← Chapters

ပြဿနာတက်မှာမ‌ကြောက်ဘူးလား

Vol. 158 Ch. 2200

ပြဿနာတက်မှာမ‌ကြောက်ဘူးလား

Vol. 158 Ch. 2200

ရှီမာယူယူသည် သူခြိမ်းခြောက်သည်ကိုပင်မမှုဘဲ အေးစက်စွာနှာမှုတ် လိုက်သည် “မင်းက သူတို့ကိုဘာမှမလုပ်ခဲ့ဘူးလား.. အဲဒါသာအမှန်ဆိုရင် မင်း တကယ်ပဲဘာမှမလုပ်ခဲ့ဘူးပေါ့.. မင်းက ဒီအတိုင်းရပ်ကြည့်နေခဲ့လို့ပဲ”

“ငါတို့က ရပ်ကြည့်နေခဲ့ပေမဲ့ ငါတို့ကို ဒီလိုမျိုးသတ်လိုက်လို့မရဘူးလေ” အမျိုးသမီးတစ်ယောက် အော်လေသည်။

သူတို့သည် ဘေးတွင်ရပ်ရုံသာရပ်နေခဲ့ပြီး ဘာမှမလုပ်ခဲ့ပေ။ ထို အကြောင်းပြချက်ကြောင့် သူတို့ကို သူမ ထိခိုက်အောင်မလုပ်သင့်ပေ။

“ဟုတ်လား” ရှီမာယူယူ နှာခေါင်းရှုတ်လိုက်သည် “ငါက အတင်းလုပ်မယ် ဆိုရင်ရော”

“မင်း ပြဿနာတက်မှာကိုမကြောက်ဘူးလား”

“ဘာလို့ကြောက်နေရမှာလဲ.. ငါက ပြဿနာတွေကိုမကြိုက်ပေမဲ့ တစ်ခါ မှမကြောက်ခဲ့ဖူးဘူး.. ပြီးတော့ မင်းတို့က ဘာမှမလုပ်ခဲ့ပေမဲ့ ပျော်ပျော်ကြီး ကြည့်ပြီး ငါ့သားရဲတွေ အရိုက်ခံပြီး သေမလိုဖြစ်မှာကို မျှော်လင့်နေကြတာလေ ဒါဆိုလည်း ငါ သေအောင်ရိုက်တာကို ကြည့်နေလိုက်ပေါ့.. ဒါပေမဲ့ သူတို့ရဲ့ သခင်က မင်းတို့ကိုပါဆွဲထည့်ပြီး မျှော်လင့်ချက်တွေဖြစ်မလာအောင် လုပ်လိမ့် မယ်လို့ ဘယ်သူထင်ထားမှာလဲ.. အခု မင်းတို့က အရှုပ်တွေလုပ်လိုက်တာပဲ မင်းတို့ ပျော်ပျော်ကြီးကြည့်တုန်းကတော့ သူတို့လို တစ်ပုံစံတည်းခံရပြီး သူများ တွေဝိုင်းကြည့်တာခံရမယ်ဆိုတာကို တွေးမိလား”

“ရှီမာယူယူ.. ငါတို့က မကူညီခဲ့ပေမဲ့ အဲအတွက် အပြစ်လာတင်လို့မရဘူး လေ.. ဒီတိုင်းပြည်မှာ ဘယ်သူက ဘေးကင်းကင်းနဲ့ မနေချင်လို့လဲ.. သူများ အနိုင်ကျင့်ခံရတာကို မြင်တဲ့အချိန် မင်းဆိုရင်ရော ဝင်ပါမှာလား” လူတစ် ယောက် အော်လိုက်လေသည်။

“ငါ့သားရဲတွေ အသတ်ခံရတာကို မင်းတို့က ဘေးကနေ ဩဘာပေးတယ် လို့ဆိုလိုတာပဲမလား” ရှီမာယူယူ၏ စကားများသည် ထက်ရှလာသည် “ဩဘာ မပေးတဲ့ တခြားလူတွေကို ငါလွှတ်ပေးလိုက်တာ သတိမထားမိဘူးလား”

ထိုအခါမှပင် ဤနေရာတွင် လူတိုင်းအဖမ်းခံရခြင်းမဟုတ်ကြောင်း သတိ ထားမိတော့သည်။ ဤနေရာတွင် အချုပ်ခံထားရသူများမှာ အစောက လက်ခုပ် လက်ဝါးတီးပြီး ဩဘာပေးခဲ့ကြသူများဖြစ်ကြသည်။ သူတို့သည် ဘေးမှ ပျော် ရွှင်စွာကြည့်ခဲ့သူများဖြစ်သည်။

သူမသည် သူတို့ကို ဖြေရှင်းရန် စိတ်ပိုင်းဖြတ်ထားသည့်ပုံပင်။

“သေခြင်းတရားက ဖြည်းဖြည်းချင်းနီးကပ်လာတဲ့ ခံစားချက်ကို ပျော်မွေ့ လိုက်ဦး.. နောက်ဘဝဆိုတာရှိရင် ရေနစ်တဲ့လူကို ဝါးကူမထိုးဖို့ မှတ်ထားလိုက် ကြပေါ့” ရှီမာယူယူ ပြောပြီးနောက် သူမ၊ ၁၁ လေးနှင့် ဝူလင်းယူတို့သည် အပြင် သို့ထွက်သွားကြလေသည်။

သူတို့ထွက်သွားသည်နှင့် အထဲမှ ရှေးဟောင်းတိုက်ပွဲဝိညာဉ်များ စတင် လှုပ်ရှားလေသည်။ အမည်းလေးတစ်ယောက်တည်း ရှင်းလျှင် လူများလွန်း သဖြင့် အားလုံးအတူတကွလုပ်ဆောင်ကြသည်။

အထဲတွင် ပိတ်လှောင်ခံထားရသည့်လူများ၏ တိုက်ပွဲစွမ်းရည်မှာလည်း မနိမ့်လှပေ။ သို့သော် ရှေးဟောင်းတိုက်ပွဲဝိညာဉ်များ၏ တိုက်ခိုက်မှုများ အောက်၌ မကြာခင်တွင် ထိုးနှက်ခံရပြီး အင်အားများပျောက်ကွယ်သွားကြ သည်။

အင်အားကြီးတစ်ခုသည် မြို့အလယ်မှပျံသန်းလာပြီး ပိတ်လှောင်ထား သည့် လေဟာနယ်ကို ထိုးနှက်လိုက်သည်။ အထဲမှလူများသည် ပတ်ဝန်းကျင် အားလျော့ချိန်တွင် လျင်မြန်စွာပင် ထွက်ပြေးခဲ့ကြသည်။ ရှီမာယူယူသည် ထို မြင်ကွင်းကို မလှုပ်မယှက်စောင့်ကြည့်နေသည်။ ဝူလင်းယူသည် သူမ၏ ဘေး တွင်ရပ်ပြီး သူတို့ကိုမတားလိုက်ပေ။

ပုံရိပ်တစ်ခု ကောင်းကင်တွင်ပေါ်လာသည်နှင့် ပတ်ပတ်လည်မှလူများ သည် သူ့ကိုအရိုအသေပြုကြသည်။ ရှီမာယူယူနှင့် ထိုလူသည် တစ်ယောက်နှင့် တစ်ယောက်ကြည့်နေကြပြီး မည်သူမှ အလောတကြီးဖယ်မပေးကြပေ။

“ဒီလူတွေက မှားဿွားပေမဲ့ သူတို့ကို သင်ခန်းစာပေးပြီးပြီပဲ.. ဒီကိစ္စကို ဒီမှာတင်ပြီးလိုက်တော့” ထိုလူ ပြောလေသည်။

“ရှင်က ဒီကမြို့စားကျောက်ရွေ့ရှန့်ပဲလား” ရှီမာယူယူ မေးလိုက်သည်။

“ဟုတ်တယ် သခင်မလေးရှီမာ ဒီအကူအညီကို လိုက်လျောပေးလို့ရ မလား” ကျောက်ရွေ့ရှန့်သည် ပြုံးပြီးပြောလိုက်သည်။

“ကျွန်မတို့က ရင်းနှီးတာမှမဟုတ်တာ.. ဘာလို့ ရှင့်အကူအညီကို လိုက် လျောပေးရမှာလဲ”

“မင်းဒီလာတာ မင်းရဲ့တပည့်ကိုရှာဖို့ပဲ တိုက်ခိုက်ဖို့မဟုတ်ဘူး.. ရန်သူ လုပ်တာထက် မိတ်ဆွေဖွဲ့တာ ပိုမကောင်းဘူးလား” ကျောက်ရွေ့ရှန့် ပြောလေ သည်။

“ဒီကိုကျွန်မလာရတဲ့ ရည်ရွယ်ချက်ကို ရှင်သိနေတာလား”

“မင်းရဲ့တပည့်ကို ရှာနေတယ်ဆိုတာ ကမ္ဘာပေါ်ကလူအကုန်သိကြတယ် ငါ့ချန်းလျန်မြို့က သတင်းရောက်တာ နည်းနည်းနောက်ကျပေမဲ့ အရေးကြီး ကိစ္စတွေကိုသိတုန်းပဲ” ကျောက်ရွေ့ရှန့် ပြုံးလိုက်သည်။ သူ၏ မျက်လုံးများ သည် ခိုင်မာနေသည်။ သူမသည် မူစစ်ကိုရှာရန် ဤနေရာသို့လာခြင်းပင်။

သူ ထိုကိစ္စကို အကြောင်းပြပြီး သူမကိုခြိမ်းခြောက်နေသလားဟု ရှီမာယူ ယူ တွေးနေတုန်းမှာပင် သူထပ်ပြောလာသည် “ငါတို့တွေ ဘာလို့အပေးအယူ မလုပ်ရမှာလဲ”

“ဘာအပေးအယူလဲ”

“မင်း ဒီနေ့ သူတို့အသက်ကို သက်ညှာပေးရင် မင်းတပည့် ရောက်နေတဲ့ နေရာကို ငါစုံစမ်းပေးမယ်.. ဘယ်လိုလဲ” ကျောက်ရွေ့ရှန့်ပြောသည့် အပေး အယူသည် အလွန်ပင်ဆွဲဆောင်မှုရှိလှသည်။

သူမ ဤနေရာသို့ရောက်လာသည်ကို သိပြီး သူမ၏အခြေအနေနောက်ကို လိုက်ခဲ့သဖြင် ဤနေရာတွင် မူစစ်မရှိသည်ကို သိထားသည်။ သို့သော် သူမ ဤ နေရာသို့ရောက်နေသည်မှာ သူနှင့်တစ်နည်းတစ်ဖုံပတ်သက်နေလိမ့်မည်ဟု ဆို လိုခြင်းဖြစ်သည်။ သူမ တစ်စုံတစ်ရာကို သိထားခြင်းလည်းဖြစ်နိုင်သည်။

ရှီမာယူယူ အနည်းငယ်တွန့်ဆုတ်သွားသည်ကို မြင်သောအခါ ဆက်ပြော လေသည် “ဒီလူတွေကိုသတ်တာက မင်းအတွက် ဘာကောင်းကျိုးမှမရှိဘူး.. ဒါပေမဲ့ မင်းတပည့်ကိစ္စကို အာရုံစိုက်ဖို့အတွက် ငါကူညီပေးနိုင်တယ်.. သူ ဒီကို နောက်မှလာရင်လည်း ငါ့သတင်းက မင်းထက်တော့မြန်မှာပဲ”

အမှန်တကယ်ပင် ထိုသို့ဖြစ်သည်။ မြို့စားတစ်ယောက်အနေနှင့် သတင်း များသည် သူ့ဆီသို့ အရောက်မြန်သည်။ သူမကိုကူညီပြီး စောင့်ကြည့်ပေးလျှင် ပိုကောင်းနိုင်သည်။

“ဟုတ်ပြီ သဘောတူပါတယ်” သူမ လက်ဝှေ့ယမ်းလိုက်ပြီး ရှေးဟောင်း တိုက်ပွဲဝိညာဉ်များကို သိမ်းလိုက်ကာ အမည်းလေးသည် လူသားအသွင်ဖြင့် သူမဘေးသို့ ပြနလာသည်။

သူတို့ကိုဝိုင်းထားသည့်လူများ ပျောက်သွားသဖြင့် ထိုလူများသည် စိတ် သက်သာရာရစွာဖြင့် သက်ပြင်းချလေသည်။ သူတို့သည် ကျောက်ရွေ့ရှန့်ကို အရိုအသေပေးပြီးနောက် အမြန်ပင်ထွက်သွားကြလေသည်။

“သခင်မလေးရှီမာကို မြို့စားအိမ်တော်လိုက်ဖို့ ဖိတ်လို့ရမလားမသိဘူး” ကျောက်ရွေ့ရှန့် မေးလေသည်။

ရှီမာယူယူသည် အသက်တစ်ရှိုက်မျှ တွေဝေပြီးနောက် သဘောတူကာ မြို့စားအိမ်တော်သို့ လိုက်သွားလေသည်။ သူတို့ထွက်သွားပြီးနောက် မြို့စား အိမ်တော်မှလူများသည် လက်ဖက်ရည်ဆိုင်မှ အပျက်အစီးများကို ရှင်းပေးကြ လေသည်။

အနာဂတ်တွင် ရှီမာယူယူတို့ကို မည်သူမှ မရှင်းရဲကြတော့ပေ။

ရှီမာယူယူသည် ကျောက်ရွေ့ရှန့်နောက်မှ မြို့စားအိမ်တော်သို့လိုက်ပြီး ဧည့်ခန်းဆောင်သို့ ရောက်လေသည်။

သူမသည် ၁၁ လေးကို ချီပြီး ကုလားထိုင်တွင်ထိုင်ပြီး ပြောလိုက်သည် “မြို့စားကျောက် ကျွန်မတို့ကို ဘာလုပ်စေချင်တာလဲ”

၁၁ လေးသည် သူမ၏ရင်ခွင်ထဲတွင်လှဲလျောင်းနေသည်။ သည်တစ် ခေါက်ကိစ္စသည် အမှန်တကယ်ပင် သူမကိုလန့်သွားစေသည်။ အချိန်ကုန်ဆုံး သွားသော်လည်း သူမသည် ရှီမာယူယူ၏ရင်ခွင်ထဲတွင်လှဲလျောင်းနေပြီး မည်သို့ပင်ဖြစ်စေ ထွက်သွားရန်ငြင်းဆန်ခဲ့သည်။

ရှီမာယူယူ၏ စကားပြောသည်နှင့် သူမသည်လှိမ့်လိုက်ကာ သက်တောင့် သက်သာအနေအထားကို ရှာလိုက်သည်။ ရှီမာယူယူသည် သူမကို နေသာ အောင်ပြုလုပ်ပေးသဖြင့် သက်တောင့်သက်သာဖြစ်သွားသည်။

ကျောက်ရွေ့ရှန့်သည် ရှီမာယူယူကိုကြည့်နေသည်။ သူမ ထိုမေးခွန်းကို မမေးလိုက်သကဲ့သို့ ငြိမ်ကျသွားသဖြင့် သူ့စိတ်ထဲတွင် သက်ပြင်းမချဘဲမနေနိုင် တော့ပေ “ငါ့မှာ ပြောစရာရှိတာကို ဘယ်လိုသိတာလဲ”

“ခန့်မှန်းလိုက်တာပါ” ရှီမာယူယူ ပြောလေသည် “ကျွန်မမှန်းတာသာ မှန် ရင်.. ဒီကိစ္စက ကျွန်မတပည့်နဲ့ပတ်သက်နေလိမ့်မယ် ဟုတ်လား”

ပတ်သက်မှုမရှိလျှင် တခြားသူများ၏ ကိစ္စကို အဘယ့်ကြောင့် ရှေ့ထွက် ပြီး ဝင်ပါမည်နည်း။ အပေါ်ယံတွင်တော့ ထိုလူများအတွက် ရပ်တည်ပေးသည် ဟု ဆိုနိုင်သော်လည်း တကယ်တော့ သူမနှင့် ဆက်ဆံရေးတည်ဆောက်ချင် သဖြင့် သူမကို မြို့စားအိမ်တော်သို့ ဖိတ်ခေါ်ခြင်းဖြစ်သည်။

“တကယ်ပဲ ဆက်စပ်နေပါတယ်” ကျောက်ရွေ့ရှန့် ပြောလေသည်။

“ဒါဆို ပြောပါ ကျွန်မကိုဘာလို့ရှာတာလဲ” ရှီမာယူယူ ပြောလိုက်သည် “လိမ်ရင်လည်း အသုံးမဝင်တာကိုသိမှာပါ”

ရှီမာယူယူမှာ ဤမျှအာရုံခံပါးပြီး သူ့စကားအဓိပ္ပာယ်ကို ချက်ချင်းသိလိမ့် မည်ဟု ကျောက်ရွေ့ရှန့် ထင်မထားပေ။ သူ့မျက်နှာတွင် ခါးသက်သောအပြုံး ပေါ်လာသည် “မင်းကိုပါ ဝင်ပတ်သက်စေချင်လို့မဟုတ်ပါဘူး.. ဒါပေမဲ့ ငါတို့ မင်းအကူအညီလိုတယ်.. ဒီကိုလာပြီးကြည့်ပါဦး”

သူသည် သေတ္တာတစ်လုံးထုတ်ပြီး ရှီမာယူယူဘေးတွင်တင်ကာ မေး လိုက်သည် “ဒီကိစ္စကို ဘယ်လိုထင်လဲ”

***

All Chapters