← Chapters

အပြစ်မဲ့သူအားသတ်ခြင်း

Vol. 158 Ch. 2199

အပြစ်မဲ့သူအားသတ်ခြင်း

Vol. 158 Ch. 2199

ရှီမာယူယူ၏သရုပ်မှန်သည် လူသားလောကတွင် လျှို့ဝှက်ချက်တစ်ခု တော့မဟုတ်ပေ။ အထူးသဖြင့် ယခုအချိန်တွင် ရှီမာမျိုးနွယ်သည် ထိပ်တန်း မျိုးနွယ်များထဲမှ တစ်ခုဖြစ်ရာ တစ်တိုင်းပြည်လုံးမှ အဖွဲ့ဝင်များအားလုံးနီးပါး သည် အခြေအနေကို အာရုံစိုက်ထားကြသည်။ ယွိခဲ့လော့ လူသားမျိုးနွယ်သို့ ရောက်ရှိသည့်သတင်းကို ရှီမာမျိုးနွယ်မှ ဖုံးကွယ်ထားရန်မကြိုးစားသဖြင့် ထို သတင်းများသည် ပိုပြန့်သွားခြင်းဖြစ်သည်။

သို့သော် ရှီမာယူယူ၏ သရုပ်မှန်နှင့် သူမ တိုင်းပြည်အတွက်လုပ်ပေးခဲ့ သည့် ကိစ္စရပ်များကြောင့် အားလုံးသည် ထိုကိစ္စများကို လက်ခံထားခဲ့ကြသည်။ လူနည်းစုကသာ ထိုကိစ္စများကို ဆွဲထည့်ကာ ပြောရန်မလိုအောင်ပင် သူမကို တစ္ဆေလောကသို့ ပြန်ခိုင်းကြလေသည်။

“မင်းတို့က ငါ့ကိုထွက်သွားခိုင်းတာလား” ရှီမာယူယူသည် ရှောင်ချီကို ချီ ပြီး ရပ်နေသည့်နေရာမှ ကံကောင်းလေးညွှန်ပြသည့်လူကို ကြည့်လိုက်သည် “မင်းကဘယ်သူမို့လို့ ငါ့ကိုထွက်သွားခိုင်းဖို့ လုပ်ပိုင်ခွင့်ရှိသွားတာလဲ”

“မင်းက ရှီမာယူယူလား” ရယ်မောနေသောလူသည် ရှီမာယူယူကို အမုန်း တရားများ တောက်ပသည့်မျက်လုံးများဖြင့် ကြည့်လေသည်။

“ငါဆိုရင် ဘာလုပ်ချင်လဲ ငါ့ကိုတစ္ဆေလောကကို ပြန်ပို့ချင်တာလား.. မင်း မှာလုပ်နိုင်စွမ်းရောရှိလို့လား” ရှီမာယူယူသည် သူ့ကိုအထင်သေးစွာကြည့် လိုက်သည် “မင်းမှာ အစွမ်းအစရှိရင် ဒီလိုနေရာမှာ ပုန်းဖို့လိုဦးမှာလား”

သူမစကားများထဲမှ အထင်သေးမှုသည် သူ့ကိုဒေါသထွက်စေသည်။

“ရှီမာယူယူ မင်းကဘာလဲ.. ငါပြောတာမှားသွားလို့လား” ထိုလူသည် အရှက်ခွဲခံရသဖြင့် ဒေါသဖြင့် ပျံလာသည် “မင်းကတစ္ဆေလောကကမျိုးနွယ်ဝင် ပဲ.. အဲတော့ တစ္ဆေလောကကို ပြန်သွားသင့်တယ်.. မင်းကြောင့်သာမဟုတ်ရင် ငါတို့က ဒီလိုအခြေအနေဖြစ်မှာလား.. မင်း ငါ့ကို ဘယ်လောက်ပြဿနာဖြစ် အောင်လုပ်လိုက်လဲ သိလား.. မင်းလို လက်မှာသွေးစွန်းတဲ့လူမျိုးက အသက် တောင်မရှင်သင့်ဘူး”

“မင်းက ပညာရှိစံအိမ်တော်က အဖွဲ့ဝင်ပဲ” ဝူလင်းယူ ပြောလိုက်သည်။

ယခုအခါ ရှီမာယူယူ နားလည်သွားသည်။ ထိုလူများသည် ပညာရှိစံအိမ် တော်နှင့် ပတ်သက်နေသည့်လူများပင်ဖြစ်သည်။ ပညာရှိစံအိမ်တော်တွင် ဖြစ် ခဲ့သည့်အဖြစ်အပျက်များကြောင့် သူတို့၏အင်အားသည် ပိုဆိုးဝါးသွားကာ တိုင်းပြည်အတွင်း သူတို့၏နေရာမှာလည်း အချိန်ကြာလေပိုဆိုးလာလေဖြစ် သည်။ ထို့ကြောင့် သူတို့အား ကာကွယ်ပေးမည့်အရာလည်း မရှိတော့ပေ။

ပြီးနောက် ထိုလူများသည် မကောင်းမှုများစွာလုပ်ခဲ့သည်။ ပညာရှိစံအိမ် တော်တွင် အင်အားမရှိတော့သဖြင့် သူတို့ထွက်ပြေးခဲ့ရသည်။ အတိတ်က သူတို့ တွင်ရှိခဲ့သည့် ဂုဏ်သရေကိုပြန်တွေးပြီး ယခုလက်ရှိ သူတို့နေရာအားကြည့် လျှင် သူတို့သည် သူမကို အသွေးထဲအသားထဲကမုန်းတီးသည်။ ထို့ကြောင့် သူတို့သည် ဤနေရာတွင် ဟိန်းဟောက်နေခြင်းဖြစ်သည်။

ရှောင်ချီပြောလိုက်သောစကားကို ကြားသွားပြီး သူမ ဤနေရာသို့ ရောက် လာလိမ့်မည်ဟု မည်သူသိမည်နည်း။

ရှီမာယူယူသည် လက်ဖက်ရည်ဆိုင်ထဲမှ လူများကိုကြည့်လိုက်သည်။ ပြိုင်ဘက်မှာ အင်အားကြီးပြီး ဒါဇင်ကျော်မျှရှိကာ သူတို့ထက်ဦးရေများသည်။ ရှောင်ချီသည် သူမကိုယ်သူမကာကွယ်နိုင်သော်လည်း ၁၁ လေးကိုတော့ မကာ ကွယ်နိုင်ပေ။ ထို့အပြင် ရာချီသောလူများ စောင့်ကြည့်နေကြသော်လည်း မည်သူတစ်ဦးတစ်ယောက်ကမှ ရှောင်ချီအား မကူညီပေးကြပေ။

“၁၀ လေး အဲလူတွေက အရမ်းဆိုးတယ်” ၁၁ လေး၏ မျက်လုံးထဲတွင် အကြောက်တရားများရှိနေဆဲဖြစ်သဖြင့် ရှီမာယူယူ၏ ရင်များကိုနာကျင်စေ သည်။

“သူတို့တွေက မင်းထက် နှစ်ပေါင်းထောင်ချီနေလာတဲ့ ငကြောက်တစ် သိုက်ပဲ.. သူတို့က အခုမင်းထက် ယာယီအားကောင်းတာပဲရှိတာ.. သူတို့ကို ပုရွက်ဆိတ်တစ်ကောင်လို ကြောက်နေဖို့မလိုဘူး” ရှီမာယူယူ သူမကို နှစ်သိမ့် ပေးလေသည်။

“အင်း သူတို့က ငကြောက်တစ်သိုက်ပဲ” ၁၁ လေးသည် သူမကိုယ်သူမ အားပေးလိုက်သည်။

“သူတို့ကို မင်းကိုတောင်းပန်စေချင်လား.. ဒါမှမဟုတ် မင်းကိုလုပ်စေချင် သလို သူတို့ကိုပြန်လုပ်ပေးရမလား” ဝူလင်းယူသည် သေချာမေးလေသည်။

“ဝူလင်းယူ မင်းက ပညာရှိစံအိမ်တော်ရဲ့ မြင့်မြတ်သောသားတော်ပဲ.. ဒါပေမဲ့ မင်းက ရန်သူနဲ့ရပ်တည်နေတာ မင်းက တော်တော်မသတီစရာကောင်း တဲ့အကောင်ပဲ ထွီ”

“ရန်သူဟုတ်လား.. သူမက ဒီတစ်ဘဝလုံးငါချစ်သွားမယ့် ငါ့မိန်းမပဲ.. ပညာရှိစံအိမ်တော်က မကောင်းမှုတွေလုပ်ပြီး အပုပ်တွေဖုံးထားတဲ့နေရာပဲ.. ဘယ်လိုလုပ် ငါ့ယူယူလောက် အရေးပါပါ့မလဲ” ဝူလင်းယူသည် ရှီမာယူယူအား ကြာရှည်စွာစိုက်ကြည့်လိုက်သည် “သူတို့ကို ဘယ်လိုသေစေချင်လဲ”

“သူတို့တွေက လူအင်အားများများနဲ့ အနိုင်ကျင့်တာကို ကြိုက်တာမလား ဒါဆိုလည်း သူများက လူများများနဲ့ အနိုင်ကျင့်တာရဲ့အရသာကို သူတို့ကို မြည်းစမ်းပေးရမှာပေါ့” ရှီမာယူယူ နှာမှုတ်လေသည် “ပြီးတော့ အဲလူတွေက ကျွန်မရဲ့ တစ္ဆေမျိုးနွယ်ဆိုတဲ့ သရုပ်မှန်ကိုမုန်းမှတော့ သူတို့မှာ အဲလိုလုပ်ပိုင်ခွင့် မရှိဘူးဆိုတာ ပြပေးလိုက်မယ်”

သူမ၏အသံသည် အေးစက်နေပြီး လူသတ်မည့်ရည်ရွယ်ချက်ပင်ပါနေရာ ပတ်ဝန်းကျင်မှ အပူချိန်ကိုကျဆင်းသွားစေသည်။

ဝူလင်းယူသည် သူမအတွေးကိုသိသဖြင့် ပြောလိုက်သည် “လုပ်လိုက်ရ အောင်”

ရှီမာယူယူသည် လူသားလောကတွင် တစ္ဆေမျိုးနွယ်၏စွမ်းအားကို မသုံးခဲ့ ဖူးပေ။ သို့သော် သည်တစ်ကြိမ်တွင် သူမသည် ထိုလူများကို အလွန်ပင်ဒေါသ ထွက်မိသည်။ သူမ လက်တစ်ချက်ဝှေ့လိုက်သည်နှင့် ရှေးဟောင်းတိုက်ပွဲ ဝိညာဉ်တချို့သည် လက်ဖက်ရည်ဆိုင်တွင်ပေါ်လာပြီး ထိုလူများကို ဝိုင်းလိုက် ကြသည်။

ရှေးဟောင်းတိုက်ပွဲဝိညာဉ်တစ်ယောက်ချင်းစီသည် နှစ်ပေါင်းများစွာ လက်ရည်သွေးထားပြီး ဘေးသင့်စေမည့်အကြည့်နှင့် သူတို့၏ လူသတ်တော့ မည့်ရောင်ဝါသည် တခြားသူများကို စိတ်ပူပန်သွားစေသည်။ ယခု ဒါဇင်ပေါင်း များစွာရှိသော သူတို့သည် တစ်ခါတည်းပေါ်လာသဖြင့် ရန်သူများသည် ကြက် သေသေသွားကြလေ၏။

ထို့အပြင် သူမသည် အမည်းလေးကိုပါ ဆင့်ခေါ်လိုက်သည် “ဗလာ.. မင်း ချိပ်စည်းပွင့်ကတည်းက ဘာမှမကစားရသေးဘူးမလား ဒီနေ့ဒီမှာပျော်လိုက် ကြမယ်”

အမည်းလေးသည် သူမကို ငဲ့ကြည့်လိုက်သည်။ သူသည် အရင်ကကဲ့သို့ တုံးအသည့်ခွေးမဟုတ်တော့သလို ဤကဲ့သို့အရာများနှင့် ကစားရန်ကိုလည်း စိတ်မဝင်စားတော့ပေ။ ဒီမိန်းကလေးက သူ့ကိုအရင် ငတုံးငအခွေးလိုမျိုး ဆက်ဆံနေတုန်းပါလား။

“ဗလာ အဲလူတွေက ၁၁ လေးကို အနိုင်ကျင့်နေကြတာ သူတို့က အရမ်း ဆိုးတယ်.. ငါ့အတွက် လက်စာချေပေး” ကံကောင်းလေးသည် အမည်းလေး အားဖက်ပြီး ပြောလေသည်။

အမည်းလေးသည် ဘာမှပြန်မတုံ့ပြန်ပေ။ သို့သော် ကံကောင်းလေးကို တွန်းထုတ်ပြီး ခုန်ထွက်ကာ မြူခိုးမည်းအဖြစ်ပြောင်းပြီး လျင်မြန်စွာပင် ထိုလူ ကိုလွှမ်းအုပ်လိုက်သည်။ သူထွက်သွားပြီး တစ်ခဏအတွင်းမှာပင် ထိုလူသည် ပြာဖြူဖြူများအပြင် ဘာမှမကျန်ခဲ့တော့ပေ။

ထိုလူများကို မခြိမ်းခြောက်ခြင်းမပြုလျှင် သူသည် ပြာပုံပင်ကျန်ခဲ့မည် မဟုတ်ပေ။

“သူတို့တွေရောပဲ.. သူတို့တွေသာ ရှေ့ကနေပိတ်မထားရင် ၁၁ လေးနဲ့ ငါ အန္တရာယ်ဖြစ်မှာမဟုတ်ဘူး” ကံကောင်းလေးသည် ကျန်လူများကို လက်ညှိုး ထိုးပြလေသည်။

သည်တစ်ခေါက်တွင် အမည်းလေးသည် လျင်မြန်စွာ မတုံ့ပြန်ပေ။ သူ သည် အနီးဆုံးလူဆီသို့ ဖြည်းဖြည်းချင်းသွားလေသည်။ ယခုအချိန်တွင် သူ ဖြည်းဖြည်းချင်းသွားလေ သူတို့၏အကြောက်တရားကြီးလာလေဖြစ်သည်။

သူတို့သည် အမည်းလေးကို စတင်တိုက်ခိုက်သော်လည်း အချည်းနှီးပင်။ မည်သည့်အသံမှမထွက်လိုက်ရဘဲနှင့် မြူခိုးမည်းများ၏ ဝါးမျိုခြင်းကိုခံလိုက်ရ လေသည်။

ပထမဆုံးလူမှာ အမည်းလေး၏ ထောင်ချောက်ဆင်ခြင်းကိုခံလိုက်ရ သည်။ အကြောင်းမှာ သူသည် သူ၏အရှိန်နှုန်းနှင့်စွမ်းအားကို ထိန်းချုပ်ထား သဖြင့် အားလုံးသည် ထိုလူ၏ မျှော်လင့်ချက်ကုန်ခမ်းနေသည့် အော်သံများကို ကြားလိုက်ရသည်။ ထိုအသံမှာ အလွန်ပင်စူးရှလွန်းသဖြင့် ကြက်သီးမွေးညင်း များပင် ထသွားစေပြီး စိတ်နှလုံးအတွင်းတစ်ခုလုံးကို ကြောက်သွားစေသည်။

“အဲလူက.. အဲလူက စံတင်လက်ရွေးစင်ပဲ..” မည်သူပြောလိုက်သည်တော့ မသိပေ။ သို့သော် လက်ဖက်ရည်တစ်ဆိုင်လုံး တိတ်ဆိတ်သွားတော့သည်။ အသက်ရှူသံပင် ပျောက်ကွယ်သွားလေသည်။

စံတင်လက်ရွေးစင်သည် ဤမကောင်းဆိုးဝါးလက်ထဲတွင် တစ်မိနစ်မျှပင် မကြာလိုက်ပေ။ သူ၏နာကျင်မှုသည် သေဆုံးသည့်အခိုက်အတန့်တွင် ကြား လိုက်ရသည်။ ပြောရလျှင် စံတင်လက်ရွေးစင်အဆင့်ရှိသည့်လူပင်လျှင် ဤ မကောင်းဆိုးဝါးရှေ့တွင် ခုခံနိုင်စွမ်းမရှိ အားနည်းသည့် ကြက်တစ်ကောင်ဖြစ် သွားလေသည်။ လက်ရွေးစင်ထက် အားနည်းတဲ့သူဆိုရင် ဘယ်လိုဖြစ်သွား တော့မှာလဲ။

အမည်းလေး ဖြည်းဖြည်းချင်းလှုပ်ရှားသည်။ သည်တစ်ကြိမ်တွင် အရိုး များပင် ပျောက်ကွယ်သွားလေသည်။ သူ နောက်တစ်ယောက်ဆီသို့ သွားနေ သည်ကိုမြင်သောအခါ မှင်တက်နေကြသောလူများသည် နောက်ဆုံးတွင် သတိ ပြန်ဝင်လာကြပြီး လက်ဖက်ရည်ဆိုင်မှ ထွက်ပြေးရန် ကြိုးစားကြလေသည်။

မူလအစက ယိုင်နဲ့နဲ့ဖြစ်နေသော လက်ဖက်ရည်ဆိုင်သည် နောက်ဆုံး တွင် ထိုလူများ ပျားပန်းခတ်အောင် ထွက်ပြေးကြသည်နှင့် ပြိုကျသွားတော့ သည်။

ရှီမာယူယူသည် လေထဲသို့ ပျံတက်သွားလိုက်ကာ လေဟာနယ်ပိတ်ခြင်း တွင်ပိတ်မိသွားသဖြင့် မျက်နှာပြောင်းလဲသွားသော ထိုလူများ၏မျက်နှာများကို မြင်လိုက်ရသော်လည်း နည်းနည်းမှ သနားခြင်းမဖြစ်မိပေ။

သူတို့၏အင်အားနှင့် လေဟာနယ်ပိတ်ခြင်းကို ဖျက်ဆီးရန်ကြိုးစားသော် လည်းဖြစ်မလာသဖြင့် ပိုစိတ်မအေးနိုင်ဖြစ်ကာ သူမဆီသို့ပြေးပြီး ခြိမ်းခြောက် လေသည် “ရှီမာယူယူ ခုနက ငါတို့ကမင်းရဲ့ဝိညာဉ်သားရဲတွေကို မတိုက်ခိုက်ခဲ့ ဘူး.. ပြီးတော့ မင်းနဲ့ဘာရန်ငြိုးမှလည်းမရှိဘူး.. ငါတို့ကို ဒီမှာပိတ်ပြီး သတ်မလို့ လား.. မင်းပြဿနာဖြစ်မှာကို မကြောက်ဘူးလား”

ချန်းလျန်မြို့တွင် လူတစ်ယောက်သတ်လိုက်ခြင်းသည် ပြဿနာမဟုတ် ပေ။ သို့သော် လက်လွတ်စပယ်သတ်လိုက်၍မရပေ။ သူမ သတ်လိုက်ပါက မြို့စားအိမ်တော်အဖွဲ့ဝင်များ၏ အပြစ်ပေးခြင်းကိုခံရနိုင်သည်။

***

All Chapters