← Chapters

ရှေးဟောင်းအထွတ်အမြတ်မီးအမိန့်တော်

Vol. 158 Ch. 2202

ရှေးဟောင်းအထွတ်အမြတ်မီးအမိန့်တော်

Vol. 158 Ch. 2202

ဝူလင်းယူနှင့် ကျောက်ရွေ့ရှန့်တို့သည် သူမ ခေတ္တမျှရပ်တန့်သွားသည်ကို သတိထားမိကြသည်။ ကျောက်ရွေ့ရှန့်သည် သူမအား စိတ်လှုပ်ရှားစွာကြည့်ပြီး ပြောလိုက်သည် “သခင်မလေးယူယူ ဘာများတွေ့လို့လဲ”

သူသည် ထိုသေတ္တာကို နှစ်ပေါင်းတစ်ရာကျော်အောင် သိမ်းထားခဲ့သော် လည်း မည်သည့်အရာကိုမှ သတိမထားမိခဲ့ပေ။ သူမက သေတ္တာကိုထိလိုက် တာနဲ တစ်ခုခုကိုများ တွေ့သွားတာလား။ အဲလိုဆိုရင် သူမက ဒီလျှို့ဝှက်ဆန်း ကြယ်မှုကြီးကို ဖြေရှင်းရင်ဖြေရှင်းနိုင်မှာပဲ။

“မဟုတ်ဘူး.. ဒီဟာက နည်းနည်းရင်းနှီးနေတယ်လို့ ခံစားရရုံပါ.. ဒါပေမဲ့ ဘယ်မှာမြင်ဖူးလဲဆိုတာ စဉ်းစားလို့မရဘူး” ရှီမာယူယူ ခေါင်းခါလိုက်သည်။ သူမသည် သေတ္တာကိုကောက်ယူပြီးနောက် ဖွင့်လိုက်သည်။ သူမသည် သေတ္တာ အတွင်းမှ ရှေးဟောင်းတံဆိပ်ပြားကိုမြင်လိုက်ရသည်။ သာမန်တံဆိပ်ပြားများ နှင့် ကွာခြားလှသည်မဟုတ်ပေ။ ပိုဆိုးသည်မှာ ‘မီး’ ဆိုသည့် စာလုံးကို ထွင်းထု ထားသည့် သာမန်သံမဏိပြားသက်သက်သာဖြစ်သည်။

သူမ တံဆိပ်ပြားကို ကောက်ယူပြီးကြည့်လိုက်သည်။ ပြီးနောက် သေတ္တာ ထဲကိုပြန်ထည့်ပြီး သိမ်းလိုက်သည်။ ထူးခြားမှုတစ်စုံတစ်ရာ ထပ်ဖြစ်မလာ တော့ပေ။

“မြို့စားကျောက်ကိုမေးချင်တာ တစ်ခုရှိပါသေးတယ်” သူမသည် ကျောက်ရွေ့ရှန့်ကို ကြည့်လိုက်သည် “အဲတုနန်းက မူစစ်ကို အနက်ဝတ်လူက ခေါ်သွားတာပါ ဒါပေမဲ့ အခုမူစစ်က အမှောင်နဂါးကိုယ်ရံတော်နဲ့ရှိနေတယ်.. သူတို့ကြားမှာ ဆက်နွယ်မှုတစ်ခုခုရှိနေမလားဆိုတာသိလား.. ဥပမာဆိုရင် အနက်ဝတ်လူကို အမှောင်နဂါးကိုယ်ရံတော်က ကြိုးကိုင်ထားတာလား”

“မဖြစ်နိုင်ဘူး” ကျောက်ရွေ့ရှန့် ပြောလိုက်သည် “ငါသိသလောက်ဆိုရင် ဒီမှာ အမှောင်နဂါးကိုယ်ရံတော်ရဲ့ တခြားအင်အားမရှိဘူး”

“အဲတော့ ရှင်က အမှောင်နဂါးကိုယ်ရံတော်ရဲ့ အဖွဲ့ဝတင်ပေါ့.. ဒါက အမှောင်နဂါးကိုယ်ရံတော် အုပ်စိုးတဲ့နေရာလား” ရှီမာယူယူ မေးလိုက်သည် “ရှင်က မူစစ်ရဲ့အဖေကို ကူညီခဲ့တယ်.. ပြီးတော့ အထွတ်အမြတ်မီးအမိန့်တော် ကို ဖွက်ထားခဲ့တယ်.. အဲလိုလုပ်ရင် ရှင်က အမှောင်နဂါးကိုယ်ရံတော်ကို သစ္စာ ဖောက်တာမဟုတ်ဘူးလား”

“မင်းမှားနေပြီ ငါက အမှောင်နဂါးကိုယ်ရံတော်ရဲ့ အဖွဲ့ဝင်မဟုတ်ဘူး” ကျောက်ရွေ့ရှန့်ပြောလိုက်သည် “ငါက အဲကိစ္စတွေ သိခဲ့ရုံတင်ပါ”

သူသည် အသေးစိတ်မပြောချင်ပေ။ ဤကိစ္စကိုထပ်ပြီးဆွေးနွေးလိုစိတ် လည်းမရှိပေ။ ထို့ကြောင့် ရှီမာယူယူ ထပ်မမေးပေ။ သူမသည် မူစစ်အကြောင်း တစ်စုံတစ်ရာသိရလျှင် ပြောရန်ကိုသာ သတိပေးပြီး ထွက်လာခဲ့လိုက်သည်။

အိမ်တော်ထိန်းသည် သူတို့ကိုလိုက်ပို့ပြီးနောက် ပြန်လာခဲ့လိုက်သည်။ ကျောက်ရွေ့ရှန့် အတွေးထဲမျောနေသည်ကို သူ မြင်သောအခါ မေးလေသည် “အစ်ကိုကြီး ဘယ်လိုလဲ သူမ ယူသွားလား”

“ဒီကိစ္စက သူမတပည့်နဲ့ပတ်သက်နေတာပဲ ဘယ်လိုလုပ် ယူမသွားဘဲ နေ မှာလဲ” ကျောက်ရွေ့ရှန့် ပြန်ဖြေလေသည်။

“ကောင်လိုက်တာ သူမ ယူသွားတယ်ဆိုရင် နောက်ဆုံးတော့ ဒီပြဿနာ အိုးကြီးကို လက်ထဲကနေ ထုတ်နိုင်လိုက်ပြီပဲ” ကျောက်ရွေ့ချန်းသည် သူ့ဘေး တွင် ဝင်ထိုင်လိုက်သည်။ သူ အတွေးများပြန်စုမရသေးသည်ကိုမြင်သောအခါ မေးလိုက်သည် “အစ်ကိုကြီး ဘာတွေတွေးနေတာလဲ”

“အဲဒီပစ္စည်းက သူမအတွက်ကျ ပြဿနာအိုးမဟုတ်တာလည်း ဖြစ်နိုင် တယ်လို့တွေးနေတာ” ကျောက်ရွေ့ရှန့်သည် ရှီမာယူယူ သေတ္တာကိုကိုင်လိုက် စဉ်က တုံ့ပြန်မှုကိုပြန်တွေးနေသည်။ သူမသည် တစ်စုံတစ်ခုကို တွေ့ရှိသွားခြင်း ဖြစ်မည်။

“အဲလိုဆိုရင်လည်း သူကံကောင်းသွားတာပဲပေါ့” ကျောက်ရွေ့ချန်းသည် လုံးဝဂရုမစိုက်ပေ။ “အဲတော့ အစ်ကိုကြီး လုံးဝစိတ်ပူဖို့မလိုဘူး.. သူမက ဒီ အကြပ်အတည်းကြီးကို ကူညီပေးနိုင်မှာပဲ”

“အမှန်ပဲ.. ဒီကိစ္စကိုလည်း ဖြေရှင်းရမယ်.. သူတို့သာဘာမှမတွေ့ရင် ငါတို့ ကို သက်ရောက်မှုမရှိနိုင်ဘူး” ကျောက်ရွေ့ရှန့် ပြောလိုက်သည်။

“ရှီမာယူယူ ဒီမှာရှိနေသလို အထွတ်အမြတ်မီးအမိန့်တော်ကိုလည်း ပေး လိုက်ပြီဆိုတော့ ကျွန်တော်တို့ကို သက်ရောက်မှုမဖြစ်နိုင်ပါဘူး.. ဒီအတိုင်း ထိုင် ပြီးပွဲကြည့်ရုံပဲ”

“အထက်ကလူတွေ နောက်မှသိသွားဖို့မျှော်လင့်တာပဲ၊ အဲဒါမှ ငါတို့လည်း အချိန်ပိုရလာမှာ”

ထိုအချိန်တွင် ရှီမာယူယူနှင့်ဝူလင်းယူတို့သည် မြို့စားအိမ်တော်မှ ထွက် လာပြီဖြစ်ကာ ထိုညီအစ်ကိုနှစ်ယောက်ကြားမှ စကားများနှင့် ရည်ရွယ်ချက် များကိုမသိလိုက်ရတော့ပေ။

သို့သော် သူမ သိလျှင်တောင် ကိစ္စမရှိပေ။ အကြောင်းမှာ သူတွင် ရွေးချယ်စရာမရှိပေ။ သူမသည် မူစစ်၏အသက်ကို ဂရုမစိုက်ဘဲမနေနိုင်ပေ။

“အထွတ်အမြတ်မီးအမိန့်တော်ကို ထိလိုက်တော့ ဘာအာရုံခံမိလိုက်တာ လဲ” ဝူလင်းယူ မေးလေသည်။

“ကစဥ့်ကလျားလောကရဲ့ အငွေ့အသက်” ရှီမာယူယူ ပြောလိုက်သည် “ကစဥ့်ကလျားလောကရဲ့ အငွေ့အသက်ကို တော်တော်ပြင်းတယ်”

“အထွတ်အမြတ်မီးအမိန့်တော်မှာ ကစဥ့်ကလျားလောကအငွေ့အသက် ရှိနေတယ်ပေါ့”

“ဟုတ်တယ်” ရှီမာယူယူ ခေါင်းညိတ်လိုက်သည် “ကျွန်မခန္ဓာကိုယ်မှာ ကစဥ့်ကလျားလောကရဲ့ အငွေ့အသက်ရှိနေတော့ အဲဒါကိုထိလိုက်တော့ အာရုံ ခံမိတာဖြစ်မယ်လို့ထင်တယ်”

“အထွတ်အမြတ်မီးအမိန့်တော်က သက်တမ်းရင့်နေတာပဲ” ဝူလင်းယူ ပြောလိုက်သည်။

“အနည်းဆုံးတော့ ကစဥ့်ကလျားလောကက အပြင်လောကနဲ့ ချိတ်ဆက် တုန်းက လုပ်ထားတာပဲ.. ပြန်ရောက်မှ အသေးစိတ်လေ့လာရမယ်”

“ဟုတ်ပြီ အဲလူတွေ ဘယ်တော့ တံခါးလာခေါက်မလဲလို့ ကြည့်ကြတာ ပေါ့”

“သူတို့တွေလာမယ်ဆိုတာသိတော့ ပိုတောင်စိတ်အေးသွားပြီ တည်းခို ဆောင်ကို ပြန်ကြတာပေါ့”

သူတို့ တည်းခိုဆောင်သို့ရောက်ချိန်တွင် ရှီယူနှင့် မိုဒိဆန်းတို့သည် သူမ ချက်ပြုတ်ပေးခဲ့သည့် စားစရာများကို စားသောက်ပြီးကာ တည်းခိုဆောင်တွင် နေထိုင်ရန် စီစဉ်နေလေသည်။

“နင်တို့လည်း နေချင်လို့လား” သူတို့သတင်းပြောပြီးသည်နှင့် ထွက်သွား လိမ့်မည်ဟု ရှီမာယူယူ ထင်ထားခဲ့သည်။

“ဒါပေါ့ နေမှာလေ” ရှီယူသည် ရောက်လာပြီး သူမ၏ပခုံးပေါ်သို့ လက် တင်ပြီးဖက်လိုက်သည် “စိတ်မပူပါနဲ့ ငါတို့ဒီမှာနေတာ နင်တို့နှစ်ယောက် အတူ နေတာကို အနှောင့်အယှက်မဖြစ်စေရပါဘူး.. ဒီအတိုင်း ငါတို့မရှိသလိုသာ ဟန်ဆောင်နေလိုက်”

သူမသည် ‘အတူနေတာ’ ဆိုသည့်စာလုံးကို အသားပေးပြောလိုက်ရာ ရှီမာယူယူ မျက်လုံးများကို လှိမ့်လိုက်သည် “နေချင်ရင်လည်းနေပေါ့.. ပြီးတော့ ငါ အားကောင်းတဲ့လူတွေလိုတယ်.. နင်တို့နှစ်ယောက်လုံး တာဝန်ယူပေးဦး”

“ဘာလို့လဲ တိုက်ခိုက်တော့မလို့လား.. နင့်ကို ဘယ်သူရန်စတာလဲ.. ပြော လက်စနဲ့ ခုနက ထွက်သွားတာဘာဖြစ်လို့လဲ” ရှီယူ၏ မေးခွန်းများသည် တစ်ခု ပြီးတစ်ခု အဆက်မပြတ်ထွက်လာခဲ့သည်။

ရှီမာယူယူသည် အကျဉ်းချုံးရှင်းပြကာ မြို့စားအိမ်တော်သို့ရောက်သွား သည့် ကိစ္စနှင့် အထွတ်အမြတ်မီးအမိန့်တော်အကြောင်းကိုလည်း ပြောပြလိုက် သည်။

ရှီယူသည် အထွတ်အမြတ်မီးအမိန့်တော်အကြောင်းကြားချိန်တွင် အံ့ဩ သွားပြီး အော်လေသည် “အဲဒါက တကယ်ပဲ အထွတ်အမြတ်မီးအမိန့်တော်လား ကြည့်ရအောင်”

ရှီမာယူယူသည် အထွတ်အမြတ်မီးအမိန့်တော်ထုတ်ပြီး သူမကို ပေးလိုက် သည်။ သူမ ကြည့်ပြီးနောက် ရှီမာယူယူ၏ ပခုံးကိုပျော်ရွှင်စွာ ပုတ်ပြီးပြောလိုက် သည် “ဒါတကယ်ပဲ အထွတ်အမြတ်မီးအမိန့်တော်ပဲ.. တကယ်ပဲ အထွတ် အမြတ်မီးအမိန့်တော်ပဲ”

“နင်သိတာလား”

“ဒါက အထွတ်အမြတ်မီးအမိန့်တော်ပဲလေ.. ဒီလောက်အင်အားကြီးတဲ့ ပစ္စည်းပဲကို သေချာပေါက်သိတာပေါ့” ရှီယူသည် ပျော်ရွှင်စွာပြောလေသည် “ဒါက လောကကြီးကို အမိန့်ပေးနိုင်တဲ့ အထွတ်အမြတ်မီးအမိန့်တော်ပဲ”

“ဒါက တကယ်ကြီးလား” ရှီမာယူယူ သူမကို မေးလိုက်သည်။

“အင်း” ရှီယူသည်အတပ်ပြောလေသည် “ငါ အပြင်မှာပတ်သွားနေရင်းနဲ့ အထွတ်အမြတ်မီးအမိန့်ကိုမြင်ဖူးတယ်.. ဒါနဲ့တူတယ် ဒါပေမဲ့ အဲဒါက အရမ်းကို ရှေးကျတဲ့ရောင်ဝါရှိတယ်.. တကယ်ပဲ အထွတ်အမြတ်မီးအမိန့်ပဲဖြစ်မယ်”

“အတုတွေလည်းရှိသေးတာလား”

“ရှေးဟောင်းအထွတ်အမြတ်မီးအမိန့်တော် ပျောက်သွားတော့ တချို့လူ တွေက ပုံတူလုပ်ခဲ့ကြတာ” ရှီယူ ပြောလိုက်သည် “ဒါပေမဲ့ အထွတ်အမြတ်မီး အမိန့်တော်က အသုံးမဝင်တာတော့မဟုတ်ဘူး.. အဲဒါက နတ်ဘုံမှာ အရမ်း အားကောင်းပြီး လက်ရှိမှာလည်း အားအကောင်းဆုံးအင်အားစုတွေလက်ထဲမှာ ရှိတယ်.. တချို့လူတွေက အသိအမှတ်မပြုရုံတင်ရယ်.. သူတို့က ရှေးဟောင်း အထွတ်အမြတ်မီးအမိန့်တော်ကိုပဲ အသိအမှတ်ပြုတယ်”

“နင်က ဒါတွေအကုန်လုံးသိတာလား”

“နင်အိပ်မောကျနေတုန်းကို ငါတို့ အဲဒီကို အစ်ကိုကြီးနောက်လိုက်သွား တော့ တချို့ကိစ္စတွေသိလာတာ” ရှီယူသည် အထွတ်အမြတ်မီးအမိန့်တော်ကို ပြန်ကြည့်ပြီး သက်ပြင်းချသည် “ဒီပစ္စည်းက နင့်ဆီကိုရောက်လာမယ်လို့ ထင် မထားဘူး.. ဒါသာပေါ်လာမယ်ဆိုရင် နောက်ဆို ဘယ်လိုပြဿနာတွေဖြစ်လာ မယ်ဆိုတာ ပြောမရဘူး”

“နင့်ကြည့်ရတာ ပျော်နေပုံပဲ ငါ့ကိုစိတ်မပူဘူးလား”

“နင့်ကို ဘာလို့စိတ်ပူရမှာလဲ.. ဒီပစ္စည်းက နင်နဲ့အတူရှိရင် တခြားသူတွေ ကိုတောင် ငါ စိတ်ပူသေးတယ်” ရှီယူ ဆူပုပ်လေသည် “ဒါပေမဲ့ ပြောရင်းနဲ့ အခု သတင်းမပြန့်ပေးဘူးပဲ.. ရှေးဟောင်းအထွတ်အမြတ်မီးအမိန့်တော်ပေါ်လာရင် လက်ရှိ အထွတ်အမြတ်မီးအမိန့်တော်တွေက အသုံးမဝင်တဲ့သံတုံးတွေပဲ လူ တွေကလက်ခံမှာမဟုတ်ဘူး”

ထိုလူများသည် လုရန်ကြိုးစားပြီး တခြားကိစ္စများကို လုပ်လိမ့်မည်ဟု ထင်မထားပေ။

ထိုအချိန်တွင် ကျောက်ရွေ့ရှန့် သူမကို ဆက်သွယ်လေသည်။

“သခင်မလေးယူယူ မူစစ်နဲ့ အမှောင်နဂါးကိုယ်ရံတော်တွေ မြို့တော်ကို ဝင်လာပါတယ်”

***

All Chapters