုံးပညာနယ်မြေသို့ ခေါ်ဆောင်သွားသည်။ လူသားဘုံမှ စီနီယာသည် သူက ရီဖူရှင်း၏ မှော်မျက်လုံးပညာနယ်မြေ​ဖြစ်သော နောက်ထပ်လောကတစ်ခုအတွင်း ဝင်ရောက်သွားသည်ကို ခံစားမိခဲ့ပေသည်။

သူက အန္တရာယ်ကို ခပ်ရေးရေး ခံစားလိုက်သည်။ နတ်ဆိုးအင်ပါယာနန်းတော်မှ ကျင့်ကြံသူများက ချက်ချင်းပင် လှုပ်ရှားလိုက်ကြပြီး လူသားဘုံ၏ စစ်ကူများကို ပိတ်ဆို့ထားလိုက်သည်။ ယူချင်းနှင့် ရီဖူရှင်းတို့က အတူတကွ တိုက်ခိုက်နေခဲ့ပြီး သက်ညှာမှုထားခဲ့ခြင်းမရှိပေ။ သူတို့၏ တိုက်ခိုက်မှုက အလွန် လွှမ်းမိုးနိုင်စွမ်းရှိသည်။ နတ်ဆိုးဓားမော့ဖြင့် ယူချင်း၏ အစွမ်းထက်တိုက်ခိုက်မှုက တိဟောက်ကို အာရုံအနည်းငယ်မျှပင် မပျံ့လွင့်ရဲအောင် ဖြစ်စေသည်။ ရီဖူရှင်းအတွက်မူ တိဟောက်သည် သူ့ထံမှ လာနေသည့် ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်တို့ကို ခံစားမိနေခဲ့သည်။

ဗုဒ္ဓအသံက မှော်မျက်လုံးပညာနယ်မြေအတွင်း ရုတ်တရက် ထွက်ပေါ်လာသည်။ ၎င်းက လေဟာနယ်ကို ပြည့်နှက်နေစေခဲ့သည်။ သူသည် ရီဖူရှင်းကို ရှေးဟောင်းခေါင်းလောင်းနှင့် တိုက််ခိုက်ချင်နေခဲ့သည်။ သို့သော် ဗုဒ္ဓအသံက မဟာလမ်းစဥ်၏ မန္တာန်ကဲ့သို့ပင် ဖြစ်သည်။ ယင်းက သူ့ကို အလွန်မသက်မသာ​ဖြစ်စေခဲ့သည်။ တစ်ချိန်တည်းတွင် ဗုဒ္ဓများက ကောင်းကင်တွင် ထွက်ပေါ်လာသည်။ အမျိုးမျိုးသော ဗုဒ္ဓများက အဆက်မပြတ် တိုက်ခိုက်လာပြီး အားလုံးသော ကောင်းကင်ဗုဒ္ဓချိပ်စည်းကို ဖော်ဆောင်လိုက်ကြသည်။

စီနီယာက သူ၏ လက်များကို အုပ်ချီကာ ဗုဒ္ဓကျင့်ကြံသူများကဲ့သို့ ပြုလုပ်လိုက်သည်။ ကျယ်လောင််သည့် ထိခတ်သံက လေဟာနယ်တစ်ခွင် ပဲ့တင်ထပ်လာသည်။ မရေတွက်နိုင်သော ရှေးဟောင်းခေါင်းလောင်းများက ရှေးဟောင်းကောင်းကင်ဗုဒ္ဓ၏ ကြီးမားသော ချိပ်စည်းတံဆိပ်နှင့် ထိခတ်သွားခြင်း ဖြစ်သည်။

တစ်ချိန်တည်းတွင် ရီဖူရှင်းက ကောင်းကင်ကို ဖုံးလွှမ်းအောင် ကြီးမားသည့် နတ်ဘုရားအုပ်စိုးလက်နက်ကို ဝှေ့ယမ်းလိုက်သည်။

စီနီယာက ထိုလက်နက်၏ အရိပ်ကို မြင်သောအခါ ထွက်ပေါ်လာသည့် အန္တရာယ်ကို ပြင်းထန်စွာ ခံစားမိလိုက်သည်။

All Chapters