မြို့စားနှင့် အပေးအယူ
Vol. 158 Ch. 2201
သေတ္တာပေါ်တွင် ရှုပ်ထွေးလှသည့် ရုပ်ပုံများထွင်းထုထားပြီး ပန်းနှင့်တူ သော်လည်း ပန်းမဟုတ်၊ သားရဲနှင့်တူသော်လည်း သားရဲပုံမဟုတ်ဘဲ အလွန်ပင် ရှေးကျသည့် အငွေ့အသက်ရသည်။
“ဒါက…” ရှီမာယူယူသည် ကျောင်ရွေ့ရှန့်ကို နားမလည်နိုင်သလိုကြည့် လိုက်သည်။ ဤအချိန်မျိုးနွယ် ယခုလိုပစ္စည်းထုတ်ပေးလာသည်မှာ သူမသည် မူစစ်ကိုမတွေးဘဲမနေနိုင်တော့ပေ။
“ဒါက အဲလူတွေရှာနေတာပဲ” ကျောက်ရွေ့ရှန့် ပြောလိုက်သည် “မင်း ဒါကိုသိပြီးသားဖြစ်မှာပါ”
“ဘာမို့လို့လဲ” ရှီမာယူယူသည် တုံးအဟန်ပြုလေသည်။
“တစ္ဆေမြို့တော်ကလူတွေ ဒီကိုရောက်နေတာပဲ သူတို့က မင်းကို သတင်း မပေးကြဘူးလား” ကျောက်ရွေ့ရှန့်သည် သူမသိနှင့်ပြီးသားဟု သေချာနေသလို ကြည့်လေသည်။
ရှီမာယူယူသည် မျက်ခုံးများကို ပင့်လိုက်သည်။ သူက တစ္ဆေမြို့တော် အကြောင်းကိုတောင် သိနေတာဆိုတော့ တော်တော်များများကို သိထားတဲ့ပုံပဲ။
“မူစစ်ရဲ့အဖေကိုသိလား” သူ့မျက်နှာမှာ မပြောင်းလဲဘဲရှိသည်ကို သူမ မြင်သောအခါ ဆက်ပြောလေသည် “အဲတုန်းက အဖြစ်အပျက်ကို ရှင်သိနေတာ ပဲ”
ကျောက်ရွေ့ရှန့်သည် မငြင်းဆန်ပေ “အဲတုန်းက မူစစ်အဖေက ဒီပစ္စည်း ကြောင့်နဲ့ အလိုက်ခံရပြီး အသတ်ခံရတာ”
ရှီမာယူယူသည် သေတ္တာကို ကောက်ယူပြီးကြည့်ခြင်းပင်မပြုပေ။ သူမ သည် စားပွဲပေါ်ကို ညာဘက်လက်ဖြင့် အသာခေါက်ပြီးပြောလေသည် “ဒီ ပစ္စည်းကို ကြည့်လိုက်တာနဲ့ ကျိန်စာသင့်နေတာကို သိနိုင်တယ်.. ရှင်က ကျွန်မ ကိုပေးပြီး ဘေးသင့်မှုကြီးကို လာလက်လွှဲပေးနေတာလား”
“ဒါက မူစစ်ရဲ့ပစ္စည်းပဲ.. အဲလူတွေသာရှာတွေ့သွားရင် သူ အသက်ဆက် ရှင်နိုင်မလား မရှင်နိုင်ဘူးလားဆိုတာ ဘယ်သူသိမှာလဲ” ကျောက်ရွေ့ရှန့် ခပ် အေးအေးပင် ပြောလေသည် “အခုဒါက ငါနဲ့ရှိနေတာ.. ငါ့ကိုယ်ငါကာကွယ်ဖို့ ဒါကိုပေးတာပဲ… အဲတုန်းက မူစစ်ဖြစ်ခဲ့တာကြောင့် မင်းကပိုပြီးစိတ်မအေးဖြစ် နေမယ်လို့ထင်တယ်”
“ရှင်က တကယ်ပွင့်လင်းတာပဲ” ရှီမာယူယူသည် တိုးညင်းစွာပြောလေရာ သူမ ပျော်ရွှင်သလား ဒေါသထွက်သလားဆိုသည်ကို ခန့်မှန်း၍မရနိုင်ပေ။
“ဒါက အကုန်လုံးကောင်းဖို့အတွက် လုပ်တာပါ” ကျောက်ရွေ့ရှန့် ပြော လေသည် “ဒီဟာကို ကာကွယ်ဖို့ ငါ့မှာအင်အားမရှိဘူး ဒါပေမဲ့ မင်းမှာရှိတယ်.. မင်းကိုပေးလိုက်တာ အကောင်းဆုံးပဲ”
ရှီမာယူယူသည် နှုတ်ဆိတ်နေပြီး ပစ္စည်းကိုကောက်ယူခြင်းမပြုပေ။
ကျောက်ရွေ့ရှန့်သည် ရှီမာယူယူအလွန်တည်ငြိမ်သည်ကို ခံစားမိသည်။ သူမ မည်သည့်အရာကို စောင့်နေသည်ကို မသိပေ။ ထို့ကြောင့် သက်ပြင်းချကာ ပြောလိုက်သည် “အထဲမှာဘာရှိလဲဆိုတာ မသိချင်ဘူးလား”
“သိချင်တာထက် ဘာတွေဖြစ်မလဲဆိုတာကိုပဲ သိချင်တယ်.. ဒါက မူစစ်နဲ့ ပတ်သက်နေပေမဲ့ ဒါက ပြဿနာတက်မယ့်အခြေအနေဆိုတာကို ရှင်ရော ကျွန်မပါသိကြတယ်.. ရှင်ကျွန်မကိုပေးချင်ရင် ကျွန်မယူလို့ရပါတယ်.. ဒါပေမဲ့ အဲတုန်းက ဘာတွေဖြစ်ခဲ့လဲဆိုတာကို ပြောရမယ်.. မူစစ်ရဲ့လုံခြုံမှုနဲ့တော့ ကျွန်မကို လာမခြိမ်းခြောက်ပါနဲ့.. အများဆုံးကတော့ ကျွန်မ မူစစ်ကိုရှာတွေ့ ရင် သူ့ကိုကယ်မှာပါ” ရှီမာယူယူသည် နောက်ဆုံးတွင် ပြောလိုက်သည်။
သူက သူမဆီကို အပြစ်ဖို့ချင်နေတာ၊ သူမကိုငတုံးလို့များ တကယ်ကြီး ထင်နေတာလား။ သူသည် မူစစ်၏ဖခင်နှင့် တစ်နည်းတစ်ဖုံပတ်သက်နေလျှင် လည်း သူမနှင့် ဘာမမဆိုင်ပေ။
ကျောက်ရွေ့ရှန့်သက်ပြင်းချပြီး ပြောလေသည် “ဟုတ်ပြီ ငါမင်းကို ပြော လို့ရမယ်ထင်ပါတယ်.. ဒီကိစ္စကိုမပြောတော့ဘူးလို့ ငါတို့ကတိပေးထားရုံတင် ပါ.. ဒါပေမဲ့ အခု သူတို့နှစ်ယောက်လုံး မရှိတော့ဘူးဆိုတော့ ဒီကိစ္စကိုပြော လိုက်လည်း ကိစ္စမရှိပါဘူး”
ထို့ကြောင့် မူစစ်၏ဖခင်သည် ဝမ်းနည်းဖွယ်ကိစ္စများနှင့် တွေ့ပြီးလောက် ပြီဖြစ်သည်။
ထိုကိစ္စမှာ အမှန်တကယ်တော့ မရှုပ်ထွေးလှပေ။ မူစစ်၏ဖခင်သည် ဂိုဏ်း၏အမိန့်အရ ဤရတနာကိုရှာရသည်။ မူလက သူ့ကို ဘေးကင်းအောင် စောင့်ရှောက်ရန် ပေးအပ်ခြင်းဖြစ်သည်။ သို့သော် သူ ရတနာကိုရပြီးနောက် ဂိုဏ်းကိုပြန်မလာဘဲ သူ့နားမှလူများကို သတ်ပြီးထွက်ပြေးသွားခဲ့သည်။
အမှောင်နဂါးကိုယ်ရံတော်သည် ဒေါသထွက်ကာ တစ်ကမ္ဘာလုံးမှလူများ ကိုလွှတ်ပြီး လိုက်ခိုင်းခဲ့သည်။ သူသည် နေရာများစွာကို ပြေးသော်လည်း ထိုလူ များကို ခါချ၍မရခဲ့ပေ။ နောက်ဆုံးတွင် ထိုနေရာ၌ သေဆုံးသွားခဲ့ရသည်။
မူစစ်သည် မထင်မှတ်ထားသောကိစ္စကြောင့် ဒုက္ခသည်ဖြစ်ခဲ့ရသည်။ မူစစ်၏ တည်ရှိမှုကို သူသိချိန်တွင် မူစစ်သည် ၂ နှစ် ၃ နှစ်အရွယ်ဖြစ်နေပြီဖြစ် သည်။ သူကိုယ်တိုင်ကပင် အန္တရာယ်တွင်းကျနေရာ မူစစ်ကို အတူခေါ်မထား နိုင်ပေ။ ထို့ကြောင့် ယုံကြည်ရသည့် သူငယ်ချင်းဖြစ်သူကို သေတ္တာနှင့် မူစစ်ကို တစ်ချိန်တည်းအပ်ထားခဲ့သည်။
ထိုလူများ၏အာရုံကိုလွှဲနိုင်ရန် ကျောက်ရွေ့ရှန့်သည် မူစစ်ကို သူ့ဘေး တွင်မထားဘဲ လျှို့ဝှက်စွာဖြင့် သူ့ကိုတခြားသူများကို ဘေးကင်းရာပို့ခိုင်းလိုက် သည်။ မူစစ်၏ဖခင်သေသွားပြီဟု သိသည်နှင့် ကျောက်ရွေ့ရှန့်သည် သူငယ် ချင်း တစ်ယောက်ကိုရှာကာ မူစစ်ကို တစ္ဆေမြို့တော်သို့ ခေါ်သွားခိုင်းလိုက်၏။
မူစစ်သာ တစ္ဆေမြို့တော်တွင် နေပါက အသက်အန္တရာယ်မရှိဘဲ အေးအေး ချမ်းချမ်းနေနိုင်လိမ့်မည်ဟု သူ တွေးထားခဲ့သည်။ သူ ရှီမာယူယူနောက်လိုက် ပြီး အပြင်ထွက်လာရာ အမှောင်နဂါးကိုယ်ရံတော်များမှ တွေ့သွားလိမ့်မည်ဟု ထင်မထားပေ။
ရွှမ်ချုံးဟော် ရှီမာယူယူအိမ်သို့သွားပြီး မူစစ်ကိုဖမ်းရသည့်အကြောင်း အရင်းကိုတော့ ကျောက်ရွေ့ရှန့် အမှန်တကယ်မသိပေ။ ရွှမ်ချုံးဟော်သာ သူမ ကို ရှင်းပြနိုင်လိမ့်မည်။
“အဲတုန်းက မူစစ်ရဲ့အဖေက ဘာပြန်ယူလာခဲ့တာလဲ” ရှီမာယူယူ မေး လိုက်သည်။
“ရှေးဟောင်းအထွတ်အမြတ်မီးအမိန့်တော်”
ရှီမာယူယူသည် ဝူလင်းယူကိုကြည့်လိုက်သည်။ သူလည်း ထိုအရာကို မသိပေ။
“ရှေးဟောင်းအထွတ်အမြတ်မီးအမိန့်တော်မှာ အမြင့်ဆုံးစွမ်းအားရှိပြီး လောကကြီးကို အုပ်စိုးနိုင်မယ်လို့ နတ်ဘုံမှာဒဏ္ဍာရီတွေရှိတယ်.. သက်ရှိတွေ အားလုံးက သူ့အမိန့်ကိုနာခံရပြီး ဆန့်ကျင်လို့မရဘူး” ကျောက်ရွေ့ရှန့် ရှင်းပြ လေသည်။
“ဒဏ္ဍာရီနဂါးအမိန့်နဲ့အတူတူပဲမဟုတ်ဘူးလား” ရှီမာယူယူ မေးလိုက်၏။
“ဒါက ဒဏ္ဍာရီနဂါးအမိန့်ထက်တောင် မြင့်တယ်” ရှီမာယူယူသည် ထို နေရာသို့ မရောက်ဖူးသော်လည်း ဒဏ္ဍာရီနဂါးကိုသိလိမ့်မည်ဟု ကျောက်ရွေ့ ရှန့်ထင်မထားပေ “ဒဏ္ဍာရီနဂါးအမိန့်က သားရဲတွေအတွက်ပဲ ရှေးဟောင်း အထွတ်အမြတ်မီးအမိန့်တော်က… လူသားတွေပါပတယ်”
“လူသားတွေက အဲဒီတံဆိပ်ပြားကို ဘာလို့ကိုးကွယ်ရမှာလဲ ဒီလောက် အချိန်တွေကြာသွားပြီဆိုတော့ ရှေးဟောင်းအထွတ်အမြတ်မီးအမိန့်တော်က ဒီအတိုင်း တံဆိပ်တစ်ခုပဲမလား အဲလောက်တောင်လိုလို့လား” ရှီမာယူယူသည် နားမလည်နိုင်ဖြစ်နေသည်။
“တံဆိပ်ပြားမှာ အရမ်းကိုလျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတချို့ရှိတယ် လို့ ဒဏ္ဍာရီတွေမှာပြောကြတယ်”
“ဒဏ္ဍာရီနဂါးအမိန့်နဲ့ စွမ်းအားတူတာလား”
“မတူဘူး.. ဒဏ္ဍာရီနဂါးအမိန့်က ဉာဏ်အလင်းပွင့်တဲ့အဇူရာနဂါးက ထား သွဦးတာ.. ဒါပေမဲ့ အထွတ်အမြတ်မီးအမိန့်တော်ရဲ့စွမ်းအားက အဆင့်တက် တာနဲ့ ပတ်သက်နေသလိုပဲ.. အဲဒါကိုသာရရင် ပိုမြင့်တဲ့အဆင့်ကို တက်သွားနိုင် တယ်”
“နတ်ဘုံကလူတွေက ဧကရာဇ်အဆင့်ထိ မတက်နိုင်ဘူးမလား”
“သူတို့တွေက ဧကရာဇ်အဆင့်ကိုပဲ တက်နိုင်တယ်.. အမြင့်ပိုင်းအဆင့် တွေကို မတက်နိုင်ဘူး” ကျောက်ရွေ့ရှန့်၏ စကားများသည် ကူကယ်ရာမဲ့နေ သည်။ အဲလိုသာမဟုတ်ရင် အထွတ်အမြတ်မီးအမိန့်တော်ကို ဘာလို့ အဲလောက်လေးစားနေကြမှာလဲ။
“ရှင်က နတ်ဘုံကပဲ” ရှီမာယူယူသည် အတပ်ပြောလေသည်။
“ဟုတ်တယ် ငါ ဒီနေရာကို အကြောင်းတချို့ကြောင့် ရောက်လာတာ” ကျောက်ရွေ့ရှန့်သည် မငြင်းဆန်ပေ။
သူ၏ ဇစ်မြစ်မှာထင်ရှားနေသည်။ ရှီမာယူယူသည် နတ်ဘုံမှကိစ္စများကို နားလည်ထားပြီး အထက်မှလူများကို သိသဖြင့် ငြင်းဆန်နေရန်မလိုပေ။
“ရှင်က အထွတ်အမြတ်မီးအမိန့်တော်အကြောင်းကို အဲလောက်သိနေ တာ ဘာလို့ ကိုယ်သုံးဖို့အတွက်မယူတာလဲ” ရှီမာယူယူ မေးလိုက်သည် “ပြီးတော့ ရှင်ပြောသလိုဆိုရင် အထွတ်အမြတ်မီးအမိန့်တော်က လောကကြီး ကို အမိန့်ပေးနိုင်စွမ်းရှိတယ်.. အမှောင်နဂါးကိုယ်ရံတော်ကို ဘာလို့ကြောက်နေ တာလဲ.. သူတို့ကို အုပ်စိုးမယ့်အစား ဘာလို့ကျွန်မကိုပေးတာလဲ”
“တခြားလူရဲ့ လောဘကိုဖြစ်စေတာက လူတစ်ယောက်ရဲ့ ချမ်းသာမှုပဲ” ကျောက်ရွေ့ရှန့်သည် ရှုံ့မဲ့စွာပြုံးလိုက်သည်။ “ပြီးတော့ အထွတ်အမြတ်မီး အမိန့်တော်က ဒဏ္ဍာရီသပ်သပ်ပဲ.. ငါ နှစ်ပေါင်းများစွာ လေ့လာပြီးတာတောင် လောကကြီးကိုအုပ်စိုးနိုင်မယ်ဆိုတဲ့ ထူးခြားမှုဘာမှမတွေ့ဘူး..”
ထိုအရာအတွင်းမှ စွမ်းအားသည် လောကကြီးကို အုပ်စိုးနိုင်မည့်စွမ်းအား ဆိုသည်မှာ မသေချာသော်လည်း သေဆုံးမည့်လက္ခဏာဆိုသည်ကို သူ နားလည်သည်။
“ငါ့အသက်ကို ပိုတန်ဖိုးထားတယ်.. အမှောင်နဂါးကိုယ်ရံတော်သာ ငါ့ကို ရှာတွေ့သွားရင် ငါ့အသက်ကို မစွန့်စားနိုင်ဘူး.. အခု မင်းကိုပေးတာက ငါ မင်း နဲ့ ဆက်ဆံရေးကောင်းချင်လို့ပဲ”
ဤပစ္စည်းကို လူတိုင်းကိုပေးရသည်။ သို့သော် အမှောင်နဂါးကိုယ်ရံတော် ကိုသာပေးလိုက်ပါက မူစစ်၏ လုပ်ဆောင်မှုမှာအဆုံးသတ်သွားပြီဖြစ်သည်။ သူမကိုပေးမှပင် မူစစ်၏အသက်ကို ကယ်နိုင်မည်ဖြစ်သည်။ ထိုလူများသည် မူစစ်ကိုခေါ်ပြီး သေချာပေါက် သူမကိုလာတွေ့မည်ဖြစ်သည်။
“အဲလိုဆိုရင်တော့ ကျေးဇူးအများကြီးတင်ပါတယ်” ရှီမာယူယူသည် လက်ဆန့်ထုတ်ကာ သေတ္တာကိုထိတွေ့လိုက်သည်။ သူမ၏ ခန္ဓာကိုယ်တစ် လျှောက် ဓာတ်လိုက်သွားပြီး ရုတ်တရက် သူမစိတ်ထဲသို့ တစ်စုံတစ်ရာပေါ်လာ သည်ကို ခံစားမိလိုက်သည်…
***