← Chapters

မူစစ်အတွက် အလဲအလှယ်

Vol. 158 Ch. 2203

မူစစ်အတွက် အလဲအလှယ်

Vol. 158 Ch. 2203

မူစစ်ရောက်လာချေပြီ။ သူမထင်ထားသည်ထက် မြန်ဆန်စွာဖြစ်ပျက်နေ သဖြင့် မျှော်လင့်မိသည်။

ကျောက်ရွေ့ရှန့်သည် အစကတည်းကပင် သူတို့ကို လူလွှတ်စောင့်ကြည့် နေရာ ထိုလူများမြို့အတွင်းသို့ဝင်လာသည်နှင့် ချက်ချင်းသိလိုက်၏။ သို့သော် ဤမျှလောက် မြန်မြန်ဆန်ဆန်ရောက်လာလိမ့်မည်ဟု ထင်မထားပေ။ သူသည် ထိုပစ္စည်းကို ရှီမာယူယူဆီသို့လက်လွှဲပြီးသည်နှင့် သူတို့ရောက်လာကြသည်။

ကံကောင်းစွာပင် သူ အချိန်မှီပေးလိုက်ခြင်းပင်။

ရှီမာယူယူသည် တစ်ခါတည်း မူစစ်ကိုပြေးမကြည့်ပေ။ လက်ထဲတွင် ရှေးဟောင်းအထွတ်အမြတ်မီးအမိန့်တော်ကို ကိုင်ထားပြီး စောင့်ရုံသာစောင့် နေသည်။

သူမသည် အထွတ်အမြတ်မီးအမိန့်တော်အကြောင်းကို ရှီယူဆီမှ သတင်း ရရန်လိုသေးသည်။

ထိုညတွင် ရှီမာယူယူသည် နိုးလာသည့်အချိန်မှစပြီး မူစစ်ကို ပထမဆုံး အကြိမ်မြင်လိုက်ရသည်။

ထင်ရှားစွာပင် မူစစ်သည် ပုံရိပ်ဖမ်းကျောက်တုံးထဲမှ ပုံရိပ်နှင့် အလွန်တူ သည်။ သူသည် ကိုယ်အလေးချိန်များကျဆင်းကာ ပါးရိုးများထင်းနေပြီး မျက်လုံးများမှာလည်း အသက်မဲ့နေသည်။

ရှီမာယူယူ၏ ရင်များနာကျင်သွားသည်။ သူ ဘယ်လိုလုပ် ဒီလိုဖြစ်သွား တာလဲ။

မူစစ် နောက်ဆုံးအကြိမ်မြင်ခဲ့သည့်သူမှာ သူမဖြစ်သည်။ သူ သူမကို မြင် သောအခါ သူ၏တန့်နေသောမျက်လုံးများသည် လှုပ်ခတ်သွားတော့သည်။ သူ ၏ ပါးစပ်မှာပွင့်ဟလာသော်လည်း အသံသည်လည်ချောင်းထဲတွင် ဆို့နင့်နေ သလိုပင်။ သူသည် အတန်ကြာအောင်ကြိုးစားကြည့်သော်လည်း သူ၏ဆရာ ဖြစ်သူကို ခေါ်၍မရပေ။

အရင်ဆုံးပြောလာသူမှာ ရှီမာယူယူ ဖြစ်သည်။ သူမသည် မူစစ်ကို တောင်းပန်သလိုကြည့်ကာ ပြောလိုက်သည် “တောင်းပန်ပါတယ် ဆရာ နောက်ကျသွားတယ်”

မူစစ်၏မျက်လုံးများသည် အနည်းငယ်စိုစွတ်လာပြီး ခေါင်းယမ်း လိုက် ၏။ သူ သူမကိုအပြစ်မတင်ပေ။

လွန်ခဲ့သည့် ၂နှစ် သူမ နိုးလာသည်ဆိုသည့် သတင်းသည် တိုင်းပြည်တစ် ခုလုံးတွင် ပျံ့နှံ့ခဲ့သည်။ သူသည်လည်း သူနေထိုင်သည့် လူသူကင်းမဲ့သည့်နေရာ မှ ထိုသတင်းကိုကြားခဲ့သည်။ နောက်ဆုံးတွင် သူမ နိုးလာသည်ဟု သိလိုက်ချိန် တွင် နှစ်တစ်ရာကျော်မျှ စိတ်ထဲတွင်ခဲနေသည်များသည် ကျသွားပြီဖြစ်သည်။ သို့သော် သူ၏နှလုံးမှာ တဒင်္ဂသာခုန်သွားပြီးနောက် ပြန်ငြိမ်ကျသွားသည်။

သူ သူမကို အခုဘယ်လိုမျက်နှာပြရမှာလဲ။ သူမရှေ့မှာ ရပ်ရတာတောင် ရှက်နေပြီ။

“ရှီမာယူယူ မင်းကမြန်လှချည်လား” လူတစ်ယောက်သည် အက်ကွဲနေ သောအသံဖြင့် ပြောလေသည်။ သူ့အသံမှာ လည်ချောင်းကို မီးလောင်ထားခဲ့ သကဲ့သို့ အက်ကွဲနေသည်။

“ငါဘယ်သူလဲဆိုတာ မင်းတို့သိမှတော့ ဘာလို့ရောက်လာတာလဲဆိုတာ ကိုရော သိသင့်တာပေါ့” ရှီမာယူယူ၏ မျက်လုံးများသည် မူစစ်ဆီမှခွာလိုက်ကာ ထိုလူအားကြည့်လေသည်။

“အဲဒီပစ္စည်းကိုငါ့ကိုပေး.. အဲလိုဆိုရင် ဒီကိစ္စမှာ မင်းပတ်သက်နေတာကို လျစ်လျူရှုပေးလိုက်လို့ရတယ်.. ဒါပေမဲ့ မူစစ်ရဲ့အဖေက ဂိုဏ်းရဲ့သစ္စာဖောက်ပဲ သူက သူ့အဖေရဲ့အပြစ်အတွက် ငါတို့နဲ့ပြန်ကိုပြန်လိုက်ရမယ်”

“မူစစ်က ဘယ်သူ့သားဖြစ်ဖြစ်၊ မင်းတို့နဲ့ဘယ်လို ဆက်ဆံရေးပဲဖြစ်ဖြစ် ဂရုမစိုက်ဘူး.. အခု သူက ငါ့တပည့်ပဲ အဲဒါကြောင့် သူ့ကိုချန်သွားရမယ်” ရှီမာ ယူယူ၏ သဘောထားမှာခိုင်မာနေကာ ဤကိစ္စကို ညှိနှိုင်းလိုခြင်းမရှိပေ။

“စဉ်းတောင်မစဉ်းစားနဲ့ ကမ်းလှမ်းတာကိုလာမငြင်းနဲ့”

“အဲစကားကိုပဲ ပြန်ပြောပေးလိုက်မယ်”

“မောက်မာလိုက်တာ.. ငါတို့ကို ဒီလိုစကားမျိုး ဘယ်သူမှမပြောရဲဘူး.. မင်းမှာ အားလေးနည်းနည်းရှိတာနဲ့ ငါတို့ကိုဆန့်ကျင်နိုင်မယ်ထင်နေတာလား” အမှောင်နဂါးကိုယ်ရံတော်သည် အထင်သေးစွာပြုံးလေသည် “တချို့လူတွေက သူတို့ကိုယ်သူတို့ အထင်ကြီးနေကြပြီး လောကကြီးကို လွှမ်းမိုးနိုင်တယ်လို့ ထင် နေကြတာ”

“ငါက လောကကြီးကို လွှမ်းမိုးနိုင်တယ်လို့ မထင်ပါဘူး.. ဒါပေမဲ့ ဒီနေ့ မင်းတို့နဲ့တော့ ဖြေရှင်းနိုင်တယ်” ရှီမာယူယူ ပြောလိုက်သည် “အမှောင်နဂါး ကိုယ်ရံတော်ကို ပြစ်မှားမိတာရယ်၊ ငါ့ကိုဘာအရိုးမှမကျန်တဲ့အထိ လိုက်နိုင် လောက်အောင် သူတို့သန်မာနေတာရယ်ကတော့ အခုစဉ်းစားနေရမယ့်ဟာ မဟုတ်ဘူး”

“အဲဒါကိုမစဉ်းစားရင် မူစစ်ကိုရော ဘယ်လိုလုပ်မှာလဲ” ထိုလူသည် ပြော ရင်းနှင့် မူစစ်ကိုကြည့်လိုက်သည်။ ခြိမ်းခြောက်နေသည်မှာ သေချာသည်။

ပုံမှန်ဆိုလျှင် သူတို့သည် ကမ္ဘာပေါ်တွင် သူမကဲ့သို့လူမျိုးကို ဂရုမစိုက်ဘဲ သတ်ပစ်မည်ဖြစ်သည်။ သို့သော် တိုင်းပြည်အတွင်း နှစ်ပေါင်းများစွာ ခရီးသွား ပြီးနောက် သူမနှင့်ပတ်သက်သည့် ကိစ္စများစွာကို ကြားခဲ့ရာ သူမနှင့် တိုက်ရိုက် မတိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့သည်။ သူမကိုထောက်ပံ့ပေးနေသည့်လူများနှင့် သွား ရှုပ်မိလျှင်ပြဿနာဖြစ်နိုင်သည်။

ဤအချိန်တွင် ထွက်လာရသည့် အဓိကရည်ရွယ်ချက်မှာ ရှေးဟောင်း အထွတ်အမြတ်မီးအမိန့်တော်ကို ပြန်သိမ်းယူရန်ဖြစ်သည်။ ပြဿနာနည်းလေ ကောင်းလေဖြစ်သည်။

သူတို့သည် ရှီမာယူယူ၏ ဆုံးဖြတ်ချက်ကိုမြင်ပြီးနောက် သူမနှင့် မတိုက် ခိုက်ချင်ကြပေ။ ထို့ကြောင့် မူစစ်ကို ပစ်မှတ်ထားခြင်းပင်။ ရှီမာယူယူအတွက် မူစစ်၏ အရေးပါပုံကိုသိသည်။ မူစစ်ကလည်း သူမကို ဝင်မပါစေလိုပေ။

မူစစ်သည် ရှီမာယူယူကိုကြည့်ပြီး စကားပြောချင်သော်လည်း ရှီမာယူယူ သည် သူ့ကိုပြန်စိုက်ကြည့်လိုက်သည် “မင်း အဲလိုမျိုးရူးမိုက်တာတွေ လုပ်ရဲမယ် ဆိုရင် ငါ့ကိုဆရာအဖြစ် အသိအမှတ်မပြုနဲ့တော့ ငါ့အကျင့်ကို မင်းသိတယ်နော်”

မူစစ်သည် ပြောမည့်စကားများကို ပြန်မျိုသိပ်လိုက်သည်။

မည်သို့ပင်ဖြစ်စေကာမူ သူမ လက်လျော့မည်မဟုတ်ကို သူသိသည်။ သူ သူမကို ပစ်ထားရန်နှင့် သူတို့နှင့် ပြန်လိုက်သွားမည်ဟုပြောလျှင်တောင် သူမက တော့ လက်လျော့မည်မဟုတ်ပေ။ သို့သော် ထိုအရာကြောင့်ပင် သူ ပို၍ပျော်ရွှင် မိသည်။

သူ ငြိမ်ကျသွားသည်ကို ရှီမာယူယူမြင်သောအခါ အမှောင်နဂါးကိုယ်ရံ တော်ကိုကြည့်ပြီး ပြောလိုက်သည် “ငါနောက်ဆုံးအကြိမ်ပြောမယ်.. အဲဒီပစ္စည်း ကိုပေးမယ်.. ဒါပေမဲ့ သူ့ကိုချန်ထားခဲ့ပြီး ငါတို့ဘဝကို ဘယ်တော့မှ ထပ်မနှောင့် ယှက်နဲ့တော့.. အဲလိုလုပ်မယ်ဆိုရင် မင်းတို့ပစ္စည်းမင်းတို့ယူပြီး ထွက်သွားလိုက် ကြတော့.. အဲလိုမလုပ်နိုင်ဘူးဆိုရင် ဒီနေ့မင်းတို့အသက်ကို ချန်ထားရမှာဖြစ် သလို ပစ္စည်းကိုလည်းရမှာမဟုတ်ဘူး”

အမှောင်နဂါးကိုယ်ရံတော်သည် တွေဝေသွားကာ သူမကို ချက်ချင်း သတ် သင့်မသတ်သင့်ကို စဉ်းစားနေသည်။

“ကျုပ်သာ ခင်ဗျားဆိုရင် ပစ္စည်းယူပြီး ထွက်သွားမှာပဲ” ကျောက်ရွေ့ချန်း သည် သူတို့ဘေးမှ ခေါင်မိုးပေါ်တွင်ပေါ်လာသည်။ သူသည် အမှောင်နဂါးကိုယ် ရံတော်ကိုကြည့်ပြီး ပြောလေသည် “အဲပစ္စည်းကိုယူလိုက်ရင် အသက်ရှင်နိုင် မယ်.. သဘောမတူဘူးဆိုရင်တော့ သေလိမ့်မယ်.. မင်းမိသားစုအပါအဝင်ပေါ့”

အမှောင်နဂါးကိုယ်ရံတော်သည် ကျောက်ရွေ့ချန်းကို မှတ်မိသည်။ သို့သော် သူ၏သရုပ်မှန်ကိုတော့ မသိပေ။ သူသည် ထိုစကားများကို သေချာ နားထောင်ပြီး ခေတ္တမျှတုံ့ဆိုင်းသွားကာ စိတ်ပြေသွားလေသည် “ကောင်းပြီ ငါ့ ကို အဲပစ္စည်းပေး မင်းသူ့ကိုပြန်ခေါ်သွားလိုက်တော့”

ရှီမာယူယူသည် သေတ္တာထုတ်လိုက်သည်။ ကြည့်လိုက်သည်နှင့် ထိုပစ္စည်းစစ်မှန်သည်ကို သူတို့ အတည်ပြု၍ရသည်။ ရှီမာယူယူသည် သေတ္တာ ကိုပစ်ပေးလိုက်ရာ ထိုလူဖမ်းလေသည်။ သူ ဖွင့်ကြည့်ပြီးနောက် လက်ကိုဝှေ့ ယမ်းလိုက်သည်နှင့် သူ့လူများသည် မူစစ်ကို ထားသွားကြလေသည်။

မူစစ်သည် ထိုနေရာတွင်ရပ်နေသည်။ သူ၏ပုံရိပ်ကိုကြည့်ရသည်မှာ လစ်ဟာနေသည့်လမ်းထဲတွင် လွန်စွာအထီးကျန်လှသည်။ ရှီမာယူယူ လျှောက် သွားလိုက်သည်။ သူမသည် လက်ဆန့်ထုတ်ပြီး သူ့မျက်နှာကိုထိလိုက်သည်။ သူမ၏မျက်လုံးများမှာ နာကျင်မှုများဖြင့် ပြည့်နေသည် “မူစစ်”

ထိုအခါမှပင် မူစစ်သည် ပထမဆုံးစကားပြောလာလေသည် “ဆရာ…”

သူ၏ ဗလာကျင်းနေသောမျက်လုံးများသည် နောက်ဆုံးတွင် အာရုံစူးစိုက် နိုင်လာကာ မျက်လုံးထောင့်မှ မျက်ရည်တစ်စက်ကျလာသည်။ သူ့ပုံစံမှာ ပျောက်ဆုံးသွားသည့်ကလေး ဆွေမျိုးများကို ပြန်တွေ့သည့်ပုံစံဖြစ်နေသည်။

သူ့ကို ထိုအတိုင်း ရှီမာယူယူ မြင်လိုက်ရချိန်တွင် စိတ်ထဲမှစကားများကို ပင် မပြောနိုင်တော့ပေ။ နောက်ဆုံးတွင် သူမ၏ စကားများသည် တောင်းပန် သည့် စကားများဖြစ်သွားကြသည်။

မင်းကို တစ္ဆေမြို့တော်ကနေ ခေါ်ထုတ်လာမိလို့ တောင်းပန်ပါတယ်။

မင်းကိုခေါ်ထုတ်ခဲ့ပေမဲ့ မကာကွယ်ပေးနိုင်လို့တောင်းပန်ပါတယ်။

မင်းကို ရှာဖို့ ဒီလောက်ကြာသွားတဲ့အတွက် တောင်းပန်ပါတယ်။

ဒီလောက်အများကြီး ကျော်ဖြတ်ခဲ့ရပြီး ခံစားခဲ့ရတာတွေအတွက် တောင်းပန်ပါတယ်။

မူစစ်သည် ခေါင်းခါပြီးနောက် နှုတ်ခမ်းထောင့်တွင် ပြုံးလိုက်သည် “ဆရာ ရပါတယ် ကျွန်တော်အဆင်ပြေတယ်”

သူအဆင်ပြေမပြေကို ကြည့်လိုက်သည်နှင့်သိနိုင်သည်။

ရှီမာယူယူ၏ အသည်းများကွဲသွားသည်။ သို့သော် သူမ ပေါ်ထင်အောင် မပြပေ။ သူမသည် ခေါင်းညိတ်ပြီး ပြောလိုက်သည် “ပြန်ရောက်ရင် မင်းကို သေချာစမ်းသပ်ပေးမယ်”

မူစစ်သည် ခေတ္တမျှရပ်တန့်ပြီးနောက် ပြန်ဖြေလိုက်သည် “ဟုတ်ကဲ့ပါ”

ရှီမာယူယူ၏ ရင်များဆိုးဝါးစွာ နာကျင်သွားသည်။

သူမ စိတ်မကောင်းဖြစ်သွားသည်ကို ကြည့်ပြီး ရှီယူရောက်လာကာ ပြော လိုက်သည် “ယူယူ နင် သူ့ကိုအတုပေးလိုက်တာမလား”

“အစစ်”

“ဘာ.. နင်တကယ်ပဲ သူတို့ကိုအစစ်ပေးလိုက်တာလား.. အဲဒါက ရှေး ဟောင်းအထွတ်အမြတ်မီးအမိန့်လေ.. အဲဒါကို ဒီအတိုင်းပေးလိုက်တာလား” ရှီယူသည် အော်ပြီး မသက်မသာလေထုကို ဖြိုခွင်းလိုက်သည်။

ရှီမာယူယူသည် ဆံနွယ်များကို နားရွက်နောက်သို့ ပြန်သပ်တင်လိုက် သည် “အင်း သူတို့ကို အခုပေးလိုက်လည်း သုံးလို့ရမှာမဟုတ်ဘူး.. အဲဒါက သူတို့လက်ထဲမှာဆို အသုံးမဝင်တဲ့တံဆိပ်ပြားပဲ”

***

All Chapters