← Chapters

ငရဲက ဗဟာလင်းလင်း မဖြစ်သေးသ၍ ကျုပ်တို့ ရပ်တန့်မည်မဟုတ်

Vol. 194 Ch. 2771

ငရဲက ဗဟာလင်းလင်း မဖြစ်သေးသ၍ ကျုပ်တို့ ရပ်တန့်မည်မဟုတ်

Vol. 194 Ch. 2771

ထန်း...

နောက်ထပ် ထိခတ်သံတစ်သံကို ကြားလိုက်ရပြီး ရှေးဟောင်းခေါင်းလောင်းသည် ဧရာမရွှေခေါင်းလောင်းကြီးအဖြစ် ကြီးထွားလာကာ အကြီးအကဲ၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။ မဟာအင်ပါယာအဆင့်လက်နက်ပေါ်တွင် တလက်လက်တောက်ပနေသော နတ်အလင်း စီးဆင်းလာ၏။ ၎င်းသည် ဖျက်ဆီး၍ မရနိုင်ပေ။

နတ်ဘုရားအုပ်စိုးလက်နက်သည် မဟာအင်ပါယာအဆင့်လက်နက်ကို ထိခတ်သွားသည်။ ကျယ်လောင်သံ ထိခတ်သံတစ်သံ ထပ်မံ ထွက်ပေါ်လာပြီး မဟာအင်ပါယာအဆင့်လက်နက် ရှေးဟောင်းခေါင်းလောင်းကြီးကို အောက်ဘက်သို့ ပျံဆင်းသွားစေ၏။ စက်ကွင်းတစ်ခုလုံး တုန်ခါသွား၏။ ရှေးဟောင်းခေါင်းလောင်းသည် အကြီးအကဲဆီသို့ ပျံဝင်သွားသည်။ သို့သော် အကြီးအကဲသည် ၎င်းနှင့်အတူ လိုက်ရွေ့လျားသွားသည်။ သူ့ခန္ဓာကိုယ်အတွင်းရှိ မဟာလမ်းစဉ်စွမ်းအားသည် ခေါင်းလောင်းနှင့် တစ်သားတည်းဖြစ်သွားပြီး ခေါင်းလောင်းသည် သူ့ကို ကာကွယ်ပေးနေသည်။

အချို့လူများသည် ထိုမြင်ကွင်းကို မြင်လိုက်သောအခါ ၎င်းက တိုက်ခိုက်ခြင်းနှင့် ခုခံခြင်း နှစ်မျိုးစလုံး အသုံးပြု၍ရသော မဟာအင်ပါယာအဆင့်လက်နက်တစ်ခုဖြစ်သည်ဟု တွေးလိုက်ကြသည်။ အကယ်၍ သူတို့အတွေးသာ မှန်လျှင် အကြီးအကဲကို အနိုင်ယူရန် မဖြစ်နိုင်လောက်ပေ။ ရီဖူရှင်းတွင် စွမ်းအားကြီး တိုက်ခိုက်စွမ်းရည် ရှိသော်လည်း မဟာအင်ပါယာအဆင့်လက်နက်တစ်ခုကို ဖျက်ဆီးပစ်ရန်အတွက်မူ များစွာလိုပေးသေးသည်။ သူ့အတွက် အကြီးအကဲ၏ ခံစစ်ကို ထိုးဖောက်ရန် မဖြစ်နိုင်ချေ။

သို့သော် ရီဖူရှင်းသည် အေးစက်စက် နှာမှုတ်လိုက်၏။ နတ်ဘုရားအုပ်စိုးလက်နက်၏ အလင်း ဖြာထွက်လာပြီး ဧရာမအကွင်းကြီးတစ်ခု ဖြစ်ပေါ်လာကာ ရှေးဟောင်းခေါင်းလောင်းကို ဝန်းရံသွားသည်။ အကွင်းထံမှနေ၍ အာကာသမဟာလမ်းစဉ်၏ နတ်အလင်း ဖြာထွက်လာ၏။

သူ ဘာလုပ်နေခြင်းနည်း။ လူများစွာသည် မျက်မှောင်ကြုတ်၍ တွေးလိုက်ကြသည်။ ထိုအကွင်းသည် ဆက်၍ ပြန့်ကားနေပြီး ရှေးဟောင်းခေါင်းလောင်းကို ဝါးမျိုသွားတော့သည်။ ခေါင်းလောင်းသည် တဖြည်းဖြည်း အကွင်းထဲ နစ်မြုပ်သွားသည်။ ရှေးဟောင်းခေါင်းလောင်သည် ခံစစ်အနေအထား ဖြစ်နေသဖြင့် ၎င်း၏တိုက်ခိုက်စွမ်းအားကို မသုံးနိုင်သေးပေ။ ၎င်းသည် အကွင်းကို မဖျက်ဆီးနိုင်သလို တားလည်းမတားဆီးနိုင်ချေ။ ၎င်းသည် တဖြည်းဖြည်းချင်း ဝါးမျိုမှုကိုသာ ခံနေရလေသည်။

ရှေးဟောင်းခေါင်းလောင်သည် အကွင်းအတွင်းသို့ နစ်ဝင်နေပြီး အကွင်းအတွင်း နစ်ဝင်သွားပြီးသော ၎င်း၏အစိတ်အပိုင်းများသည် ပျောက်ကွယ်သွားကြလေသည်။ ၎င်းတို့သည် ဤအာကာပြင်တွင် ဆက်မရှိတော့ဟု ထင်ရ၏။

မဟာအင်ပါယာအဆင့်လက်နက်အတွင်းရှိ အကြီးအကဲ၏မျက်နှာထားသည် အနည်းငယ် ပြောင်းလဲသွား၏။ သူ၏ပြိုင်ဘက်သည် အမှီအခိုကင်း အာကာသမဟာလမ်းစဉ်ဖြင့် သူ၏မဟာအင်ပါယာအဆင့်လက်နက်ကို ဝါးမျိုနေသည်။ သူ ထိုအချက်ကို သဘောပေါက်သွားသောအခါ အာကာသအကွင်းသည် သူနှင့်အတူ ခေါင်းလောင်းကို ဝါးမျိုနေပေပြီ။ ရှေးဟောင်းခေါင်းလောင်းနှင့် ၎င်းအတွင်းရှိ အကြီးအကဲတို့ ပျောက်ကွယ်သွားသည်။ အကွင်းသာ ကျန်ခဲ့သည်။ ၎င်းတွင် ၎င်း၏ အမှီအခိုကင်း ကိုယ်ပိုင်အာကာပြင်ရှိပြီး ခေါင်းလောင်းနှင့် အကြီးအကဲကို ဝါးမျိုပစ်ခဲ့ပေသည်။ ရီဖူရှင်း သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ အာကာသစွမ်းအား ရုတ်ခြည်း ထွက်ပေါ်လာ၏။ အကွင်းသည် ချက်ချင်း အာကာပြင်ကို ဖြတ်သန်းသွားပြီး ၎င်း၏ မူလနေရာမှ ပျောက်ကွယ်သွားသည်။ ၎င်းသည် ရီဖူရှင်းကြောင့် အဝေးတစ်နေရာသို့ ပျောက်ကွယ်သွားပုံပင်။ ၎င်းသည် ၎င်းနှင့်အတူ အကြီးအကဲနှင့် မဟာအင်ပါယာအဆင့်လက်နက်ကိုလည်း ခေါ်ဆောင်သွားသည်။

ရလဒ်အနေဖြင့် ယခင်က နှစ်ယောက်ချင်း တိုက်ခိုက်နေသည့်အဖြစ်မှ နှစ်ယောက်၊ တစ်ယောက် တိုက်ခိုက်သော အခြေအနေဖြစ်သွားသည်။ ရီဖူရှင်းနှင့် ယူချင်းတို့ နှစ်ယောက်စလုံးရှိနေသေးသော်လည်း လူသားဘုံဘက်တွင်မူ တိဟောက်တစ်ယောက်သာ ကျန်တော့ပေသည်။

ယူချင်းနှင့် ရီဖူရှင်းတို့နှစ်ယောက်စလုံးသည် စွမ်းအားကြီး ပြိုင်ဘက်များ ဖြစ်ကြသည်။ တိဟောက်သည် ယူချင်းတစ်ယောက်တည်းနှင့် ရင်ဆိုင်နေရသည်ပင် သူ့အတွက် ခက်ခဲနေပြီဖြစ်သည်။ အကယ်၍ ယခုတွင် ရီဖူရှင်းပါ ဝင်ပါလာလျှင် ရလဒ်သည် မည်သို့ ဖြစ်မည်နည်း။

ရီဖူရှင်းသည် နတ်ဘုရားအုပ်စိုးလက်နက်ကို ကိုင်ဆွဲ၍ ရှေ့သို့ ထွက်လာသည်။ သူ့ခန္ဓာကိုယ်မှနေ၍ မဟာလမ်းစဉ် ဝိညာဉ်စွမ်းအားသည် အရှိန်အဟုန်ဖြင့် ထွက်လာ၏။ ထိုမတိုင်ခင်က သူနှင့်တိဟောက်၏ တိုက်ပွဲကို အကြီးအကဲက ဝင်ရှုပ်ခဲ့သဖြင့် နှစ်ယောက်ချင်း တိုက်ပွဲဖြစ်လာခဲ့သည်။ ယခုတွင် တစ်ယောက်သည် ရီဖူရှင်း၏ အဝေးသို့ ပို့ခြင်းကို ခံလိုက်ရပြီဖြစ်၍ သူ ညှာတော့မည် မဟုတ်ပေ။

သူတို့သည် လောကဖျက်ဆီး အရှိန်အဝါ ပါဝင်သော မှော်နက်ဒီမွန်းဓားများကို ကိုင်ဆောင်ထားကြရာ ကြောက်မက်ဖွယ် အကောင်းဆုံး ဒီမွန်းများဟု ထင်ရသည်။ သူတို့သည် ကောင်းကင်ဒီမွန်း၏ ခုတ်ချက်ကိုးချက်ကို ထုတ်လွှတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ယူချင်းသည် တိဟောက်အရှေ့တွင်ရပ်ကာ ဒီမွန်းအရှင် ဖြစ်လာ၏။ သူ၏ မည်းနက်နေသောမျက်လုံးများသည် ကြောက်မက်ဖွယ်ကောင်းလှသည်။

ထိုကဲ့သို့သော အခြေအနေများအောက်တွင် တိဟောက်သည် ယူချင်းနှင့် ရင်ဆိုင်နေရသည်ပင် အာရုံများနေရပြီဖြစ်သည်။ သူသည် ရီဖူရှင်းကို အာရုံမစိုက်နိုင်ပေ။

လူသားဘုံမှ ကျင့်ကြံသူများသည် ထိုမြင်ကွင်းကို မြင်လိုက်သောအခါ မျက်နှာပျက်သွားကြသည်။ သူတို့သည် ထိုနေရာသို့သွား၍ ကူညီပေးလိုကြ၏။ သို့သော် ယန်ကွေ့ရီနှင့် အခြားသူများသည် သာမန်ကျင့်ကြံသူများ မဟုတ်ကြပေ။ နတ်ဆိုးအင်ပါယာနန်းတော်ဘက်မှ ကျင့်ကြံသူများသည် အားနည်းသူများ မဟုတ်ကြချေ။ သူတို့သည် လူသားဘုံမှ ကျင့်ကြံသူများကို ထိန်းထားပြီး ထိုကျင့်ကြံသူများ ယူချင်း၏ တိုက်ပွဲတွင် ဝင်မရှုပ်နိုင်အောင် တားဆီးပေးနေကြသည်။

ဝုန်း...

ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်သံနှင့်အတူ နတ်ဘုရားအုပ်စိုးလက်နက်သည် လူသားနတ်ဘုရားကို ထပ်မံ ထိမှန်သွားပြီး လူသားနတ်ဘုရား ကွဲအက်ပျက်စီးသွားသည်။ ရီဖူရှင်း တိုက်ခိုက်လိုက်ပေပြီ။

အကြည့်များစွာသည် ရီဖူရှင်းရပ်နေသောနေရာပေါ်သို့ ကျရောက်လာကြသည်။ သူ၏တိုက်ခိုက်မှုများသည် အဆက်မပြတ် ကျဆင်းလာ၏။ လူသားနတ်ဘုရား၏ ဝိညာဉ်ပုံရိပ်များအားလုံး ဖျက်ဆီးခံလိုက်ရလေသည်။

မြင့်မားသော ကောင်းကင်ထက်တွင် ယူချင်း၏ဓားနှင့် ရီဖူရှင်း၏နတ်ဘုရားအုပ်စိုးလက်နက် နှစ်ခုစလုံး ခုတ်ဖြတ် ကျဆင်းလာသည်။

ဒုန်း...

ထိခတ်သံ ခပ်အုပ်အုပ်တစ်သံကို ကြားလိုက်ရ၏။ လူသားနတ်ဘုရားသည် ၎င်း၏စွမ်းအားကို အဆုံးစွန် ထုတ်လွှတ်ထားသော်လည်း ထိပ်သီးပါရမီရှင် နှစ်ယောက်၏ ပူးပေါင်းတိုက်ခိုက်မှုကို တောင့်မခံနိုင်ပေ။ တိဟောက်သည် အပြင်သို့ လွင့်ပျံထွက်သွားသည်။ သူသည် ခပ်အုပ်အုပ် ညည်းတွားလိုက်ပြီး သွေးအန်လိုက်သည်။

ယူချင်းသည် သူ၏တိုက်ခိုက်မှုများကို မရပ်တန့်လိုက်ဘဲ ဓားဖြင့် နောက်တစ်ချက် ခုတ်ချလိုက်သည်။ တိဟောက်သည် လူသားနတ်ဘုရားဖြစ်လာပြီး ဧရာမကြီး ဖြစ်သွားသည်။ သူ့ထံမှ နတ်စွမ်းအား ထွက်ပေါ်လာပြီး သူ့အပေါ်ကျဆင်းလာသည့် ဒီမွန်းဓားကို ဖမ်းရန် ကြိုးစားလိုက်သည်။ သို့သော် သူသည်လည်း ကြောက်မက်ဖွယ်စွမ်းအားတစ်ခုကို တောင့်ခံရမည်ဖြစ်သည်။

သူသည် အာကာပြင်အပေါ်မှီခိုပြီး ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားသည် သူ၏ကိုယ်ပိုင်စွမ်းအားဖြစ်လာသည်။ သူသည် သူ့ပတ်ပတ်လည်တွင် မဟာလမ်းစဉ်နံရံတစ်ခု ဖန်တီးလိုက်သည်။ ထိုနေရာရှိ ကောင်းကင်သည် သူ၏ကိုယ်ပိုင်ခန္ဓာကိုယ်ဖြစ်လာသည်။ ၎င်းသည် နတ်ရောင်ဝါများဖြင့် လင်းလက်လာ၏။

အာကာပြင်သည်ပင် တွန့်လိန်သွားသည်ဟု ထင်ရပြီး ရီဖူရှင်းထံ ဦးတည်သွားသည်။

ရီဖူရှင်းသည် ထိုအခြင်းအရာကို မြင်သော်လည်း မရပ်တန့်လိုက်ပေ။ သူသည် နတ်ဘုရားအုပ်စိုးလက်နက်ကို ဝှေ့ယမ်းလိုက်ပြီး စက်ကွင်းတစ်ခု ဖန်တီးလိုက်၏။ သူသည် အကြွင်းမဲ့အာကာပြင်ထဲတွင် ရပ်နေလိုက်ပြီး ပြင်ပမှလွှမ်းမိုးမှုများသည် သူ့အပေါ် မသက်ရောက်နိုင်ပေ။ နတ်ဘုရားအုပ်စိုးလက်နက်သည် အပြင်းအထန် ခုတ်ချလိုက်ပြီး တွန့်လိန်နေသော အာကာပြင်ကို ဖျက်ဆီးပစ်လိုက်သည်။ ထို့နောက် ၎င်းသည် မဟာလမ်းစဉ်နံရံကို ထိမှန်သွားပြီး လူသားနတ်ဘုရားဝိညာဉ်ပုံရိပ်ကို နောက်တစ်ကြိမ် ထပ်မံ သွေးအန်သွားစေ၏။ ၎င်း၏မျက်နှာသည် ဖြူဖျော့လာပေသည်။

ဒီမွန်းဓားသည်လည်း ဆက်၍ကျဆင်းလာပြီး အာကာပြင်ကို ဝါးကိုခွဲသကဲ့သို့ ထိုးခွဲလာသည်။ ရီဖူရှင်း၏ နတ်ဘုရားအုပ်စိုးလက်နက်သည်လည်း ထပ်မံ ပျံထွက်လာပြီး လူသားနတ်ဘုရားထံ ဦးတည်သွားသည်။ သူတို့သည် တိဟောက်ကို တုန်လှုပ်အောင်လုပ်ရန် ဆုံးဖြတ်ပြီးပေပြီ။

ဝုန်း...ဝုန်း...ဝုန်း...

အဆုံးမဲ့ စွမ်းအားကြီးတိုက်ခိုက်မှုများသည် အဆက်မပြတ် ကျဆင်းလာသည်။ အာကာပြင်သည်လည်း ဆက်တိုက် ပေါက်ကွဲနေသည်။ လူသားနတ်ဘုရား၏ ပုံရိပ်သည် ကျယ်လောင်သော ပေါက်ကွဲသံတစ်သံနှင့်အတူ ကွဲအက်ပျက်စီးသွားသည်။ တိဟောက်သည် သူ၏မူလပုံစံ ပြန်ပြောင်းသွားပြီး အဝေးသို့ လွင့်ပျံထွက်သွားသည်။ သူ သွေးများ ဆက်တိုက် အန်နေ၏။ သူသည် တော်‌တော်လေး တိုက်ခိုက်ခံခဲ့ရပြီးဖြစ်သည်။ သူ၏ ဒဏ်ရာများသည် ပြင်းထန်နေပြီးဖြစ်သည်။

ယူချင်းနှင့် ရီဖူရှင်းတို့သည် ဆက်၍ တိုက်ခိုက်လိုနေပေသေးသည်။ သို့သော် ဗုဒ္ဓအလင်းတောက်ပလာပြီး ထိုအလင်းသည် တိဟောက်၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားကြောင်း သူတို့တွေ့လိုက်၏။ ထို့နောက်တွင် သူ့ခန္ဓာကိုယ်သည် သူ၏မူလနေရာမှ‌ ပျောက်ကွယ်သွားသည်။

သူတို့သည် အခြားတစ်ဘက်ကို ကြည့်လိုက်ရာ လက်အုပ်ချီထားသည့် ဗုဒ္ဓအရှင်တစ်ပါးကို တွေ့လိုက်ကြရလေသည်။

“ဝူထျန်းဗုဒ္ဓအရှင်”

ရီဖူရှင်းသည် ထိုဗုဒ္ဓအရှင်ကို နှုတ်ဆက်လိုက်ပြီး တိဟောက်နောက်ကိုလည်း ဆက်မလိုက်,လိုက်တော့ပေ။ အတိတ်တွင် ဝူထျန်းဗုဒ္ဓအရှင်သည် သူ့အပေါ် ကြင်နာခဲ့ပေသည်။ ရီဖူရှင်း ကျင့်ကြံခဲ့သော ဗုဒ္ဓရောင်ဝါခြေလှမ်းသည် ဝူထျန်းဗုဒ္ဓအရှင်ဆီမှ ရရှိခဲ့ခြင်းပင်။ သို့သော် ဝူထျန်းဗုဒ္ဓအရှင်က တိဟောက်ကို ကယ်လိုက်သဖြင့် ရီဖူရှင်း အံ့အားသင့်နေသည်။

“အော်မီထောဖော...”

ဝူထျန်းဗုဒ္ဓအရှင်သည် လက်အုပ်ချီ၍ ရွတ်ဆိုလိုက်သည်။ ထို့နောက် သူပြောလိုက်၏။

“ဒကာလေးရီ... ကျေးဇူးပြုပြီး သူ့ကို ချမ်းသာပေးလိုက်ပါ”

ရီဖူရှင်းမှာလည်း လက်အုပ်ချီလိုက်ပြီး ပြောလိုက်၏။

“ဗုဒ္ဓအရှင်... ဘာတွေဖြစ်ခဲ့တာလဲဆိုတာ ဗုဒ္ဓအရှင်မြင်လိုက်မယ်လို့ တပည့်တော်ထင်တယ်။ တပည့်တော်က သူ့ကို အရင်တိုက်ခိုက်ခဲ့တာ မဟုတ်ပါဘူး။ သူ့ရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေကြောင့်သာ တပည့်တော်က ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ဖိအားပေးခံရတာပါ”

“ဒီစစ်ပွဲကြောင့် ကျင့်ကြံခြင်းလောကမှာ မရေမတွက်နိုင်တဲ့ သေဆုံးမှုတွေ သေချာပေါက် ဖြစ်လာဦးမှာပဲ။ ဒကာလေးရီက ဒီစစ်ပွဲကို ရပ်တန့်နိုင်လိမ့်မယ်လို့ ကိုယ်တော် မျှော်လင့်ပါတယ်”

ဝူထျန်းဗုဒ္ဓအရှင်က တိုက်တွန်းလိုက်သည်။ သူသည် သနားကရုဏာ အပြည့်ရှိပြီး သက်ရှိအားလုံးအပေါ် မေတ္တာထားပေသည်။

ရီဖူရှင်းက ပြန်ပြောလိုက်၏။

“ဒီစစ်ပွဲက တပည့်တော်ဘာသာ ရပ်တန့်နိုင်တဲ့ အရာတစ်ခု မဟုတ်ပါဘူး။ ဘုံခုနစ်ခုမှာ တပည့်တော်ရဲ့ စကားကို ဘယ်သူကများ နားထောင်မှာပါလဲ”

“ဝူထျန်းဗုဒ္ဓအရှင်... ဗုဒ္ဓလောက,က ဘုံခုနစ်ခုကြားကစစ်ပွဲ ဖြစ်ပေါ်လာရတဲ့အကြောင်းကို ကောင်းကောင်းသိတယ်။ အခု ဘာလို့ စစ်ပွဲတစ်ပွဲ ရှိနေရတာပါလဲ”

ယန်ကွေ့ရီသည်လည်း တိုက်ခိုက်မှုကို ရပ်တန့်လိုက်ပြီဖြစ်သည်။ သူသည် ဝူထျန်းဗုဒ္ဓအရှင်ကိုကြည့်၍ မေးလိုက်သည်။

“ကောင်းကင်လမ်းစဉ် ပြိုပျက်ပြီးသွားတဲ့နောက် ကျင့်ကြံခြင်းလောက,က အားလုံးနဲ့ သက်ဆိုင်ရမှာလေ... ဒါပေမဲ့ ဘာလို့ နတ်ဆိုးလောက,က နတ်ဆိုးချောက်ကမ်းပါးအောက်မှာ ပိတ်မိနေရတာလဲ။ နတ်ဆိုးချောက်ကမ်းပါးကြောင့် ကျုပ်တို့ မရေမတွက်နိုင်တဲ့ နှစ်တွေကြာအောင် ဒုက္ခခံစားခဲ့ရတယ်”

ဝူထျန်းဗုဒ္ဓက ပြန်ဖြေ၏။

“ဒုက္ခခံစားရတယ်ဆိုတာလည်း ဘဝရဲ့ တစ်စိတ်တစ်ပိုင်းပဲ။ ဒကာကြီးယန်ပြောတဲ့ကိစ္စက ကိုယ်တော် ဖြေရှင်းပေးလို့ရတဲ့ ကိစ္စမဟုတ်ပါဘူး။ တကယ်လို့ မိုးမြေကသာ စွမ်းအားကြီးလူတစ်ယောက်ကို မွေးထုတ်ပေးခဲ့ရင် သူက ဒကာကြီးရဲ့ ဘေးဒုက္ခကနေပြီး ဒကာကြီးကို ကယ်တင်နိုင်လောက်မှာပါ”

ယန်ကွေ့ရီ ဆက်ပြောလိုက်၏။

“အဲဒီလိုဆို ဘုံတစ်ခုစီက နတ်ဆိုးချောက်ကမ်းပါးကို အလှည့်ကျ စောင့်ကြပ်မှ မျှတမယ်မဟုတ်လား။ ဗုဒ္ဓဆိုရိုးစကားတစ်ခု ရှိတယ်မလာ... ငါမှ ငရဲကို မသွားရင် ဘယ်သူသွားမလဲ ဆိုတာလေ။ အဲဒါက ဒီအတိုင်း လူကြားကောင်းအောင် ပြောတဲ့ စကားသပ်သပ်ပဲလား”

ဝူထျန်းဗုဒ္ဓက မည်သို့မှ ပြန်မပြောလိုက်ပေ။

“ငရဲက ဗလာဟင်းလင်း မဖြစ်သေးသ၍ နတ်ဆိုးလောကက,က ရပ်တန့်မှာ မဟုတ်ဘူး”

ယန်ကွေ့ရီသည် ရေခဲတမျှအေးစက်သောအသံဖြင့် ပြောလိုက်လေသည်။

All Chapters