ကျို့ကျွမ်သွေးနီရောင်ဆေးလုံး
Vol. 57 Ch. 790
“အဲ့ဒါက တကယ့်ကို ဝိညာဉ်ချိတ်ဆက် မူလရတနာပဲ”
ကျန်းရီနှင့် လုလင်းတို့သည် လက်ရှိတွင် ထူးဆန်းသော အာကာသနယ်မြေတစ်ခုထဲ၌ ရှိနေကြသည်။ ထိုနယ်မြေသည် ကြီးမားသည်ဟု မဆိုနိုင်ပေ။ အချင်းဝက် မိုင်တစ်သိန်းကျော်သာ ရှိပေသည်။ ယင်းနယ်မြေသည် ခြောက်ကပ်နေသဖြင့် မရေမတွက်နိုင်သော တိုက်ပွဲများကို နှစ်ပေါင်းများစွာ ခံခဲ့ရကြောင်း ထင်ရှားသည်။
ဝှစ်...ဝှစ်...
မူလသံလက်နက်က မည်သည့် အတွင်းအားတိုက်ခိုက်မှုကိုမှ မထုတ်လွှတ်လိုက်ပေ။ ၎င်းသည် မီတာရာချီရှည်လာပြီး အချင်း(၁၃)မီတာကျော် ကြီးလာခြင်းသာ။ ၎င်းက အားကောင်းသော အရှိန်အဝါဖြင့် ကျန်းရီကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။ လုလင်းသည် ကျန်းရီ သေသွားမည်ဆိုး၍ အစွမ်းကုန်မထုတ်သုံးလိုက်ကြောင်း သိသာပေသည်။ သူသည် မဆင်မခြင် မတိုက်ခိုက်ဝံ့ပေ။
ရွှီး...
ကျန်းရီ တုံ့ပြန်နှုန်းက အလွန်လျင်မြန်၏။ ဧရာမသံလက်နက်ကြီး မရောက်လာခင်မှာပင် သူ၏ခန္ဓာကိုယ်က အဖြူရောင်အလင်း တောက်ပသွားပြီး ရုတ်ခြည်း အဝေးသို့ ရောက်သွားလေသည်။ သူသည် လုလင်း၏ ဘယ်ဘက်ခြမ်း သုံးကီလိုမီတာကျော်ကျော်တွင် ပြန်ထွက်ပေါ်လာ၏။ သူသည် လက်ထဲတွင် ကောင်းကင်ကိုးဘုံ နဂါးမီးတောက်ကို စုစည်းလိုက်ပြီး လုလင်းထံသို့ လက်ဝါးရိုက်ချက်တစ်ချက် ပစ်သွင်းလိုက်သည်။
“နတ်ဘုရားဒိုင်း...”
လုလင်းက ချက်ချင်း နတ်ဘုရားဒိုင်းကို ထုတ်လိုက်၏။ သူ့တစ်ကိုယ်လုံး တောက်ပစွာ လင်းလက်လာသည်။ သူသည် နဂိုကတည်းက ချောမောခံ့ညားသူဖြစ်သဖြင့် ယခုလို တောက်ပလာပြီး ဧရာမသံလက်နက်ကြီးကို လက်နှစ်ဘက်ဖြင့်ကိုင်ထားရာ နတ်ဘုရားတစ်ပါးကဲ့သို့ ထင်ရလေသည်။
ဝုန်း...
ဧရာမသံလက်နက်ကြီး ကျဆင်းသွားသောအခါ ကျန်းရီရပ်နေခဲ့သော တောင်ထွတ်သည် အလယ်မှ ထက်ခြမ်းကွဲသွားလေသည်။ တောင်ထက်ခြမ်းကွဲသွားပြီးနောက် မြေများ၊ ကျောက်တုံးများ ပြိုကျသွားပြီး ကောင်းကင်ထက်သို့ ဖုန်မှုန့်များ တထောင်းထောင်းတက်သွားသည်။ မူလသံလက်နက်၏ စွမ်းအားက အမှန်ပင် အံ့အားသင့်စရာကောင်း၏။ ထို့ပြင် လုလင်းသည် ၎င်းကို တစ်ခဏသာ သန့်စင်ရသေးပေသည်။ အကယ်၍ သူသာ ၎င်းကို အပြည့်အဝ သန့်စင်နိုင်ခဲ့လျှင် စွမ်းအားက သေချာပေါက် အစပေါင်းများစွာ တိုးလာမည်ဖြစ်သည်။
“ဟွန်း...”
ကောင်းကင်ကိုးဘုံ နဂါးမီးတောက်၏ အပူချိန်က လွန်စွာမြင့်၏။ သို့သော် လုလင်းသည် ၎င်းကို နတ်ဘုရားဒိုင်းဖြင့် ကာနိုင်ပေသည်။ သူသည် မူလသံလက်နက်ကို ဆုပ်ကိုင်ကာ အလျားလိုက် လွှဲယမ်းလိုက်၏။ ဤတစ်ကြိမ်တွင်မူ သူ တာအိုပုံသဏ္ဌာန် ထည့်သုံးလိုက်သည်။ မူလသံလက်နက်မှနေ၍ ရွှေရောင်အလင်းတန်းတစ်ခု ဖြာထွက်သွား၏။ ယင်းက အာကာပြင်ကို တုန်ခါဂယက်ထသွားစေသည်။ ထို့နောက် ရွှေရောင်အလင်းတန်းသည် တစ်ခုမှ နှစ်ခု၊ နှစ်ခုမှလေးခု စသည့်ဖြင့် အဆက်မပြတ် ကွဲထွက်သွား၏။ တစ်ခဏအတွင်းမှာပင် ရွှေရောင်အလင်းတန်းပေါင်းများက သောင်းချီသွားပြီး ကျန်းရီကို ဝန်းရံလိုက်ကြသည်။
“လေအသင်္ချေ၊ သတ္တုစွမ်းအား၊ အာကာပြင်တုန်ခါမှု...”
ကျန်းရီက တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။ ၎င်းသည် သာမန်စွမ်းအားသာရှိသည့် အလယ်အလတ်အဆင့် တာအိုပုံသဏ္ဌာန်ဖြစ်သော်လည်း ဝိညာဉ်ချိတ်ဆက် မူလရတနာကို သုံးကာ ထုတ်လွှတ်လိုက်ခြင်းဖြစ်သဖြင့် စွမ်းအားက အဆအနည်းငယ် တိုးတက်သွားခြင်းပင်။ အကယ်၍ ကျန်းရီတွင်သာ မိုးကြိုးမီးနတ်ဘုရားဒိုင်းမရှိလျှင် သေသွားပေလိမ့်မည်။
“မိုးကြိုးမီး...”
ကျန်းရီ သူ၏ အစွမ်းကို ဆက်၍ ဖုံးကွယ်အထားတော့ပေ။ အာကာပြင်က တုန်ခါနေသဖြင့် သူ အဝေးကို ချက်ချင်း ရှောင်မထွက်နိုင်ချေ။ သူ ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံးမှ ရပေလိမ့်မည်။ သူ့လက်ထဲတွင် မီးနဂါးဓား ထွက်ပေါ်လာပြီး မိုးကြိုးမီး ပျံ့နှံ့သွားသည်။ မိုးကြိုးမီးသည် သူ၏ခန္ဓာကိုယ်ဗဟိုပြု၍ အချင်းဝက် မီတာသုံးရာပတ်လည်ကို ရုတ်ခြည်း လွှမ်းခြုံလိုက်၏။ တစ်ချိန်တည်းမှာပင် သူသည် မိုးကြိုးမီးကို လမ်းကြောင်းမြေပုံအတိုင်းသွားရန် ထိန်းချုပ်လိုက်သည်။ သောင်းချီသော ရွှေရောင်အလင်းတန်းများ ရောက်ရှိမလာခင်တွင် မိုးကြိုးမီးနတ်ဘုရားဒိုင်း ဖြစ်ပေါ်လာပေပြီ။
ဖောင်း...ဖောင်း...ဖောင်း...
အာကာပြင်ကိုပင် စုတ်ဖြဲနိုင်သော ကြောက်မက်ဖွယ် ရွှေရောင်အလင်းတန်းများသည် ကောင်းကင်ကို ဖြတ်သန်း၍ ကျန်းရီ၏ မိုးကြိုးမီးနတ်ဘုရားဒိုင်းကို တိုက်ခိုက်လိုက်ကြသည်။ သို့သော် ကြောက်မက်ဖွယ်တိုက်ခိုက်မှုများအားလုံး ဘေးသို့ချော်ထွက်သွားကြသဖြင့် လုလင်း အလွန်အံ့အားသင့်သွားသည်။ သောင်းချီသော ရွှေရောင်အလင်းတန်းများက မိုးကြိုးမီးနတ်ဘုရားဒိုင်းကို တိုက်ခိုက်လိုက်သော်လည်း ထိုမိုးပြာရောင်ဒိုင်းသည် တစ်ချက်ပင် တုန်ခါမသွားပေ။
“အာ...”
အပြင်ဘက်တွင် လဲ့ချီရန်နှင့် အခြာသူများအားလုံး အာမေဋိတ်သံပြုလိုက်ကြပြီး မိုးကြိုးမီးနတ်ဘုရားဒိုင်းကို မယုံနိုင်သောမျက်လုံးများဖြင့် ငေးကြည့်နေကြလေသည်။ သူတို့သည် ပုံရိပ်များကို မြင်နိုင်သော်လည်း အသံကို မကြားရပေ။ မူလသံလက်နက်က ထုတ်လွှတ်လိုက်သော အာကာပြင်ကိုပင် စုတ်ဖြဲနိုင်ပစ်နိုင်ပြီး အာကာပြင်အက်ကြောင်းများ ဖြစ်ပေါ်လာစေနိုင်သည့် ရွှေရောင်အလင်းတန်းများက တိုက်ခိုက်သည်ကိုပင် မိုးကြိုးမီးနတ်ဘုရားဒိုင်းက အကောင်းအတိုင်း ဆက်ရှိနေနိုင်သေးသည်လော။ ကျန်းရီ၏ အတွင်းအားအဆင့်က အဆင့်မြင့် ကောင်းကင်ဧကရာဇ်များနှင့်ပင် ယှဉ်နိုင်နေပြီလော။
“တစ်ခုခုတော့ မှားနေပြီ၊ အဲ့ဒါက နတ်ဘုရားဒိုင်းမဟုတ်ဘူး... ထူးခြားတဲ့ ခုခံစွမ်းရည်တစ်ခုပဲ”
လဲ့ချီရန် သဘောပေါက်သွား၏။ ကျန်းရီ၏ အဆင့်က ဗာဂျရာအဆင့်တွင်သာ ရှိနေသေးသဖြင့် သူတို့အားလုံး ပို၍ အံ့အားသင့်နေကြသည်။ မည်သို့သောစွမ်းရည်က ထိုကဲ့သို့ အားကြီးသည့် ခုခံစွမ်းအားကို ပိုင်ဆိုင်သနည်း။
“သူ နာမည်ကြီးတာ အလကားမဟုတ်ဘူး”
ဟွမ်ဖူထောင်ထျန်း၏ မျက်လုံးများ တောက်ပသွားသည်။ ထင်ထားသကဲ့သို့ပင် ကျန်းရီက သာမန်လူတစ်ယောက် မဟုတ်ပေ။ သူသည် ဧကရာဇ်ကိုးပါးမျိုးနွယ်စု၏ လိုက်လံဖမ်းဆီးခြင်းကိုပင် ရှောင်တိမ်းနိုင်ခဲ့သူဖြစ်သည်။ သူသည် ကောင်းကင်မိုးကြိုးမြို့တွင်လည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့ပြီး ကောင်းကင်ပန်းချီကားများကိုလည်း ရေးဆွဲနိုင်ပေသည်။
“ဟီးဟီး...”
ကျန်းရီ ပြုံးလိုက်၏။ လုလင်း၏ အစွမ်းက ဤမျှသာဆိုလျှင် ယှဉ်ပြိုင်မှုက မကြာခင်မှာပင် အဆုံးသတ်သွားပေလိမ့်မည်။
“တစ်ခုခု မူမမှန်သလိုပဲ...”
ရုတ်တရက် ချမ်ဝမ်ကွမ်းက မသင်္ကာဟန်ဖြင့် ပြောလိုက်၏။ လုလင်းက ကျန်းရီနှင့် အလွန်နီးကပ်နေ၏။ သူတို့ကြားတွင် သုံးကီလိုမီတာလောက်သာ ခြားပေလိမ့်မည်။ သို့သော် လုလင်းသည် ချစ်ချစ်တောက်နေသော အပူဒဏ်ကို မခံစားရသကဲ့သို့ပင်။
“အမိကမ္ဘာမြေသံချပ်ကာ”
ချမ်ဝမ်ကွမ်း ချက်ချင်း သဘောပေါက်သွားသည်။ လုလင်း အပူဒဏ်ကို မခံစားရခြင်းမှာ လဲ့ချီရန် ငှားပေးလိုက်သော အမိကမ္ဘာမြေသံချပ်ကာကြောင့် ဖြစ်ပေလိမ့်မည်။ မဟုတ်လျှင် လုလင်းသည် အစောကတည်းက ကြောက်ရွံ့တကြီး ထွက်ပြေးသွားလောက်ပေပြီ။
***
ကျန်းရီကလည်း ထိုပြဿနာကို သတိပြုမိလိုက်၏။ ပုံမှန်ဆိုလျှင် မိုးကြိုးမီးထွက်ပေါ်လာကတည်းက လုလင်းတစ်ယောက် ပြင်းထန်သော အပူဒဏ်ကြောင့် ချက်ချင်း ကြောက်ရွံ့တကြီး ထွက်ပြေးသွားရမည်ဖြစ်သည်။ သို့သော် လုလင်းက အပူဒဏ်ကို ခံစားရဟန်မပြပေ။ သူက ကျန်းရီ၏ မိုးကြိုးမီးနတ်ဘုရားဒိုင်းကိုသာ အံ့ဩတကြီး ကြည့်နေပေသည်။
“ဒီအဖွဲ့မှူးက အဲ့ဒါကို မယုံဘူး”
ကျန်းရီသည် ခက်ထန်သောနဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး အော်ပြောလိုက်၏။ သူက အကြောက်တရားကင်းသူဖြစ်သည်။ ထို့ပြင် သူသည် လုလင်း၏တိုက်ခိုက်မှုများက မိုးကြိုးမီးနတ်ဘုရားဒိုင်းကို မဖောက်နိုင်ကြောင်း စမ်းသပ်ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် သူသည် လုလင်းထံသို့ လျင်မြန်သောအရှိန်ဖြင့် ပျံသန်းသွားလိုက်လေသည်။ သူ၏မီးနဂါးဓားကလည်း အနီရောင်အလင်းတောက်ပလာ၏။ သူက အရှေ့သို့ ၎င်းဓားဖြင့် ခုတ်လိုက်ရာ မီးနဂါးနှစ်ကောင်သည် မိုးကြိုးမီးနှင့်အတူ ပျံထွက်သွားလေသည်။
“အာ...”
လုလင်းသည် သူ့နတ်ဘုရားဒိုင်းရှိ အတွင်းအားက စီးနေသောရေကဲ့သို့ ပျောက်ကွယ်လာကြောင်း သတိပြုမိလိုက်၏။ ကျန်းရီ၏ မီးနဂါးများက မိုးကြိုးမီးနှင့်အတူ ချဉ်းကပ်လာသောအခါ သူ၏နတ်ဘုရားဒိုင်း ကွဲအက်ပျက်စီးသွားလေသည်။
ရွှီး...
တစ်ချိန်တည်းမှာပင် လုလင်း၏ခန္ဓာကိုယ်ပေါ်တွင် အဝါရောင် စစ်သံချပ်ကာ ထွက်ပေါ်လာ၏။ ယင်းက သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။ ထိုသံချပ်ကာက အလွန်ခမ်းနား၏။ သံချပ်ကာ၏ ပခုံး၊ ဒူးခေါင်းနှင့် အဆစ်နေရာများတွင် သတ္တုဆူးချွန်များ ရှိပေသည်။ ထိုဆူးချွန်များသည် ကြောက်မက်ဖွယ် အေးစက်သောအလင်း တောက်ပနေ၏။ ခေါင်းဆောင်းတွင်ပင် မိစ္ဆာတစ်ကောင်၏ ဦးချိုကဲ့သို့ ဆူးချွန်တစ်ခု ရှိသည်။ သံချပ်ကာကို တောက်ပနေသော မရေမတွက်နိုင်သည့် သင်္ကေတပုံသဏ္ဌာန်များက လွှမ်းခြုံထား၏။ ၎င်းသည် ဝိညာဉ်ချိတ်ဆက် မူလရတနာတစ်ခုပင်။
ကျန်းရီ၏ မိုးကြိုးမီးက လုလင်းအပေါ် မသက်ရောက်နိုင်ခြင်းမှာ ထိုဝိညာဉ်ချိတ်ဆက် မူလရတနာကြောင့်ဖြစ်သည်။ လုလင်းသည် ချစ်ချစ်တောက်နေသော အပူဒဏ်ကို စိုးရိမ်ရန် မလိုချေ။ ထိုအပူဒဏ်ကို အမိကမ္ဘာမြေသံချပ်ကာက ဖယ်ရှားပေးထားပေသည်။
“သေစမ်း...”
ကျန်းရီ စိတ်ပျက်သွား၏။ သူ၏ စွမ်းအားအကြီးဆုံး တိုက်ခိုက်စွမ်းရည်က မိုးကြိုးမီးဖြစ်သည်။ သို့သော် ၎င်းသည် အမိကမ္ဘာမြေသံချပ်ကာ၏ တားဆီးမှုကို ခံနေရပေသည်။ သို့ဆိုလျှင် တိုက်ခိုက်နေရန်ပင် လိုပါဦးမည်လော။
ဝုန်း...
မီးနဂါနှစ်ကောင်က လုလင်းထံသို့ မိုးကြိုးမီးမြားများ ပစ်လွှတ်လိုက်သည်။ သို့သော် မီးမြားများသည် သံချပ်ကာကိုသာထိသွားပြီး ဘေးသို့ ချော်ထွက်သွားကြသည်။ လုလင်းသည် ဒဏ်ရာတစ်ချက်ပင် မရလိုက်ချေ။
“ဟားဟားဟား...”
လုလင်းက ခေါင်းမော့၍ ကျယ်လောင်စွာ ရယ်လိုက်ပြီး လက်နှစ်ဘက်ဖြင့် မူလသံလက်နက်ကို မြှောက်လိုက်သည်။ ထို့နောက် သူသည် ၎င်းအား ဝှေ့ယမ်း၍ ကျန်းရီကို ရိုက်လိုက်လေသည်။ ကျယ်လောင်သော လေခွင့်သံတစ်သံ ထွက်ပေါ်လာ၏။ သောင်းချီသော ရွှေရောင်အလင်းတန်းများသည် လေထုကို ဖြတ်သန်းကာ ကောင်းကင်ထက်ဝက်ကျော်ကို လွှမ်းခြုံသွားလေသည်။
ကျန်းရီက လုလင်းကို မသတ်နိုင်သလို လုလင်း၏တိုက်ခိုက်မှုကလည်း မိုးကြိုးမီးနတ်ဘုရားဒိုင်းကို မဖောက်နိုင်ချေ။ ထိုသောင်းချီသော ရွှေရောင်အလင်းတန်းများက မိုးကြိုးမီးနတ်ဘုရားဒိုင်းပေါ်သို့ မိုးပေါက်များကဲ့သို့ ကျဆင်းလာ၏။ သို့သော် ၎င်းတို့အားလုံး ဘေးသို့ ချော်ထွက်သွားကြသည်။
“ဟွန်း...”
လုလင်း၏လက်ထဲတွင် သွေးနီရောင်ဆေးလုံးတစ်လုံး ထွက်ပေါ်လာ၏။ သူက ထိုဆေးလုံးကို အလျင်အမြန် သောက်လိုက်သည်။ ထို့နောက်တွင် သူသည် အေးစက်စက် ပြုံးလိုက်ပြီး ဒေါတသကြီး အော်လိုက်၏။
“မျိုးမစစ်လေး... သေဖို့သာ ပြင်ထားတော့”
ရွှီး...
လုလင်း၏ အရှိန်အဝါက ရုတ်ခြည်းပင် အဆအနည်းငယ် တိုးတက်သွားသည်။ သူသည် မူလသံလက်နက်ဖြင့် နောက်တစ်ကြိမ် ထပ်ရိုက်လိုက်၏။ ရွှေရောင်အလင်းတန်းများက သုံးဆပိုကြီးသွားပြီး အာကာပြင်တုန်ခါမှုကလည်း ပိုပြင်းထန်သွားသည်။ အာကာလှိုင်းဂယက်များ ထန်လာပြီး အာကာပြင်အက်ကြောင်းများ ဖြစ်ပေါ်လာ၏။ ယင်းအက်ကြောင်းများက အကျဉ်းတန်သော အမာရွတ်များကဲ့သို့ပင်။ ထို့နောက်တွင် နန်ကုန်းမျိုးနွယ်၏ ဆန်းကြယ်နယ်မြေအတွင်းမှ ငိုကြွေးသံကဲ့သို့ စူးရှသောအသံတစ်သံ ထွက်ပေါ်လာ၏။ ထိုအသံက ကျန်းရီကို မသက်မသာ ခံစားနေရစေလေသည်။
“ကျို့ကျွမ်သွေးနီရောင်ဆေးလုံး”
အပြင်ဘက်တွင် ဟွမ်ဖူထောင်ထျန်းက အံ့ဩဒေါသဖြင့် ရေရွတ်လိုက်၏။ သူသည် လဲ့ချီရန်ကို အေးစက်စက် လှမ်းကြည့်လိုက်၏။ ကျို့ကျွမ်သွေးနီရောင်ဆေးလုံးသည် လဲ့မျိုးနွယ်၏ ထူးခြားသော ဆေးလုံးတစ်မျိုးပင်။ လဲ့မျိုးနွယ်က ထိုဆေးလုံးအနည်းငယ်ကို လုမျိုးနွယ်အား နှစ်စဉ်ပေးနိုင်သော်လည်း ထိုကဲ့သို့ဆေးလုံးမျိုးသည် လုလင်းကဲ့သို့ အပျောက်မက်သည့် မျိုးဆက်များ၏လက်ထဲသို့ မရောက်နိုင်ပေ။
“ဟွမ်ဖူထောင်ထျန်း... မင်းက ဘာလို့ ငါ့ကို ကြည့်နေတာလဲ”
လဲ့ချီရန်က ပြောလိုက်၏။
“ငါတို့မျိုးနွယ်က အဲ့ဆေးလုံးတွေကို နှစ်တိုင်း တခြားမျိုးနွယ်တွေကို ပေးနေတာပဲ၊ ပြီးတော့ အဲ့ဆေးလုံးတွေကို လေလံပစ်ပြီးလည်း ရောင်းနေတာပဲ။ လုလင်းဆီက ဆေးလုံးက ငါပေးထားတာ မဟုတ်ဘူး”
ချမ်ဝမ်ကွမ်း၏ ခပ်ဖိုင့်ဖိုင့်ခန္ဓာကိုယ် တုန်ရင်သွား၏။ သူ ဟွမ်ဖူထောင်ထျန်းကို အသံပို့လွှတ်ကာ မေးလိုက်သည်။
“အစ်ကိုထောင်ထျန်း... အဲ့ဆေးလုံးက အရမ်းစွမ်းလို့လား”
ဟွမ်ဖူထောင်ထျန်းက အံကြိတ်ကာ ပြန်ပြောလိုက်သည်။
“အဲ့ဆေးလုံးက အတွင်းအားကို သုံးဆတိုးသွားစေတယ်။ အဲ့အာနိသင်က နှစ်နာရီခံတယ်။ ပြီးတော့ အတွင်းအားမှာ တိုက်စားနိုင်စွမ်းလည်း ရှိလာတယ်။ သာမန်နတ်ဘုရားဒိုင်းတွေဆို အလွယ်လေး ပျက်စီးသွားမှာပဲ”
“သေစမ်း...”
ချမ်ဝမ်ကွမ်း မျက်နှာပျက်သွားသည်။ အကယ်၍ ကျန်းရီ၏ မိုးကြိုးမီးနတ်ဘုရားဒိုင်းသာ ပျက်စီးသွားပါက သူ ကောင်းကင်ရှောင်တိမ်းခြင်းကို မသုံးလျှင် သေချာပေါက် သေသွားမည်ဖြစ်သည်။ သို့သော် ကျန်းရီသည် လူအားလုံးကို စွန့်ပစ်၍ ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံးကာ ထွက်ပြေးနိုင်ပါမည်လော။
သေချာပေါက် မပြေးနိုင်ပေ။
***