← Chapters

အတုမဟုတ်ဘူး

Vol. 158 Ch. 2204

အတုမဟုတ်ဘူး

Vol. 158 Ch. 2204

ရှီယူသည် စိတ်မကောင်းဖြစ်နေတုန်းပင် “နှမြောစရာကောင်းလိုက်တာ အဲဒါက ရှေးဟောင်းအထွတ်အမြတ်မီးအမိန့်တော်ပါ.. အဲဒါကို နင်က မျက်တောင်မခတ်ဘဲ ပေးပစ်တယ်.. နင့်ရဲ့အားနဲ့ဆိုရင် အဲလူတွေကို ရှင်းပစ်ဖို့ ပြဿနာမရှိဘူးလေ”

“အဲဒီပစ္စည်းကိုကိုင်ထားလည်း ဘာမှကောင်းတာမရှိဘူး.. ကျိန်စာသင့် နေတာပဲ” ရှီမာယူယူသည် ထိုပစ္စည်းကို နည်းနည်းမှနှမြောတသမဖြစ်မိပေ။

“နင် လောကကြီးကို မလွှမ်းမိုးချင်ဘူးလား” ရှီယူသည် လက်မလျော့ပေ။

“ငါ့မှာ အဲလိုအကြံမရှိဘူး” ရှီယူသည် သူမကို ဒုက္ခပေးမနေတော့ပေ။ မည်သို့ပင်ဖြစ်စေကာမူ ထိုပစ္စည်းသည် သူမ၏အပိုင်မဟုတ်ပေ။

သူမ အတုပေးလိုက်လိမ့်မည်ဟု ကျောက်ရွေ့ချန်းထင်ထားသော်လည်း ထိုစကားကိုကြားပြီးနောက် သူမသည် ရှေးဟောင်းအထွတ်အမြတ်မီးအမိန့် တော်အစစ်ကို ပေးလိုက်ခြင်းဖြစ်ကြောင်း သိလိုက်ရသည်။

သူမသည် အကျင့်စရိုက်ကောင်းလှသည်။ စိတ်ပုပ်စိတ်ယုတ်လုံးဝမရှိပေ။

ထိုအချိန်တွင် ရှီမာယူယူသည် သူ့ဘက်ဆီသို့ အာရုံပို့လိုက်သည်။ သူမ သူ့ကိုခေါင်းညိတ်ပြီး ကျေးဇူးတင်စွာဖြင့် ပြောလိုက်သည် “ကျေးဇူးတင်ပါတယ်”

အစောပိုင်းက သူ့ကြောင့်သာမဟုတ်လျှင် အမှောင်နဂါးကိုယ်ရံတော်မှ လူများသည် လွယ်လင့်တကူ သဘောတူမည်မဟုတ်ပေ။ သူမသည် ထိုလူများ ကို သတ်နိုင်သော်လည်း ပို၍အခက်တွေ့သွားနိုင်သည်။ ထို့အပြင် သူမသည် ရှေးဟောင်းအထွတ်အမြတ်မီးအမိန့်တော်ကို လက်ထဲတွင်မထားချင်ပေ။ လူသိ ရှင်ကြားပေးလိုက်ခြင်းသည် သူမအတွက် ပြဿနာမဖြစ်စေပေ။

သူမ သူ့ကိုကျေးဇူးတင်ပြီးနောက် မူစစ်ကို တည်းခိုဆောင်သို့ ပြန်ခေါ်လာ လိုက်သည်။ ကျောက်ရွေ့ချန်းသည် သူတို့အထဲသို့လျှောက်ဝင်သွားသည်ကို ကြည့်ပြီး ခဏကြာအောင်နေပြီးမှ ထွက်သွားလေသည်။

ပွဲကြည့်လာကြသည့် တခြားသူများလည်း ထွက်သွားကြသည်။ တာဝန် ကျေပွန်သူတချို့သည် ထိုနေရာမှအဖြစ်အပျက်ကို လျင်မြန်စွာပင် သတင်းဖြန့် လိုက်ကြသည်။ တစ်ဖက်အဖွဲ့ကို သူတို့မသိကြသော်လည်း ထိုလူများမှာ အလွန်အားကောင်းပြီး ရှီမာယူယူ ပေးလိုက်သည့်ပစ္စည်းများလည်း အားကြီး ကြောင်းကို သိကြသည်။

သူတို့ တည်းခိုဆောင်သို့ ဝင်လာပြီးနောက် ရှီမာယူယူသည် ဝူလင်းယူကို စစ်မူအားဆေးကြောရန် ခေါ်သွားခိုင်းလိုက်သည်။ သူတို့ အခန်းထဲတွင် မည်သည့်အကြောင်းများကို ပြောခဲ့ကြသည်ကို သူမမသိပေ။ သို့သော် ပြန် ထွက်လာချိန်တွင်တော့ မူစစ်၏အခြေအနေသည် ပိုကောင်းလာသည်။

“မင်းကို စစ်ကြည့်ဦးမယ်” သူ့ခန္ဓာကိုယ်အတွင်းမှ အဆိပ်များ အတွင်း ဒဏ်ရာများသည် နောင်တစ်ချိန်တွင် သူ့ကိုပြဿနာဖြစ်စေမည်ကို ရှီမာယူယူ ကြောက်မိသည်။ ထို့ကြောင့် သူ မလိုလားလျှင်တောင် သူမ လုပ်ပေးမည်ဖြစ် သည်။

မူစစ်သည် လက်ကောက်ဝတ်ကိုဆန့်ထုတ်ပြီး မျက်လုံးထဲမှ ခံစားချက် များကို ဖုံးကွယ်ထားရန် ခေါင်းငုံ့ထားလေသည်။ သို့သော် ရှီမာယူယူ သူ့ကို ထိ လိုက်သည်နှင့် တစ်ကိုယ်လုံးမှာ အနည်းငယ် တုန်ယင်သွားသည်။

ရှီမာယူယူ သူ့ကိုစစ်ဆေးရင်းနှင့် မျက်ခုံးများသည် ပိုပို၍ကြုတ်လာသည်။ သူမ လက်ဆန့်ပြန်ရုတ်လိုက်ချိန်တွင် အလွန်ပင်တုန်လှုပ်နေသည်။

မူစစ်၏ခန္ဓာကိုယ်အတွင်းမှ ဖြတ်လတ်ခြင်းများသည် အခေါင်းပေါက်ဖြစ် နေသည်။ ဤအတိုင်းသာရှေ့ဆက်သွားပါက သူ နှစ်အနည်းငယ်အပြင် ပိုမခံ တော့မည်ကို သူမ စိုးရိမ်သည်။ ဤသို့ဖြစ်လာမည်ဟု သူမသာသိခဲ့ပါက မည်မျှ ပင် ကြီးမားသည့်ပြဿနာဖြစ်လာပါစေ.. ထိုလူများ၏ အသက်ကိုယူမည်ဖြစ် သည်။

“မင်းရဲ့အရင်ဒဏ်ရာတွေ မပျောက်သေးဘူး နောက်ဆက်တွဲတွေကျန် သေးတယ်.. ဒါပေမဲ့ ရပါတယ် ငါမင်းကို ဆေးပေးမယ်” သူမသည် အသံကို ပုံမှန်အတိုင်းဖြစ်အောင် ထိန်းပြောလိုက်သည်။

“အင်း” မူစစ်သည် သူ၏ခန္ဓာကိုယ်ကို အသိဆုံးဖြစ်သည်။ သို့သော် သူမ သည် သူ့ကိုဂရုစိုက်ပေးမည်ကိုလည်း သိသည်။

တကယ်တော့ သူ့ခန္ဓာကိုယ်သည် ဤအတိုင်းဆက်လက် ဆုတ်ယုတ်ရုံ သာရှိတော့မည်။ သူသည် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ရန် တွန့်ဆုတ်နေသော် လည်း အသက်ဆက်မရှင်ချင်တော့ပေ။ သို့သော် ထိုစကားများကို သူမကို ပြော လိုက်လျှင် ဒေါသထွက်မည်ဖြစ်သည်။ သူမသည် သူ့ကိုလုံးဝလက်လျော့မည် မဟုတ်ပေ။

“ငါ မင်းအတွက် ဆေးလုပ်ပေးမယ်” ရှီမာယူယူသည် မူစစ်ကို ဝူလင်းယူ နှင့်ထားခဲ့ပြီး ဝိညာဉ်စေတီအတွင်းဝင်ကာ ဆေးဖော်စပ်လေသည်။

သူမ ထွက်လာချိန်တွင် ဆေးများအပြင် သူစားတတ်သည် အစားအစာ များကို စားပွဲအပြည့် ချက်ပြုတ်ပေးသည်။ မူစစ်သည် ပြုံးလိုက်ပြီးနောက် သူ အကြိုက်ဆုံးဟင်းလျာများကို စားသောသက်လေသည်။ သူ့ဆရာထွက်မသွား ခင်က သူ့အတွက် အရသာရှိသာစားဖွယ်ရာများကို အမြဲတစေချက်ပြုတ်ပေးခဲ့ သည်။ နောက်တစ်ခါထပ်စားရရန် နှစ်ပေါင်းတစ်ရာကျော်မှ စောင့်ရလိမ့်မည် ဟု ထင်မထားခဲ့ပ။ သူတို့၏ ခံစားချက်များမှာလည်း လုံးဝကွဲပြားသွားလေပြီ ဖြစ်သည်။

သူ စားသောက်ပြီး အနားယူပြီးချိန်တွင် အရုဏ်တက်သွားပြီဖြစ်သည်။ ပထမဆုံးနေရောင်မှာ ပြတင်းပေါက်မှဖြတ်ပြီး သူ့အပေါ်ကျရောက်လာရာ သူ သည် နှစ်ပေါင်းများစွာကြာပြီးမှ နွေးထွေးသောအရုဏ်ဦးအလင်းကို ခံစားလိုက် ရသည်။

“မူစစ် ငါ မင်းကို အပ်စိုက်ကုသချင်တယ်” ရှီမာယူယူသည် သူ့အခန်း အတွင်းသို့ ဝင်လာရင်းပြောလိုက်သည်။

“ဟုတ်ကဲ့ပါ ဆရာ” သူသည် အိပ်ရာဆီသို့သွားပြီး အင်္ကျီများကိုချွတ်ကာ သူမကို ကျောပးလိုက်သည်။ သူ၏ ကြောက်မက်ဖွယ် ပိန်ပါးနေသော ခန္ဓာ ကိုယ်ကို ရှီမာယူယူကြည့်ပြီး မျက်ရည်များကျလာသည်။

မူစစ် လှည့်ကြည့်ရာ သူမ ငိုနေသည်ကို တွေ့လိုက်ရသည်။ သူ၏ မျက်လုံးများသည် ပထမဆုံးအကြိမ် ပျာယာခတ်သွားသည်။ သူသည် အင်္ကျီပြန် ဝတ်ပြီး သူမ၏မျက်ရည်များကို သုတ်ပေးချင်နေသည်မှာ ထိတ်လန့်တုန်လှုပ် နေသည့် ကလေးနှင့်တူလေသည်။

“ဆရာ မငိုပါနဲ့ ကျွန်တော်ဘာမှမဖြစ်ဘူး.. ဒါတွေက ဒီအတိုင်းဒဏ်ရာ ဟောင်းတွေပါ သူတို့တွေထပ်ပြီး ထိခိုက်အောင်လုပ်နိုင်တော့မှာမဟုတ်ပါဘူး” သူသည် စကားမပြောခဲ့သည်မှာ နှစ်ပါင်းများစွာကြာပြီဖြစ်သဖြင့် ကောင်း ကောင်း နှစ်သိမ့်မပေးတတ်ပေ။

ရှီမာယူယူသည် ပါးစပ်ဟလိုက်သော်လည်း ဘာမှမပြောပေ။ မျက်ရည် များသည် ပိုကျလာသည်။ ထိုနှစ်များတွင် သူကျော်ဖြတ်ခဲ့သည်များကို သူမ မတွေးနိုင်တော့ပေ။ အဲဒါကြောင့် သူက အခုလိုတိတ်ဆိတ်သွားတာပဲ၊ အဲဒါ ကြောင့် သူကထိုင်းမှိုင်းနေတာပဲ၊ အဲဒါကြောင့် သူ့မျက်လုံးတွေက လစ်ဟာနေ တာပဲ၊ အဲဒါကြောင့် သူက အသက်ရှင်ဖို့ မျှော်လင့်ချက်မရှိတော့တာပဲ။

“ဆရာ ကျွန်တော် တကယ်အဆင်ပြေပါတယ်” မူစစ်သည် နောက်ဆုံး တွင် အင်္ကျီပြန်ဝတ်ကာ သူမ၏ မျက်ရည်များကိုသုတ်ပေးရန် လက်ဆန့်ထုတ် လိုက်သည်။ သို့သော် သူ့လက်များသည် သူမကိုထိတော့မည့်ဆဲဆဲတွင် ရပ်တန့် သွားလေသည်။ “ဆရာ ကျွန်တော့်ကိုရှာတွေ့နေပြီပဲ.. ကျွန်တော် အတိတ်မှာပဲ မနေဘဲ ကောင်းကောင်းနေသွားမယ်”

ရှီမာယူယူသည် မျက်ရည်များကိုသုတ်လိုက်သည် “အေးပါ သွားလှဲလိုက် ငါ မင်းကိုအပ်စိုက်ပေးမယ်”

သူမ၏ ခံစားချက်များ တည်ငြိမ်သွားသည်ကို မြင်သောအခါ မူစစ်သည် အိပ်ရာပေါ်သို့ ကျိုးနွံစွာသွားပြီး လှဲလိုက်ရာ ရှီမာယူယူသည် သူ့ကိုအပ်စိုက် ကုသပေးလေသည်။

ရှီမာယူယူသည် အသက်ပြင်းပြင်းနှစ်ချက်ရှိုက်ပြီး ခံစားချက်များကို ထိန်း ချုပ်လိုက်သည်။ သူမ၏ လှုပ်ရှားမှုများသည် မြန်ဆန်ပြီး ချောမွေ့သည်။ သူမ သည် ပထမတစ်ကြိမ်ကို လျင်မြန်စွာအပြီးသတ်လိုက်သည်။

သူမ ငွေအပ်များကို သိမ်းနေစဉ်တွင် မူစစ်သည် ထပြီးအင်္ကျီများကို ဝတ် လိုက်သည်။ သူအင်္ကျီဝတ်နေချိန်တွင် သူမ၏အလုပ်ရှုပ်နေသည့် ကျောပြင်ကို ကြည့်ပြီး နှုတ်ခမ်းကိုက်ကာ ပြောလိုက်သည် “ဆရာ ကျွန်တော့်ကိုခေါ်သွားတဲ့ လူက…”

သူ ရပ်လိုက်ပြီး နောက်ပြောမည့်စကားကို ပြောသင့်မပြောသင့်ကို စဉ်းစားနေသည်။

“မင်းကို ခေါ်သွားတာ ရွှမ်ချုံးဟော်မှန်းသိပါတယ်” ရှီမာယူယူ ပြောလိုက် သည်။

“ဆရာ သိတယ်ပေါ့” မူစစ်သည် အံ့ဩနေသည်။

ရွှမ်ချုံးဟော် သူ့ကို ရှီမာအိမ်တော်မှ ပြန်ပေးဆွဲသွားစည်က မည်သူမှ မမြင်လုက်ရပေ။ ထိုအချိန်က သူ၏ပုံစံသည် ပုံမှန်နှင့်မတူသဖြင့် သူ့ကိုသိသည့် လူဆိုလျှင်တောင် မှတ်မိမည်မဟုတ်ပေ။ သူသည် တစ်ချိန်လုံး ချုပ်နှောင်ခံ ထားရကာ သတင်းလည်း မထွက်ခဲ့ပေ။ သူမ ဘယ်လိုသိတာလဲ။

သူ အဖမ်းခံရသည့် မြင်ကွင်းကိုမြင်ပြီးနောက် ၁၀ နှစ်အကြာတွင် နိုးလာ ခဲ့ကြောင်းကို ရှီမာယူယူ ပြောပြလိုက်သည်။ ထိုအချိန်က သူ၏တည်နေရာကို မသိခဲ့ပေ။

ထိုအရာကပင် သူ့ကို မည်သူခေါ်သွားခဲ့သည်ကို သိလိုက်ကြရသည်။

“အခု ရွှမ်ချုံးဟော်က အနက်ဝတ်လူတွေကို ထိန်းချုပ်နေတာ အကုန်လုံး က သူ့ရဲ့အမိန့်ကိုနာခံနေရတာ” မူစစ်ပြောလေသည် “ဒါပေမဲ့ သူက အရမ်း ထူးဆန်းတယ်လို့ထင်တယ်.. တစ်ခါတလေကျကောင်းပြီးတော့ တစ်ခါတလေ ကျ ရက်စက်တယ်.. သူမဟုတ်သလိုပဲ”

“သူက နတ်ဆိုးအင်အားစုတွေရဲ့ ထိန်းချုပ်တာကိုခံနေရတာ” ရှီမာယူယူ သည် သူ့ကိုရှင်းပြလေသည် “သူနဲ့ အမှောင်နဂါးကိုယ်ရံတော်ကြားမှာ ဘာ ဆက်နွယ်မှုရှိလဲဆိုတာသိလား.. သူတို့က မင်းကိုဖမ်းသွားပေမဲ့ ဘာလို့ အမှောင် နဂါးကိုယ်ရံတော်နဲ့ရှိနေတာလဲ”

“သူတို့ကြားထဲမှာ သဘောတူညီချက်ရှိတဲ့ပုံပဲ” မူစစ် ပြောလိုက်သည် “အဲတုန်းက သူတို့ပြောတာတွေကို မကြားလိုက်ရဘူး.. ဒါပေမဲ့ သူတို့က အထက်လူကြီးနဲ့ လက်အောက်ငယ်သားပုံမပေါက်ဘူး”

“ကြည့်ရတာ မင်းလည်းဘာမှမသိဘူးထင်တယ်.. အဲလိုဆိုရင် တစ်ခု တည်းသောနည်းလမ်းက သူ့ကိုလူကိုယ်တိုင်မေးဖို့ပဲ”

***

All Chapters